အပိုင်း ၉၀၀
Viewers 53k

အခန်း ၉၀၀

ဝှိုက်တီ ပိုပြီးအထက်စီးဆန်လာတယ်


တတိယမိုးကြိုးပြစ်ဒဏ်လား...


ဘယ်လိုလုပ်ပြီး တတိယမိုးကြိုးပြစ်ဒဏ်ဖြစ်လာရတာလဲ...


နောက်တစ်ကြိမ်ပြန်လည်စုဝေးလာသော တိမ်များကိုကြည့်ကာ လူများအံ့အားသင့်နေကြသည်။


မူလက ထိုတိမ်များက ပြန့်ကျဲသွားတော့မည့်ပုံဖြစ်နေသော်လည်း တစ်ဝက်ခန့် ကျဲပါးသွားသောနောက်တွင် နောက်တစ်ကြိမ်ပြန်လည်စုဝေးလာခဲ့သည်။


အစားကြူးတောင်ကြားမှလူများ အံ့ဩသွားကြရုံသာမက စားသောက်ဆိုင်ထဲမှသူတော်စင်ဂိုဏ်းချုပ်အဆင့်ကျင့်ကြံသူများက ယခုအခြေအနေကိုနားမလည်သည့်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားကြသည်။


သူတို့ တိမ်များနောက်တစ်ကြိမ်စုဝေးလာသည့်အကြောင်းပြချက်ကိုမသိကြတော့ပေ။


တတိယမိုးကြိုးပြစ်ဒဏ်... ထိုအရာသည် ကမ္ဘာအဆုံးသတ်မိုးကြိုးဖြစ်ကာ သူတော်စင်ဂိုဏ်းချုပ်တစ်ယောက် သူ၏ကျင့်ကြံခြင်းအထွတ်အထိပ်အဆင့်သို့ရောက်ပြီး နောက်တစ်ဆင့်သို့ချိုးဖြတ်မည့်အချိန်တွင်သာ ပေါ်လာသည့်မိုးကြိုးဖြစ်လေသည်။


သူတော်စင်ဂိုဏ်းချုပ်တစ်ယောက်သာ ထိုမိုးကြိုးပြစ်ဒဏ်မျိုးကိုခံယူရပါက သူတို့အားလုံးကြောက်လန့်တကြား တုန်လှုပ်သွားကြမည်ဖြစ်သည်။


သို့သော် ယခုအချိန်တွင် မိုးကြိုးပြစ်ဒဏ်သုံးကြိမ်ပစ်ခတ်ခဲ့သည်။


လျှပ်စီးများက တလိမ့်လိမ့်မြင့်တက်လာသည်ကိုကြည့်ပြီး လူတိုင်းကြောက်မက်ဖွယ်စွမ်အင်များပေါက်ကွဲထွက်လာသည်ကို ခံစားမိကြသည်။ သူတို့အမှန်တကယ်ပင် ကြောက်လန့်နေကြသည်။


ဒီမိုးကြိုးသာပစ်လိုက်ရင် ဘယ်သူတားနိုင်မှာလဲ....


ဒီနေရာမှာ အဲ့မိုးကြိုးကိုဘယ်သူတားနိုင်မှာလဲ...


အစားကြူးတောင်ကြားရဲ့ပထမဆုံးတောင်ကြားသခင်တောင် မတားဆီးနိုင်ဘူး...


လူအိုကြီး တံခါးဘေးတွင်မတ်တတ်ရပ်နေသည်။ သူ့ခေါင်းပေါ်ရှိဆံပင်ဖြူဖြူများကလွင့်ပျံနေကာ မျက်မှောင်ကြုတ်မိလိုက်သည်။ ကောင်းကင်တွင်စုဝေလာသော မိုးကြိုးလျှပ်စီးများကိုကြည့်ပြီး နှုတ်ခမ်းများပင်တွန့်လိမ်သွားသည်။


လခွမ်းပဲ.. မိုးကြိုးပြစ်ဒဏ်သုံးချက်ဟ..


ဒီစားဖိုမှူးလေးရဲ့ဝိုင်အိုးက ကောင်းကင်ကိုတောင်ဖီဆန်ချင်နေတာလား...


အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်ဖြစ်သည့်အလျောက် သူ့ကိုယ်သူ ပုန်းကွယ်နဂါးတိုက်ကြီးတွင်အသန်မာဆုံးစားဖိုမှူးတစ်ယောက်ဖြစ်သည်ဟု ယူဆထားခဲ့သော်လည်း သူ့အစားအသောက်များသည် မိုးကြိုးပြစ်ဒဏ်မပြောနှင့် လေလည်ဒဏ်ကိုတောင်မခံယူရပေ။


ဒီစားဖိုမှူးလေးက အုပ်ချုပ်သူအဆင့်ရှိကျင်ကြံသူသာ ခုခံနိုင်တဲ့ မိုးကြိုးပြစ်ဒဏ်သုံးခုရင်ဆိုင်ကို ခံယူနိုင်တဲ့ ဝိုင်ကိုချက်လုပ်ခဲ့တယ်...


ဒီစားဖိုမှူးလေးက မသေမျိုးအချက်အပြုတ်နယ်မြေကိုဝင်ဖို့ သောက်ကျိုးနည်းအောင်အရည်အချင်းပြည့်မှီတယ်.. သူကသာအရည်အချင်းပြည့်မှီသူမဟုတ်ကြောင်းသိသွားပြီ....


အမှန်တကယ်တွင် ပုဖန်တစ်ယောက်လည်းထိုအချိန်တွင် အံ့အားသင့်နေမှန်းသူမသိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ပုဖန်သည်တတိယမြောက်မိုးကြိုးချက်ဖြစ်ပေါ်လာမည်ဟု တစ်မှမတွေးဖူးသောကြောင့်ဖြစ်သည်။


တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်သည် မိုးကြိုးပြစ်ဒဏ်နှစ်ချက်ကိုသာခံယူနိုင်ပေသည်။ တတိယမိုးကြိုးချက်ကျရောက်လာပါက ဝှိုက်တီ ၎င်း၏လက်ရှိအစွမ်းဖြင့်ကိုင်တွယ်နိုင်မည်မဟုတ်တော့ချေ။


ဝှိုက်တီက လျှပ်စီးများကိုဝါးမြိုနိုင်သော်လည်း အများကြီးစားမိပါက ဒဏ်မခံနိုင်ပဲပေါက်ကွဲထွက်သွားမည်ဖြစ်သည်။ အဆုံးတွင် မိုးကြိုးပစ်ချက်များမှ စွမ်းအင်များသည် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလေသည်။


"မဟုတ်ဘူး... မမှန်သေးဘူးနော်.. ဒီမိုးကြိုးပြစ်ဒဏ်က အရင်နှစ်ခုနဲ့မတူဘူး..."


ကောင်းကင်ဘုံ လျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်ပြောလိုက်သည်။ သူနောက်တွင် လက်နှစ်ဖက်ကိုယှက်ထားပြီး ကောင်းကင်ရှိမိုးကြိုးတိမ်တိုက်များကိုကြည့်နေသညခ။


ထို့နောက် လက်မြှောက်လိုက်ပြီး ကြယ်တာရာသံလိုက်အိမ်မြှောင်တစ်ခုထွက်ပေါ်လာသည်။ ကြယ်တာရာသံလိုက်အိမ်မြှောင်ပေါ်ရှိ စွမ်းအင်များရွေ့လျားသွားပြီး ထောင်သောင်းချီသောကြယ်များက မျဉ်းကြောင်းများအဖြစ် ဖွဲ့တည်လာသည်။ 


ထို့နောက် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်တွက်ချက်လိုက်သည်။ ခဏအချင်းပင် သူ့မျက်နှာထူးဆန်းသွားပြီး ပုဖန်ရှေ့တွင်မတ်တတ်ရပ်နေသော နီယန်ကိုကြည့်လိုက်သည်။


ထိုအချိန်တွင် ပုဖန်သည်လည်း နီယန်ကိုထူးဆန်းသောမျက်နှာထားနှင့်ကြည့်နေသည်။


တတိယလျှပ်စီးချက်သည် နီယန်နှင့်ဆက်နွယ်နေပုံပေါ်သည်။


ရုတ်တရက်


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ် အဓိကအချက်ကိုဖမ်းဆုပ်မိသွားသည်။


နီယန် သူတော်စင်ဂိုဏ်းချုပ်အဆင့်သို့ရောက်သွားခဲ့သော်လည်း မိုးကြိုးပြစ်ဒဏ်ကိုမခံယူခဲ့ပေ။ ထို့ကြောင့် ထိုမိုးကြိုးချက်သည် နီယန်ထံဦးနေခြင်းဖြစ်သည်။


နီယန်သည် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နှင့်ပေါင်းစပ်ပြီးဖြစ်သော်လည်း ဖုံးကွယ်ထားခဲ့၍ မိုးကြိုးပစ်ဒဏ်မခံယူခဲ့ရခြင်းဖြစ်သည်။ သို့သော် ပုဖန်၏ဝိုင်က မိုးကြိုးပြစ်ဒဏ်နှစ်ခါခံယူခဲ့ရ၍ မူလက နီယန်ဖုံးကွယ်ထားမှုသည် ထုတ်ဖော်ခံလိုက်ရပြီး တတိယမိုးကြိုးချက်ကိုဖြစ်ပေါ်လာစေခြင်းဖြစ်သည်။


