အပိုင်း ၉၀၄
Viewers 53k

အခန်း ၉၀၄

နူးညံ့တဲ့ခွေးလက်ဖဝါးက မိုးကြိုးပြစ်ဒဏ်ကို ပျက်ပြယ်သွားစေတယ်


အခုကစပြီး ဒီဘုရင် ကိုယ့်ကိုကိုယ် ဖွင့်ထုတ်ပစ်တော့မယ်....


သူတို့ ငရဲဘုရင်အာဟပြောသည်ကိုကြားသောအခါ ရင်ထဲအသဲထဲမှနေ၍ ထိန့်လန့်သွားခဲ့ကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် အပြည့်အဝဒေါသထွက်သွားခဲ့သည်။ သူ့ဘဝတွင် ထိုကဲ့သို့သောအရှက်ရစရာဖြစ်ရပ်မျိုး ဖြစ်လာမည်ဟု တစ်ခါမှမတွေးဖူးခဲ့ချေ။


ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး မျဉ်းကြောင်းများက သူ့တစ်ကိုယ်လုံးတွင်ပေါ်ပေါက်လာခဲ့သည်။ ထိုမျဉ်းကြောင်းများ သူ့ခန္ဓာကိုယ်ပေါ်တွင် စတင်လည်ပတ်လာပြီး မျက်စိကန်းလုမတတ်အလင်းတန်းများကို ထုတ်လွှတ်လာသည်။


သူ၏ခွန်အားအပြည့်နှင့် ခြေဆောင့်နင်းချက်သည် သာမန်နတ်ဆိုးဘုရင်များ ပြန်လည်ခုခံနိုင်သောအရာမျိုးမဟုတ်ပေ။ သို့သော် သူ့ရှေ့ကလူက အလွယ်တကူခုခံနိုင်ခဲ့သည်။ ထိုလူက လက်တစ်ဖက်တည်းဖြင့် ခုခံခဲ့ခြင်းဖြစ်သည်။


ဒီကောင်က ဘယ်ကမ္ဘာကရောက်လာတာလဲဟ...


သို့သော် အသန်မာဆုံးနတ်ဆိုးဘုရင်တွင် အခြားသောစွမ်းရည်များရှိပြီး ထိုစွမ်းအင်များကိုအကန့်အသတ်မရှိအသုံးပြုနိုင်သည်။


သူခန္ဓာကိုယ် ရှည်လျားလာကာ သူ၏ ဦးချိုများသည် ပိုမိုချွန်ထက်လာခဲ့သည်။ ချွန်ထက်နေသည်မှာ ကောင်းကင်အမိုးခုံးကိုပင် ဖောက်ထွက်သွားနိုင်လောက်အောင်အထိ ချွန်ထက်နေသည်။


သူ့ခြေထောက်အောက်တွင် အရင်တစ်ခေါက်ထပ်ပိုမိုသိပ်သည်းသော ငရဲစွမ်းအင်များစုဝေးလာသည်။ နောက်ထပ်တစ်ကြိမ် သူငရဲဘုရင်အာဟအပေါ် ခြေဆောင့်မင်းချလိုက်သည်။


လူတိုင်း ပင့်သက်ရှိုက်မိသွားကြသည်။


အဲ့ဒါ အသန်မာဆုံးနတ်ဆိုးဘုရင်ရဲ့ အစစ်အမှန်စွမ်းအင်တွေလား...

သူ့ပတ်ပတ်လည်မှ ဖိနှိပ်လိုသော အော်ရာများကို ခံစားလိုက်ရသောအခါ သူတော်စင်ဂိုဏ်းချုပ်များအားလုံး သူတို့၏နှလုံးသားများ ချောက်နက်တစ်ခု၏အောက်ခြေသို့ကျသွားသလို ခံစားလိုက်ရသည်။


ဒီလိုအဆင့်ရှိတဲ့ကျင့်ကြံသူ... သူ့ကိုဘယ်သူ ပြန်ခုခံနိုင်မှာလဲ...


ဘုန်း


မြေပြင်ပေါက်ကွဲသွားသည်။


ဖုန်လုံးများ လွင့်စင်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကိုဖုံးအုပ်သွားမယောင် ဖြစ်နေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်သည် ဒေါသတကြီးအော်ဟစ်ကာ ထပ်ကာထပ်ကာ ခြေဆောင့်နင်းနေသည်။


ရုတ်တရက်


အဆက်မပြတ်ခြေဆောင့်နင်းနေသောသူ ရုတ်တရက်ရပ်သွားပြီး သူ့ခန္ဓာကိုယ်တောင့်ခဲလာသည်။


လူတိုင်း အသန်မာဆုံးနတ်ဆိုးဘုရင်၏အနောက်ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။


ထိုနေရာတွင် လူတစ်ယောက်မတ်တတ်ရပ်နေသည်။ သူ့လက်တစ်ဖက်ကိုမြှောက်ထားကာ မျက်နှာတစ်ခြမ်းကိုအုပ်ကိုင်ထားပြီး သူ့ဆံပင်များက ဖားလျားကျနေသည်။ သူအသန်မာဆုံးနတ်ဆိုးဘုရင်ကို အေးစက်စက်လှောင်ပြောင်နေသော အကြည့်ဖြင့်ကြည့်လိုက်သည်။


"ဒီကလေး.... မင်းအရမ်းကိုကြမ်းတမ်းပါလား..."


