အပိုင်း ၈၈၇
Viewers 53k

အခန်း ၈၈၇ 

စနစ်လယ်ယာမြေ


တာဝန်အတွက် ဆုလာဘ်တဲ့လား ...


စနစ်၏ကြေညာသံကပုဖန်ကိုအံ့အားသင့်သွားစေသည်။


ထို့နောက် သူမသေမျိုးစွမ်းအင်ကိုလက်ခံရရှိချိန်သူ၏ ကျင့်ကြံဆင့်လည်းတိုးမြှင့်ခံခဲ့ရသည်ကိုမှတ်မိသွားလေသည်။တာဝန်ကိုပြီးမြောက်ခဲ့ပြီးဖြစ်၍ ဆုလာဘ်တစ်ခုလက်ခံရပေမည်။


စနစ်၏လယ်ယာမြေနှင့် အချက်အပြုတ်နတ်ဘုရားအစုံမှအပိုင်းအစ တို့ကိုလည်းဆုလာဘ်အဖြစ်ရရှိခဲ့သေးသည်။


အပိုင်းအစအားလုံးကိုစုစည်းနိုင်ခဲ့လျှင် အချက်အပြုတ်နတ်ဘုရားပစ္စည်းတစ်ခုကိုလက်ခံရရှိမည်ဖြစ်သည်။ပုဖန်ကထိုနောက်ဆုံးအရာအတွက်အမှန်တကယ်မျှော်လင့်ထားမိသည်။


ယခုလက်ရှိတွင်ပုဖန်ထံ၌ အချက်အပြုတ်နတ်ဘုရားအစုံမှ အပိုင်းအစသုံးခုကိုပိုင်ဆိုင်ထားသည်။၎င်းတို့မှာ ရွှေနဂါးရိုးဓား ၊ မဟူရာလိပ်ခုံးဒယ်အိုးနှင့် သူယခုထိအကုန်အစင်မလေ့လာနိုင်သေးသော ဟင်္သာပြဒါးဝတ်ရုံတို့ဖြစ်သည်။ပုဖန်သည်ထိုဝတ်ရုံ၏စိတ်ဝိဉာဉ်ဖြင့်ပင်လုံးဝဥဿုံမပေါင်းစည်းနိုင်သေးပါချေ။


ရွှေနဂါးရိုးဓား၏စိတ်ဝိဉာဉ်ကိုနှိုးရန်လည်း အခက်အခဲများစွာကိုရင်ဆိုင်ခဲ့ရ၏။


မည်သို့ပင်ဖြစ်စေ ပုဖန်၎င်းတို့အားအပြီးသတ်အသက်သွင်းနိုင်စွမ်းကင်းမဲ့နေသည့်တိုင် သူ၏ပိုင်ဆိုင်မှုဖြစ်သော အချက်အပြုတ်နတ်ဘုရားကိရိယာများထံမှ ခိုင်မာသောပံ့ပိုးမှုများရရှိထားသည်ကိုမူမငြင်းနိုင်ပါချေ။သူသည် သူ၏ပစ္စည်းများထံမှ ပို၍ပို၍ အကူအညီရယူရန် မတွန့်ဆုတ်ခဲ့။


ငရဲဘုရင်အာဟက နီယန်၏ဝိဉာဉ်ပင်လယ်အားငြိမ်သက်သွားအောင်ကူညီပေးခဲ့သည်။ပုဖန်၏အချက်အပြုတ်ဖြင့်လည်း သူမကိုမကယ်တင်နိုင်ဟုပြော၍မရချေ။


သို့သော် သူတို့ထိုအတွက်အလျင်လို၍မဖြစ်ပေ။


ပုဖန်ကသူ၏စနစ်လယ်ယာမြေအားလေ့လာရန် အချိန်ယူလိုက်သည်။


မိမိကိုယ်မိမိတည်ငြိမ်အောင်ကြိုးစားခဲ့ပြီးနောက် စနစ်၏ဆုလာဘ်အသစ် စနစ်လယ်ယာမြေနှင့်ဆက်သွယ်လိုက်၏။


"စနစ် လယ်ယာမြေဆိုတာကဘယ်လိုသုံးရတာလဲ..." 


