အပိုင်း ၉၀၆
Viewers 53k

အခန်း ၉၀၆

ဝိုင်တခွက်ကို ဆယ်သန်း...


ပုဖန် ခုံကိုမှီထိုင်၍ သူတော်စင်ဂိုဏ်းချုပ်အား ပျင်းရိစွာဖြင့် ကြည့်နေလိုက်သည်။၎င်းတို့၏ အကြည့်များမှတစ်ဆင့် လိုချင်တပ်မက်မှုများကို သိနိုင်ပေသည်။ထိုသူတော်စင်အုပ်ချုပ်သူများသည်လည်း တွယ်ရာမဲ့ ဝိုင်၏ အစစ်အမှန် အသုံးဝင်ပုံကို သိရှိထားပြီဖြစ်ကြောင်း သံသယဝင်စရာမလိုတော့ပေ။


ဝ်ိုင်တစ်ခွက်က နီယန်၏ တိုက်ခိုက်ရေး စွမ်းရည်များကို အဆပေါင်းများစွာ တိုးတက်သွားစေခဲ့သည်။သူမအား အသန်မာဆုံးနတ်ဆိုးဘုရင်နှင့်ပင် ရင်ဆိုင်နိုင်စွမ်းရှိစေခဲ့ပြီး ဆိုးရွားသောအဆုံးသတ်လည်းမရှိခဲ့ပေ။


သူတို့သာ ဝိုင်ကို ရရှိခဲ့လျှင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးများနှင့် ယှဉ်နိုင်ရန် အခွင့်အရေးရရှိလာပေလိမ့်မည်။ပုန်းကွယ်နဂါးတိုက်ကြီး၏ နယ်မြေများကို ကျူးကျော်သိမ်းပိုက်ခံရခြင်းမှနေ၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လာနိုင်လိမ့်မည်။


ထိုနတ်ဆိုးများ၏ လက်ထဲမှ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို ပြန်လည်သိမ်းယူရပေမည်။သူတော်စင်အုပ်ချုပ်သူများ ပုဖန်ကို တောက်ပသည့်အကြည့်များဖြင့် ကြည့်လိုက်သည်။ထိုကဲ့သို့သော ဝိုင်များကိုထုတ်လုပ်နိုင်ခဲ့သည့် စားသောက်ဆိုင်လေး၏ ပိုင်ရှင်က လူတိုင်း၏ လေးစားမှုများနှင့် ထိုက်တန်ပေသည်။


"ဒါကြောင့် အစားကြူးတောင်ကြားရဲ့ ပထမသခင်က ဒီလူငယ်လေးကို လေးစားနေတာကို အံ့သြစရာမရှိတော့ဘူး..."


လူအိုကြီးက ပုဖန်၏ ရှေ့တည့်တည့်တွင် ထိုင်လိုက်ပြီး လူကိုကြည့်ကာ မျက်ဝန်းများ မှေးကျင်းလိုက်ပြီးနောက်ပြုံး၍ ပြောလိုက်သည်။


"သူငယ်ချင်းလေးပုဖန်ရေ ဒီလူအိုကြီးကို မင်းရဲ့ ဝိုင်လေးပေးမြည်းနိုင်မလား...သူ့ရဲ့ ရနံ့က တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းနေတော့ ဒီလူအိုကြီးရဲ့ နှလုံးသားက တောင့်မခံနိုင်တော့ဘူး..."


တခြားသူတော်စင် ဂိုဏ်းချုပ်များအားလုံးက ပုဖန်၏ အဖြေကို ကြားရရန်အတွက် သေချာနားစွင့်ထားကြလေသည်။အရင်အချိန်ကဆိုလျှင် သူတို့ ဘာမှ ဂရုမစိုက်ပဲ ဂုဏ်ယူဝင့်ကြားစွာဖြင့်သာရှိနေလိမ့်မည်။သို့သော်လည်း ယခု၌မူရွေးချယ်စရာမရှိတော့ပဲ အာရုံစိုက်ထားရန်သာ တက်နိုင်လေသည်။


ဒီစားသောက်ဆိုင်လေးက အရမ်းကို သန်မာလွန်းလှသည်။ဆိုင်ထဲတွင်ရှိနေသောငရဲဘုရင် အာဟ သို့မဟုတ် ဝိုင်တစ်ခွက်သောက်ပြီးနောက် စွမ်းအင်များ တိုးမြင့်လာသော ကြယ်တာရာအာကာသနတ်သမီးနီယန်... ထို့အပြင် မိုးကြိုးပြစ်ဒဏ်ကိုပင် လက်ဖဝါးတစ်ချက်တည်းဖြင့် ဖယ်ရှားပစ်နိုင်သော ခွေးနက်ကြီး...


