အပိုင်း ၈၈၃
Viewers 53k

အခန်း ၈၈၃

သွေးကျောက်ပုစွန်စားမယ်...


ခွေးဘုရင်က ကျောက်ပုစွန်မကြိုက်သောကြောင့် အရသာသိရန် တစ်တုံးပဲ စားမည်ဟုသာ ပြောလိုက်သည်။သို့သော်လည်း လျှာတစ်လစ်ထုတ်၍ သရေတများများ ကျနေသည့်ပုံက တခြားသူများအား ထိုခွေးသည် မျက်တောင်တစ်ချက်မခတ်ပဲ လိမ်နေသည်ဟု ထင်မိစေလေသည်။ပုဖန်လည်း ထိုအတိုင်းသာထင်လေသည်။


"ဒီသွေးကျောက်ပုစွန်အစပ်က ဘယ်လောက်တောင်ကောင်းလဲဆိုတာကို သူတို့ သိသင့်တယ် ဒါက ဖော်ပြလို့မရနိုင်အောင်ကို ကောင်းလွန်းတယ်..."


ထိုဟင်းပွဲကို သူကိုယ်တိုင်ချက်ခဲ့ခြင်းဖြစ်သော်လည်း သူ့စ်ိတ်ထဲ၌လည်း စားချင်နေမိသည်။သို့သော်လည်း ထိုထက်အရင် ခွေးဘုရင် မည်ကဲ့သို့ အကဲခတ်မည်ကိုလည်း ကြည့်ချင်နေပေသည်။


ခွေးဘုရင် အမြီးတယမ်းယမ်းဖြင့် ဟင်းပွဲရှေ့တွင် ရပ်လိုက်သည်။တစ်ခုချင်းစီတိုင်းက နီရဲစိုအိနေ၏။ပုဖန်က ဟင်းပွဲ၏ အပေါ်မှနေ၍ ဆော့စ်အနှစ်လောင်းထားပုံက ပို၍ပင် ကြည့်၍ကောင်းစေသည်။သူ နှာခေါင်းများပွကားလာသည်အထိ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။


သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး အမွှေးများအားလုံး ထောင်ထသွားသလို ခံစားလိုက်ရသည်။


"ထို အစပ်ရနံ့က အရမ်းကို အံ့အားသင့်စရာကောင်းလွန်းတယ်..."


ခွေးဘုရင် သူ့လက်ဖဝါးလေးကို မြောက်လိုက်သည်နှင့် ကျောက်ပုစွန်က သူ့ရှိရာဆီသို့ ချက်ချင်းပျံသန်းလာလေသည်။ငရဲဘုရင်က ၄ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သူ့ပါးစပ်ကိုဖွင့်ဟ၍ ဝါးလိုက်သည်။သူ့ပါးစပ်တစ်ခုလုံး အခွံပါသော ကျောက်ပုစွန်ဖြင့် ပြည့်နှက်နေလေသည်။


အဝေးမှ လူအိုကြီးက ထိုအခိင်းအရာကို ကြည့်နေသည်။ပုဖန်၏ ဟင်းပွဲက အကြမ်းထည် ဆန်လှသည်။ကျောက်ပုစွန်၏ အခွံက ချက်ပြုတ်ပြီးသည့်နောက် သူ့၏ လတ်ဆတ်မှုကို ဆုံးရှုံးသွားပေလိမ့်မည်။


ဒါက သူ့၏ ကျောက်ပုစွန်ပေါင်းနှင့်လုံးဝ ကွာခြားပေသည်။သူက မချက်ပြုတ်ခင် ပထမဉီးစွာ ပုစွန်အခွံကို ချွတ်လိုက်သည်။သူက ပုစွန်တစ်ခုလုံးကို အခွံမခွာထားခဲ့သော်လည်း ကျောဘက်ရှိ အခွံက်ို ဖယ်ထုတ်ပြီး လတ်ဆတ်ဖြူဖွေးသော အသားလေးများကို လှစ်ဟထားခဲ့သည်။


တတုန်တုန်ဖြစ်နေသော ပုစွန်အသားနှင့် တငွေ့ငွေ့ထွက်နေသော မွှေးရနံ့များက အားလုံး၏ အာရုံကို ဆွဲဆောင်ထားနိုင်ပေသည်။ထိုကဲ့သို့သော စားစရာများအတွက် နှစ်ထောင်ပေါင်းချီအောင် လေ့လာထားခဲ့ခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေ ဒီနေရာတွင် သူပိတ်မိနေသည့် တစ်လျှောက်လုံး မြောက်များလှစွာသော သွေးကျောက်ပုစွန်များကို စားခဲ့ဖူးလေသည်။


