အပိုင်း ၈၇၃
Viewers 53k

အခန်း ၈၇၃

နန်းတော်တွင်းမှစားတော်ပွဲ


ချိန်းကြိုး၏လှုပ်ခါနေမှုသည် ပုဖန်၏ ထင်မြင်ချက်များကိုကျော်လွန်သွားခဲ့သည်။


ပုဖန်သည် ဤချိန်းကြိုးပေါ်တွင်တစ်ယောက်ယောက်ပေါ်လာခဲ့မည်ဟုမထင်မိခဲ့ချေ။ ထိုတင်မက ထိုလူသည် သူကြေးနန်းတော်သို့သွားနေသည်ကိုပင် ဟန့်တားချင်ပုံပေါ်နေသည်။


ပုဖန်မျက်မှောင်ကြုတ်လိုက်ကာ ချိန်းကြိုးပေါ်ရှိပုံရိပ်ကိုကြည့်လိုက်သည်။


ထိုအချိန်တွင် ချိန်းကြိုးသည်ပိုမိုလှုပ်ခါသွားသောကြောင့် သူ့ကိုအခက်တွေ့စေသည်။ သူသာဂရုမစိုက်ပဲနေပါက သွေးရောင်ရေကန်ထဲသို့ကျသွားမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။


၎င်းအရိပ်သည် ဟောင်းနွမ်းဆွေးမြေ့နေကာ အဝတ်အနားစကဖွာလန်ကြဲနေပြီး အပြဲများစွာရှိနေသော ဝတ်စုံကိုဝတ်ဆင်ထားသည်။ ထိုလူကို ဝတ်ရုံတစ်ခုလုံးဖြင့်ဖုံးလွှမ်းနေသဖြင့် ပုဖန်သည် ထိုကလူ ယောက်ျားလား မိန်းမလားဟူ၍မသိနိုင်ပေ။


ခဏအကြာတွင် ထိုအရိပ်သည်ခေါင်းမော့လိုက်ပြီး ကြက်သီးထဖွယ်ရယ်သံကြီးဖြင့်ရယ်မောလာပြီး ကျေနပ်အားရနေပုံပေါ်နေသည်။


သူ၏ရယ်သံသည် ပုဖန်ကိုဒေါသထွက်သွားစေသည်။


အဲ့လူက သူ့ကိုကြေးနန်းတော်ထဲမသွားစေချင်ဘူးလား... အဲဒီ့မှာ အဲ့လူကာကွယ်ချင်တဲ့အရာများရှိနေတာလား...


ပုဖန်၏နှုတ်ခမ်းထောင့်များကွေးညွတ်သွားသည်။ သူ့ခြေထောက်ကို ချိန်းကြိုးပေါ် ငြိမ်အောင်ရပ်လိုက်ပြီး လက်မြှောက်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက် တစ်စုံတစ်ခုကိုပစ်လွှတ်လိုက်သည့် အမူအယာလုပ်လိုက်သည်။


"ကျောက်ပုစွန် .. မင်းသူ့ကိုကိုင်တွယ်လိုက်စမ်း...."


ပုဖန်သည် သူ၏စနစ်သိုလှောင်အိတ်ထဲမှ သွေးကျောက်ပုစွန်တစ်ကောင်ကိုထုတ်ယူလိုက်သည်။ ၎င်းကိုချည်ထားသောကြိုးကိုဖြည်လိုက်ပြီး အားအပြည့်သုံးကာ ပစ်လွှတ်လိုက်သည်။


အနီရောင်အလင်းတန်းတစ်ခုလေထဲတွင်ပျံသန်းသွားသည်။


ထိုအရိပ် အံ့အားသင့်သွားပုံပေါ်သည်။ သူ့ခေါင်းကိုမော့လိုက်သောအခါ သူ၏အနီရောင်မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုတို့အထင်းသားပေါ်နေသည်။


ခဏအကြာတွင် သူ့မျက်လုံးများက အာရုံစူးစိုက်မှုပြန်ရသွားသည်။


အဲ့တာဘာကြီးလဲ...