ပုဖန်ကမေးလိုက်သောအခါ စနစ်ကအချိန်တိုအတွင်းပြန်လည်ဖြေကြားလာသည်။


"စနစ်က ပိုင်ရှင်ကို စနစ်လယ်ယာမြေ ကိုဆုလာဘ်အဖြစ်ချီးမြှင့်လိုက်ပါတယ် စနစ်လယ်ယာမြေဆိုတာကတော့ သီးနှံတွေဟင်းသီးဟင်းရွက်တွေနဲ့ဝိဉာဉ်ဆေးဝါးတွေကိုလွတ်လပ်စွာစိုက်ပျိုးနိုင်တဲ့ သီးသန့်လောကတစ်ခုပါ..."


ပုဖန်မျက်ခုံးပင့်လိုက်မိသည်။


သီးနှံစိုက်ပျိုးရမယ်တဲ့လား...


စနစ်က သူ၏ချက်ပြုတ်ခြင်းလမ်းစဉ်အားကောင်းမွန်သထက်အကောင်းမွန်ဆုံးဖြစ်လာစေရန်ကြိုးစားပေးနေခြင်းပေလော...


" သင်၏ချက်ပြုတ်ရေးလမ်းစဉ်ကိုအကောင်းတကာ့အကောင်းဆုံး ကိရိယာများနဲ့ပံ့ပိုးပေးဖို့ စနစ်လယ်ယာမြေရှိနေပါတယ် လယ်ယာမြေရဲ့အလုပ်လုပ်ပုံနဲ့အသုံးချပုံတွေကိုပိုပြီးသိရှိချင်ပါတယ်ဆိုရင်တော့ ကိုယ်တိုင်လေ့လာစူးစမ်းလေ့လာနိုင်ပါတယ်..."


ပြောလိုရာပြောပြီးသည့်နောက်စနစ်ကတိတ်ဆိတ်သွားသည်။


ပုဖန်သာဆွံ့အလျက်ကျန်ခဲ့ပေ၏။


စနစ်ကပို၍အပျင်းကြီးလာသည်ဟုသူခံစားမိသည်။၎င်းကရှင်းပြသည့်အဆင့်ကိုထိုအတိုင်းကျော်သွားခဲ့သည်ပေ။


ပုဖန်က အံ့အားသင့်နေခြင်းကိုအရှိန်သတ်လိုက်ကာ စနစ်လယ်ယာမြေသို့သူ၏စိတ်အာရုံဖြင့်ချဉ်းနင်းဝင်ရောက်လိုက်သည်။


ပုဖန်၏စိတ်အာရုံကတစ်ခဏမျှတုန်ခါသွားပြီးနောက် ရုတ်ချည်းဆိုသလိုမျက်စိရှေ့ရှိမြင်ကွင်းများအားလုံးပြောင်းလဲသွားတော့သည်။


ကျယ်ပြောကောင်းကင်ပြာကြီးနှင့်အတူ လေနုအေးတစ်ချို့က ပုဖန်၏မျက်နှာပြင်အားဖြတ်သန်းတိုက်ခတ်သွားသည်။မျက်စိတစ်ဆုံးတွင်မူ အနားသတ်မမြင်ရသောအဆုံးမဲ့စိမ်းလန်းမြက်ခင်းပြင်ကြီးအားတွေ့ရှိလိုက်ရလေသည်။


ပုဖန်က မြက်ခင်းစိမ်းများအလယ်၌ရပ်နေရင်း မိုးကုတ်စက်ဝိုင်းတစ်ဆုံးထိချဲ့ထွင်တည်ရှိနေသောမြက်ခင်းပြင်ကြီးကြောင့်အံ့သြမှင်သက်သွားရသည်။


ဘာလား...


