အပိုင်း ၈၈၄
Viewers 62k

အခန်း ၈၈၄

ကွာခြားမှု...


ပုစွန်ခေါင်းမှ အရသာရှိလှသော အချိုရည်လေးများက သူ့ပါးစပ်ထဲ စီးဝင်သွားသည်။သူ့လျှာပေါ်ရှိ အကြောလေးများအားလုံးကို ဖုံးလွှမ်းသွားပြီးနောက် ပေါက်ကွဲလှသော မွှေးရနံ့နှင့်အတူ ပူလောင်သည့် အရသာပါ လိုက်ပါလာလေသည်။


ငရဲဘုရင်၏ မျက်ဝန်းလေးများက မှေးစင်းသွားပြီးနောက် ပျော်ရွှင်မှု အပြည့်ဖြင့် လျာသပ်လိုက်သည်။အစပ်အရသာက သူ့၏ အရသာခံဖုလေးများကို နှိုးဆွလိုက်သည်။၎င်းက တုနှိုင်းမဲ့လှသော အစပ်ချောင်း၏ အရသာနှင့် တစ်မျိုးတစ်ဖုံ ဆင်တူနေသည်။


သူက ပုဖန်ဆီမှ သင်ယူထားသည့် အတိုင်း ပုစွန်ခေါင်းမှ အရည်များကို အနည်းငယ် စုပ်လိုက်ပြီးနောက် အသားကို စတင်စားရန် ပြင်လိုက်သည်။ပုဖန်က ပုစွန်ကျောဘက်အခွံကို ပွင့်ဟထားပြီးဖြစ်သောကြောင့် သူအလွယ်တကူပင် ဆွဲဖြဲ၍ အသားကို ထုတ်လိုက်သည်။အနီရဲရဲအသားလေးက ကျောက်စိမ်းအလား လှပလှလေသည်။


"ဒီ ကျောက်ပုစွန်အသားက အရမ်းအရသာရှိမယ့်ပုံပဲ ..."


သူ ထိုအသားကိုကြည့်၍ မထိန်းန်ိုင်ပဲ သားရေများပင် စီးကျလာသည်။ပုဖန်၏ သွေးကျောက်ပုစွန်အစပ်က လူအိုကြီး၏ သွေးကျောက်ပုစွန်ပေါင်းထက် အများကြီးပိုအရသာရှိပေသည်။


အစပ်၏ အရသာက ပုစွန်အသား၏ အရသာကို ဖုံးလွှမ်းသွားလိမ့်မည်ဟု လူအိုကြီးက ဆိုခဲ့သော်လည်း တကယ်တမ်းတွင် ပုဖန်၏ ဟင်းပွဲ၌ ကျောက်ပုစွန်အသား၏ အရသာအပြည့်အဝ ခံစားမိလေသည်။အစပ်၏ အနံ့နှင့် အရသာက မူလအရသာကို ဖုံးလွှမ်းသွားခြင်းမရှိပေ။


"ဒီဟင်းပွဲက အရမ်းကို လှပပြီး အရမ်းအရသာရှိတယ်..."


ငရဲဘုရင် ငိုချင်သလိုပင် ခံစားနေရကာ ထိုကျောက်ပုစွန်များကို ပျော်ပျော်ကြီး စားလိုက်သည်။ကျောက်ပုစွန်ဟင်းပွဲက အစပ်ချောင်းထက်ပင် ပို၍ အရသာရှိနေသလိုထင်မိသည်။ငရဲဘုရင်က သူ့၏ အကြိုက်ဆုံးဟင်းပွဲကို ပြောင်းလဲရတော့မည်လားဟု တွေးတောနေမိသည်။


သူ့၏ သွားများကို ပုစွန်အသားထဲ နစ်လိုက်သည်နှင့် ကောင်းမွန်သည့် အစပ်အရသာက သူ့ကို လုံးဝ ဆွဲဆောင်ထားလိုက်ပေသည်။သူ့၏ မျက်နာက ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။မျက်လုံးများ ဖွင့်လိုက်သည့်အခါ၌ ယခုချက်ချင်းပင် မျက်ရည်များစီးကျလာတော့မလို ငွေ့ရည်ဖွဲ့နေသည်ကိုပင် မြင်နိုင်၏။


ဒီဟင်းပွဲကို စားလိုက်ရသောကြောင့် အရမ်းကို ထိထိမိမိ ခံစားနေမိသည်။


"အရမ်းအရမ်းကို အရသာရှိတယ်..."