သွေးကျောက်ပုစွန်သည် အေးစက်ထက်ရှသောအလင်းတန်းများထုတ်လွှတ်နေသည့်သူ၏ လက်မကြီးများကို လေထဲတွင်ဝေ့ယမ်းနေသည်။


ဝှစ် ဝှစ်


သွေးကျောက်ပုစွန်သည် ချိန်းကြိုးပေါ်ကျလာသည်။


ဒေါင် ဒေါင်


၎င်း၏ခြေထောက်များကိုရွေ့လျားသွားကာ သွေးကျောက်ပုစွန်သည် စုတ်ပြဲနေသည့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် အရိပ်ကြီးထံဦးတည်သွားသည်။


ထိုအရိပ် အံ့အားသင့်သွားသည်။ ပုဖန်သည် သူနှင့်ရင်ဆိုင်ရန်ထိုသို့သော လှည့်ကွက်များကိုသုံးမည် ဟုသူတစ်ခါမျှမတွေးမိဖူးချေ။


သူ့ရဲ့စိတ်ဝိဉာဉ်ပင်လယ်က ကြောက်ဖို့ကောင်းအောင်မြင့်တက်နေတဲ့အခြေအနေမှာ ချိန်းကြိုးရဲ့အဆုံးမှာရပ်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ဖို့ သွေးကျောက်ပုစွန်ကိုသုံးဖို့စဉ်းစားနိုင်သေးတာပဲ


ဒီလူ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...


ဒါပေမယ့် သူ့ဆီပစ်လိုက်တာ သွေးကျောက်ပုစွန်လေးတစ်ကောင်တည်းလေ...


ထိုအရိပ်ကသရော်လိုက်သည်။ ထို့နောက် လက်မြှောက်လိုက်ပြီး သွေးကျောက်ပုစွန်ကိုဖမ်းလိုက်သည်။ သူ၏လက်လှုပ်ရှားမှုများသည် ပုဖန် သွေးကျောက်ပုစွန်များကိုဖမ်းခဲ့သည့် နည်းလမ်းနှင့် ဆင်တူနေသည်။


ပုဖန် အနည်းငယ် အံ့ဩသွားသည်။


အဲ့တစ်ယောက်ကလည်း သွေးကျောက်ပုစွန်ကိုဘယ်လိုဖမ်းရမှာလည်းဆိုတာကိုသိတာလား... နည်းနည်းတော့ကွဲပြားခြားနားနေပေမယ့် အခြေခံအားဖြင့်တော့တူတယ်လို့ပြောရမယ်...


အဲ့လူကရော စားဖိုမှူးတစ်ယောက်ပဲလား...


စားဖိုမှူးတစ်ယောက်ဒီနေရာမှာပေါ်လာပြီဆိုတော့... ကိစ္စတွေကပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီပဲ....


မည်သို့ပင်ဆိုစေကာမူ ကြေးနန်းတော်သည် အစားအသောက်အနံ့ပြင်းပြင်းကို ထုတ်လွှတ်နေဆဲဖြစ်သည်။


ထိုအချိန်တွင် အောင်းပိုင်နှင့်နတ်ဆိုးကင်းမြီးကောက်တို့သည် ချိန်းကြိုးပေါ်တွင် ခပ်ဖြေးဖြေးလမ်းလျှောက်နေကြရင်း ဝေခွဲမရဖြစ်နေကြသည်။ သူတို့၏မြင်ကွင်းထဲတွင် မည်သူမှမရှိပဲ အလွန်တရာတိတ်ဆိတ်နေသည်။


သို့သော်


သူတို့၏ စိတ်ဝိဉာဉ်ပင်လယ်သည် ပေါက်ကွဲလုနီးပါးဖြစ်နေလေသည်။ သူတို့ချိန်းကြိုး၏တစ်ဝက်ရောက်သည်အထ်လမ်းလျှောက်ပြီးသောအခါ ရုတ်တရက် သွေးကျောက်ပုစွန်တစ်ကောင် လေထဲတွင်ပေါ်လာသည်။


