အပိုင်း ၈၈၂
Viewers 62k

အခန်း ၈၈၂

ငါခွေးဘုရင်က ကျောက်ပုစွန်စားရတာအမုန်းဆုံးပဲ...


မြေအောက်မှ သင်းပျံ့လှသောမွှေးရနံ့များ အဆက်မပြတ် ထွက်ပေါ်နေသည်။ထိုတွင်းပေါက်၏ ပတ်ပတ်လည်တွင် ရပ်နေသော လူများအားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။


"ဘယ်လိုဟင်းပွဲမျိုးမို့လို့ အဲ့ဒီလောက် အနံ့ကောင်းရတာလဲ..."


 နတ်ဆိုးဘုရင် မထိန်းချုပ်နိုင်စွာဖြင့် နှုတ်ခမ်းတစ်ချက်သပ်လိုက်မိသည်။သူတို့ ဒီ ကြေးနန်းတော်ကြီးထဲတွင် ထိုင်စောင့်မနေချင်သော်လည်း သူတို့တက်နိုင်တာဘာမှမရှိပေ။


ဒီနန်းတော်ကြီးထဲတွင် သူတို့၏ အစစ်အမှန်စွမ်းအင်ကို ထိန်းချုပ်ထားပေသည်။သူတို့၏ ခွန်အားသက်သက်ကိုသာ အသုံးပြုနိုင်၏။သို့သော်လည်း မည်မျှပင် ခွန်အားကြီးမားပါစေ မြေအောက်၏ မမြင်နိုင်သော တံခါးကို ချိုးဖျက်နိုင်လိမ့်မည်မဟုတ်ပေ။


ထို့ကြောင့်ပင် သူတို့ လက်လျော့ထားလိုက်ပြီး နေရာမှာတင်ရပ်၍ မွှေးရနံ့များကိုသာ ရှူရှိုက်ထားလိုက်သည်။သွေးကျောက်ပုစွန်၏ မွှေးရနံ့နှင့်အတူ ပါလာသောအစပ်ရနံ့နှင့်အတူ သူတို့ကို သည်းမခံနိုင်ဖြစ်ရစေသည်။အောင်းပိုင်၏ မျက်နာက ဖြူဖျော့နေ၏။


"ဒါက ကျောက်ပုစွန်ရနံ့များ ဖြစ်နိုင်မလား...အဲ့ဒီလူသားက သူတို့ရဲ့ ပုစွန်ဘိုးဘေးကြီးကို ချက်လိုက်တာလား...အဲ့ဒါ ဖြစ်နိုင်တယ်...ဒီမွှေးရနံ့က အရမ်းကိုပဲ သိပ်သည်းလွန်းတယ်...သူတို့ ပုစွန်ဘိုးဘေးကြီးကလွဲရင် တခြားဘယ်အရာကများ ဖြစ်နိုင်ဦးမလဲ..."


အောင်းပိုင် တုန်ယင်လာမိသည်။ထိုမွှေးရနံ့က သူ့ကို တုန်ယင်စေသည်ဆိုသော်လည်း သူ အေးစက်မှုကိုသာ ခံစားနေရသည်။


"ဒီလူသားက တကယ်ကို ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ..."


သူ ပုစွန်ဘိုးဘေးကြီးအတွက် စက္ကန့်အနည်းငယ်မျှ စိတ်မကောင်းကြီးစွာ ခံစားလိုက်ရသည်။ဒါပေါ့...အားလုံးက သူ့၏ အတွေးမျှသာဖြစ်သည်။တကယ်တမ်းမြေအောက်ထဲတွင် မည်သို့ ဖြစ်ပျက်နေသည်ကို သူမသိပေ။


လူအိုကြီးက ပုဖန်၏ နီရဲရဲဟင်းပွဲကို မျက်လုံးလှန်ကြည့်လိုက်သည်။လေထုထဲ သင်းပျံ့လှသော အစပ်ရနံ့က သူ့၏ နှာခေါင်းများကို သင်းပျံ့လာစေ၏။


"ဒီကလေးရဲ့ အချက်အပြုတ်စွမ်းရည်က မဆိုး ဟင်းပွဲရဲ့ အနံ့ကလည်းမဆိုးဘူး...ဒါပေမယ့် ဆိုးလွန်းတာကတော့ အရမ်းစပ်လွန်းအားကြီးတယ်...အစပ်ရနံ့က ကျောက်ပုစွန်ရဲ့ မွှေးရနံ့ကိုတောင် ဖုံးလွှမ်းနေပြီ..."


