အပိုင်း ၉၀၂
Viewers 53k

အခန်း ၉၀၂

အရက်မူးနေတဲ့အမျိုးသမီးများ


ပူတယ်.... အကုန်လုံးကိုဖွင့်ထုတ်ပစ်လိုက်ချင်တယ်...


ထိုစကားများ နီယန့်ပါးစပ်မှထွက်လာသောအခါ လူတိုင်းအနည်းငယ် တောင့်ခဲသွားကြသည်။ အထူးသဖြင့် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်နှင့်မိုထျန်းကျီဖြစ်သည်။


သူတို့နှစ်ယောက်လုံး၏မျက်နှာတွင် ထိတ်လန့်နေသောအမူအယာများရှိနေကြသည်။ 

သူမက သောက်ကျိုးနည်းအောင် အာကာသနတ်သမီးလေ... ဘယ်လိုလုပ်ပြီးဒီလိုစကားများပြောနိုင်ရတာလဲ....


နီယန်၏ သွေးကဲ့သို့ရဲရဲနီနေသည့်မျက်နှာနှင့် လေချဉ်တက်နေသောပုံကိုကြည့်ပြီး သူတို့နှစ်ယောက်လုံး မသေချာမရေရသလိုခံစားလိုက်ရသည်။


ဝိုင်က... အဆိပ်ခတ်ထားတာများလား...


ဘုန်း


နီယန်၏ အော်ရာများ အဆက်မပြတ်တက်လာသည်။ သူမ၏ရုတ်တရက်ကြီး အော်ရာတိုးတက်လာမှုသည် သူတော်စင်ဂိုဏ်းချုပ်များကိုနှလုံးဆောင့်ခုန်သွားစေသည်။


သူမပတ်ပတ်လည်တွင် ဝန်းရံထားသောအော်ရာများသည် ဒုန်းပျံတစ်စင်းနှယ် ကောင်းကင်ထိတိုင်အောင် ထိုးတက်သွားသည်။ ၎င်းသည် သူမ၏ကျင့်ကြံခြင်းအဆင့် ရုတ်တရက်ပေါက်ကွဲထွက်လာသည်နှင့်တူပြီး လူတိုင်း၏မျက်လုံးကို အလိုအလျောက်ပင်ပြူးကျယ်သွားစေသည်။


အလင်းယိမ်းသူတော်စင်ဂိုဏ်းချုပ်သည် လှပသောအမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူမ မျက်နှာတွင်ရှိသင့်သည့် သိမ်မွေ့မှုနှင့်ကျက်သရေရှိမှုများကို ဘယ်နေရာမှရှာမတွေ့ပဲ ပါးစပ်အဟောင်းသားနှင့် ကြောင်အနေလျက် နီယန်ကိုကြည့်နေသည်။


နီယန်၏ ပတ်ပတ်လည်ရှိ အော်ရာများသည် သူမ၏ ခန္ဓာကိုယ်ကို ခပ်ဖွဖွတုန်ရီသွားစေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် စားသောက်ဆိုင်ရှေ့တွင် သက်ဆင်းလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများ စတင် တိုးထွက်လာပြီး ထိုစွမ်းအင်လှိုင်းလုံးများကြောင့် လူများကိုချွေးပြန်သွားစေသည်။


ဝမ်ရန်ရှန်သည် ဝိုင်ရနံ့ကိုအနံ့ခံနေရင်း သူ့မျက်နှာပေါ်တွင် မူးယစ်ရီဝေနေသောပုံဖြစ်နေသည်။ သူသည် အသန်မာဆုံးနတ်ဆိုဘုရင်၏ စွမ်းအင်လှိုင်မျာကြောင့် စားသောက်ဆိုင်ထဲ လေးဘက်ထောက်ပြီးဝင်သွားမလိုပင်ဖြစ်သွားသည်။


သူ၏မျက်လုံးများပြူးကျယ်လာကာ သူ့မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားသော အမူအယာများဖြစ်ပေါ်လာသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ အကြည့်များထက်ရှသွားကာ သူ့အသက်ရှူသံများလေးလံသွားပြီ သူ့ပတ်ပတ်လည်တွင် နက်မှောင်လှသော ငရဲစွမ်အင်များလည်ပတ်နေသည်။ ငရဲစွမ်းအင်များသည် ရှည်လျားလှသော အနက်ရောင်မြွေကြီးများနှယ်ထူထဲလှကာ သူ့ပတ်ပတ်လည်တွင် လည်ပတ်နေသည်။