အောင်းပိုင် ကြောက်ရွံ့သွားကာ သူ့ခြေထောက်များပင်ဂျယ်လီကဲ့သို့ပျော့ခွေသွားခဲ့သည်။


သူ့ရှေ့တွင်မည်သည့်အရာမှမရှိသည်မှာထင်ရှားလှပေသည်။ သို့သော် ယခုတွင်တော့ ဘယ်နေရာကထွက်လာမှန်းမသိသော သွေးကျောက်ပုစွန်တစ်ကောင်ထွက်လာခဲ့သည်။


တစ်ယောက်ယောက် သူ့ကိုခြိမ်းခြောက်နေတာလား...


ဘမ်း


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်လူသည် ဆွံ့အသွားခဲ့ကြသည်။ သူတို့သည် ချက်ချင်းချိန်းကြိုးကြီးကိုဖက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေကြပေသည်။


တစ်ဖက်လူ၏လုပ်ဆောင်ချက်သည် ပုဖန်တွေးထားသည်ထက်ကျော်လွန်သွားခဲ့သည်။ ထိုလူသည် သွေးကျောက်ပုစွန်ကိုလွယ်လွယ်ဖမ်းလိုက်နိုင်သောကြောင့် သူသည်အတိုင်းမသိအောင်လျှို့ဝှက်နက်နဲသူဖြစ်ချေသည်။


ပုဖန် မျက်လုံးမှေးလိုက်ကာ စကားတစ်ခွန်းမှမပြောပဲ နောက်ထပ်သွေးကျောက်ပုစွန်သုံးကောင်ကို လွင့်ပစ်လိုက်သည်။


သွေးကျောက်ပုစွန်သုံးကောင်သည် အဝေးရှိ အရိပ်ထံသို့ပျံသန်းသွားကြသည်။


ထိုအရိပ်သည် အံ့ဩသွားလေသည်။


ခဏအကြာတွင် ကျိန်ဆဲစကားဆိုလိုက်ပြီး ရှေးဟောင်းအနက်ရောင်သင်္ဘောထံသို့ဦးတည်သွားလိုက်သည်။


ပလုံ ပလုံ


သွေးကျောက်ပုစွန်နှစ်ကောင်သည် အဖမ်းမခံရသဖြင့် ရေကန်ထဲသို့ပြန်ပြုတ်ကျသွားခဲ့သည်။ အခြားတစ်ကောင်ကို ပုဖန်ကစောင်း၍ပစ်လိုက်သောကြောင့် ၎င်းသည် အောင်းပိုင်၏အနီးတွင်ရှိသော ချိန်းကြိုးပေါ်သို့ကျသွားခဲ့သည်။


ချိန်းကြိုး ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့သည်။


အရိပ်ထွက်ပြေးသွားသည်ကိုမြင်သော်လည်း ပုဖန် ထိုလူကိုလိုက်ဖမ်းရန်ပျင်းနေသည်။ ထိုအချိန်တွင် သူ့ဦးနှောက်ထဲတွင်နာကျင်မှုများဖြင့်ပြည့်နှက်နေကာ သူ့နှဖူးသူခဏခဏပွတ်နေရသဘ်။


ပုဖန်သည် အခြားသွေးကျောက်ပုစွန်တစ်ကောင် ချိန်းကြိုးပေါ်တွင် တွဲလောင်းကျနေသည် သတိမထားမိပေ။ သူ လှည့်ထွက်သွားလိုက်သည်။


ခဏအကြာတွင် ပုဖန်သည် ချိန်းကြိုး၏အဆုံးတစ်ဖက်ကိုရောက်သွားခဲ့သည်။


သို့သော် သူရောက်ရှိနေသည့်နေရာမှာ ကြေးနန်းတော်မဟုတ်သေးပေ။ သူရောက်ရှိနေသည့်နေရာသည် အမှန်တကယ်၌ ကြေးလှေကားပေါ်တွင်ဖြစ်သည်။ ထိုလှေကား၏ထိပ်ဆုံးနေရာသည် နန်းတော်နှင့်အနည်းငယ်ဝေးနေသေးသည်။


