အပိုင်း ၉၀၈
Viewers 53k

အခန်း ၉၀၈

ငါ လမ်းကြုံဖြတ်သွားတာပါ...


ထိုဟင်းပွဲမှာ မည်သည့် စိတ်ဝ်ိညာဉ် ဆေးပင်မှ မပါသလို မည်သည့် အထူးနည်းလမ်းကိုမှ အသုံးပြုထားခြင်းမဟုတ်သော သာမန်ငါးစွပ်ပြုတ်သာဖြစ်သည်။


ထိုစွပ်ပြုတ်ရည်မှာ သလင်းကျောက်ကဲ့သို့ ကြည်လင်၏။ငါးအသားကလည်း ဖောက်ထွင်း မြင်ရတော့မလိုပင် ပျော့ပျောင်းကြည်လင်နေသည်။ဟင်းရည်၏ အပေါ်ယံ မျက်နာပြင်တွင် ပါဝင်ပစ္စည်းအနည်းငယ် ဝေ့ဝဲနေသည်။


နျိုဟန်စန်း ဟင်းရည်ကို သောက်လိုက်၏။ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် ချိုမြသည့် အရသာက သူ့မျက်လုံးများကို ဝိုင်းစက်သွားစေသည်။ကမ္ဘာကြီးပေါ်တွင် ထိုမျှကောင်းမွန်သည့် အရသာရှ်ိလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ အကြီးအကဲတစ်ယောက် ဖြစ်သော နျိုဟန်စန်းတွင် မြင့်မားသည့် အဆင့်အတန်းမ်ျိုးရှိသည်။သူက ကောင်းမွန်လှသော အစားအစာများစွာကို မြည်းစမ်းခဲ့ဖူးသည်။သို့သော်လည်း သူ့နှလုံးသား တုန်ခါရလောက်အောင် ကောင်းသည့် အစားအစာမျိုးမတွေ့ဖူးသေးပေ။


သူ့၏ နှလုံးခုန်နှုန်းမြန်နေခြင်းမှ နေ၍ သူတစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။ယနေ့ကစ၍ သူ့၏ ပျင်းရိငြီးငွေ့ဖွယ်ရာဘဝလေးက ပြောင်းလဲသွားပေတော့မည်။


လှည့်လည် ပျင်းရိနေတော့မည်မဟုတ်ပဲ သေသေချာချာအနားမယူခင် ကောင်းမွန်လတ်ဆတ်လှသောစွပ်ပြုတ်တစ်ပွဲကို သောက်ပေတော့မည်။စွပ်ပြုတ်တစ်ပွဲက အလုပ်ကြိုးကြိုးစားစားလုပ်ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်သွားစေသည်။


သူ့ရှေ့တွင် ထိုင်နေသောပုဖန်က ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ထို့နောက် ခေါင်းအသာငုံ့ကာအပူငွေ့များကို တဖူးဖူးမှုတ်လိုက်ပြီး တစ်ငုံသောက်လိုက်၏။


စွပ်ပြုတ်ရည်၌ ငါး၏ ချိုမြမှုနှင့် စိတ်ဝိညာဉ် ပါဝင်ပစ္စည်းတစ်ချို့၏ ချိုမြမှု ရောစပ်နေသည်။ထိုစ်ိတ်ဝိညာဉ် ဆေးပင်တစ်ချို့က ငါး၏ ညှီနံ့ကိုလည်း ရှင်းထုတ်ပေးလိုက်သည်။


ပုဖန် စွပ်ပြုတ်ကုန်အောင် သောက်ပြီးသည်နှင့်ပန်းကန်လုံးကို စားပွဲပေါ် ပြန်ချလိုက်သည်။သူ့၏ ရှေ့၌ရှိသောမျက်စိသုံးလုံး ခြင်္သေ့ ရှစ်လေးနှင့် နျိုဟန်စန်းတို့က စွပ်ပြုတ်ကို အကုန်ရှင်းပြီးနောက် ပန်းကန်ကိုပင် ပြောင်အောင်လျက်နေကြလေသည်။ကောင်းမွန်လှသော အရသာကြောင့် သူတို့ စွပ်ပြုတ်ပန်းကန်ကို လက်မလွတ်နိုင် ဖြစ်နေကြသည်။