သူတို့အားလုံးက သူတော်စင်ဂိုဏ်းချုပ်များ ရင်ဆိုင်နိုင်သည့် သူများမဟုတ်ပေ။


ထို့ကြောင့် သူတို့တွင် ဝိုင်ကို လုယူနိုင်မည့် အစွမ်းမရှိပဲ မျှော်လင့်နေရုံသာ တက်နိုင်လေသည်။


"ဒီဝိုင်ကို တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်လ်ို့ ခေါ်တယ်...ပါဝင်ပစ္စည်းတွေကတော့ ငရဲကမ္ဘာက အရမ်းကို ရှားပါးပြီး တန်ဖိုးရှိတဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ စမ်းချောင်းဝါမြက် တွယ်ရာမဲ့ ပန်းတို့ ပါတယ်..."


ပုဖန်က လိမ်ပြောခြင်းမဟုတ်ပေ။သူ့၏ အသံကလည်း သူ့ကိုယ်သူ စကားပြောနေသကဲ့သို့ အခြေအနေဖြစ်နေသည်။သူတော်စင်ဂိုဏ်းချုပ်များက ထိုစကားကြားသည်နှင့် ထိတ်လန့်အံ့အားသင့်သွားကြသည်။


"ဘာကမ္ဘာမြေ အကျဉ်းထောင်က ပါဝင်ပစ္စည်းတွေလား ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...ဒီလူငယ်လေးက ကမ္ဘာမြေအကျဉ်းထောင်က ပစ္စည်းတွေကို ဘယ်လိုလုပ် ရတာလဲ..."


ကမ္ဘာမြေအကျဉ်းထောင်ဆိုသည်မှာ ငရဲကမ္ဘာရှိ အကျဉ်းထောင်ကြီးသုံးခု၌ အကြီးဆုံးနေရာလည်းဖြစ်သည့်အပြင် ပျက်သုဉ်းခြင်း အကျဉ်းထောင်ထက်ပင်အဆင့်မြင့်လေသည်။


သူက ကမ္ဘာမြေအကျဉ်းထောင်က ပါဝင်ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး ရိတ်သိမ်းန်ိုင်ခဲ့တာလဲ...


လူအုပ်ကြီးရဲ့ စိတ်ထဲတွင် အတွေးတစ်ချက်လက်သွားပြီးနောက် ငရဲဘုရင်အာဟနှင့် ခွေးဘုရင်ကို လှမ်းကြည့်လိုက်မိသည်။


"ဒီနှစ်ယောက်က ကမ္ဘာမြေအကျဉ်းထောင်က အရှင်သခင်တွေများ ဖြစ်နေမလား ဒီလ်ိုဆိုရင်တော့ အကျိုးအကြောင်း သင့်သွားပြီ...


"အဟမ်း...အော် ဒီဝိုင်ကို ကမ္ဘာမြေအကျဉ်းထောင်က ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာကို ဒါ့ကြောင့်လည်း သူ့ရဲ့ရနံ့က အရမ်းမွှေးပျံ့ လတ်ဆတ် သန့်ရှင်းနေတာ..."


ထို လူအိုကြီးက သူ့၏ဆံပင်များကို ပွတ်သပ်ပြီး ရှက်ရယ်ရယ်လိုက်သည်။


"လာ ဒီလိုဆိုရင် ဒီလူအိုကြီးကိုလည်း နည်းနည်းပေးမြည်းလိုက်...ငါ မင်းကို ပြောပြမယ်နော် ဒီလူအိုကြီးကလေ ဝိုင်မြည်းတဲ့ နေရာမှာလုံးဝ အိတ်စပက်စ်ပဲ..."


လူအိုကြီးက ရယ်မောရင်းဖြင့် သိပ်သည်းလှသော မွှေးရနံ့များ ထုတ်လွင့်နေသည့် ဝိုင်အိုးကို လက်လှမ်းလိုက်သည်။သို့သော်ပုဖန် ထိုလက်ကို ရိုက်ထုတ်လိုက်၏။


"ခင်ဗျားက ဒီဝိုင်ကို သောက်ဖို့ စဉ်းစားနေတာဆိုရင်တော့ ဖြစ်နိုင်ပါတယ် ဒါပေမယ့် ကျုပ်မှာ တောင်းဆိုစရာရှိတယ်..."


