အခန်း ၉၀၉
ပုဖန်၏ မွေးမြူရေးပလန်...
"ပါပီလီယွန် အသားနှင့် တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင် ..."
အကယ်၍ အသန်မာဆုံး နတ်ဆိုး ဘုရင်အသားနှင့် တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်သာဆိုလျှင် ပို၍ လိုက်ဖက်သွားပေလိမ့်မည်။ဒါပေါ့ ...ပါပီလီယွန် အသားဆိုသည်ကလည်း အလွန်ပင် ကောင်းမွန်သည့် အသားတစ်ခုဖြစ်နေပေသည်။
အနည်းဆုံးတော့ လူအိုကြီးက ပုဖန် ဟင်းပွဲကို ချပေးလိုက်သည်နှင့် အံ့သြသင့်သွားခဲ့ရလေသည်။အနားပတ်ဝန်းကျင်မှာလူ့တ်များလည်း ထိုမြင်ကွင်းကိုကြည့်၍ အံ့အားသင့်သွားကြ၏။
ထိုမွှေးရနံ့များထွက်ပေါ်နေသည့် ဟင်းပွဲက ပါပီလီယွန် အသားမှန်းသိလိုက်ရသည့်ခဏ၌ သူတို့ မျက်ဝန်းများ ပြူးကျယ်သွားလေသည်။
"ပါပီလီယွန်ကတောင် ပိုင်ရှင်ပုရဲ့ ပါဝင်ပစ္စည်းဖြစ်လာတယ်ပေါ့လေ...ပိုင်ရှင်ပုက ကောင်းကင်ကိုများ တက်တော့မလို့လား..."
သူတို့အားလုံး စိတ်လှုပ်ရှားကြီးစွာဖြင့် ပါပီလီယွန် အသားကို မြည်းစမ်းကြည့်ဖို့ မစောင့်နိုင် ဖြစ်နေကြလေသည်။အဓိက အချက်အနေဖြင့် ထိုပါပီလီယွန်များသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျူးကျော်မှုကို ကူညီပေးခဲ့သည်။ထို့ကြောင့် သန့်စင်နယ်မြေမှ တပည့်သားချင်း အများစုက အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရလေပြီ။
ယခု ထိုအသားကို စားခြင်းဖြင့် သူတို့၏ ဒေါသများကို ဖြေဖျောက်ရပေမည်။လူအိုကြီးက အသားလှီးဓားကို အသုံးပြု၍ လှီးဖြတ်လိုက်သည်နှင့် ရွှေဝါရောင် အဆီရည်လေးများ စိမ့်ထွက်လာသည်။ထို့နောက် ပုဖန် သင်ပေးထားသည့် အတိုင်း အသားတုံးကို ခက်ရင်းနှင့် ထ်ိုးစိုက်၍ ပါးစပ်ထဲ ထည့်လိုက်သည်။
အသားဖတ်လေး ပါးစပ်ထဲ ရောက်သွားသည်နှင့် နူးညံ့စိုအိမှုကို ခံစားလိုက်ရပြီး သူ့၏ ဆံပင်မွှေးများပင် ထောင်ထသွားသည်ဟု ထင်လိုက်မိသည်။အသားက အလွန်အမင်း နူးညံ့နေသည့် အပြင် အလွန်လည်း အရသာရှိသည်။
တစ်ကိုက်ကိုက်လိုက်ရုံဖြင့်ပင် သွားကြားထဲမှ အသားမျှင်လေးများက ပျော်ဝင်သွားပြီး ခန္ဓာကိုယ်ရှ်ိ အကြောအချဉ်များကို ထ်ိုးဖွင့်လိုက်သကဲ့သို့ပင် ။
"ဒီအသားက လုံးဝ အနေတော်ပဲ ...နည်းနည်းလေး အချိန်ပိုကြာရင်လည်း အသားက အရမ်းကျက်သွားမယ် နည်းနည်းလေးလျော့သွားရင်လည်း အသားအရသာက မပြည့်စုံပဲ ဖြစ်နေမယ် အခုတော့ အရမ်းအရသာရှိတယ်..."
