အပိုင်း ၉၀၇
Viewers 54k

အခန်း ၉၀၇

ငါနျိုဟန်စန်း မင်းကိုမသတ်မိအောင် ဂရုစိုက်...


သူတော်စင်ဂိုဏ်းချူပ်များအားလုံး ကူကယ်ရာမဲ့မှုကို ခံစားနေရလေသည်။သူတို့၏ အခွင့်အရေးကို လွဲချော်သွားသောကြောင့် နောက်ထပ် သုံးရက်စောင့်ရပေတော့မည်။


သုံးရက် ကြာပြီးနောက် ထိုဝိုင်ကို မည်သူ ဝယ်ယူနိုင်မည်ဆိုသည်ကလည်း နောက်ထပ် ပြဿနာတစ်ရပ်ပင်ဖြစ်သည်။၎င်းကခေါင်းကိုက်ရသည့် ပြဿနာတစ်ရပ်ဖြစ်သော်လည်း ပုဖန်က မရောင်းချင်ဘူးဆိုလျှင် သူတို့ ဖိအားပေး၍လည်းမရပေ။အကယ်၍ သူတို့လုပ်ချင်စိတ်ရှ်ိလျှင်တောင်မှ စွမ်းရည်မရှိပေ။


သူတော်စင်ဂိုဏ်းချုပ်များ နည်းလမ်းမရှိတော့ပဲ သူတို့၏ နေထ်ိုင်ရာ နေရာများသို့သာ ပြန်သွားကြပြီး သလင်းကျောက်များနှင့် အဖိုးတန်စိတ်ဝိညာဉ်သစ်စေ့များကို စတင် ပြင်ဆင်ကြလေသည်။


သူတို့ ပုဖန်၏ ဝိုင်ကို ဝယ်ရန် ဆုံးဖြတ်ချက် ချထားပြီးကြလေပြီ။ယခု သန့်စင်နယ်မြေများ၏ ယခုလက်ရှိအခြေအနေအရ ထိုပမာဏကို ထုတ်ယူသုံးစွဲရခြင်းက သွားခြေများပင် နာကျင်မိလေသည်။


ဒါပေါ့...သူတို့ ဝိုင်ကို ဝယ်ပြီးရင်တော့ ရေရောနိုင်ပေသည်။ထိုနည်းလမ်းဖြင့် ဝိုင်၏ အရည်အသွေးက အားနည်းကောင်း အားနည်းသွားနိုင်သော်လည်း အရေအတွက်ကတော့ ပို၍ များလာပေလိမ့်မည်။


ထိုသို့ဆိုလေရာသူတို့၏ တပည့်များကိုလည်း စွမ်းရည်များတက်လာအောင် ပြုလုပ်ပေးနိုင်ပေလိမ့်မည်။သူတို့ အချက်အလက်များကို သေချာစွာ တွက်ချက်နေကြသည်။သို့သော်လည်း ဝိုင်ကို ဝယ်ခွင့်ရမရကတော့ ကံတရားပင်ဖြစ်သည်။


....


အစားကြူးတောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းနေသော မြူခိုးများနှင့် တိမ်မဲများက ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးများ ထွက်သွားပြီးသည့်နောက်ပိုင်း တဖြေးဖြေးချင်းပျောက်ကွယ်သွားခဲ့လေပြီ။


ပုဖန်က တစ်နေ့တာ၏ စီးပွားရေးလုပ်ငန်း ပြီးဆုံးပြီဖြစ်သောကြောင့် ဆိုင်တံခါးများကို ပိတ်လိုက်သည်။ထောင်တျဲ စားသောက်ဆိုင်အတွင်းတွင် နီယန် စားပွဲပေါ်တွင် မှောက်၍ တခူးခူးဖြင့် အိပ်ပျော်နေသည်။


ပန်းပွင့်လေး၏ မျက်နာက နီရဲနေပြီး တဂေ့ဂေ့ဖြင့် ဂျို့ထိုးနေ၏။သူက သိမြင်မှုသစ်သီးပင်အောက်တွင် အိပ်ပျော်နေသောခွေးဘုရင်၏ အမြီးကို ဖတ်၍ အိပ်နေလေသည်။


