အပိုင်း ၈၇၇
Viewers 62k

အခန်း ၈၇၇

နှစ်တစ်သောင်းကြာတည်ရှိနေခဲ့သော ဟင်းပွဲ


ခေါင်းခုနစ်လုံးလေပေါ်ပျံတက်သွားကာ သွေးများက နေရာအနှံ့သို့လွင့်စင်သွားသည်။


ဗွမ်း ဗွမ်း


သွေးများလွင့်ပျံနေရင်း ထိုခေါင်းများက မြေပြင်ပေါ်ပြင်းပြင်းထန်ထန်ကျဆင်းသွားသည်။


အောင်းပိုင် ထိုဖြစ်ရပ်ကိုမျက်မြင်တွေ့ခဲ့ပြီး ကြောက်ရွံနေပေသည်။ ဓားရှည်နှစ်ချောင်းကိုကိုင်ထားသောသူ့လက်များက တုန်ရီနေကြကာသူ့မျက်နှာတွင် ကြောက်ရွံ့မှုများပြည့်လာတော့သည်။


ဒီလူခုနစ်ယောက်လုံးက နတ်ဘုရားအာကာသအဆင့်ကကျင့်ကြံသူတွေလေ... သူတို့အကုန်လုံး မျက်တောင်တစ်ခတ်အတွင်းမှ ဘယ်လိုလုပ်ပြီးခေါင်းဖြတ်ခံလိုက်ရတာလဲ...


အခုလေးတင်ရောက်လာတာ အဲ့ဒီ့အနက်ရောင်ဝတ်လူက.. ဘယ်လိုတောင်ကြောက်ဖို့ကောင်းတဲ့တည်ရှိမှုကြီးလဲ...


ဒီနန်းတော်ထဲမှာ ဒီလိုကြောက်စရာတည်ရှိမှုကြီးကဘယ်လိုလုပ်ရှိနေရတာလဲ...


ပထမဆုံးရောက်လာခဲ့သော နတ်ဆိုးကင်းမြီးကောက်လူကြီးက တသိမ့်သိမ့်တုန်ရီနေပေသည်။ သူသည်လည်းကြောက်ရွံ့နေလေသည်။


နတ်ဘုရားအာကာသအဆင့်ရှိစီနီယာခုနစ်ယောက်က ဒီတိုင်းလေးအသတ်ခံလိုရတယ်... သူတို့ကနတ်ဘုရားအာကာသအဆင့်မဟုတ်ပဲ မဟာအာကာသအဆင့်တွေလေ....


နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူတစ်ယောက်ချင်းဆီသည် နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်စုတွင် နတ်ဘုရားတမျှတည်ရှိမှုများဖြစ်ကြသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း ထိုခုနစ်ယောက်လုံးခေါင်းဖြတ်ခံလိုက်ရသည်။


ဝီး


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်၏ကျင့်ကြံသူခုနစ်ယောက်သည် ခေါင်းများပြတ်သွားကြသော်လည်း သူတို့ခုနစ်ယောက်လုံးက နတ်ဘုရားအာကာသအဆင့်တွင်ရှိသူများဖြစ်ကြ၍ သူတို့၏ဝိဉာဉ်များကအလွယ်တကူမပျက်ဆီးသွားကြပေ။ ထိုဝိဉာဉ်များက၎င်း၏ပျက်ဆီးသွားပြီဖြစ်သောခန္ဓာကိုယ်များထဲမှ တွန်လိမ်၍ထွက်လာကြသည်။


သူတို့၏ဝိဉာဉ်များကကြောက်ရွံ့နေကြကာ ပြင်းပြင်းထန်ထန်အော်ဟစ်နေကြသည်။


ပုဖန်လက်မောင်းပေါ်ရှိ အဖြူနှင့်အနက်ထောင်တျဲများက တစ်ချိန်တည်းဟိန်းဟောက်လိုက်ကြသည်။ ထိုထောင်တျဲများ၏ဟိန်းဟောက်သံသည် မုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ လေထဲတွင်ပျံဝဲနေကြသော ဝိဉာဉ်များကိုစုပ်ယူချင်နေသည့်ပုံဖြင့် တိုက်ခိုက်လိုက်သည်။