ငရဲဘုရင် ခေါင်းအသာခါယမ်းရင်း ပြောလိုက်သည်။ရုတ်တရက် သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏။သူ့၏ အကြည့်များက ခွေးဘုရင်နှင့် ပုဖန်ဆီသို့ ကျရောက်သွားသည်။


"မင်း မင်းတို့တွေ ဒီကျောက်ပုစွန်တွေကို အများကြီး စားပစ်လိုက်တယ် ဒီဘုရင်အတွက်ကို အခုပဲ ချန်ထားခဲ့တယ်ဟုတ်လား...ဘယ်လောက်တောင် စောက်ကျင့် မကောင်းလိုက်လဲ..."


ငရဲဘုရင်က ခွေးဘုရင်၏ လက်ဝါးဖြင့် အရိုက်ခံလိုက်ရသလိုမျိုး ရှုးရှုးရှားရှားဒေါသထွက်သွားလေသည်။သူ့၏ အသဲအဆုတ်များပင် တစ်စစီ ကွဲကြေသွားသလိုမျိုး ထုံကျင်မှုကို ခံစားနေရ၏။ပုဖန်က စကားတစ်ခွန်းမှမဆိုပဲ တိတ်တဆိတ်သာ သူ့ကို ပြန်စိုက်ကြည့်နေသည်။


"မင်းပဲ ကောင်းတယ် မင်းက စားဖိုမှူးဆိုတော့လည်း ဒီဘုရင်က ခွေးဝဲစားကိုပဲ အပြစ်တင်ရမှာပေါ့..."


ငရဲဘုရင်က စူးရှလှသော အကြည့်များက မြေပြင်ပေါ်တွင်အေးအေးသာသာ လဲလျောင်းနေသောခွေးဘုရင်ဆီ ကျရောက်သွားသည်။


"ခွေးဝဲစား မင်း ဒီနေ့ သွေးကျောက်ပုစွန်တွေ ဘယ်လောက်တောင်စားလိုက်တာလဲ...ဒီဘုရင်က မင်းလို အစုတ်ပလုတ်ကောင်မျိုးနဲ့ တစ်မိုးအောက်ထဲ အတူတူမနေနိုင်တော့ဘူး..."


ငရဲဘုရင် ဒေါသတကြီး အော်ဟစ်ပြီးသည်နှင့် လေထုက နောက်တစ်ဖန် ပြန်လည် သိမ်းဆည်းသွားပြန်သည်။ဘယ်သူမှ သူ့ကို အဖတ်မလုပ်ကြပေ။ပုဖန်က အမူအရာကင်းမဲ့စွာဖြင့်သာ တိတ်တဆိတ်ရှိနေတုန်းပင်ဖြစ်သည်။လူအိုကြီးကမူ ကြောင်အနေမိသည်။သူ အချက်အပြုတ်ပြိုင်ပွဲ၌ ရှိနေဆဲဖြစ်ကြောင်း သေချာစေရန ပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်လိုက်၏။


ခွေးဘုရင်က အမြီးလေးတလှုပ်လှုပ်ဖြင့် လုပ်နေရင်း ငရဲဘုရင်ကို တစ်ချက်စောင့်ကြည့်လိုက်သည်။


"ဒီလူပြတ်ကောင်ကတော့ ဟာသတွေ လာလုပ်နေတယ်..."


"ဒီဘုရင်က မင်းရဲ့ အသတ်ကို မယူစေချင်ဘူးဆိုရင် ငါ့ကို သွေးကျောက်ပုစွန်တွေ ပြန်ပေးစမ်း..."