ယခုအချိန်၌ ဒီနည်းလမ်းကသာ သူတို့ကို စညးဖို့အကောင်းဆုံးနည်းလမ်းဆိုသည်ကို သူသိရှိသွားပေပြီ။ငရဲဘုရင်က ခွေးဘုရင်၏ ခွဲဝေမှုကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။သူက ပုဖန်၏ ဟင်းပွဲကို ယုံကြည်မှုရှိပေသည်။ပြောရမည်ဆိုလျှင် အစပ်ချောင်းကလည်း ပုဖန်ပြုလုပ်ထားသည်သာ ဖြစ်သည်။


ထို့အပြင် သူက ကျောက်ပုစွန်အစပ်ထံမှ မွှေးရနံ့များကို ရရှိသည်နှင့် ပုဖန်၏ ဟင်းပွဲကို နှစ်သက်နေပြီဖြစ်သည်။ယခုမူ ခွေးဝဲစားက သူ့ကို တွန်းထုတ်လိုက်၏။သို့သော်လည်း ထိုခွေးဝဲစားသည် ကျောက်ပုစွန်စားရခြင်းကို တကယ်မနှစ်သက်ခြင်းအား သူသိနေပေသည်။


ထို့ကြောင့် လူအိုကြီး၏ ဟင်းပွဲကို မြည်းစမ်းပြီးလျှင် ပုဖန်၏ ဟင်းပွဲကို ထပ်မြည်းရန် အခွင့်အရေးရလိမ့်မည်။ငရဲဘုရင် တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး လူအိုကြီး၏ ဟင်းပွဲဆီသို့ လျှောက်သွားလိုက်သည်။


ထိုဟင်းပွဲမှ အနုပညာမြောက်လှသည့် ခံစားမှုမျိုးတစ်ရပ်ကို ခံစားရသည်ဟု ဆိုရပေမည်။လူအိုကြီး၏ ကျောက်ပုစွန်ဟင်းပွဲက တောက်ပြောင်စိုအိနေပြီး ဖြူဖွေးသော အသားလေးများက အချိန်မရွေး အရည်ပျော်သွားတော့မလိုပင် ထင်ရသည်။


ထို သွေးကျောက်ပုစွန်ပေါင်းက တကယ့်ကို မိုက်လွန်းလှသည်။လူအိုကြီးက ပုစွန်၏ အဆိပ်အတောက်များကို သေချာဖယ်ရှားခဲ့သောကြောင့် အနံ့ဆိုးများမရှိတော့ပဲ မွှေးပျံ့ သင်းကြိုင်နေလေသည်။


သူ တူဖြင့် ကျောက်ပုစွန်အသားကို ကြည့်လိုက်သည်။၎င်းက ကျုံ့ဆန့်နိုင်သော တောက်ပြောင်လှသည့် သားရေတုံးအတိုင်းပင် တုန်အိအိလေးဖြစ်နေ၏။သူအသားကို တူဖြင့် ညှပ်ယူလိုက်သည်နှင့် စိုအိသော အချိုရည်များက စီးကျလာပြီး မွှေးရနံ့က ပို၍ သိပ်သည်းလာသည်။


ငရဲဘုရင်၏ မျက်ဝန်းများ တောက်ပသွားသည်။ထိုလူအိုကြီးက သူ့ကို အထင်အမြင် သေးခဲ့သည်ဆိုသော်လည်း သူ့၏ဟင်းချက်စွမ်းရည်ကတော့ မဆိုးလှပေ။ကျောက်ပုစွန်အသားကို ပါးစပ်ထဲ ထည့်လိုက်ပြီး ဖြေးညှင်းစွာ ဝါးလိုက်သည်။သူ့၏ ပါးစပ်ကို လှုပ်ရှားလိုက်သည်နှင့် နူးညံ့ပျော့ပျောင်းလှသော အသားများက သွားများကို ပွတ်တိုက်သွားပြီး အကြောအချဉ်များအားလုံးပင် ပွင့်ထွက်သွားသလိုမျိုး ခံစားလိုက်ရသည်။


ထွက်ပေါ်လာသော အချိုရည်များက သူ့လျှာကို နစ်မြှုပ်သွားစေသည်။ချက်ချင်းပင် လတ်ဆတ်ချိုမြိန်မှုကို ခံစားလိုက်ရ၏။


ရှလွတ် ...