အနက်ရောင်ဝတ်ရုံဖြင့်လူသည် ပုဖန်ကိုမတားသလို အဖြူနှင့်အနက်ထောင်တျဲများ ဝိဉာဉ်များကိုစုပ်ယူနေခြင်းကိုမနှောင့်ယှက်ပေ။ သို့သော် သူ၏နီရဲနေသောမျက်လုံးများဖြင့် ငေးစိုက်ကြည့်နေပေသည်။


"ကောင်လေး... မင်းလက်ထဲကမီးဖိုချောင်သုံးဓား ငါ့ကိုပေးစမ်း...."


အနက်ရောင်ဝတ်ကျင့်ကြံသူက ပုဖန်ကိုထိတ်ထိတ်ပျာပျာဖြင့်မေးလိုက်သည်။ သူ၏အသံသည် အချိန်အကြာကြီးစကားမပြောခဲ့သလို အက်ကွဲခြောက်ကပ်နေသည်။


ပုဖန်လက်မောင်းပေါ်ရှိ ထောင်တျဲများက ဝိဉာဉ်ခုနစ်ခုကိုစုပ်ယူလိုက်သည်။ ထို့နောက် ပုဖန်သူ့ခန္ဓာကိုယ်အတွင်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသောအားများမြင့်တက်လာသည်ဟုခံစားလိုက်ရသည်။


ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပိုမိုကြံ့ခိုင်လာသယောင်ဖြစ်သွားသည်။


သို့သော် ပုဖန်ကထိုအရာကို သတိမပြုမိပေ။ သူ၏အာရုံစိုက်မှုများသည် နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူခုနစ်ယောက်ကိုတစ်ချက်တည်းဖြင့်သတ်ပစ်သော အနက်ရောင်ဝတ်ရုံဖြင့်ကျင့်ကြံသူထံတွင်သာ ရှိနေသည်။


တစ်ဖက်လူက သူ့လက်ထဲက နဂါးအရိုးမီးဖိုချောင်သုံးဓားကိုလိုချင်နေတာတဲ့လား...


"မပေးဘူး..."


ပုဖန် မျက်နှာသေဖြင့်ငြင်းဆိုလိုက်သည်။ ထိုအရာက သူ၏နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။


"မင်းကများ ငါ့ကိုငြင်းဆန်ရဲတယ်... မင်းကိုငါသတ်ပစ်မှာမကြောက်ဘူးလား..."


သူအေးစက်စွာမေးလိုက်သည်။


ခဏအကြာတွင် သူ၏အနီရောင်မျက်လုံးများတွင်အလင်းတစ်ချက်တောက်ပလာကာ မြေပြင်ပေါ်ခြေဆောင့်လိုက်ပြီး ပုဖန်ရှေ့တွင်ပေါ်ထွက်လာသည်။


ပုဖန်ကို ဖိနှိပ်ချင်သည့်ဟန်ဖြင့် ကြောက်မက်ဖွယ်ဖိအားများကိုထုတ်လွှတ်လိုက်သည်။ ကံဆိုးစွာဖြင့် ပုဖန်တွင် စနစ်ရှိနေသဖြင့် ထိုဖိအားကိုလုံးဝမခံစားရပေ။


ပုဖန်နှင့် သိပ်မဝေးသောနေရာတွင်ရှိနေသည့် အောင်းပိုင်ကြောက်ရွံ့နေသည်။ သူ့ခြေထောက်များက ဂျယ်လီကဲ့သို့ပျော့ခွေနေကာ မြေပြင်ပေါ်သို့ယိုင်ကြသွားလေသည်။


စိတ်ဝိဉာဉ်သခင်အဆင့်တစ်ယောက်ရဲ့ဖိအား...


ဤကြေးနန်းတော်တွင် သူ၏ကျင့်ကြံဆင့်ကိုသုံးမရသော်လည်း သူ့ခန္ဓာကိုယ်မှ ဂုဏ်ဒြပ်များသည် အလွန်ခြိမ်းခြောက်နိုင်စွမ်းရှိနေဆဲဖြစ်သည်။


အနက်ရောင်ဝတ်ရုံနဲ့လူက စိတ်ဝိဉာဉ်သခင်အဆင့်ကျင့်ကြံသူပဲ... အဲ့ဒီအပြင် သူကပုံမှန်နတ်ဝိဉာဉ်အဆင့်ကျင့်ကြံသူမဟုတ်ဘူး....