ညလေညှင်းတသွင်သွင် တိုက်ခတ်နေပြီး မြက်ခင်းစိမ်းများကလည်း လေယူရာယိမ်းနွဲ့နေကြသည်။ပုဖန် လက်နှစ်ဖက် နောက်ပစ်၍ သူ့၏ လယ်ယာမြေတစ်လျှောက် ပြီးစီးထားပြီးသော အလုပ်များကို စစ်ဆေးကြည့်နေသည်။


အဝါရောင် နွားတစ်ကောင်ဖြစ်သော နျိုဟန်စန်း၏ လယ်ထွန်သည့် အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။၎င်းက မျက်စိသုံးလုံး ခြင်္သေ့ရိုင်းထက် ပို၍ မြန်ဆန်နေပေသည်။


ပုဖန် မျက်ဝန်းများ မှိတ်လိုက်ပြီး လေထဲတွင် ပါဝင်နေသည့် စိတ်ဝိညာဉ် စွမ်းအင်များ၏ လှုပ်ရှားမှုကို အာရုံခံစားလိုက်သည်။သူ စိတ်ဝိညာဉ် သိပ်သည်းဆုံးနေရာတစ်ခုကို ရှာလိုက်၏


"အဲ့ဒီနေရာပဲ..."


ပြီးသည်နှင့် သူ စန္ဒကူးသစ်သားသေတ္တာလေးကိုယူထုတ်လိုက်ပြီးနောက် အထဲမှ အနီရောင်သစ်စေ့လေးကိုကြည့်လိုက်သည်။သူ မြေကြီး၌ တွင်းတူးလိုက်ပြီးနောက် မျှော်လင့်ရင်ခုန်မှုများနှင့်အတူ ထိုဖီးနစ်သွေးသစ်သီးစေ့ကို ချလိုက်၏။


သူ သစ်စေ့လေးကို ရေလောင်းပြီးနောက် အနောက်သို့ ပြန်ဆုတ်လိူက်ကာအသာအယာမျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။


"ဒီဖီးနစ်သွေးသစ်သီး ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေထဲမှာဖြစ်ထွန်းနိုင်မလားဆိုတာတော့ ငါလည်း မသိဘူး..."


သူတက်နိုင်တာဆို၍ ထိုသစ်စေ့လေး အပင်ပေါက်လာဖို့ မျှော်လင့်ရုံသာ ဖြစ်သည်။လယ်ယာမြေထဲ၌ ပုဖန် အစောပိုင်းက စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက်များ သစ်သီးများက ရင့်မှည့်တော့မည်ဖြစ်သောကြောင့် မကြာခင်မှာခူးဆွတ်နိုင်ပေတော့မည်။


ဒီ အရှိန်တိုင်းသာဆိုလျှင် လယ်ယာမြေက အပြင်ဘက်ကမ္ဘာ၏ အခ်ျိန်နှင့်ကွာခြားနေပေသည်။ဒီနေရာတွင်ဟင်းသီးဟင်းရွက်များ ကြီးထွားနှုန်းက အပြင်ဘက်ထက် ပို၍ မြန်ဆန်လေသည်။


၎င်းက အချိန်နှင့် အားထုတ်မှုများစွာ သက်သာသွားစေသည်။ပုဖန် နျိုဟန်စန်းအား ဆက်လက်လယ်ထွန်ရန်ပြောပြီးနောက် စားသောက်ဆိုင်ထဲသို့ ပြန်လာခဲ့လိုက်သည်။


စားသောက်ဆိုင်၏ အပြင်ဘက်တွင် မြူခိုးများ ဝေနေပြီးကောင်းကင်၏ အရောင်က တဖြေးဖြေးပြောင်းလဲလာပေပြီ။သူရောင်နီသန်းလာသော ကောင်းကင်ကိုကြည့်၍ အားပါးတရ သန်းဝေလိုက်သည်။လယ်ယာမြေထဲတွင် တစ်ညလုံး ကုန်ဆုံးခဲ့ပေသည်။


သို့သော်လည်း အရိုးသားဆုံးပြောရမည်ဆိုလျှင် သူ ပင်ပန်းနွမ်းနယ်မှု ရှိရမည်အစား တက်ကြွလန်းဆန်းနေပေသည်။ပုဖန် မီးဖိုခန်းထဲ ဝင်သွားလိုက်ပြီး ပါဝင်ပစ္စည်းများထုတ်ယူလိုက်ကာချက်ပြုတ်ရန်ပြင်ဆင်လိုက်သည်။သိပ်မကြာခင်မှာပင် မီးဖိုခန်းထဲမှ မွှေးပျံ့ သင်းကြိုင်သော ရနံ့များ ထွက်လာပေသည်။ပုဖန် စားချင်စဖွယ် ပြင်ဆင်ထားသော နံရိုးခ်ျိုချဉ်ကြော်ကိုကိုင်ကာ မီးဖိုခန်းထဲမှ ထွက်လာပြီး ဘလက်ကီရှေ့ ချပေးလိုက်သည်။