လူအိုကြီးက မှတ်ချက်ပြုလိုက်ပြီးသည်နှင့် သူ ဝိုင်တစ်ငုံသောက်လိုက်သည်။သူ မြန်မြန်ဆန်ဆန် မသောက်ရဲပဲ အသာလေး စုပ်သောက်လိုက်ခြင်းဖြစ်သည်။အာကာသနတ်သမီး ပါးစပ်အပြည့် ဝိုင်သောက်ပြီးနောက် မှုန်တိုင်းမွှေသလို ဖြစ်သွားသည့် မြင်ကွင်းကို မှတ်မိနေသေးသည်။
ထို့အပြင် ဝိုင်ကောင်းတစ်ခွက်ဆိုသည်မှာ ဖြေးဖြေးချင်း သောက်မှသာ သူ့၏ အရသာအမှန်က်ို ခံစားမိမည်ဖြစ်သည်။ပါးစပ်ထဲ၌ ပိုးချည်မျှင်လေးများ ဖြတ်သန်းသွားသလိုမျိုး နူးညံ့ သိမ်မွေ့မှုကို ခံစားလိုက်ရသည်။ထို့နောက် တွယ်ရာမဲ့ စမ်းချောင်းဝါဝ်ိုင်၏ မွှေးရနံ့က ပြင်းထန်သောကြောင့် လူအိုကြီး၏ မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားသည်။
"တကယ်ကို အရမ်းကောင်းလွန်းတဲ့ ဝိုင်ပဲ..."
လူအိုကြီးက သူ့လက်ထဲမှ ဖန်ခွက်ရှည်ကို ကိုင်ထားပြီး ကျယ်လောင်စွာ ရယ်မောနေလေသည်။ဒီလိုကောင်းမွန်သည့် ဝိုင်တစ်ခွက်အတွက် သလင်းကျောက်ဆယ်သန်းနှင့် သွေးစပျစ်စေ့ ပေးခဲ့ရခြင်းက လုံးဝ အရှုံးမရှိပေ။
လူအားလုံးလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။ဝိုင်ကို ချီးကျူးနေသော ထိုသူသည် အစားကြူးတောင်ကြား၏ ပထမဆုံးသော တောင်ကြားသခင်ဖြစ်သည်။
ဝိုင်တစ်ခွက်နှင့် ဟင်းတစ်ပွဲက ထ်ိုသူကို ယစ်မူးသွားစေအောင် ပြုလုပ်နိုင်သည်ဆိုလျှင် ၎င်းက သာမန်မဟုတ်ကြောင်း သက်သေပြပြီးသားဖြစ်သွားလေပြီ။
ဘေးပတ်လည်ရှိ သူတော်စင်ဂိုဏ်းချုပ်များ နှလုံးခုန်နှုန်းများပင် မြန်ဆန်လာလေသည်။သူတို့ အချိန်ကိုပင် ရစ်ကျော်ပစ်ချင်ပြီး ဝိုင်ကို လဲလှယ်ရယူ မြည်းစမ်းကြည့်ချင်နေပေပြီ။
မည်သည့်နည်းနှင့် ဖြစ်ဖြစ် ဒီနေ့တော့ သူတို့ မသောက်နိုင်သည်မှာ သေချာသောကြောင့် စိတ်မကျေမနပ်ဖြင့်ပင် ပါပီလီယွန်အသားကင်ကို မှာလိုက်ကြသည်။ပါပီလီယွန်အသားကင် အလွန်ရောင်းအားကောင်းနေသောကြောင့် ပုဖန်ပင် အံ့အားသင့်သွားသည်။
သူ မေးစေ့ကို ပွတ်သပ်နေရင်းဖြင့် ပါပီလီယွန်ကို စျေးမြှင့်လျင် ကောင်းမည်ဟု စဉ်းစားနေမိသည်။သို့သော် ပျက်သုဉ်းခြင်း အကျဉ်းထောင်မှ ကျူးကျော်လာသေူ ပါပီလီယွန်များ အားလုံးစား၍ ကုန်သွားလျှင် ဘယ်နေရာမှ ရနိုင်တော့မည်နည်း။
ထ်ိုအကြံ ပေါ်လာသည်နှင့် ပုဖန်၏ အတွေးများက ပို၍ ကျယ်ပြန့်လာသည်။ယ
"ဒါအမှန်ပဲ ပါပီလီယွန်ကို မွေးမြူသင့်တယ် ..."
ပုဖန် သူ့၏ အကြံကို အတည်ပြုပြီးသည်နှင့် အသားကင်ပန်းကန်ကို ကိုင်၍ မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ထ်ိုခဏ၌ပင် ဝတ်ရုံ လျော့တိလျော့ရဲ ဝတ်ဆင်ထားသော ငရဲဘုရင် အာဟနှင့် သူဘေးနားတွင် နာနာခံခံရပ်နေသော ဇီယွင်တို့ကို တွေ့လိုက်ရသည်။
ပုဖန်က ဟင်းပွဲများကို ချပြီးသည်နှင့် ငရဲဘုရင် အာဟကို လက်ရက်၍ ခေါ်လိုက်သည်။
"ဟလေး ဒီကို ခဏလာဦး..."