ဘုန်း ဘုန်း


ရုတ်တရက် နီယန်၏ခန္ဓာကိုယ်မှ ကြယ်ရောင်များထွက်ပေါ်လာကာ သူမ၏စွမ်းအင်များလှိုင်းထလာပြီး ကျယ်ပြန့်လာသည်။


သူမပုဖန်ကို စိုက်ကြည့်လိုက်ပြီး သူမ၏လှပသောမျက်နှာလေးတွင် ရှက်သွေးဖြာလာ၍ပြောလိုက်သည်။


"ပိုင်ရှင်ပု ကျွန်မအတွက်ဝိုင်တစ်ခွက်ချန်ထားပေးပါ... ကျွန်မအပြင်ထွက်ပြီး မိုးကြိုးပြစ်ဒဏ်ခံယူလိုက်ဦးမယယ်.. မကြာခင်ပြန်လာခဲ့ပါမယ်..."


ထို့နောက် နီယန်၏နောက်ကျောမတ်သွားသည်။ သူမပတ်ပတ်လည်တွင် ကြယ်တာရာစွမ်းအင်များထူထပ်သိပ်သည်းနေပြီး လေမတိုက်ပဲသူမဆံပင်များက လွင့်ပျံလာသည်။


နီယန်၏စကားများကိုကြားသောအခါ လူတိုင်း ပြောစရာစကားများပျောက်ရှသွားကြသည်။


မိုးကြိုးပြစ်ဒဏ်ခံယူပြီး မကြာခင်ပြန်လာခဲ့မယ်တဲ့....


သူမက မိုးကြိုးပြစ်ဒဏ်ခံယူတာကို အပျော်ခရီးထွက်တယ်များထင်နေတာလား....


မိုးကြိုးပြစ်ဒဏ်ကိုရင်ဆိုင်ဖို့ အသေးစိတ်ပြင်ဆင်ချက်တွေ မလိုတဲ့လူရှိလို့လား...


နီယန်လို မိုးကြိုးပြစ်ဒဏ်ကအရေးမပါဟုတွေးသောလူက အလွန်အမင်းရှားပါးလေသည်။


ဘာတွေပဲဖြစ်နေနေ ကောင်းကင်ဘုံရဲ့ဂုဏ်ဒြပ်ကိုရင်ဆိုင်ရတဲ့လူက ဂရုမစိုက်ပဲနေရင် မိုးကြိုးတစ်ချက်နဲ့ပြာကျသွားနိုင်တယ်...


ဒါပေါ့ ဟိုရုပ်သေးရုပ်ကလွဲပြီးတော့ပေါ့...


အဲ့ သံရုပ်သေးရုပ်က လူမှမဟုတ်တာ...


မိုးကြိုးကိုစားနိုင်တဲ့လူကတော့ မကောင်းဆိုးဝါးပဲဖြစ်လိမ့်မယ်... ဒီစားသောက်ဆိုင်ကထူးဆန်းတယ်.. စားဖိုမှူးကလည်းထူးဆန်းတယ်... စားသောက်ဆိုင်ကရုပ်သေးရုပ်ကလည်းထူးဆန်းတယ်...


ထိုအရာများသည် ယခုလက်ရှိတွင် သူတော်စင်ဂိုဏ်းချုပ်များ၏ခေါင်းထဲတွင် တွေးမိသောအရာများဖြစ်ကြသည်။


"ကောင်းပြီလေ... ငါ မင်းအတွက်တစ်ခွက်ချန်ထားပေးပါ့မယ်.. မင်းပြန်လာတာကိုစောင့်နေပါ့မယ်..."