ငရဲဘုရင်အာဟ ပြောလိုက်သည်။


သူ့ပါးစပ်မှ အဖြူရောင်အငွေ့များကိုအန်ထုတ်လိုက်ပြီး သူ့မျက်လုံးများက ရီဝေနေသည်။ သူ့ပါးစပ်ထဲမှ အရက်နံ့ထောင်းထောင်းထနေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ငရဲဘုရင်အာဟကို ငုံ့ကြည့်လိုက်သည်။ သူ့သူငယ်အိမ်များ ကျုံ့ဝင်သွားကာ ထိုလူ့ကို အော်ဟစ်လိုက်သည်။ သူ့အသံက အသံလှိုင်းများဖြင့်ရှေ့သို့ထွက်လာသည်။


"ထွက်သွားစမ်း..."


အသန်မာဆုံးနတ်ဆိုးဘုရင် ခပ်တိုးတိုးအော်လိုက်ပြီး ရုတ်ချည်းပင် လေပြင်းတစ်ချက်တိုက်လာပြီး ငရဲဘုရင်အာဟထံ ရောက်ရှိသွားသည်။


ကလေးတဲ့လား... ဒီအရှင်သခင်ရဲ့အသက်က နှစ်ပေါင်းနှစ်သောင်းလောက်ရှိပြီကွ... ဒီအရှင်ကို ကလေးလို့ခေါ်လို့ သူ့မှာဘာအရည်အချင်းများရှိလို့လဲ...


သူ့နှလုံးသားထဲတွင် ဒေါသများပေါက်ကွဲထွက်လာသည်။


သို့သော် ခဏအကြာတွင် သူ၏အော်ဟစ်သံက နာနာကျင်ကျင် ညီးညူသံအဖြစ်ပြောင်းသွားခဲ့သည်။


အဘယ့်ကြောင့်ဆိုသော် ငရဲဘုရင်အာဟက လက်တစ်ချောင်းဖြင့် သူ၏မျက်ခုံးကြားရှိနေရာကို ညွှန်လိုက်သောကြောင့်ဖြစ်သည်။


ငရဲဘုရင်အာဟ၏အဝတ်များက တစ်ဝက်တစ်ပျက်ပွင့်ဟနေကာ သူ၏ ပျော့ပျောင်းကာနူးညံ့ပုံပေါ်သော ကြွက်သားအဖုအထစ်များကို လျစ်ဟာပြထားသည်။


"အငွေ့တွေလွှတ်လိုက် ... အခုပဲစကြမယ်..."


ငရဲဘုရင်အာဟ တည်တည်ငြိမ်ငြိမ်ပြောလိုက်ကာ သူ၏ဆံပင်များက အနောက်ဘက်တွင် လွင့်ပျံနေကြသည်။


ဘုန်း


လူတိုင်း ကြောင်အသွားကြသည်။


ငရဲဘုရင်အာဟ၏လက်ချောင်းထိပ်တွင် ငရဲစွမ်းအင်အမျှင်တစ်ခုထွက်ပေါ်လာသည်။ ငရဲစွမ်းအင်များ သူ့လက်ချောင်းထိပ်တွင် လည်ပတ်လာပြီး စွမ်းအင်လုံးအဖြစ် လျှင်မြန်စွာပြောင်းလဲသွားခဲ့သည်။


အချိန်တစ်ခုကြာအောင် တဂျီးဂျီးမြည်နေပြီး စွမ်းအင်လုံးက ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။


စွမ်းအင်လုံး ပေါက်ကွဲသွားသည်နှင့် အသန်မာဆုံးနတ်ဆိုးဘုရင် မကြုံစဖူးအကြုံထူးသော အခြေအနေတစ်ခုကိုခံစားလိုက်ရပြီး ၎င်းကိုရှောင်တိမ်းချင်လာသည်။


သို့သော် ကြောက်မက်ဖွယ်စွမ်းအင်များက သူ့ကိုရစ်ပတ်ချည်နှောင်ထားသောကြောင့် လှုပ်လို့မရတော့ကြောင်း သတိထားမိလိုက်သည်။