ဘယ်မှာလဲလယ်ယာမြေ မင်းကငါ့ကိုမြက်ခင်းပြင်တစ်ခုလုံးပေးလိုက်တာလား...


စနစ်ကမည်သည့်အချိန်မှစ၍ ယခုလိုသိတတ်ယဉ်ကျေးလာခဲ့သနည်း။


ရုတ်တရက်ပုဖန်သည် စနစ်၏လယ်ယာမြေအားကိုယ်တိုင်လေ့လာ၍အဆင့်မြှင့်ပါဟူသော ဆိုလိုရင်းအားသဘောပေါက်သွားရချေသည်။


ဤနေရာတွင် အမှန်ကိုဗလာနတ္တိသာဖြစ်သည်။ထို့ကြောင့်သူကိုယ်တိုင် ဖြည့်တင်းကာ လယ်ယာမြေတစ်ခုကိုဖန်တီးရပေမည်။


ပုဖန်၏နှုတ်ခမ်းစွန်းများကအထက်သို့ကွေးညွတ်သွားသည်။


ထို့နောက်လက်နှစ်ဖက်အားကျောဘက်တွင်ချိတ်လျက် စိမ်းစိုကျယ်ပြောသောမြက်ခင်းပြင်တစ်လျှောက် လှည့်ပတ်ကြည့်ရှုရန်ထွက်လာခဲ့သည်။


ဤနေရာတွက်ဝိဉာဉ်စွမ်းအားများလှိုင်လှိုင်ပေါများနေကာ လမ်းလျှောက်ထွက်ရုံနှင့်ပင်ပုဖန်အား နို့ရေကန်ထဲ၌ရေချိုးသန့်စင်နေရသကဲ့သို့ခံစားချက်မျိုးပေးစွမ်းလေသည်။ထို့အပြင် ဤဝိဉာဉ်စွမ်းအားများမှာပျော့ပြောင်းနူးညံ့သောခံစားချက်မျိုးလည်းပေးစွမ်း၏။


ပုဖန်ကသူ၏ခန္ဓာကိုယ်ကိုနှိမ့်ချလိုက်ပြီး မြက်ပင်တစ်ပင်အားဆွဲနှုတ်လိုက်သည်။မြက်ပင်၏အမြစ်မြေဆီလွှာမှကျွတ်ထွက်လာသောအခါ ဝိဉာဉ်စွမ်းအားအနည်းငယ်မျှထွက်ပေါ်လာလေသည်။


ပုဖန်ကမြက်ပင်ကိုနှစ်ခြမ်းခွဲလိုက်သောအခါ မွှေးပျံ့သောရနံ့ရှိသည့်အစိမ်းရောင်အရည်တို့စီးကျလာ၏။


ဤမြက်ပင်ကမျိုးကောင်းစွာပေါက်ရောက်နေပြီး အဓိပ္ပာယ်ကမြေဆီလွှာ၌ကောင်းမွန်သောအာဟာရဓာတ်များစိမ့်ဝင်နေသည်ဟူသည့်သဘောပင်။


ပုဖန်ကပြန်ထလိုက်ပြီး ဆက်လက်လျှောက်သွားကြည့်သည့်အခါမှလယ်ယာမြေသည် သူထင်နေသကဲ့သို့ အဆုံးသတ်မရှိသည်မဟုတ်ကြောင်းသိရှိသွားရသည်။မကြာမီတွင်ပုဖန်တစ်ယောက်မြက်ခင်းပြင်၏အဆုံးသတ်ဆီသို့ရောက်ရှိလာ၏။


ထိုနေရာရှိကောင်းကင်တွင်ထူထဲသောအနက်ရောင်အရိပ်များဖြစ်ပေါ်နေပြီးစိမ်းလန်းစိုပြေသောမြက်ခင်းကလည်း ညှိုးနွမ်းခြောက်သွေ့ကာထိုင်းမှိုင်းနေသည်ပေ။