ချူချန်းရှန်က သူ့၏ အခန်းထဲသို့ ပြန်၍ အနားယူနေပေပြီ။ယနေ့ သူကြုံတွေ့ခဲ့ရသောတုန်လှုပ်မှုက အလွန်ပင် ကြီးမား၏။နယ်သာရီကမူ ငရဲကမ္ဘာသင်္ဘောပေါ်တွင် မတုန်မလှုပ်ရပ်နေလေသည်။


စားသောက်ဆိုင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ပုဖန် ပျင်းရိစွာ အကြောအချဉ်ဆန့်လိုက်ပြီးနောက် နီယန်ကို သယ်၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။သူမက်ို အိပ်ယာပေါ် တင်ထားပေးခဲ့ပြီးနောက် သူပထမထပ်သို့ ပြန်ဆင်းလာကာ မီးဖိုချောင်ထဲသို့ ဝင်လိုက်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်လိုက်သည်။


အခ်ျိန်တစ်ချို့ လေ့ကျင့်ပြီးသည်နှင့် သူကောင်းကင်ကမ္ဘာမြေ လယ်ယာမြေထဲသို့ ဝင်ရောက်လိုက်၏။ကောင်းကင်ကမ္ဘာမြေထဲမှ တိုက်ခတ်နေသော လေညှင်းလေးများက အလွန်ပင် သိမ်မွေ့လှပြီး သက်တောင့်သက်သာရှိစေသည်။


၎င်းက နူးညံ့သော လက်ဖဝါးလေးဖြင့် သူ့၏ မျက်နာကို လာရောက်ထိတွေ့နေသကဲ့သို့ပင် အစိမ်းရင့်ရောင် မြက်ပင်များကလည်း လေယူရာ ယိမ်းနွဲ့နေကြသည်။


ပုဖန် မြက်ခင်းစိမ်းပေါ်တွင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ခပ်လှမ်းလှမ်းတွင် သစ်သားတဲလေးတစ်လုံးရှိနေပေသည်။ပုဖန် ဒီနေရာတွင် အချိန်များစွာအသုံးပြု၍ ဆောက်ထားခဲ့ခြင်းဖြစ်၏ ။


ထိုတဲလေးပတ်ပတ်လည်ရှိ မြေဆီလွှာက ကောင်းစွာ ထွန်ယက်ပြီးသားဖြစ်နေသည်။သေချာစွာ ကြည့်လိုက်မည်ဆိုလျှင် မြေဆီလွှာတွင် ရေဓာတ်အပြည့်အဝ ရှိနေသည်ကိုလည်း တွေ့နိုင်ပေသည်။


ပုဖန် ထ်ိုတဲလေးရှေ့သို့ လျှောက်သွားလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။


ရွှပ်...


ထိုအချိန်၌ ရေတစ်ပွက် ထသွားပြီး မြစ်ထဲမှ ကြီးမားသော ခေါင်းတစ်ခု ထွက်ပေါ်လာသည်။၎င်းက မျက်စိသုံးလုံး ခြင်္သေ့ရိုင်းဖြစ်သည်။ရေထဲမှတက်လာသောကြောင့် ၎င်း၏ တစ်ကိုယ်လုံးက စိုရွှဲနေသည်။သူ ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ ရေစက်များက နေရာအနှံ့ လွင့်စင်သွားသည်။


၎င်းက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။သို့သော်လည်းပုဖန်ကို တွေ့လိုက်သည့်ခဏ၌ ချက်ချင်းပင် ပါးစပ်ပြန်ပိတ်လိုက်လေ၏။ထို့နောက် သေးငယ်သောအသံလေးတစ်ခုနှင့်အတူ ထိုခြင်္သေ့ရိုင်းကြီး၏ ဘေးမှ ဦးခေါင်းသေးလေးတစ်လုံး ထွက်ပေါ်လာသည်။