‌သူ ထိုတိုက်ခိုက်မှုကိုရှောင်တိမ်း၍ နည်းလမ်းမရှိတော့ပေ။


ဘုန်း


ကျယ်လောင်သောအသံတစ်ခု လေထဲတွင်ပျံ့လွင့်လာပြီး စွမ်းအင်အလုံးပေါက်ကွဲသွားကာ အသန်မာဆုံးနတ်ဆိုးဘုရင်၏ခန္ဓာကိုယ်ကို သွားရောက်ထိမှန်လေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် တုန်လှုပ်သွားပြီး သူ၏မျက်ခုံးနှစ်ခုကြားတွင် စူးရှသောနာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ နာနာကျင်ကျင်အော်ဟစ်လိုက်သည်။


သူ၏ တောင်အသေးစားတစ်ခုနှင့်တူသော ခန္ဓာကိုယ်သည် မြေပြင်ပေါ် ဘုန်းကနဲမြည်အောင်လဲကျသွားခဲ့သည်။


လေထဲတွင်


ငရဲဘုရင်အာက ပြုံးလိုက်ကာ သူ့လက်နှစ်ဖက်လုံးကိုမြှောက်လိုက်သည်။ သူ၏လက်ချောင်းများကို အကြောလျော့လိုက်ကာ အသန်မာဆုံးနတ်ဆိုးဘုရင်ထံ ဆန့်ထုတ်လိုက်သည်။


တိမ်မဲများပေါ်တွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှကျင့်ကြံသူများ ထိတ်လန့်သွားကြကာ သစ်သားကြက်ရုပ်များလိုတောင့်ခဲနေကြသည်။


စားသောက်ဆိုင်ထဲရှိ သူတော်စင်ဂိုဏ်းချုပ်များ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသော အကြည့်များရှိနေသည်။


အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်ဖြစ်သော လူအိုကြီးသာ ထိုမြင်ကွင်းကိုပုံမှန်အတိုင်းကြည့်နေနိုင်သူဖြစ်သည်။ အဆုံးတွင် သူငရဲဘုရင်အာဟနှင့်ထိပ်တိုက်တွေ့ဆုံခဲ့ချိန်က သူလည်းလုံးဝပြန်မခုခံနိုင်ခဲ့ပေ။


ပုဖန် စားသောက်ဆိုင်ထဲမှ အေးအေးဆေးဆေးလျှောက်ထွက်လာပြီး တံခါးဝတွင် ရပ်လိုက်သည်။


သူတော်စင်ဂိုဏ်းချုပ်များက ပုဖန်ကိုသတိပြုမိသွားကြပြီး သူ့ကိုကြည့်လိုက် စားသောက်ဆိုင်စားပွဲပေါ်ရှိ ဝိုင်အိုးကိုကြည့်လိုက် လုပ်နေကြသည်။ ဝိုင်အိုးကိုကြည့်လေလေ သူတို့မျက်နှာတွင် အံ့အားသင့်သောအမူအယာများပေါ်ထွက်လာလေလေဖြစ်သည်။


သူတို့ကအရူးများမဟုတ်ကြပေ။ နီယန်နှင့် ဆံပင်ရှည်ရှည်နှင့်အမျိုးသမီးတို့ စွမ်းအင်များထိန်းမနိုင်သိမ်းမရထွက်ပေါ်လာသည့်ပုံသာမက သူတို့ရှေ့ရှိ ကျင့်ကြံသူကိုပါကြည့်ရင်း သူတို့ဆက်နွယ်ချက်ကိုသိလိုက်သည်။ ၎င်းတို့သည် ပုဖန်ချက်လုပ်ထားသော ထိုဝိုင်တစ်အိုးနှင့်သက်ဆိုင်နေသည်မှန်း သိနေကြသည်။


ဝိုင်၏သိပ်သည်းလှသောမွှေးရနံ့သည် အစားကြူးတောင်ကြားတစ်ခုလုံးကိုပျံ့နှံ့နေပြီး သင်းပျံ့နေလျက်ရှိသည်။ အရသာရှိရုံတင်မက သုံးလည်းဝင်ပေသည်။


နီယန်၏ကျင့်ကြံဆင့်နှင့် တိုက်ပွဲစွမ်းအင်တို့ဖြင့် အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် အကြိမ်ရေအနည်းငယ်မျှပင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။


သို့သော် ဝိုင်သောက်ပြီးနောက်တွင် အာကာသနတ်သမီး၏စွမ်းအင်များက ခန့်မှန်းမရသောအဆင့်အထိမြင့်တက်သွားသည်။ သူမက အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် မယှဉ်နိုင်သေးသော်လည်း လုံးဝအကူအညီမဲ့နေသောပုံမပေါ်ပေ။


အဲ့တာဘာကိုဆိုလိုတာလဲ..


