အခန်း ၉၀၅
နျိူဟန်စန်း
လွတ်မြောက်ရန်ထွက်လာခြင်း...
သူတို့ရဲ့စိတ်ပျက်မှုများကို ဘယ်သူတွေကဒီလိုထုတ်ပြောတာလဲ...
မိုးကြိုးပြစ်ဒဏ်ကိုမြှားခေါ်ပြီးမှဒီခွေးကရိုက်ချက်တစ်ချက်တည်းနဲ့ဖျက်ဆီးပစ်လိုက်တာလား...
ဒာက ရေငွေ့တွေကိုလွှတ်လိုက်တာမဟုတ်ဖူး...တော်တော်မိုက်တာပဲ...
ငရဲဘုရင်လည်း ခွေးဘုရင်၏ လက်ဖဝါးကြောင့်အထိတ်တလန့်ဖြစ်သွားသည်။ကြည့်ရတာသူ့ရဲ့ကျွမ်းကျင်မှု့တွေကိုပြသဖို့သန့်ရှင်းပြီးလန်းဆန်းတဲ့နည်းလမ်းတွေရှိနေတာပဲ...
သူဘာလို့အဲ့တာကိုမတွေးမိပါလိမ့်...
သူက ခွေးငပျင်းကို သူ့ထက်ပိုပြီးကြွားဝါဖို့ခွင့်ပြုပေးထားတာပဲ။
အသန်မာဆုံးနတ်ဆိုးဘုရင်က မြေပေါ်မှာရပ်လိုက်ပြီးနောက် မူးလဲကျသွားသည်။ အခုလက်ရှိသူ့၏ခံစားချက်များကို ဘယ်လိုအမူအရာနှင့် ဖော်ပြသင့်သည်ကိုပင် သူမသိပေ။
တုန်လှုပ်မှုလား... ကြောက်လန့်မှုလား...
ယခုဖြစ်ပျက်နေသည့် အရာတွေကြောင့် မလှုပ်မရှားနိုင်ပင်ဖြစ်နေသည်။
ဤစားသောက်ဆိုင်၌ ရိုက်ချက်အကြီးကြီးတစ်ခုပဲရှိတယ်လို့ သူထင်ခဲ့တယ်.. သို့သော် ဒီခွေးက… အမှန်တကယ်ပင်နောက်ထပ်ရိုက်ချက်ကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့မိပါ...
ကြည့်ရတာ သူ့ကနဦးခံစားချက်များက မှန်ကန်နေသည့်ပုံပင်...
လက်ဖဝါးတစ်ဖက်တည်းဖြင့် လျှပ်စီးဒဏ်ကို ဖျက်ဆီးပစ်လိုက်သည်၊ အကယ်၍သူသည်အသန်မာဆုံး နတ်ဆိုးဘုရင်ဖြစ်ခဲ့လျှင်ပင် ၎င်းနှင့်နီးစပ်အောင် မည်သည့်အရာမှလုပ်ဆောင်နိုင်မည်မဟုတ်ပါ။
ပုန်းကွယ်နဂါးတိုက်ကြီးက အခြားနယ်ပယ်များကဲ့သို့ မသန်မာသော်လည်း သူကထုထည်ကြီးသည့်တိုက်ကြီးတစ်ခုပင်ဖြစ်သည်။မဟာနိယာမလမ်းကြောင်းကြီး၏ ဥပဒေသတစ်ခုပင်ဖြစ်ပြီး မိုးကြိုးပြစ်ဒဏ်သည်လည်း မဟာနိယာမလမ်းကြောင်းကြီး၏ သရုပ်သကန်ပင်ဖြစ်သည်။
ခွေးတစ်ကောင်၏ လက်ဖဝါးတစ်ဖက်တည်းဖြင့် မဟာနိယာမလမ်းကြောင်းကြီး၏ပုံရိပ်ကို ဖျက်ဆီးနိုင်ခဲ့သည်။
အသန်မာဆုံးနတ်ဆိုးဘုရင်သည်လည်း အိမ်မက်မက်နေသကဲ့သို့ ခံစားရမည်မှာသေချာသည်...
သူတော်စင်ဂိုဏ်းချုပ်များသည်လည်းဘာပြောရမှန်းမသိအောင် ဖြစ်နေကြသည်။
ကြောင်ကဲ့သို့ သွက်သွက်လက်လက်လျှောက်လှမ်းနေသည့် ခွေးကိုကြည့်လျက် တုန်လှုပ်စပြုလာသော သူတော်စင်ဂိုဏ်းချုပ်တစ်ချို့ပင်ရှိနေသည်။
ကြောက်စရာကောင်းလွန်း၏
ဒီစားသောက်ဆိုင်ကအင်မတန်ကြောက်စရာကောင်းလှသည်...