ငရဲဘုရင် ဒေါသတကြီးဖြင့် လက်သီးကျစ်ကျစ်ဆုပ်လိုက်သောကြောင့် အရိုးကျိုးသံ တဖျောက်ဖျောက်ပင် ထွက်ပေါ်လာသည်။သို့သော်လည်း ခွေးဘုရင်က သူ့ကို လျစ်လျူရှုထားဆဲပင် ။


ကြောင်အနေဆဲဖြစ်သော လူအိုကြီးလည်း စတင်၍ တွေးတောမိလာသည်။


"အဲ့ဒီပုဖန်ရဲ့ သွေးကျောက်ပုစွန်တွေက တကယ်ပဲ အရသာရှိလို့လား...ဒါက ဘက်လိုက်နေတာမဟုတ်ဘူးလား ..._တစ်ခုခု ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်..."


လူအိုကြီးက မယုံကြည်သည့် မျက်ဝန်းများဖြင့် သူတို့ကိုကြည့်လိုက်သည်။


"နှစ်ထောင်ပေါင်းချီအောင်အချက်အပြုတ်ကို လေ့လာခဲ့တဲ့သူက ဒီစားဖိုမှူးသေးသေးလေးကို အနိုင်မယူနိုင်ဘူးတဲ့လား...အစားကြူးတောင်ကြားရဲ့ ပထမတောင်ကြားသခင် ဒဏ္ဍာရီလာ စားဖိုမှူး ဟုတ်ပြီလား ဘယ်လ်ိုလုပ်ပြီး ဒီလ်ိုမျိုးရှုံးနိမ့်ရမှာလဲ...ဒီလူပြတ်ကောင်နဲ့ ဟ်ိုခွေးစုတ်က စားဖိုမှူးအပေါ်ကို ဘက်လိုက်နေတာ အသိအသာကြီးပဲ ...ခွင့်မလွှတ်နိုင်စရာပဲ...ဒါ တရားမျှတမှုမရှိဘူး ငါ ဒီရလဒ်ကို လက်ခံမှာမဟုတ်ဘူး..."


လူအိုကြီးက သူ့၏ ဆံပင်များ လွင့်ပျံထွက်သွားအောင်ပင် အော်ဟစ်လိုက်သည်။


"မင်းပါးစပ်ပိတ်ထားစမ်း..."


သူ့အသံ ဆုံးဆုံးချင်းမှာပင် ငရဲဘုရင်က ဒေါသတကြီးဖြင့် လှည့်၍ အော်ဟစ်လာသည်။လူအိုကြီးက ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ထိုလူငယ်လေး၏ စွမ်းအင်အဆင့်က မယုံနိုင်စရာကောင်းလှသည်။


တွေဝေစိတ်ရှုပ်ထွေးနေသည်ဆိုသော်လည်း ထိုလူငယ်လေးသာသူ့ကို သတ်ချင်လျှင် လက်ဖျောက်တီးရုံသာ လိုအပ်မည်ကိုတော့ သိပေသည်။ထ်ို့အပြင် ဒီကမ္ဘာထဲ၌ သူ့၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ မရနိုင်ပဲ ခန္ဓာကိုယ်၏ ခွန်အားသက်သက်ကိုသာ အသုံးပြုနိုင်ခြင်းဖြစ်၏။


ထို့ကြောင့် ထိုလူငယ်သည်။သူ့လို လူအိုကြီးကို ထုချေနိုင်စွမ်းရှိနေပေသည်။သွေးကျောက်ပုစွန်အစပ်က အနည်းငယ် ခက်ခဲ ရှုပ်ထွေးသည်ဆိုသော်လည်း သူ့၏ အရသာကတော့ လုံးဝ ကောင်းမွန်နေပေသည်။


