အပိုင်း ၈၉၇
Viewers 53k

အပိုင်း ၈၉၇

တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကိုဖွင့်ဖောက်ခြင်း


တိမ်မဲများလိမ့်တက်လာသည်။


ထူထဲလှသောငရဲစွမ်းအင်များက မျက်စိတစ်မှိတ်အတွင်းတွင် ကောင်းကင်တစ်ခွင်ကိုဖုံးလွှမ်းသွားသည်။ မိုးခြိမ်းသံများကလည်း ဆူညံစွာမြည်ဟိန်းနေကြသည်။


အရိပ်ပေါင်းများစွာက ကောင်းကင်ယံသို့ပျံတက်နေကြသည်။


ပါပီလီယွန်နဂါးများသည် ၎င်းတို့၏အတောင်ပံများကိုဖြန့်ကာ နတ်ဆိုးအမှတ်အသားသစ်ပင်အစေ့များကိုသယ်ဆောင်ကာ မိုးကုတ်စက်ဝိုင်းကိုဖြတ်၍ ကောင်းကင်ပေါ်သို့ပျံတက်သွားကြသည်။ ထို့နောက် နဂါးဥများက ကောင်းကင်ယံမှပြုတ်ကျလာပြီး ပုန်းကွယ်နဂါးတိုက်ကြီးပေါ်ကျဆင်းလာကြသည်။


နတ်ဆိုးအမှတ်အသားသစ်ပင်များကလျှင်မြန်စွာကြီးထွားလာပြီး မိုးကောင်းကင်ကိုပင်အုပ်မိုးသွားလုနီးနီးကြီးမားလှသောသစ်ပင်များဖြစ်လာကာ ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ စစ်တပ်ကြီးများအတွက် ဝင်ပေါက်ဖြစ်လာကြသည်။


တိမ်မဲများကြားတွင် တောင့်တင်းကြံ့ခိုင်သောပုံရိပ်တစ်ခုကိုမြင်နိုင်လေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က လက်ပိုက်၍ရပ်နေပြီး သူ့နောက်တွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှကျင့်ကြဲသူများမတ်တတ်ရပ်နေကြသည်။ နတ်ဆိုးဘုရင်အဆင့်ကျင့်ကြံသူမျးမရှိကြသော်လည်း ၎င်းတို့အားလုံးသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ သန်မာလှသည့်နတ်ဆိုးများဖြစ်ကြသည်။


ထိုနတ်ဆိုးများသည် ယုတ်မာစွာရယ်မောနေကြပြီး အသန်မာဆုံးနတ်ဆိုးဘုရင်နောက်ကိုလိုက်၍ ပုန်းကွယ်နဂါးတိုက်ကြီး၏ နယ်မြေများကိုဦးတည်နေကြသည်။


ပုန်းကွယ်နဂါးတိုက်ကြီး၏မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများပျက်ဆီးသွားသော်လည်း စွမ်းအင်အလွှာတော့ရှိနေဆဲဖြစ်သည်။ နတ်ဆိုးဘုရင်အဆင့်ကျင့်ကြံသူများပုန်းကွယ်နဂါးတိုက်ကြီးထဲသို့ဝင်ရောက်ပါက မဟာနိယာမလမ်းကြောင်းမှတိုက်ခိုက်မှုများကိုခံရဆဲဖြစ်သည်။


ထို့ကြောင့် ယခုအချိန်တွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှစစ်တပ်များသည် နတ်ဆိုးဘု ရင်၏ဦးဆောင်ခြင်းကိုခံနေရခြင်းမဟုတ်ဘဲ အသန်မာဆုံးနတ်ဆိုးဘုရင်၏ဦးဆောင်ခြင်းကိုခံနေရခြင်းဖြစ်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က ပုန်းကွယ်နဂါးတိုက်ကြီးထဲတွင်အချိန်ဖြုန်းတာကြာလှပြီဖြစ်၍ သူကထိုတိုက်ကြီး၏စွမ်းအင်နှင့်အော်ရာနှင့်ကျွမ်းဝင်သွားကာ သူ့ကိုမဟာနိယာမလမ်းကြောင်း၏တိုက်ခိုက်မှုများထံမှလွတ်မြောက်စေသည်။


