အပိုင်း ၈၇၄
Viewers 53k

အခန်း ၈၇၄

အသန်မာဆုံးနတ်ဆိုးဘုရင်၏ အလောင်း


အောင်းပိုင်သည် ချိန်းကြိုးပေါ်မှသူ့ဆီတရွေ့ရွေ့လာနေသော သွေးကျောက်ပုစွန်ကိုကြည့်လိုက်သည်။ သူ့မျက်လုံးများပြူးကျယ်လာကာ ရဲရဲနီလာသည်။


မင်း ပုစွန်ကောင် ဒီမင်းသားနားမလာခဲ့နဲ့...


အောင်းပိုင် စိတ်ထဲတွင်အော်ဟစ်လိုက်သည်။ သွေးကျောက်ပုစွန်သည် သူ့နားသို့တဖြေးဖြေးချင်းရွေ့လျားလာသည်။


ရုတ်တရက် သွေးကျောက်ပုစွန်သည် ၎င်း၏လက်မတစ်ချောင်းကိုဝှေ့ယမ်းလိုက်သည်။ ၎င်း၏ခန္ဓာကိုယ်သည် တစ်ဖက်သို့စောင်းသွားကာ ချိန်းကြိုးပေါ်မှပြုတ်ကျသွားသည်။ ၎င်း၏လက်မများကို လွှဲရမ်းကာ ရေကန်ထဲသို့ ပလုံကနဲမြည်အောင်ပြုတ်ကျသွားသည်။


ပူပေါင်းအမြှုပ်များထွက်ပေါ်လာသည်။


အောင်းပိုင်သည် အစကအံ့ဩသွားသော်လည်း ခဏအကြာတွင် ဝမ်းပန်းတသာဖြစ်သွားသည်။ သူသည် ဘယ်နေရာမှရလာသော စွမ်းအင်များကိုအသုံးပြုပြီး ကြေးလှေကားထံသို့ ပြေးထွက်သွားသည်။


သူသည် ကြေးလှေကားထစ်များအပေါ်လဲကျသွားပြီး အမောတကောအသက်ရှူနေသည်။


နတ်ဆိုးကင်းမြီးကောက်လူသား၏ အာရုံကြောများတင်းမာသွားသည်။ သူသည် သွေးကျောက်ပုစွန်ကိုကြည့်လိုက်သည်။


ရေကန်ထဲမှာ သွေးကျောက်ပုစွန်တွေအများကြီးရှိပေမယ့်... ဘာကိစ္စကြောင့် ဒီချိန်းကြိုးတွေပေါ်မှာလည်း သွေးကျောက်ပုစွန်တွေရှိနေရတာလဲ...


ဒီမကောင်းဆိုးဝါးကောင်က သွေးကျောက်ပုစွန်ကို ချိန်းကြိုးပေါ်လွှတ်လိုက်တာလား...


သွေးကျောက်ပုစွန် နီးကပ်လာသည်နှင့်အမျှ နတ်ဆိုးကင်းမြီးကောက်သည် ၎င်း၏ အမြီးကို လွှဲရမ်းလိုက်ပြီး မြှားတစ်ချောင်းကိုပစ်လွှတ်လိုက်သည့် ဆန့်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သွေးကျောက်ပုစွန်ကိုထိုးဖောက်လိုက်သည်။


သွေးကျောက်ပုစွန်၏ အခွံသည် ကင်းမြီးကောက်အမြီး၏အဆိပ်ကိုမခံနိုင်သဖြင့် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးမဲနက်သွားသည်။


အဆုံးတွင် ကျောက်ပုစွန်၏မီားကျောသောခန္ဓာကိုယ်သည် ချိန်းကြိုးပေါ်မှပြုတ်ကျသွားကာ သွေးရေကန်ထဲသို့ပြုတ်ကျသွားသည်။


နတ်ဆိုးကင်းမြီးကောက်လူကြီးသည် ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်လာကာ မဲ့ပြုံးပြုံးလိုက်သည်။


ဒီသွေးကျောက်ပုစွန်တွေကဘာမလို့လဲ... သူ့ရဲ့ကင်းမြီးကောက်အမြီးနဲ့တွေ့ရင် အကုန်လုံးအမှိုက်တွေဖြစ်သွားတာပဲမလား...