၎င်းသည် ဝိုင်တစ်ခွက်က လူတစ်ယောက်၏တိုက်ပွဲဝင်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းကလူတစ်ယောက်ကို အချိန်တိုအတွင်းသန်မာသွားစေနိုင်သည်။


အာကာသနတ်သမီးက ထိုဝိုင်ကိုသောက်လိုက်၍သာ အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်သာ အဲ့ဝိုင်ကိုသောက်လိုက်ရင် ဘာဖြစ်သွားမလဲ....


သူတို့ထဲမှာ အသန်မာဆုံးဖြစ်တဲ့ အစားကြူးတောင်ကြားရဲ့ပထမဆုံးတောင်ကြားသခင်သောက်လိုက်ရင် ဘာဖြစ်သွားမလဲ..


အဲ့အချိန်ကြရင် သူတို့နှစ်ယောက် အသန်မာဆုံးနတ်ဆိုးဘုရင်ကို လွယ်လွယ်ကူကူဖိနှိပ်သွားနိုင်တာလဲဖြစ်နိုင်တာပဲ...


ရုတ်တရက် သူတော်စင်ဂိုဏ်းချုပ်များ၏အတွေးများ အရိုင်းဆန်ဆန်ပြေးလွှားသွားပြီး သူတို့နှလုံးသားထဲတွင် မီးတောက်တစ်ခု တောက်လောင်လာသည်။


ပုဖန်ကိုကြည့်ပြီး သူတို့မျက်လုံးထဲတွင် စိတ်အားထက်သန်သောအကြည့်များဖြစ်ပေါ်လာသည်။


အဲ့ဝိုင်က... နတ်ဆေး တစ်ခုပဲ...


ပုဖန်သည် သားကောင်ကိုကြည့်နေသည့် သားရဲများနှင့်တူနေသော သူတော်စင်ဂိုဏ်းချုပ်များကို မျက်မှောင်ကြုတ်၍ အေးစက်စွာကြည့်လိုက်သည်။ထို့နောက် သူ့အကြည့်ကို တိုက်ပွဲထံပြန်ပို့လိုက်သည်။


ထိုနေရာတွင်


သွေးထွက်သံယိုဖြစ်နေလေသည်။


၎င်းသည် လူတိုင်းကိုဆွံ့အသွားစေခဲ့သော သွေးထွက်သံယိုမြင်ကွင်းတစ်ခုဖြစ်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင် မြေပြင်ပေါ်ဖိချထားခြင်းခံရပြီး ငရဲဘုရင်အာဟက ပြင်းပြင်းထန်ထန်ရိုက်နှက်နေသည်။


စွမ်းအင်အလုံးက လေဟာနယ်ကိုဖြတ်ပြီး မြေပြင်ပေါ်လဲကျနေသော အသန်မာဆုံးနတ်ဆိုးဘုရင်ကို ဦးတည်၍ ထိမှန်သွားသည်။


ပေါက်ကွဲသံတစ်ခုကြားတိုင်း မြေပြင်ပေါ်တွင် ကြီးမားသောအပေါက်ကြီးတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပြီး အသန်မာဆုံးနတ်ဆိုးဘုရင်၏ ပင်ပန်းဆင်းရဲကြီးစွာ အော်သံကိုလည်းကြားရမည်ဖြစ်သည်။


ဘုန်း ဘုန်း ဘုန်း


အပြင်းထန်ဆုံးနတ်ဆိုးဘုရင် အတော်လေးသနားစရာကောင်းနေပြီဖြစ်သည်။ သူ ဤကဲ့သို့သော ဘေးဒုက္ခမျိုးကို ပထမဆုံးကြုံဖူးခြင်းဖြစ်ပြီး သူ့နှလုံးသားကအလွန်အမင်းလေးလံလာသည်။


သူ့ခန္ဓာကိုယ်ပေါ် အဆက်မပြတ်ကျဆင်းနေသော စွမ်းအင်လုံးများက အသက်အန္တရာယ်မရှိသော်လည်း သူ့ကိုပင့်သက်ရှိုက်သွားစေသော နာကျင်မှုများကိုပေးစွမ်းနေသည်။


အရေးအကြီးဆုံးအချက်မှာ ထိုသောက်ကျိုးနည်းစွမ်းအင်လုံးများက များစွာရှိနေသောကြောင့်ဖြစ်သည်။


လေပေါ်တွင်ပျံဝဲနေသော ငရဲဘုရင်အာဟ သူ့လက်ဖဝါးများကိုဆန့်ထုတ်လိုက်တိုင်း စွမ်းအင်များအဆက်မပြတ်ထွက်ပေါ်လာကာ သူ၏လက်သန်းပေါ်တွင်ပင် သေးငယ်သောစွမ်းအင်လုံးလေးရှိနေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ရူးတော့မလိုခံစားနေရသည်။