ဘလက်ကီ၏ မျက်ဝန်းများ ဆက်ခနဲ ပွင့်လာသည်။သူက ဝက်နံရိုးချိုချဉ်ကြော်၏ ရနံ့ကို ရသည်ဟု ထင်မြင်မိခြင်းသာဖြစ်သော်လည်း တကယ်တမ်းတွင် နံရိုးပန်းကန်က သူရှေ့သို့ ရောက်နေပေပြီ။


အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ ဟင်းပွဲကို အားပါးတရ ခုန်အုပ်တော့သည်။ပန်းပွင့်လေးက ခွေးဘုရင်၏ လှုပ်ရှားမှုကြောင့် အနှောက်အယှက်ခံလိုက်ရပြီး မျက်ဝန်းများ ပွတ်သပ်၍ ထလာလေသည်။


လေထဲတွင် သင်းပျံ့နေသော မွှေးရနံ့များကြောင့် သူမ တံတွေးတစ်လုတ်မျိုချလိုက်သည်။ထ်ိုအခိုက်အတန့်မှာပင် နယ်သာရီကလည်း ငရဲကမ္ဘာသင်္ဘောပေါ်မှ တွားသွား၍ ထွက်လာပေသည်။ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟ၍ အားပါးတရ သန်းဝေလိုက်ပြီးနောက် လောဘတကြီးစားနေသော ခွေးဘုရင်ဆီသို့ အကြည့်ရောက်သွားသည်။


ပုဖန်က သူတို့ နှစ်ယောက်ကို ဘာစကားမှ မဆိုတော့ပဲ အစားအသောက်ပြင်ဆင်ရန်အတွက် မီးဖိုခန်းထဲသို့ လှည့်ဝင်သွားလိုက်သည်။ထ်ို့နောက် သူတို့နှစ်ယောက်အတွက် မနက်စာကို ပြင်ဆင်ပေးလိုက်သည်။သူတို့နှစ်ခြိုက်စွာစားသောက်နေခြင်းမှာလည်း ဆိုင်တံခါးများကို ဖွင့်လိုက်ပြီးနောက် ညစ်ပေနေသောပန်းကန်ပြားကို သယ်ဆောင်ကာ မီးဖိုခန်းထဲသို့ ပြန်ဝင်လာ ခဲ့သည်။


သူမီးဖိုခန်းထဲသို့ ဝင်လိုက်သည့် ခဏမှာပင် ထောင့်တစ်နေရာ၌ အလင်းရောင်များ တောက်ပနေသော တံခါးတစ်ချပ် ထွက်ပေါ်လာသည်က်ို တွေ့လိုက်ရသည်။


ပုဖန် သံသယအပြည့်ဖြင့် ကြည့်လ်ိုက်စဉ်မှာပင် သူခေါင်းထဲ၌ စနစ်၏ တည်ငြိမ်လှသောအသံကို ကြားလိုက်ရသည်။


(ဒီ တံခါးက ဖွင့်ထားခဲ့သော ဆိုင်ခွဲများသို့ ကူးပြောင်းခြင်း တံခါးပါ...)


"ဆိုင်ခွဲတွေကို သွားလို့ရတဲ့ တံခါးတဲ့လား..."


ပုဖန်ကြောင်အသွားပြီးနောက် ခဏအတွင်းမှာပင် သူ့နှလုံးသားထဲ၌ သိချင်စိတ်များ ပြည့်နှက်လာလေသည်။


"ဒီတော့ ဆိုလိုတာက ဒီတံခါးပေါက်ကနေ ဝင်သွားလိုက်တာနဲ့ သူဖွင့်ထားခဲ့တဲ့ စားသောက်ဆိုင်တွေဆီ ရောက်သွားနိုင်တယ်ပေါ့..."


