အပိုင်း ၈၈၀
Viewers 53k

အခန်း ၈၈၀

ဥထမင်းကြော်တစ်ပွဲ ...


ထိုအဖိုးကြီးက နတ်ဆိုးဘုရင်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေလေသည်။သူ ဒီနေရာတွင် ပိတ်မိနေခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ ကြာခဲ့လေပြီ။သူ မျှော်လင့်ချက်အလင်းရောင်လေးကို တွေ့လိုက်ရသောကြောင့် သူ့၏ နှလုံးသားက ပြိုင်မြင်းတစ်ကောင်လိုမျိုး ခုန်လှုပ်လာလေသည်။


နန်းတော်တံခါးကြီး ပွင့်လာသောအခါ၌ နန်းတော်ဧရိယာထဲတွင် ဖြောင့်တန်းသော လမ်းမတစ်ခုကို တွေ့လိုက်ရသည်။ဒီနေရာက နက်ရှိုင်းမှောင်မဲပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။နတ်ဆိုးဘုရင်၏ ပုံရ်ိပ်က ထိုလမ်းမထက်တွင် တဖြေးဖြေးရွေ့လျားသွားလေသည်။


သူ့၏ မျက်ဝန်းများက ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေသည်။သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်က သိမ့်သိမ့်တုန်အောင်ခါသွားသည်။


သူ အရှေ့သို့ ပိုလျှောက်လာလေလေ နန်းတော်က ပိုကျယ်လာလေလေပင် နန်းတော်၏ အမိုးက အလွန်ပင်မြင့်မားပြီး ဧရိယာတစ်ခွင်ကလည်း ကျယ်ပြောလှသည်။


နန်းတော်အတွင်းပိုင်ရှိ အရာရာတိုင်းက ကြေးစစ်စစ်ဖြင့် ပြုလုပ်ထားကဲ့သို့ပင်။လက်နှစ်ဖက်ကို နောက်ပစ်၍ လျှောက်လာသည်။မူးနေသောပိစိက သူ့၏ ပခုံးပေါ်တွင် လဲလျောင်းနေပြီး အမြှုပ်တစီစီ မှုတ်ထုတ်နေ၏။


နှစ်တစ်သောင်းလောက်သက်တမ်းရှိမည့် ခေါက်ဆွဲတစ်ပန်းကန်က ပုစွန်ပိစိကို ယစ်မူးသွားစေလေ၏။ပုဖန်က ထိုပိစိ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ တဟုန်ထိုးတိုးတက်နေသည်ကို ခံစားမိလေ၏။ပုဖန် နန်းတော်အလယ်တွင် ရပ်လိုက်သည် ။နယ်သာရီကလည်း သူ့၏ နောက်မှ ညင်သာစွာ လိုက်ပါလာ၏။


အောင်းပိုင်က ပုဖန်ကို အဝေးမှနေ လှမ်းကြည့်နေသည်။အသန်မာဆုံးသော နတ်ဆိုးဘုရင်ကလည်း နန်းတော်အလယ်တွင် မျက်မှောင်ကြုတ်၍ ရပ်နေလိုက်သည်။


ရုတ်တရက် သနားစရာကောင်းလှသောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။


"ဘယ်လိုဖြစ်ရတာလဲ ဒါ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ..."


နန်းတော်အတွင်းမှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ့၏ အသံကလည်း ပဲ့တင်ထပ်သွားသည်။ထိုသူ့၏ မျက်နာတွင် တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေလေသည်။


လျိုမို့ပိုင်က ရူးသွပ်သွားသလ်ို ပုံစံမျိုးဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း အမြင်အာရုံများ ဝေဝါးလာလေသည်။နန်းတော်တစ်ခုလုံးကို ကြေးဝါဖြင့်သာ ပြုလုပ်ထားလေသည်။


"ဘယ်မှာလဲ သူ့ရဲ့ ထူးကဲသာလွန်တဲ့ စေတသ်ိတ်ဆိုတာက ဘယ်မှာလဲ...အဲ့ဒီ စေတသိတ်လေး ဘယ်ရောက်သွားတာလဲ..."