အရာအားလုံးကိုဖွင့်ထုတ်ပြီး စိတ်လှုပ်တရှားဖြစ်နေသော ငရဲဘုရင်အာဟ၏မျက်နှာကိုကြည့်ပြီး ထိုလူကအပြစ်ကင်းစင်လှသည်ဟုပင် ခံစားလိုက်ရသည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို ကြောင်တောင်တောင်ကြည့်နေကြပြီးမှ အသိပြန်ဝင်ကာ ဒေါသတကြီးနှင့်ပျံသန်းလာကြသည်။အထူးသဖြင့် နွားသိုးဦးခေါင်းနှင့်ကျင့်ကြံသူဖြစ်သည်။ သူ့မျက်လုံးများက လုံးဝကိုရဲရဲနီသွားကာ သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာများပေါ်ထွက်လာသည်။


ခဏအကြာတွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှလူများက ငရဲဘုရင်အာဟထံဦးတည်၍ တိမ်မဲများပေါ်မှ ခုန်ချလာကြသည်။ 


သူတို့ အသန်မာဆုံးနတ်ဆိုးဘုရင်ကို ကယ်တင်ချင်ကြသည်။


ငရဲဘုရင်အာဟ ထိုကျင့်ကြံသူများ၏လှုပ်ရှားမှုကို အာရုံခံမိသွားပုံပေါ်သည်။


သူ စွမ်းအင်အလုံးများပစ်လွှတ်နေသည်ကိုရပ်လိုက်သောအခါ သူ့ဆံပင်များပြန်လည်ကျဆင်းလာသည်။ သူ့မျက်နှာတစ်ခြမ်းကိုအုပ်ကိုင်လိုက်ပြီး သူ့နောက်မှချဉ်းကပ်လာသည့် ကျင့်ကြံသူအုပ်စုကို ပျင်းတိပျင်းတွဲကြည့်လိုက်သည်။


ခဏအကြာတွင်


သူမတ်တတ်ရပ်နေဆဲဖြစ်သော်လည်း သူ၏ပုံရိပ်က ကောင်းကင်တမျှကြီးမားလာပုံပေါ်နေသည်။


သတ်ဖြတ်ရန်တကဲကဲနှင့်ရောက်လာကြသော ကျင့်ကြံသူများက ထိုသည်ကိုမြင်သောအခါ သူတို့၏ သတ္တိများ တခွမ်းခွမ်း ကွဲကြေသွားတော့သည်။


"ဒီ... ဒီအော်ရာက..."


ငရဲဘုရင်၏ခန္ဓာကိုယ်မှလာသောအော်ရာက သူတို့ကိုတုန်ယင်သွားစေသည်။ ၎င်းသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ထိပ်သီးကျင့်ကြံသူတို့ ပိုင်ဆိုင်သော အော်ရာနှင့်တူနေသည်။

ဘယ်လိုလုပ်ပြီး အဲ့လို အော်ရာက ဒီမှာပေါ်လာရတာလဲ....


ဒီအော်ရာက အသန်မာဆုံးနတ်ဆိုးဘုရင်ရဲ့အော်ရာနဲ့ ယှဉ်ရင် ပိုပြီး ဖိနှိပ်နိုင်စွမ်းရှိနေတယ်...


တုံ့ဆိုင်းမှုမရှိပဲ...


ကျင့်ကြံသူအားလုံး တိမ်မဲများအပေါ် ပြန်တက်သွားကြသည်။ သူတို့ တတ်နိုင်သမျှဝေးဝေးနေရန် ကြိုးစားနေကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်ကို ကယ်ဖို့လား...


လာနောက်နေတာလား...


သူတို့သေသွားရင်ကော သူတို့ကိုဘယ်သူလာကယ်မှာလဲ...


သူ့ကို ဘယ်လိုကယ်တင်ကြမှာလဲ....


"ထွက်ပြေးတာလား... အခုခေတ်ကလေးတွေက တကယ့်ကိုစိတ်မရှည်ကြတာပဲ..."