သူ့အကြည့်များက စားသောက်ဆိုင်အတွင်းတွင်ရှိသော ပုဖန်ထံရောက်ရှိနေသည်။


ပုဖန်သည် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်တစ်ခွက်သာ သောက်ရသေးသော်လည်း မူးယစ်နေပြီဟုခံစားနေရသည်။ ဝိုင်၏ပြင်းအားသည် ပုဖန်ထင်ထားသည်ထက် ကျော်လွန်နေသည်။


ပုဖန် သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်တွင် တစ်ခွက်တည်းနှင့်မူးနေပါက အခြားသူများဆိုလျှင် မည်မျှပိုဆိုးနေမည်နည်း။


အသန်မာဆုံးနတ်ဆိုးဘုရင် စားသောက်ဆိုင်ရှေ့တွင် ဝင့်ကြွားသောအမူအယာဖြင့်ရပ်လိုက်ကာ နားကန်းလုမတတ်ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်သည်။


သို့သော် သူ၏ဟိန်းဟောက်သံသည် ရုတ်ချည်းပင်ရပ်တန့်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လှပသောပုံရိပ်တစ်ခုက ရုတ်တရက် သူ၏ရှေ့သို့လျှောက်လာသောကြောင့်ဖြစ်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်လုံးဝိုင်းပြူးများက သူ့ရှေ့တွင်ရပ်နေသော နီယန်ကိုကြည့်လိုက်သည်။


"အရှက်မရှိလိုက်တာ... မင်းကငါ့ရဲ့ ပြိုင်ဘက်လုံးဝမဟုတ်ဘူး..."


နီယန်၏မျက်နှာသည် အလွန်အမင်းရဲရဲနီနေကာ သူမ၏ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များလည်း ထွက်ပေါ်နေသည်။ သူမ မျက်နှာတွင် ရီဝေနေသောအမူအယာရှိနေပြီး အသန်မာဆုံးဘုရင်ကို လုံးဝသတိမထားမိပေ။


ပါးစပ်ဟလိုက်ကာ လေချဉ်တက်လိုက်သည်။ ထို့နောက် လက်သီးကိုမြှောက်လိုက်ကာ ထိုးချလိုက်သည်။


"တကယ့်ကို ဝိုင်ကောင်းပဲ..."


နီယန်အော်လိုက်သည်။


လက်သီးချက် ကိုဆန့်ထုတ်လိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများစတင်တုန်ရီလာသည်။ အေးစက်စက်ရယ်သံတစ်ခုနှင့်အတူ လက်မြှောက်လိုက်ပြီး လက်သီးချက်ကို ပြန်တုန့်ပြန်လိုက်သည်။


သူ့ခန္ဓာကိုယ်ရဲ့ သန်မာမှုနဲ့ဆိုရင် အဲ့မိန်းမ လုံးဝကို အသားစအပုံအဖြစ် ကြွေမွသွားလိမ့်မယ်...


ဘုန်း


အသန်မာဆုံးနတ်ဆိုးဘုရင်၏လက်သီးချက်သည် နီယန်၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။


သို့သော် သူမျှော်လင့်ထားသလို သူမကိုအသားစအပုံအဖြစ်ချေမွပစ်မယ် ဟူသောဖြစ်ရပ် ဖြစ်မလာခဲ့ပေ။ ယင်းအစား ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာသည်။ သူတို့၏ ခွန်အားများ ညီမျှနေခဲ့ကြသည်။


နီယန်၏ ခန္ဓာကိုယ်သည် လေအဝှေ့တွင်သယ်ဆောင်ခြင်းခံလိုက်ရသေး သစ်ရွက်လေးတစ်ရွက်နှယ်ဖြစ်သွားသည်။ မြေပေါ်တစ်နေရာရာကို သက်ဆင်းလိုက်ပြီး သူမ၏ခြေဖျားနှင့်မြေပြင်ကိုဖိနင်း၍ သူမ၏ပုံရိပ်ဝေဝါးသွားကာ ကောင်းကင်ပေါ်ပျံတက်သွားသည်။


"ငါ့လက်သီးကိုစားလိုက်... အေ့"


နီယန်၏မျက်နှာ အလွန်နီရဲနေပြီး နူးညံ့ကာလှပသောအသွင်ကိုဆောင်နေသည်။ ရိုးစင်း ဖြူစင်လှသော ကြို့ထိုးသံက သူမ၏နှုတ်ခမ်းနှစ်လွှာမှ လွတ်မြောက်သွားခဲ့သည်။


သူမ၏လက်သီးချက်သည် လေထဲတွင် အရှိန်တိုးလာသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ထိတ်လန့်သွားခဲ့သည်။ ထိုမိန်းမသူ့ထံမှ လက်သီးချက်တစ်ချက်ကိုခံနိုင်လိမ့်မည် သူတစ်ခါမတွေးဖူးဘူးပေ။


သူက အသန်မာဆုံးနတ်ဆိုးဘုရင်လေ... သူ့ရဲ့သန်မာအားကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ဖြင့် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှာရှိတဲ့ နတ်ဆိုးဘုရင်များကြားမှာ အသန်မာဆုံးခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာလေ...