"ဘာ ဘာတောင်းဆိုမှာလဲ ... "


လူအိုကြီး မတုံ့ပြန်ခင်မှာပင် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်အုပ်ချုပ်သူက ကြားဖြတ်ပြောလိုက်သည်။


"ဒါက စားသောက်ဆိုင်လေ...ကျုပ်ဘာလိုချင်တယ်လို့များ ခင်ဗျားထင်လို့လဲ..."


ပုဖန် ထို ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်ကို ကြည့်၍ ပြောလိုက်သည်။


"စားသောက်ဆိုင် ဒီတော့ သူ့အဲ့ဒီအတွက် ငွေပေးချေရမှာလား..."


ထိုဝိုင်ကို ငွေဖြင့် ပေးဝယ်ရမည်ဆိုလည်း ပြဿနာမရှိပေ။


"ပိုင်ရှင်ပု မင်း ငွေကြေး အကြောင်း ပြောနေတာဆိုရင် ငါတို့ အေးအေးဆေးဆေး ဆွေးနွေးလို့ရပါတယ် ..."


ထိုသူတော်စင်ဂိုဏ်းချုပ်က ရယ်မော၍ ပြောလိုက်သည်။တခြားသူများလည်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ကြသည်။သူတို့က သန့်စင်နယ်မြေများ၏ သူတော်စင်အရှင်သခင်များ ဖြစ်ကြသည်။သူတို့ ပိုင်ဆိုင်ထားသည့် ရတနာဆိုသည်မှာ အစဉ်အဆက် စားမကုန်အောင် များပြားလှ၏။


သူ့ဆီက ဝိုင်လေးတစ်ခွက်ကို မတက်နိုင်ဖြစ်စရာလား...သူတို့ ထိုသို့ တွေးမိပြီး ပုဖန်ကို အသာအယာကြည့်လိုက်ကြသည်။


ထိုလူများ စိတ်သက်သာရာရသွားသည်ကို ကြည့်၍ ပုဖန် မျက်ခုံးပင့်လိုက်မိသည်။


"ဒါဆိုလည်း ပြောလေမင်းရဲ့ တောင်းဆိုမှုက ဘာလဲ ..."


လူအိုကြီးက သူ့၏ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ရယ်မောရွှင်မြူးစွာဖြင့် ပြောလိုက်သည်။ပုဖန်၏ မျက်နာအမူအရာက ပြောင်းလဲမှုမရှိပဲ ထိုလူများအားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် လက်နှစ်ချောင်းထောင်လိုက်သည်။


"ပိုင်ရှင်ပု ဒါ ဘာအဓိပ္ပါယ်လဲ ...မင်းက ဝိုင်တစ်ခွက်ကို သလင်းကျောက် နှစ်သိန်းနဲ့ ရောင်းချင်တာလား..."


သူတော်စင်ဂိုဏ်းချုပ် တစ်ယောက်က ဝင်ပြောလိုက်သည်။ဝိုင်တစ်ခွက်အတွက် သလင်းကျောက် နှစ်သိန်း ဆိုသည်မှာ မိုးထိအောင် မြင့်မားသည့် စျေးနှုန်းဖြစ်သည်။


သို့သော်လည်း ပုန်းကွယ်နဂါးတိုက်ကြီး၏ အနာဂတ်နှင့် တွေးတောကြည့်မည်ဆိုပါကလည်း ထိုအရာက အနည်းငယ် ကြီးမြင့်နေခြင်းက ပြဿနာမဟုတ်တော့ပေ။


သူတို့ အံတင်းတင်းကြိတ်လိုက်ပြီး သလင်းကျောက်များကို ထုတ်ယူလိုက်ကြသည်။သို့သော် နောက်ခဏမှာပင် အားလုံး ကြောင်အ မှင်သက်သွားလေသည်။


အဘယ်ကြောင့်ဆိုသော် ပုဖန်က ခေါင်းအသာခါယမ်းရင်း ကွဲပြားခြားနားမှုမရှိသောအသံတုန်းဖြင့် ပြောလာလေသည်။


"သလင်းကျောက် နှစ်သိန်းဟုတ်လား... ခင်ဗျားတို့က တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို သလင်းကျောက်နှစ်သိန်းနဲ့ သောက်ချင်တယ်ပေါ့လေ..."