ထိုသို့သာဆ်ိုလျှင် သူ့အတွက် အများကြီးအဆင်ပြေ အကျိုးရှိသွားပေလိမ့်မည်။ပုဖန်တွေးရင်းဖြင့်ပင် တောက်ပနေသော တံခါးဆီသို့ လျှောက်သွားလိုက်ပြီး တွန်းဖွင့်လိုက်သည်။


တံခါးက အိုဟောင်းနေသောတံခါးရွက်လေးများကို ကျွီခနဲ အသံ ထွက်ပေါ်လာသည်။ခဏအတွင်းမှာပင် ပုဖန် မျက်စိကျိန်းမတက် တောက်ပနေသော အလင်းထဲသို့ ခြေချလိုက်သည်။


အလင်းများ တဖြေးဖြေးပျောက်ကွယ်သွားပြီးနောက် ပုဖန်ရှေ့မှ မြင်ကွင်းများက ကြည်လင်ထင်ရှားလာလေသည်။


ကလန်...


ကြမ်းပြင်ပေါ်သို့ မီးဖိုချောင်သုံး ဓားပြုတ်ကျသည့် အသံ ကြားလိုက်ရသည်။မှော်ကဝေ အန်းရှန့်က တုန်လှုပ်အံ့အားသင့်နေသောအမူအရာမ်ျိုးဖြင့် တံခါးမှ လျှောက်ထွက်လာသော ပုဖန်ကို ကြည့်နေလေသည်။


"ပု... ပု...ပိုင်ရှင်ပု ..."


မီးဖိုခုံရှေ့တွင် တစ်စုံတစ်ခုချက်ဖို့ ပြင်နေသော ယန်မိန်ကျီကလည်း ပုဖန်ကို မြင်လိုက်သည့်ခဏ၌ လန့်ဖြန့်ပြီး ဒယ်အိုးကို လွှတ်ချလိုက်မိသည်။


ပိုင်ရှင်ပုက ထွက်သွားပြီ မဟုတ်ဘူးလား ဘယ်လိုဖြစ်လ်ို့ မီးဖိုချောင်ထဲမှာ ပေါ်လာတာလဲ...


"ပိုင်ရှင်ပု ဒီတစ်ကြိမ် ငါတကယ်ပဲ လေ့ကျင့်နေပါတယ်..."


အန်းရှန့်၏ နှုတ်ခမ်းပါးလေးများက တဆတ်ဆတ် တုန်ယင်နေသည်။သူမ၏ မျက်နာအမူအရာမှာသနားစဖွယ်ကောင်းလှသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ရွှေ့ပြောင်းတံခါးက သူ့ကို တိမ်ခိုးစားသောက်ဆိုင်သို့ ပို့ဆောင်ပေးလိုက်လေသည်။သူ့အတွက် အလွန်ပင် အဆင်ပြေသွား၏။


"ဘာကိစ္စမှမရှိပါဘူး မင်းတို့ လုပ်စရာရှိတာပြန်လုပ်ကြ ငါက ဒီလိုပဲ လမ်းလျှောက်ထွက်နေတာ ကြိုးစားကြနော် မျှော်လင့်နေမယ်..."


ပုဖန်က မျက်နာသေဖြင့် ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းပြကာ အားပေးစကားပြောလိုက်သည်။


ဝီ...


သူ့၏ မြင်ကွင်များ ထပ်မံ မှုန်ဝါးသွားပြန်သည်။ထို့နောက် အလင်းများ တဖြေးဖြေးလျော့ကျသွားပြီး မြင်ကွင်းများ ပြန်လည်ကြည်လင်လာ၏။


ကလန်...


ပုဖန် မီးဖိုချောင်သုံးဓား လွတ်ကျသည့် အသံကို ကြားလိုက်ရပြန်သည်။သူ့မျက်လုံးဖွင့်ကြည့်လ်ိုက်သည့် အခါ၌ သူ့ကို သရဲတစ္ဆေမြင်ရသလို ကြည့်နေသောရှောင်ရှောင်လုံကို တွေ့လ်ိုက်ရသည်။


"ငါ အလင်းတံခါးထဲကို ခြေချလိုက်တော့ တိမ်ခိုးစားသောက်ဆိုင်ကို ရောက်သွားတယ် နောက်တော့ ဖန်ဖန်ဆိုင်ငယ်လေးကို ရောက်လာတယ် အဲ့ဒီတော့ ငါတံခါးထဲကို ပြန်ဝင်လိုက်မယ်ဆိုရင် ထောင်တျဲ စားသောက်ဆိုင်ကို ပြန်ရောက်သွားမှာလား..."