ဖြေးဖြေးတွားသွားကာ ကြေးလှေကားပေါ်တက်လိုက်သည်။ အောင်းပိုင်သည် ကြေးလှေကားပေါ်တွင် ပက်လက်လှန်နေပြီး အမောတကောအသက်ရှူနေသည်ကိုကြည့်ပြီး ကြောင်အသွားသည်။ 


ဒီကောင်က သူ့ထက်မြန်နေတာပေါ့လေ...


အဲ့တာတောင်မှ သူက ဒီသွေးကျောက်ပုစွန်တွေနဲ့ ဘာမှမဆိုင်ဘူးလို့ပြောရဲသေးတယ်...


နတ်ဆိုးကင်းမြီးကောက်လူကြီးက အေးစက်စက်အပြုံးတစ်ခုကိုပြုံးလိုက်သည်။ သူသည် အမောတကောဖြင့်ဖြေးဖြေးချင်းထလာသော အောင်းပိုင်ကိုကြည့်လိုက်သည်။


နတ်ဆိုးကင်းမြီးကောက်သည် ရုန်တရက်အကြံရသွားခဲ့သည်။ ဤရေကန်သည် လူများကို ပျံသန်းရံတားမြစ်ထားပြီး ကျင့်ကြံဆင့်ကိုဖိနှိပ်ထားသော်လည်း နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်စု၏ ကျင့်ကြံသူတစ်ယောက်ဖြစ်သောသူ့တွင် သဘာဝအားသာချက်ရှိပေသည်။


သူ၏ ကင်းမြီးကောက်အမြီးတွင်ရှိသော အဆိပ်ပြင်းသည် ရွှေပုစွန်မျိုးနွယ်၏ တတိယမြောက်မင်းသားကို ခုနစ်ကြိမ်ရှစ်‌ကြိမ်မျှသတ်ရန် လုံလောက်လေသည်။


အောင်းပိုင် မောပန်းနေသည်။ ကြောက်စရာသွေးကျောက်ပုစွန်ကိုဖယ်ရှားလိုက်ပြီးနောက်တွင် သူသည် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ ခြေကုန်လက်ပမ်းကျသွားခဲ့သည်။


ရုတ်တရက်..


အောင်းပိုင်သည် သူ၏တစ်ကိုယ်လုံးကိုကြောက်မက်ဖွယ်အော်ရာကဖုံးလွှမ်းသွား၍ နှလုံးသားတစ်ခုလုံးတင်းကြပ်သွားသည်။ ထိုအော်ရာသည် သူသွေးကျောက်ပုစွန်နှင့်ရင်ဆိုင်ချိန်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော သေးခြင်းအော်ရာများဖြစ်သည်။


သူသည် ထိုအော်ရာနှင့်ပတ်သတ်၍ ခံစားချက်မကောင်းပေ။


အောင်းပိုင် လှည့်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ရာလေပြင်းတစ်ခုတိုက်ခတ်သွားပြီး ထိုလေပြင်းများသည် သူ့စိတ်နှလုံးကိုတုန်လှုပ်သွားစေသည်။


၎င်းသည် အနက်ရောင်တောက်ပနေသော ကင်းမြီးကောက်အမြီးတစ်ခုဖြစ်သည်။ ထိုကဲ့သို့တောက်ပနေမှုသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကိုတုန်ရီသွားစေနိုင်သည်။


၎င်းသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပေသည်။


သတ်ဖြတ်လိုသောရောင်ဝါ.. ထိုသတ်ဖြတ်လိုသောရောင်ဝါသည် သူ့တစ်ကိုယ်လုံးကိုဖုံးအုပ်သွားသည်။


"သေစမ်း... မင်းဘယ်လိုတောင်လုပ်ရဲရတာလဲ..."