လူအိုကြီးက နှမြာတသပုံမျိုးဖြင့် ပြုံးလိုက်သည်။မည်သို့ပင်ဆိုစေနှမြောတသမှုဖြင့် ဖုံးကွယ်ထားသော သူ့၏ မျက်နာအောက်၌ တကယ်ကို ပျော်ရွှင်သည့် မျက်နာထားရှိနေပေသည်။


ဒုတိယအချီက သူနိုင်လိမ့်မည်ဟု သေချာပေပြီ။သူမကြာခင်မှာပင် စေတသိတ်စွမ်းအားကို ရနိုင်မည့် အခွင့်အရေးရတော့ပေမည်။သူဒီနေရာတွင် နှစ်ထောင်ချီအောင် ပိတ်မိနေခဲ့ခြင်းကလည်း စေတသိတ်စွမ်းအားအတွက်ပင်မဟုတ်ပါလား...ယခု ရတော့မည်ဆိုသောကြောင့် စိတ်အားထက်သန်မှုနှင့်အတူ အနည်းငယ် ပူပန်မှုနှင့်အတူ ခံစားနေရသည်။သူတို့ အလယ်တွင်ထိုင်နေသော စားဖိုမှူးကို ကြည့်လိုက်သည်။


"ကျုပ်တို့ ဟင်းချက် ပြီးသွားပြီ ...အနိုင်ရတဲ့သူကို မြန်မြန်လေးပြောပြပေးပါ...ကျုပ် စေတသိတ်စွမ်းအားကို လိုချင်နေပြီ..."


လူအုပ်ကြီးက အလွန်ပင် စ်ိတ်လှုပ်တရှားဖြင့် ပြောလိုက်သော်လည်း စားဖိုမှူး၏ မျက်နာက ပြောင်းလဲသွားခြင်းမရှိပဲ သူတို့ကို တည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။


"မသေမျိုးအချက်အပြုတ်စိန်ခေါ်ပွဲမှာ နှစ်ဆင့်ပဲ ရှိတယ်မင်းတို့က ပထမတစ်ဆင့်ကို ဖြတ်ကျော်ပြီးသွားပြီ...အခုဒုတိယအဆင့်က မသေမ်ျိုးနယ်ပယ်ကို ဝင်ရောက်ဖို့ အမှတ်အသားယူဖို့ပဲ..."


စားဖိုမှူး၏ ဝိုးတဝါးအသံက ပုဖန်နှင့် လူအိုကြီးတို့၏ နားထဲ ဖြတ်သန်းဝင်ရောက်သွားသည်။


"ကျုပ်သိတယ် မြန်မြန်လေး ကျုပ်ရဲ့ ဟင်းပွဲကို မြန်မြန်လေး မြည်းကြည့်..."


လူအိုကြီးက အနည်းငယ်မျှပင် ထပ်မံ မစောင့်ဆိုင်းနိုင်တော့ပေ။ယခုပြိုင်ပွဲ၏ အဖြေကို သေချာစွာဆုံးဖြတ်ပြီးထားသလို မျိုး စိတ်လှုပ်ရှားနေလေသည်။သူ့၏ နှစ်ပေါင်စများစွာ အတွေ့အကြုံများအရ ပုဖန်၏ သွေးကျောက်ပုစွန်ဟင်းပွဲက ရနံ့ အလွန် မွှေးပျံ့သော်လည်း တကယ်တမ်းအရသာကောင်းလိမ့်မည်မဟုတ်ကြောင်းသူသိပေသည်။


ထို့ကြောင့် သူစိုးရိမ်ပူပန်မှုမရှိပေ။သူချက်ပြုတ်ထားသောဟင်းပွဲကို သယ်ဆောင်လိုက်ပြီး အလယ်တွင်ထိုင်နေသော စားဖိုမှူးရှိရာဆီသို့ လှမ်းလိုက်သည်။


"ရပ်စမ်း...ဝေါ ဝေါ..."