ငါ့ကိုသတ်မယ်တဲ့လား... လုပ်လိုက်လေ..."


ပုဖန် တည်တည်ငြိမ်ငြိမ်သာပြန်ပြောလိုက်သည်။ သူ့တွင်စိုးရိမ်မှုနည်းနည်းပင်ရှိမပေချေ။


အနက်ရောင်ဝတ်ရုံဖြင့်ကျင့်ကြံသူကပုဖန်ကို စိုက်ကြည့်လိုက်သည်။


"ငါဒီနေရာဘယ်နှနှစ်လောက်အချိန်ဖြုန်းနေခဲ့တယ်ထင်လဲ.. ငါဒီနေရာအကြောင်းမင်းထက်ပိုသိတယ်... ငါသာမင်းကိုသတ်ချင်ရင် တားလို့ရမှာမပါဘူး.. မင်းသေရမှာမကြောက်ဘူးလား..."


ပုဖန် အနက်ရောင်ဝတ်ရုံဖြင့်လူကို ခေါင်းတစ်ချက်ခါပြရင်း တုန့်ပြန်လိုက်ပြီး ယုံကြည်ချက်ရှိရှိပြောလိုက်သည်။


"မင်းငါ့ကိုသတ်လို့မရဘူး ပြီးတော့ သတ်လည်းမသတ်နိုင်ဘူး...."


အောင်းပိုင်၏ဖြူရော်နေသောမျက်နှာ ပိုမိုဖြူဖျော့သွားသည်။


ဒီလူသား သေရမှာမကြောက်ဘူးလားဟ... အနက်ရောင်ဝတ်ရုံနဲ့လူက သူ့ကိုမသတ်ဘူးလို့ဘယ်နားက ယုံကြည်ချက်တွေရှိနေရတာလဲ...


၎င်းသည် အောင်းပိုင်တွေးနိုင်သည်ထက်ပင်ကျော်လွန်နေပေသည်။


အနက်ရောင်ဝတ်ရုံဖြင့်လူက ပုဖန်ကိုစိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် အော်ဟစ်ရယ်မောလိုက်သည်။ သူ၏အက်ကွဲနေသောအသံသည် နန်းတော်ရှေ့ဧရိယာတွင်ပျံ့လွင့်နေလေသည်။


ခဏအကြာတွင် အနက်ရောင်ဝတ်ရုံဝတ်ထားသောသူသည် သူ၏ဝတ်ရုံကိုဖွင့်လိုက်ကာ အရေပြားများတွန့်နေသော အရိုးပေါ်အရေတင်မျက်နှာကိုထုတ်ဖော်ပြလိုက်သည်။ သူ၏ဆံပင်ဖြူများသည် ပါးလျနေကာ ခေါင်းအထက်တွင် ပြန့်ကျဲနေလေသည်။


"ကောင်လေး...ကြည့်ရသလောက်ကတော့ မင်းကစားဖိုမှူးဖြစ်လိမ့်မယ်...ငါဘယ်သူလဲမင်းသိလား..."


လူအိုကြီးက ပုဖန်ကိုစူးစူးစိုက်စိုက်ကြည့်ပြီးပြောလိုက်သည်။


"မသိဘူးလေ..."


ပုဖန်ခေါင်းခါလိုက်သည်။


ပုဖန်သည် ထိုလူကြီးကို အနည်းငယ်ထူးဆန်းနေသည်ဟုထင်နေသည်။

ဘာကိစ္စရုတ်တရက်ကြီး သူ့ရဲ့အကြောင်းကိုသိလားလို့မေးနေရတာလဲ... ပုဖန်ကသူဘယ်သူလဲဆိုတာသိနေရမှာလား...