မတိုင်မီကဖြစ်ပျက်ခဲ့သည့်အရာများကိုပြန်လည်တွေးတောရင်း အသန်မာဆုံးနတ်ဆိုးဘုရင်၏မျက်လုံးများအေးစက်သွားသည်။


သူနှစ်တစ်သောင်းကျော်စောင့်မျှော်ခဲ့ရသောအခွင့်အရေးသည် လူသားတစ်ဦးထံမှအလစ်သုတ်ခြင်းခံလိုက်ရသည်။ သူကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုဖျက်ဆီးခဲ့သော်လည်း ၎င်းကိုပြန်လည်ပြုပြင်ပြီးပုံပေါ်နေသည်။


သူလိုချင်သည့်အရာဘာမှဖြစ်မလာသဖြင့် အသန်မာဆုံးနတ်ဆိုးဘုရင်ကို အရာအားလုံးကိုဖျက်ဆီးပစ်ချင်သည့်ရက်စက်ကြမ်းကြုတ်သော ဆန္ဒများဖြစ်ပေါ်လာစေသည်။


သူအကြံတစ်ခုရသွားကာ သူ့နောက်မှအနက်ရောင်အငွေ့များထွက်ပေါ်လာပြီး ကောင်းကင်ယံသို့တက်သွားသည်။ ထိုပုံရိပ်သည် ဝိုးတိုးဝါးတားဖြစ်နေကာ ကြောက်မက်ဖွယ်မျက်နှာနှင့် ဘီလူကြီးတစ်ကောင်နှင့်တူနေသည်။


၎င်းက ၎င်း၏ပါးစပ်ကိုဖွင့်ဟကာ ရူးသွပ်စွာဟိန်းဟောက်လိုက်ပြီး အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှစစ်တပ်ကိုဦးဆောင်ကာ အစားကြူးတောင်ကြားသို့ဦးတည်သွားသည်။



ဘုန်း


နီယန်၏အော်ရာများပေါက်ကွဲထွက်လာပြီး သူမ၏အစစ်အမှန်စွမ်းအင်များမြင့်တက်လူကာ သူမထံမှကြယ်ရောင်အလင်းတန်းများ ခမ်းနားထည်ဝါစွာထွက်ပေါ်လာသည်။


သူမပြသလိုက်သော စွမ်းအင်များသည် သူမဘေးတွင်ရပ်နေသော မိုထျန်းကျီကိုကြောင်အသွားစေသည်။


မိုထျန်းကျီ၏ကျင့်ကြံခြင်းအဆင့်သည်သန်မာလှသော်လည်း သူထိုကဲ့သို့သောအဆင့်မျိုးကိုမရောက်ရှိသေးပေ။ နီယန်က သူ့ထက်အားနည်းခဲ့သော်လည်း မျက်စိတစ်မှတ်အချိန်အတွင်း သူ သူမ၏ကျင့်ကြံခြင်းအဆင့်ကိုဖောက်ထွင်းမမြင်ရတော့ပေ။


ထိုပေါက်ကွဲလုမတတ်ဖြစ်နေသော ကျင့်ကြံခြင်းအဆင့်သည် သူ့ကိုချေမှုန်းရန်လုံလောက်ပေသည်။


ဘာ...ဘာတွေဖြစ်သွားတာလဲ...