မိုးခြိမ်းသံကဲ့သို့အသံထွက်ပေါ်လာပြီးနောက် လူအိုကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်လေးလံလှသော ဖိအားတစ်ရပ် အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။လူအိုကြီးတုန်ယင်သွားပြီးနောက် သူ့၏ မီးဖိုခုံရှိရာဆီသို့ ကြောက်ရွံ့စွာ ပြန်လှည့်သွားလိုက်သည်။


ပုဖန်ကမူ ထိုအရာများအားလုံးက သူနှင့် မသက်ဆိုင်သလ်ိုမျိုး တည်ငြိမ်စွာပင်ရပ်နေသည်။အစားအသောက်တွေကို အကဲဖြတ်မှာလား...သူက အလယ်တွင် ထိုင်နေသောစားဖိုမှူးကို အေးချမ်းစွာ လှမ်းကြည့်နေလေ၏။


ထိုအခိုက်အတန့်လေးမှာပင် ထိုင်နေသော စားဖိုမှူးကလည်း သူ့ကို ပြန်လည်၍ စိုက်ကြည့်လာလေသည်။ပုဖန် တုန်ယင်သွားပြီး အကြောအချဉ်များပင် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ထိုသူက သူ့တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်နိုင်သည်ဟု ခံစားမိလေသည်။


"ကောင်းပြီ အခုငါတို့ စားစရာကို အကဲဖြတ်မယ်...ဒိုင်လူကြီးတွေက သုံးစက္ကန့်အတွင်း ရောက်လာလိမ့်မယ်..."


စားဖိုမှူး၏ ပြောစကားက ပုဖန်နှင့် လူအိုကြီးကို အံ့အားသင့်သွားစေသည်။လေထုထဲ၌ လှိုင်းတွန့်များ ပေါ်လာပြီးတဖြေးဖြေးဆုတ်ပြဲလာသည်။ထို့နောက် လေဟာနယ် အက်ကွဲကြောင်း ပွင့်ဟလာ၏။


ထို့နောက် ချစ်စရာကောင်းသော သိမ်မွေ့သော ပုံရိပ်တစ်ခုလျှောက်ထွက်လာလေသည်။ထိုပုံရိပ် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း သူ့၏ ပြည့်ပြည့်ဖြိုးဖြိုးတင်ပါးက ယမ်းခါသွားသည်။ပုဖန် ထိုပုံရိပ်ကိုကြည့်၍ တအံ့တသြ ဖြစ်နေမိသည်။မကြာခင်မှာပင် စိတ်လှုပ်ရှားနေသော လူအိုကြီး၏ မျက်ဝန်းများကလည်းပြူးကျယ်သွားသည်။


"ဒါ ဘယ်လို အခြေအနေကြီးလဲ ဒိုင်လူကြီးက ခွေးတစ်ကောင် သူ့ရဲ့ အစားအသောက်တွေကို ခွေးတစ်ကောင်ကို ကျွေးရမှာ..."


သူအံ့သြသင့်နေသည့် အချိန်မှာပင် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တိတ်တဆိတ်မြင့်တက်သွားသည်။


"ဒီခွေးငပျင်းပဲလားသူ့ရဲ့နှာခေါင်းက ဘယ်လောက်တောင် ကောင်းနေတာလဲ ဒီနေရာမှာအစားအသောက်ကောင်းတွေ ရှိနေတယ်ဆိုတာကို ဘယ်လိုလုပ် သိသွားပြန်ရတာလဲ..."


