အပိုင်း ၉၀၁
Viewers 53k

အခန်း ၉၀၁

လိမ္မာတယ်... ဒီအမျိုးသမီးတစ်ခွက်သောက်တာစောင့်လိုက်ဦး ပြီးမှ ထပ်ချကြမယ်


ပိန်းပိတ်အောင်နက်မှောင်နေသော မြှားတစ်ချောင်းက ကောင်းကင်ကိုဖြတ်ကာ ထောင်တျဲစားသောက်ဆိုင်သို့ဦးတည်၍ပစ်လိုက်သည်။ ၎င်းကို ကောင်းကင်ယံကိုစုတ်ဖြဲလုနီးနီးအဟုန်ဖြင့်ပစ်လွှတ်လိုက်ပြီး စားသောက်ဆိုင်တစ်ခုလုံးကို ဖြိုချပစ်ချင်သယောင်ဖြစ်နေသည်။


သို့သော် မြှား၏ပစ်မှတ်သည် လေထုအလယ်တွင် မိုးကြိုးကိုရင်ဆိုင်ခုခံနေသည့် နီယန်ကိုဖြစ်သည်။


မိုးကြိုးများအလယ်တွင် လျှပ်စီးနဂါးကြီးကဟိန်းဟောက်လိုက်သည်။ သို့သော် အဆုံးတွင် ၎င်းသည် နီယန်၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ခွေလိုက်သည်။ လျှပ်စီးများကအဆက်မပြတ်လက်နေကာ မိုးခြိမ်းသံများက လည်း မရပ်ပဲမြည်ဟီးနေသည်။ နီယန်က ခြစ်ရာလေးပင်မထင်ပေ။


နီယန်၏ခန္ဓာကိုယ်သည်တောက်ပနေကော သူမ၏ဆံပင်များက လေနှင့်အတူမျောလွင့်နေသည်။


သူမ၏မျက်လုံးများထဲတွင် ကြယ်ရောင်များတောက်ပနေသည်ကာ သူမသည်အလွန်နူးညံ့သိမ်မွေ့လှသော နတ်ဘုရားမတစ်ပါးနှင့်တူနေသည်။


ပိန်းပိတ်အောင်မှောင်မဲနေသော မြှားသည် နီယန်၏ လက်ချောင်းတစ်ချောင်းဖြင့်တားဆီးခြင်းခံရပြီး တစ်လက်မမှပင်ရှေ့မတိုးနိုင်တော့ပေ။ မြှားထဲတွင်ပါဝင်သော စွမ်းအင်များ ကြီးမားလာသော်လည်း မြှားကစွမ်းအင်တစ်မျှင်မှပင်မထုတ်နိုင်ပေ။


နီယန် သူမမေးစေ့ကိုထိလိုက်ကာ အလွန်အမင်း ခြိမ်းခြောက်နိုင်ဟန်ပေါ်နေသည်။


နူးညံ့သောအသံတစ်ခုက လေထုထဲတွင်ပဲ့တင်ထပ်သွားပြီး မြှားကသူမကြောင့် ပျက်စီးသွားကာ သူမနောက်ရှိ မိုးကြိုးနဂါးသည် ဘမ်းဟူသောမြည်သံဖြင့် ရုတ်တရက်ကြီးပေါက်ကွဲသွားသည်။ 


သူမထံဦးတည်၍လာခဲ့သော မိုးကြိုးပြစ်ဒဏ်သည် အလွယ်တကူလွှမ်းမိုးခံလိုက်ရသည်။ ၎င်းကိုရင်ဆိုင်ရသောအခါ သူမဖိအားအနည်းငယ်ပင် မခံစားရချေ။


နီယန်၏ စကားသံသည် ထောင်တျဲစားသောက်ဆိုင်ထဲတွင်ရှိနေကြသော သူတော်စင်ဂိုဏ်းချုပ်များကို အလွန်တရာထိတ်လန့်သွားစေသည်။ အဝေးကိုကြည့်ရင်း သူတို့၏မျက်လုံးများ အလွန်တရာစူးရှသွားခဲ့သည်။


စားသောက်ဆိုင်အပြင်ဘက်တွင် တိမ်မဲများစုဝေးခါကာ ကြောက်မက်ဖွယ်စွမ်းအင်များမြင့်တက်လာသည်။ ၎င်းသည် လူတိုင်း၏ နှလုံးသားကိုတုန်ရီသွားစေသည်။


"အဲ့တာ ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့အသန်မာဆုံးနတ်ဆိုးဘုရင်ပဲ.. သူကဒီနေရာမှာ ဒီအတိုင်းပေါ်လာခဲ့တာပဲ...."