မိုထျန်းကျဆွံ့အသွားသည်။ သူ့မျက်လုံးများစူးရှသွားကာ လက်ကိုယမ်းလိုက်ပြီး သူ၏ကြယ်တာရာသံလိုက်အိမ်မြှောင်ကိုထွက်ပေါ်လာစေပြီး စတင်တွက်ချက်လိုက်သည်။


သူနီယန်ကို စိုက်ကြည့်ပြီးတွက်ချက်နေလိုက်သည်။ သို့သော် သူ့လက်ထဲရှိကြယ်တာရာသံလိုက်အိမ်မြှောင် ပြန့်ကျဲသွားပြီး သူ့ကိုလက်လျော့သွားစေသည်။


နီယန့်ကို ထူထဲလှသောမြူတစ်လွှာဖြင့်ဖုံးအုပ်ထားပြီး သူကထိုမြူလွှာကိုထွင်းဖောက်၍ မကြည့်နိုင်ဖြစ်နေသည်။


နီယန်အော်ဟစ်လိုက်ပြီး သူမ၏ဆံနွယ်ရှည်ရှည်များက လေနှင့်အတူလွင့်မျောနေသည်။ သူမ၏အလွန်အမင်းလှပသောမျက်နှာလေးကတောက်ပနေကာ အလင်းတန်းများထွက်နေသကဲ့သို့ အလွန်အလွန်ကိုလှပနေသည်။ ထိုအချိန်တွင် သူမသည် နတ်ဘုရားမတစ်ပါးနှယ် ခမ်းနားလှပနေသည်။


သူမလေပေါ်တွင်မတ်တတ်ရပ်လိုက်ပြီး မြင့်သည်ထက်မြင့်အောင်ပျံသန်းလိုက်သည်။ ခဏအကြာတွင် သူမကောင်းကင်အမြင့်တွင်ပျံသန်းနေတော့သည်။


နီယန်၏ခန္ဓာကိုယ်သည် ကြယ်တံခွန်ကဲ့သို့သက်ဆင်းလာပြီး အလင်းထက်ပင်အလွန်လျှင်မြန်လွန်းလှ၍ သူမသွားနေသည့်လမ်းကြောင်းကိုပင် မဖမ်းမိကြချေ။


အစားကြူးတောင်ကြားထဲတွင် ဒဏ်ရာများကိုပြန်လည်ကုသနေကြသည့် သူတော်စင်ဂိုဏ်းချုပ်များသည် နီယန်၏အော်ရာကိုအာရုံခံမိကြသဖြင့် အပြင်သို့ထွက်လာကြသည်။


သူတို့ခေါင်းမော့လိုက်ပြီး ကောင်းကင်တွင်ပျံသန်းနေသည့်နီယန်ကိုကြည့်ပြီး သူတို့၏မျက်နှာများလေးနက်သွားကြသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏သူတော်စင်ဂိုဏ်းချုပ်၏မျက်လုံးများပြူးကျယ်နေကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။


"ဒီကောင်မလေးရဲ့ ကျင့်ကြံခြင်းအဆင့်ကဘယ်လိုလုပ်ပြီးဒီလောက်မြန်မြန်တိုးတက်သွားရတာလဲ.... သူမကိုနောက်ဆုံးမြင်ခဲ့တာဖြင့်ဘယ်လောက်မှမကြာသေးဘူးလေ.... သူမကဒီလောက်မြင့်တဲ့အဆင့်တောင်ရောက်နေပြီလား..."


နီယန်၏ဆံပင်ရှည်များကျဲပြန့်သွားကာ သူမအလွန်စိတ်လှုပ်ရှားနေသည်။


ကေင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နှင့် အလုံးစုံပေါင်းစပ်ပြီးချိန်တွင် သူမစိတ်သက်သာရာရသွားခဲ့သည်။


စားသောက်ဆိုင်ထဲတွင် ပုဖန်၏စိတ်စွမ်းအင်များကျယ်ပြန့်လာသည်။ ၎င်းသည် တည်ငြိမ်နေသောရေအိုင်ငယ်ထဲသို့ခဲတစ်လုံးပစ်ချလိုက်ပြီး လှိုင်းများထလာသည်နှင့်တူနေသည်။


သူတော်စင်ဂိုဏ်းချုပ်များ ထိတ်လန့်သွားကြသည်။ ထိုစိတ်စွမ်းအင်မျိုးသည် သူတော်စင်ဂိုဏ်းချုပ်အဆင့်ရှိကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအင်သာဖြစ်ရပေမည်။


ဒီတော့ ပုန်းကွယ်နဂါးတိုက်ကြီးမှာ အခြားသူတော်ဂိုဏ်းချုပ်အဆင့်ကျင့်ကြံသူတွေရှိနေသေးတာလား...