ရှစ်လေး ...ရှစ်လေး၏ တစ်ကိုယ်လုံးကလည်း ရွှဲရွှဲစိုနေပြီးအမွှေးများအကုန်လုံး ကပ်နေပေသည်။ရှစ်လေးကလည်း သူ့၏ ခန္ဓာကိုယ်ကိုပြင်းပြင်းထန်ထန်လှုပ်ရမ်း၍ ရေစက်များကိုခါချနေသည်။


ရှစ်လေးက ပုဖန်ကိုမြင်သည်နှင့် ကျယ်လောင်စွာ တွန်လိုက်သည်။ထို့နောက် ခြင်္သေ့ရိုင်း၏ ခန္ဓာကိုယ်ပေါ်မှ ခုန်ချလာကာ ပုဖန်ဆီသို့ ပြေးလာလေသည်။


ပုဖန် ရှစ်လေးကို ကောက်ယူ၍ ပခုံးပေါ် တင်လိုက်ပြီးနောက် သူ့၏ စိုက်ပ်ျိုးပင်များကို စစ်ဆေးကြည့်လိုက်သည်။


၎င်းတို့၏ ကြီးထွားရင့်ကျက်မှုက လျင်မြန်လှသောကြောင့် ပုဖန်ပင် သံသယမကင်းစွာဖြင့် ပတ်ဝန်းကျင်ကိုထပ်မံ စစ်ဆေးလိုက်မိပြန်သည်။


သူ တဲထဲသို့ ဝင်လိုက်ကာရေပုံးတစ်ပုံးယူလိုက်သည်။ထို့နောက် မြစ်ရေများခပ်၍ အပင်များက်ို လောင်းလိုက်၏။


ကြည်လင်လှသော မြစ်ရေများက မြေဆီလွှာထဲသို့ စိမ့်ဝင်သွားပြီးနောက် အပင်များအတွက် လိုအပ်သောရေဓာတ်အပြည့်အဝ ရရှိစေလေသည်။


"နွားဘယ်ရောက်သွားလဲ ..."


ပုဖန် ရုတ်တရက် လယ်ယာမြေထဲ ပစ်ထည့်လိုက်သောနွားတစ်ကောင်ကို သတ်ိရမိသွားသည်။ပုဖန်တို့ဆီသို့ လျှောက်လာသော မျက်စိသုံးလုံး ခြင်္သေ့ရိုင်းက အဝေးတစ်နေရာသို့ ညွှန်ပြလိုက်လေသည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားပြီး ခြင်္သေ့ညွှန်ပြသော နေရာသို့ လျှောက်သွားလိုက်သည်။မြက်ပင်များက အသိဉာဏ်ရှိသည့်အလား သွားရာလမ်းတစ်လျှောက် လမ်းရှင်းပေးလေသည်။


ထို့နောက် မြက်ပင်များ၏ အကြားတွင် ပုံရိပ်တစ်ခုကို တွေ့လ်ိုက်သည်။၎င်းက သူ လယ်ယာမြေထဲ ပစ်ထည့်ခဲ့သည့် အဝါရောင်နွားပင်ဖြစ်သည်။ယခုအချိန်တွင် ထိုနွားက အေးအေးသက်သာ ရှိနေပုံရလေသည်။


သူက လူပုံစံပင် မပြောင်းပဲ ထ်ိုနွားပုံစံ အတိုင်းသာ နေနေသည်။သူ့၏ပါးစပ်ထဲတွင် မြက်ပင်တစ်ချောင်းကို ကိုက်ထားပြီးနောက်ခြေတစ်ချောင်းကို မြောက်ထားသည်။


နျိုဟန်စန်းက သူ သေချာပေါက် သေရလိမ့်မည်ဟု ထင်ခဲ့မိသည်။သို့သော်လည်း ထင်ထားသည့် အတိုင်း အမဲသားဟင်းဖြစ်မလာပဲ နေရာတစ်ခုသို့ ပစ်လွှတ်ခံလိုက်ရသည်။သူ့၏ နေရာသည် စိမ်းလန်းသော တောတောင်များ ကြည်လင်သော ရေများနှင့် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များရှိသည်။ဒီနေရာတွင်နေရသည်က တကယ် စိတ်ကျေနပ်စရာကောင်းလှသည်။