၎င်းသည် ကြေးဖြင့်ပြုလုပ်ထားသည့် ကုန်းမြေတစ်ခုဖြစ်ကာ ခမ်းနားထည်ဝါလှသော ကြေးနန်းတော်သည် ဤမြေနေရာပေါ်တွင် ပေါ်ထွက်လာသည့်ပုံနှင့်တူနေသည်။


ပုဖန်သည် ကြေးမျက်နှာပြင်ပေါ်တွင်လမ်းလျှောက်ရင်း အံ့အားသင့်နေသည်။ သူနှင့်မနီးမဝေးတွင်ရှိသော ချိန်းကြိုးများကိုလှည့်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က အဆက်မပြတ်အော်ဟစ်ငိုယိုနေလေသည်။


အောင်းပိုင်သည် ချိန်းကြိုးကိုဆုပ်ကိုင်ထားပြီး မျက်နှာပျက်နေသည်။ သူ့အနောက်ဘက်ရှိချိန်းကြိုးပေါ်တွင် သွေးကျောက်ပုစွန်တစ်ကောင်တွားသွားနေသည်။


သွေးကျောက်ပုစွန်သည် ၎င်း၏ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ၎င်း၏မျက်လုံးများသည် အောင်းပိုင်အပေါ်ကျရောက်သွားတော့သည်။ ၎င်း၏ခြေထောက်များကို ချိန်းကြိုးပေါ်တွင် ဖြေးဖြေးမှန်မှန်ရွေ့လျားကာ အောင်းပိုင်ထံသို့ တုန်တုန်ရီရီဖြင့်သွားနေသည်။


‌ေ-ာက်ကျိုးနည်း...


အောင်းပိုင် ငိုချင်လာသည်။


"အစ်ကိုကြီးရေ... မင်းဒီကိုမလာသင့်ဘူးလေ... ငါတို့နှစ်ယောက်လုံးကပုစွန်တွေလေကွာ... ငါ့ကိုဘာလို့ပြဿနာရှာချင်နေရတာလဲ..."


သွေးကျောက်ပုစွန်၏ မျက်လုံးများလည်သွားကာ ရှေ့သို့ဆက်သွားနေရင်း ၎င်း၏ကြီးမားသည့်လက်မကြီးများကို ဝေ့ယမ်းနေသည်။


အောင်းပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်လှုပ်သွားသည်။ သူသည်ချိန်းကြိုးကိုလွှဲယမ်းချင်နေပြီး ချိန်းကြိုးကို ပြင်းပြင်းထန်ထန်လှုပ်ရမ်းနေသည်။


သူသည် သွေးကျောက်ပုစွန်ကို ချိန်းကြိုးပေါ်မှခါချရန်ကြိုးစားနေခြင်းဖြစ်သည်။


ထိုသည်ကိုမြင်လိုက်ရသောအခါ ပုဖန်ဟာသတစ်ခုဟုခံစားလိုက်ရသည်။ သို့သော် သူငိုရမလားရယ်ရမလားပင်မသိတော့ချေ။


အောင်းပိုင် ချောက်ကမ်းပါးပေါ်တွင် ဂုဏ်သိက္ခာရှိရှိရပ်နေသည့်အချိန်ကိုသတိရလိုက်ပြီး အောင်းပိုင်၏တစ်ဘဝလုံးတွင် ဤချိုင့်ဝှမ်းအတွင်းတွင်ရှိသော အချိန်ကအမှောင်မိုက်ဆုံးဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။


ပုဖန်အခြားတစ်ဖက်ကိုလှည့်ကြည့်လိုက်သည်။


ထိုနေရာတွင် နတ်ဆိုးကင်းမြီးကောက်လူသည် အတော်လေးလုံခြုံနေကာ ကြေးလှေကားထံသို့ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။


ပုဖန် မပြုံးမိပဲမနေနိုင်တော့ချေ။ 


အောင်းပိုင်နှင့် နတ်ဆိုးကင်းမြီးကောက်တို့သည် ပုဖန်ကိုမမြင်ကြပဲ သူတို့၏ကိုယ်ပိုင်ကိစ္စများတွင်သာနစ်မြုပ်နေပုံပေါ်လေသည်။