ခဏအကြာတွင်စားသောက်ဆိုင်သို့ ပုံရိပ်များစွာရောက်ရှိလာသည်။ သူတို့ရောက်သည်နှင့် သူတို့၏ မျက်လုံးများက စားသောက်ဆိုင်သို့စူးစိုက်ကြည့်လိုက်ကြသည်။


မိုထျန်းကျီ အံ့အားသင့်နေသောမျက်နှာဖြစ်နေသည်။


အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်သည် လက်ပိုက်ထားကာ ရှုံ့မဲ့နေသောမျက်နှာထားနှင့် စားသောက်ဆိုင်ကိုစိုက်ကြည့်နေသည်။


"ဒီစားသောက်ဆိုင်မှာ... သူတော်စင်ဂိုဏ်းချုပ်အဆင့်ကကျင့်ကြံသူတွေရှိနေတာလား....".

အဲလီယော့သ်သူတော်စင်ဂိုဏ်းချုပ်က သံသယဖြင့်မေးလိုက်သည်။


"အာကာသနတ်သမီးလား...အာကသနတ်သမီးက ဘယ်အချိန်တုန်းကဒီလောက်မြင့်တဲ့ကျင့်ကြံဆင့်ကိုရောက်သွားရတာလဲ.... သူမကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ချိတ်ဆက်လိုက်ပြီဆိုတာတကယ်လား...ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကပျက်ဆီးသွားပြီလေ သူမကဘာလို့အသက်ရှင်နေရသေးတာလဲ...." 


အရုဏ်ဦးသန့်စင်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ်မေးလိုက်သည်။ သူ့နောက်ကျောတွင် တောက်လောင်နေသောနေမင်းတစ်စင်းလည်ပတ်နေကာ ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်ကိုကြည့်လိုက်သည်။


ပုန်းကွယ်နဂါးကောင်းကင်ဝင်ပေါက်ပျက်စီးသွားပြီဖြစ်၍ သူတို့၏ဒဏ်ရာများကိုပြန်လည်ကုသကြရန် ဤနေရာကိုကာကွယ်ကြရန်ပြန်လာကြခြင်းဖြစ်သည်။


ထိုသို့လုပ်ရခြင်းမှာ အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်က ဤနေရာတွင်ရှိနေခြင်းကြောင့်ဖြစ်သည်။


သို့သော် သူတို့ သူတော်စင်ဂိုဏ်းချုပ်အဆင့်ကျင့်ကြံသူနှစ်ယောက်၏အော်ရာများကို ကြုံတွေ့ရမည်ကိုမထင်ထားခဲ့ပေ။


ထိုသူတော်စင်ဂိုဏ်းချုပ်အဆင့်ရှိကျင့်ကြံသူနှစ်ယောက်ဖြင့်ဆိုလျှင် သူတို့ပြန်လည်တိုက်ခိုက်နိုင်ပြီး ဤတောင်ကြားလေးထဲတွင်ပိတ်မိနေကြရန်မလိုအပ်တော့ချေ။


အချို့သူတော်စင်ဂိုဏ်းချုပ်များက စားသောက်ဆိုင်ထဲကို မျက်လုံးတောက်တောက်ဖြင့်ကြည့်နေကြသည်။ သူတို့တံခါးခေါက်ပြီး ထိုသူတော်စင်အဆင့်ကျင့်ကြံသူများနှင့်တွေ့ဆုံနှုတ်ဆက်ရန် ကြံရွယ်လိုက်ကြသည်။


သို့သော် သူတို့တံခါးခေါက်ရန်လက်မြှောက်လိုက်ချိန်တွင် စားသောက်ဆိုင်ထဲမှတောက်ပသောအလင်းတန်းများနောက်တစ်ကြိမ်ထွက်ပေါ်လာသည်။