လျိုမို့ပိုင်၏ မျက်ဝန်းများက ပြာဝေသွားလေသည်။သူ့၏ နှလုံးသားထဲမှ မျှော်လင့်ချက်များပြိုကျသွားသည်နှင့် သူ့၏ခန္ဓာကိုယ်ကလည်း လဲပြိုသွားလေသည်။နန်းတော်တစ်ခုလုံးက ဗလာဖြစ်နေသည်ကို ရှာတွေ့လိုက်ရပြီးနောက် သူ စိတ်ပျက် ကြေကွဲသွားလေသည်။သူ့၏ စေတသိနှင့် ဆက်သွယ်နိုင်သောအရာဟူ၍တစ်ခုမှမတွေ့ပေ။


အသန်မာဆုံးနတ်ဆိုးဘုရင်ကလည်း စိတ်ပျက်လက်ပျက်ဖြစ်နေသည်။သူလူအိုကြီးကိုကြည့်လိုက်ပြီး အထင်အမြင်သေးစွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။


"ပါးစပ်ပိတ်ထားစမ်း..."


နတ်ဆိုးဘုရင်၏ အသံက နန်းတော်ထဲတွင် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားလေသည်။ထ်ို့နောက် နန်းတော်တစ်ခုလုံးက အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။လူအိုကြီးကလည်း ကြောက်ရွံ့ထိတ်လန့်သွားပုံဖြင့် နတ်ဆိုးဘုရင်ကို စိုက်ကြည့်နေလေသည်။


ပုဖန်ကလည်း သင်္ကာမကင်းဖြစ်နေလေသည်။သူက နန်းတော်၏ အနက်ရှ်ိုင်းဆုံးနေရာတွင် ရပ်နေသော်လည်း ဒီနေရာ၌ ထူးဆန်းမှု သို့မဟုတ် အံ့အားသင့်ဖွယ်တစ်ခုခုမှ ရှာမတွေ့ပေ။ထိုစေတသိတ်ဟုခေါ်သော အရိပ်အယောင် တစ်စုံတစ်ရာမှ မတွေ့ပေ။


"အဲ့ဒါက အတုကြီးများလား..."


နယ်သာရီ၏ လှပသော မျက်ဝန်းလေးများကလည်း နန်းတော်တစ်ခွင်ကို ဖြန့်ကျက်နေသည်။ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများကလည်း တောက်ပမှု တစ်စက်မှပင် မရှိတော့ပေ။သူကလည်းစိတ်တိုနေပုံပေါ်လေသည်။


"စေတသိတ် ဟုတ်လား အဲ့ဒါက အတုပဲ...အဲ့ဒီ အလိမ်အညာအတွက် နှစ်ထောင်ပေါင်းချီအောင်စောင့်ခဲ့ရတာပေါ့လေ..."


မြေပြင်ပေါ်လဲကျသွားသော လူအိုကြီးက ခါးသီးချဉ်တူးလှသော ခံစားချက်များဖြင့် ငိုကြွေးလိုက်ပြီး မျက်ရည်များ လှိမ့်ဆင်းကျလာလေသည်။ကောင်းကင်ဘုံ၏ သားတော်ဖြစ်ခဲ့ဖူးသည်။မြောက်များလှစွာသော သန့်စင်နယ်မြေများ၏ အရှင်သခင်များကိုပင် နှိမ်နင်းနိုင်ခဲ့သည်။


သူသည် ပုန်းကွယ်နဂါးတိုက်ကြီး၏ အထွဋ်အထိပ်ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့ဖူးလေသည်။သူက အစားကြူးတောင်ကြားကို တည်ထောင်ပြီးနောက် ထ်ိုအင်အားစုများက်ို အသက်ပင်ရဲရဲမရှုနိုင်လောက်အောင် ဖိနှိပ်ခဲ့သည်။