ပုဖန် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးရုံ ပြုံးလိုက်ပြီးဆက်ပြောလိုက်သည်။


"ဝိုင်တစ်ခွက်ကို သလင်းကျောက် တစ်ဆယ်သန်း...ဒာ့အပြင် အရမ်းရှားပါးတဲ့ စိတ်ဝိညာဉ်သစ်စေ့ ပေးဖို့လည်းလိုအပ်တယ်...ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့အားလုံး ထွက်သွားကြပါ..."


"ဆယ်သန်း ဝိုင်လေးတစ်ခွက်ကို ဆယ် မီလီယံ..."


အရင်ကဆိုလျှင် သလင်းကျောက် ဆယ်မီလီယံဆိုသည်က သူတို့တွက် ပြောပလောက်စရာမရှိပေ။သို့သော်လည်းယခုအချိန်၌မူ သူတို့၏ သန့်စင်နယ်မြေများက သိမ်းပိုက်ခြင်း ခံထားရပြီးပြန်စရာအိမ်ပင် မရှိသည့် အခြေအနေမျိုးဖြစ်သည်။


အကယ်၍ သလင်းကျောက် ဆယ်သန်းသာသုံးလိုက်မည်ဆိုလျှင် ၎င်းက သူတို့၏အသွေးအသားများကို ဖြတ်တောက်ခြင်းနှင့်ပင် တူနေလိမ့်မည်။ထို့အပြင် သလင်းကျောက်များက သန့်စင်နယ်မြေ၏ တပည့်များနှင့် သူတော်စင်ဂိုဏ်းချုပ်များအဆင့်တက်ရာတွင် အသုံးဝင်သည့် အကြောင်းကိုပင် ထည့် မပြောရသေးပေ။


အဓိကအချက်က ဝိုင်တစ်ခွက်ကိုဆယ်သန်း ံတန်သည်ဆိုပါက....


 ှသူတို့ ပုဖန်ဘေးရှိ ဝိုင်အိုးဆီ အကြည့်ရောက်သွားကြသည်။၎င်းက ဆယ်ခွက်လောက်မျှသာ ရှိမည့် ပုံပေါ်လေသည်။


အားလုံးမျက်နာသေဖြင့် ထိုင်နေသောပုဖန်ကို ကြည့်၍ လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။သူတို့ ခန္ဓာကိုယ်မှ ဘယ်နေရာကမှန်းမသိသောနာကျင်မှုများ ထိုးထွက်လာသလိုပင် ထို့အပြင် ထိုမျှမကသေးပေ။


အလွန်ရှားပါး တန်ဖိုးရှိလှသော စိတ်ဝိညာဉ်ပင်မျိုးစေ့က်ိုလည်း လိုချင်နေသေးသည်။


"ဆယ်သန်းကတောင်မလုံလောက်သေးဘူးလား...ဝိုငိတစ်ခွက်က အဲ့ဒီလောက် ကျသင့်ရဲ့လား..."


ပုဖန်ကမူအေးအေးဆေးဆေးသာ ထ်ိုင်ကြည့်နေသည်။သူသန့်ရှင်းတောက်ပြောင်နေသော ဝိုင်အိုးကို သူ့ရှေ့တည့်တည့်သို့ ချလိုက်သည်။ဝိုင်ခရားမှ ကြယ်ရောင်အလင်းများ ဖြာထွက်လာပြီးအဘက်ဘက်သို့ ပြန့်နှံ့လာသည်နှင့်အတူမွှေးရနံ့များလည်းပြန်လွင့်လာလေသည်။၎င်းက အားလုံး၏ အာရုံကို ဆွဲဆောင်လိုက်ပေ၏။


ထိုကြယ်ရောင်များက မဟူရာညအမှောင်ထဲမှ အလင်းလှိုင်းလိုပင် ဆွဲဆောင်မှုရှိလှပြီး မွှေးရနံ့ကလည်း ယစ်မူးစေလေသည်။


"အားလုံးဘေးဖယ်ကြစမ်း ငါဒီဝိုင်ကို သောက်ချင်တယ်..."