သူတော်စင်ဂိုဏ်းချုပ်တိုင်း သက်ပြင်းရှိုက်လိုက်မိကာ မျက်နှာများ မဲမှောင်လာကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်ကအရမ်းကိုသန်မာလွန်းတယ်... သူတို့ သူ့ကိုလုံးဝမခုခံနိုင်ဘူး...


ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့အသန်မာဆုံးနတ်ဆိုးဘုရင်က သူ့လမ်းမှာဝင်ရှုပ်တဲ့လူတိုင်းကိုသတ်ပစ်မှာပဲ...


"ငါ့စားဖိုမှူးကိုသတ်မယ်... မင်းအဲ့လောက်မသန်မာပဲနဲ့ စကားအပိုတွေအရမ်းပြောတာပဲ.."


အသန်မာဆုံးနတ်ဆိုးဘုရင် နီယန်စကားကိုကြားသောအခါ နှုတ်ခမ်းထောင့်များတွန့်ချိုးသွားကာ အေးစက်စက်အပြုံးတစ်ခုထွက်ပေါ်လာသည်။


သူ့ပတ်ပတ်လည်တွင်ရှိသော သူများသည်လည်း အားပါးတရရယ်မောမိကြသည်။ အထူးသဖြင့် ရက်စက်ယုတ်မာသောနွားသိုးခေါင်းရှိသည့် ကျင့်ကြံသူဖြစ်သည်။ သူကအကျယ်ဆုံးရယ်မောနေသူဖြစ်ကာ သူ့ရယ်သံသည် နားကန်းလုမတတ် ကျယ်လောင်သောခေါင်းလောင်မြည်သံနှင့်တူနေသည်။


သူတော်စင်ဂိုဏ်းချုပ်များ၏မျက်နှာ အလွန်အမင်းကြည့်ရဆိုးသွားတော့သည်။ သို့သော် နီယန်၏စကားများက အလွန်အထက်ဆီးဆန်ကြောင်းဝန်ခံရမည်ဖြစ်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ဘယ်လောက်သန်မာလဲ...


သူတို့မသိကြချေ။ အဘယ့်ကြောင့်ဆိုသော် ထိုလူက တစ်ခါမှအင်အားအပြည့်မသုံးဖူးသောကြောင့်ဖြစ်သည်။


ယခင်က ပုန်းကွယ်နဂါးကောင်းကင်ဝင်ပေါက်တွင် အသန်မာဆုံးနတ်ဆိုးဘုရင်ပေါ်ထွက်လာခဲ့သည်နှင့် အချိန်အကြာကြီးတောင့်ခံနိုင်ခဲ့သော ကောင်းကင်ဝင်ပေါက် ပြိုကျသွားခဲ့သည်။ ၎င်းသည် စက္ကန့်ပိုင်းအတွင်း ကျိုးပျက်သွားခြင်းဖြစ်သည်။


သူတို့ အသန်မာဆုံးနတ်ဆိုးဘုရင်ကို လုံးဝမခုခံနိုင်ခဲ့ပေ။


သူ၏သန်မာမှုသည် သူတော်စင်ဂိုဏ်းချုပ်များ လုံးဝမယှဉ်နိုင်သည့်အဆင့်တွင်ရှိနေသည်။


အသန်မာဆုံးဖြစ်သော ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်နှင့်ယှဉ်လျှင်ပင် နတ်ဆိုးဘုရင်တွင် အလွန်လွမ်းမိုးနိုင်သောသန်မာမှုရှိသည်။ ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင် သေခြင်းတရားမှကပ်သီလေးမလွတ်မြောက်မီ တိုက်ခိုက်နိုင်သည့်အရေအတွက်မှာ ဆယ်ကွက်ထပ်မပိုပေ။


ကံကောင်းစွာဖြင့် သူလွတ်မြောက်သွားခဲ့ကာ ပြန်လာနိုင်ခဲ့သည်။


ထို့သို့ဖြစ်ပျက်ခဲ့ရခြင်းမှာ နတ်ဆိုးဘုရင်တစ်ပါးက များစွာသောသူတော်စင်ဂိုဏ်းချုပ်များကို ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားစေခဲ့သောကြောင့်ဖြစ်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏အကြည့်များ စူးရှလာတော့သည်။ ထိုမိန်းမ၏စကားများသည် သူ့ကိုအမှန်တကယ် လှုံ့ဆော်နိုင်ခဲ့သည်။


သူမ၏စကားများကသူ့ကိုဒေါသထွက်စေသည့် တစ်ခုတည်းသောအရာမဟုတ်ပေ။ အခြားအကြောင်းအရင်းတစ်ခုက သူမအသက်ရှင်နေသေး၍ဖြစ်သည်။ ၎င်းကသူ့ကို အမှန်တကယ် အရှက်ရစေသည်။