ပုဖန်သည် စနစ်မှသူ့ကိုပေးလာသောလယ်ယာမြေ၌အချို့သောလည်ပတ်ပုံလေးများရှိနေခြင်းဖြစ်မည်ဟုကောက်ချက်ချလိုက်၏။


အထက်ကောင်းကင်သည် အပြာရင့်ရင့်ဖြစ်ကာ စိမ်းလန်းသောမြက်ခင်းပြင်အားဖြတ်သန်းစီးဆင်းနေသည့်ကြည်လင်သောစမ်းချောင်းငယ်တစ်စင်းရှိသည်။


ပုဖန်ကထိုနံဘေးသို့ရောက်ရှိသောအခါ လက်တခုပ်ခန့်ခပ်ယူ၍စမ်းရေအားသောက်သုံးလိုက်သည်။၎င်းမှာ လတ်ဆတ်၍ချိုမြိန်ပေသည်။


အရည်အသွေးမှာ သူ၏စနစ်သိုလှောင်အိတ်တွင်းမှနွေဦးစမ်းရေအောက်မနိမ့်ကျပေ။


ရေအရင်းအမြစ်မှာ အဓိကကျသဖြင့်ပုဖန်ပျော်ရွှင်သွားသည်။


ဝိဉာဉ်သီးပင်များစိုက်ပျိုးခြင်းအပြင် အချို့ဝိဉာဉ်သားရဲများကိုဤနေရာ၌ထိန်းသိမ်းခြင်းကလည်းအကြံကောင်းတစ်ခုဖြစ်နိုင်သည်။


ပုဖန်ကရုတ်တရက် တိမ်ခိုးစားသောက်ဆိုင်ရှိ ရှစ်လေးကိုသတိရသွားမိသည်။ထိုကြက်အား တိမ်ခိုးအနီးတစ်ဝိုက်တွင်လျှောက်သွားရန်လွှတ်ထားပေးခြင်းသည် ဖြုန်းတီးရာကျပေသည်။တစ်နေ့နေ့တစ်ချိန်ချိန် ဖမ်း၍အကင်ခံကောင်းခံလိုက်ရနိုင်သည်။


ထိုကောင်အား စနစ်လယ်ယာမြေသို့ခေါ်၍မွေးမြူထားသင့်သည်။


ထို့နောက်သူ၏ အဖိုးတန်ရှစ်လေးက ဥများဥကာ ရှစ်လေး အသေးလေးများကိုမွေးထုတ်ပေးလိမ့်မည်။ထိုအသေးလေးများကလည်း တစ်ဖန် ရှစ်လေး ပောက်စ အမြောက်အများကိုမွေးထုတ်ပေးပြန်ဦးမည်။ဤသို့ဖြင့် အဖန်ဖန်မျိုးဆက်ပွားရင်းသူပုဖန်က အဖိုးတန်ကြက်များစွာပိုင်ဆိုင်သူတစ်ဦးဖြစ်လာပေမည်။


ထိုတစ်နေ့ရောက်လာခဲ့ပါလျှင် ကြက်ကြော်စားရန်စတင်ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။သို့မဟုတ် ရှစ်လေး၏ဥများကိုစားမည်။


သူ၏အဖိုးတန်ရှစ်လေးသည် တုနှိုင်းမဲ့ပါဝင်စ္စည်းတစ်ခုဖြစ်မည်မှာမလွဲဧကန်ပင်။


ရှစ်လေး၏ဆူဖြိုးသောအသွင်ကပုဖန်ခေါင်းတွင်းထင်ဟပ်လာသည်နှင့် မတတ်နိုင်စွာလျှာသပ်မိလျက် နှုတ်ခမ်းထောင့်များကွေးညွတ်သွားရသည်။


ထိုစဉ် တိမ်ခိုးစားသောက်ရှိအစာဝသဖြင့်ဟိုဟိုသည်သည်လမ်းလျှောက်နေသောကြက်မှာ ရုတ်တရက်ကျောချမ်းသွားကာ အမွေးအတောင်များထောင်တက်သွားလေသည်။


ဘာလား... ဘယ်သူကဒီကြက်အပေါ်မကောင်းကြံနေတာလဲကွ...