ပုဖန် အမှုမဲ့အမှတ်မဲ့သာဖြေလိုက်ပြီး သူ့လက်ထဲရှိဝိုင်ခွက်ကိုမြှောက်ကာ နီယန်ကိုကြည့်လိုက်သည်။


သူ့လက်ကိုလှုပ်လိုက်ပြီး နောက်ထပ်ဝိုင်တစ်ခွက်ထွက်ပေါ်လာသောအခါ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူ့လက်ချောင်းများကို ဝိုင်အိုးပေါ်တွင်တင်လိုက်ပြီး အိုးထဲရှိဝိုင်များကိုပျံတက်လာစေပြီး ဝိုင်ခွက်ထဲသို့ကျဆင်းလိုက်စေသည်။


ပတောက် ပတောက်


ဆန်းကြယ်လှသော ဝိုင်သည် ကြယ်ရောင်စုံညနှင့်တူနေသည်။ ၎င်းသည် ပိုးသားကဲ့သို့ချောချောမွေ့မွေ့ဖြင့် ဝိုင်ခွက်ထဲကိုကျဆင်းသွားသည်။ ကြယ်အလင်းများတလက်လက်တောက်ပနေကာ အလွန်အမင်းလှပကာ လင်းလက်နေသည်။


နီယန်သည် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ခွက်ကိုကြည့်ပြီး မျက်လုံးများပြာဝေသွားသည်။ သူမ၏လျှာကိုထုတ်လိုက်ကာ နှုတ်ခမ်းကိုသပ်လိုက်မိသည်။


ထို့နောက် သူ့ဆံပင်များရမ်းခါသွားအောင် တစ်ဖက်သို့လှည့်ထွက်သွားကာ စားသောက်ဆိုင်ထဲမှ ထွက်လာသည်။ ထို့နောက်ခြေဖျားထောက်လိုက်ကာ ကောင်းကင်ပေါ်ပျံတက်သွားသည်။


ဘုန်း ဘုန်း


ကောင်းကင်ယံတွင် မိုးကြိုးနှင့်လျှပ်စီးများစုဝေးနေကာ ကြောက်မက်ဖွယ်ထစ်ချုန်းနေသည်။



အစားကြူးတောင်ကြားအပြင်ဘက်တွင်


တိမ်မဲများ တလိမ့်လိမ့်တက်လာကာ ရှေ့သို့ရွေ့လျားနေကြသည်။


ပုံရိပ်များစွာက ထိုတိမ်များပေါ်တွင်ငြိမ်သက်စွာရပ်နေကြသည်။ ထိုပုံရိပ်များ၏အော်ရာသည် အလွန်ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်သည် သူ့နောက်ကျောတွင်လက်နှစ်ဖက်ကိုယှက်ထားပြီး သူ့မျက်လုံးများသည် အဝေးမှနေရာကိုကြည့်နေသည်။ ရုတ်ချည်းပင် ထိုနေရာရှိကောင်းကင်ပေါ်တွင် ထူထဲလှသောတိမ်လွှာများထွက်ပေါ်လာပြီး ထိုတိမ်များထဲမှ မိုးကြိုးနှင့်လျှပ်စီးများသည် သူ့ကိုမျက်မှောင်ကြုတ်သွားစေသည်။


"မိုးကြိုးပြစ်ဒဏ်သုံးချက်လား..."


အသန်မာဆုံးနတ်ဆိုးဘုရင် အသက်ပြင်းပြင်းရှူလိုက်ကာ သံသယဝင်သွားသည်။


အခြားသော ပျက်သုဉ်းခြင်းအကျဉ်းထောင်မှကျင့်ကြံသူများသည်လည်း ရပ်တန့်သွားမိသည်။


"နတ်ဆိုးဘုရင်.. အရှင်သခင် အဲ့တာ မိုးကြိုးပြစ်ဒဏ်သုံးလွှာလား...."


ကြောက်လန့်ဖွယ်ကျွဲခေါင်းကြီးနှင့်ကျင့်ကြံသူက နတ်ဆိုးဘုရင်ကိုကြည့်ပြီးမေးလိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က သူ့ကို အေးစက်စက်ကြည့်လိုက်သည်။


"မင်းကန်းနေတာလား... ဒါမှမဟုတ် ဘယ်လိုရေတွက်ရမလဲဆိုတာကိုမသိတာလား... အစက မိုးကြိုးနှစ်ချက်ပစ်ပြီးပြီလေ အခုကသုံးချက်မြောက်... ဒါမိုးကြိုးသုံးလွှာမဟုတ်ဘူးလား.."


ကျွဲခေါင်းနှင့်ကျင့်ကြံသူက သူ့ကျွဲဦးချိုကိုပွတ်လိုက်ကာ ဟိုကြည့်သည်ကြည့်လုပ်ရင်းပြန်ဖြေလာသည်။


"အိုး...ဟုတ်သားပဲ အဲ့တာမိုးကြိုးပြစ်ဒဏ်သုံးလွှာပဲနော့်..."


"ဘာပဲဖြစ်ဖြစ် ဒီပုန်းကွယ်နဂါးတိုက်ကြီး၏ ခေတ်နောက်ကျနေတဲ့နေရာမှာ မိုးကြိုးပြစ်ဒဏ်သုံးချက်ကိုခံနိုင်တဲ့လူရှိတယ်လား..."


ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နောက်ထပ်ကျင့်ကြံသူတစ်ယောက်က သံသဝင်ပြီးမေးလိုက်သည်။ 


"ငါလဲသေချာမသိဘူး... အရင်ကြည့်လိုက်ဦး..."


တိမ်တိုက်များကအရှိန်လျော့သွားကာ ရှေ့သို့ဖြေးဖြေးချင်းသွားနေသည်။


ကျင့်ကြံသူများစွာက တိမ်များကိုစီးနင်းရင်း အေးအေးလူလူကြည့်နေကြသည်။ သူတို့နှင့်အဝေးတစ်နေရာတွင်ရှိသော တတိယမြောက်မိုးကြိုးပြစ်ဒဏ်တိမ်မဲများစုဝေးရာနေရာကြိကြည့်နေကြခြင်းဖြစ်သည်။


မိုးကြိုးပြစ်ဒဏ်သုံးချက်ကို နတ်ဘုရားမီးတောက်ကိုးခုကိုထွန်းညှိထားသော အုပ်ချုပ်သူအဆင့်ကျင့်ကြံသူများသာခံယူနိုင်သည်။

ပုန်းကွယ်နဂါးတိုက်ကြီးမှာ အဲ့လောက်အဆင့်ရှိတဲ့ကျင့်ကြံသူရှိလို့လား...


အမှန်တကယ်တွင် အသန်မာဆုံးနတ်ဆိုးဘုရင်ကစိုးရိမ်ခြင်းအလျဉ်းမရှိပေ။ သူ့နောက်ကျောဖက်တွင် လက်နှစ်ဖက်ကိုယှက်ထားကာ တည်တည်ငြိမ်ငြိမ်ကြည့်နေသည်။


"ကောင်းပြီလေ... အဲ့တာကတတိယမြောက်မိုးကြိုးပြစ်ဒဏ်ဟုတ်လားဆိုတာ ငါလဲသေချာမသိဘူး..."



နီယန်ပျံသန်းသွားကာ ဝှိုက်တီဘေးတွင်ရပ်လိုက်သည်။


မိုးကြိုးပစ်ချက်နှစ်ချက်ကိုဝါးမြိုရန်ကြိုးစားနေသောကြောင့် ဝှိုက်တီ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးတန်းများပတ်ပြေးနေသည်။


၎င်း၏စက်ရုပ်ဆန်ဆန်မျက်လုံးများသည် နီယန်ကိုလှည့်ကြည့်လာကာ ဘာမှဆက်မလုပ်ပေ။


နီယန်သည် ဝှိုက်တီကိုကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

အဲ့တာ ငါသိတဲ့ဝှိုက်တီလား... အဝတ်ချွတ်နတ်ဆိုးက အဲ့လောက်အဆင့်တွေတောင်ရောက်နေပြီပေါ့လေ....


သူက မိုးကြိုးပြစ်ဒဏ်က လျှပ်စီးတွေကိုတောင်စားရဲတယ်....


သို့သော် ထိုအချိန်တွင်သူမ အာရုံစိုက်နေသင့်သည်မှာ ဝှိုက်တီကိုမဟုတ်ပဲ သူမခေါင်းပေါ်ရှိတိမ်များကိုသာဖြစ်သင့်သည်။


သူမပေါ်ထွက်လာသည်နှင့် သူမခေါင်းပေါ်တွင်မိုးကြိုးတိမ်တိုက်များစုဝေးလာသည်။ သူမကထိုမိုးကြိုး၏ပစ်မှတ်ဖြစ်သည်။ ၎င်းက တတိယမိုးကြိုးချက်သည် ပုဖန်၏တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ရင်ဆိုင်ရမည့်မိုးကြိုးပြစ်ဒဏ်မဟုတ်ပေ။


"ဝှိုက်တီ နင်အိမ်အရင်ပြန်ချင်လား.."


နီယန် ဝှိုက်တီကိုမေးလိုက်သည်။


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများထဲတွင် လျှပ်စီးကြောင်းများ ကခုန်နေသည်။


"ငါ... ဝှိုက်တီ ...စားမယ်...."


"ဝှိုက်တီ ထပ်စားစရာမလိုတော့ဘူး အထဲပြန်ဝင်တော့..."