ကျောက်ပုစွန်အသားက သူ့၏ လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲသို့ ကျဆင်းသွားလေပြီ။


"မဆိုးဘူး လူအိုကြီးရဲ့ ဟင်းချက်စွမ်းရည်ကမဆိုးဘူး..."


ကျောက်ပုစွန်အသားက ထိုမျှကောင်းလိမ့်မည်ဟု သူမမျှော်လင့်ထားမိသောကြောင့် အနည်းငယ်ပင် အံ့အားသင့်မိလေသည်။ငရဲဘုရင် နောက်ထပ် ကျောက်ပုစွန်တစ်ခုကို ကောက်ယူလိုက်သည်။သူ့၏ နှလုံးသားထဲ၌ စားချင်သောက်ချင်စိတ်များ ပြည့်နှက်နေလေသည်။


ထိုလူအိုကြီး၏ သွေးကျောက်ပုစွန်ဟင်းပွဲက ငြိမ်သက်သော ခံစားမှုမျိုးပေးစွမ်းလေသည်။၎င်းက အံ့အားသင့်စရာမဟုတ်သော်လည်း တော်တော်လေး ကောင်းမွန်သည်ဟု ခံစားရပေသည်။


ငရဲဘုရင်က နောက်ထပ် ပုစွန်အသားတစ်ဖက်ကို ပါးစပ်ထဲ ကောက်ထည့်လိုက်ပြီးနောက် မျက်လုံးများ တောက်ပစွာဖြင့် ပြောလိုက်သည်။


"ဒါက အရမ်းကိုအရသာရှိတယ် ..."


သို့သော်လည်း ၎င်းက ပုဖန်၏ အစပ်ချောင်းလောက်တော့ မကောင်းပေ။လူအိုကြီးက ပွင့်လန်းလာသော ပန်းတစ်ပွင့်လိုမျိုး ပြုံးလိုက်သည်။


"အဲ့ဒါက ကောင်းတယ်ဆိုမှတော့ မင်း များများပိုစားသင့်တယ်...ပြီးရင် ငါ့ကို ကောင်းတဲ့ မှတ်ချက်မျိုးပေး..."


လူအိုကြီးက သူ့၏ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ငရဲဘုရင် သူ့ကို တစ်ချက်စောင်းကြည့်၍ ခေါင်းညိတ်ပြလိုက်၏။


ကျောက်ပုစွန်ပေါင်းတစ်ချို့ကို တူဖြင့် ကောက်ယူလိုက်ပြီး ပုဖန်၏ ဟင်းပွဲဆီသို့ လျှောက်သွားလိုက်သည်။


"ငါ အခု ကောင်လေး ပုဖန်ရဲ့ ဟင်းပွဲကို အရင်မြည်းကြည့်လိုက်ဦးမယ်...ပြီးမှ အဲ့ဒီအကြောင်း ဆက်ပြောကြတာပေါ့..."


ငရဲဘုရင်က ပလုတ်ပလောင်းအသံဖြင့် ပြောလိုက်သည်။ထို့နောက် ပုဖန်၏ ဟင်းပွဲကို မြင်ပြီး သူ့၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။


"မင်း ဘာလုပ်နေတာလဲ..."


ငရဲဘုရင် ကျယ်လောင်စူးရှစွာ အော်လိုက်၏။ 


"ခွေးဝဲစားကောင် မင်း ပုစွန်သားတစ်ဖက်ပဲ စားကြည့်မယ်လို့ မပြောခဲ့ဘူးလား ...မင်းဘယ်လိုသောက်ကျိုးနဲ ရေလိုက်တာလဲ...ဒါ သောက်ကျိုးနဲကို တစ်ခုလား...ငါက မင်းကို ယုံကြည်ခဲ့တယ် မင်းက တကယ့်နတ်ဆိုးခွေးစုတ်ပဲ..."