သို့သော်လည်း တည်ရှိခြင်းမရှိသော စေတသိတ်ဟုခေါ်သော တစ်စုံတစ်ရာအတွက်သူ့၏ ငယ်ရွယ်မှုများကို ဖြုန်းတီးပစ်ခဲ့မိလေသည်။ထိုလူအိုကြီး၏ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး သွေးတစ်လုတ်အန်ထုတ်လိုက်မိသည်။


အသန်မာဆုံးသော နတ်ဆိုးဘုရင်က တိတ်ဆိတ်ငြိမ်သက်နေလေသည်။သူသည်လည်း လျိုမို့ပိုင်ကဲ့သို့ပင် ဒီနေရာတွင် အခ်ျိန်များစွာ ဖြုန်းတီးခဲ့ရသည်။သို့သော်လည်း ငရဲကမ္ဘာသက်ရှိဖြစ်သော သူက ထိုလူအိုကြီးထက် ပို၍ အသက်ရှည်ရှည် နေနိုင်ပေသည်။


မည်သို့ပင်ဆိုစေ သူ့၌လည်း တူညီသော စိတ်ပျက်မှု ရှိလေသည်။


"ဒီလိုမျိုးမဖြစ်သင့်ဘူး အဲ့ဒီ စေတသိတ်က တစ်နည်းနည်းနဲ့ တည်ရှိနေသင့်တယ်..."


ရုတ်တရက် နတ်ဆိုးဘုရင်က တစ်စုံတစ်ခုကို မှတ်မိသွားပုံဖြင့် သူ့၏ မျက်ဝန်းများ လဲ့ဖြာသွားသည်။သူ အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် မြေပြင်ကို ပြင်းထန်စွာ ထိုးချလိုက်သည်။


ဘုန်း...


နောက်တစ်ကြိမ် ထပ်ခါထပ်ခါ မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြီး နန်းတော်ကြီးတစ်ခုလုံး လှုပ်လာလေသည်။ပုဖန် သူ့၏ အောက်ခြေမြေပြင် လှုပ်ခါသွားသည်ကို ခံစားလိုက်ရပြီးနောက် သူ့လက်ထဲမှ ကျောက်စိမ်းအမှတ်အသားက ပျံသန်းထွက်သွားလေသည်။


နန်းတော်အပြင်ဘက်မှ ကျောက်စိမ်းအမှတ်အသားများကလည်း လျင်မြန်စွာ စုစည်းလာကြသည်။ထိုကျောက်စိမ်းအမှတ်အသားများက မြေပြင်ပေါ် ပြုတ်ကျသွားပြီးနောက် အချင်းချင်းချိတ်တွယ်လာကြလေသည်။ကြမ်းပြင်က အဖြူရောင်အလင်းတန်းများ တောက်ပလာပြီးနောက် တဖြေးဖြေးအက်ကွဲသွားလေသည်။


မြေအောက်ထဲသို့ ဦးတည်နေသော ရှည်လျားလှသည့် ကြေးလှေကားတစ်ခု ထွက်ပေါ်လာသည်။လူများအားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြသည်။သန်မာဆုံးသော နတ်ဆိုးဘုရင် ထရပ်လိုက်သည်။သူ့၏ ကြွက်သားများ ဖောင်းကားလာပြီး မျက်ဝန်းများက အလင်းများ လဲ့ဖြာလာလေသည်။


ထို့နောက် မာန်သွင်းအော်ဟစ်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေသည်။ထို မြေအောက်မှ ဆန်းကြယ်လှသော လေထုကို ခံစားမိလေသည်။မြေပြင်ပေါ်ထိုင်နေသော အဖိုးအို၏ မျက်ဝန်းများက မျှော်လင့်ချက်များဖြင့် တလှပ်လှပ်တောက်ပလာလေသည်။