သူတော်စင်ဂိုဏ်းချုပ်များ ကြောင်အနေသည့် အချိန်မှာပင် အပြင်ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။အပေါက်ဝမှနေ၍ ပုံရိပ်တစ်ခု ဝင်ရောက်လာသည် သူ့၏ မျက်ဝန်းများက လိုချင်တောင့်တမှုများနှင့် ပြည့်နှက်နေသည်။


အားလုံး၏ အကြည့်များက ထိုသူဆီသို့ ကျရောက်သွားသည်။၎င်းက ပိန်ပါးသော အသွင်အပြင်နှင့် ဝတ်ရုံဟပြဲ ဝတ်ဆင်ထားသော ဝမ်ရမ်ရှန်ပင် ဖြစ်သည်။


"ပိုင်ရှင်ပုရေ ငါ့ကို အဲ့ဒီဝိုင်တစ်ခွက်လောက် ပေးသောက်ပါ ..ငါ့မှာ ဆယ်မီလီယံ ပါတယ် ပြီးတော့ အရည်အသွေးမြင့်ရှားပါးတဲ့ ဆေးဖက်ဝင် အပင်လည်းရှိတယ်..."


ပုဖန်အနည်းငယ် ကြောင်အသွားသည်။ပထမဦးဆုံး ကမ်းလှမ်းလာသူက သူတော်စင်ဂိုဏ်းချုပ်များအစား ဝမ်ရမ်ရှန် ဖြစ်လိမ့်မည်ဟု သူမထင်ထားမ်ိပေ။


"ကောင်းပြီ..."


သို့သော် ပုဖန်က မည်သူဖြစ်ဖြစ် ဂရုမစိုက်ပေ။သူလိုချင်တာပေးန်ိုင်သရွေ့ တွယ်ရာမဲ့ စမ်းချောင်းဝါဝ်ိုင်ကို ပေးအပ်မည်ဖြစ်သည်။ဝမ်ရမ်ရှန်က ပုဖန် သဘောတူလိုက်တာကို ကြားပြီးသည်နှင့် သူ့၏ သိုလှောင်အိတ်က်ို လွှဲပေးလိုက်သည်။


"ပိုင်ရှင်ပု ဒါငါ့မှာ ရှိတာ အကုန်ပဲ...ငါ ဝိုင်တစ်ခွက်ပဲလိုချင်တာ..."


တကယ်ကို ရူးသွပ်သူ တစ်ယောက်ပင်ဖြစ်သည်။ဝ်ိုင်အတွက်ဆိုလျှင် သူက လုံးဝ ရူးသွပ်သွားပေလိမ့်မည်။ထိုဝိုင်လေးတစ်ခွက်အတွက်နဲ့ သူ့၏ စားသောက်ဆိုင်ကိုပင် သလင်းကျောက်များရရန် ရောင်းပစ်ဖို့ ဆန္ဒရှိလေသည်။


ယနေ့တွင် နှင်းခါးမီးတောက် သိမြင်မှုဝိုင်ထက် ကောင်းမွန်သော ဝိုင်ပေါ်ထွက်လာပြီဖြစ်လေရာ သူဒေဝါလီ ခံရမည်ဆိုလျှင်ပင် လက်လွတ်စရာအကြောင်းမရှိပေ။


ပုဖန်က မည်သည့်စကားမှ မဆိုပေ။သူ့လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ဝမ်ရမ်ရှန်ပေးသော သလင်းကျောက်များကို သိမ်းဆည်းလိုက်သည်။ဝမ်ရမ်ရှန် အနည်းငယ် တွန့်ဆုတ်နေပြီးနောက် အံတင်းတင်းကြိတ်လိုက်သည်။ထို့နောက် အလင်းတစ်ချက်နှင့်အတူသူ့၏ လက်ပေါ်၌စန္ဒကူးသေတ္တာလေးတစ်ခု ပေါ်လာလေသည်။


သေတ္တာအဖုံးကို ဖြေးဖြေးချင်းဖွင့်လိုက်သည်နှင့် တောက်ပလှသောအလင်းများနှင့်အတူသိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များ ထွက်ပေါ်လာလေသည်။


"အရမ်းတန်ဖိုးရှိတဲ့ ဇာမဏီသွေးနီရောင် သစ်စေ့ပဲ..ငာက အချိန်များကြီး ကြိုးစားခဲ့ပေမယ့်လည်း အဲ့ဒါကို အပင်ပေါက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး...ငါ ဒါကို ဝိုင်တစ်ခွက်နဲ့ လဲမယ်..."