ငရဲဘုရင်၏ မျက်ဝန်းများက တောက်ပသွားပြီးနောက် လျှပ်စီးလှပ်လိုက်သလိုမျိုး ပုဖန်နားသို့ ချက်ချင်းရောက်လာလေသည်။
"ပုဖန် ကောင်လေး ဒီဘုရင်က်ို ဘာလုပ်ဖို့ ခေါ်တာလဲ...ဒီဘုရင်ကို အရမ်းမွှေးပျံ့ သင်းကြိုင်တဲ့ သွေးကျောက်ပုစွန်အစပ် ကျွေးမလို့လား..."
ငရဲဘုရင်က သူ့၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း မျှော်လင့်ရန်ခုန်စွာဖြင့် ပြောလိုက်သည်။ပုဖန်အေးခဲသွားသည်။
ပုဖန် အေးခဲသွားသည်။
"ဒီလူကတော့လေ ဘယ်လို စားရမယ်ဆိုတာပဲ သိတယ်...မဟုတ်ဘူး ငါမင်းကို အရေးတကြီး မေးစရာရှိလို့..."
ငရဲဘုရင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"ဒါဆိုလည်းမေး ငါမင်းကို အရင်ဆုံးပြောထားမယ်နော် ဒီဘုရင်ကို ကိုယ်ရေးကိုယ်တာ ကိစ္စတွေ လာမေးရင်တော့ ငါလုံးဝ ဖြေမှာ မဟုတ်ဘူး..."
ပုဖန် ရှုံ့မဲ့သွားသည်။
"မင်းရဲ့ ကိစ္စတွေ ဘယ်သူက စိတ်ဝင်စားနေလို့လဲ ငါမင်းကို မေးချင်တာက ပါပီလီယွန် အထီးအမတစ်စုံ ရနိုင်လား..."
ပုဖန်၏ မေးခွန်းကြောင့် ငရဲဘုရင် အေးခဲသွားပြီးနောက် မျက်လုံးများပြူးသွားသည်။
"မင်းက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကများ ထင်မှာလဲ...ဒါမှမဟုတ် ပါပီလီယွန် ဇနီးနဲ့ ခင်ပွန်းက အရသာကွာလို့လား..."
အသား၏ အရသာအကြောင်း တွေးနေသော ငတုံးငရဲဘုရင်နှင့် ဆွေးနွေးရသည်က စိတ်ပျက်စရာကောင်းလှသည်။တကယ်တမ်းတွင် သူက ပါပီလီယွန်အထီးအမတစ်စုံကို မျိုးပွားရန်အတွက် လိုအပ်ခြင်းဖြစ်သည်။သို့သော်လည်း ငရဲဘုရင်က်ို ရှင်းပြမနေတော့ပဲ သူ့၏ ဝှက်ဖဲကိုသာ ထုတ်သုံးလိုက်လေသည်။
"မင်း ငါ့အတွက် ပါပီလီယွန် တစ်စုံ ဖမ်းပေးမယ်ဆိုရင် ငါမင်းအတွက် သွေးကျောက်ပုစွန်နှပ်ပေးမယ်..."
ပုဖန်၏ အလေးအနက်စကားကို ကြားသည်နှင့် ငရဲဘုရင်၏ အမူအရာက ပျော်မြူးမှုဖြင့် ပြည့်နှက်သွားပြီး ပင့်သက်တစ်ချက်ရှ်ိုက်လိုက်လေသည်။
"သွေးကျောက်ပုစွန်နှပ် အဲ့ဒါကကောသွေးကျောက်ပုစွန်အစပ်လိုမျိုး စားလို့ကောင်းလား..."
ပုဖန်က ထိုကဲ့သို့ ပြောနေပြီဆိုမှတော့သူ ဒီပြဿနာကို ငြင်း၍ မကောင်းတော့ပေ။ငရဲဘုရင်က ခဏမျှစဉ်းစားပြီးနောက် လက်ဝါးထောင်ပြကာ လူယုတ်မာပြုံးပြုံးလိုက်သည်။
"အစပ်ချောင်း ငါးချောင်းပါ ထပ်ပေါင်းထည့်မယ်..."