ပုဖန် မေးပွတ်သပ်ရင်း တတွတ်တွတ်ရေရွတ်နေမိသည်။


"အာ...ပိုင်ရှင်ပုပဲ ပိုင်ရှင်ပု ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ..."


ရှောင်ရှောင်လုံ၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး သူ့မျက်နာကလည်းဖြူဖျော့နေသည်။ပိုင်ရှင်ပု ရုတ်တရက် ပေါ်ထွက်လာသောကြောင့် သူ ဘာမှ ပြင်ဆင်မထားရပေ။


"မင်း ဥထမင်းကြော် ပြင်ဆင်နေတာလား...ကောင်းတယ် ကောင်းတယ် ကြိုးကြိုးစားစားလုပ်..."


ပုဖန်က အလေးအနက် အမူအရာဖြင့် ပြောလိုက်ပြီးနောက် ရှောင်ရှောင်လုံ၏ အံ့အားတသင့် အကြည့်များအောက်မှာပင် တောက်ပနေသော တံခါးထဲသို့ ပြန်လည် လှည့်ဝင်လိုက်သည်။


ရှောင်ရှောင်လုံ သူ့၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။


"ဒါ တကယ် အစစ်အမှန်လား သူ ပိုင်ရှင်ပုကို လွမ်းလွန်းအားကြီးလို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား..."


ထိုခဏအတွင်း၌ ပုဖန် ထောင်တျဲ စားသောက်ဆိုင်အတွင်းသို့ ပြန်ရောက်လာပေပြီ။သူ့၏ ရှေ့၌ ရှိနေဆဲဖြစ်သော တောက်ပနေသော အလင်းတံခါးကိုကြည့်၍ ပုဖန် အတွေးနက်နေမိသည်။


ထိုတံခါးပေါ်ထွက်လာမှုက သူ့၏ စားသောက်ဆိုင်များကြားထဲရှိ ဆက်သွယ်မှုကို ပို၍ နီးကပ်သွားစေပြီး သူ့အတွက် အဆင်ပြေသွားစေသည်။ယခု ပုဖန်က သူ့၏ အလုပ်သင်များကို သေချာသင်ကြားပေးန်ိုင်ပြီး သူတို့၏ လေ့ကျင့်မှုများကိုလည်း စောင့်ကြည့်နိုင်ပေတော့မည်။


ပုဖန်မေးစေ့ကို ပွတ်သပ်လိုက်ပြီးနောက် ခေါင်းတညိတ်ညိတ်ဖြင့် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။


ယနေ့၌ ထောင်တျဲ စားသောက်ဆိုင် ဖွင့်လှစ် ပြီး လူစည်းကားနေလေသည်။ယခုအခ်ျိန်တွင် ထောင်တျဲ စားသောက်ဆိုင်၏ ဂုဏ်သတင်းက အစားကြူးတောင်ကြားတစ်ခွင်လုံးကို လျှက်ပြတ်သကဲ့သို့ ပြန့်နှံ့သွားခဲ့ပေပြီ။


ထောင်တျဲ စားသောက်ဆိုင်ဟု ကြားလိုက်ရသူတိုင်းက ထိုစားဖိုမှူးကို စဉ်းစားမိပြီး စိန်ခေါ်ဖို့အတွေးကို ခပ်မြန်မြန်လက်လျှော့သွားပေလိမ့်မည်။ပုန်းကွယ်နဂါးတိုက်ကြီး ကျူးကျော်ခံရပြီးနောက် သန့်စင်နယ်မြေများမှ တပည့်များသည်လည်း အစားကြူးတောင်ကြားထဲတွင် စုပြုံလာခဲ့သည်။


ကနဦးက အစားကြူးတောင်ကြားပတ်ပတ်လည်တွင် ရွာငယ်လေးများသာရှိခဲ့သည်။ယနေ့တွင် အစားကြူးတောင်ကြားမှ တပည့်များက ပို၍ များပြားလာပြီးမြို့တစ်မြို့ပင် တည်ထောင်ထားလေပြီ။


ထိုသန့်စင်နယ်မြေများမှ တပည့်များကြောင့် အစားကြူးတောင်ကြား၏ စီးပွားရေးလုပ်ငန်းက အလွန်ပင် ထွန်းပေါက်သွားခဲ့သည်။စားသောက်ဆိုင်တိုင်း စားသောက်ဆိုင်တိုင်းတွင် စားသုံးသူများနှင့် ပြည့်နှက်နေ၏။