ဒါပေမယ့် ခုနက သူ့ရဲ့လက်သီးချက်က သူ့ရှေ့က ချောမောလှပသောမိန်းကလေးတစ်ယောက်ကိုထိသွားခဲ့ပေမယ့်... သူတို့ရဲ့ခွန်အားချင်း တူညီလုနီးပါးရှိနေတယ်လို့ သတိပြုမိလိုက်တယ်... 


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ဘုန်း ဘုန်း ဘုန်း


နီယန်၏ မိုးစက်များကဲ့သို့လက်သီးချက်များက သူ့ပေါ်အဆက်မပြတ်ကျရောက်လာသည်ကိုကြည့်ပြီး အသန်မာဆုံးနတ်ဆိုးဘုရင်၏ စိတ်ထဲတွင် ရှုပ်သွားကာ အဆက်မပြတ်နောက်သို့ဆုတ်နေရသည်။



စားသောက်ဆိုင်တွင်


လေထုက အလွန်ထူးဆန်းနေပြီး တိတ်ဆိတ်နေသည်မှာ ရေတစ်စက်ကျသံကိုပင်ကြားနိုင်နေသည်။


ဆိုင်ထဲတွင်ရှိနေသောသူများအားလုံး မျက်နှာအမူအယာများကင်းမဲ့နေကြသည်။ ဆေးမှားသောက်ပြီး အပြင်းထန်ဆုံးနတ်ဆိုးဘုရင်ကို ထိန်းမနိုင်သိမ်းမရ ပုံစံဖြင့်အတင်း တိုက်ခိုက်နေသော နီယန်ကိုကြည့်ပြီး သူတို့၏နှလုံးသားတစ်ခုလုံး လှိုင်းများထန်သွားသလိုပင်ခံစားလိုက်ရသည်။


အဲ့တာ တကယ့်အာကာသနတ်သမီးလား... အဲ့မိန်းက သူတို့သိတဲ့ အာကာသနတ်သမီးရောဟုတ်ရဲ့လား...


မူလက အာကာသနတ်သမီးသည် နွေးထွေးကြင်နာ နူးညံ့သိမ်မွေ့သောအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်း၏ ပန်းတိုင်ပင်ဖြစ်သည်။


သို့သော် ယခုတွင် သူတို့ရှေ့တွင်ရှိသော ရက်စက်ကြမ်းကြုတ်လှသောအမျိုးသမီးကိုကြည့်ရင်း... သူမက အာကာသနတ်သမီးရောဟုတ်သေးရဲ့လား...


သူမက လူရေခြုံထားတဲ့ ဒိုင်နိုဆောမဟုတ်တာသေချာပါတယ်နော်..


သူမ တိုက်ခိုက်နေတဲ့သူက အသန်မာဆုံးနတ်ဆိုးဘုရင်ပါဟ...


သူတော်စင်ဂိုဏ်းချုပ်တွေ တစ်ချိန်တည်းတူတူတိုက်ခိုက်ရင်တောင် နိုင်ပါ့မလားမသေချာတဲ့ အသန်မာဆုံးနတ်ဆိုးဘုရင်လေ...


သူတော်စင်ဂိုဏ်းချုပ်များ သူတို့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး သူတို့၏နှုတ်ခမ်းများ အလိုအလျောက်တုန်ရီလာတော့သည်။


မျိုးဆက်သစ်တွေက မျိုးဆက်အဟောင်းတွေကို အမြဲတမ်းကျော်တက်သွားကြတာပဲ.. ဒီလူအိုကြီးတွေ တို့ဟူးတုံးကြီးနဲ့ သေတဲ့အထိရိုက်သတ်ခံရဖို့ကောင်းနေပါပြီ..


"စိတ်ပျက်စရာမိန်းမ.. အရှက်ကိုမရှိလိုက်တာ.."


အသန်မာဆုံးနတ်ဆိုးဘုရင်အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်စင်တုန်ရီလာသည်။ သူ့ခန္ဓာကိုယ်မှကြောက်မက်ဖွယ်အော်ရာများထွက်ပေါ်လပြီး နီယန်ကိုပျံထွက်သွားစေသည်။


နီယန် မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။ သို့သော် မြေပြင်ပေါ်ကျလာလာချင်း စွမ်းအင်များပေါက်ကွဲလာသောအရှိန်ဖြင့် ကောင်းကင်ပေါ်ပြန်ရောက်ရှိသွားခဲ့သည်။


အသန်မာဆုံးနတ်ဆိုးဘုရင် အလွန်အမင်းဒေါသထွက်သွားခဲ့သည်။

ဒီမိန်းမကို ဖယ်ထုတ်ဖို့ ဘာလို့ဒီလောက်တောင်ခက်နေရတာလဲ...