မြက်ခင်းပြင်အားလယ်ယာအဖြစ်သို့ပြောင်းလဲရန်ဦးစွာထွန်ယက်ရမည်ဖြစ်သည်။

ပုဖန်ကသူ၏မေးစေ့ကိုပွတ်သပ်ရင်းအချိန်အတော်ကြာစဉ်းစားနေခဲ့သည်။


ထို့နောက် စနစ်လယ်ယာမြေမှထွက်ခွာလာခဲ့ပြီးလက်တွေ့ဘဝသို့ရောက်ရှိလာသည်။


စနစ်နှင့်အချိန်အတန်ကြာညှိနှိုင်းလိုက်ပြီးနောက် လယ်ယာမြေဆီသို့ပြန်လည်ရောက်ရှိလာ၏။


ဘုန်း


ပုဖန်ကပစ္စည်းကိရိယာအပုံလိုက်အားမြေပြင်ပေါ်သို့ပစ်ချလိုက်သည်။သူကတန်ဖိုးကြီးသစ်သားကိရိယာများနှင့် အစေ့တစ်ချို့အားယူဆောင်လာ၏။


သူကကြောင်အနေသော မျက်လုံးသုံးလုံးတောခြင်္သေ့ကိုလည်းခေါ်ဆောင်လာသည်။၎င်းမှာ ငရဲဘုရင်ကအစပ်ချောင်းအတွက်ပုဖန်ထံသို့ရောင်းစားခဲ့သောသနားစဖွယ်တောခြင်္သေ့လေးဖြစ်လေသည်။


ထိုသတ္တဝါကမြက်ခင်းပြင်တစ်လျှောက်အံ့သြတကြီးလှည့်ပတ်ကြည့်ရှုနေသည်။


၎င်းက သူ၏ကံကြမ္မာမှာ သောက်ကျိုးနဲစားဖိုမှူးလက်တွင်း၌ပါဝင်ပစ္စည်းတစ်ခုဖြစ်လာလိမ့်မည်ဟုတွေးထင်ထားခဲ့သည်။


သို့သော်ယခုသူက ဤလောကတွင်းရောက်ရှိလာပြီး လွတ်လပ်မှူကိုခံစားလိုက်ရသည်။


မျက်လုံးသုံးလုံးတောခြင်္သေ့က ရွှင်မြူးသွား၏။


သူလွတ်လပ်မှုကိုနှစ်သက်သည်။


ဝေါင်းး


မျက်လုံးသုံးလုံးတောခြင်္သေ့ကဟိန်းဟောက်လိုက်ပြီး လေနုအေးကသူ၏လည်ဆံမွေးများအားငြင်သာစွာလူးလွန့်သွားစေသည်။


ခြင်္သေ့သည် မြေပြင်ပေါ်သို့ခြေနှစ်ဖက်ဖြင့်ထောက်ကာအားယူလျက်မြင့်မြင့်ခုန်လိုက်သည်။သူဟာနောက်ဆုံးတွင် ရူးကြောင်ကြောင်စားဖိုမှူးလက်မှလွတ်မြောက်ခဲ့ချေပြီလော...


မျက်လုံးသုံးလုံးခြင်္သေ့ကတက်ကြွစွာဖြင့်မြက်ခင်းပြင်တစ်လျှောက်ပြေးလွှားနေကာအလွန်အမင်းပျော်ရွှင်နေဟန်တူသည်။


ထိုစဉ်ရုတ်တရက် အဝေးတစ်နေရာဆီမှပျံ့လွင့်လာသောအသံသေတစ်ခုကိုသူကြားလိုက်ရသည်။


"ဟေး နံပါတ်သုံးလေးဘယ်ကိုလဲ လာပြီးလယ်ထွန် ကောင်းကောင်းလုပ်ရင်ကောင်းတာလေးပြန်ရမယ် ကောင်းကောင်းမလုပ်ရင်တော့ ကောင်းတာလေးပြန်မရဘူးပေါ့..."