ခွေးဘုရင်က ကြောင်တစ်ကောင်ကဲ့သို့ သိမ်မွေ့ညင်သာစွာဖြင့် မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ထို့နောက် သူ့မျက်ဝန်းများက ဧရိယာတစ်ခွင်လုံးကို အကဲခတ်လိုက်ပြီးပုဖန်ဆီသို့ ကျရောက်လာသည်။


"ဟေး ပုဖန်ကောင်လေး ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ...မင်းက ဒီမှာရောက်နေတာပဲ..."


ခွေးဘုရင် တီးတိုးရေရွတ်လိုက်သည်။ပုဖန် မတုံ့ပြန်ပဲ တည်တည်ငြိမ်ငြိမ်သာ စိုက်ကြည့်နေလိုက်သည်။လူအိုကြီး၏မျက်ဝန်းများက အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားလေသည်။


"အိုး ဒီခွေးက စကားပြောတက်တာပဲ ...ပြီးတော့ ဒီသောက်က်ျိုးနဲ ခွေးက စားဖိုမှူးလေးကိုသိနေပုံရတယ်..."


၎င်းက သူ့ကိုအနည်းငယ်စိတ်ရှုပ်ထွေးပူပန်သွားစေသည်။


"တစ်ယောက်ယောက်နှင့် သိနေတယ်ဆိုရင်တရားမျှတမှု ရတော့မှာမဟုတ်ဘူး..."


ခွေးဘုရင်က လူအိုကြီးကိုပျင်းရိစွာ ကြည့်လိုက်ပြီးနောက်သူ့၏ အကြည့်များက အလယ်တွင် ထိုင်နေသော စားဖိုမှူးဆီသို့ ကျရောက်သွားသည်။ခွေးဘုရင်၏ မျက်ဝန်းများက စူးရှ ထက်မြက်သွားသည်။


"ကျွတ် ကျွတ်...အင်မော်တယ် စွမ်းအင်တွေနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ပွားတစ်ခုပါလား...အဲ့ဒီမသေမျိုးအချက်အပြုတ် နယ်ပယ်က သူတွေကတော့လေ...တကယ်ကိုပဲ ဟန်ကြီးပန်ကြီး လုပ်ချင်ကြတယ်..."


မသေမျိုးစားဖိုမှူး၏ တည်ငြိမ်လှသော မျက်ဝန်းများက ခွေးဘုရင်ကို အကဲခတ်ကြည့်ရှုလာလေသည်။


"မင်းရဲ့ အထောက်အထားအရ ဒီ ပြိုင်ပွဲမှာ ဒိုင်လူကြီးလုပ်ပေးဖို့ အရည်အသွေးပြည့်မီတယ်..."


မသေမျိုးစားဖိုမှူး၏ ဝိုးတိုးဝါးအသံ ထွက်ပေါ်လာပြီးနောက် ရုတ်တရက် လေဟာနယ်က ထပ်မံ ကွဲအက်သွားပြန်သည်။လေဟာနယ်အက်ကွဲကြောင်းထဲမှ ပုံရိပ်နှစ်ခုထွက်ပေါ်လာ၏။လူအုပ်ကြီး၏ မျက်ဝန်းများက သိချင်စိတ်ဖြင့် ပြူးကျယ်သွားသည်။ထိုအက်ကွဲကြောင်းထဲမှ ချောမောလှပသော လူငယ်လေးတစ်ယောက်ထွက်ပေါ်လာပြီးနောက်သူ့၏ နောက်၌ ခရမ်းရောင်ဆံပင်များနှင့် အမျိုးသမီးတစ်ယောက်ပါလာလေသည်။


"ဒါ ဒိုင်လူကြီးနှစ်ယောက်လား ဒီလိုဆိုရင်တော့ မျှတသွားပြီ ... ခွေးဝတုတ်က စားဖိုမှူးလေးကို သိနေတာဆိုတော့ သူ့ကို ဘက်လ်ိုက်မှာ စိုးရတယ်..."