လူအိုကြီးမျက်လုံးလှိမ့်လိုက်သည်။ သူ့ရှေ့ကကောင်လေးက သူဆိုလိုသည့်သဘောကိုနားမလည်မည်ဟု မထင်ထားခဲ့ပေ။


"ငါက အစားကြူးတောင်ကြားရဲ့ပထမဆုံးတောင်ကြားသခင်ပဲ.... ငါကအစားကြူးတောင်ကြားကိုတည်ထောင်ခဲ့တာ... ငါ့နာမည် လျှိုမို့ပိုင်..." 


လူအိုကြီးပြောလိုက်သည်။


အစားကြူးတောင်ကြားရဲ့ပထမဆုံးတောင်ကြားသခင်တဲ့လား...


ပုဖန်အံ့ဩသွားသည်။ ထိုအထောက်အထားက လုံးဝသာမန်မဟုတ်ပေ။


ဘာဖြစ်ဖြစ် အဲ့တာကသူနဲ့ဘာဆိုင်လို့လဲ..


ခဏတာအံ့အားသင့်ပြီးနောက်တွင် ပုဖန်မျက်နှာသေဖြင့်ပြန်ပြောလိုက်သည်။


"ကောင်းပြီလေ.. ခင်ဗျားက မိုက်ပါတယ်..."


လူအိုကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။

စားဖိုမှူးတစ်ယောက်ဖြစ်နေပြီး သူ့ဂုဏ်ပုဒ်ကိုကြားတာတောင် မကြောက်ဘူးလား...


"အဲ့တော့ ကောင်လေး ငါ့ကိုမင်းရဲ့မီးဖိုချောင်သုံးဓားကိုပြတော့..."


လျှိုမိုပိုင်ပြောလိုက်သည်။


ပုဖန်၏မီးဖိုချောင်သုံးဓားတွင် လျှိုမိုပိုင်၏ခန္ဓာကိုယ်တစ်ခုလုံးကိုတုန်ရီသွားစေသည့် အော်ရာရှိပေသည်။သူဤကြေးနန်းတော်ရှေ့တွင်နေထိုင်လာသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် သူနန်းတော်ကြီး၏အော်ရာကိုကောင်းကောင်းသိပေသည်။


ထိုမီးဖိုချောင်သုံးဓားတွင် ကြေးနန်းတော်ကြီး၏အော်ရာရှိနေသည်။


သူဤနေရာတွင်နေပြီး နန်းတော်ထဲသို့ဝင်နိုင်ရန်နည်းလမ်းရနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီဖြစ်သည်။ နောက်ဆုံးတော့ သူ့တွင်သဲလွန်စရှိလာပြီဖြစ်သည်။


"မီးဖိုချောင်သုံးဓားလား.. မပေးဘူး..."


ပုဖန် ခေါင်းခါပြီး နောက်တစ်ကြိမ်ငြင်းဆိုလိုက်သည်။


ဝီး


အတွေးတစ်ချက်ဖြင့် နဂါးအရိုးမီးဖိုချောင်သုံးဓားသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားကာ ပုဖန်လက်ထဲမှပျောက်ကွယ်သွားသည်။


"မင်း...."


လျှိုမိုပိုင် ဒေါသထွက်သွားသည်။

ဘာလို့ဒီကောင်လေးက ပြောရခက်နေရတာလဲ...


သို့သော် သူဘာမှမလုပ်ရဲပေ။ ကြေးနန်းတော်သည် အလွန်ဆန်းကြယ်လွန်းလှပြီး သူ့ကိုပင် ဤကမ္ဘာပေါ်မှပျောက်သွားအောင်လုပ်နိုင်လေသည်။


သူတဇွတ်ထိုးမလုပ်ရဲချေ။


အစားကြူးတောင်ကြား၏ ပထမဆုံးတောင်ကြားသခင်ဖြစ်သည့်အလျောက် သူသည် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ခဲ့သည်။ သူသည် မြင့်မြတ်သန့်စင်နယ်မြေခုနစ်ခုရှိ သူတော်စင်ဂိုဏ်းချုပ်များကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် သူအထွတ်အထိပ်ရောက်ချိန်တွင် ပြိုင်ဘက်ကင်းဟင်းချက်စွမ်းရည်နှင့် စေတသိတ်ကိုရှာဖွေရန်အတွက် အခွင့်အရေးရစေရန် ပုန်းကွယ်နဂါးတိုက်ကြီးမှထွက်ခွာခဲ့သည်။