အထူးသဖြင့် ထောင်တျဲ စားသောက်ဆိုင်ရှေ့တွင် လူတန်းကြီးက မယုံကြည်နိုင်လောက်အောင်ပင် ရှည်လျားလှသည်။ပုဖန် အလုပ်ရှုပ်သော နေ့တစ်နေ့က်ို စတင်လိုက်ပေပြီ။ချူချန်းရှန်သည်လည်း သက်တောင့်သက်သာ နေခဲ့ရသော အချိန်များ ကုန်လွန်သွားခဲ့ပြီး စားပွဲထိုးတစ်ယောက်အဖြစ် ကြိုးကြိုးစားစားလုပ်ကိုင်နေပေသည်။


အစားကြူးတောင်ကြား၏ ပထမသခင်က သက်တောင့်သက်သာပင် နေထိုင်နေခဲ့သည်။သူက ရှောင်ယကို ညွှန်ကြားမှု တစ်ချို့ ပေးပြီးသည်နှင့် ထောင်တျဲ စားသောက်ဆိုင်ဆီသို့ အပြေးအလွှား ရောက်လာပေလိမ့်မည်။


ထို့နောက် ချူချန်းရှန်နှင့် အလာပသလာပ ပြောကာ ပုဖန်ဘက်သို့ လှည့်လာပေလိမ့်မည်။မသေမျိုးအချက်အပြုတ်နယ်ပယ်က ယခုအချိန်ထိ မဖွင့်သေးသော်လည်း လူအိုကြီးက လုံးဝ စိုးရိမ်ပူပန်မှု မရှိပေ။


ကြေးတံခါးကြီးရှေ့၌ နှစ်ထောင်ပေါင်းချီအောင် စောင့်စားခဲ့ပြီးနောက် သူ သက်တောင့်သက်သာ နားနေချင်ပေသည်။သုံးရက်ကြာပြီးနောက် လူအိုကြီးက သလင်းကျောက်အမြောက်အများဖြင့် ပုဖန်ဆီမှ ဝိုင်တစ်ခွက်ဝယ်ယူခဲ့သည်။


သူက တခြားသူတော်စင်ဂိုဏ်းချုပ်များနှင့် ကွာခြားပေသည်။ထိုမျှ အံ့အားသင့်ဖွယ်ကောင်းလှသော ဝိုင်ကို ရေရောလိမ့်မည်မဟုတ်ပေ။ကြယ်ရောင်များ တောက်ပလင်းလက်နေသော ဝိုင်ပါဝင်သည့် ကြည်လင်လှသော ခွက်ကလေးကို စားပွဲပေါ်တွင် တင်လိုက်သည်။


သူတော်စင်ဂိုဏ်းချုပ်များ၏ စိတ်မရှည်သော အကြည့်များကလည်း ထိုဖန်ခွက်ရှည်လေးပေါ် ဝေ့ဝဲနေလေသည်။ထိုအချိန်တွင် မီးဖိုခန်းဘက်မှ မွှေးပျံ့ သင်းကြိုင်သောရနံ့များ ထွက်ပေါ်လာပြီးနောက် ပုဖန် အငွေ့တထောင်းထောင်းထနေသော ပန်းကန်ပြားကို သယ်ဆောင်ကာ ထွက်လာခဲ့သည်။


လူအိုကြီးကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


"ဒီ ပါပီလီယွန် နံရိုးဟင်းပွဲက တွယ်ရာမဲ့ စမ်းချောင်းဝါဝ်ိုင်နဲ့တော့ မလိုက်ဖက်ဘူး ဒါပေမယ့်လည်း ကျုပ်မှာ သူ့ထက်ကောင်းတဲ့ နဂါးအသားမရှိဘူး..."


"စားဖိုမှူးလေး ဒီလူအိုကြီးက ဝ်ိုင်ကိုပဲ သေသေချာချာ ဂရုတစ်ိုက် မြည်းကြည့်ပါမယ် ...ဒီဝိုင်တစ်ခွက်အတွက် သလင်းကျောက် ဆယ်သန်းနှင့် သွေးစပျစ်စေ့ တစ်စေ့ လဲထားရတာဆိုတော့ ဘယ်လောက် အံ့အားသင့်စရာကောင်းလိုက်လဲ ..."