ဝှိုက်တီစကားမဆုံးမီ ပုဖန်မှ ခပ်တိုးတိုးဖြတ်ပြောလိုက်သည်။ သူသည် ထိုင်ခုံပေါ်တွင် ပျင်းပျင်းရိရိထိုင်နေကာ သူ့အသံကစားသောက်ဆိုင်တံခါးကိုဖြတ်၍ ဝှိုက်တီ နားထဲအထိရောက်သွားသည်။


ဝှိုက်တီ၏ မျက်လုံးများတောက်ပလာပြီး စကားပြောတာရပ်လိုက်သည်။


"အိုး..."


ဝှိုက်တီ အားကြီးနှင့်ထရပ်လိုက်သည်။ ၎င်း၏နောက်ကျောပေါ်ရှိ ပျက်ဆီးနေသော သတ္တုအတောင်ပံသည် ပြုတ်ကျလာတော့မလို ဖြစ်နေသည်။


ဝှိုက်တီ၏ချပ်ဝတ်တွင် အက်ရာများသွာဖြင့် ကွဲအက်နေပြီဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းများ ကခုန်နေသည်။


ဝှိုက်တီအတွက် မိုးကြိုးနှစ်ချက်ကိုဝါးမြိုရခြင်းမှာ လွန်ကဲနေပြီဖြစ်သည်။


ပုဖန်ခေါင်းထဲတွင် စနစ်၏လေးနက်သောလေသံထွက်ပေါ်လာသည်။ ၎င်းက ဝှိုက်တီအကြောင်းပြောခြင်းဖြစ်သည်။


"ဝှိုက်တီက မိုးကြိုးပြစ်ဒဏ်ကိုစားခဲ့ပြီး... သူတိုးတက်လာတော့မှာဖြစ်တယ်.. သူက 'မိုးကြိုးပြစ်ဒဏ်စားသုံးသူ ဝှိုက်တီ'ဆိုတဲ့ ဘွဲ့ကိုရရှိခဲ့တယ်... သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းထဲမှာ မိုးကြိုးစွမ်းအင်ထပ်တိုးသွားပြီ..."


စနစ်၏လေးနက်သောစကားသံသည် ပုဖန်ကိုအံ့ဩသွားစေသည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်မျာက စိတ်လှုပ်ရှားမှုကြောင့်ကွေးညွတ်သွားသည်။


မိုးကြိုးပြစ်ဒဏ်စားသုံးသူ ဝှိုက်တီဆိုပဲ ဘယ်လောက်တောင် ဝံ့ကြွားလှတဲ့နာမည်လဲ....


ကြည့်ရတာ ဒီအဝတ်ချွတ်အရူးမှာ နောက်ထပ်အစွမ်းတစ်ခုထပ်တိုးတော့မယ့်ပုံပဲ... တစ်ယောက်ယောက်ကိုအဝတ်ချွတ်ပြီးရင် လျှပ်စစ်နဲ့ရှော့ခ်တိုက်လို့ရပြီ... ထိုခံစားချက်က တစ်စုံတစ်ယောက်ကိုလျှပ်စစ်စွမ်းအားဆီပအနွေးဓာတ်ကိုခံစားရစေလိမ့်မယ်...


ဒါဆိုလုံးဝပြီးပြည့်စုံသွားပြီ..


ပုဖန်သည် ဝှိုက်တီအဆင့်မြင့်သွားပြီးနောက်တွင် ဖြစ်လာမည့် အကျိုးသက်ရောက်မှုများကို သိချင်စိတ်ပြင်းပြနေသည်။


ဝှိုက်တီသာသူ့ဘေးမှာရှိပါက သူစားကောင်းသောက်ဖွယ်များချက်သောအခါ မိုးကြိုးပြစ်ဒဏ်အကြောင်းကိုစိတ်ပူရန်မလိုတော့ချေ။


မိုးကြိုးပြစ်ဒဏ်စားသုံးသူ ဝှိုက်တီက မိုးကြိုးပြစ်ဒဏ်၏ အိပ်မက်ဆိုးဖြစ်လာလိမ့်မည်ဖြစ်သည်။


ပုဖန်သည် ခန္ဓာကိုယ်တွင်လျှပ်စီးများပတ်ပြေးနေပြီး အပူဓာတ်များထုတ်လွှတ်နေဆဲဖြစ်သော ဝှိုက်တီကိုကြည့်ပြီး သူ့အကြည့်များက ပိုမိုနူးညံ့လာသည်။


ဝှိုက်တီ သူ၏ဝဖိုင့်ဖိုင့်အသွင်သဏ္ဌာန်ကိုပြန်ပြောင်းလိုက်သည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိလျှပ်စီးများက ပျောက်ကွယ်သွားခြင်းမရှိသေးပေ။


၎င်းက ပုဖန်နောက်တွင် တိတ်တဆိတ်ရပ်နေသည်။


သူတော်စင်ဂိုဏ်းချုပ်များ ဝှိုက်တီကိုကြည့်၍အံ့ဩသွားကြသည်။ ထိုရုပ်သေးရုပ်က အမှန်တကယ် မှော်ဆန်ပေသည်။


သို့သော် လူများ နီယန်ကိုသာပိုမိုအာရုံစိုက်နေကြသည်။


ဘာပဲဖြစ်ဖြစ် နောက်ထပ် မိုးကြိုးပြစ်ဒဏ်ကိုခံယူမယ့်လူက နီယန်လေ...