သူတို့သည် ရုတ်တရက် သူတော်စင်ဂိုဏ်းချုပ်အဆင့်သို့ရောက်ရှိသွားသော ကောင်းကင်လျို့ဝှက်သန့်စင်နယ်မြေမှ သူတော်စင်မလေးအကြောင်းကိုပင်မပြောတော့ပေ။
ငရဲကမ္ဘာအမျိုးသမီးသည်လည်း အလွန်ကြောက်စရာကောင်းလောက်အောင်သန်မာသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်ကိုပင် တန်ဖိုးမရှိသူဖြစ်စေခဲ့သည့် အံ့သြစရာကောင်းတဲ့လူငယ်တစ်ယောက်လည်းရှိခဲ့သည်။
ယခုအခါတွင် လက်ဖဝါးတစ်ဖက်တည်းဖြင့် မိုးကြိုးပြစ်ဒဏ်ကိုနိုင်သောခွေးနက်တစ်ကောင်ပင်ရှိသေးသည်။
သူတော်စင်ဂိုဏ်းချုပ်ကြီးများ ရုတ်တရက်ငိုချင်စိတ်ဖြစ်ပေါ်လာသည်။ဤစားသောက်ဆိုင်ရှိနေသရွေ့ ပုန်းကွယ်နဂါးတိုက်ကြီး ကျဆုံးလိမ့်မည်မဟုတ်ပေ။
သူတော်စင်ဂိုဏ်းချုပ်ကြီးများ၏ မျက်လုံးများထဲတွင်စိတ်အားထက်သန်သော အကြည့်များပေါ်လာပြီး ခေါင်းများမော့လျက်စားသောက်ဆိုင်အဝင်ဝကို မှီနေသောပုဖန်ကို လှမ်းကြည့်လိုက်ကြသည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျွမ်းကျင်ပညာရှင်များအားလုံး ချွေးများဖြင့်အေးစက်ကာ တုန်လှုပ်ခြောက်ခြားသွားကြသည်။
အဲ့ဒီခွေးက သိပ်ကြောက်ဖို့ကောင်းလွန်းတယ်...
ငရဲဘုရင်အာဟသည် လေထဲတွင် ပျံဝဲပြီး စားသောက်ဆိုင်ထဲသို့ ကြောင်ကဲ့သို့လှပသော ခြေလှမ်းများဖြင့်လှမ်းလာသော ခွေးဘုရင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်၌ တွေးခေါ်မြော်မြင်သောအပြုံးတစ်ခုကိုထုတ်ဖော်လိုက်သောအခါတွင်သူ့ပါးစပ်ထောင့်များသည် အပေါ်သို့ တွန့်ကွေးသွားသည်။
"မြင်တယ်မလား မင်းသဘောမတူဘူးဆိုရင် မင်းလည်းမိုးကြိုးပြစ်ဒဏ်လိုပဲ ဖြစ်သွားလိမ့်မယ်..."
ငရဲဘုရင်အာဟက သူ့ဆံပင်တွေကိုသပ်တင်ရင်းပြောလိုက်သည်။
"ဒီခွေးကတကယ့်ကိုရက်စက်ကြမ်းကြုတ်တယ်...မင်းသဘောမတူဘူးဆိုရင်မင်းကိုသူ့ခြေဖဝါးနဲ့ရိုက်လိမ့်မယ်... မင်းရှောင်နိုင်ပါ့မလား..."
ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ငရဲဘုရင်အာဟစကားကို များများနားထောင်လေ စိတ်နှလုံးများပိုတုန်လှုပ်လာလေဖြစ်လာကြသည်။
ကျင့်ကြံ့သူအချို့ဆိုလျှင် မြေပြင်ပေါ်ထိုင်ပြီးအသက်ရှင်စရာ ဘာမှမကျန်တော့ဘူးဟုပင်ခံစားနေကြရသည်။
သူတို့သည်ဟင်းချက်ပါဝင်ပစ္စည်းများဖြစ်ရန် ကံကြမ္မာဖန်လာသည်လား...
အသန်မာဆုံးနတ်ဆိုးဘုရင်ကြီးက အသက်ပြင်းပြင်းရှုထုတ်လိုက်သည်...