သူသေချာသောအဆင့်တစ်ခုကိုရောက်သောအခါမှ ပုန်းကွယ်နဂါးတိုက်ကြီးက လူများကိုချုပ်လှောင်ထားသော ဧရာမအကျဉ်းထောင်ကြီးတစ်ခုဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။


လျှိုမို့ပိုင် ထိုအကျဉ်းထောင်ကြီးထဲမှလွတ်မြောက်ချင်ခဲ့သည်။ သို့သော် သူဤကြေးနန်းတော်ကြီး၍နှင့် နှစ်ထောင်ပေါင်းများစွာကြာအောင် ချည်နှောင်ခံခဲ့ရသည်။


သူဤနေရာကို သူ၏ရွှေရောင်လူငယ်ဘဝ ကတည်းကရောက်ရှိနေခဲ့ပြီး ယခုတွင် သူ့ဘဝလမ်းဆုံးကိုပင်ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။


သူအလွန်ဝမ်းနည်းနေခဲ့သည်။ သို့သော် အချိန်အကြာကြီးကြာပြီးမှ ယခုတွင် ကြေးနန်းတော်၏အော်ရာနှင့်တူနေသော အရာတစ်ခုကိုတွေ့ခဲ့ပြီဖြစ်သည်။


လူအိုကြီးက သတိတကြီးဖြစ်သွားပြီးပြောလိုက်သည်။


"နန်းတော်ရှေ့မှာဒူးထောက်နေတဲ့ကောင်ကလည်း ငါ့လိုပဲ စေတသိတ်စွမ်းအားကိုရှာဖို့ရောက်လာတာပဲ... ဒါပေမယ့် ငါမရောက်လာခင်ကတည်းက သူကအဲ့နေရာမှာဒူးထောက်နေခဲ့တာ..."


လူအိုကြီးက ပုဖန်ကိုတွန်းအားမပေးပဲ ဤနေရာအကြောင်းကိုသာပြောပြနေသည်။


"ငါခန့်မှန်းရသလောက် ဒီကောင်က မဟာနတ်ဆိုးဘုရင်ကိုးပါးထဲက အသန်မာဆုံးနတ်ဆိုးဘုရင်ဖြစ်လိမ့်မယ်..."


လူအိုကြီးဆက်ပြောလိုက်သည်။


"နန်းတော်ထဲက ယန်ချွန်းခေါက်ဆွဲအကြောင်းကရော..."


ပုဖန်မေးလိုက်သည်။


"ယန်ချွန်းခေါက်ဆွဲလား... အဲ့တာကိုယန်ချွန်းခေါက်ဆွဲလို့ခေါ်တာလား.. ကောင်လေး မင်းက ဒီကြေးနန်းတော်ရဲ့လျှို့ဝှက်ချက်နဲ့ဆက်နွယ်မှုရှိနေတာဖြစ်ရမယ်...."


လူအိုကြီး၏မျက်လုံးများပြူးကျယ်လာကာ အသက်ပြင်းပြင်းရှူ၍ပြောလိုက်သည်။


"ငါဒီနေရာမှာ နှစ်တစ်ထောင်လောက်နေပြီး အဲ့ဟင်းပွဲရဲ့နာမည်ကိုသိဖို့ကြိုးစားခဲ့ရတာ...ယန်ချွန်းခေါက်ဆွဲတဲ့လား.. မင်း..မင်းကအကြည့်တစ်ချက်တည်းနဲ့သိသွားတယ်...."


" သူများနဲ့ယှဉ်ကြည့်ပြီး ဘာလို့မခံမရပ်နိုင်ဖြစ်နေရတာလဲ... နှစ်တစ်ထောင်လေ့လာနေခဲ့တာလား..."


"ဒါပေါ့..."


"အဲ့တာဆို အဲ့ဟင်းပွဲရှိနေတာဘယ်လောက်ကြာပြီလဲ..."