ပုဖန်မျက်တောင်ခတ်လိုက်သည်။ သူ စနစ်သီုလှောင်အိတ်ထဲမှ သွေးကျောက်ပုစွန်တစ်ကောင်ကိုထုတ်လိုက်ကာ ကြိုးဖြည်လိုက်သည်။ ထို့နောက် သူသည် ကျောက်ပုစွန်ကို နတ်ဆိုးကင်းမြီးကောက်လူရှိရာနေရာနားသို့ပစ်လိုက်သည်။


နတ်ဆိုးကင်းမြီးကောက်သည် ကြေးလှေကားများနားသို့ရောက်လုနီးပါးဖြစ်နေသဖြင့် စိတ်လှုပ်ရှားနေလေသည်။ သူနန်းတော်ထဲရောက်သွားသည်နှင့် လျှို့ဝှက်ချက်ကိုသိရတော့မည်ဖြစ်သည်။


သူသည် သူ၏ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျွမ်းကျင်သူများရှာနေသည့်အရာကထိုနန်းတော်ထဲတွင်ရှိနေသည်ကိုသိနေသဖြင့် စိတ်လှုပ်ရှားနေသည်။ သူသာ ဒီလျှို့ဝှက်ချက်ကိုဖြေရှင်းနိုင်ခဲ့ပါက နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်စုထဲရှိ သူ၏နေရာသည် မြင့်တက်သွားမည်ဖြစ်ကာ ပျက်သုဉ်းခြင်းအကျဉ်းထောင်ထဲရှိနေရာသည်ပင် မြင့်တက်သွားမည်ဖြစ်သည်။


သူ၏စိတ်လှုပ်ရှားနေမှုသည် နေရာအနှံ့သို့ပျံ့နှံ့နေသည်။


ပြင်းထန်စွာဆူပွက်နေသော သူ၏စိတ်ဝိဉာဉ်ပင်လယ်ကိုအံတုကာ ရှေ့သို့ဆက်သွားနေသည်။ယခုအချိန်တွင် သူ့ကိုဘယ်အရာကမှမတားဆီးနိုင်ပေ။ 


ရုတ်တရက်..


နတ်ဆိုးကင်းမြီးကောက်လူ အံ့အားသင့်သွားခဲ့သည်။ သူ၏သူငယ်အိမ်များ ပြူးကျယ်လာကာ ခဏအကြာတွင် တုန်လှုပ်သွားတော့သည်။


သွေးကျောက်ပုစွန်တစ်ကောင်ရုတ်တရက်ပေါ်လာပြီး လေထဲမှတစ်ဆင့် သူ့အနားသို့ကျလာသည်။


ဒုတ်


သွေးကျောက်ပုစွန်သည် ပူဖောင်းများကိုမှုတ်ထုတ်နေကာ ၎င်း၏မျက်လုံးများသည် နတ်ဆိုးကင်းမြီးကောက်လူ၏ခန္ဓာကိုယ်ကိုစိုက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူသည် ထိုကြွက်သားထူထူနှင့်လူကြီးထံ အရှိန်မြှင့်၍ သွားလိုက်သည်။


နောက်ထပ်ချိန်းကြိုးပေါ်မှလူတစ်ယောက်လည်း အော်ဟစ်ငိုယိုသွားပေသည်။


ပုဖန်သည် ပျော်ပျော်ကြီးကြည့်နေလိုက်ပြီး မရယ်ပဲမနေနိုင်တော့ချေ။


အခြားနှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုသည်ကိုဂရုမစိုက်တော့ပဲ နောက်လှည့်ပြီး ကြေးလှေကားများပေါ်တက်လိုက်သည်။