ထိုသစ်စေ့အား ပေးလိုက်ရခြင်းက ဝမ်ရမ်ရှန်၏ အသားများကို လှီးထုတ်လိုက်သလိုမ်ျိုးခံစားရလေသည်။သူ အသီးသီးအောင် မပျိုးထောင်နိုင်ခဲ့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ၎င်းက အထွဋ်အထ်ိပ်အဆင့် ပါဝင်ပစ္စည်းဖြစ်သည်။


သူတော်စင်ဂိုဏ်းချုပ်များအားလုံးကလည်း ကြည့်ရှုနေကြသည်။ဇာမဏီ သွေးနီရောင် သစ်စေ့က တန်ဖိုးရှိသည်ဆိုသော်လည်း ၎င်းက အစေ့အဖြစ်သာ ရှိနေသေးသည်။အပင်ပေါက်မပေါက်က နောက်ထပ် မေးခွန်းတစ်ခုဖြစ်စ်သွားလေပြီ။


ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။


"သူ ဒီလ်ို တန်ဖိုးရှိတဲ့ အရာမျိုးတောင် ရတယ်တဲ့လား...ဝမ်ရမ်ရှန်က ပစ္စည်းကောင်းတွေကို သိမ်းဆည်းထားတာပဲ..."


ရဲရဲနီနေပြီးပတ်ပတ်လည်တွင် ဆန်းကြယ်လှသော လှိုင်းလေးများရှိနေသည့် အနီရောင်သစ်စေ့လေးကိုသိမ်းဆည်းလိုက်သည်။


"ကောင်းပြီ ငါတို့ရဲ့ သဘောတူညီချက် ပြီးဆုံးသွားပြီ..."


စကားဆိုလိုက်ပြီးသည်နှင့် ပုဖန် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။သင်းပျံ့မွှေးကြိုင်သည့်ဝိုင်ခွက်က ဝမ်ရမ်ရှန်ဆီသို့ လွင့်မျောသွားလေသည်။


ဝမ်ရမ်ရှန် အလွန်အမင်းစျေးကြီးလှသော ထ်ိုဝိုင်ခွက်ကို ကြည့်နေမိသည်။ထိုထဲတွင် ကြယ်စွမ်းအင်များ ပါဝင်နေပုံရလေသည်။သူ ထိုဝိုင်ခွက်ကို ကြည့်ရင်းမျက်ရည်များပင် ဝဲလာမိသည်။


"နောက်ဆုံးတော့ လူအားလုံးကိုဆွဲဆောင်နိုင်ခဲ့တဲ့ အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကိုသောက်ခွင့်ရခဲ့ပြီ ..."


ဒီလိုကောင်းမွန်လှသော ဝိုင်မျိုးက ကောင်းကင်ဘုံမှာသာ ရှိနိုင်လိမ့်မည်။သို့သော်လည်း ယခုမူလူသားတို့၏ ကမ္ဘာ၌ ရှာတွေ့ခဲ့ရလေပြီ။ဝမ်ရမ်ရှန် ဂရုတစိုက်ဖြင့် ခွက်ကို မြောက်လိုက်ပြီး အသာအယာစုပ်သောက်လိုက်သည်။ဝ်ိုင်တစ်ငုံမျှသာဖြစ်သော်လည်းသူ့၏ အရေပြားများပါ ထုံကျင်သွားသလိုမျိုး ခံစားလိုက်ရသည်။


သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောလိုက်သလိုမျိုး သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ရပြီး မျက်ရည်များပင် စီးကျလာခဲ့သည်။


"အရမ်းကောင်းတယ် အရမ်းကောင်းတယ် ဒါ အံ့အားသင့်စရာကောင်းလွန်းတဲ့ ဝိုင်ပဲ..."


ဝမ်ရမ်ရှန် ပျော်ရွှင်စွာဖြင့် လက်ခုပ်တီး၍ ကြွေးကြော်လိုက်သည်။သူတော်စင်ဂိုဏ်းချုပ်များ၏ အကြည့်အောက်မှာပင် ထိုဝ်ိုင်ခွက်ကို ဂရုတစိုက်ဖြင့် သိမ်းဆည်းလိုက်သည်။


"အရမ်းကို အံ့အားသင့်စရာကောင်းလွန်းတယ် ငါ ဒီတိုင်း အလဟဿဖြစ်စေလို့ မဖြစ်ဘူး...ငါ ဒါကို သေချာ ရေရောစပ်ပြီးတော့ သိမ်းဆည်းထားလိုက်မယ်...ငါ စိတ်ကျေနပ်လောက်တဲ့ အခြေအနေမျိုးကို ရောက်တော့မှပဲ သောက်တော့မယ်..."