သူသည် မူလထဲက ပျင်းရိလှသော နွားတစ်ကောင်သာဖြစ်သည်။သို့သော် ပျက်သုဉ်းခြင်းအကျဉ်းထောင်တွင် နေထိုင်သူဖြစ်သောကြောင့်သာ တိုက်ပွဲထဲတွင် ပါဝင်ခဲ့ရ၏။ယခုမူ လူသူ ဆ်ိတ်ငြိမ်သော နေရာလေးတစ်ခု တွေ့ရလေပြီ။


နျိုဟန်စန်း မြက်ခင်းပေါ်တွင် အိပ်၍ အနားယူနေစဉ်မှာပင် ရုတ်တရက် သူ့အပေါ်သို့ အရိပ်တစ်ခု ကျလာသည်ကို ခံစားမိလိုက်သောကြောင့် လန့်ဖြန့်၍ မျက်လုံးများ ဖွင့်လိုက်သည်။သူ့ရှေ့၌ ပုံရိပ်တစ်ခုပေါ်လာသည်။


"ဒီနေရာမှာဘယ်လိုလုပ် လူတစ်ယောက်ရှိနေရတာလဲ ..."


နျိုဟန်စန်းသည် ဒီနေရာသို့ ရောက်ထဲက သေချာစွာ နှံ့နှံစပ်စပ် ကြည့်ရှုခဲ့သည်။ဒီနေရာတွင် သာမန်ထက် ပိုကြီးသော ခြင်္သေ့နှင့် ကြက်ကလေးတစ်ကောင်မှ လွဲ၍ တခြားသက်ရှိမရှိပေ။


ရုတ်တရက် သူ့၏မျက်ဝန်းများပြူးကျယ်သွားသည်။ထိုသူကဘယ်သူဖြစ်သည်ကို သူ သိလ်ိုက်လေသည်။ထိုသူက သူ့ကို ဒီနေရာသို့ ပစ်ချလိုက်သောစားဖိုမှူးမှလွဲ၍ တခြားသူ မဖြစ်နိုင်ပေ။


"အဲ့ဒါမင်းပဲ..."


နျိုဟန်စန်းပုဖန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။ပုဖန်၏ မျက်နာအမူအရာက ပြောင်းလဲမှုမရှ်ိပဲ သူ့ကိုပြန်ကြည့်၍ စကားဆိုလိုက်၏


"မင်းက ဒီနေရာမှာ တော်တော်လေးဇိမ်ကျနေတာပဲ..."


နျိုဟန်စန်းနေရာမှ ခုန်ထလိုက်သည်။သူ့၏ ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအင်များ လှည့်ပတ်လာပြီးနောက် သူ့၏ ပုံစံက ကြမ်းကြုတ်ရက်စက်လှသော ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။


"လူသား မင်းက အချိန်ကိုက်ရောက်လာတာပဲ မင်းက တကယ်ကြီးငါ့ကို စားချင်နေတာလား..."


"ငါက မင်းကို ဒီနေရာမှာလှည့်ပတ် အပန်းဖြေဖို့ လွတ်လိုက်တာမဟုတ်ဘူး..."