သူက သူမကိုလက်ချောင်းတစ်ချောင်းတည်းနဲ့သတ်နိုင်သည်ဟု ပြောခဲ့သူဖြစ်သည်။


သို့သော် ထိုမိန်းမကအသက်ရှင်နေဆဲဖြစ်နေသည်။ သူမက မိုးကြိုးပြစ်ဒဏ်ကိုခံယူခဲ့သည့်အပြင် သူတော်စင်ဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူပင်ဖြစ်သွားခဲ့သည်။


၎င်းက သူမ သူ့မျက်နှာကိုရိုက်ချလိုက်သလိုပင်ဖြစ်နေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ခြေချလိုက်သောအခါ ချက်ချင်းပင် တိမ်မဲများက မြေပြင်ကိုဖြတ်သန်းသွားသည်။


သူ့လက်ကိုမြှောက်လိုက်ပြီး နက်မှောင်လှသောစွမ်းအင်ပမာဏများစွာကို စုစည်းပြီး ရေခဲကဲ့သို့အေးစက်သော လှံတစ်ခုဖြစ်ပေါ်လာသည်။ 


နီယန်သည် လေထဲတွင်ပျံဝဲနေသော အသန်မာဆုံးနတ်ဆိုးဘုရင်ကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။


ခဏအကြာတွင် မျက်စိကန်းလုမတတ် လင်းလက်နေသောကြယ်အလင်းတစ်ခု သူမခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာကာ ကြီးမားသော အစီအရင်ကြီးတစ်ခုထွက်ပေါ်လာသည်။


အစီအရင်စတင်လည်ပတ်လာပြီး ကောင်းကင်တွင် စွမ်းအင်များအဆက်မပြတ်ပြောင်းလဲလာသည်။ ခဏအကြာတွင် ၎င်းသည် ပုံရိပ်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။


ထိုပုံရိပ်ကြီးသည် မသေမျိုးတစ်ယောက်နှင့်တူနေကာ ၎င်းကိုကြယ်ရောင်များဖြင့်လွှမ်းခြုံထားသည်။ မျက်စိကန်းလုမတတ်အလင်းများက နေရာအနှံ့လင်းလက်သွားသည်။


ပုံရိပ်ကြီးသည် အမျိုးသမီးတစ်ယောက်နှင့်တူနေပြီး အလွန်အမင်းညှို့ငင်ဖမ်းစားနိုင်နေသည်။ သူမသည် လေထဲတွင် မသေမျိုးတစ်ပါးလိုလွင့်မျောနေကာ နီယန်နှင့်ဆင်တူသော အမူအယာများရှိနေသည်။


လေးတစ်ခုကိုဆွဲကောင်လိုက်ကာ ထိုအမျိုးသမီးကလေးကြိုးတင်လိုက်သောအခါ ကြယ်အလင်းများက မြှားတစ်ချောင်းအဖြစ်ပုံပေါ်လာသည်။ လေးကြိုးကိုလွှတ်လိုက်သောအခါ ကြယ်အလင်းများမှဖြစ်ပေါ်လာသော မြှားတစ်ချောင်းက လေထဲတွင်တဝီဝိမြည်ဟူသောမြည်သံဖြင့် အသန်မာဆုံးနတ်ဆိုးဘုရင်ထံပျံသန်းသွားသည်။


၎င်းသည် နီယန်ကြယ်ဖမ်းကွန်ရက်နှင့်ပေါင်းစပ်ပြီးသောအခါ၌ သင်ယူမိသောအရာတစ်ခုဖြစ်သည်။ ၎င်းသည် နတ်ဘုရားအဆင့်ပညာရပ်တစ်ခုဖြစ်သော ကြယ်ခုနစ်ပွင့်လေးဖြစ်သည်။


လူတိုင်း၏နားထဲတွင် စုတ်ပြဲသံများ ပဲ့တင်ထပ်လာပြီး မြှားက အသန်မာဆုံးနတ်ဆိုးဘုရင်ထံဦးတည်သွားသည်။


မြှားကကောင်းကင်ယံကိုဖြတ်သန်းသွားချိန်တွင် ကြယ်အလင်းတန်းတစ်ခုကိုကျန်ခဲ့စေပြီး အလွန်တရာလှပနေစေသည်။


၎င်းကအလွန်တောက်ပနေကာ လူများစွာကို ညှို့ယူသွားခဲ့သည်။


သူတော်စင်ဂိုဏ်းချုပ်များအားလုံး ထိတ်လန့်သွားကြသည်။ သူတို့အမှန်တကယ် အံ့ဩသွားကြခြင်းဖြစ်သည်။


ထိုကောင်မလေးက သူတော်စင်ဂိုဏ်းချုပ်အဆင့်ကိုချိုးဖြတ်ပြီးကာစ လူတစ်ယောက်သာဖြစ်သည်။

ဘယ်လိုလုပ်ပြီး သူမမှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအင်ရှိနေရတာလဲ..