ကြေးလှေကားများအပေါ်ခြေချလိုက်သည်နှင့် သာ၏စိတ်ဝိဉာဉ်ပင်လယ်သည် ငြိမ်သက်သွားပေသည်။ ပုဖန်သည် သူ၏စိတ်စွမ်းအားအနည်းငယ်မြင့်တက်သွားသည်ဟုခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ ထိုသို့ဖြစ်ခြင်းသည် သူ့အတွက်ကောင်းပေသည်။


ကြေးလှေကားများအပေါ်တက်လိုက်သောအခါ သူသည် အဝေးရှိ လက်ရာမြောက်လှသည့် ခမ်းနားထည်ဝါသောနန်းတော်ကြီးကိုမြင်လိုက်ရသည်။ ထိုနန်းတော်ကြီးကို ဆန်းကြယ်ပြီး ထူထဲသည့် ပုံစံခွက်များထွင်းထုထားပြီး ၎င်း၏ ထူးခြားသောဗိသုကာပညာသည် ဤနန်းတော်ကြီးကို လွန်စွာ ခမ်းနားကြီးကျယ်သွားစေခဲ့သည်။


ပုဖန်သည် ယခင်တစ်ခေါက်က ထိုနန်းတော်ကိုလေ့လာခွင့်မရခဲ့သော်လည်း ယခုတစ်ခေါက်တွင် လေ့လာခွင့်ရခဲ့ပြီဖြစ်သည်။


လက်ပိုက်လိုက်ပြီးနန်းတော်ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။


ထိုအချိန်တွင် ရှေးဟောင်းအနက်ရောင်သင်္ဘောပေါ်ရှိ တံခါးတစ်ချပ်ပွင့်သွားလေသည်။ သိပ်မကြာခင်တွင် အနက်ရောင်ဝတ်ရုံဖြင့်ဖုံးလွှမ်းထားသော အရိပ်တစ်ခုက ချိန်းကြိုးပေါ်ပြေးလွှားလာသည်။


အနက်ရောင်ဝတ်ရုံဖြင့်ဖုံးလွှမ်းထားသောအရိပ်သည် မြှားတစ်ချောင်းကဲ့သို့ ချိန်းကြိုးပေါ်တွင်ပြေးလွှားနေသည်။ ချက်ချင်းပင် သူသည် ကြေးလှေကားထစ်များအပေါ်တက်လိုက်သည်။


ကြေးလှေကားထစ်များပေါ်တက်လိုက်ပြီးသည်နှင့် သူ၏စိတ်နှလုံးသည် ပြင်းထန်စွာတုန်ရီလာသည်မှာ သူ့စိတ်ထဲသို့ကြောက်မက်ဖွယ်အရာတစ်ခုရောက်ရှိလာသည်နှင့်တူနေပေသည်။


သို့သော် အဝေးမှပုဖန်လမ်းလျှောက်နေသည်ကိုမြင်ပြီး သူ၏နီရဲနေသောမျက်လုံးများတောက်ပလာကာ ပုဖန်နောက်ကို နောက်ထပ်တစ်ကြိမ်လိုက်ဖမ်းတော့သည်။


ပုဖန် ခပ်ဖြေးဖြေးလမ်းလျှောက်နေသည်။ သူ ကြေးနန်းတော်အနားသို့ရောက်လာသောအခါ နန်းတော်ရှေ့ရှိတစ်စုံတစ်ခုကသူ့အမြင်အာရုံထဲသို့ဝင်လာသည်။


နန်းတော်ရှေ့ရှိပုံရိပ်ကိုကြည့်လိုက်ပြီး သူမျက်လုံးအနည်းငယ်ပြူးကျယ်သွားကာ ခပ်တည်တည်ဖြစ်သွားသည်။


သူအရင်ကမြင်ဖူးခဲ့သောပုံရိပ်သည် ကြေးတံခါးများရှေ့တွင် ဒူးထောက်နေသောပုံရိပ်ဖြစ်သည်။


အစားအသောက်ရနံ့ပြင်းပြင်းများလေထုထဲတွင်ပျံ့လွင့်လာသည်။ ထိုရနံ့များသည် ကုဖန်၏ အသက်ရှူလမ်းကြောင်းတစ်လျောက်ကျူးကျော်လာကာ သူ၏သွေးများကိုဆူပွက်စေသည်။ သူအနည်းငယ်ပူလာသည်ဟုခံစားလိုက်ရသည်။