သူတော်စင်ဂိုဏ်းချုပ်များကြောက်လန့်ကာနောက်ဆုတ်မိသွားကြသည်။


ခဏအကြာတွင် အလင်းတန်းများကမှိန်ဖျော့သွားပြီး အရသာရှိသောရနံ့များထွက်ပေါ်လာသည်။


၎င်းသည် စူးရှလှသောဝိုင်ရနံ့တစ်ခုဖြစ်ပေသည်။ ထူထဲပြင်းရှလှသည်မှာ ဆန်စေးကဲ့သို့စေးကပ်ကာ ပိုးသားကဲ့သို့ချောမွေ့သော ခံစားမှုကိုပင်ပေးစွမ်းနေသည်။


ဒါဘာအနံ့လဲ...


သူတော်စင်ဂိုဏ်းချုပ်များ ပျော်မြူးသွားကြသည်။ သူတို့အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြပြီး လူတိုင်း၏မျက်လုံးထဲတွင်မှင်သက်အံ့ဩနေမှုများကိုမြင်လိုက်ရသည်။


အယ်လ်ကိတ်သူတော်စင်ဂိုဏ်းချုပ်သည် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် သူမကိုပိုမိုလှပတင့်တယ်ပြီး မွန်မြတ်သောအသွင်ကိုဆောင်ပေးသည့် ရှည်လျားသောရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။


သူမ၏ရှည်လျားသော မျက်တောင်တို့ကတသိမ့်သိမ့်တုန်ရီနေလေသည်။ သူမ မျက်လုံးထဲတွင်အလင်တန်းများတောက်ပနေကာ တံခါးကိုဖောက်ထွင်း၍ကြည့်ချင်သည့်ပုံစံဖြစ်နေသည်။ သို့သော် သူမထိုသို့မလုပ်နိုင်မီ သူမ၏မျက်လုံးများနာကျင်သွားကာ မျက်ရည်များအဆက်မပြတ်စီးကျလာတော့သည်။


အယ်လ်ကိတ်သူတော်စင်ဂိုဏ်းချုပ် ပြာယာခတ်သွားသည်။ သူမထိုစားသောက်ဆိုင်ထဲသို့ ထွင်းဖောက်မကြည့်နိုင်လိမ့်မည်ဟုမထင်ထားခဲ့ပေ။


သူမရဲ့ မျက်စိနည်းပညာနဲ့တောင်မကြည့်နိုင်ဘူးပေါ့လေ....


ထို့ကြောင့် ထိုစားသောက်ဆိုင်သည် သူမ၏မျက်လုံးထဲတွင် ပိုမိုဆန်းကျယ်လာတော့သည်။



စားသောက်ဆိုင်ထဲတွင်


ပုဖန်သည် အိုးအဖုံးကိုဖိပိတ်၍ မွှေးရနံ့များထွက်ပေါ်နေသည်ကို ချိတ်ပိတ်လိုက်သည်။


သူ၏ စိတ်စွမ်းအင်များသည် အလွန်စေးပျစ်သောကြောင့် အိုးထဲတွင်သဲများပတ်ပြေးနေသည်နှင့်တူနေသည်။


အိုးထဲရှိ ပါဝင်ပစ္စည်းများအဆီအနှစ်များ အချဉ်ဖောက်နေခြင်းကို သာမန်မျက်စိဖြင့်မြင်နိုင်နေသည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်လျှင်မြန်စွာလည်ပတ်နေပြီး တစ်ကြိမ်လည်ပတ်သွားတိုင်းအရည်တစ်စက်ကျလာကာ ထိုအရည်စက်များအချင်းချင်းပေါင်းစပ်ခြင်းဖြင့် စိမ်းပြာရောင်အရည်တစ်မျိုးဖြစ်ပေါ်လာသည်။