အောင်းပိုင်သည် နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်မှ မကောင်းဆိုးဝါးကသူ့ကိုသတ်ဝံ့မည်ဟု မထင်ထားခဲ့ပေ။


သူသည် တစ်ကြိမ်တည်းတွင် အံ့ဩတုန်လှုပ်ကာ ဒေါသထွက်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုသည် အလစ်အငိုက်သတ်ဖြစ်ခြင်းဖြစ်ကာ သူမရှောင်လွှဲနိုင်ပေ။


သူ့လို ရွှေပုစွန်မျိုးနွယ်စုရဲ့တတိယမြောက်မင်းသားက ဒီနတ်ဆိုးကင်းမြီးကောက်အမြီးအောက်မှာသေရတော့မှာလား...


သူမသေချင်ဘူး...


အောင်းပိုင်၏ မျက်လုံးထဲတွင် ကင်းမြီးကောက်အမြီးသည် ကြီးသည်ထက်ကြီးလာပြီး သူ့နှလုံးသားကိုနစ်မြုပ်သွားစေသည်။


ရုတ်တရက်...


ကင်းမြီးကောက်အမြီးက သူ့ခန္ဓာကိုယ်ကိုထိုးဖောက်ခါနီးတွင် အဝေးမှအရိပ်တစ်ခုထွက်ပေါ်လာသည်။


ရုတ်ချည်းပင် သနားစဖွယ်အော်သံတစ်ခုထွက်ပေါ်လာသည်။


အောင်းပိုင် အံ့အားသင့်သွားခံသည်။ ကင်းမြီးကောက်အမြီးကြီးက မရှိတော့ပေ။


နတ်ဆိုးကင်းမြီးကောက်လူသားသည် အဝေးကိုရောက်သွားပြီး ထိုနေရာတွင်စူးစူးဝါးဝါးအော်ဟစ် နေပေသည်။


အောင်းပိုင်သည် လန့်ဖျပ်သွားကာ မြေပြင်ပေါ်မှခုန်ထ၍ နတ်ဆိုးကင်းမြီးကောက်ကို အံ့အားသင့်နေသောအမူအယာဖြင့်ကြည့်လိုက်သည်။ နတ်ဆိုးကင်းမြီးကောက်ကိုကြည့်ပြီး သူကြောင်အသွားသည်။


ဘာဖြစ်သွားတာလဲ...


ဘာလို့ နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်ကျင့်ကြံသူရဲ့ အမြီးမှာ သွေးကျောက်ပုစွန်တစ်ကောင် တွဲလွဲခိုနေရတာလဲ...


ကြေးလှေကားပေါ်မှာလည်း သွေးကျောက်ပုစွန်တွေရှိလို့များလား...


မဟုတ်သေးပါဘူး...


အပြင်ကတွားထွက်လာတဲ့ သွေးကျောက်ပုစွန်ကလွဲရင် ဖြစ်နိုင်တာတစ်ခုပဲရှိတယ်...


အောင်းပိုင် လှေကားထိပ်ကိုမော့ကြည့်လိုက်သည်။ သူ လှေကားထိပ်တွင် လက်ပိုက်ရင်းမတ်တတ်နေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။


ပုဖန်သည် ထိုနေရာမှ သူတို့ကိုမျက်နှာသေဖြင့်ကြည့်နေသည်။


အောင်းပိုင်သည်လည်း ရွှေပုစွန်ဖြစ်သောကြောင့် ပုစွန်ပုစိနှင့်ဆက်နွယ်မှုရှိနေပေသည်။


ပုဖန်သည် သူ့ကိုဤနေရာတွင်သေမသွားစေချင်ပါ။ ထို့ကြောင့် သူသွေးကျောက်ပုစွန်တစ်ကောင်ကို ထိုနတ်ဆိုးကင်းမြီးကောက်ထဲပစ်လိုက်ခြင်းဖြစ်သည်။


သူသွေးကျောက်ပုစွန်များစွာကိုဖမ်းထားခဲ့သောကြောင့် အချို့အကောင်တွေကိုလွှတ်ပစ်ရင်လည်း ပြဿနာမရှိပေ။