ငရဲဘုရင်အာဟ တဟဲဟဲ ရယ်မောလိုက်သည်။


ထို့နောက်


နောက်ထပ်တစ်ကြိမ် ပေါက်ကွဲသံများထွက်ပေါ်လာပြန်သည်။


သူ့ပုံရိပ် မှုန်ဝါးသွားကာ လူတိုင်း၏ရှေ့မှပျောက်ကွယ်သွားသည်။


ထို့နောက် နွားသိုးဦးခေါင်းဖြင့်ကျင့်ကြံသူ၏ရှေ့တွင် ပြန်ပေါ်လာသည်။


ဘုန်း


နွားသိုးကျင့်ကြံသူ လွင့်ပျံသွားပြီး ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများ အုပ်စုကွဲသွားကြသည်။


သူတို့အကုန်လုံး အရပ်မျက်နှာအသီးသီးကို ပြန့်ကျဲသွားကြသည်။


ငရဲဘုရင်အာဟ လေချဉ်တက်လိုက်ပြီး သူ့မျက်လုံးများ ဝေဝါးသွားသည်။


သူ့ပုံရိပ်ထပ်မံဝေဝါးသွားကာ ခဏအကြာတွင် ထွက်ပြေးသွားကြသော ကျင့်ကြံသူအပေါင်းက သနားစဖွယ်အော်သံမျိုးစုံနှင့်အတူ လေပေါ်ပျံတက်သွားကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် မြေပြင်ပေါ်မှ ကုန်းထရန်ကြံရွယ်နေကာ အလွန်သနားစဖွယ်ကောင်းနေသည်။


သူ့ပတ်ပတ်လည်တွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများက လဲလျောင်းနေကြသည်။ 


ငရဲဘုရင်အာဟ သူ့လည်ပင်းသူ အကြောဆန့်နေပြီး လေထဲတွင် တ‌ဖျောင်းဖျောင်းမြည်သံများ ပဲ့တင်ထပ်နေသည်။


"နောက်ဆုံးတော့ အကုန်လုံးထွက်သွားပြီ... အဲ့ကလေးပုဖန်ရဲ့ဝိုင်က တကယ်ပြင်းတာပဲ... ဒီဘုရင်ကိုတောင် ထိန်းချုပ်နိုင်စွမ်းလွတ်သွားစေတယ်.."


ငရဲဘုရင်အာဟ သူ့ဆံပင်ကိုနောက်သို့သပ်လိုက်သည်။ သူ့မျက်နှာရှိ အနီရောင်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။


သူတော်စင်ဂိုဏ်းချုပ်များ၏ နှုတ်ခမ်းများ တွန့်လိမ်သွားကြသည်။


နောက်ဆုံးတော့ အကုန်လုံးထွက်သွားပြီတဲ့လား...


သူတို့ကို အဆုံးမဲ့ကြောက်ရွံ့စေတဲ့ အသန်မာဆုံးနတ်ဆိုးဘုရင်ကို ရိုက်နှက်ပြီး... အသန်မာဆုံးနတ်ဆိုးဘုရင်ကို ခွေးသေတစ်ကောင်လိုရိုက်နှက်လိုက်ပြီးတာတောင်မှ အကုန်လုံးထွက်သွားပြီလို့ပဲ သတ်မှတ်လို့ရတာလား....


ဒီလူတကယ်ကြီးပြောနေတာဆိုရင်... ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲ....


ရုတ်တရက်


ငရဲဘုရင်အာဟ၏အကြည့်များက မလုံမလဲဖြစ်လာတော့သည်။


အဘယ့်ကြောင့်ဆိုသော် သူ့ကို မျက်နှာသေဖြင့်ကြည့်နေသော ပုဖန်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။


သူ့ဝိုင်များကို ခွင့်မတောင်းပဲ အများကြီးသောက်လိုက်မိသောကြောင့် ငရဲဘုရင်အာဟ ရုတ်တရက် အပြစ်ရှိကြောင်းခံစားလိုက်ရသည်။


သူတစ်နည်းနည်းနှင့် လွတ်လမ်းရှာရတော့မည်ဟု ခံစားလိုက်ရသည်။


သူသာလျော်ကြေးမပေးဘူးဆိုပါက အနာဂတ်တွင် ပုဖန်ဆီမှ အစပ်ချောင်းတောင်းရန် ခက်ခဲသွားပေလိမ့်မည်။


ထို့ကြောင့် ငရဲဘုရင်အာဟ မြေပြင်ပေါ်တွင်လဲနေကြသော ကျင့်ကြံသူတစ်အုပ်တမကြီးကို ငုံ့ကြည့်လိုက်သည်။


ဒီလူတွေက... ထိပ်တန်းပါဝင်ပစ္စည်းတွေဖြစ်လာလိမ့်မယ်...


အသန်မာဆုံးနတ်ဆိုးဘုရင်ကိုမေ့ထားလိုက်... သူ အဲ့တစ်ယောက်ကို မူးမူးရူးရူးနဲ့ရိုက်နှက်ထားတာလေ.. အဲ့အပြင် အဲ့တစ်ယောက် မတော်တဆသေသွားခဲ့ရင် ပျက်သုဉ်းခြင်းအကျဉ်းထောင်က လူအိုကြီးက သူ့ကိုပြဿနာလာရှာလိမ့်မယ်..