ထို့နောက်သူ၏ခေါင်းကိုတောင့်တင်းစွာလှုပ်ရှားလိုက်ပြီး နွားခေါင်းနှင့်မကောင်းကြံစည်တတ်ပုံပေါ်သောကျင့်ကြံသူပေါ်သို့ သူ့အကြည့်ကိုရွေ့လျားလိုက်သည်။ထိုကျင့်ကြံသူသည် သူ၏တိုက်ခိုက်မှုတွင် အကျယ်လောင်ဆုံး အော်ဟစ်ခဲ့သူတစ်ဦးဖြစ်သည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏ အကြည့်ကို ခံစားလိုက်ရပြီး ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူအားလုံး၏ အကြည့်များသည် နွားသိုးဦးခေါင်းနှင့်ကျင့်ကြံသူထံရောက်သွားကြသည်။
နွားသိုးဦးခေါင်းနှင့်ကျင့်ကြံသူ အံအားသင့်တုန်လှုပ်သွားသည်။
"နတ်ဆိုးအရှင်သခင် ကျွန်တော့်ကို ဘာလို့အဲ့လိုမျိုးကြည့်နေရတာလဲ...ကျွန်တော်ကအရှင့်ရဲ့သစ္စာရှိကျေးကျွန်ပါ... ကျွန်တော်က ဟင်းချက်ပါဝင်ပစ္စည်းမဖြစ်နိုင်ပါဘူး... ကျွန်တော်တို့မျိုးစိတ်တွေရဲ့သွေးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နှစ်ခုစလုံးမှာ စီးဆင်းနေပါတယ်..."
နွားသိုးဦးခေါင်းနှင့်ကျင့်ကြံသူသူက အခြားစကားလုံးတွေမပြောနိုင်ပဲ မြေပြင်ပေါ်ဝပ်တွားပြီး နတ်ဆိုးဘုရင်ရဲ့ခြေထောက်တွေကိုဖက်ထားလိုက်သည်။သူ နောက်ထပ်စကားမဆိုနိုင်တော့ပဲ နှပ်ချေးများ၊ မျက်ရည်များ နေရာအနှံ့လွင့်ပျံသည်အထိ ခါးသီးစွာငိုကြွေးနေသည်။
သူသည် သီလသမာဓိမရှိသောနွားသိုးတစ်ကောင်ပင်ဖြစ်သည်။
ဟုတ်ပါတယ်၊ ဒါကပျက်သုဉ်းအကျဉ်းထောင်ရဲ့ကျင့်ကြံသူများအားလုံးသိထားတဲ့အချက်ပင်။ သနားစရာကောင်းတဲ့အပြုအမူတွေလုပ်နေတဲ့ သူတို့ရဲ့ရဲဘော်ကိုကြည့်ရင်းအားလုံးက သူ့ကိုစိတ်ထဲမှကျိန်ဆဲနေကြသည်။
သူတို့ခန္ဓာကိုယ်ထဲမှာတူညီတဲ့မျိုးစိတ်များရဲ့သွေးများစီးဆင်းနေသည်… ဒီလူက သူ့ကိုယ်သူပိုတန်ဖိုးရှိပုံပေါက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသိပုံရသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်ကြီးက ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ နတ်ဆိုးနွားသိုးမျိုးနွယ်စုမှဖြစ်သည်။
သူ၏မျိုးရိုးကပျက်သုဉ်းခြင်းအကျဉ်းထောင်မှာ အမြင့်မြတ်ဆုံးများထဲမှတစ်ခုဖြစ်သည်။ ပျက်သုဉ်းခြင်းအကျဉ်းထောင်မှာရှိတဲ့ အဝါရောင်နွားသိုးမျိုးနွယ်စုထဲက ကြံရာကျပန်းလူတစ်ယောက်က သူ့ကိုယ်သူအသန်မာဆုံးနတ်ဆိုးဘုရင်နဲ့ ဘယ်လိုနှိုင်းယှဉ်ရဲရတာလဲ...
သူတို့၏သွေးတွေထဲမှာ ဆက်နွယ်မှုတွေရောနှောနေသောအချက်က ထည့်ပြောရန်ကိုမလိုပေ။အကယ်၍ ဆက်နွယ်လျှင်လည်း အလွန့်အလွန်နည်းပါးလိမ့်မည်။
ထိုအကြောင်းအရာများကို နတ်ဆိုးဘုရင် သိထားနှင့်ပြီးဖြစ်သည်။ နွားသိုးဦးခေါင်းနှင့်ကျင့်ကြံသူကို ကြည့်သောအကြည့်များကအေးစက်နေသည်။
သေမည်ကိုကြောက်လန့်ပြီးသူ့ဖိနပ်ကိုလျှာနဲ့လျက်တတ်ရုံသာသိတဲ့ ထိုနွားသိုးဦးခေါင်းနှင့်ကျင့်ကြံသူ သေဆုံးသွားလျှင်လည်း ဆုံးရှုံးသွားတဲ့ခံစားချက်မျိုး နည်းနည်းလေးမှခံစားရမှာမဟုတ်ပေ။
"ငိုနေတာရပ်စမ်း...ရေးကြီးခွင်ကျယ်လုပ်မနေစမ်းနဲ့ ... မင်းကရွေးချယ်ခံရသူပဲ...ပျက်သုဉ်းခြင်းအကျဉ်းထောင်အတွက် မင်းဘာသာမင်းစတေးခံလိုက်စမ်းပါ... ဒီအရှင်သခင်က မင်းကိုအမှတ်ရနေပြီးတော့ ရဲရင့်တဲ့စစ်သည်တော်ကမ္ဗည်းကျောက်စာမှာအကုန်လုံးမှတ်မိနေအောင် မင်းရဲ့နာမည်ကိုရေးထိုးထားပေးမယ်..."