ထို့အပြင် ထိုမိုးကြိုးပြစ်ဒဏ်ကမရိုးရှင်းပေ။ ၎င်းင်သည် မိုးကြိုးတိမ်တိုက်များက သုံးကြိမ်မြောက်စုဝေးခြင်းဖြစ်ပြီး အလွန်အမင်းအစွမ်းထက်ရပေမည်။


နီယန် ခံနိုင်ပါ့မလား...


ဘာပဲဖြစ်ဖြစ် အဲ့ကောင်မလေးက နတ်ဘုရားမီးတောက်ငါးခုပဲထွန်းညှိရသေးပြီးတော့... ဂျူနီယာသူတော်စင်ဂိုဏ်းချုပ်ဖြစ်လာတာလေ...


လူများ၏အကြည့်အောက်တွင် နီယန်သည် ရင်ကော့ခေါင်းမော့ကာမတ်တတ်ရပ်နေသည်။ သူမ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တောက်ပနေသောကြယ်စွမ်းအင်များစွာရှိနေသည်။ သူမ၏မျက်လုံးများ နက်ရှိုင်းလာကာ ထောင်သောင်းချီသော ကြယ်များကသူမပတ်ပတ်လည်တွေရွေ့လျားနေသကဲ့သို့ဖြစ်နေသည်။

.

ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ထွက်ပေါ်လာကာ သူမတစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။ သူမ အလွန် ကျက်သရေရှိကာ ခမ်းနားထည်ဝါနေသည်။


စားသောက်ဆိုင်အတွင်းရှိ သူတော်စင်ဂိုဏ်းချုပ်များက ပါးစပ်အဟောင်းသားဖြင့် ကြောင်အနေကြသည်။


အဲ့တာ ကောင်းကွန်ဘုံကြယ်ဖမ်းကွန်ရက်မလား....


ကောင်မလေးနီယန်က ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ လုံးဝပေါင်းစပ်ပြီးသွားပြီ...


မိုထျန်းကျီ အံ့အားသင့်သွားပုံပေါ်ကာ သူ့နှလုံးသားတစ်ခုလုံး တုန်ယင်နေပြီး အဘွားမို၏ဟောကိန်းကို သတိရသွားခဲ့သည်။ သူအမှန်တကယ် ထိတ်လန့်သွားပုံပေါ်နေသည်။


ပိုင်ရှင်ပုက နီယန်ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ပေါင်းစပ်ရမှာ ကူညီပေးနိုင်လိမ့်မယ်...


မိုထျန်းကျီ အရင်ကထိုအရာကိုမယုံခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူမှားသွားကြောင်းသိလိုက်သည်။


မိုထျန်းကျီ ကျောချမ်းသွားသလိုခံစားလိုက်ရသည်။ သူနောက်လှည့်လိုက်ပြီး လက်ထဲတွင် ကြယ်ရောင်စုံညနှင့်တူနေသောဝိုင်တစ်ခွက်ကိုကိုင်ထားပြီး ပျင်းရိလေးတွဲနေပုံပေါ်သော ပုဖန်ကိုကြည့်လိုက်သည်။


ဒီစားဖိုမှူးလေးက ဘယ်လိုနတ်ဘုရားမျိုးလဲ...


ကောင်းကင်ယံတွင် စုဝေးနေသော မိုးကြိုးပြစ်ဒဏ် ရွေ့လျားနေသည်မှ ရပ်တန့်သွားသည်။


ဘုန်း


မိုးကြိုးနဂါးတစ်ကောင်သည် တောက်ပနေသောအလင်းများကိုထုတ်လွှတ်ကာ နီယန်ထံဦးတည်၍ သက်ဆင်းလာသည်။


နီယန်၏မျက်လုံးများ တည်ငြိမ်နေကာ နဂါးငွေ့တန်းတစ်ခုကသူမမျက်လုံးထဲတွင် ရွေ့လျားနေသည့်ပုံပေါ်နေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်ကြယ်အလင်းများဖြင့်ဖုံးလွှမ်းနေပြီး ကောင်းကင်သိုပျံတက်သွား၍ မိုးကြိုးနဂါးကြီးနှင့်ရင်ဆိုင်လိုက်သည်။ အလင်းတန်းများက တောက်ပစွာပေါက်ကွဲထွက်လာသည်။