၎င်းက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။ယခု ဒိုင်လူကြီးနှစ်ယောက်ရောက်လာသည်ကို မြင်လိုက်ရသောအခါ၌ သူစိတ်ကျေနပ်သွားပြီးအရေအကြောင်းများဖြင့် ပြည့်နေသောမျက်နာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။အချိန်ခဏလေးအတွင်းမှာပင် သူ့မျက်နာပေါ်ရှိ အပြုံးက တောင့်တင်းသွားလေသည်။


"ဟား ဟား ဟား...မွှေးလိုက်တဲ့ ရနံ့ ဒါက ပူစပ်စပ်ငရုတ်ရနံ့မဟုတ်လား...ပိုင်ရှင်ပုရေ မင်းကတော့ ဒီဘုရင်ရဲ့နောက်ကွယ်မှာ တိတ်တိတ်လေးချက်ပြုတ်တယ်ပေါ့လေ..."


ငရဲဘုရင်က ခေါင်းအသာငှဲ့စောင်း၍ ပြောလိုက်သည်။သူ့၏ လက်တစ်ဖက်ကလည်းမျက်နာတစ်ခြမ်းကို ဖုံးကာထား၏။သူက ပုဖန်ကိုကြည့်၍ အရူးတစ်ယောက်လို ပြုံးနေပေသည်။ပုဖန် ငရဲဘုရင်ကိုမှင်သေသေဖြင့်သာ ကြည့်နေလိုက်သည်။


"ဒီလူပြတ်ကောင်ကကော ဘယ်လိုလုပ် ရောက်လာတာလဲ ..."


ငရဲဘုရင် နောက်မှ ပါလာသော သူတော်စင်သမီးတော် ဇီယွင်ကအနည်းငယ် စိုးရိမ်ပူပန်နေသည်။သူမ ဝေ့ဝဲအကဲခတ်လိုက်ရာ မီးဖိုခန်းတစ်ခုကို ရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ကြောင်အသွားမိသည်။


အကိုကြီးဟက တစ်နေရာရာကို ခေါ်သွားမည်ဟု ပြောခဲ့သည်။သို့သော် ရောက်လာသည့်နေရာက မီးဖိုခန်းတစ်ခုဖြစ်နေပေသည်။ထိုအကိုဟက သူ့၏ အစားကြူးသည့်သဘာဝကို မပြောင်းလဲနိုင်သေးပေ။


လူအိုကြီး စွံ့အမှင်သက်နေမိသည်။


"လခွမ်း ဒိုင်လူကြီးတွေ အကုန်လုံးက စားဖိုမှူးလေးနဲ့ သိတာလား...ဒါ မတရာဘူး ဒါ အန်ိုင်ကျင့်တာပဲ..."


ခွေးဘုရင်ဘက်သို့ စောင်းငှဲ့ကြည့်၍ ပြောလိုက်သည်။


"ခွေးဝဲစား မင်းကလည်း ဒီရောက်နေတာလား...ဘယ်လောက်တောင် အနံ့ခံကောင်းတဲ့ နှာခေါင်းမျိုးပိုင်ဆိုင်ထားပါလိမ့်..."


ခွေးဘုရင် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မကြည်ကြည့်တစ်ချက်ကြည့်လိုက်သည်။


"ဒီစောက်ရူးကတော့...အိုး...ဒါမသေမျိုးအချက်အပြုတ်နယ်ပယ်က ဒဏ္ဍာရီလာလူတွေ ဟုတ်တယ်မဟုတ်လား...အဲ့ဒီတော့ ဒီကြေးနန်းတော်ကြီးက မသေမျိုးအချက်အပြုတ်နယ်ပယ်နဲ့ ဆက်စပ်နေတယ်ဆိုတာတကယ်ပဲပေါ့ ...သူတို့ချက်တဲ့ အစားအစာတွေက တကယ်ပဲ ကောင်းမွန်တယ်လို့ ငါကြားဖူးတယ် ..."