ပုဖန် ပြောစရာစကားမဲ့သွားသည်။
ဒီလူကတော့ ဘယ်လိုတိုးတောင်းရမယ်ဆိုတာ သိနေပြီ...
".ကောင်းပြီ ..."
သူခေါင်းညိတ်လိုက်၏။သဘောတူညီမှု ရသည်နှင့် ငရဲဘုရင်က အလွန်စိတ်လှုပ်ရှားစွာ အသံတိုးတိုးဟစ်ကြွေးလိုက်ပြီးမြှားတစ်စင်းလို ပြေးထွက်သွားလေသည်။ခဏအတွင်းမှာပင်သူ့၏ ပုံရိပ်က ပျောက်ကွယ်သွား၏။
သူပါပီလီယွန်တစ်စုံကို သွားရှာရပေတော့မည်။ပုဖန်က ဘာကြောင့် လိုအပ်သည်ကို မသ်ိသော်လည်း အကြံအစည်ကြီးကြီးမားမားရှိလိမ့်မည်ဟု ခံစားမိလေသည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ဖြစ်သော ပါပီလီယွန်များက အလွန်သန်မာသည်ဟု မဆိုထားသော်လည်း ၎င်းတို့က စွယ်စုံရ စစ်သုံးလက်နက်များပင်ဖြစ်လေသည်။
ဒီကျူးကျော်မှု စစ်ပွဲကြီးထဲ၌ ၎င်းတို့သည် နတ်ဆိုးအမှတ်အသားသစ်ပင်ကြီးများအား သယ်ဆောင်၍ ပျက်သုဉ်းခြင်း အကျဉ်းထောင်၏ စစ်တပ်ကြီးကို ပုန်းကွယ်နဂါးတ်ိုက်ကြီးဆီသို့ ရောက်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ဒီစစ်ပွဲကြီးကြောင့် ပါပီလီယွန်များသည် လူများ၏ စားစရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ထိုနတ်ဆိုးများ ထင်ထားလိမ့်မည်မဟုတ်ပေ။
အချိန်များတဖြေးဖြေးကုန်လွန်သွားပြီးနောက် ညအချိန်သို့ ကျရောက်လာပေတော့မည်။ပုဖန်၏ တစ်နေ့တာ စီးပွားရေးလုပ်ငန်းလည်း ပြီးဆုံးသွားလေပြီ။ထို့ကြောင့် နောက်ဆုံးစားသောက်သူ ထွက်သွားသည်နှင့် သူ ဆိုင်တံခါးပိတ်ရန် ပြင်လ်ိုက်သည်။
ချူချန်းရှန် ထိုင်ခုံတစ်ခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်သည်။စားသောက်ဆိုင်၏ စီးပွားရေးက အလွန်အမင်း ကောင်းမွန်သောကြောင့် စားပွဲထိုးတစ်ယောက်အနေဖြင့် အလွန် လှုပ်ရှားရုန်းကန်နေရလေသည်။
ရုတ်တရက် ချူချန်းရှန်သည် ပုဖန်၏ စားသောက်ဆိုင်ထဲတွင် စားပွဲထိုးလုပ်ရန် သဘောတူညီလိုက်ခြင်းက အလွန်ပင် ဆိုးရွားသော ရွေးချယ်မှုကို ခံစားမိလိုက်သည်။
ပုဖန်က သူ့ကို ဂရုမစိုက်ပေ။ယခုအချိန်၌ သူ့၏ စားသောက်ဆိုင်သည် အလွန်ပင် ကျော်ကြားနေပြီးလူများစွာ စည်ကားနေသောကြောင့် စိတ်ကျေနပ်နေပေသည်။
ဒါပေါ့...ဆူညံစည်ကားမှု ပြီးသွားပြီးတော့တိတ်ဆိတ်ငြိမ်သက်ခြင်းကလည်း စိတ်ကျေနပ်ဖို့ ကောင်းတာပဲ...