အဝေးတစ်နေရာတွင်


အသန်မာဆုံးနတ်ဆိုးဘုရင်ထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခုထွက်ပေါ်နေကာ သူ့ဆံပင်များက လေထဲတွင်လွင့်ပျံနေသည်။ သူပြုံးလိုက်ကာစိတ်လှုပ်တရှားပြောလိုက်သည်။


"အဲ့မိန်းမပဲလား.. သူမ မသေသေးဘူးပေါ့... ငါ့လက်ချောင်းက သူမကိုမသတ်နိုင်ဘူးတဲ့လား..."


ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများ အလွန် အံ့ဩသွားခဲ့သည်။


ထို့နောက် ငရဲစွမ်းအင်များ နတ်ဆိုးဘုရင်လက်ထဲတွင်စုစည်းလာပြီး အနက်ရောင်လေးတစ်လက်တစ်ပေါ်လာသည်ကိုမြင်လိုက်ရသည်။


သူလေးကြိုးကိုဆွဲလိုက်ကာ ကောင်းကင်တွင် မိုးကြိုးနဂါးနှင့် ရင်ဆိုင်နေသော နီယန်ကို ချိန်ရွယ်လိုက်သည်။


"ငါအခု မင်းသေတာကိုမြင်ချင်တယ်..."


ဝှီး


ငရဲစွမ်းအင်များ လည်ပတ်သွားကာ ကြီးမားသော အနက်ရောင်မြှားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။


ဝှစ်


လေထုစုတ်ပြဲသံများထွက်ပေါ်လာသည်။


ထို့နောက် အနက်ရောင်စွမ်းအင်များဖြင့်မြှားတစ်ချောင်းသည် လေထုကိုထိုးခွင်းကာ မိုးကြိုးနဂါးဖြင့်ရင်ဆိုင်နေဆဲဖြစ်သော နီယန်ကိုဦးတည်၍ ပြေးထွက်သွားသည်။


"ငါဖျက်ဆီးလိုက်တဲ့ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ ဘယ်လိုလုပ်ပြီးပေါင်းစပ်သွားလဲမသိပေမယ့်... ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ မင်းသေကိုသေရမယ်...."


အသန်မာဆုံးနတ်ဆိုးဘုရင်ရယ်လိုက်သည်။


သို့သော် ချက်ချင်းအရယ်ရပ်သွားကာ မျက်လုံးများပြူးကျယ်လာသည်။


သူတို့နှင့်အဝေးတွင် မိုးကြိုးနဂါးကြီးက ဟိန်းဟောက်ကာ ရစ်ခွေနေပြီး ထိုမိုးကြိုးနဂါးကြီး ရစ်ပတ်ခွေနေသောကြယ်ရောင်များကြားတွင် ပုံရိပ်တစ်ခုကဝံ့ကြွားစွာမတ်တတ်ရပ်နေသည်။


နီယန်သူမ၏ ကြွေထည်တစ်ခုနှယ်ဖြူဖွေးလှသောလက်ချောင်းလေးတစ်ချောင်းကို ငရဲစွမ်းအင်မြှားကိုညွှန်လိုက်သည်။


သူမ မေးမော့ကာ နှာခေါင်းရှုတ်လိုက်သည်။ သူမ၏မျက်လုံးများသည် မိုင်ရာပေါင်းများစွာကိုဖြတ်ကျော်ပြီး တိမ်မဲများပေါ်တွင် ရပ်နေသော အသန်မာဆုံးနတ်ဆိုးဘုရင်ကိုကြည့်လိုက်သည်။


သူမ၏ နူးညံ့ချိုသာသော်လည်း ဝံ့ကြွားသောလေသံဖြင့်ပြောလိုက်သည်။


"မင်း ဒီအမျိုးသမီးကို တစ်ကြိမ်ချောင်းမြောင်းတိုက်ခိုက်ပြီးပြီ... နောက်တစ်ကြိမ်ထပ်လုပ်ရဲသေးတယ်လား... ဒီတစ်ကြိမ်တော့ ဒီအမျိုးသမီးက မင်းရဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ အသားထူထူခန္ဓာကိုယ်ကြီးကို အရေခွံနွာပစ်မယ်... ဒါဆိုပိုင်ရှင်ပုကမင်းကိုချက်ပြီး ဝိုင်နဲ့မြည်းလို့ရလိမ့်မယ်...."