နတ်ဆိုးကင်းမြီးကောက်လူကြီး၏မျက်လုံးများ ရဲရဲနီသွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် သူ့အမြီးကိုကိုင်လိုက်သည်။သူ့အမြီးကို သွေးကျောက်ပုစွန်က ညှပ်ထားနေဆဲဖြစ်သည်။


သူသည် သွေးကျောက်ပုစွန်၏လက်မကိုအတင်းအကြပ်ဖွင့်လိုက်ပြီး ဒေါသတကြီးအော်ဟစ်ကာ ကျောက်ပုစွန်ကိုရေကန်ထဲပစ်ချလိုက်သည်။


"သေစမ်း... လူမဆန်လိုက်တာ...'


နတ်ဆိုးကင်းမြီးကောက်လူကြီး အလွန့်အလွန်ဒေါသထွက်နေသည်။


သူ့အမြီး... သူ့အမြီးကိုတကယ်ကြီးဆုံးရှုံးတော့မလို့....


နတ်ဆိုးကင်းမြီးကောက်လူကြီး၏ မျက်လုံးများသည် လှေကားထိပ်ဆုံးတွင်မတ်တတ်ရပ်နေသော ပုဖန်ထံအကြည့်ရောက်သွားသည်။ ထိုအကြည့်တစ်ချက်ဖြင့် သူ၏သံသယများကင်းရှင်းသွားတော့သည်။


ဒါက သူ့ရှေ့က ‌ေ-ာက်ကျင့်မကောင်းတဲ့ အဲ့လူသား အယုတ်တမာကြောင့်ဆိုတာသေချာတယ်...


လူသားကောင် ငါ-ိုးပဲကွာ...


"မင်းပဲ... မင်းကငါ့ကိုချုံခိုတိုက်ခိုက်ဖို့သွေးကျောက်ပုစွန်ကိုတောင်သုံးရဲတယ်ပေါ့လေ...'


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူအော်ဟစ်လိုက်သည်။


ထိုအချိန်တွင် သူ၏ပုဖန်အပေါ်သတ်ဖြတ်လိုစိတ်များသည် အထွတ်အထိပ်သို့ရောက်သွားပြီဖြစ်သည်။


ဝုန်း ဝုန်း ဝုန်း


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူသည် ပုဖန်ထံဦးတည်၍ အော်ဟစ်ပြီးပြေးသွားလိုက်သည်။


"‌ေ-ာက်လူသားကောင်... ငါမင်းခေါင်းကိုလိမ်ချိုးပစ်မယ်ကွ..."


ပုဖန်သည် လက်ပိုက်ရင်း သူ့ထံဦးတည်၍လာနေသော နတ်ဆိုးကင်းမြီးကောက်ကို မထူးမခြားသောအကြည့်ဖြင့်ကြည့်နေသည်။


ရွှေရောင်အလင်းတစ်ခုထွက်ပေါ်လာသည်။ ၎င်းသည် ထက်မြသောဓားအလင်းတစ်ခုဖြစ်သည်။


ရွှေရောင်တောက်ပနေသော အောင်းပိုင် ပုဖန်အနားတွင်ရောက်သည်။ သူ၏ဓားရှည်နှစ်ချောင်းကို ရှေ့သို့ဦးတည်ထားကာ နတ်ဆိုးကင်းမြီးကောက်ကိုနောက်သို့ပြန်ဆုတ်သွားစေရန် ဖိအားပေးနေသည်။


ဤကြေးနန်းတော်၏နေမြေထဲတွင် သူတို့၏တိုက်ပွဲဝင်စွမ်းရည်နိမ့်ကျနေသည်။ သူတို့၏အစစ်အမှန်စွမ်းအင်များကိုအသုံးမပြုနိုင်သဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာအသုံးပြုနိုင်သည်။


ထို့ကြောင့် ဓားနှစ်လက်အောင်းပိုင်တွင် နိုင်နိုင်ခြေပိုများလေသည်။


"မင်းလို နံစော်နေတဲ့ကင်းမြီးကောက်ကောင်ကများငါ့ကိုသတ်ရဲတယ်... ငါမင်းနဲ့တစ်မိုးအောက်ထဲမနေတော့ဘူးကွ..."