သူ့၏ သွေးကျောက်ပုစွန်က လူအိုကြီး၏ ပုစွန်ပေါင်းကို အပြတ်အသတ် ရိုက်ချပစ်လိုက်နိုင်သည်။၎င်းက ပုဖန်၏ ခန့်မှန်းချက်ထဲမှ မထွက်သွားသေးပေ။


ပုဖန်၏ နှလုံးသားထဲ၌ ကျေနပ်မှုများ ပြည့်နှက်နေသည်။ထို့နောက် မျက်လုံးများစွာက မီးဖ်ိုခန်းအလယ်တွင် ထိုင်နေကြသော မသေမျိုးစားဖိုမှူး၏ ပုံရိပ်ဆီသို့ ကျရောက်သွားကြသည်။


နောက်ဆုံးရလဒ်ကို သတ်မှတ်ပြီးပုံပေါ်လေသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်၏ ဟင်းပွဲက ငရဲဘုရင်နှင့်ခွေးဘုရင်တို့ကို လုံးဝ ဆွဲဆောင်နိုင်လိုက်သောကြောင့် အများကြီး စဉ်းစားရန်မလိုတော့ပေ။


ပုဖန်က အနိုင်ရသူဖြစ်သည်။ထို့ကြောင့် မသေမျိုးအချက်အပြုတ်နယ်ပယ်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသွားလေပြီ။မီးဖိုခန်းအလယ်တွင် ထိုင်နေသော စားဖိုမှူး၏ နက်ရှိုင်းလှသော အကြည့်များက ပုဖန်ဆီသို့ ကျရောက်လာသည်။လူအိုကြီး၏ မျက်ဝန်းများက မလိုလားမှုများဖြင့် အကြည့်များကြမ်းတမ်းနေလေသည်။သို့သော်လည်း အနိုင်ရရှိသူကို ဆုံးဖြတ်ထားပြီဖြစ်သောကြောင့် သူတက်နိုင်တာဘာမှမရှိတော့ပေ။


"ငါ့ရဲ့ စေတသိတ်စွမ်းအား ငါအဲ့ဒါကို စောင့်စားနေခဲ့တာနှစ်ပေါင်းထောင်ချီနေပြီ အခုတော့ သွေးကျောက်ပုစွန်အစပ်ကို ရှုံးနိမ့်သွားခဲ့ရပြီ ...ငါဒါကို လုံးဝလက်မခံနိုင်ဘူး..."


လူအိုကြီးက စိတ်ပျက်လက်ပျက်ဖြစ်လွန်းစွာဖြင့် သွေးအန်မိမတက်ပင် ဖြစ်နေသည်။သို့သော်လည်း မည်သူမှ သူ့ကို ဂရုမစိုက်ကြပေ။သူက နောင်တတရားများအပြည့်ဖြင့် ထိုင်နေသော မသေမျိုးစားဖိုမှူး၏ ပုံရိပ်ကိုကြည့်လိုက်သည်။ရုတ်တရက် ထိုစားဖိုမှူးဆီမှ စွမ်းအင်လှိုင်းများ ဖြန့်ကျက်လာသည်ကို ခံစားလိုက်ရပြီး သူ့၏ မြင်ကွင်းများ ဝေဝါးသွားသည်။


သူမီးဖိုခန်းထဲမှ ထုတ်ပယ်ခံလိုက်ရသည်ကို သိလိုက်ရသည်။သူ့ဆီသို့ ကျရောက်နေသော အကြည့်များစွာက သူ့ကို မသက်မသာခံစားရစေ၏။ထိုအကြည့်များက အသန်မာဆုံးသော နတ်ဆိုးဘုရင် ကျောက်ခရမ်းအကြီးအကဲနှင့် တခြားသူများဖြစ်ကြောင်း သူသိပေသည်။


သူတို့အားလုံးက အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင်ပင် ထုတ်ပယ်ခံလိုက်ရမည်ဟု မထင်ထားမိကြပေ။ဒီနှစ်ပေါင်းများစွာအတွင်း ပထမတောင်ကြားသခင်၏ သန်မာလှသော စိတ်စွမ်းအားနှင့် ကျော်ကြားလှသော နာမည်ဂုဏ်သတင်းအကြောင်းကို လူတိုင်း သိကြပေသည်။