စားသောက်ဆိုင်တံခါးပေါ်တွင်မှီနေသော ငရဲဘုရင်အာဟ ထိုမြင်ကွင်းကို မျက်လုံးတောက်တောက်လေးများဖြင့်ကြည့်နေသည်။


နီယန်၏ ထိန်းမနိုင်သိမ်းမရသွင်ပြင်ကိုကြည့်ပြီး သူစုပ်နေသော အစပ်ချောင်းစတင်တုန်ရီလာသည်။ ခဏအကြာတွင် စားသောက်ဆိုင်ထဲသို့ လှည့်ဝင်လိုက်သည်။


ပုဖန် ထိုင်ခုံပေါ်တွင် မှီထိုင်နေပြီး နှာခေါင်းပေါက်မှ အဖြူရောင်အငွေ့များကို မှုတ်ထုတ်လိုက်သည်။ ထိုင်ခုံပေါ်တွင်မှီထိုင်နေပြီး ခေါင်းကိုမော့ထားကာ သူ၏နီမြန်းနေသော မျက်နှာကို ဖော်ပြထားသည်။


ပုဖန် အနည်းငယ် မူးဝေနေသည်။


ခွေးဘုရင်သည် အရက်မူးနေသောပုဖန်ကိုကြည့်ပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့်ပြည့်လျှံလာသည်။ သူ့မျက်လုံးများကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ တွေးလိုက်မိသည်။


"ဒီဝိုင်က.. အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား.."


အဲ့တာက ကောင်လေးပုဖန်ကိုတောင် မူးသွားတယ်ပေါ့လေ..


ပန်းပွင့်လေး သူမ၏ လှပသောသုံးပန်လှမျက်လုံးလေးများကို တဖျပ်ဖျပ်ခတ်လိုက်သည်။ ဝိုင်မူးနေသော ပုဖန်ရှေ့သို့လမ်းလျှောက်သွားလိုက်ပြီး ပုဖန်ကို အနံ့ခံလိုက်သည်။


ခဏအကြာတွက် သူမ၏အကြည့်များက ဝိုင်ခွက်ပေါ်ကျရောက်သွားသည်။


နယ်သာရီသည် မျက်နှာသေဖြင့်ရှိနေဆဲဖြစ်သည်။ သူမ၏ဆံပင်များ အနောက်တွင်ဖားလျားကျနေပြီး ပန်းပွင့်လေးကိုလှည့်ကြည့်လိုက်သည်။


"အိုး... ဒီကလေးပုဖန်မူးနေတာလား... အဲ့တော့ ငါတို့တွေအခု ကြိုက်တာလုပ်လို့ရပြီဆိုတဲ့သဘောပေါ့..."


ငရဲဘုရင်အာဟ စားသောက်ဆိုင်ထဲသို့လျှောက်ဝင်လာပြီး ရီဝေနေသောအမူအယာဖြင့်ထိုင်ခုံပေါ်တွင်ထိုင်နေသော ပုဖန်ကိုတွေ့လိုက်သေအခါ သူ့နှုတ်ခမ်းဖျားမှ ရယ်သံတစ်ခုထွက်ပေါ်လာသည်။


"ဘာလုပ်ဖို့ စီစဉ်ထားလဲ..."


ဘယ်သူမှမသိခင်တွင် ခွေးဘုရင်သည် ထိုင်ခုံပေါ်သို့တက်သွားပြီးပြီဖြစ်သည်။ သူ့လက်ဖဝါးများကို စားပွဲပေါ်တင်ထားပြီး အပျော်လွန်နေပုံပေါက်နေသော ငရဲဘုရင်အာဟကိုကြည့်လိုက်သည်။


"ခွေးငတုံး... မင်းကိုနှေးကွေးတယ်လို့ငါပြောတာမှန်တယ်တွေ့လား... ပုဖန်ကမူးနေပြီဆိုမှတော့ ငါတို့ဒီဝိုင်ကိုစိတ်ကကျေနပ်တဲ့အထိသောက်လို့ရပြီလေကွာ..."


ငရဲဘုရင်အာဟပြောလိုက်သည်။


ခွေးဘုရင် ထိုအကြောင်းကိုတွေးလိုက်ပြီး စကားပြန်ပြောလိုက်သည်။


"အမှန်ပဲ... ဒီကောင်လေးပုဖန်ရဲ့ မကောင်းတဲ့အကျင့်စရိုက်နဲ့ဆိုရင် ဒီဝိုင်နဲ့လဲသောက်ဖို့ ပါဝင်ပစ္စည်းအချို့ကိုတော့သုံးသင့်တယ်...."