အဆုံးတွင် ငရဲဘုရင်အာဟ၏ အကြည့်သည် မြေပြင်ပေါ်လဲနေကျသော ကျင့်ကြံသူများထံ ရောက်ရှိသွားကြသည်။


"တစ်ယောက်ယောက်များ ဂုဏ်ကျက်သရှေရှိတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်လာဖို့ ဆန္ဒရှိလား...


ပါဝင်ပစ္စည်းတစ်ခုဖြစ်လာရမယ်....


ပျက်သုဉ်းခြင်း အကျဉ်းထောင်မှ ကျင့်ကြံသူများတောင့်ခဲသွားကာ အသန်မာဆုံးနတ်ဆိုးဘုရင်၏ သူငယ်အိမ် ကျုံ့ဝင်သွားသည်။


ထို့နောက် သူတို့အားလုံး ပင့်သက်ရှိုက်လိုက်ပြီး ငရဲဘုရင်အာဟကို ဒေါသတကြီးကြည့်လိုက်ကြသည်။


သူ သူတို့ကိုသတ်နိုင်တယ်... ဒါပေမယ့်အရှက်ခွဲလို့မရဘူး...


ဒီလူ.. သူတို့ကို ပါဝင်ပစ္စည်းအဖြစ် တကယ်ကြီးပြောင်းချင်တာလား... သူမှာအရည်အချင်းရှိရင် သူတို့ကိုသတ်ပစ်စမ်းပါ.. ဘာကိစ္စ အရှက်ခွဲချင်နေရတာလဲ...


သူတို့အကုန်လုံးက ပျက်သုဉ်းခြင်းအကျဉ်းထောင်ကလေ... ဘာလို့အချင်းချင်း ပြဿနာရှာနေရတာလဲ....


အသန်မာဆုံးနတ်ဆိုးဘုရင် ငရဲဘုရင်အာဟကိုကြည့်လိုက်သောအခါ သူ့နှလုံးက ပြင်းပြင်းထန်ထန်ခုန်ပေါက်လာသည်။ ထိုလူ၏ ပုံရိပ်သည် သူ့ကို ကမ္ဘာမြေအကျဉ်းထောင်၏ အရေးပါသောပုဂ္ဂိုလ်တစ်ဦးအကြောင်း တွေးမိသွားစေသည်။


ထိုကဲ့သို့သော အရေးပါသောပုဂ္ဂိုလ်က ဤနေရာတွင်ပေါ်လာခဲ့သည်။


သူအသက်ပြင်းပြင်းရှူလိုက်သည်။


သို့သော် ထိုသူပေါ်လာသည်ဆိုရုံဖြင့် အသန်မာဆုံးနတ်ဆိုးဘုရင်ကိုပါဝင်ပစ္စည်းတစ်ခုအစဖ်ပြောင်းပစ်ရန် အကြောင်းပြချက်မလုံလောက်ပေ။ ထိုလူက အရေးပါသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေမည်ဆိုပါကလည်း သူ့ကို ပြောင်ပြောင်တင်းတင်းသတ်နိုင်မည့်နည်းရှိမည်ဟု မယုံကြည်ပေ။


သူသာတကယ်သတ်ရဲပါက ၎င်းက အသန်မာဆုံးနတ်ဆိုးဘုရင်အရှက်ရမည်မဟုတ်ချေ။ သူက ပျက်သုဉ်းခြင်းအကျဉ်းထောင်တစ်ခုလုံးကို အရှက်ရသွားစေသလိုဖြစ်သွားမည်ဖြစ်သည်။


"မင်းငါ့ကိုသတ်လို့ရတယ်... ဒါပေမယ့် အရှက်ခွဲလို့မရဘူးကွ.. ငါကမလုပ်ချင်ဘူးလို့ပြောရင်ရော ဘာဖြစ်လဲ..."


အသန်မာဆုံးနတ်ဆိုးဘုရင် ငရဲဘုရင်အာဟကိုကြည့်ပြီး ပြောလိုက်သည်။


မမျှော်လင့်ထားစွာနှင့် သူက သတ္တိမရှိသောသူတစ်ယောက်ဖြစ်နေပေသည်။


ငရဲဘုရင်အာဟ တောင့်ခဲသွားသည်။ ခဏအကြာတွင် သူ့လက်ကိုမြှောက်လိုက်ပြီး သူ့လက်ချောင်းများပတ်ပတ်လည်တွင် ငရဲစွမ်းအင်များ စတင်လည်ပတ်လာသည်။