နတ်ဆိုးဘုရင်၏ခြေထောက်များကိုဖက်ထားသော နွားသိုးဦးခေါင်းနှင့်ကျွမ်းကျင်သူရဲ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူ၏မျက်နှာတွင်လည်း ထိတ်လန့်မှုများနှင့်ပြည့်နှက်နေသည်။
" ဘာပြောတယ်... ငါဆိုတဲ့နျိူဟန်စန်း ဒါကိုထပ်မလုပ်နိုင်တော့ဘူး...သေချင်တဲ့သူတွေသွားသေလို့ရတယ်...ငါ နျိူဟန်စန်းကတော့သေမှာမဟုတ်ဖူး..."
နွားသိုးဦးခေါင်းနှင့်ကျင့်ကြံသူသည် ဒေါသတကြီးဟိန်းဟောက်ကာ သူ့မျက်လုံးများမှမျက်ရည်များစီးကျလာသည်။ ခဏအကြာတွင်သူ၏ပုံသဏ္ဌာန်သည် ကောင်းကင်ပော်သို့ ရုတ်တရက်ပျံတက်သွားသည်။
" ရဲရင့်တဲ့စစ်သည်တော်ကမ္ဗည်းကျောက်စာကဘာကြီးလဲ ... ငါသေပြီး ဟင်းချက်ပါဝင်ပစ္စည်းဖြစ်လာခဲ့တယ်ဆိုပြီး ကျောက်စာမှာရေးမှာလား..."
နျိူဟန်စန်း၏ ရုတ်တရက်ထွက်ပြေးမှုသည် အခြားကျင့်ကြံသူများ မျှာ်လင့်ထားပြီးသားပင် အားလုံးက သူ၏စက်ဆုပ်စရာကောင်းသော ပင်ကိုယ်စရိုက်ကိုသိကြသည်ပင်။ သူသည်သေရမှာကိုကြောက်ရွံ့ပြီး ဖော်လံဖားတတ်သူတစ်ဦးသာ...
ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများသည် နျိူဟန်စန်းကိုမနှစ်မျို့သည်မှာကြာခဲ့ပြီဖြစ်သည်။ ယနေ့ နျိူဟန်စန်း၏ကံဆိုးမှုကို ဝမ်းသာနေကြသူအချို့ပင်ရှိသည်။
နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်တွင်ပျံ့နှံ့လျက်ရှိပြီး နျိူဟန်စန်းကသူ၏ပုံစံအမှန်သို့ပြောင်းလဲလိုက်သည်။ သူသည်အမှန်စင်စင် ဂျိုတစ်ဖက်ကျိုးပဲ့နေသည့် အဝါရောင်နွားသိုးပင်ဖြစ်သည်။
ကျယ်လောင်သည့်အော်သံကြီးနှင့်အတူ အဝါရောင်နွားသိုးကြီးသည် ခေလှမ်းပြင်းပြင်းလှမ်းလိုက်သည်။ ထို့နောက် အလင်းရောင်စဉ်တန်းအဖြစ်ပြောင်းလဲသွားပြီး အကွာအဝေးတစ်ခုသို့ ထွက်ပြေးသွားသည်။
ထိုအဝါရောင်နွားသိုး၏ ကျင့်ကြံခြင်းသည်အားမနည်းလှပေ။ အမှတ်အသားလေးခုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင်လှည့်ပတ်နေပြီး ခွန်အားကိုပြသနေသည်။
ထိုအချိန်ခဏမှာ သူထွက်ပြေးချင်စိတ်သာရှိနေသည်။ သူဟင်းချက်ပါဝင်ပစ္စည်းဖြစ်မလာချင်ပေ။ သူ အသံကျယ်လောင်စြွာ မည်ကြွေးလျက်ထွက်ပြေးသွားသည်။
ဝုန်း...
သူ့ခြေလက်လေးချောင်းသည် မြေပြင်ပေါ် အကြိမ်ပေါင်းများစွာနင်းလိုက်သကဲ့သို့ လက်ဖဝါးကြီးကြီးနဲ့ မြေပြင်ပေါ် ပြန်ရိုက်ချခံလိုက်ရသည်။ခြေလက်လေးချောင်းလုံးပြန့်ကားလျက် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်သည် အမူအရာကင်းမဲ့သည့်မျက်နှာနှင့် အဝါရောင်နွားသိုးကို သယ်ဆောင်သွားသည်။
" ငါမင်းကို ရွေးသင့်သလား တွေးနေတုန်းပဲရှိသေးတယ်... မင်းကဒီသခင်နဲ့ပက်သက်ဆက်နွယ်မှုမရှိပေမယ့် နွားရိုင်းတစ်ကောင်ဖြစ်နေတုန်းပဲလေ... ဒါပေမဲ့မင်းကလွတ်မြောက်ဖို့ရွေးချယ်ခဲ့တယ်...မင်းထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အတွက် မင်းတစ်ယောက်တည်းပဲဖြစ်သင့်တော့တယ်..."