ဝမ်ရမ်ရှန်ကမျက်လုံးတောက်တောက်များဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ဝိုင်တစ်ငုံသောက်လိုက်ပြီးသည်နှင့် သူ့၏ အရေပြားများက နီရဲလာသည် သူ့ခန္ဓာကိုယ်တစ်ခုခုံး စတင်၍ လောင်ကျွမ်းလာသလိုခံစားနေရသည်။


"သွားပြီး ရေရောစပ်ပြီးမှ သောက်မယ်..."


ထိုစကားကြားလိုက်သည်နှင့် သူတော်စင်ဂိုဏ်းချုပ်များ၏ မျက်ဝန်းက တောက်ပသွားလေသည်။


"ဟုတ်တယ်လေ သူတို့လည်း ရောစပ်ပြီးမှ သောက်လို့ရတာပဲ..."


ပထမတောင်ကြားသခင်၏ မျက်ဝန်းများက လက်ဖြာနေ၏။မှန်ပေသည်။သူက စားဖိုမှူးတစ်ယောက် ဖြစ်သောကြောင့် ဝိုင်ကို အချိုးကျကျ ရောစပ်တက်ပေသည်။အရင်ကလည်း သူထ်ိုသို့လုပ်ဖူး၏။


ဝိုင်တစ်ခွက် ဝယ်ခြင်းက သူ့အတွက် အံ့အားသင့်စရာအခွင့်အရေးကောင်းကြီးပင်။


"စားဖိုမှူးလေး ပုဖန် ထ်ိုလူအိုကြီးကိုလည်းတစ်ခွက်ပေးစမ်းပါ...ငါ့မှာလည်း သလင်းကျောက် ဆယ်မီလီယံနှင့် အဖိုးတန် သစ်စေ့ရှိတယ်..."


လူအိုကြီးက သူ့ရင်ဘတ် သူပုတ်လ်ိုက်ပြီး အလွန်ပင်ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။တခြားသူတော်စင်အားလုံးကလည်း စတင်၍ ဆူညံလာကြလေသည်။


ပုဖန် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ထိုဝမ်ရမ်ရှန်သာ ဤကဲ့သို့ အကြံမျိုးထွက်ပေလိမ့်မည်။သို့သော်လည်း ဝိုင်ဝယ်ပြီးသွားပြီ ဆိုထဲက ရေရောရာမရောရာသူတို့ ကိစ္စသာဖြစ်သွားပေလိမ့်မည်။


ပုဖန်က သူ့၏ ရှေ့တွင် ရှိနေသောလူအိုကြီးနှင့် သူတော်စင်ဂိုဏ်းချုပ်ကိုမျက်နာသေဖြင့်ပင် ကြည့်နေသည်။ထို့နောက် လက်တစ်ဖက်ဝှေ့ယမ်းပြီးအိုးကို ပိတ်သိမ်းလိုက်၏။


"စိတ်မကောင်းပါဘူး ကျုပ်က သုံးရက်ကိုဝိုင်တစ်ခွက်ပဲ ရောင်းပါမယ် ခင်ဗျားတို့ လိုချင်တယ်ဆိုရင်တော့ သုံးရက်ကြာပြီးမှ လာတန်းစီကြပါ...ပထမဆုံးလာတဲ့သူ ပထမဆုံးရမယ် လွဲချော်သွားမယ်ဆိုရင်တော့ နောက်ထပ် သုံးရက် ထပ်စောင့်ကြပါ..."


ပုဖန်၏ စကားကြောင့်သူတို့အားလုံး အံ့အားသင့်ကြောင်အသွားကြသည်။သူတို့ နေရာမှာတင် သစ်သားရုပ်များကဲ့သို့ ကျောက်ချရပ်နေလေကြသည်။


အဲ့ဒါ ဘာအဓိပ္ပါယ်လဲ သုံးရက်ကိုမှ ဝိုင်တစ်ခွက်ပဲ ရောင်းမယ်ဟုတ်လား အဲ့ဒီတော့ သူတို့က နောက်ထပ် သုံးရက်စောင့်ရဦးမယ်ပေါ့ ဒီကောင်စုတ်လေးကတော့ ဘာလို့ စောစောမပြောတာလဲ...