သို့သော် သူဒုတိယအကြိမ်စတင်တိုက်ခိုက်ခါနီးတွင်


စားသောက်ဆိုင်ထဲရှိ ခွေးဘုရင် တုန်တုန်ယင်ယင်နှင့် မတ်တတ်ရပ်လာသည်။


အမှန်တကယ်တွင် သူမတ်တတ်ရပ်ရန်ကြံစည်နေခြင်းဖြစ်ပြီး သူ့ခြေထောက်များက ယိုင်တိယိုင်တိုင်ဖြစ်နေကာ သူ့ခန္ဓာကိုယ်မှ အရက်နံ့များထောင်းထောင်းထနေသည်။


ပုဖန် မျက်လုံးများရီဝေဝေဖြစ်နေရင်း စားသောက်ဆိုင်ထဲမှလမ်းလျှောက်ထွက်နေသော ခွေးဘုရင်ကိုကြည့်လိုက်သည်။ သူ့မျက်နှာတွင် ရှုပ်ထွေးနေသော အကြည့်များ ဖုံးလွှမ်းသွားသည်။


လူတိုင်း ခွေးဘုရင်ကိုကြည့်ပြီးအံ့အားသင့်သွားခဲ့ကြသည်။


စားသောက်ဆိုင်ရှေ့တွင်ရပ်ပြီး ခွေးဘုရင် ကျယ်လောင်သော ကြို့ထိုးသံကိုထုတ်လွှတ်လိုက်သည်။ မြေပြင်ပေါ်တွင်လဲနေကြသော ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများကို မျက်မှောင်ကြုတ်ကြည့်ရင်း ဟောင်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။


ခွေးဟောင်သံ လေထဲတွင်ပျံ့လွင့်လာသည်နှင့် ကျင့်ကြံသူများအားလုံး နားစည်ပေါက်ထွက်တော့မည်ဟု ခံစားလိုက်ရသည်။


ကောင်းကင်ယံတွင် အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းလာကာ စတင်စုဝေးလာသည်။


မိုးကြိုးများထစ်ချုန်းနေသံကိုပင်ကြားနေရသည်။


မိုးကြိုးပြစ်ဒဏ်လား....


လူတိုင်း အံ့ဩသွားကြသည်။


ငရဲဘုရင်အာဟပင် အံ့ဩသွားခဲ့သည်။


ခဏအကြာတွင် ကြောင်အမှင်သက်နေကြသော လူတိုင်း၏အကြည့်အောက်တွင် ဟောင်သံတစ်ခုဖြင့် မိုးကောင်းကင်ကိုပင် လှုပ်ခါသွားစေခဲ့သော ခွေးဘုရင်က သူ၏လက်ဖဝါးကိုမြှောက်လိုက်သည်။ သူ၏နူးညံ့သောခွေးလက်ဖဝါးလေးက အပြင်သို့ထွက်သွားပြီး ကောင်းကင်တွင်စုဝေးနေသော တိမ်မဲအစုလိုက်ကို ရိုက်ချလိုက်သည်။


ငရဲစွမ်းအင်များစုဝေးသွားကာ ကြီးမားသောခွေးလက်ဖဝါးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး တိမ်မဲများကိုရိုက်ချလိုက်ခြင်းဖြစ်သည်။


ရုတ်တရက် ကောင်းကင်ကြီးက ငြိမ်သက်သွားတော့သည်။


လူတိုင်း သစ်သားကြက်များကဲ့သို့ ပါးစပ်အဟောင်းသားဖြင့် တောင့်တောင့်ကြီးရပ်နေကြသည်။


ခွေးဘုရင် ကျယ်ကျယ်လောင်လောင် ကြို့ထိုးလိုက်သည်။ သူ့ခန္ဓာကိုယ်ယိမ်းထိုးသွားကာ သန်းဝေလိုက်သည်။


"စိတ်မရှိပါနဲ့... ခွေးဘုရင်လည်း ကိုယ့်ကိုကိုယ် အလွှတ်ပေးဖို့လာခဲ့တာ.. အကုန်လွှတ်ထုတ်ပြီးနောက်မှာ ငါ့စိတ်ကအများကြီးပိုမိုကြည်လင်သွားခဲ့ပြီ... ပြီးတော့ ငါပြောစရာရှိသေးတယ်... ကောင်လေးပုဖန်ရဲ့ဝိုင်က တကယ်ကိုကောင်းတယ်...."


ခွေးဘုရင်အမူးပြေသွားပြန်ကာ သူ၏ကျက်သရေရှိလှသော ကြောင်ကဲ့သို့ခြေလှမ်းများဖြင့် စားသောက်ဆိုင်ထဲပြန်ဝင်သွားခဲ့သည်။ ခွေးဘုရင်၏အကြည့်က ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ အသန်မာဆုံးနတ်ဆိုးဘုရင်ပေါ်ကျရောက်သွားခဲ့သည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများ သူတို့ကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်ထသွားသလိုခံစားလိုက်ရသည်။