ငရဲဘုရင် အသက်ရှူသံများပင် ရပ်တန့်တော့မလို ဒေါသထွက်သွားသည်။သူနဲ့ ခပ်လှမ်းလှမ်းတွင် ခွေးဘုရင်က မြေပေါ်တွင် လှဲကာပါးစပ်ထဲမှ ပုစွန်များကို တမြှုပ်မြှုပ်ဝါးရင်း ပြုံး၍ ကြည့်နေလေသည်။


ကျောက်ပုစွန်အခွံများက မြေပေါ်ပြန့်ကျဲနေသည်။သူ့ပါးစပ်ထဲမှ ကျောက်ပုစွန်အစားများကတော့ ဗိုက်ထဲသို့ စီးဝင်သွားလေသည်။ပုဖန်ကလည်း သူ့၏ ဘေးနားတွင်ထိုင်၍ ဟင်းပွဲကို စိတ်လှုပ်ရှားစွာဖြင့် စားသောက်နေသည်။သူ့၏ နှုတ်ခမ်းများက နီရဲနေပေ၏။


ပုဖန် ကျောက်ပုစွန်စားသော နည်းလမ်းကတကယ့်ကို ကျွမ်းကျင်ပိုင်နိုင်လှပေသည်။ကျောက်ပုစွန်၏ လက်များကို ဆုပ်ကိုင်ပြီး ခါလိုက်သည်။ထို့နောက် ခေါင်းကို ဆုပ်ကိုင်၍ လိမ်လိုက်၏။ထို့နောက် ကျောက်ပုစွန်၏ ခေါင်းထဲမှ နီရဲလှသော အစပ်အရည်လေးများ စီးဆင်းကျလာလေသည်။


ထ်ိုအရည်များက တကယ့်ကို အရသာရှိသည်။ပုဖန် ပါးစပ်ဖွင့်ဟ၍ ထိုအရည်များကို စုပ်ယူလိုက်သည်။အနည်းငယ် ချဉ်ပြီးစပ်သည်။အရသာက ကျောက်ပုစွန်၏ လတ်ဆတ်သော အနံ့နှင့် အတူ ရောနှောသွားလေသည်။


ပုဖန်၏ မျက်ဝန်းများက ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။သူက ပုစွန်ခေါင်းကို စုပ်ပြီးနောက် ဘေးဘက်တွင် ချထားလိုက်သည်။ကျောက်ပုစွန်ခေါင်းကို သေချာစွာ ဆေးကြောသန့်စင်ထားသောကြောင့် အဆိပ်သင့်ခြင်းမရှိတော့ပဲ တကယ်ကို အရသာရှိနေပေသည်။


ပုဖန်က ခေါင်းတစ်ခုလုံးကို အကြာကြီး စားမနေတော့ပဲ ခန္ဓာကိုယ်ကိုသာယူလိုက်သည်။အစောပိုင်းထဲက သူ ပုစွန်၏ နောက်ကျောဘက်ကို ဓားရာပေးပြီး ခွဲထားသောကြောင့် ထိုနေရာမှ အချိုရည်လေးများလည်းစိမ့်ထွက်နေလေသည်။


သူ လက်နှစ်ဖက်ဖြင့် ပုစွန်၏ ဘေးဘက်က်ို ဖိက်ိုင်လိုက်ပြီးနောက် ဆွဲဖြဲလိုက်သည်။နီရဲနေသောပုစွန်အသားလေးထွက်ပေါ်လာလေသည်။၎င်းက လူအိုကြီး၏ ကျောက်ပုစွန်ပေါင်းနှင့် လုံးဝ ကွဲပြားနေသည်။


သူ ပုစွန်သားတစ်ခုလုံးကို ပါးစပ်ထဲသို့ တစ်လုတ်တည်း ထိုးထည့်လိုက်သည်။သူတို့၏ အဓ်ိက ပါဝင်ပစ္စည်းက သွေးကျောက် ပုစွန်ဖြစ်သော်လည်း စားဖိုမှူးထောက်ပံ့ပေးသော ကျောက်ပုစွန်များက ပုဖန်ဖမ်းခဲ့သည့် တစ်ခုထက် သေးပေသည်။


၎င်းတို့က လက်သည်းများအပါအဝင် ပုဖန်၏ လက်သီးဆုပ်လောက်သာ ရှိလေသည်။ပုဖန် ပလုတ်ပလောင်းဖြင့် ဝါးနေသောကြောင့် အစပ်အရည်များက နှုတ်ခမ်းထောင့်မှ စီးကျနေလေသည်။


"အစပ်အရသာက အရမ်းကို ကောင်းလွန်းတယ်..."