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ ချိတ်ဆက်နိုင်ခဲ့တဲ့ အမျိုးသမီးလို့မပြောရဘူး သူမရဲ့သန်မာမှုကတကယ့်ကို ကြောက်ခမန်းလိလိပဲ...


မဟာနိယာမလမ်းကြောင်း၏ စွမ်းအားကို ပြိင်ဆိုင်နိုင်သူတစ်ဦးအနေဖြင့် သူမကို ပုန်းကွယ်နဂါးတိုက်ကြီး၏ အချစ်ခံ မျက်ရှုရတနာလေးတစ်ယောက်အဖြစ်ပင် သတ်မှတ်နိုင်သည်။ သူမ မိုးကြိုးပြစ်ဒဏ်ခံယူသောအခါ မည့်သည့်အခက်အခဲကိုမှမရင်ဆိုင်ရပေ။ အတွေးတစ်ချက်ဖြင့် ပုန်းကွယ်နဂါးတိုက်ကြီးပိုင်ဆိုင်သော စွမ်းအင်ကိုထိန်းချုပ်နိုင်ခဲ့သည်။


အရေးအကြီးဆုံးအရာက သူမ၏တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည်။ သူမသည် သာမန်သူတော်စင်ဂိုဏ်းချုပ်များဖြင့်ပင် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။


သို့သော်


ဘုန်း


အလင်းထက်မြန်သောအရှိန်ဖြင့် လှံတစ်ချောင်းထွက်ပေါ်လာသည်။မည်သူမျှမတုန့်ပြန်နိုင်သေးမီ ထိုလှံကထွက်ပေါ်လာခဲ့သည်။


နီယန်၏ကြယ်အလင်းမြှားသည် အသန်မာဆုံးနတ်ဆိုးဘုရင်ထံမှ တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက် ရသည်။


နီယန်၏တိုက်ခိုက်မှုသည် အသန်မာဆုံးနတ်ဆိုးဘုရင်နားသို့ ရောက်ပင်မရောက်ချေ။


စားသောက်ဆိုင်ထဲတွင် လူတိုင်း လေအေးတစ်ချက်ရှူရှိုက်မိကြသည်။


သူတော်စင်ဂိုဏ်းချုပ်များ၏ မျက်လုံးများထဲတွင် ထိတ်လန့်အံ့ဩမှုများပြည့်လျှံနေကြသည်။


ငရဲဘုရင်အာဟသည် တံခါးကိုမှီတွယ်ရင်း မျက်စိများမှေးကျဉ်း၍ အစပ်ချောင်းကိုစုပ်နေသည်။


"ဒီအမျိုးသမီးက မဟာနိယာမလမ်းကြောင်းနဲ့ ဆက်နွယ်မှုရှိတဲ့ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ ချိတ်ဆက်နိုင်ခဲ့တဲ့သူပဲ... ဒါပေမယ့် သူမအသန်မာဆုံးနတ်ဆိုးဘုရင်နဲ့ ယှဉ်နိုင်ဖို့ကတော့ အတော်လေးခက်ခဲလိမ့်မယ်... သူတို့ကြားရဲ့ ကျင့်ကြံဆင့်ကွာဟမှုက တစ်ဆင့်နှစ်ဆင့်တည်းမှမဟုတ်ပဲလေ... ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးအရာက အဲ့ကောင်မလေးက သူမရဲ့စွမ်းအားတွေကို သက်တောင့်သက်သာအသုံးမပြုနိုင်သေးဘူး... ဘယ်လိုပဲပြောပြော သူမကတော်တော်လေးကို မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့တာပဲ...."


ငရဲဘုရင်အာဟပြောလိုက်သည်။


ငရဲဘုရင်အာဟပြောသည်ကိုနားထောင်ပီးနောက်တွင် သူတော်စင်ဂိုဏ်းချုပ်များသည် နီယန်တစ်ယောက်အသန်မာဆုံးနတ်ဆိုးဘုရင်ကို ဘာမှမလုပ်နိုင်ဟု ခံစားမိသွားကြသည်။ သူတို့မျက်လုံးထဲတွင် ကူကယ်မဲ့သော အကြည့်များ ပေါ်ထွက်လာသည်။


အမှန်အတိုင်းပြောရလျှင် နီယန်တွင်အချိန်အလုံအလောက်ရှိပါက သူမကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နှင့် ပြီးပြည့်စုံစွာချိတ်ဆက်သွားနိုင်မည်ဖြစ်သည်။ ထိုအခါတွင် သူမ အသန်မာဆုံးနတ်ဆိုးဘုရင်ကို ဧကန်မုချတိုက်ခိုက်နိုင်မည်ဖြစ်သည်။


ဆိုးလိုက်တာ... သူမလိုနေတာ အချိန်တစ်ခုပဲ...