အချိန်အတိုအတွင်းမှာပင် မြေပြင်မှ ထလိုက်ပြီး နတ်ဆိုးဘုရင် နောက်သို့ထပ်ကြပ်မကွာလိုက်သွားလေသည်။ပုဖန်နှင့် တခြားသူများကလည်း တစ်ယောက်ကို တစ်ယောက် ထပ်မံ ကြည့်လိုက်ပြီးနောက် သူတို့နောက်မှ လိုက်ပါသွားသည်။များမကြာမီတွင် မြေအောက်သို့ ရောက်ရှိသွားလေသည်။


အောက်ခြေသို့ ရောက်သည်နှင့် သူတို့မျက်ဝန်းများ တစ်စုံတစ်ခုဖြစ်သွားသကဲ့သို့ မည်သည့်အရာကိုမှ မမြင်နိုင်ကြတော့ပေ။


"ပုံရိပ်ယောင် နယ်မြေထပ်လာပြန်ပြီလား..."


ပုဖန်၏ မျက်ဝန်းများက စူးရဲသွားသည်။ဒီမြင်ကွင်းက လှိုဏ်ဂူကို ဖြတ်ကျော်ရစဉ်နှင့် တူညီနေပေသည်။ထို့နောက် ပြိုးပြိုးပျက်ပျက် တောက်ပလှသော အလင်းရောင်တစ်ခုက ပုဖန်၏ မျက်ဝန်းများကို ကျိန်းစပ်သွားစေသည်။ခဏအကြာ၌ သူ့၏ အမြင်အာရုံက ရှင်းလင်းပြတ်သားနေသည်။


သူမည်သည့် နေရာသို့ ရောက်နေသည်ကို မြင်လိုက်ရသည်။ဤနေရာသည် မီးဖိုချောင်ကျယ်ကြီး တစ်ခုဖြစ်သည်။


မှန်ပေသည်။မီးဖိုချောင်တစ်ခုပင်။


သို့သော်လည်း ထိုမီးဖိုချောင်သည် ပုဖန်မြင်ခဲ့ဖူးသော မီးဖိုချောင်နှင့် ကွဲပြားခြားနားနေသည်။၎င်းက အဆင့် အတန်းမြင့်လှပြီး အနည်းငယ် ထူးခြားဆန်းကြယ်နေသည်။မီးဖိုခန်း၏ အလယ်တွင် ငြိမ်သက်စွာ ထိုင်နေသော ပုံရိပ်တစ်ခုရှိနေသည်။


သူ့၏ခန္ဓာကိုယ်မှ မည်သည့်စွမ်းအင်များမှ မတွေ့ရပဲ သာမန်လူနှင့် တူနေသည်။သို့သော်လည်း သူ့၏ ပတ်လည်တွင် ရစ်ဝဲနေသော စွမ်းအင်စီးကြောင်း အနည်းငယ်ရှိနေသည်။


ထိုသူကို လှည့်ပတ်နေသော ခပ်ဖျော့ဖျော့ အဖြူရောင်စွမ်းအင်တစ်ချို့က လေဟာနယ်ကိုပင် ဖြိုခွဲပစ်နိုင်ပုံရလေသည်။ထိုပုံရိပ်က ပုဖန်၏ မျက်ဝန်းများကို ဆွဲဆောင်သွားနိုင်လေသည်။


ထိုလူက စားဖိုမှုးတစ်ယောက်ဖြစ်ပုံ ပေါ်လေသည်။စားဖိုမှူးဝတ်ရုံကို ဝတ်ဆင်ထားသည့်အပြင် လက်ရာမြောက်လှသော မီးဖိုချောင်သုံးဓားတစ်လက်ကိုလည်း သူ့ပေါင်ပေါ်တင်ထားလေသည်။