ပုဖန်၏ မျက်နာကလည်း အစပ်အရသာကြောင့် နီမြန်းလာပေသည်။ပုဖန် ပါးစပ်ထဲမှ အသားများအားလုံးကို မြိုချပြီးသည်နှင့် ပါးစပ်ဖွင့်ဟ၍ အပူငွေ့များ ဟားခနဲ မှုတ်ထုတ်လိုက်သည်။


စိတ်ကျေနပ်ဖို့ကောင်းလှသည်။ပူစပ်စပ် ငရုတ်နှစ်နှင့် ပုစွန်က အလွန်ပဲ အရသာရှိလွန်းနေသည်။သူ နောက်ထပ် ပုစွန်တစ်ကောင်စီ လက်လှမ်းလိုက်ပြီး ပထမနည်းလမ်းများအတိုင်း စတင်စားသောက်ပြန်သည်။ခွေးဘုရင်ကလည်း သူ့နည်းအတိုင်းပဲ စားသောက်နေ၏။သူ ပထမဦးစွာ ခေါင်းကို ကိုက်လိုက်သည်။ ထို့နောက် ခေါင်းတစ်ခုလုံးကို အရသာပျောက်အောင် လျက်လိုက်၏။ပြီးသည်နှင့် ခေါင်းအတွင်းမှ စီးကျလာသော အရသာအရည်များကို အသံမြည်အောင် မြိုချလိုက်၏။


တကယ်တမ်းတွင် သွေးကျောက်ပုစွန်၏ ခေါင်းပိုင်းက အရသာအရှိဆုံးပင်ဖြစ်သည်။သို့သော်လည်း လူတစ်ယောက်၏ အကြိုက်ပေါ်တွင်လည်း မူတည်နေပေသည်။တစ်ချို့က ခေါင်းကြိုက်သလို တစ်ချို့က မကြိုက်ကြပေ။


ပုဖန်က အသားစားရသည်ကို ပိုကြိုက်ပြီး ခွေးဘုရင်က ခေါင်းကို ပိုကြိုက်သည်။ခွေးဘုရင်က ခေါင်းကို ဝါးလိုက်ပြီးနောက် အခွံများကို ထွေးထုတ်လိုက်သည်။


ထို့နောက် ခန္ဓာကိုယ်ထဲမှ အသားများကို ဆွဲထုတ်လိုက်၏။သူ့ပါးစပ်ထဲသို့ အသားဖတ်ဝင်သွားသည်နှင့် ခွေးဘုရင်၏ မျက်ဝန်းများက မှေးစင်းသွားသည်။အသက်ရှုသံများပင် ပြင်းထန်လာပြီး အစောပိုင်းက ပြောထားခဲ့သော တစ်ခုပဲစားမယ်ဆိုသော စားကို မေ့လျော့သွားခဲ့ပြီ။


"ခွေးဘုရင်က ကျောက်ပုစွန်မကြိုက်ဘူးဟုတ်လား..."


ပုဖန် လောဘတကြီးစားနေသော ခွေးဖတ်တီးကို ကြည့်၍ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားသည်။၎င်းက ထိုခွေးငတုံး သွေးကျောက်ပုစွန်ကို တစ်ခါမှ မစားဘူးသောကြောင့်ပင်။


ထ်ိုမြင်ကွင်းကို မြင်လိုက်ရသော ငရဲဘုရင် ဒေါသထွက်သွားသည်။ပန်းကန်ထဲမှ ကျောက်ပုစွန်များက လျင်လျင်မြန်မြန် လျော့ကျသွားသည်ကို မြင်နေရပေသည်။


"လခွမ်း ဟိုခွေးဝဲစားက ဒီလို စားနေတယ်ဆိုမှတော့ အဲ့ဒီ သွေးကျောက်ပုစွန်အစပ်က အရမ်းအရသာရှိမှာသေချာတယ်..."


ထို့အပြင် သူတို့ အစပ်အရသာအရည်များကို မျိုချလိုက်သည့် အသံကို ကြားရသည့် ခဏ၌ ငရဲဘုရင်၏ ဗိုက်ထဲ၌ပင် ဆာလောင်လာသလို သံစုံမြည်လာလေသည်။


"အဲ့ဒီ ကျောက်ပုစွန်ကို ချထားလိုက် ..."