 

နီယန် ကြယ်အလင်းမြှားပေါင်းများစွာကို ဆက်တိုက်ပစ်ခတ်လိုက်သော်လည်း အသန်မာဆုံးနတ်ဆိုးဘုရင်က အကုန်လုံးကိုဖျက်ဆီးပစ်လိုက်သည်။


သူမ၏တုနှိုင်းမဲ့အောင်လှပသော မျက်နှာလေးတွင် စိုးရိမ်စိတ်အရိပ်အယောင်များပေါ်ထွက်လာကာ မျက်ခုံးများတွန့်ချိုးသွားကြသည်။ ခဏအကြာတွင်....


လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏မျက်နှာတွင်ပင် စိတ်ရှုပ်ထွေးသွားသောအကြည့်များထွက်ပေါ်လာသည်။


နီယန် နောက်သို့လှည့်ပြေးလိုက်သည်။ ကြယ်အလင်းများအပေါ်ခြေချနင်း၍ သူမ၏ပုံရိပ်သည် အလင်းတန်းတစ်ခုနှယ်ထွက်ပြေးသွားခဲ့သည်။ ချက်ချင်းပင် သူမထောင်တျဲစားသောက်ဆိုင်ထဲတွင်ပေါ်ထွက်လာတော့သည်။


"လိမ္မာတယ်... ဒီအမျိုးသမီး ဝိုက်တစ်ခွက်သောက်တာ စောင့်လိုက်ဦး ပြီးမှ ထပ်ချကြမယ်...."


နီယန်ထောင်တျဲစားသောက်ဆိုင်ဝင်ပေါက်သို့ဆင်းသက်လိုက်ကာ သူမမေးစေ့ကိုထပ်ထိလိုက်ပြန်သည်။ သူမ မျက်လုံးထောင့်က လေးကိုကြည့်လိုက်ပြီး လှံရှည်တစ်ခုကိုလက်တွင်ကိုင်ထားသော အသန်မာဆုံးနတ်ဆိုးဘုရင်ကိုဆက်ကြည့်လိုက်သည်။


လူတိုင်း အံ့ဩသွားကြကာ တောင့်ခဲသွားကြသည်။


သူမ မနိုင်မှန်းသိတော့ ထွက်ပြေးတယ်ပေါ့...


ထွက်ပြေးနေရင်းတောင် မိမိုက်နေသလိုဟန်ဆောင်နေသေးတယ်....


ဒါက ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ ချိတ်ဆက်နိုင်ခဲ့တဲ့ အာကာသနတ်သမီးရောဟုတ်ရဲ့လား...


သူတို့ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက် လူမှားလက်ထဲရောက်သွားတယ်လို့ ဘာလို့ခံစားနေရတာလဲ....


မိုထျန်းကျီသည်လည်း အံ့ဩသွားခဲ့သည်။


သူမက ဒီလိုလူလား.. သူ့မျက်လုံးထဲမှ အာကသနတ်သမီးက အရမ်းသိမ်မွေ့နူးညံ့ပြီး စိတ်ရှည်သည်းခံတတ်တဲ့သူလေ... သူမက ငယ်ရွယ်အပြစ်ကင်းပြီး ဉာဏ်ကောင်းထက်မြက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ခဲ့တာလေ...


သူ့ရှေ့ကဆောင့်ကြွားကြွားနဲ့ အမျိုးသမီး... မိမိုက်သလိုဟန်ဆောင်ရတာကြိုက်တဲ့သူက... သူသိတဲ့ သူ လုံးဝမဟုတ်ဘူးနော်....


ထောင်တျဲစားသောက်ဆိုင်ထဲတွင် သူတော်စင်ဂိုဏ်းချုပ်များက နီယန်ကို ပြူးတူးကြောင်တောင်နှင့်ကြည့်နေကြသည်။ သူတို့ နီယန်တစ်ယောက် ပုဖန်ဆီ စိတ်လှုပ်တရှားနှင့် ပြေးသွားသည်ကိုသာ ကြည့်နေလိုက်သည်။


"ပိုင်ရှင်ပု ကျွန်မကိုဝိုင်မြန်မြန်လေးပေး.. အဲ့လူကတော်တော်လေးသန်မာတယ်... ကျွန်မ သတ္တိကိုမြှင့်ဖို့ ဝိုင်လိုနေပြီ...."


ပုဖန် သူ့ဝိုင်ခွက်သူကိုင်ထားပြီး နီယန်ကို ခံစားချက်မဲ့သောမျက်နှာဖြင့်ကြည့်လိုက်သည်။


"အိုး.... ဒီမယ် မင်းရဲ့ဝိုင်..."