ပုဖန် လေအေးတစ်ချက်ရှူသွင်းလိုက်သည်။


"ငါယူဆရသလောက်တော့ အဲ့တာကတည်ရှိနေတာ အနည်းဆုံးတော့နှစ်တစ်သောင်းလောက်ရှိနေပြီ...."


လူအိုကြီး ဖြေလိုက်သည်။


သူလက်ပိုက်လိုက်ပြီး နန်းတော်ဆီဖြေးဖြေးချင်းလျှောက်သွားလိုက်သည်။ ကြေးတံခါးကြီးရှေ့ရောက်သောအခါ သူ၏ခြောက်သွေ့တွန့်ရှုံ့နေသောလက်ဖြင့် ဖြေးဖြေးချင်းပွတ်သပ်လိုက်သည်။


ဝီး


ကြေးတံခါးကြီးသည် လေလှိုင်းများကဲ့သို့လှိုင်းဂယက်ထသွားကာ လူအိုကြီး၏လက်က၎င်းကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ 


သူ့လက်က ပန်းကန်လုံးကိုဖောက်ထွင်းသွားပေသည်။ ၎င်းသည် ရေပြင်ထက်ရှိလရိပ်လေးပမာဖြစ်နေပြီး မြင်သာမြင်သော်လည်းထိတွေ့လို့မရနိုင်ပေ။


"ငါဒီကိုရောက်လာကတည်းက ဒီခေါက်ဆွဲပန်းကန်ကိုတွေ့ခဲ့တာ... အဲ့တာက သူ့ရဲ့မွှေးရနံ့ကိုနှစ်ပေါင်းတစ်သောင်းကြာအောင်ထုတ်လွှတ်နေခဲ့တာလေ... ငါသာဒီခေါက်ဆွဲပန်းကန်အကြောင်း စေ့စေ့စပ်စပ်လေ့လာခွင့်ရမယ်ဆိုရင် ငါ့ရဲ့ဟင်းချက်ကျွမ်းကျင်မှုကို ပိုပြီးမြင့်သွားစေမှာ..."


လူအိုကြီးပြောလိုက်သည်။


ခဏလောက်ရပ်လိုက်ပြီး ဆက်ပြောလာပြန်သည်။


"နတ်ဆိုးဘုရင်က နှစ်ပေါင်းတစ်သောင်းကြာအောင်တည်ရှိနေခဲ့တဲ့ ခေါက်ဆွဲတစ်ပန်းကန်ကြောင့် အဲ့ဒီ့မှာဒူးထောက်နေခဲ့တာ..."


အောင်းပိုင်နှင့်ပုဖန်တို့ သူပြောသည်ကိုကြားသောအခါ သူတို့၏ခြေဖဝါးများအေးစက်သွားသလိုခံစားလိုက်ရသည်။ သူတို့မြင်ခဲ့သောအရာများအရ လူအိုကြီးသူတို့ကိုရှင်းပြသည့်အရာမှာ အမှန်တရားပင်ဖြစ်ကြောင်းသိလေသည်။


ထိုအသန်မာဆုံးနတ်ဆိုးဘုရင် ဒူးထောက်ခယနေခဲ့သည်မှာ သူ၏စေတသိတ်စွမ်းအား ကိုရှာဖွေရန်သာဖြစ်သည်။ သူရှာဖွေနေသည့်ခရီးစဉ်အဆုံးတွင်ရှာတွေ့ခဲ့သည်မှာ ခေါက်ဆွဲတစ်ပန်းကန်သာဖြစ်ပြီး ၎င်းကိုထိခွင့်မရပေ။


ပုဖန် ငြိမ်နေလိုက်ပြီး နန်းတော်အတွင်းရှိ နက်ရှိုင်းသော ဧရိယာကိုလှည့်ကြည့်လိုက်သည်။


စကားမစပ်... ဒီနန်းတော်ရဲ့အထဲကဘာလဲ...


"ကောင်လေး... မင်းရဲ့မီးဖိုချောင်သုံးဓားက ဒီနန်းတော်ရဲ့အော်ရာနဲ့တူနေတာကိုသိလား..."