ငရဲဘုရင် ပုဖန်က်ို စူးစိုက်ကြည့်၍ အော်လိုက်သည်။ငရဲဘုရင် သူ့လက်ထဲမှ ပုစွန်ကို ချက်ချင်းဖယ်ရှားလိုက်ပြီး ပုဖန်၏ သွေးကျောက်ပုစွန်ဆီသို့ လက်လှမ်းလိုက်သည်။


ပုဖန်က ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးလာသော ငရဲဘုရင်ကိုကြည့်၍ မျက်ခုံးပင့်လိုက်သည်။ထို့နောက် သူဘာမှမပြောတော့ပဲ ပုစွန်ကိုသာ ဆက်စားနေလ်ိုက်သည်။


အစပ်၏ ရနံ့များက လေထဲ ပြန့်နှံ့နေသည်။ပူစပ်စပ်ငရုတ်ရည်က အရသာကို တစ်ဆင့် တိုးမြင့်ပေးလိုက်လေသည်။ငရဲဘုရင်က သူ့ရှေ့ရှိ ပန်းကန်ထဲတွင် ကျောက်ပုစွန်နှစ်ခုသာ ကျန်တော့သည်ကို မြင်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။


ရုတ်တရက် ချစ်စဖွယ်ကောင်းလှသော ခွေးလက်ဖဝါးလေးက ဘေးဘက်မှနေ၍ သူ့မြင်ကွင်းထဲ ဝင်လာပြီးနောက် ပုစွန်တစ်ကောင်ကို စုပ်ကိုင်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ပြီးသည်နှင့် ပါးစပ်ကို ပိတ်ကာ တမြှုပ်မြှုပ်ဝါးနေလေတော့သည်။


ငရဲဘုရင် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ချက်ချင်းပင်ဒေါသတကြီး ဖြစ်လာလေသည်။


"မင်း မင်း သောက်က်ျိုးနဲ ခွေးဝဲစားမင်းက အခြေခံ စည်းမျဉ်းလေးတောင် မထားဘူးလား မင်းကိုယ့်သိက္ခာလေး ကိုယ်ထိန်းပါဦးလား..."


နှစ်ကောင်ကျန်သော ပုစွန်ထဲတွင် တစ်ကောင်အခိုးခံလိုက်ရသောကြောင့် ငရဲဘုရင်၏ မျက်ဝန်းများ လင်ကွင်းလောက် ပြူးကျယ်နေပေပြီ။သူ့နှလုံးသားထဲ သွေးစက်စက်ယိုနေပေပြီ။ထိုခဏမှာပင် ပုဖန်၏ လက်က နောက်ဆုံးပုစွန်တစ်ကောင်စီ လှမ်းလာသည်ကို မြင်လိုက်ရသောကြောင့် သူမျက်ဝန်းများ ထပ်မံ၍ ပြူးကျယ်သွားပြန်သည်။


လေဟာနယ်ကိုပင် ချိုးဖျက်တော့မလိုမ်ျိုး လှုပ်ရှားလိုက်ကာ အလွန်လျင်မြန်စွာဖြင့် နောက်ဆုံးပုစွန်က်ို ဆက်ခနဲ ကောက်ယူလိုက်သည်။အနုပညာလက်ရာမြောက်လှသော လှပလှသည့် နီရဲရဲပုစွန်ကိုကြည့်၍ ငရဲဘုရင်အနံ့ တစ်ချက်ရှိုက်လိုက်သည်။အစပ်ချောင်း၏ အရသာနှင့် ဆင်တူလှသော အစပ်ရနံ့က ပြန့်နှံ့လာလေသည်။


"အာ...တကယ်ကိုပဲ အရသာရှိမယ့် ကျောက်ပုစွန်အစပ်ပဲ ..."


ပုဖန်ဆီမှ သင်ယူထားသည့် နည်းလမ်းအတိုင်း ပုစွန်ခေါင်းကို ကိုင်၍ လှည့်လိုက်သည်။ပုစွန်ခေါင်းမှ စီးကျလာသော အရည်က သူ့ကို လာစင်ပြီး အစပ်အရသာက ပေါက်ကွဲထွက်ပေါ်လာသည်။လျင်မြန်စွာပင် ပုစွန်ခေါင်းကို စုပ်လိုက်သည့်ခဏ၌ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။