ပုဖန် ဝိုင်ခွက်တစ်ခွက်ထုတ်ကာ နီယန်ကို တစ်ခွက်လောင်းထည့်ပေးလိုက်သည်။ ဝိုင်သည် ဝိုင်ခွက်ထဲသို့ ငြိမ့်ညောင်းသောအသံဖြင့် ဝင်သွားပြီး ခွက်ထဲတွင် လည်ပတ်နေသည်။


ကြယ်ရောင်အလင်းတန်းများက ခွက်အတွက်းမှထွက်ပေါ်နေသည်။


ထူထဲလှသောဝိုင်ရနံ့များက လေထုထဲတွင် ပျံ့နှံ့သွားကာ ဧရိယာတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ လူတိုင်း ဝိုင်ရနံ့ကမူးဝေသွားကြသည်။


ကောင်းကင်ယံတွင် အသန်မာဆုံးနတ်ဆိုးဘုရင် လက်တစ်ဖက်ထဲတွင် လှံကိုကိုင်ကာ မျက်လုံးများကအေးစက်နေသည်။ ဝိုင်ရနံ့သင်းသင်းကိုရှူရှိုက်ပြီးချိန်တွင် သူ့မျက်စိ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ သူ့မျက်နှာတွင် ယစ်မူးနေသောအမူအယာပေါ်ထွက်လာသည်။


"မွှေးလိုက်တာ... ဝိုင်ကောင်းပဲ..."


အသန်မာဆုံးနတ်ဆိုးဘုရင်၏ အကြည့်များက ထောင်တျဲစားသောက်ဆိုင်ပေါ်သို့ကျရောက်သွားသည်။


သူ ထိုင်ခုံပေါ်တွင် အေးချမ်းတိတ်ဆိတ်စွာမှီတွယ်နေသော ပုံရိပ်တစ်ခုကို မြင်သောအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုပုံရိပ်သည် သူ့ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာအနားယူနေသော ပုဖန်ဖြစ်သည်။


ဒီကောင်....


အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်လုံးမှ မီးပွားများ စတင် တောက်လောင်လာသလိုဖြစ်နေသည်။ သူ့ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်အော်ရာများ ထပ်မံပေါ်ထွက်လာပြန်သည်။


"မင်းပဲ.... မင်းက ဒီဘုရင်ရဲ့ပစ္စည်းတွေကိုလမ်းတစ်ဝက်မှာ ဖြတ်ခုတ်သွားတဲ့လူသားပဲ.... မင်းသေသင့်တယ်..."


အသန်မာဆုံးနတ်ဆိုးဘုရင် ဒေါသထွက်လာကာ သူ့အသံသည် မိုးခြိမ်းသံတမျှကျယ်လောင်လာသည်။ အသံလှိုင်းများက ကောင်းကင်အထိပင်ထိုးဖောက်ကာ လူတိုင်း၏နားစည်သို့ရိုက်ခတ်သွားသည်။


သူပုဖန်ကိုမြင်သောအခါ ကြေးနန်းတော်တွင်ရှိစဉ်က ပုဖန် သူ့ထဲမှ ဖြတ်ခုတ်သွားသော အခွင့်အလမ်းများနှင့် ကံကောင်းမှုများကို ပြန်လည်သတိရလာသည်။


ထိုအချိန်တွင် ပုဖန်သည် လက်ထဲတွင်ဝိုင်ခွက်ကိုကိုင်ကာ ထိုင်ခုံပေါ်တွင် မှီတွယ်နေသည်။ သူအသန်မာဆုံးနတ်ဆိုးဘုရင်ကိုတစ်ချက်ကြည့်လိုက်သော်လည်း နတ်ဆိုးဘုရင်၏ဒေါသကို နှောင့်ယှက်ရန် ပျင်းရိလွန်းနေသည်။ သူ့ဝိုင်ခွက်ကိုမြှောက်ကာ နီယန်ဝိုင်ခွက်ဖြင့် ခပ်ဖွဖွ တိုက်လိုက်သည်။


ခဏအကြာတွင် ဝိုင်ခွက်ကို သူ့နှုတ်ခမ်းပေါ်သို့တင်လိုက်သည်။


ဝိုင်ခွက်ကို သူ့နှုတ်ခမ်းများပေါ်တင်လိုက်ချိန်တွင် အေးမြသောခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ဝိုင်ခွက်သည် စနစ်မှထောက်ပံ့သောအရာသာဖြစ်၍ ထိုအရာကို မည်သည့်အရာများဖြင့် ပြုလုပ်ထားမှန်းမသိချေ။ 