လူအိုကြီးမေးလိုက်သည်။


သူ ဘယ်လိုလုပ်သိမှာလဲ.... သူ့ရဲ့မီးဖိုချောင်သုံးဓားက သူ့ရဲ့နတ်ဘုရားအဆင့်ဟင်းချက်ပစ္စည်းတွေထဲကတစ်ခုလေ... အဲ့တော့ ဒီနန်းတော်နဲ့ဘာဆိုင်လို့လဲ....


"ငါ့ကို မီးဖိုချောင်သုံးဓားပေးလိုက်ရင် ဒီနန်းတော်ရဲ့လျှို့ဝှက်ချက်ကိုဖြေရှင်းနိုင်တယ်..."


လူအိုကြီး၏ခန္ဓာကိုယ်က လျှင်မြန်စွာရွေ့လျားသွားပြီး ပုဖန်ရှေ့တွင်ပေါ်ထွက်လာပြီး သူ၏ခြောက်သွေ့နွမ်းလျနေသောလက်များက ပုဖန်၏ပခုံးပေါ်သို့တင်လိုက်သည်။ 


"ခင်ဗျားလက်ကိုဖယ်လိုက်..."


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


"မရဘူး... ငါထပ်မစောင့်နိုင်တော့ဘူး... ငါ့ကိုမီးဖိုချောင်သုံးဓားပေးစမ်း..."


လူအိုကြီးပြောလိုက်သည်။ ခဏအကြာတွင် သူပုဖန်ကိုလွင့်ထွက်သွားစေသည်။


သူ့ရှေ့တွင်မျှော်လင့်ချက်ရှိနေပြီဖြစ်၍ လူအိုကြီး သူ၏ဆန္ဒကိုမထိန်းချုပ်နိုင်တော့ပေ။


ဝေါင်း


ပုဖန်၏လက်မောင်းရှိ အဖြူနှင့်အနက်ထောင်တျဲများထွက်ပေါ်လာကာ လူအိုကြီး၏လက်ဖဝါးနှင့်ဆုံသွားသည်။


မမြင်နိုင်သောလေလှိုင်းများထွက်ပေါ်လာကာ ပုဖန်ကိုခြေလှမ်းများစွာနောက်ဆုတ်သွားစေသည်။


ဘုန်း


လူအိုကြီး၏ဆံပင်ဖြူများ လွင့်ပျံနေကာ မျက်လုံးများပြူးကျယ်သွားသည်။


"အဖြူနဲ့အမဲထောင်တျဲတွေ... ငါတစ်ကောင်ကိုသတ်ပြီးတစ်ကောင်ကို ချိတ်ပိတ်ခဲ့တယ်... ဒီနှစ်ကောင်က မင်းရဲ့လက်မောင်းနဲ့ ချိတ်ဆက်နေမယ်လို့မထင်မိဘူး...."


လူအိုကြီးပြောလိုက်သည်။


ပုဖန်၏လက်မောင်းများစွာ အဖြူနှင့်အနက်ရောင် စွမ်းအင်များသည် ကြောက်မက်ဖွယ်အော်ရာဖြင့်ထွက်ပေါ်လာသည်။


......


ရုတ်တရက်


ပေါက်ကွဲသံများဆူညံလာသည်။


ခရမ်းရောင်ပုံရိပ်သည် ရှေးဟောင်းအနက်ရောင်သင်္ဘောသို့လျှင်မြန်စွာရောက်ရှိလာပြီး သူ၏ခရမ်းရောင်ဆံပင်များသည် လေထဲတွင်လွင့်မျောနေသည်။


ကျောက်ခရမ်းအကြီးအကဲသည် ချိန်းကြိုးပေါ်ပြေးထွက်သွားကာ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း ချိန်းကြိုးကပြင်းပြင်းထန်ထန်လှုပ်ခါသွားသည်။


လေပြင်းများတိုက်ခတ်လာကာ ကျောက်ခရမ်းအကြီးအကဲက ချိန်းကြိုးပေါ်ကခုန်ချလိုက်ကာ ကြေးလှေကားများပေါ်ဆင်းသက်လိုက်သည်။