နတ်ဆိုးဘုရင် ပြောလိုက်သည်။
နတ်ဆိုးဘုရင်၏ချုပ်နှောင်ခြင်းခံထားရသော နွားသိုးဝါကြီး၏မျက်နှာတွင် မျက်ရည်များဖြင့်ပြည့်နေခဲ့ပြီး စိတ်ထဲမှကျိန်ဆဲလျက်ရှိသည်။
"မင်း ဘာလို့စောစောကမပြောခဲ့တာလဲ..."
ငရဲဘုရင်အာဟ သူ့ရှေ့မှရယ်စရာကောင်းသော မြင်ကွင်းကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်များက အပေါ်သို့တွန့်သွားသည်။
ဒါကနည်းနည်းတော့ စိတ်ဝင်စားစရာကောင်းတယ်...
အသန်မာဆုံးနတ်ဆိုးဘုရင်က ခေါင်းမော့ပြီး ငရဲဘုရင်အာဟကို ကြည့်လိုက်သည်။
ယခုတစ်ခါတွင် သူတော်တော်ခံစားလိုက်ရသည်။လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက ကြေးနန်းတော်၌ သူ၏အခွင့်အရေးကိုခိုးယူခံရသည့် အချိန်မှလွဲ၍ ယနေ့သည်သူအခံစားရဆုံးနေ့ဖြစ်သည်။
တစ်စုံတစ်ယောက်၏ ဟင်းချက်ပါဝင်ပစ္စည်းဖြစ်လာရန် အတင်းကျပ်ခိုင်းစေခံရသည်။ ထိုကဲ့သို့ဆုံးရှုံးမှုမျိုးသည် သူ့နှလုံးသားကို သွေးစက်စက်ယိုစေသည်။
သူ ငရဲဘုရင်အာဟကိုမုန်းတီးစွာကြည့်လိုက်သည်။ ထိုလူ ကိုအမြင့်မှရိုက်ချနိုင်မည့်ရက်တစ်ရက်ရောက်လာပေလိမ့်မည်။
ငရဲစွမ်းအင်လှည့်ပတ်လာသည်နှင့်အမျှ ၎င်းသည် အဝါရောင်နွားသိုးကို တင်းကျပ်စွာချည်နှောင်ကာ ကြွက်သားများမလှုပ်ရှားနိုင်တော့ပေ။
"ဒီမှာ သူပဲ...ငါ အရှင်သခင် သူ့ကိုပါဝင်ပစ္စည်းအနေနဲ့ပေးတယ်... ငါတို့ အခုထွက်သွားလို့ရပြီလား..."
အသန်မာဆုံးနတ်ဆိုးဘုရင်က ငရဲဘုရင်အာဟကိုပြောလိုက်သည်။
ထိုသို့ပြောလိုက်ချိန်တွင်ငရဲဘုရင်အာဟ၏နှုတ်ခမ်းများသည်အပေါ်သို့ကွေးညွှတ်သွားသည်။
"မင်းရဲ့နတ်ဘုရားလိုမျက်လုံးတွေက အရမ်းမြင်တတ်တယ်... မဆိုးပါဘူး...ကောင်လေး ဒီဘုရင်မင်းအပေါ်မှာမျှော်လင့်ထားတယ်..."
အသန်မာဆုံးနတ်ဆိုးဘုရင် မျက်မှောင်ကြုံ့သွား၏။
ထို့နောက်ခဏတွင်းချင်းမှာပင် အခြားဘက်သို့လှည့်သွားသည်။ သူ၏လက်အောက်ငယ်သားများကိုခေါ်ဆောင်၍တိမ်မည်းများပေါ်တက်ပြီးထွက်ခွာသွားကြသည်။
"ငာအရှင်သခင်ရဲ့ အမိန့်ကိုပို့ဆောင်လိုက်စမ်း... ပျက်သုဉ်းအကျဉ်းထောင်ရဲ့ စစ်တပ်ကို အစားကြူးတောင်ကြားအနီးမည်သည့်နေရာမှာမှခွင့်မပြုနဲ့... တောင်ပိုင်းဒေသတွေကိုလည်း သူတို့ကိုခြေချခွင့်တောင်မပေးနဲ့...အကြမ်းဖက်တဲ့သူတွေက ဘယ်သူပဲဖြစ်ဖြစ်အသတ်ခံရမယ်..."