ကြေးနန်းတော်ကြီးထဲတွင် စားဖိုမှူးတစ်ယောက်ရှိနေသည်။ထို့အပြင် ထိုသူက အလွန်ပင် ထူးခြားဆန်းကြယ်လှသော နတ်ဘုရားတစ်ပါးနှင့်ပင် တူနေသည်။


ထိုအခိုက်အတန့်တွင် စားဖိုမှူးကို မြင်လိုက်ရသောသူများအားလုံး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေထဲသို့ ဆွဲသွင်းခံလိုက်ရပုံ ပေါ်လေသည်။သူတို့၏ မြင်ကွင်းထဲ၌ စားဖ်ိုမှူးနှင့် မီးဖိုချောင်ကျယ်ကြီးသာရှိလေသည်။


"ဒီ စားဖိုမှူးက နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ယန်းချွန်းခေါက်ဆွဲကို ချက်ခဲ့တဲ့ သူလား ဒါဆိုရင် သူတို့ရဲ့ စေတသိတ်က အဲ့ဒီ စားဖိုမှူးနဲ့ ဆက်နွယ်နေတာလား..."


အားလုံး၏ အမူအရာက စိတ်လှုပ်ရှားသွားပုံပေါ်လေသည်။သို့သော်လည်း မကြာခင်မှာပင် သူတို့၏ မျက်နာများက ပြန်လည်၍ မှိန်ဖျော့သွားသည်။ထိုစေတသိတ်က စားဖိုမှူးနှင့် ဆက်နွယ်နေသည်ဆိုလျှင်တောင် မည်သို့ လုပ်ဆောင်ရမည်ကို သူတို့မသိပေ။


ပုဖန်က လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး ထ်ိုစားဖိုမှူးနားသို့ မလျှောက်သွားခင် မီးဖိုချောင်ထဲ ပတ်ကြည့်လိုက်သည်။မီးဖိုချောင်ထဲတွင် ပစ္စည်းများစွာမရှိသည့်အပြင် ပါဝင်ပစ္စည်းကလည်း ဆန်တစ်အိတ်နှင့် သားရဲဥတစ်လုံးသာရှိလေသည်။


ပုဖန် ထိုပါဝင်ပစ္စည်းနှစ်ခုကို အချိန်အကြာကြီး စိုက်ကြည့်နေစဉ်အတွင်း သူ့၏ စိတ်ကူးများက လျင်မြန်စွာ ရွေ့လျားနေသေးသည်။စားဖိုမှူးရှိရာဆီသို့ တစ်ချက်စောင်းငှဲ့ကြည့်လိုက်ပြီး မီးဖိုခုံဆီသို့ လျှောက်သွားလိုက်သည်။


ဤမီးဖိုခန်းထဲရှိ မီးဖိုကို အလွန်တန်ဖိုးရှိလှသော ပစ္စည်းများဖြင့် ပြုလုပ်ထားပေသည်။ပုဖန် သူ့လက်ကိုမြှောက်လိုက်သည်နှင့် ရွှေရောင်ရင့်ရင့် ကောင်းကင်ကမ္ဘာမြေမီးလျှံက မီးဖိုထဲသို့ ရောက်ရှိသွားလေသည်။


ဘန်း...


မီးဖိုထဲမှ မီးလျှံက ကောင်းကင်ထိတိုင်အောင်ပင် လျှံတက်လာသည်။ပုဖန်က ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို အသုံးမပြုပဲ မီးဖိုဘေးမှ ကြီးမားလေးလံသော ဒယ်အိုးတစ်လုံးကိုယူကာမီးဖိုပေါ်တင်လိုက်သည်။


အရှိန်ပြင်းစွာ တောက်လောင်နေသောကောင်းကင်ကမ္ဘာမြေမီးလျှံက ဒယ်အိုးကို တမဟုတ်ချင်းပူလောင်သွားစေသည်။ပုဖန် လက်တစ်ဖက်ဝှေ့ယမ်း၍ သိုလှောင်နယ်မြေထဲမှ ဆီပုလင်းကို ထုတ်ယူလိုက်ပြီး ဒယ်အိုးထဲ လောင်းထည့်လိုက်သည်။


ရွဲ ရွဲ ရွဲ...