ပုဖန်ခံစားချက်မဲ့လှသောမျက်နာထားဖြင့် အသံကျယ်ကျယ်ပြောလိုက်သည်။ထိုအချိန်၌ နျိုဟန်စန်းက ဒေါသများပေါက်ကွဲလာပြီဟု ခံစားမိလေသည်။နောက်ဆုံး၌ ပြောရမည်ဆိုလျှင် ပုဖန်က မသေမျိုးဝိညာဉ် အဆင့်၌သာ ရှိနေသေးပြီးနျိုဟန်စန်းသည်ကား နတ်ဘုရားအာကာသလေဟာနယ်အဆင့်ဖြစ်သည်။


မသေမျိုးဝိညာဉ်အဆင့်ဆိုသည်က သူခြေထောက်တစ်ဖက်ဖြင့် နင်းလိုက်ရုံဖြင့် သေဆုံးသွားပေလိမ့်မည်။


"ငါမင်းကို ပြောပါရစေဦး မင်းငါ့ကို စကားပြောတဲ့အခါ လေးလေးစားစားပြောပါ...ငါ နျိုဟန်စန်းက မင်းကို သေအောင်သတ်ပစ်လိုက်နိုင်တယ်..."


နျိုဟန်စန်းက နှုတ်ခမ်းထောင့်များ တွန့်ကွေးရုံ ပြုံးလိုက်ပြီး သူ့ဦးချိုများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ပုဖန် မျက်ခုံးပင့်လိုက်သည်။


"ငါ့ကို သေအောင်သတ်မယ်တဲ့လား..."


 ကောင်းကင်နှင့် ကမ္ဘာမြေ လယ်ယာမြေ၌ ပုဖန်သည်သာနတ်ဘုရားဖြစ်၏။ပုဖန် အတွေးတစ်ချက် တွေးလိုက်သည်နှင့် သူ့၏ လက်ပတ်ဆီမှ ထောင်တျဲ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။နျိုဟန်စန်းတုန်လှုပ်ထိတ်လန့်သွားပြီး အော်သံကျယ်ကျယ် ထုတ်ဖော်လိုက်မိသည်။


ခဏအကြာ၌ သစ်သားတဲလေးရှေ့၌ ဆိုးဆိုးရွားရွား အရိုက်ခံထားရပြီး မျက်နာတစ်ခုလုံးဖူးယောင်နေသော နျိုဟန်စန်း ထိုင်နေလေသည်။


"အခုကစပြီး လယ်ယာမြေတွေကို နေ့တိုင်း ထွန်ယက်ရမယ်...ဒီတဲရှေ့က မြေဆီလွှာတင် မဟုတ်ဘူး တခြားနေရာတွေ အားလုံးပါ ထွန်ယက်ရမယ် မင်းအလုပ်ကောင်းကောင်းလုပ်ရင် ဆုပေးမယ် အလုပ်ကောင်းကောင်းမလုပ်ရင်တော့ အကင်ဘဝ ပြောင်းပစ်လိုက်မယ်..."


"ဒီလူသားပေါ်လာတဲ့ အခိုက်အတန့်မှာပဲ ဂျိုဆိုးတွေ ရောက်လာတာပဲ အကြင်နာမဲ့လွန်းတဲ့ လူသား..."


သူ့နှလုံးသားထဲ၌ မတရားခံလိုက်ရသလိုမျိုး ခံစားမ်ိလေသည်။ဤကောင်းကင်နှင့် ကမ္ဘာမြေ လယ်ယာမြေတွင် ပုဖန်နှင့် မယှဉ်နိုင်ပေ။သူ့၏ ခွန်အားများကို ထုတ်မသုံးနိုင်ပေ။ထိုလူသားသည် အစွမ်းထက်လှ၏။အချိန်တိုလေးအတွင်းမှာပဲ သူ့ကို ပြားပြားဝပ်အောင် ထုနှက်ခဲ့လေသည်။နောက်ဆုံး၌ သူ လက်လျော့ အရှုံးပေးခဲ့ရ၏။


ပုဖန်က သစ်သားတဲထဲမှ ထိုင်ခုံတစ်လုံးကိုယူထုတ်လာကာ ထိုင်လိုက်သည်။သူထ်ိုင်ခုံပေါ်တွင် ခွေခေါက်၍ သက်တောင့်သက်သာထိုင်နေပြီး လယ်ထွန်နေသောနျိုဟန်စန်းကို ကြည့်နေလိုက်သည်။