ပုဖန် ထိုခံစားချက်မျိုးတစ်ခါမှမခံစားဖူးပေ။


ပုဖန်သည် မွှေးနံ့များ၏ အရင်းအမြစ်ဖြစ်သော ထိုပုံရိပ်၏နောက်သို့ကြည့်လိုက်သည်။ ၎င်းသည် မြေပြင်ပေါ်ရှိ အစားအသောက်တစ်ပန်းကန်ဖြစ်ပြီး အလင်းရောင်ဖျော့ဖျော့ထွက်နေသည်။


တံခါးအပြင်ဘက်တွင် လူတစ်ယောက်ဒူးထောက်နေပြီးထိုလူ၏ရှေ့တွင် အစားအသောက်တစ်ပန်းကန်ကိုမြေကြီးပေါ်တွင်ချထားသည်။ 


ထိုမြင်ကွင်းသည် အလွန်အမင်းထူးဆန်းနေပေသည်။



လေအလင်းအင်ပါယာ၌


ဖန်ဖန်ဆိုင်ငယ်လေး၏ရှေတွင် အိုးရန်ရှောင်ယီနှင့် ရှောင်ရှောင်လုံတို့ကြောက်ရွံ့နေကြသည်။


နတ်ဆိုးတွေ သူတို့မြို့ကိုကျူးကျော်လာပြန်ပြီ... ဒီတစ်ခေါက် ဆိုင်ရှင်ပုကဒီမှာမရှိတော့ သူတို့ကိုဘယ်သူကူညီမှာလဲ...


ရှောင်ယီ၏မျက်လုံးများတွင် စိတ်ဓာတ်ကျမှုများပြည့်နေသည်။


ဒီတစ်ကြိမ်မှာ ဒီကပ်ဘေးကြီးကမလွမြောက်နိုင်တော့ဘူးလား...


ပုစွန်ပိစိသည် နယ်သာရီ၏ပုခုံးပေါ်တွင် လှဲလျောင်းနေသည်။


နယ်သာရီပုစွန်ပိစိ၏ခေါင်းကိုပွတ်လိုက်သည်။ ခဏအကြာတွင် သူမ၏ခြေဖျားတွင်အားယူကာ ခန္ဓာကိုယ်တစ်ခုလုံး ကောင်းကင်သို့ထိုးတက်လိုက်သည်။


ငရဲကမ္ဘာသင်္ဘောပေါ်ထွက်လာပြီး နယ်သာရီသည် ကုန်းပတ်ပေါ်တက်လိုက်ကာ အင်ပါရီယာမြို့အပြင်ဘက်သို့လျှင်မြန်စွာထွက်ခွာလိုက်သည်။


ရှောင်ယီနှင့် ရှောင်ရှောင်လုံတို့ အံ့အားသင့်သွားကြသည်။ နယ်သာရီပခုံးပေါ်ရှိ ပုစွန်ပိစိကိုမြင်သောအခါ တစ်စုံတစ်ခုကိုသတိရသွားပုံပေါ်ပြီး အကြည့်ချင်းဖလှယ်လိုက်ကာ မြို့တံတိုင်းဆီသို့ဦးတည်သွားလိုက်ကြသည်။


မြို့တံတိုင်းပေါ်တွင် အစောင့်များအားလုံးကြောက်ရွံ့နေကြသည်။ သူတို့ တသိမ့်သိမ့်တုန်ရီနေကြကာ လှုပ်ပင်မလှုပ်ရဲကြချေ။


အဝေးတစ်နေရာမှ ငရဲစွမ်းအင်များရောက်ရှိလာပါ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။


နတ်ဆိုးစစ်တပ်သည် တဖြေးဖြေးနီးကပ်လာပြီဖြစ်ကာ ၎င်းတို့၏အော်ရာများသည် တခြားသူများကိုတုန်ရီသွားစေသည်။