အပြင်ဘက်ရှိတိုက်ပွဲကိုကြည့်ရလျှင် အလွန်အမင်းပူပြင်းနေသည်။ သို့သော် စားသောက်ဆိုင်ထဲတွင်မူ လူတစ်ယေက်နှင့်ခွေးတစ်ကောင် ပုဖန်သူတို့ကို ဝိုင်သောက်ခွင့်မပေးသည့်အကြောင်းကို အကြိတ်အနယ်ဆွေးနွေးနေကြသည်။


နောက်ဆုံးတွင် ငရဲဘုရင်အာဟသည် ထိုပြဿနာ၏အဖြေကိုအလေးအနက်တွေးနေလိုက်တော့သည်။ သူနှင့် ထိုကလေးပုဖန်တို့၏ဆက်ဆံရေးအရ သူတစ်ခွက်ယူသောက်လိုက်လျှင်ပင် ဘာမှမမှားဘူးဟု ခံစားနေရသည်။


လူတစ်ယောက်နှင့်ခွေးတစ်ကောင် မျက်နှာများနီရဲလာသည်အထိ ငြင်းခုန်နေကြသည်။


ထိုမြင်ကွင်းက အလွန်ထူးဆန်းနေသည်။


သူတော်စင်ဂိုဏ်းချုပ်အချို့ ထိုမြင်ကွင်းကိုသတိထားမိပြီး ပြောစရာစကားပင်ရှာမတွေ့ကြတော့ပေ။


သူတော်စင်သမီးတော်ဇီယွင် ရှက်နေပြီး သူမမျက်နှာကိုအုပ်ထားသည်။


နယ်သာရီနှင့်ပန်းပွင့်လေးတို့သည် ထိုလူနှင့်ခွေးအတွဲကို လုံးဝလျစ်လျူရှုထားသည်။


မိန်းမပျိုငယ်လေးနှင့် မိန်းမပျိုအကြီးတို့ အချင်းချင်းအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့မျက်လုံးထဲတွင် အလင်းတန်းတို့ တဖျပ်ဖျပ်လင်းလက်နေကြသည်။


ခဏအကြာတွင်


ဝှစ်


နယ်သာရီ ဝိုင်အိုးကိုမလိုက်ကာ စားပွဲပေါ်ရှိဝိုင်ခွက်များထဲသို့လောင်းထည့်လိုက်သည်။ ဝိုင်များထဲတွင် ဝိုင်များဖြင့်ပြည့်သွားသည်နှင့် ချက်ချင်းပင် တောက်ပသော ကြယ်အလင်းများကိုထုတ်လွှတ်လာသည်။


ခွက်အတွင်းမှ အလင်းတန်းများထုတ်လွှတ်နေသဖြင့် ညဘက်ကောင်းကင်တွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော ကြယ်လေးများနှင့်တူနေသည်။


ထိုဝိုင်ခွက်များသည် ပုဖန်နှင့် နီယန်တို့သောက်ခဲ့သောခွက်များဖြစ်ကြသည်။ နယ်သာရီ ပုဖန်၏ဝိုင်ခွက်ကိုကိုင်လိုက်ပြီး ပန်းပွင့်လေးကိုတစ်ခွက်ကမ်းပေးလိုက်သည်။


ပန်းပွင့်လေး၏မျက်နှာတွင် သိချင်စိတ်များပြည့်သွားသည်။ သူမအောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ပြီး နယ်သာရီကိုမော့ကြည့်လိုက်သည်။


နယ်သာရီ ခပ်တည်တည်ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ပုဖန်လုပ်ခဲ့သည့်ပုံစံကိုအတုခိုး၍ ဝိုင်ခွက်ကို ဖြေးဖြေးချင်း လှုပ်လိုက်သည်။ 


ဝိုင်ခွက်အတွင်း ဝိုင်များ လည်ပတ်နေသည်ကိုကြည့်ပြီး သူတို့နှစ်ယောက်လုံး အလွန်အမင်းပျော်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။


ထို့နောက်


ကလင့်


သူတို့နှစ်ယောက် အချင်းချင်းဝိုင်ခွက်ချင်းတိုက်လိုက်ပြီး ကျယ်လောင်သော ကလင့်ဟူသောအသံက လေထဲတွင်ပဲ့တင်ထပ်လာသည်။