နှင်းခါးမီးတောက် သိမြင်မှုဝိုင် နှစ်ခွက် ထည့်လိုက်ပြီးနောက် ချူချန်းရှန်ကို တစ်ခွက်လှမ်းပေးလိုက်သည်။ဆိုင်ပေါက်ဝတွင် ထိုင်ခုံကိုမှီ၍ ထိုင်လိုက်ပြီး အပြင်ဘက်ရှိ နေဝင်ချိန်ကို ကြည့်နေလိုက်သည်။
မတူညီသော ဝိုင်များတွင် မတူခြားနားသော ဝ်ိုင်ခွက်များလိုအပ်ပေသည်။နှင်းခါးမီးတောက် သိမြင်မှု ဝိုင်နှင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်တို့ကဲ့သို့ သာမန်ဝိုင်များသောက်သုံးရာတွင် ပုဖန်က သူယခု ကိုင်ထားသော ဖြူပြာရောင် ကြွေပန်းကန်လုံးကိုသာ အသုံးပြုပေသည်။
သို့သော်လည်း တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို သောက်ရာ၌မူ ပုဖန်က သူရွေးချယ်ထားသော ကန်တော့ရှည်ဖန်ခွက်ကို အသုံးပြုပေသည်။နှင်းခါးမီးတောက် သ်ိမြင်မှု ဝိုင်နှင့် အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင်တို့က အလွန် ကြည်လင်လှသောအရည်ဖြစ်သော်လည်း တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်ကမူ ကြယ်ရောင်များ တလက်လက် တောက်ပနေသည့် ဝိုင်ဖြစ်သောကြောင့် ဖြူပြာရောင် ကြွေပန်းကန်လုံးကို သုံးရန် မသင့်ပေ။
ဝိုင်သောက်လိုက်ပြီးနောက် ချူချန်းရှန် အလွန်ပင် စိတ်ကျေနပ်သွားသည်။အထူးသဖြင့် ပုဖန်၏ ဝိုင်များပင်ဖြစ်သည်။မည်သည့် ဝိုင်မဆိုအရသာကတော့ ထ်ိပ်တန်းပင်ဖြစ်၏။
ချူချန်းရှန်လည်း တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင် အကြောင်းကို ခဏခဏ တွေးမိပေသည်။သို့သော်လည်း အရေအတွက်က အကန့်အသတ်ရှိသောကြောင့် သူ မသောက်နိုင်ပေ။သူတို့ နှစ်ယောက်သား ဆိုင်ပေါက်ဝတွင် ထ်ိုင်၍ ခပ်ဝေးဝေးဆီရှိ ဆည်းဆာ နေဝင်ခ်ျိန်ကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ရှုနေကြသည်။တစ်ယောက်နှင့် တစ်ယောက် စကားပြောစရာလည်း မလ်ိုသလို စိတ်ငြိမ်သည့် ခံစားမှုကို ခံစားနေကြ၏။ချူချန်းရှန်သည်လည်း ထိုကဲ့သို့သော ခံစားမှုမျိုးကို အလွန်ကြိုက်နှစ်သက်ပေသည်။
ရုတ်တရက် အရောင်အသွေးစုံလင်လှသော နေဝင်ချိန် ဆည်းဆာ ကောင်းကင်ယံနှင့် ဝေးကွာသော နေရာတွင် အနက်ရောင် အစက်လေးတစ်စက် ဖြစ်ပေါ်လာလေသည်။ထိုအနက်ရောင် အစက်လေးက တဖြေးဖြေးကြီးသထက်ကြီးမားလာပြီး စားသောက်ဆိုင်ရှိရာဆီသို့ပျံသန်းလာနေ၏။
မကြာခင်မှာပင် ကျယ်လောင်လှသော မြည်ဟီးသံနှင့်အတူ ငရဲဘုရင်အာဟကောင်းကင်ယံမှ ဆင်းသက်လာလေသည်။သူဖမ်းလာသော ပါပီလီယွန်တစ်စုံသည် ဆိုင်ရှေ့ မြေပြင်ပေါ်သို့ ကျသွားပြီး သူတို့ပါးစပ်မှ အမြှုပ်များပင် တစ်စီစီ ထွက်လာလေသည်။
"အာရိုး...ဒီဘုရင်တော့ ပင်ပန်းလွန်းလို့ သေတော့မယ်...ပါပီလီယွန်တွေက တစ်နေ့တခြား နည်းသထက်နည်းလာပြီးမျိုးတုံးလုနီးပါးဖြစ်နေပြီ...ဒီဘုရင်က ကြိုးကြိုးစားစားနဲ့ ဒီ ပုန်းကွယ်နဂါးတိုက်ကြီးတစ်ဝက်လောက်ကို ရှာပြီးတဲ့အခ်ျိန်မှာတော့ ဒီဇနီးနဲ့ ခင်ပွန်းတစ်စုံကို ရရှိခဲ့တယ်..."