ငရဲဘုရင်က အလယ်တွင်ထိုင်နေသော စားဖိုမှူးကိုကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ခဏမျှရပ်တန့်သွားပြီးနောက် ထပ်မံ၍ ပြောလိုက်သည်။


"လာစမ်းပါ...မင်းတို့ရဲ့ စွမ်းအင်တွေကို ပြလေ...ငါ့အတွက် အစပ်ချောင်းနည်းနည်းအရင်ချက်ကြည့်လိုက်..."


ပုဖန် နှုတ်ခမ်းများ တွန့်ကနဲ ဖြစ်သွားသည်။ခွေးဘုရင်လည်းပြောစရာစကားမဲ့သွားလေ၏။ဇီယွင် သူမမျက်နာကို လက်နှစ်ဖက်ဖြင့် အုပ်ကာလိုက်သည်။


"ဒီလူနဲ့ သူမသျိဘူး..."


ထိုမသေမျိုးစားဖိုမှူးကမူ ဒေါသထွက်သွားခြင်းမရှိပဲ အမူအရာမပြောင်းလဲစွာသာ ကြည့်နေလေသည်။


"ငရဲကမ္ဘာရဲ့ မင်းကလည်း ဒိုင်လူကြီးဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်...အထောက်အထားမရှိတဲ့ သူကတော့ ထုတ်ပယ်ခံရမယ်..."


ထိုမသေမျိုးစားဖိုမှူး၏ စကားဆုံးသည်နှင့် ဇီယွင်၏ အမြင်အာရုံများ ဝေဝါးသွားပြီးနောက် ခဏအကြာ၌ သူ့မြင်ကွင်းများတဖြေးဖြေး ပြန်လည် ကြည်လင်လာသည်။


ထိုအချိန်၌ သူမ ကွဲပြားသောနေရာတစ်ခုတွင် ရောက်နေသည်ကို သတိပြုမိလိုက်သည်။သူမ၏ ပတ်ပတ်လည်၌ လူများစွာ ရှိနေပြီး ထိုသူများက စူးစူးရဲရဲစိုက်ကြည့်နေကြသောကြောင့် အနည်းငယ်ပင် ကြောက်လန့်သွားမိသည်။


ဇီယွင် ...


မြေအောက် ကမ္ဘာမှ ထုတ်ပယ်ခံလိုက်ရသော သူ့၏ သမီးကိုကြည့်၍ ကျောက်ခရမ်းအကြီးအကဲ အံ့အားသင့်သွားမိသည်။


"ဘာတွေဖြစ်နေတာလဲ ဇီယွင်က အစားကြူးတောင်ကြားမှာ ရှိနေရမှာမဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီးဒီနေရာမှာရောက်နေတာလဲ...သူ အမြင်မှားနေတာလား..."


ဇီယွင်ကလည်း သူ့၏ နာမည်ခေါ်သံကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်လေရာ ထိတ်လန့်နေသော မျက်နာကို တွေ့လိုက်ရသည်။


"အဖေ..."


"အခု ဒိုင်လူကြီးနှစ်ယောက်က ဟင်းပွဲကို အကဲဖြတ်တော့မယ်..."


မသေမျိုးစားဖိုမှူးက ကြော်ငြာလိုက်သည်။


"မရဘူး ဒါ တရားမျှတမှု မရှိဘူး..."


လူအိုကြီးက မကျေမနပ်ဖြင့် အော်လိုက်သည်။ကြည့်ကောင်းသော လူငယ်နှင့် ခွေးဖက်တီးက စားဖိုမှူးလေးနှင့် သိနေကြပေသည်။ထိုဒိုင်လူကြီးများ ဘက်လိုက်လိမ့်မည်ဟု သူသံသယဖြစ်မိသည်။


"ကျုပ်ဟင်းပွဲကို မြည်းစမ်းမယ့် ဒိုင်လူကြီး လဲပေးဖို့ တောင်းဆိုပါတယ်...ဒီလိုမှမဟုတ်ရင် ကျုပ်လက်မခံနိုင်ဘူး..."