၎င်းတို့ထဲတွင် လက်နှစ်ဖက်မရှိတော့သော နတ်ဆိုးကင်းမြှီးကောက်မျိုးနွယ်စုခေါင်းဆောင်ရှဲ့ဟယ်(Xie He) ရှိပေသည်။ သူသည်လက်နှစ်ဖက်လုံးဆုံးရှုံးခဲ့ရသော်လည်း လူသတ်လိုသောအော်ရာများအပြည့်ရှိနေဆဲဖြစ်သည်။


ဤအကြိမ်တွင် သူသည် မဟာအာကာသအဆင့်ကျင့်ကြံသူများကိုခေါ်လာခဲ့ပြီဖြစ်သည်။ သူထို စားဖိုမှူးကိုတစ်စစီဆုတ်ဖြဲပစ်မည်ဖြစ်သည်။


ထိုစားဖိုမှူးသည် သူ၏အပေါင်းအပါများကို အချက်အပြုတ်ပစ္စည်းများအဖြစ်ရှုမြင်သဖြင့် အကြိမ်တစ်ထောင်လောက် အသတ်ခံရသင့်သည်။


သူ့ရှေ့တွင်ရှိနေသောသူသည် မဟာအာကာသအဆင့်ကျင့်ကြံသူဖြစ်သည်။ သူသည်လက်သီးဖြင့်ထိုးသည့်ပုံစံလုပ်လိုက်ကာ သူ၏လက်သီးပုံရိပ်သည် ကောင်းကင်ကိုဖြတ်ကျော်ကာ မြို့ရိုးထံသို့ပြင်းပြင်းထန်ထန်ရိုက်ခတ်သွားသည်။


မြို့ရိုးပေါ်ရှိလူသားများကြောက်ရွံ့သွားကြသည်။


၎င်းသည် ရှဲ့ဟယ်ကိုစိတ်ကျေနပ်သွားစေပြီး သူ့လက်များဆုံးရှုံးရသည့်နာကျင်မှုကို နောက်ဆုံးတွင်ဂလဲ့စားချေနိုင်တော့မည်ဖြစ်သည်။


"သတ်ကြစမ်း... အကုန်လုံးကိုသတ်ပစ်... အဲ့ဒီ့စားဖိုမှူးရဲ့အသားကိုဝါးပြီး သွေးကိုသောက်ပစ်မယ်ကွ.....'


မဟာအာကာသအဆင့်ကျင့်ကြံသူသည် အကြီးအကျယ်ဒေါသထွက်လာပြီး စိတ်လှုပ်ရှားလာသည်။ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ခန္ဓာကိုယ်သည် လျှပ်တစ်ပြက်အတွင်း မြို့ရိုးပေါ်တွင်ပေါ်လာသည်။


သူသည် ကျယ်ကျယ်လောင်လောင်ရယ်မောနေပြီး ကောင်းကင်ပေါ်သို့ငရဲစွမ်းအင်များကိုပို့လွှတ်နေသည်။ ထိုငရဲစွမ်းအင်များသည် ကောင်းကင်ကိုဆုတ်ဖြဲပစ်တော့မည့်ပုံစံဖြစ်မေသည်။


မြို့ထဲရှိလူများသည် တုန်ရီနေကြကာ အကြောက်ကြောက်အလန့်လန့်ဒူးထောက်နေကြသည်။


ထိုကြည်နူးစရာခံစားချက်သည် နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်စုခေါင်းဆောင်ကို အလွန်အမင်းကျေနပ်သွားစေသည်။


ရုတ်တရက်...


"ဒီအတိုင်း ကင်းမြီးကောက်ကြီးတစ်ကောင်ဖြစ်တဲ့ မင်းကဘာတွေပြချင်နေတာလဲ... ငရဲကမ္ဘာရဲ့ဂုဏ်သတင်းကတော့ မင်းလက်ထဲမှာပျက်ဆီးပါပြီ..."


အေးစက်ကြည်လင်သော အသံတစ်သံလေထဲတွင်ပြန့်လွင့်လာသည်။ ခဏအကြာတွင် ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။