မြင့်မားသောအပူချိန်အောက်တွင် ဆီက ချက်ချင်းဆူပွက်လာလေသည်။ထို့နောက် နောက်တစ်ကြိမ်လက်ဝှေ့ယမ်းကာ သားရဲဥကို ကောက်ယူလိုက်သည်။သူ့၏ လက်ချောင်းကလေးများကို ကျွမ်းကျင်စွာ လှုပ်ရှားလိုက်သောကြောင့် သားရဲဥက လက်ထဲတွင် လျင်မြန်စွာ လည်နေလေသည်။


နောက်ဆုံးတွင် အပေါ်ယံ အခွံအမာက ကွဲအက်သွားပြီး ဖြူပြာရောင် ပန်းကန်လုံးထဲသို့ ဥအနှစ်များကျရောက်သွားသည်။


ရွဲ ရွဲ...


ကြော်လှော်သံများ ထွက်ပေါ်လာပြီး မွှေးရနံ့များလည်း သင်းပျံ့လာသည်။ပုဖန်၏ လှုပ်ရှားမှုတိုင်းက ကျွမ်းကျင်မှုနှင့် ပြီးဆုံးနေလေသည်။


"ဥတစ်လုံးနှင့် ဆန်တစ်အိတ် ဥထမင်းကြော် ကြော်တာကလွဲပြီး ဘာများလုပ်လို့ရသေးလို့လဲ ..."


ပုဖန်က ထိုစားဖိုမှူးဘာလိုချင်သည်ကို မသိသော်လည်း ဆန်နှင့် ဥကို မြင်လိုက်သည်နှင့် သူ့၏ ပထမဆုံးအတွေးက ထမင်းကြော်သာဖြစ်လေသည်။


ဆွစ်...


သူဒယ်အိုးကို စောင်းလိုက်ပြီးနောက် ထမင်းကြော်များကို ခပ်ယူလိုက်ကာပန်းကန်လုံးထဲ ထည့်လိုက်သည်။။အဖြူရောင်အပူငွေ့လေးများဟတထောင်းထောင်းထနေသည့် ရွှေရောင်သန်းနေသည့် ဥထမင်းကြော်က ဆွဲဆောင်မှုရှိလှသည်။


သူ့၏ ထမင်းကြော်ပွဲကို စိုက်ကြည့်ရင်း နှစ်တစ်သောင်းသက်တမ်းရှိသော ယန်းချွန်းခေါက်ဆွဲအကြောင်းကို တွေးနေမိသည်။ပုဖန်၏ ဥထမင်းကြော်ကို သိမ်းထားမည်ဆိုပါက ခုနစ်ရက်ကြာလျှင် စားလို့ရတော့မည်မဟုတ်ပေ။


.....


အသန်မာဆုံး နတ်ဆိုးဘုရင်က သူ့၏ ရှေ့မှ စားဖိုမှုးကို စိုက်ကြည့်နေလေသည်။သူက တကယ့်ကို စိတ်လှုပ်ရှားနေပုံ ပေါ်လေသည်။


"မင်းပဲ ငါ နောက်ဆုံးတော့ မင်းကို ထပ်တွေ့ပြီ..."


ထို့နောက် နတ်ဆိုးဘုရင်၏ စိတ်လှုပ်ရှားမှုများက ဒေါသများအဖြစ်သို့ ပြောင်းလဲသွားလေသည်။


"မင်းက ငါ့ကို စေတသိတ်ရဖို့ အခွင့်အရေးပေးမယ်လို့ သဘောတူခဲ့ပြီးတော့ ခေါက်ဆွဲတစ်ပန်းကန်ပေးခဲ့တယ် ဒါပေမယ့် မင်းရဲ့ခေါက်ဆွဲကို ငါ မြင်ပဲ မြင်နိုင်ပြီး ထိတွေ့စားသောက်လို့မရဘူး...အဲ့ဒါ ဘာအဓိပ္ပါယ်လဲပြော..."