ဝုန်း


သူခွက်ကိုစောင်းငဲ့လိုက်သောအခါ သူ့ပါးစပ်ထဲသို့ ဝိုင်များစီးကျလာသည်။ ဝိုင်များမှ ကြယ်အလင်းများကိုထုတ်လွှတ်နေကာ သူ့နှုတ်ခမ်းနှစ်လွှာကို စိုစွတ်သွားစေသည်။


၎င်းသည် သူအချိန်အကြာကြီးစောင့်ခဲ့ပြီးမှ မြည်းစမ်းခွင့်ရသော တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ဖြစ်သည်။


အဓိကပါဝင်ပစ္စည်းများသည် ကမ္ဘာမြေအကျဉ်းထောင်မှ စမ်းချောင်းဝါမြက်နှင့် ခိုးကိုးရာမဲ့ပန်းဖြစ်သည်။ အခြားသော အဖိုးတန်ဆေးပင်များကိုလည်း ဝိုင်ချက်လုပ်သည့်အထဲတွင် ထည့်သွင်းခဲ့ကာ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုသုံးပြီး နီယန့်အကူအညီဖြင့် ဝိုင်ချက်လုပ်ခဲ့သည်။


ဝိုင်တစ်အိုးသာရှိပြီး ထိုဝိုင်အိုးကုန်သွားပါက နောက်ထပ်မရှိတော့ပေ။


ထို့ကြောင့် ဝိုင်တစ်စက်ချင်းစီကပင် ပုဖန်အတွင် အလွန်တရာတန်ဖိုးရှိပေသည်။


ဝိုင် သူ့ပါးစပ်ထဲရောက်လာချိန်တွင်...


ပုဖန်တွေးထင်ထားခဲ့သော အေးမြမှုကိုမပေးစွမ်းပေ။ ယင်းအစား အပူဓာတ်ခပ်ဖျော့ဖျော့ကိုသာခံစားရသည်။ သူ့နှုတ်ခမ်းပေါ်တင်လိုက်သည်နှင့် လည်ချောင်းထဲသို့ စီးကျသွားသည်။


ဂလု ဂလု


ပုဖန်နှုတ်ခမ်းနှစ်လွှာကို ဝိုင်များထိတွေ့မိချန်တွင် အဆက်မပြတ်သောက်ချင်လာအောင် နူးညံ့ပြီး ဆန်းကျယ်သောခံစားချက်တစ်ကိုပေးစွမ်းလာသည်။ သိပ်မကြာခင်တွင် သူဝိုင်တစ်ခွက်လုံးကို သောက်ဖြစ်သွားသည်။


ပုဖန်ဝိုင်တစ်ခွက်လုံးကို သောက်ပြီးချိန်တွင် မျက်လုံးများမှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကိုခံစားမိလိုက်ပြီး ဝိုင်ခွက်ကိုပြန်ချလိုက်သည်။


သူ့မျက်နှာပေါ်သည် ပတ္တမြားရောင်လိုရဲရဲနီလာပြီး အလွန်အမင်း ချစ်စဖွယ်ကောင်းနေတော့သည်။


အစာအိမ်ထဲသို့ရောက်သွားချိန်တွင် နူးညံ့သောခံစားချက်များပျောက်ကွယ်သွားသည်။ ပူပြင်းသောခံစားချက်သည် အေးစိမ့်သောခံစားချက်နှင့်အတူထွက်ပေါ်လာသည်။ ကြယ်အလင်းတန်းများက သူ၏ခြေလက်များတွင်ပြည့်လျှံလာကာ နက်နဲသိမ်မွေ့သောခံစားချက်ကိုရစေသည်။


အရေးအကြီးဆုံးအရာမှာ... သူဝိုင်ကိုပြန်မျိုချပြီးနောက်တွင် လျှာဖျားပေါ်တွင်ခါးသက်သောခံစားချက်ကိုရလိုက်ခြင်းဖြစ်သည်။


အမှန်ပင်...


ထို လျှာဖျားပေါ်တင်ကျန်ခဲ့သည့် ခါးသက်သက်ခံစားချက်က လူအများကိုဆွဲဆောင်နိုင်သည်။


လျှာဖျားပေါ်တင်ကျန်ခဲ့သည့် ခါးသက်သက်ခံစားချက်သည် စမ်းချောင်းဝါမြက်နှင့် ခိုးကိုးရာမဲ့ပန်းတို့၏ အဆီအနှစ်များပေါင်းစပ်ရာမှထွက်ပေါ်လာသည့် အရသာဖြစ်သည်။ ခါးသက်သက်ခံစားချက်သည် လျှာပေါ်မှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံ့နှံ့သွားသည်။ သူ၏ စိတ်ဝိဉာဉ်စွမ်းအင်များသည်လည်း လှည့်ပတ်လာတော့သည်။