သူ့၏ အချက်အပြုတ်စွမ်းရည်က ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးကိုပင် သိမ်းပိုက်ထားနိုင်ပြီး သူတည်ထောင်ခဲ့သော အစားကြူးတောင်ကြားကလည်း သန့်စင်နယ်မြေများစွာကို ဖိနှိပ်ထားနိုင်ခဲ့သည်။


သို့သော်လည်း နှစ်ပေါင်းထောင်းချီ ကျော်ဖြတ်ခဲ့ပြီးနောက် ယနေ့တွင် ထ်ိုကျော်ကြားလှသော ပထမတောင်ကြားသခင်က ပြိုင်ပွဲအတွင်း၌ စားဖိုမှူးငယ်လေး၏ ကန်ထုတ်ခြင်းကို ခံလိုက်ရလေပြီ။


"ဒါက အရမ်းခါးသီးဖို့ကောင်းတယ် ..."


လူအိုကြီးက သူ့ကိုယ်သူ ထိန်းချုပ်လိုက်သော်လည်း သူ့၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီနေတုန်းပင်ဖြစ်သည်။၎င်းက ဒေါသများ ပေါက်ကွဲခါနီး အခြေအနေမျိုးဖြစ်နေသည်။


မြေအောက်ထဲသို့ ထပ်မံ ဝင်ရောက်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း ဒီတစ်ကြိမ်၌ သူ တစ်လက်မမျှပင် ရှေ့ဆက်တိုးလို့ မရတော့ပဲ စွမ်းအင်အလွှာတစ်ခုက သူ့ကို တားဆီးကာရန်ထားပေသည်။


ထိုအချိန်တွင် မြေအောက်ထဲ၌ လူတစ်ယောက် ခွေးတစ်ကောင် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ခံစားချက်ကင်းမဲ့လှသော မျက်နာထားဖြင့် မသေမျိုးစားဖိုမှူးကို ကြည့်နေသည်။


အရင်က သူ နန်းတော်၏ အကြောင်းကို သိချင်စ်ိတ်မရှိပေ။သို့သော်လည်း ယခု အနိုင်ရသူ ဖြစ်လာပြီးနောက် ထိုအကြောင်းကို သိချင်စိတ်ပြင်းပြလာပေသည်။ဒီအခွင့်အရေးကိုရခြင်းက သူ့အတွက် နည်းနည်းလွယ်လွန်းလေသည်။ပုဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။


"သွေးကျောက်ပုစွန်ဟင်းတစ်ခွက်က သူ့ကို တကယ်ကြီး အနိုင်ရစေခဲ့တာပဲ...အဲ့ဒီလူအိုကြီးကများ အားနည်းနေတာလား..."


ပုဖန် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။


"မသေမျိုးအချက်အပြုတ် နယ်ပယ်ထဲသို့ဝင်ရောက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်...မင်းက အရည်အချင်းပြည့်မီသွားပြီဆိုပေမယ့်လည်း ဂိတ်တံခါးပွင့်ဟလာတဲ့ထိတော့ စောင့်ရမှာပါ..."


မသေမျိုးအချက်အပြုတ်နယ်ပယ်...


ထိုနာမည်က အနည်းငယ် အံ့အားသင့်စရာကောင်းပေသည်။သူတို့ကိုသူတို့ ထိုကဲ့သို့ ခေါ်ဆိုရဲသည်ဆိုထဲက သာမန်နေရာတစ်ခုတော့မဖြစ်နိုင်ပေ။ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ထိုစားဖိုမှူးကို ကြည့်လိုက်၏။