လေနုအေးလေးများက တသွင်သွင် တိုက်ခတ်နေသည်။မည်သည့်အရာမှ ထပ်မလိုတော့ပေ။ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲ၌ တကယ့်ကိုသက်တောင့်သက်သာရှိလှပေသည်။


သစ်သားတဲလေးထဲ၌လည်းအရာရာအားလုံးကိုပြင်ဆင်ထားခဲ့သည်။စားဖိုမှုးတစ်ယောက်ဖြစ်သောပုဖန်က ထိုတဲကို ကိုယ်တိုင်ကိုယ်ကျ ဆောက်လုပ်ခဲ့လေသည်။ထိုနေရာ၌ မီးဖိုခန်းတစ်ခုကိုလည်း ပြင်ဆင်ထားခဲ့၏။


မီးဖ်ိုကိုရိုးရိုးရှင်းရှင်းတည် ဆောက်ထားခဲ့သော်လည်းရှ်ိသင့်ရှိထိုက်သည့် ပစ္စည်းများအားလုံး ရှိနေပေသည်။ထိုနေရာ၌ အလွယ်တကူ ဟင်းချက်ပြုတ်နိုင်၏။


ကောင်းကင်နှင့် ကမ္ဘာမြေလယ်ယာမြေတွင် နေ့နှင့်ညရှိနေသောကြောင့် ပုဖန် စူးစမ်းချင်စိတ်များဖြစ်ပေါ်လာသည်။အဘယ်ကြောင့် ဆိုသော် အစောပိုင်းက ဒီနေရာသည် အကောင်အထည်မရှိသော နေရာတစ်ခုဖြစ်သည်ဟုသာ သူတွေးထားခဲ့သောကြောင့်ပင်။


သို့သော် ယခု၌ ထိုသို့ ဖြစ်ပုံမရပေ။အကောင်အထည်မရှိသော နေရာ၌ နေ့နှင့်ည ဖြစ်ပေါ်လာစရာအကြောင်းမရှိပေ။


နေ့အလင်းရောင်က တဖြေးဖြေးမှိန်ကျလာသည်။သစ်သားတဲလေးအတွင်းမှ မီးခိုးငွေ့တလူလူ ထွက်ပေါ်လာ၏။


မီးဖ်ိုခုံရှေ့တွင် ပုဖန်က ရွှေနဂါးအရိုးမီးဖ်ိုချောင်သုံးဓားကို ဝှေ့ယမ်းကာငါးတစ်ကောင်ကို သန့်စင်နေသည်။မြစ်အတွင်းရှိ သွေးကျောက်ပုစွန်များကလည်း လျင်မြန်စွာ မျိုးပွားသော်လည်း ငါး၏ ပေါက်ဖွားနှုန်းက ပိုမြန်နေပေသည်။


ပုဖန် အစားအသောက်များ စတင် ပြင်ဆင်လိုက်သည်။ပွက်ပွက်ဆူနေသော ရေများထဲသို့ ငါးများကို ထည့်လိုက်၏။ထိုအခ်ျိန်တွင် တဲအပြင်ဘက်၌ နျိုဟန်စန်းပြန်ရောက်လာလေသည်။


လယ်ယာမြေထွန်ယက်ခြင်းသည် နည်းစနစ်ရော စွမ်းရည်ရောအသုံးပြုရသည့် အလုပ်တစ်ခုဖြစ်သည်။နျိုဟန်စန်း၏ နှလုံးသားထဲ၌ ခါးသီးမှုများ ခံစားနေရလေသည်။ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိ အကြီးအကဲတစ်ဦးက အမှန်တကယ် လယ်ထွန်နေရ၏။


သူသည် မူလထဲက နွားတစ်ကောင်ဖြစ်သည်ဆိုသော်လည်း ရည်မှန်းချက်နှင့် အိပ်မက်များရှိသော နွားတစ်ကောင်ဖြစ်သည်။သူတဲ၏ အပြင်ဘက်၌ ပျင်းရိစွာ လှဲလျောင်းလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။