အောင်းပိုင်သည် နတ်ဆိုးကင်းမြီးကောက်လူကြီးကိုအေးစက်စွာကြည့်ပြီး ဓားနှစ်ချောင်းကိုကိုင်၍ အော်ဟစ်လိုက်သည်။


"ဟားဟားဟား... မင်းတစ်ယောက်တည်းနဲ့ချရမှာပေါ့လေ... ကောင်းတယ်... မင်းတို့တွေအကုန်လုံးကိုဒီနေရာမှာအဆုံးသတ်ပေးမယ်... ဒီအခွင့်အရေးကငါနဲ့ပဲသက်ဆိုင်တယ်ကွ..."


နတ်ဆိုးကင်းမြီးကောက် အေးစက်စွာပြောလိုက်သည်။


သူ၏ကင်းမြီးကောက်အမြီးသည် ချိတ်ကောက်တစ်ခုလိုကွေးညွတ်သွားသည်။


ဘုန်း


သူမြေပြင်ကိုခြေစုံကန်ပြီး ကောင်းကင်ပေါ်ခုန်တက်သွားသည်။


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ၏ အမြီးသည် ရန်သူကိုချက်ချင်းသတ်ဖြတ်နိုင်ရန် ပြင်ဆင်ထားသည့် မြှားတစ်စင်းနှယ် အောက်သို့ပြန်ကျလာသည်။


"မင်းကအားနည်းတဲ့လူသားဆိုပေမယ့်.. ဒီမင်းသားကိုကယ်ဖို့သွေးကျောက်ပုစွန်ကိုသုံးခဲ့တဲ့အချိန်တုန်းက ဉာဏ်ကောင်းသွားခဲ့တယ်... ဒီမင်းသားကမင်းကို ကျေးဇူးပြန်ဆပ်မယ်... ငါမင်းကို အဲ့သောက်ကျင့်မကောင်းတဲ့ကင်းမြီးကောက်ဆီက အထိအခိုက်မခံစေရဘူး..."


အောင်းပိုင် ဝံ့ကြွားစွာပြောလိုက်သည်။


ရွှေဓားရှည်နှစ်လက်ကိုင်ဆိုင်ထားသော ပုစွန်တစ်ကောင်သည် ဓားနှစ်လက်ကိုဝေ့ယမ်း၍ နတ်ဆိုးကင်းမြီးကောက်လူသားထံဦးတည်လိုက်သည်။


မည်သည့် အစစ်အမှန်စွမ်းအင်များထွက်မလာသလို မည်သည့်စွမ်းအင်မှထွက်မလာချေ။


ခန္ဓာကိုယ်စွမ်းအင်ကိုသာအသုံးပြု၍ တိုက်ခိုက်နေကြခြင်းဖြစ်သည်။


ပုဖန်သည် ထိုနှစ်ယောက်တိုက်ခိုက်နေသည်ကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။ထို့နောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ ကြေးနန်းတော်ထံသာ လှည့်ထွက်သွားလိုက်တော့သည်။


သူ နန်းတော်နှင့်နီးကပ်လာသောအခါ နန်းတော်ဂိတ်တံခါးဝတွင် ဒူးထောက်နေသော ကြီးမားသည့်ပုံရိပ်ကြီးကိုတွေ့လိုက်ရသည်။


ပုဖန်၏ မျက်လုံးများစူးရှသွားသည်။ သူသည် ထိုဒူးထောက်နေသောပုံရိပ်ကြီးထံမှ သူ့ကိုပင်နှလုံးခုန်မြန်သွားစေသော ကြောက်မက်ဖွယ်အော်ရာကိုခံစားလိုက်ရသည်။


ထိုပုံရိပ်ထံမှထွက်ပေါ်လာသော ဖိအားသည် သူကမ္ဘာမြေအကျဉ်းထောင်တွင်တွေ့ခဲ့သော သွေးနဂါးကြီးထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။


ပုဖန် ပို၍သိချင်လာတော့သည်။


ဒီလူက ... ဘယ်သူလဲ...