ထို့နောက် ထိုအရည်များက ဝိုင်အိုး/ကရားထဲသို့ကျသွားသည်။


ထိုအရည်များအချင်းချင်းပေါင်းစပ်သွားခြင်းဖြင့် ပုဖန်အချိန်ကြာမြင့်စွာတောင့်တခဲ့ရသော တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ဖြစ်ပေါ်လာသည်။


ထိုအရက်သည် ကြည်လင်နေကာ အေးမြသောစိမ်းပြာရောင်ကျောက်တစ်တုံးနှင့်တူပြီး စွမ်းအင်များပြည့်ဝနေသည်။


ဝိုင်ချက်လုပ်ခြင်းနည်းလမ်းသည် လွန်စွာလွယ်ကူပြီး စွမ်းအင်အဆီအနှစ်များအားလုံးကိုပေါင်းစပ်ရုံသာဖြစ်သည်။ သို့သော် အပြောကသာလွယ်ကူသော်လည်း အလုပ်ကမလွယ်ကူပေ။ ဝိုင်ချက်လုပ်သည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် စိတ်စွမ်းအင်အသုံးပြုမှု တင်းတင်းကြပ်ကြပ်ထိန်းချုပ်ရန်လိုအပ်လေသည်။


စိတ်စွမ်းအင်လှိုင်းအတက်အကျတိုင်းတွင် ဝိုင်တစ်စက်ဖြစ်ပေါ်လာမည်ဖြစ်သညလ။


ဝိုင်စက်များတွင် အေးမြကာပြင်းရှသောရနံ့ရှိပေသည်။ ထိုရနံ့သည် လူများ၏ပါးကို နူးညံ့ချောမွေ့လှသောဖဲကြိုးလေးတစ်ချောင်းဖြင့် ခပ်ဖွဖွပွတ်သွားသလိုခံစားမှုကိုပေးစွမ်းနေသည်။


ဝိုင်ချက်လုပ်နေစဉ်တစ်လျှောင်လုံး ပုဖန်တစ်ယောက်မနေနိုင်မထိုင်နိုင် တံတွေးမြိုချနေရ သည်။


ဝိုင်စက်များတဖြေးဖြေးများပြားလာကာ ဝိုင်တစ်အိုးဖြစ်ပေါ်လာသည်။ ဝိုင်အိုးတွင် အလင်းတန်းများပွင့်အာနေသည်။


ခဏအကြာတွင် အိုးထဲရှိကြယ်ဖမ်းကွန်ရက်သည် သူ၏စွမ်းအင်များကိုအသုံးပြုပြီးဖြစ်၍ မှိန်ဖျော့သွားလေသည်။


ပုဖန် စနစ်မှပေးသော ဝိုင်အိုးကို လက်ဖြင့်ကိုင်လိုက်သည်။ ၎င်းကိုကိုင်လိုက်သောအခါ အနွေးဓာတ်တစ်ခုကိုခံစားလိုက်ရသည်။


ထိုဝိုင်အိုးသည် ရိုးရိုးရှင်းရှင်းဖြစ်ကာအလှဆင်ထားခြင်းမရှိချေ။ ပုဖန် ဝိုင်အိုးထဲရှိ အရည်များကိုမမြင်ရသလို ဘယ်လိုအရသာရှိသလဲပင်မသိပေ။


နောက်ဆုံးတွင် ရိုးရာဝိုင်ပြုလုပ်ခြင်းနည်းလမ်းများဖြင့်ကွဲပြားသော တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင် ပြုလုပ်၍ပြီးဆုံးခဲ့ပြီဖြစ်သည်။


တွယ်တာရာမဲ့စမ်းချောင်းဝိုင်ဝါပြုလုပ်ခြင်းသည် အဆီအနှစ်များအားလုံးကိုရောမွှေလိုက်ရုံသာဖြစ်သော်လည်း ထိုနည်းလမ်းကပင် အလွန်ခက်ခဲလှသောဝိုင်ချက်လုပ်ခြင်းနည်းတစ်ခုဖြစ်နေသည်။