ရုတ်တရက် နျိုဟန်စန်း၏ မျက်ဝန်းများ စူးရှသွားသည်။သူမွှေးရနံ့တစ်ခုကို ခံစားမိလိုက်၏။ထိုလူသားက အငွေ့တထောင်းထောင်းထွက်နေသော အိုးတစ်လုံးကို သယ်ဆောင်၍ ထွက်လာသည်။ထို့နောက် စားပွဲပေါ်သို့ အိုးကို အသံမြည်အောင် ချလိုက်သည်။


ထိုအိုးထဲမှ မွှေးရနံ့များ သင်းကြိုင်စွာပြန့်လွင့်နေသည်။ရှစ်လေးကလည်း ရောက်လာပြီး လည်ပင်းဆန့်၍ စူးစူးစိုက်စိုက်ကြည့်လ်ိုက်သည်။


"တုံ့ဆိုင်းနေစရာမလိုပါဘူး ဒါငါတို့ နှစ်ယောက်ရဲ့ ညစာပဲ ဒီနေ့ ငါးဟင်းပဲ စားကြတာပေါ့..."


ပုဖန် တူတစ်ချောင်းကို ယူလိုက်ပြီးနောက် ငါးကို လေးပိုင်းခွဲလိုက်သည်။ထို့နောက် ပန်းကန်လုံးတစ်လုံးစီတွင် ငါးပိုင်းတစ်ပိုင်းစီ ထည့်လိုက်ပြီးဟင်းရည်လောင်းထည့်လိုက်၏။


ပြောရမည်ဆိုလျှင် ၎င်းက အလွန်ရိုးရှင်းသော ဟင်းတစ်ခွက်သာဖြစ်သည်။နျိုဟန်စန်းက ကြည်လင်နေသော ဟင်းရည်ပန်းကန်ကို မျက်လုံးပြူးဖြင့်ကြည့်နေသည်။


သို့သော်လည်း အစားအသောက်ကို စူးစူးရဲရဲကြည့်၍ အနံ့ခံပြီးနောက် သူ့၏ စူးစမ်းချင်စိတ်များပျောက်ကွယ်သွားလေသည်။ထိုဟင်းပွဲနှင့် ပတ်သတ်၍ ဘာမှ ထူးဆန်းတာမရှိပေ။


"ငါ ငါးမစားချင်ဘူး ငါ နျိုဟန်စန်းက အသားပဲ စားချင်တယ်..."


ရှစ်လေးနှင့် မျက်လုံးသုံးလုံး ခြင်္သေ့ရိုင်းတို့က သူ့ကို ရယ်စရာတစ်ခုကြားလိုက်သည့် ပုံစံမ်ျိုးဖြင့် လှမ်းကြည့်လာကြလေသည်။သို့သော်လည်းတစ်စက္ကန့်အတွင်းမှာပင် နျိုဟန်စန်းကို စိတ်မဝင်စားတော့ပဲ သူတို့၏ အစားအသောက်များကိုသာ စားသုံးလိုက်ကြ၏။နျိုဟန်စန်းကိုတစ်ချက်ကြည့်၍ ပြောလိုက်သည်။


"မင်းမစားချင်သေးဘူးဆိုရင်တော့လည်းငါသိမ်းထားလိုက်တော့မယ်..."


ပြောရမည်ဆိုလျှင် ပုဖန်က လယ်ယာမြေကို ထွန်ရန် ထိုလူပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရသည်အားမတွေ့ပါက ဟင်းတစ်ခွက်ပေးဖို့ စိတ်ရှိလိမ့်မည်မဟုတ်ပေ။စိတ်အားထက်သန်စွာဖြင့် စားသုံးနေကြသော ပုဖန်တို့ သုံးယောက်ကိုကြည့်၍ နျိုဟန်စန်းစိတ်ပါလာလေသည်။


နောက်ဆုံး၌ သူဟင်းရည်တစ်ဇွန်းမြည်းကြည့်လိုက်သည်။ပါးစပ်ထဲသို့ ဟင်းရည်များ ရောက်သွားသည်နှင့် သူ့၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။