လူအိုကြီးအော်ဟစ်လိုက်ပြန်သည်။အားလုံး လူအိုကြီးကို ကြည့်လိုက်ကြသည်။ထို့နောက် ဖြတ်ခနဲ အလင်းတစ်ချက်နှင့်အတူငရဲဘုရင် လူအုပ်ကြီး၏ အရှေ့သို့ ရောက်သွားပြီး သူ့၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။


"အဖိုးကြီးခင်ဗျားဘာပြောလိုက်တာလဲ...ခင်ဗျားက ဒီဘုရင်ရဲ့ ဂုဏ်သိက္ခာကို သံသယဝင်နေတယ်ပေါ့လေ...ဘန်း..."


ငရဲဘုရင်၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များသိပ်သည်းစွာထွက်ပေါ်လာသည်။လူအိုကြီးက စကားဆိုရန် ပါးစပ်ဖွင့်ဟလိုက်သော်လည်း ငရဲဘုရင်၏ အပြုံးက သူ့၏ အသက်ရှုသံများကိုပင် ဖြတ်တောက်လိုက်လေသည်။


"ဒီလူက နန်းတော်ထဲမှာ စွမ်းအင်သုံးလို့ရတယ် ဟုတ်လား...ဒါက အန်ိုင်ကျင့်နေတာ မဟုတ်ဘူးလား..."


ခွေးဘုရင်က ပွစိပွစိ ရေရွတ်နေသော လူအိုကြီးကိုကြည့်၍ သူ့၏ လက်ဖဝါးလေးကို ညင်သာစွာမြောက်၍ အသာပုတ်လိုက်သည်။


ဘန်း...


ကြေးနန်းတော်၏ ကြမ်းပြင်က ပြင်းထန်စွာ တုန်ခါသွားပြီးနောက် လက်ဖဝါးရာ ထင်ကျန်ခဲ့လေသည်။


"မင်းက ငါခွေးဘုရင်ရဲ့ သမာသမတ်ကျမှုကို သံသယဝင်နေတယ်လို့ ကြားလိုက်မိတယ်...ငါ့ရဲ့ လက်ဖဝါးလေးကို သုံးပြီး မင်းကို ချစ်ခင်ကြင်နာမှုပြပေးရမလား..."


ခွေးဘုရင်၏နူးညံ့သော်လည်း သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိသောအသံ ထွက်ပေါ်လာသည်။လူအိုကြီးတောင့်တင်းတုန်ရီသွားသည်။


"ဒီခွေးက မကောင်းဆိုးဝါးပဲ..."


ထို့နောက် လူတစ်ယောက်နှင့် ခွေးတစ်ကောင်က ပုဖန်နှင့် လူအိုကြီးတို့၏ ဟင်းပွဲများဆီသို့ လျှောက်သွားလိုက်သည်။


"အရူးကောင် မင်းက ဟိုအဘိုးကြီးရဲ့ ဟင်းပွဲကို မြည်းကြည့် ငါခွေးဘုရင်က ပုဖန်ရဲ့ ဟင်းပွဲကို အရင်မြည်းကြည့်မယ်...ဒါကလည်း ကျောက်ပုစွန်ပဲလား ငါခွေးဘုရင်က ကျောက်ပုစွန်စားရတာ အမုန်းဆုံးပဲ..တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတယ်..."


ခွေးဘုရင်က သူ့၏ ခန္ဓာကိုယ်တလှုပ်လှုပ်ဖြင့် လျှောက်လာနေရင်း တတွတ်တွတ်ရေရွတ်နေသည်။ပန်းကန်လုံးထဲမှ နီရဲရဲ သွေးကျောက်ပုစွန်နှင့် အစပ်ရနံ့က ခွေးဘုရင်၏ မျက်ဝန်းများကိုဆွဲဆောင်ထားပေသည်။လျှာတစ်လစ်ထုတ်ပြီးအနံ့များကို တစ်ဝရှုရှိုက်လ်ိုက်သည်။


"ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ငါခွေးဘုရင်ကကျောက်ပုစွန်စားရတာကို အရမ်းမုန်းတယ် ဒါကြောင့် အရသာသိဖို့အတွက် တစ်ခုပဲ စားမယ်..."