ပျော်ရွှင်စွာပြေးလွှားနေသော မျက်လုံးသုံးလုံးတောခြင်္သေ့သည် ရုတ်တရက် တုန်ရီသွားကာအမွေးများထောင်မတ်သွားလေသည်။


မျက်လုံးသုံးလုံးတောခြင်္သေ့ကလှည့်ကြည့်လာကာ သူ၏မျက်လုံးသုံးလုံးကာပုဖန်ကိုစိုက်ကြည့်လာသည်။


စားဖိုးမှုး အညစ်အပတ်...


မင်း စာဖိုးမှူးစုတ်လေးဒီခြင်္သေ့ကိုဘယ်လိုခေါ်လိုက်တာလဲ...


ရာရာစစ...


ကြီးကျယ်မြင့်မြတ်တဲ့မျက်လုံးသုံးလုံးတောခြင်္သေ့ကွ နံပါတ်သုံးလေးမဟုတ်ဘူး...


ဘယ်သူ့ကိုနံပါတ်သုံးလေးလာခေါ်နေတာလဲကွ ...


ပုဖန်က ကျောဘက်တွင်လက်နှစ်ဖက်ကိုချိတ်ကာရပ်နေပြီး သူ၏ဟင်္သာပြဒါးဝတ်ရုံကလေပြေညင်းအကြား ငြင်သာစွာလူးလွန့်နေသည်။


သူက ဒေါသူပုန်ထနေသောမျက်လုံးသုံးလုံးခြေင်္သေ့အားကြည့်၍ အသာအယာသက်ပြင်းချလိုက်သည်။


ဤခြင်္သေ့အားဟိုဟိုသည်သည်လျှောက်ပြေးခိုင်းရန်ခေါ်လာခြင်းမဟုတ်ဘဲ မြေထွန်ရန် ကြွက်သားကောင်းသောသားရဲတစ်ကောင်လိုအပ်၍ခေါ်လာခြင်းဖြစ်သည်။


ဝေါင်း...


ဒီလူတစ်ယောက်ထဲရှိနေတာလား...


မျက်လုံးသုံးလုံးတောခြင်္သေ့၏အကြည့်များကစူးရှသွားကာ သူ၏ကြောက်မက်ဖွယ်ရောင်ဝါများထုတ်လွှတ်လိုက်သည်။ ငရဲဘုရင်အာဟသာမရှိပါက ဤလူသားသည်ဘာကောင်မှမဟုတ်သည့်အတွက် သူတစ်လုပ်တည်းဖြင့်မျိုချလိုက်နိုင်သည်ဟုတွေးလိုက်သည်။


၎င်းကချွန်မြသောခြေသည်းများဖြင့်မြက်ခင်းပြင်ကိုတူးဆွလိုက်ပြီး ပုဖန်ထံသို့တစ်ရှိန်ထိုးပြေးဝင်မလာခင်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။


ပုဖန်၏ ဆံနွယ်များနှင့် ဟင်္သာပြဒါးဝတ်ရုံမှာအနည်းငယ်လှုပ်ခတ်သွားသည်။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကသူ့ထံသို့ပြေးဝင်လာသည်အားကြည့်ရင်း သူ၏နှုတ်ခမ်းစွန်းများကကွေးညွတ်သွားသည်။


" ကြည့်ရတာမင်းကို အမိန့်နာခံတတ်အောင်အရင်သင်ပြပေးရမယ်ထင်တယ်..."