အသန်မာဆုံးနတ်ဆိုးဘုရင်၏ တင်းကျပ်သောအမိန့်သည် လေထုထဲသို့ပဲ့တင်ထပ်သွားသည်။
အဝါရောင်နွားသိုးကြီး၏မျက်နှာတွင် မျက်ရည်များနှင့်ပြည့်နေသည်။ သူ၏ပါးစပ်ကိုလည်းငရဲစွမ်းအင်များဖြင့် ဖုံးအုပ်ထားသောကြောင့် စကားလုံးဝမပြောနိုင်ပေ။ သူ၏ခွာပေါ်တွင် မတ်တပ်ရပ်ရုံသာရပ်ပြီး စိတ်ဆင်းရဲစွာအော်ဟစ်နေသည် ။
" ငါ နျိူဟန်စန်း ဒီတစ်ခါတော့တကယ်သေပြီ..."
စားသောက်ဆိုင်ထဲတွင် သူတော်စင်ဂိုဏ်းချုပ်များသည် အသန်မာဆုံးနတ်ဆိုးဘုရင်၏စကားကိုကြားပြီး သူတို့၏မျက်နှာပေါ်တွင်အံ့ဩမှုများ ဖြတ်သန်းသွား၏။
ပျက်သုဉ်းအကျဉ်းထောင်က ကျင့်ကြံသူများကို အစားကြူးတောင်ကြားနဲ့တောင်ဘက်ပိုင်းဒေသတွေကို ကျူးကျော်ဖို့ခွင့်မပြုတော့ဘူးတဲ့လား...
ဤသည်မှာ ပုန်းကွယ်နဂါးတိုက်ကြီး၏ပိုက်နက်နယ်မြေတစ်ဝက်ကို သူတို့ပိုင်ဆိုင်သေးသည်ဟူသော သဘောပင်။
ကနဦးအစတွင် သူတော်စင်ဂိုဏ်းချုပ်များသည် ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးရန်သူလက်ထဲသို့ ကျရောက်သွားလိမ့်မည်ဟုထင်ခဲ့သည်။ ထိုသို့မဟုတ်မှန်း သိလိုက်ရသည့်အခါ အံ့သြဝမ်းသာဖြစ်သွားကြသည်။
အစားကြူးတောင်ကြားနှင့် တောင်ဘက်ဒေသများတွင် မဟာဂိုဏ်း နှင့် ဆေးနန်းတော်တို့ပါဝင်သည်။ နယ်မြေအကြီးကြီးတစ်ခုဖြစ်နေသေးသည်။
အလင်းယိမ်းသူတော်စင်ဂိုဏ်းချုပ် မျက်ရည်များဝဲနေ၏။ ပုန်းကွယ်နဂါးတိုက်ကြီးကို အနည်းဆုံးထိန်းသိမ်းထားနိုင်ခဲ့သည်။
ငရဲဘုရင်အာဟသည်မြေပြင်ပေါ်ဆင်းလာပြီး ငရဲစွမ်းအင်များနှင့်ထိန်းချုပ်ခံထားရသော နျိူဟန်စန်းကိုကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင်မြူးတူးသောအပြုံးတစ်ခုပေါ်လာ၏။
နျိူဟန်စန်း၏ ခန္ဓာကိုယ်သည်ကြီးမားသည်ဟု သတ်မှတ်၍မရသော်လည်း မြင်းတစ်ကောင်၏အရွယ်အစားခန့်ရှိသည်။
ငရဲဘုရင်အာဟသည် သူ့နောက်တွင်လက်တစ်ဖက်ကို ချထားပြီး နျိူဟန်စန်း၏ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်နေသည်။ သူသည်ရံဖန်ရံခါ လက်ကိုမြှောက်ကာ အဝါရောင်နွားသိုး၏ကိုယ်ကိုပွတ်သပ်သည်။ မကြာခဏ ချီးမွမ်းသံများသူ့နှုတ်ခမ်းမှလွတ်ထွက်သွားသည်။
"မဆိုးပါဘူး မင်းမှာနွားသိုးတစ်ကောင်အတွက်ဆိုတော်တော်ကျစ်လျစ်တဲ့အသားတွေရှိတာပဲ... မင်းရဲ့အသားကနဂါးထက်ပိုကောင်းတယ် ..."
ငရဲဘုရင်အာဟကရေရွတ်လိုက်သည်။
သူ၏စကားများ နျိူဟန်စန်းကို စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
နဂါး လိုမျိုးအမှိုက်နှင့် သူ နျိူဟန်စန်းကိုနှိုင်းယှဉ်တယ်တဲ့လား...
သူ နျိူဟန်စန်းက လူအုပ်လိုက်ကြီးစားသောက်မည့် ပန်းကန်ထဲကို ရောက်ရတော့မည်လား...