ကျောက်ခရမ်းအကြီးအကဲခေါင်းမော့လိုက်ကာ မျက်လုံးကိုနေရာအနှံ့ရွှေ့လိုက်သည်။ နောက်ဆုံးတွင် ကြေးတံခါးရှေ့တွင်ဒူးထောက်နေသော ပုံရိပ်ကိုတွေ့လိုက်ရသည်။


သူ့နှုတ်ခမ်းများတွန့်ကွေးသွားကာ ရူးရူးသွပ်သွပ်ရယ်မောလိုက်သည်။


"နောက်ဆုံးတော့...ရှာတွေ့ပြီ"



ဝုန်း ဝုန်း ဝုန်း


လေအလင်းအင်ပါယာမြို့တော်အပြင်ဘက်ရှိအရာအားလုံးက အပျက်အဆီးများအဖြစ် ဖျက်ဆီးခံလိုက်ရသည်။


နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်စု၏ စစ်တပ်ဖျက်ဆီးခံလိုက်ရပြီး အကုန်လုံးအသတ်ခံလိုက်ရသည်။


ပုစွန်ပိစိသည် ၎င်း၏သေးငယ်၍ချစ်စဖွယ်ကောင်းသောပုံကိုပြန်ပြောင်းလိုက်ကာ နယ်သာရီပခုံးပေါ်သို့ သက်ဆင်းလိုက်သည်။


လေအလင်းအင်ပါယာမြို့ရိုးပေါ်တွင်မတ်တတ်ရပ်နေသောသူများအားလုံး အံ့အားသင့်၍ဆွံ့အနေကြသည်။


အရွယ်အစားကြီးမားလွန်းလှသော ပုစွန်ပိစိသည် သူတို့ကိုအလွန်ကြောက်သွားစေခဲ့သည်။ ရပ်ကြည့်နေရုံမျှဖြင့် သူတို့ကြောင်ရွံ့မှုကြောင့်တုန်ရီနေကြပေသည်။


သို့သော် မည်သို့ပင်ဆိုစေကာမူ လေအလင်းအင်ပါယာမြို့တော်သည် နောက်ထပ်ကပ်ဘေးတစ်ခုမှ အသက်ရှင်ကျန်ရစ်သွားခဲ့ပြီဖြစ်သည်။


ပုစွန်ပိစိသည် နယ်သာရီခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကျည်ကျည်ကျာကျာအော်မြည်လျက် ခုန်ပေါက်နေသည်။


နယ်သာရီတွေဝေသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။


"နားလည်ပြီ... ညီမလေးအဲ့ဒီကိုခေါ်သွားပေးမယ်..."


ဝီး


ငရဲကမ္ဘာသင်္ဘောသည် ကောင်းကင်ယံတွင် အပေါက်တစ်ခုကိုဆုတ်ဖြဲလိုက်သည်။


နယ်သာရီ သင်္ဘောပေါ်တပ်လိုက်သည်။ ခဏအကြာတွင်လေဟာနယ်ကိုစုတ်ဖြဲလိုက်ကာ တည်နေရာရွေ့ပြောင်းလိုက်တော့သည်ဟ



ပုံရိပ်ယောင်စိတ်ဝိဉာဉ်နွံအိုင်ရှိ တွင်းနက်ကြီးထဲတွင်


လေဟာနယ်အက်ကွဲသွားကာ ငရဲကမ္ဘာသင်္ဘောပေါ်ထွက်လာသည်။


ချော်ရည်များလေထဲတွင် လွင့်နေကာ မြေပြင်ကအလွန်ခြောက်သွေ့နေသည်။


ငရဲကမ္ဘာသင်္ဘောပေါ်တွင် နူးညံ့သိမ်မွေ့သောနယ်သာရီကမတ်တတ်ရပ်နေပြီး သူမပခုံးပေါ်တွင် ပုစွန်ပိစိကလှဲလျောင်းနေသည်။


သူတို့ထိုဧရိယာကိုရောက်သွားသည်နှင့် ပုစွန်ပိစိပျော်ရွှင်တက်ကြွသွားသည်။ ဝှစ်ကနဲမြည်သံဖြင့် ကြေးနန်းတော်ထံဦးတည်လိုက်သည်။