သူက ခွေးဘုရင်လို ငရဲကမ္ဘာက အနှိုင်းမဲ့ကျင့်ကြံသူတစ်ယောက်များဖြစ်နေမလား... ပြီးတော့ အဲ့လိုအနှိုင်းမဲ့ကျင့်ကြံသူက ဘာလို့ဒီနေရာမှာဒူးထောက်နေရတာလဲ...


သူ့တွင် အသက်စွမ်းအင်တစ်မျှင်မှရှိမနေ၍ သေဆုံးသွားပြီဖြစ်ကြောင်းသေချာပေသည်။


ပုဖန်သည် ထိုဒူးထောက်နေသောကျင့်ကြံသူ၏ တစ်မီတာအကွာအတွင်းတွင်ရှိနေသောအခါ ကြောက်မက်ဖွယ်အော်ရာတစ်ခုကိုခံစားရပေသည်။


ထို အန္တရာယ်ရှိသောခံစားချက်သည် ပုဖန်၏ခြေလှမ်းများကိုရပ်တန့်သွားစေသည်။


သူ့တွင် မလွှမ်းမိုးနိုင်သော အနီရောင်ဝတ်ရုံရှိသော်လည်း သူထို မလွှမ်းမိုးနိုင်သောသက်ရောက်မှုကိုမဖြုန်းတီးပစ်ချင်ပေ။


ပုဖန်၏ မျက်လုံးများသည် ကြေးတံခါးရှေ့ရှိ ဟင်းပွဲထံရောက်ရှိသွားသည်။ သူအရင်က ထိုဟင်းပွဲကို အာရုံခံဖူးခဲ့သည်။ ၎င်း၏ ထူထဲသိပ်သည်းလှသော ရနံ့သည် လူများစွာ၏စိတ်နှလုံးသားကိုဖမ်းယူနိုင်ပေသည်။


သို့သော် ပုဖန်ထိုဟင်းပွဲကိုစူးစူးစိုက်စိုက်ကြည့်ပြီးနောက်တွင် မျက်စိများကျဉ်းမြောင်းသွားတော့သည်။ ထိုဟင်းပွဲသည် ချက်ရခက်သည့်အရာများမဟုတ်ချေ။


၎င်းသည် ရိုးရိုးခေါက်ဆွဲတစ်ပွဲသာဖြစ်သည်။


သို့မဟုတ် ပို၍တိတိကျကျပြောရမည်ဆိုလျှင် ၎င်းသည် ရန်ချွန်းခေါက်ဆွဲများဖြစ်သည်။


ရန်ချွန်းခေါက်ဆွဲတစ်ပွဲတဲ့လား....


ပုဖန်၏မျက်နှာ အံ့ဩသွားပုံပေါက်သွားသည်။


ဒီကြေးနန်းတော်ရဲ့ ဝင်ပေါက်မှာ ဘာကိစ္စကြောင့် ရန်ချွန်းခေါက်ဆွဲတစ်ပွဲရှိနေရတာလဲ...


ဒါ့အပြင် ဒီရန်ချွန်းခေါက်ဆွဲက ငရဲကမ္ဘာကျင့်ကြံသူကိုဒူးထောက်နေစေတဲ့အကြောင်းပြချက်လား...


ပုဖန် ကြေးနန်းတော်အနားသို့သွားရင်းမျက်မှောင်ကြုတ်လိုက်မိသည်။ လက်မြှောက်လိုက်ပြီး ရန်ချွန်းခေါက်ဆွဲပွဲကိုထိလိုက်သည်။


သို့သော် သူ့လက်သည်ကြေးတံခါးကိုသာထိမိသွားပြီး မည်သည့်အရာကိုမထိမိလိုက်သလိုခံစားလိုက်ရသည်။


ခေါက်ဆွဲပန်းကန်သည် ရေကန်ထဲကလရိပ်လို မှန်ထဲကပန်းရိပ်လိုဖြစ်နေကာ ထိတွေ့လို့မရေပေ။ (note- ပုံရိပ်ယောင်လိုပုံစံလို့ဆိုလိုတာပါ)


ဘာဖြစ်သွားတာလဲ...