တစ်စုံတစ်ယောက်က တံခါးကိုအဆက်မပြတ်ခေါက်နေသဖြင့် ပုဖန်မျက်မှောင်ကြုတ်လိုက်မိသည်။


သူထိုကျင့်ကြံသူများကို စိတ်ထဲပင်မရှိပဲ သူ့လက်ထဲရှိ ဝိုင်အိုးကိုသာ တောက်ပနေသောမျက်လုံးများဖြင့်ငေးကြည့်နေသည်။


သူ သက်ပြင်းခပ်ဖွဖွချလိုက်သည်။


သူ့လက်ထဲတွင် သလင်းကျောက်ရောင်ဝိုင်ခွက်တစ်ခွက်ကိုကိုင်ထားပြီး မီးဖိုချောင်ထဲမှတဆင့် စားသောက်ဆိုင်ထဲသို့ဝင်လိုက်သည်။


ခွေးဘုရင်သည် သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွက် ဟောက်သဲပေး၍အိပ်နေသည်။ သူ့ဘေးတွင် ပန်းပွင့်လေးက တင်ပျဉ်ခွေထိုင် နေပြီး မျက်လုံးမှိတ်၍ ကျင့်ကြံနေသည်။ 


နယ်သာရီသည် ငရဲကမ္ဘာသင်္ဘောကုန်းပတ်ပေါ်တွင် သူမ၏ရှည်လျားဖြူဖွေးသောခြေထောက်နှစ်ချောင်းကိုလွှဲရမ်း၍ ပုဖန်ကိုကြည့်နေသည်။


ခဏအကြာတွင် နယ်သာရီ ပုဖန်လက်ထဲရှိ ဝိုင်ကရားကိုမြင်သွားခဲ့သည်။


နောက်ဆုံးတော့ ပုဖန်တစ်ယောက် သူ့ရဲ့ဝိုင်ကောင်းကောင်းလေးကိုလုပ်ပြီးသွားပြီပေါ့လေ.....


အနက်ရောင်အလင်းတန်းတစ်ခုဖြတ်ပြေးသွားကာ ခဏအကြာတွင် နယ်သာရီသူမထိုင်ခုံပေါ်တွင်ထိုင်၍ ပုဖန်ကိုမျှော်လင့်တကြီးကြည့်နေလိုက်သည်။


ပုဖန် နယ်သာရီကိုမျက်နှာသေဖြင့်ကြည့်လိုက်ပြီး ဘာမှမပြောလိုက်ပေ။


ချူချန်းရှန်သည် သူ၏ဆံနွယ်ဖြူများကို ဖားလျားချထားကာ အပေါ်ထပ်လှေကားထစ်များမှ အောက်ထပ်ကိုဖြေးဖြေးချင်းဆင်းလာသည်။ သူ့လည်ပင်သူအကျောဆန့်ကာ ပုဖန်တစ်ယောက် နယ်သာရီနှင့်အတူစားသောက်ဆိုင်ထဲတွင်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ သူ့မျက်လုံးများတောက်ပသွားကာ ပါးစပ်တပြင်ပြင်ဖြင့်ထိုနေရာသို့လျှောက်သွားလိုက်သည်။


စားပွဲပေါ်တွင် ဝိုင်တစ်အိုးရှိနေသည်။


ထိုဝိုင်အိုးသည် လှသည်ဟုမဆိုသာပဲ ရုပ်ဆိုးသည်ဟုပင်ပြော၍ရနေသည်။


၎င်းပေါ်တွင် ပုံစံကွက်တစ်ချို့ရှိနေပြီး အပေါ်မှအောက်သို့ အပြာရောင်မှအညိုရောင်အဖြစ်တဖြေးဖြေးပြောင်းလဲသွားသည်။


ဟောင်းနွမ်းပြီးရုပ်ဆိုးလှသည်။


၎င်းက ချူချန်းရှန်နှင့်နယ်သာရီကို အံ့ဩသွားစေသည်။

ပိုင်ရှင်ပုက တစ်နေ့လုံး ဒီဝိုင်တစ်အိုးလုပ်ဖို့အလုပ်ရှုပ်နေတာလား..