ခွက်နှစ်ခွက်တိုက်မိရာမှ ထွက်ပေါ်လာသောအသံသည် အသဲအသန်ငြင်းခုံနေကြသော ခွေးဘုရင်နှင့် ငရဲဘုရင်တို့ကိုတောင့်ခဲသွားစေသည်။ သူတို့လှည့်ကြည့်လိုက်သောအခါ နယ်သာရီနှင့်ပန်းပွင့်လေးတို့ လက်ထဲတွင်ဝိုင်ခွက်ကိုယ်ဆီကို ကိုင်ထားကြသည်ကိုတွေ့လိုက်ရသည်။ လက်တစ်ချက်လှုပ်လိုက်ပြီး တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကိုတစ်ကျိုက်တည်းမော့သောက်လိုက်ကြသည်။


ငရဲဘုရင်အာဟ၏ပခုံးများစတင်လှုပ်ခါလာကာ သူ့မျက်နှာသည် လေလျော့သွားသောဘောလုံးတစ်လုံးနှင့်တူလာသည်။ သူ့မျက်လုံးများတွင် အံ့အားသင့်နေသော အကြည့်များပေါ်လာသည်။


ခွေးဘုရင် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေသည်။ နယ်သာရီနှင့် ပန်းပွင့်လေးကိုကြည့်ပြီး သူ့မျက်လုံးထဲတွင် မယုံနိုင်သောအကြည့်များ ပေါ်ထွက်လာသည်။


သူတို့ဘာလို့ သောက်လိုက်တာလဲ....


ဂလု ဂလု


မိန်းမပျိုနှစ်ယောက်က ဝိုင်ခွက်ထဲတွင် ဝိုင်တစ်စက်မှမကျန်အောင်သောက်လိုက်ကြသည်။


ဝိုင်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး နေရာတွင် လုံးဝမလှုပ်ပဲ ရပ်နေကြသည်။


ငရဲဘုရင်အာဟ၏နှာခေါင်း ပွတက်လာသည်။ ထူးခြားသည့်အရာ ဘာမှဖြစ်မလာပုံပေါ်နေသည်။


ခွေးဘုရင်၏ အမွှေးများထောင်ထသွားကာ သူ့မျက်နှာတွင် အံ့အားသင့်နေသောအမူအယာဖြစ်လာသည်။


ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထူးဆန်းသည့်အရာတစ်ခုဖြစ်ကိုဖြစ်လာတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။


ရုတ်တရက်


မတ်တတ်ရပ်နေဆဲဖြစ်သောနယ်သာရီ သူမ၏ပါးစပ်ကိုကျယ်ကျယ်ဟလိုက်သည်။ မျက်လုံးများက လုံးဝနက်မှောင်သွားကာ သူမ၏ဖျော့တော့နေသောအသားအရည် နီဆွေးသွားသည်။ သူမ၏ပါးပြင်များသည် ခရမ်းချဉ်သီးများလို ရဲရဲနီလာတော့သည်။


ဝီး


နယ်သာရီ၏မျက်နှာမှ အနက်ရောင်စွမ်းအင်များထွက်ပေါ်လာပြီး အရိုးအဆီဖုများကဲ့သို့ ပတ်ချာလည်လှည့်သွားသည်။ ထို့အပြင် ထိုအရာကို နယ်သာရီက လုံးလုံးလျားလျားလျစ်လျူရှုထားသည်။ 


ကျယ်လောင်စွာရယ်မောလိုက်ပြီး သူမခန္ဓာကိုယ်ပတ်ပတ်လည်ရှိ စွမ်းအင်များ စတင်မြင့်တက်လာသည်။


"တကယ်ကို... ဒီဝိုင်ကတစ်ခုခုထူးဆန်းနေတာပဲ... ဒီဝိုင်ကိုသောက်ပြီးတော့ ဒီကောင်မလေးရဲ့ခန္ဓာကိုယ်ပေါ်က ကျိန်စာကို ထပ်ပြီး မဖုံးကွယ်ထားနိုင်တော့ဘူး...."


နယ်သာရီ၏မျက်လုံးများ ပိန်းပိတ်အောင်နက်မှောင်သွားခဲ့သည်။ သူမ၏ဆံပင်များလွင့်ပျံလာပြီး နှုတ်ခမ်းများကြားမှ အဖြူရောင်အငွေ့များထွက်ပေါ်လာသည်။ ထို့နောက် သူမခန္ဓာကိုယ်သည် ဒုံးပျံတစ်စင်းနှယ် ကောင်းကင်ပေါ်ပျံတက်သွားခဲ့သည်။


ဘုန်း


သူ၏ သည်းခံနိုင်စွမ်းအဆုံးထိတွန်းပို့ခံထားရသော အသန်မာဆုံးနတ်ဆိုးဘုရင် သွေးအန်တော့မည်ဟုခံစားနေရသည်။


ဒီမိန်းမ သူ့ကိုယ်သူကြက်သွေးထိုးလိုက်တာလား....


သူမရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အစစ်အမှန်စွမ်းအင်တွေက ဘာလို့အဲ့လောက်တောင် ပိုသန်မာလာရတာလဲ...


ရုတ်တရက်


လူတိုင်း၏နားထဲတွင် ဆုတ်ပြဲသံများကြားလိုက်ရသည်။


အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က သူတို့ရှေ့တွင်ပေါ်လာခဲ့သည်။


"ငရဲကမ္ဘာအမျိုးသမီး..."


အသန်မာဆုံးနတ်ဆိုးဘုရင်၏ သူငယ်အိမ်များကျုံ့ဝင်သွားသည်။ ခဏအကြာတွင် သူ့နှုတ်ခမ်းများ တွန့်လိမ်သွားတော့သည်။


အဘယ့်ကြောင့်ဆိုသော် နယ်သာရီ သူ့ရှေ့တွင်ပေါ်လာပြီး သူ့ကိုအနက်ရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေသောကြောင့်ဖြစ်သည်။ သူမမျက်နှာတွင်ရှိသော ကျိန်စာအမှတ်များက ရွေ့လျားနေသည်။ စကားတစ်ခွန်းမှမပြောပဲ ကြောက်မက်ဖွယ်စွမ်းအင်များကိုစုစည်းလိုက်သည်။


"ငရဲ တွန်းအား..."


ဘုန်း


ဘာမှပြင်ဆင်ချိန်မရလိုက်သော အသန်မာဆုံးနတ်ဆိုးဘုရင် ပျံထွက်သွားသည်။ သူမြေပြင်ပေါ်ပြုတ်ကျသွားသောအခါ မြေပြင်တစ်ခုလုံးပင်လှုပ်ခါသွားခဲ့သည်။


နီယန်သည်လည်း မြေပြင်ပေါ်ဆင်းသက်လာ၍ ခေါင်းမော့ကာ အားပါးတရရယ်မောလိုက်လေသည်။ သူမမျက်နှာတစ်ခြမ်းကိုကိုင်ထားပြီး အလွန်အမင်းနီရဲနေပုံမှာ မည်သည့်အချိန်မဆို သွေးများတတောက်တောက်ကျလာတော့မည့်ပုံပေါ်နေသည်။


ခဏအကြာတွင် သူမ၏ပုံရိပ် လေပေါ်ထိုးတက်သွားကာ အသန်မာဆုံးဘုရင်ကိုချိန်ရွယ်၍ အားနှင့်ဆင်းသက်လာသည်။ ခြေထောက်ကိုမြှောက်ကာ အောက်သို့ဆန့်တန်းထားလိုက်သည်။


နယ်သာရီ၏ပုံရိပ်သည် လေပေါ်တွင်ပျံဝဲနေပြီး လက်မြှောက်ကာ များစွာသော ငရဲတွန်းအားများကို နတ်ဆိုးဘုရင်ထံတွန်းပို့နေသည်။


ပုံသဏ္ဍာန်မဲ့သောစွမ်းအင်များ အဆက်မပြတ်ထွက်ပေါ်လာကာ မြေပြင်ပေါ်တွင်အပေါက်များစွာထွက်ပေါ်လာစေသည်။


"ငရဲကမ္ဘာအမျိုးသမီး... ဒီဘုရင်မှာမင်းနဲ့ရန်ညှိုးမရှိ...."


ဘုန်း


အသန်ဆုံးနတ်ဆိုးဘုရင်စကားမဆုံးသေးမီ နောက်ထပ် ငရဲတွန်းအားတစ်ချက်က သူ့ကိုထိမိသွားပြီး နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရသည်။


"အပြစ်ပေးအရက် အတင်းအကြပ်သောက်ခိုင်းတာကိုငြင်းဆိုတယ်... ငါ ကမ္ဘာမြေအကျဉ်းထောင်ရဲ့အရှင်သခင်ဆီက အပြစ်တင်ခံရမယ်ဆိုရင်တောင် မင်းကိုနိုင်အောင်ချတော့မယ်...."