ပုဖန်ကသူ၏အဖြူအမည်းလက်ပတ်ဖြင့်ဖုံးအုပ်ထားသောညာဘက်လက်ကိုမြှောက်လိုက်ရာ အလင်းတန်းများလျန်မြန်စွာဖြစ်ပေါ်လာသည်။


ခေတ္တအကြာတွင် ပုဖန်၏ကျောဘက်၌ အဖြူအနက်ထောင်တျဲ့တို့၏ပုံရိပ်ယောင်တို့ထင်ဟပ်လာ၏။


မျက်လုံးသုံးလုံးတောခြင်္သေ့က ကောင်းကင်ထိတိုင်ရိုတ်ခတ်လုနီးပါးကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။


ဘုန်းးး


ထိုးနှက်ချက်တစ်ချက်။


ပုဖန်က မျက်လုံးသုံးလုံးတောခြင်္သေ့အားကိုင်တွယ်ရန် နည်းလမ်းတစ်ခုကိုသာစဉ်းစားမိသည်။ 


ပိတ်ထိုးလိုက်...


မျက်လုံးသုံးလုံးတောခြင်္သေ့၏ခန္ဓာကိုယ်မှာပုဖန်၏ထိုးနှက်ချက်ကြောင့် နောက်သို့လွင့်ထွက်သွားချေသည်။


ရုန်းကန်ကာထရပ်လာပြီး မျက်လုံးသုံးလုံးတောခြင်္သေ့သည်အလွန်ဒေါသူပုန်ထလျက် ၎င်း၏အစွယ်များကိုဖော်ပြကာပုဖန်ထံသို့ပြေးဝင်လာပြန်သည်။


လက်သီးတစ်ချက်ကအလုပ်မဖြစ်လျင် နောက်တစ်ချက်ထိုးရုံသာ။


ပုဖန်က ၎င်းနာခံလာသည်အထိထိုးနှက်ရန်ရည်ရွယ်ထားသည်။


ယခုလက်ရှိသူ၏ကျင့်ကြံဆင့်မှာ မြင့်မြတ်သောစိတ်ဝိဉာဉ် အထွဋ်အထိပ်တွင်ရောက်ရှိနေသည်ကိုမဆိုထားနှင့် ကျင့်ကြံဆင့်ကိုဖယ်၍ခွန်အားသီးသန့်အသုံးပြု၍ပင် ဤသတ္တဝါအားရိုက်နှက်ရန်လုံလောက်ပေသည်။


ထို့အပြင်အဆင့်ချိုးဖြတ်ပြီးသည့်နောက်ပုဖန်၏စိတ်ဝိဉာဉ်ပင်လယ်သည်လည်းကျယ်ပြန့်လာခဲ့သည်။ရွှေနဂါးဝိဉာဉ်နိုးထစဉ်ကကဲ့သို့မကျယ်ပြောသည့်တိုင် နတ်ဘုရားဝိဉာဉ်နယ်ပယ်အဆင်သို့ရောက်ရှိ၏။


ထပ်ပေါင်းပြောရပါလျှင် သာမာန်နတ်ဘုရားဝိဉာဉ်အဆင့်ပင်မဟုတ်ချေ။


ပုဖန်၏စိတ်စွမ်းအင်သည် သူ၏အစစ်အမှန်ကျင့်ကြံဆင့်ထက်အမြဲတစ်စေသာလွန်နေခဲ့သည်။၎င်းကဘယ်လောက်ထိသန်မာသည်ကိုစမ်းသပ်ရန်မကြိုးစားခဲ့ကြည့်ရုံသာဖြစ်သည်။


မျက်လုံးသုံးလုံးတောခြင်္သေ့ရိုင်းက အချိန်အတန်ကြာရိုက်နှက်ခံရပြီးနောက်၎င်း၏မျက်နှာမှာဖူးယောင်နေကာ ကြောင်လေးတစ်ကောင်ကဲ့သို့တုန်ရီနေချေသည်။


ဝုန်းး


ကျယ်လောင်သောအသံနှင့်အတူစိုက်ပျိုးရေးသုံးကိရိယာတစ်ပုံတွပင်ကြီးကမျက်လုံးသုံးလုံးတောခြင်္သေ့ရိုင်းရှေ့သို့ပြိုကျလာလေသည်။


၎င်းကကြောင်အသွားလေသည်။


"နံပါတ်သုံးလေး ထယ်ထိုးရအောင်..."