အသာအယာပုတ်လိုက်ရုံဖြင့် ငရဲဘုရင်အာဟသည် နျိူဟန်စန်း၏ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များကိုဖယ်ရှားလိုက်သည်။
နျိူဟန်စန်းသည် ခန္ဓာကိုယ်လွတ်လပ်ပေါ့ပါးသွားသည်နှင့် ဘေးသို့လှည့်ပြီးသူ၏နွားသိုးခြေထောက်ကြီးများကို ကွေးညွှတ်လျက်ငရဲဘုရင်အာဟရှေ့တွင် ဒူးထောက်လိုက်သည်။
" ချောမောလှတဲ့အရှင်သခင် ကျွန်တော် နျိူဟန်စန်းကအရှင့်ရဲ့ခမ်းနားလှတဲ့ခန္ဓာကိုယ်ကိုလေးစားအားကျပါတယ်... အရှင့်ရဲ့မျက်နှာက ကျွန်တော့်ကိုယစ်မူးစေပြီး အရှင်က ကမ္ဘာပေါ်မှာအခမ်းနားဆုံးလူတစ်ဦးပါ... ကျွန်တော် နျိူဟန်စန်းအခုကစပြီးအရှင့်စကားကိုနာခံပါ့မယ်... ကျွန်တော့်ကိုလက်ခံပါ... အခုချိန်ကစပြီး အရှင့်ရဲ့သစ္စာအရှိဆုံးနောက်လိုက်ဖြစ်စေရပါမယ် ..."
အဝါရောင်နွားသိုးအဖြစ်ပြောင်းလဲသွားသည့်နျိူဟန်စန်းက မြေကြီးပေါ်တွင်ဒူးထောက်နေပြီး သူ၏ခေါင်းကိုနှိမ့်ချထားလျက်ငရဲဘုရင်အာဟကို တည်ကြည်စွာပြောနေသည်။
ငရဲဘုရင်၏ မျက်ခုံးများမြှင့်တက်သွား၏။
"ဒီနွားသိုးကောင် စကားကိုဘယ်လိုပြောရမယ်ဆိုတာသိသားပဲ... ဒါပေမဲ့ ဒီဘုရင်ကနောက်လိုက်မလိုတာဆိုးတာပဲ... ဒီဘုရင်လိုအပ်နေတာ သွေးကျောက်ပုစွန်နဲ့ ရှူးရှဲအစပ်ချောင်းတွေပဲ ..."
နျိုဟန်စန်းစိတ်ရှုပ်ထွေးသွားသည့်ဟန်ဖြင့်ငရဲဘုရင်အာဟကိုကြည့်လိုက်သည်။
သွေးကျောက်ပုစွန်နှင့် ရှူးရှဲအစပ်ချောင်းတဲ့လား အဲ့တာဘာတွေလဲ...
"ကောင်းကောင်းမွန်မွန်နေပြီးဒီဘုရင်နဲ့လိုက်ခဲ့..."
ငရဲဘုရင်အာဟကနူးညံ့သည့်အကြည့်များနှင့် နျိူဟန်စန်းကို ကြည့်လိုက်သည်။ သူ၏နူးညံ့သောအကြည့်များက နျိူဟန်စန်း၏နှလုံးသားကိုနူးညံ့သွားစေသည်။
ရုတ်တရက်..
ဘုန်း...
နျိုဟန်စန်း၏ဦးခေါင်းပေါ်သို့ရိုက်ချလိုက်ရာ တစ်ရှိန်ထိုးလဲကျသွားပြီး အဝါရောင်နွားသိုးသည် မြေပြင်ပေါ်တွင်ခြေကားယားလက်ကားယားဖြင့်လဲကျနေ၏။
သူ၏မျက်လုံးတွေက နောက်ပြန်လှည့်သွားပြီး မူးလဲမသွားခင်မှာပင် နှလုံးသားထဲတွင် ရှိသမျှ ခွန်အားများနှင့် ကျိန်ဆဲခဲ့သည်။
ငရဲဘုရင်အာဟက နျိူဟန်စန်း၏ခန္ဓာကိုယ်ကိုသယ်ဆောင်ပြီး ပုဖန်ရှေ့သို့လျှောက်လာသည်။ သူ၏မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ပေါ်ပေါက်လာပြီး ဟန်ဆောင်ကင်းသောအသံဖြင့်ပြောလိုက်သည်။
" ကောင်လေးပုဖန် ဒီဘုရင်က မင်းအတွက်ပါဝင်ပစ္စည်းယူလာပေးတယ်... ဒီဘုရင် မင်းရဲ့ဝိုင်ကို အလကား သောက်တာမဟုတ်ဖူး...ဒီလိုအံ့ဩဖွယ်ကောင်းတဲ့ပါဝင်ပစ္စည်း မင်းကိုပြန်ပေးမယ်...ဒီအသားကိုကြည့်လိုက်ပါဦး...အံ့ဩစရာမကောင်းဘူးလား..."