"ပိုင်ရှင်ပု...ဒါကြီးကဆွဲဆောင်မှုမရှိသလိုပဲနော်.. ဝိုင်အိုးကရုပ်ဆိုးနေတယ်.."


ချူချန်းရှန်ထိုင်ခုံကိုမှီတွယ်၍ ခြေချိတ်ထိုင်နေရင်းပြောလိုက်သည်။


ပုဖန် ဝိုင်အိုးနွေးနွေးလေးကိုပွတ်သပ်လိုက်ပြီး ချူချန်းရှန် ခံစားချက်မဲ့စွာကြည့်လိုက်သည်။


"မင်းက ဝိုင်ကိုသောက်မှာလား ဝိုင်အိုးကိုသောက်မှာလား.."


ပုဖန်မေးလိုက်သည်။


ချူချန်းရှန် ကြောင်အသွားကာ ပြောစရာစကားလုံးများပင်ပျောက်ရှသွားသည်။


ပုဖန်၏ယုံကြည်ချက်ရှိနေသောအမူအယာကိုကြည့်ပြီး ချူချန်းရှန် သူ့ကိုယ်သူတွန်းအားပေးလိုက်သည်။

ဒါက ရှိန်လောက်တဲ့ဝိုင်အိုးများလား....


လူများစွာက သူ့ဆိုင်တံခါးကိုခေါက်နေကြသည်။


ပုဖန် မျက်မှောင်ကြုတ်၍ တံခါးဆီသွားလိုက်ကာ ကျွီဟူသောမြည်သံဖြင့် တံခါးဖွင့်လိုက်သည်။


သူတံခါးဖွင့်လိုက်သောအခါ လူများစွာကတွန်းတိုက်၍ဝင်လာပြီး စားသောက်ဆိုင်တစ်ခုလုံးကိုပြည့်ကြပ်သွားသည်။


လူအိုကြီးက လက်ပိုက်၍ ပုဖန်ကိုကြည့်လိုက်သည်။


ထို့နောက် ပုဖန်စားပွဲခုံပေါ်တင်ထားသော ဝိုင်အိုးကိုမြင်လိုက်သည်။


စားသောက်ဆိုင်ထဲသို့ဝင်လာသော ကျင့်ကြံသူများသည် သူတော်စင်ဂိုဏ်းချုပ်များဖြစ်ကြသည်။ သူတို့ဆိုင်ထဲကိုဝင်လိုက်သည်နှင့် ကြောင်အသွားကြသည်။


ဝှစ်


နီယန်လမ်းလျှောက်ပြီး၍ အလင်းတန်းတစ်ခုအလားပြေးလာကာ တံခါးဝတွင်ရပ်လိုက်သည်။ စိတ်လှုပ်ရှားစွာဖြင့် စားသောက်ဆိုင်ထဲသို့ဝင်လိုက်သည်။


"ပိုင်ရှင်ပု... ရှင်ဝိုင်ချက်လို့ပြီးပြီလား...."


သူမဆိုင်ထဲကိုဝင်လိုက်သည်နှင့် မျက်လုံးများတောက်ပလာကာ စိတ်လှုပ်တရှားဖြင့်ဝိုင်အကြောင်းမမေးပဲမနေနိုင်ချေ။


ပုဖန် နီယန်ကိုကြည့်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ဆိုင်ထဲကို မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်သည်။


ထို့နောက်ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ကာ လက်တစ်ဖက်ကိုဝိုင်ပုလင်းအဖုံးပေါ်တွင်တင်ပြီး အေးစက်စက်ပြောလိုက်သည်။


"ခင်ဗျားတို့အထဲရောက်လာမှတော့ ကျေးဇူးပြုပြီးတိတ်တိတ်လေးနေပေးကြပါ... တစ်ခုခုကိုခံစားမိခဲ့သည်ရှိသော်လည်း မအံ့ဩသွားပါနဲ့... အခု ကျုပ် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကိုဖွင့်ဖောက်တော့မှာပါ...."