"မသေမျိုးအချက်အပြုတ်နယ်ပယ်ဆိုတာက စားဖိုမှူးတွေအားလုံးအတွက် နတ်ဘုံတစ်ခုပဲ...အဲ့ဒီနေရာက ကမ္ဘာတစ်ခုစီတိုင်းရဲ့ ထိပ်တန်းစားဖိုမှူးတွေ သူတို့ရဲ့ စေတသိတ်စွမ်းအားကို ရှာဖွေတဲ့ နေရာလည်းဖြစ်တယ်...အဲ့ဒီ စားဖိုမှူးတွေ အားလုံး မသေမျိုးအချက်အပြုတ်နယ်ထဲကို ရောက်တယ်ဆိုတာနဲ့ သူတို့ တခါမှ မမျှော်မှန်းထားဘူးတဲ့ အချက်အပြုတ်နည်းလမ်းတွေကို တွေ့ကြုံရမှာပဲ... "


ပုဖန်က စားဖ်ိုမှူး၏ ရှင်းပြမှုများကို တ်ိတ်ဆိတ်စွာနားထောင်နေသည်။သူ မသေမျိုးအချက်အပြုတ်နယ်ပယ်အကြောင်းကို သေချာပေါက် စိတ်ဝင်စားနေမိပေပြီ။


ဝီ...


သူစကားပြောပြီးနောက် ထိုစားဖ်ိုမှူး၏ နက်ရှိုင်းလှသော အကြည့်များက ပုဖန်ကိုသာ ဆက်လက်ကြည့်ရှုနေဆဲဖြစ်သည်။


"ကောင်လေး ဒါက မင်းရဲ့အရည်အချင်းပြည့်မီတဲ့ အမှတ်အသားတစ်ခုပဲ...မင်း ဒါကို ကောင်းကောင်းအသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်...ကောင်လေး ဒီကမ္ဘာကြီးက အရမ်းကို ကြီးမားကျယ်ပြန့်ပါတယ် မင်းရဲ့ အမြင်တွေကို ကျယ်ကျယ်ဖွင့်ထားပြီး အစစ်အမှန်စားဖိုမှုးတစ်ယောက်ဖြစ်လာပါ...မင်းရဲ့ ပန်းတိုင်ဆိုတာက ကျယ်ပြန့်လှသောကြယ်ပင်လယ်ကြီးထဲက ကြယ်တစ်လုံးပါပဲ ..."


ခွေးဘုရင် ပြောခဲ့သည့်အတိုင်း ထ်ိုစားဖိုမှူးက ပုံရိပ်ယောင် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။ပုဖန် သူ့၏ နေရာမှာတင် ရပ်ကျန်နေခဲ့ပြီး တဖျတ်လှုပ်ခါနေသည့် အဖြူရောင်စွမ်းအင်များကို ကြည့်နေလ်ိုက်သည်။


ထိုစိတ်ဝိညာဉ် စွမ်းအားများက အလွန်ပင် ဆန်းကြယ်ပြီး ပုဖန်၏အာရုံကို ဆွဲဆောင်ထားနိုင်ပေသည်။၎င်းတို့က တောက်ပသည်ထက် ပို၍ တောက်ပနေလေသည်။


"အဲ့ဒါ မသေမျိုးစွမ်းအင်စီးကြောင်းလား..."


ငရဲဘုရင်ကလည်း ထိုစွမ်းအင်များကို ကြည့်ရှုနေခဲ့သည်။


"မင်းသာစေတသိတ်စွမ်းအားကို လိုချင်တယ်ဆိုရင် မင်းမှာ မသေမျိုးစွမ်းအင်ရှိဖို့ လိုအပ်တယ်...ဒါက စေတသိတ်စွမ်းအားရဲ့ အခြေခံပဲ..."


ခွေးဘုရင်၏ နူးညံ့သော်လည်း ကြည်လင်သောအသံ ထွက်ပေါ်လာသည်။


"ပုဖန်ကောင်လေး မင်းရဲ့ အချက်အပြုတ်စွမ်းရည်က မဆိုးဘူးဆိုပေမယ့်လည်းအဲ့ဒီ မသေမျိုး အချက်အပြုတ် ကမ္ဘာထဲက စားဖိုမှူးတွေ အဆင့်ကို ရောက်ဖို့တော့ နည်းလမ်းအဝေးကြီး လျှောက်လှမ်းဖို့ လိုနေသေးတယ်..."