နတ်ဆ်ိုးဘုရင်၏ ကြွက်သားများက ပို၍ပင် ဖောင်းကားလာပြီး သူ စားဖိုမှူးရှိရာဆီသို့ လျှောက်သွားလိုက်သည်။ထိုင်နေသော စားဖိုမှုး၏ ပုံရိပ်က အနည်းငယ်မျှပင် ယိမ်းခါခြင်းမရှိသလို နတ်ဆိုးဘုရင်၏ မေးခွန်းကိုလည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။


နတ်ဆိုးဘုရင်က ထ်ိုစားဖိုမှူး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေသော အဖြူရောင်စွမ်းအင်များကို မြင်လိုက်ရပြီးနောက် သူ့၏ မျက်ဝန်းထဲ၌ လ်ိုချင်တပ်မက်စိတ်များ ပေါ်လာလေသည်။


"ဒါက ရှေးဟောင်းမှတ်တမ်းတွေထဲမှာပါတဲ့ မသေမျိုးအချက်အပြုတ်ကမ္ဘာက မသေမ်ျိုးစွမ်းအင်ဆိုတာလား..."


သူ့၏လက်များက တဆတ်ဆတ်တုန်ယင်နေသည်။သူ ဖြေးညှင်းစွာဖြင့် ထိုအဖြူရောင်စွမ်းအင်ဆီသို့ တိုးကပ်သွားလေသည်။သို့သော် သူ့လက်က ထိုစွမ်းရည်ကို ထ်ိတွေ့တော့မည့် အချိန်မှာပင် စားဖိုမှူး၏ မျက်လုံးများ ပွင့်လာလေသည်။


နတ်ဆိုးဘုရင် တုန်ရီသွားသည်။ရုတ်တရက် သူ့၏ရှေ့မှ စားဖိုမှူးက အဝေးကြီးသို့ ရောက်နေသလို ခံစားလိုက်ရသည်။ထိုစားဖိုမှူးက သူ ဘယ်တော့မှ မရောက်နိုင်သော အကွာအဝေးသို့ ဝေးကွာသွားလေသည်။


"မဟုတ်ဘူး..."


နတ်ဆိုးဘုရင် ဒေါသတကြီးအော်ဟစ်လိုက်၏။ထိုခဏအတွင်းမှာပင် သူ့၏ ခန္ဓာကိုယ်က တွန်းထုတ်ခြင်းခံလိုက်ရပြီး ကြေးနန်းတော်အတွင်းသို့ ပြန်ရောက်သွားလေသည်။


သူကြမ်းပြင်ပေါ် ခြေချမိသည်နှင့် နှာခေါင်းမှ အပူငွေ့များပင် ထွက်လာလေသည်။ထို့နောက် သူ့ကို စိုက်ကြည့်နေကြသော လူတစ်ချို့ကိုလည်း တွေ့လိုက်သည်။ထိုသူများက အစောပိုင်းက သူနှင့်အတူ မြေအောက်ထဲသို့ ဝင်ခဲ့ကြသူများဖြစ်သည်။


နယ်သာရီ အောင်းပိုင်နှင့် ကျောက်ခရမ်းအကြီးအကဲတို့က စာနာသနားသော အကြည့်များဖြင့် နတ်ဆိုးဘုရင်ကို ကြည့်နေကြသည်။ခဏအကြာ၌ ပုဖန်နှင့် အစားကြူးတောင်ကြား၏ ပထမသခင် ပြန်မပေါ်လာသေးကြောင်း သတ်ိပြုမိလ်ိုက်ကြသည်။


"ဒါ သူတို့က ထုတ်ပယ်ခံလိုက်ရတယ်လို့ ဆိုလိုတာလား..."