ငရဲဘုရင်အာဟသည်နျိူဟန်စန်း၏ဝမ်းဗိုက်ကိုရိုက်ပြီးပြောဆိုလိုက်သည်။
ပုဖန် ငရဲဘုရင်အာဟကို တွေးတွေးဆဆကြည့်လ်ိုက်ပြီး မည်သည့်စကားမျှမပြောပေ။
သူတို့အနားတွင်ရှိသော သူတော်စင်ဂိုဏ်းချုပ်များသည်လည်း သစ်သားကြက်ရုပ်များကဲ့သို့ဖြစ်နေ၏။ ဒါကအမှတ်အသားလေးခုနှင့် ပျက်သုဉ်းအကျဉ်းထောင်ရဲ့ကျင့်ကြံသူပဲ ... သူကဟင်းချက်ပါဝင်ပစ္စည်းဖြစ်တော့မည်လား...
"ကောင်းပြီလေ ငါ စိတ်မပာ့တပာ့နဲ့ လက်ခံလိုက်ပါမယ် ဒါပေမဲ့ နောက်သုံးလအတွင်းမှာ ခင်များကို အစပ်ချောင်းတွေပေးမှာမဟုတ်ဖူး..."
ပုဖန်ကဖြေလိုက်သည်။
သူ၏လက်မြောက်၍ နျိူဟန်စန်း၏ခန္ဓာကိုယ်ကိုရိုက်လိုက်သည်။ ခဏတွင်းချင်းမှာ နျိုဟန်စန်း၏ခန္ဓာကိုယ်ပျောက်သွားပြီး ကောင်းကင်နှင့်ကမ္ဘာလယ်မြေကွက်သို့ရောက်သွားသည်။
ဒါကတိုက်ဆိုင်မှုတစ်ခုသာ ကောင်းကင်နှင့်ကမ္ဘာလယ်မြေကွက်မှာ ထယ်ထိုးရန်အတွက်နွားသိုးတစ်ကောင်လ်ိုအပ်နေသည်။ ဒီနျိူဟန်စန်းကမဆိုးလောက်ပေ။
ထိုသို့ပြုလုပ်ပြီးနောက် ပုဖန်တစ်ဖက်သို့လှည့်ကာ စားသောက်ဆိုင်သို့ပြန်သွားသည်။
ငရဲဘုရင်အာဟ ထိုနေရာမှာပင်ကျောက်ချရပ်နေပြီးအံ့ဩလွန်းသဖြင့် မည်သည့်စကားမျှမပြောနိုင်ပေ။
ပုဖန်၏စကားလုံးများက မိုးကြိုးတစ်စင်းပစ်ခွင်းပြီး ကျောက်ဖြစ်သွားစေသလိုပင်။
အစပ်ချောင်းတွေမရှိပဲ သုံးလ.....
အစပ်ချောင်းများမရှိပါက သူ့အတွက်အသက်ဆက်ရှင်ရန် အကြောင်းပြချက်မရှိပေ။
သူတော်စင်ဂိုဏ်းချုပ်များက ငရဲဘုရင်အာဟကိုထူးဆန်းသောအကြည့်များဖြင့်ကြည့်နေကြသည်။
ဘာပဲဖြစ်ဖြစ် သူ့အားကိုယ်ချင်းစာသောအကြည့်များဖြင့်ကြည့်ပေးနေကြသည်။
ခဏအတွင်းမှာပင် သူတို့လဲ စားသောက်ဆိုင်ဆီသို့ပြန်သွားကြသည်။သူတို့ ဝိုင်ထည့်ထားသော ကရားရှိသည့်စားပွဲနားတွင်ဝိုင်းနေကြသည်။
အခုလက်ရှိမှာတော့ ဒီဝိုင်ကရားတစ်ခုကဘယ်လောက်ကြောက်စရာကောင်းပြီး ခွန်အားကြီးတယ်ဆိုတာ နောက်ဆုံးမှာသူတို့သဘောပေါက်သွားခဲ့ပြီ။
အစားကြူးတောင်ကြား၏ ပထမသခင်ကပုဖန်ကို ဘာကြောင့်ကောင်းကောင်းဆက်ဆံသည်ဆိုတာ နားလည်သွားခဲ့ကြပြီ။
သူတို့၏ လက်ရှိရည်မှန်းချက်သည် ထိုဝိုင်ကိုမြည်းစမ်းဖို့ပင်။ ထိုဝိုင်နှင့်ဆိုလျှင်ပုန်းကွယ်နဂါးတိုက်ကြီး၏ ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်ရယူရန်ပြဿနာမရှိပေ။
သူတော်စင်ဂိုဏ်းချုပ်များက အရောင်တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ပုဖန်ကို ကြည့်နေကြသည်။
ပုဖန် စားပွဲဆီသို့လျှောက်လာသည်...
ပျင်းရိပျင်းတွဲဖြင့် ထိုင်ခုံပေါ်တွင်မှီထိုင်လိုက်ပြီး သူတော်စင်ဂိုဏ်းချုပ်များအား ဖြည်းညှင်းစွာကြည့်လိုက်သည်။