သူ့၏ နူးညံ့သော်လည်း ပီသကြည်လင်လှသောအသံ ထွက်ပေါ်လာသည်။ပုဖန်မျက်လုံးပြူးသွား၏။


"အဲ့ဒီ မသေမျိုးကမ္ဘာထဲက စားဖိုမှူးတွေနဲ့ သူနဲ့ ကြားထဲမှာ ကွာခြားချက်ရှိနေသေးတာလား...ဘယ်လောက်ကြီးကြီးမားမားကွာခြားတာလဲ..."


ပုဖန် မေးခွန်းထုတ်လိုက်သည်။သူ့၌ စနစ်ရှိနေသောကြောင့် သူတို့၏ ကြားထဲမှ ကွာခြားချက်က သိပ်ကြီးမားလိမ့်မည်မဟုတ်ဟု ထင်မိလေသည်။


"ကွာခြားချက်ကတော့ ကောင်းကင်နဲ့ ကမ္ဘာမြေလောက် ကွာခြားတယ် သေမ်ျိုးနဲ့ မသေမ်ျိုးကြားထဲကလောက် ကွာခြားတယ် ဘယ်လောက်တောင်ကြီးမားကျယ်ပြန့်တယ်ဆိုတာကိုမင်းတွေးနိုင်လိမ့်မှာမဟုတ်ဘူး..."


ပြန်လည်တုံ့ပြန်လာသော ခွေးဘုရင်၏ အသံက ရုတ်တရက် အေးစက်သွားသည်။ပုဖန်ကြီးမားလှသော ဖိအားကို ခံစားလိုက်ရ၏။


ဝီ ...


ထိုအချိန်မှာပင် ရစ်ဝဲနေသော မသေမျိုးစွမ်းအင်စီးကြောင်းများက ပေါင်းစုသွားပြီးနောက် အမှတ်အသားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာပုဖန်ဆီသို့ပျံသန်းလာလေသည်။


ပုဖန်က ခွေးဘုရင်၏ ပြောစကားများထဲတွင်နစ်မြှုပ်နေဆဲဖြစ်သော်လည်း သူ့၏ လက်ပတ်ရှိသောလက်က အလိုလိုမြောက်တက်သွားကာထိုအမှတ်အသားကို လှမ်းဖမ်းလိုက်သည်။ထိုအမှတ်အသားမှ မသေမျိုးစွမ်ူအင်များက ပုဖန်၏ ဘေးတွင် ရစ်ဝဲနေလေသည်။ပုဖန် သူ့လက်ထဲမှ နွေးထွေးမှုက်ို ခံစားရလေ၏။


သူ့လက်ထဲမှစုပ်ယူအားတစ်ခုထွက်ပေါ်လာပြီးနောက် မသေမျိုးစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ခွေးဘုရင် ပုဖန်ကို စိုက်ကြည့်လိုက်သည်။ထိုစွမ်းအင်အလင်းများကို မြင်လိုက်ရသောကြောင့် သူ့၏ မျက်ဝန်းများကျဉ်းမြောင်းသွားလေသည်။


၎င်းက သူတစ်ခုခုကို အတည်ပြုလိုက်သကဲ့သို့ပင် သို့သော်လည်းပုဖန်က ခွေးဘုရင်၏ အမူအရာကို သတိမထားမိလိုက်ပေ။ထိုအချိန်၌ သူ့၏ ခေါင်းထဲရှိ စိတ်ဝိညာဉ် ပင်လယ်က ပေါက်ကွဲတော့မလိုပင် ခံစားနေရသည်။အခ်ျိန်အတော်ကြာတိတ်ဆိတ်နေခဲ့သော စနစ်က ရုတ်တရက် အသံထွက်လာလေသည်။