အသန်မာဆုံးနတ်ဆိုးဘုရင်၏ဒေါသများအထွတ်အထိပ်သို့ရောက်သွားခဲ့သည်။ နှစ်ထောင်ပေါင်းများစွာအတွင်း ထိုမျှကြီးမားသော ဆုံးရှုံးမှုကို သူမကြုံဖူးခဲ့ပေ။


ကျယ်လောင်သော လေတိုးသံဖြင့် သူ့ခန္ဓာကိုယ် လေထဲသို့ပျံတက်သွားသည်။ ငရဲစွမ်းအင်များဖြင့် ပြုလုပ်ထားသော ချပ်ဝတ်တစ်ခုထွက်ပေါ်လာကာ သူ့ပုံရိပ်က ပိုမိုကြီးမားလာသည်။ သူ့နှဖူးပေါ်တွင် ချိုနှစ်ချောင်းပေါက်လာသည်။


ဘုန်း


လက်သီးနှစ်လုံးကို အတူထိုးချလိုက်သောအခါလေထဲတွင်နားကန်းလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာသည်။


နီယန် မောက်မာစွာရယ်မောလိုက်ပြီး အသန်မာဆုံးနတ်ဆိုးဘုရင်ကိုကြည့်၍ သူ့မျက်နှာသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။


နယ်သာရီ၏မျက်နှာ အလွန်အမင်းနီရဲနေပြီး ငရဲတွန်းအားများကို အဆက်မပြတ်ပစ်လွှတ်လိုက်သည်။


...


စားသောက်ဆိုင်ထဲတွင်


ခွေးဘုရင်နှင့် ငရဲဘုရင်အာဟ အချင်းချင်းထိတ်လန့်စွာကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နောက်တွင်ရှိသော ပန်းပွင့်လေးကိုကြည့်လိုက်ကြသည်။


ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးများ ရုတ်တရက်လည်သွားကာ ကြို့ထိုးလိုက်ပြီး သူမ၏နှုတ်နှစ်လွှာထဲမှ အဖြူရောင်အငွေ့များထွက်ပေါ်လာသည်။ သူမ၏ မျက်နှာလေးသည် ပန်းသီးတစ်လုံးနှယ်နီရဲလာတော့သည်။ အလွန်နီရဲနေသည်မှာ အသာအယာဖျစ်ညှစ်လိုက်သည်နှင့် သွေးများပင်စီးကျလာလုမတတ်ဖြစ်နေသည်။


"ကလေးတွေ အရက်မသောက်သင့်ဘူး..."

ငရဲဘုရင်အာဟ နှုတ်ခမ်းတင်းတင်းစေ့ကာပြောလိုက်သည်။


ရှားရှားပါးပါး ခွေးဘုရင် ငရဲဘုရင်အာပြောသည်ကိုမကန့်ကွက်ခဲ့ချေ။ သူ့ခေါင်းကိုငြိမ့်ကာပြောလိုက်သည်။


"ခွေးဘုရင်လည်သဘောတူတယ်...."


ပန်ပွင့်လေး လေချဉ်တက်လက်ပြီး သူမ၏လက်သီးလေးများကိုမြှောက်လိုက်သည်။


"ယား..."


ပန်းပွင့်လေးအော်လိုက်ပြီး သူမ၏ခြေထောက်သေးသေးလေးများဖြင့် စားသောက်ဆိုင်ထဲမှပြေးထွက်သွားသည်။


သူမ၏ သုံးပန်လှမြွေမျက်လုံးများက လည်နေပြီး စားသောက်ဆိုင် ဝင်ပေါက်သို့ပြေးထွက်သွားသည်။ သူတော်စင်ဂိုဏ်းချုပ်များ၏ တောင့်ခဲနေသောအကြည့်များ အောက်တွင် ခလုတ်တိုက်သွားလေသည်။


မြေပြင်ပေါ်ခြေကားယားလက်ကားယားဖြင့် လဲကျသွားပြီး ပါးစပ်ဖွင့်ကာ သွားရည်များစီးကျလာသည်။ ခဏအကြာတွင် အိပ်မောကျသွားခဲ့သည်။


အရက်မူးနေသော ပန်းပွင့်လေးသည် အပြင်ဘက်ရှိ အရက်မူးနေသော အမျိုးသမီးများထက်အဆင်ပြေပုံပေါ်လေသည်။


ခွေးဘုရင်နှင့် ငရဲဘုရင်အာဟ၏ နှုတ်ခမ်းများတုန်ရီသွားကြသည်။ ထိုအတွေးက သူတို့ခေါင်းထဲတွင်ဖြတ်ပြေးသွားကြခြင်းဖြစ်သည်။


ပန်းပွင့်လေးကို သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်ပြန်ထားပြီး ငရဲဘုရင်နှင့်ခွေးဘုရင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ဝိုင်အိုးကို ပြိုင်တူကြည့်လိုက်ကြကာ မျက်လုံးများအရောင်တောက်လာကြသည်။


စားသောက်ဆိုင်အပြင်ဘက်တွင် အသန်မာဆုံးနတ်ဆိုးဘုရင် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ သို့သော် ရုတ်တရက် သူ့ကျောရိုးတစ်လျှောက် ကြက်သီးများထလာသည်။