ပုဖန်ကသားရဲ၏လည်ဆံမွေးတို့ကိုပွတ်သပ်လျက်အတက်အကျမရှိသောလေသံဖြင့်ပြောလာသည်။


မျက်လုံးသုံးလုံးတောခြင်္သေ့က ဆွံ့အသွားရ၏။


ပျက်သုဉ်းအကျဉ်းထောင်ကမြင့်မြတ်တဲ့သား

ရဲပါ ကျွဲမဟုတ်ဘူး...


မျက်လုံးသုံးလုံးတောခြင်္သေ့ရိုင်းသည် ဤသိူ့အစော်ကားခံရသည်ထက် သေဖို့ကိုသာရွေးချယ်လိုက်မည်ပေ။


ပုဖန်လက်မောင်းပေါ်ရှိထောင်တျဲ့အမှတ်အသားရုပ်နှစ်ခုကတောက်ပလာပြန်သည်။


 မျက်လုံးသုံးလုံးတောခြင်္သေ့ကစိတ်ဓာတ်ကျကာမြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ကိုယ်သူချစ်မြတ်နိုးနိုင်စွမ်းများဆုံးရှူံးသွားသကဲ့သို့ခံစားလိုက်ရသည်။


ပုဖန်က အမူအယာမဲ့လျက်ပင် သားရဲဆီသို့လယ်ထွန်ကိရိယာများယာဆောင်လာလေသည်။


သူက မျက်လုံးသုံးလုံးခြင်္သေ့သားရဲအားပုတ်လိုက်ပြီး တပ်ဆင်ပေးထားသောကိရိယာများနှင့်လယ်ထွန်စေသည်။


အရှက်ကွဲခံမယ့်အစားသေမယ်တဲ့လား...


သူသေရင် ဟင်းပွဲဖြစ်သွားမှာသေချာပေါက်ပဲ အဲဒါကပိုအရှက်ကွဲမှာပဲ...


စားစရာတစ်နပ်ဖြစ်လာမည်နှင့်ယှဉ်လိုက်ပါက လယ်ထွန်ရသည်ကဘာဆိုဘာမျှမဟုတ်ချေ။


ပုဖန်က လယ်ထွန်နေသောသားရဲအားကြည့်၍သက်ပြင်းချလိုင်ပြီးပေါက်ပြားတစ်လက်ကိုင်ကာနောက်မှလိုက်လေသည်။

မျက်လုံးသုံးလုံးတောခြင်္သေ့တူးခဲ့သောမြေအား သူကပေါက်ပြားသုံး၍ဆွသည်။


ဤအာဟာရပြည့်ဝနေသောမြေဆီလွှာ ဝိဉာဉ်စွမ်းအင်လည်းကြွယ်ဝပြီး သီးနှံ့စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။ဤသို့သောလယ်ယာမြေမျိုးအား စနစ်ထံမှသာရရှိနိုင်ပေ၏။


ပုဖန်ကမြေဆီလွှာကိုတူးဆွနေရင်းဖြင့်ဤမြေ၌မည်သည်ကိုစိုက်ပျိုးရမည်ကိုစတင်စဉ်းစားနေသည်။သူ၏လယ်ယာမြေအားအကောင်းမွန်ဆုံးပါဝင်ပစ္စည်းများကိုသာထုတ်လုပ်သည့် အရည်အသွေးအကောင်းမွန်ဆုံးလယ်ယာမြေအဖြစ်ဖန်တီးချင်ပေသည်။


ဤဥယျာဉ်ခြံမြေသည် သူ၏အချက်အပြုတ်နတ်ဘုရားအဖြစ်လျှောက်လှမ်းရာလမ်း၌ အဓိကကျသောအထောက်အပံ့တစ်ခုဖြစ်လာပေလိမ့်မည်။