ပုဖန်မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင်မေးလိုက်သည်။


"စနစ်... ဒီခေါက်ဆွဲတွေကဘာဖြစ်သွားတာလဲ..."


"သင့်ရဲ့ အဆင်ကအလွန်နိမ့်နေပြီး သိဖို့အရည်ချင်းမရှိပါဘူး..."


ယခုအချိန်တွင် စနစ်သည် လျှင်လျှင်မြန်မြန်ဖြေဆိုလိုက်သည်။ ၎င်း၏ လေးနက်သောအသံသည် ရုတ်ချည်းပင်ထွက်ပေါ်လာခဲ့သည်။


သူ့ရဲ့အဆင့်ကအရမ်းနိမ့်နေတာလား...


ပုဖန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။


သူ့ရဲ့အဆင့်ကနိမ့်နေတုန်းပဲလား...


"အား....."


နားကန်းလုမတတ်အသံကြီးထွက်ပေါ်လာ၍ ပုဖန်အံ့အားသင့်သွားသည်။ သူအနောက်ဘက်သို့လှည့်ကြည့်လိုက်သည်။


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူသည် ဒူးထောက်နေသောငရဲကမ္ဘာကျင့်ကြံသူဘေးသို့ရောက်လာသည်။ သူ့မျက်လုံးများသည် ပေါက်ကွဲလုမတတ်ပြူးကျယ်လာကာ ပျော်မြူးသွားပုံပေါက်နေသည်။


သူ့ခေါင်းကိုအုပ်ကိုင်လိုက်ကာ ရူးရူးသွပ်သွပ်အော်ဟစ်ရယ်မောပြီး အော်ပြောလိုက်သည်။


"ရှာတွေ့ပြီ... ငါရှာတွေ့ပြီကွ... ဟားဟား.. ငါဒီကမ္ဘာကြီးကိုအုပ်စိုးလို့ရသွားပြီ... အသန်မာဆုံးနတ်ဆိုးဘုရင်ရဲ့အလောင်းကို ငါရှာတွေ့ပြီကွ..."


နတ်ဆိုးကင်းမြီးကောက်သည် ရယ်မောလွန်း၍မျက်ရည်များပင်စီးကျလာသည်။


အောင်းပိုင်အံ့အားသင့်သွားကာ ပုဖန်ကြောင်အနေသည်။


သူတို့ နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူ အော်ဟစ်ရယ်မောနေသည်ကိုကြည့်နေကြသည်။ ရုတ်တရက်သူ့လက်ကိုမြှောက်လိုက်သောအခါ သူ့လက်ဖဝါးပေါ်တွင် ငရဲစွမ်းအင်များပြည့်နှက်နေသော အလုံးကြီးတစ်လုံးပေါ်လာသည်။


လက်ဖြင့် ထိုစွမ်းအင်အလုံးကြီးကိုရိုက်ချလိုက်သည်။



တောင်ဘက်ဒေသရှိ တောင်စဉ်တစ်ထောင်တောင်များတွင်


နတ်ဆိုးအမှတ်အသားသစ်ပင်ပေါ်၌ ခြေချိတ်ထိုင်ရင်းကျင့်ကြံနေကြသော နတ်ဘုရားအာကာသအဆင့်ရှိကျင့်ကြံသူများသည် မျက်လုံးများဖွင့်လိုက်ကြသည်။


သူတို့မျက်လုံးများမှ အနက်ရောင်စွမ်းအင်များသည် ကောင်းကင်ယံသို့ပင်တက်သွားခဲ့သည်။


"ဘာလဲ... တစ်ယောက်ယောက်က အသန်မာဆုံးနတ်ဆိုးဘုရင်ကိုရှာတွေ့သွားတာလား...."