မျက်လုံးကိုမှိတ်ရင်း ပုဖန် ဝိုင်ခွက်ကိုပြန်ချလိုက်သည်။ သူ့နှာဖျားမှ အသက်ရှူသံခပ်ဖွဖွထွက်ပေါ်လာသည်။


ခဏအကြာတွင် ပါးစပ်ဖွင့်ကာ အဖြူရောင်အငွေ့ ပါးစပ်အပြည့်အန်ထုတ်လိုက်သည်။


နီယန် ပုဖန်ကိုအတုခိုးကာ ဝိုင်ခွက်ကိုဝေ့ယမ်းလိုက်သည်။


နီယန်သည် ပုဖန်၏ဝိုင်ကိုမြည်းစမ်းရန် အချိန်အကြာကြီးစောင့်ခဲ့ရသည်။ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ဖြစ်စေ သိမြင်မှုရေခဲမီးလျှံဝိုင်ဖြစ်စေ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ဖြစ်စေ သူမသောက်ချင်ခဲ့သည်။


သူမ ဝိုင်တစ်ခွက်လုံးကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။


သူမကိုယ်သူမပင် မရပ်တန့်နိုင်တော့ပေ။


သောက်ပြီးချိန်တွင် နီယန်မျက်လုံးများပြူးကျယ်လာသည်။ သူမ၏မျက်နှာ ရုတ်ချည်းပင် ရဲရဲနီသွားကာ အသာအယာဖြစ်ညှစ် လိုက်ရုံဖြင့် သွေးတစ်စက်စက်ကျလာတော့မယောင်ပင်ဖြစ်နေသည်။


ပုဖန်၏ ပတ္တမြားရောင်နီရဲနေသောမျက်နှာနှင့်ယှဉ်လျှင် သူမ၏မျက်နှာသည် ပိုမိုရဲရဲနီနေပြီး ဘယ်အချိန်မဆို သွေးများစီးကျလာတော့မလိုဖြစ်နေသည်။


နီယန် အရက်မူးသွားခဲ့သည်။


ဝိုင်တစ်ခွက်က သူမကိုမူးယစ်သွားစေသည်။


သူမ၏နှုတ်ခမ်းနှစ်လွှာကိုဖွင့်ဟ၍ အရက်နံ့ပြင်းပြင်းနှင်အတူ အဖြူရောင်အငွေ့များကို အန်ထုတ်လိုက်သည်။


လူတိုင်း၏နားထဲတွင် ဒုန်းကနဲမြည်သံထွက်ပေါ်လာသည်။


နီယန် စားပွဲခုံကိုလက်ဖြင့်ရိုက်ချလိုက်ခြင်းဖြစ်ကာ ထောင်တျဲစားသောက်ဆိုင်ထဲရှိ သူတော်စင်ဂိုဏ်းချုပ်များကို မျက်လုံးပြူးသွားစေသည်။


အစားကြူးတောင်ကြား၏ ပထမဆုံးတောင်ကြားသခင် မသိစိတ်အလျောက် သူ့ပါးစပ်သူထိလိုက်မိသည်။


ဝိုင်တစ်ခွက်က သူတော်စင်ဂိုဏ်းချုပ်အသစ်လေးကို မူးသွားစေခဲ့သည်။


အဲ့တာ ဘာဝိုင်မလို့လဲ..


အဲ့ဝိုင်က ဘယ်လောက်တောင် ပြင်းလဲ...


ဘုန်း


အသန်မာဆုံးနတ်ဆိုးဘုရင် စားသောက်ဆိုင်ရှေ့တွင်ရပ်နေကာ သူ၏ကြောက်မက်ဖွယ်အော်ရာများကို နေရာအနှံ့သို့ပျံ့နှံ့နေစေပြီး အကန့်အသတ်မဲ့သောစွမ်းအင်များကိုထုတ်လွှတ်နေသည်။


သူ၏ ပုဖန်အပေါ် သတ်ဖြတ်ချင်စိတ်သည် မိုးထိတိုင်အောင်မြင့်နေသည်။


သို့သော် သူ၏သတ်ဖြတ်လိုစိတ်သည် ရုတ်ချည်းပင်လျော့ကျသွားခဲ့ရသည်။


အဘယ်ကြောင့်ဆိုသော် အလွန်အမင်းလှပသောမျက်နှာနှင့် စွဲမက်ဖွယ်မျက်ဝန်းတစ်စုံကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။


"အရမ်း... အရမ်းပူတယ်... အကုန်လုံးကိုဖွင့်ထုတ်ပစ်လိုက်ချင်နေပြီ..."


နီယန် ပါးစပ်ဖွင့်လိုက်ကာ ပါးစပ်အပြည့် အငွေအဖြူများကိုအန်ထုတ်လိုက်သည်။ သူမခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အော်ရာများ စတင်မြင့်တက်လာတော့သည်။