ငရဲဘုရင်က ပါပီလီယွန်၏ခေါင်းအထက်တွင် ထိုင်ပြီး သူ့၏ လက်တစ်ဖက်ကို ယပ်တောင်သဖွယ် အသုံးပြု၍ တစ်ဖက်က အင်္ကျီရင်ဘတ်ကိုဆွဲချကာထားလေသည်။
ပုဖန်နှင့် ချူချန်းရှန်တို့နှစ်ယောက်က သိချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်။ထို့နောက် ပုဖန် သူ့လက်ထဲမှ ဝိုင်ခွက်ကို ကိုင်ဆောင်ထားရင်းထ်ိုပါပီလီယွန်ရှေ့သို့ လျှောက်လာလိုက်သည်။
သူ ပါပီလီယွန်နှစ်ကောင်ကို ပတ်၍ လျှောက်လိုက်၏။ထိုနှစ်ကောင်က အထီးအမတစ်စုံ ဖြစ်သည်ကို ကြည့်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ငရဲဘုရင်ပါပီလီယွန်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီးပုဖန်ရှေ့၌ ရပ်လိုက်သည်။ထို့နောက် နဖူးပေါ် ကျနေသော ဆံပင်များကို သပ်တင်လိုက်၏။
"ပုဖန် ကောင်လေး ဘယ်လိုလဲ မင်းစိတ်ကျေနပ်ရဲ့လား...ဒီ ဘုရင်ရဲ့ သွေးကျောက်ပုစွန်နှပ်ကကော ဘယ်မှာလဲ..."
"အလျင်မလိုနဲ့...မင်းကို သွေးကျောက်ပုစွန်မပေးမှာကိုလည်း စိတ်ပူမနေနဲ့..."
ပုဖန်၏ အထူးတလည် ညွှန်ကြားမှုများအောက်တွင် ထိုပါပီလီယွန်နှစ်ကောင်က မသေသေးပေ။ထို့ကြောင့် သူကောင်းစွာ မွေးမြူနိုင်ပေသည်။ပုဖန် အတွေးတစ်ချက်ဖြင့်ပင် ထ်ိုပါပီလီယွန်နှစ်ကောင်ကို ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေထဲပို့ဆောင်လိုက်သည်။ထို့နောက် သူက အေးချမ်းတည်ငြိမ်လှသောအကြည့်များဖြင့် ငရဲဘုရင်ကို ကြည့်၍ ပြောလိုက်သည်။
"ဆိုင်ထဲမှာ အရင်ထိုင်ဦး စိတ်မရှည်လက်မရှည်ဖြစ်မနေနဲ့..."
ပြီးသည်နှင့်ဝိုင်ခွက်ကို တစ်ချိုက်တည်း မော့သောက်လိုက်သည်။ထို့နောက် အသက်ခပ်ဖွဖွ ရှုထုတ်လိုက်ပြီး လက်ပိုက်လိုက်သောကြောင့် သူ့၏ နီရောင်စားဖိုမှူးဝတ်ရုံလက်စပင် ယမ်းခနဲ ခါယမ်းသွားသည်။
ထို့နောက် သူမီးဖိုခန်းထဲသို့လှမ်းဝင်လိုက်ပြီး သူ့၏ စိတ်စွမ်းအားများကို ဖြေလျော့လိုက်သည်။ထိုခဏအတွင်းမှာပင် ပုဖန်၏ ပုံရိပ်က ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေ၌ ပေါ်လာလေသည်။
ဘန်း ဘန်း...
ပါပီလီယွန် နှစ်ကောင် မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။သစ်သားတဲလေးရှေ့တွင် ဇိမ်ကျကျထိုင်နေသော နျိုဟန်စန်းက ထိတ်လန့်တကြားထရပ်လိုက်မိ၏။
ပုဖန်က ကောင်းကင်ယံမှနေ၍ နျိုဟန်စန်းရှေ့သို့ ဆင်းသက်လာပြီး အသည်းအေးစရာ အကြည့်တစ်ချက်ပေးလိုက်သည်။
"နျိုကလေး ဒီလယ်ယာမြေထဲမှာတစ်ယောက်တည်းနေနေရတာ ပျင်းစရာမကောင်းဘူးလား ဒီတော့ ငါမင်းကို လေ့ကျင့်ခန်းတစ်ခု ပေးလိုက်မယ်..."
"ဘာတာဝန်လဲ..."
နျိုဟန်စန်းမျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဒီမှာ ပါပီလီယွန် အထီးအမတစ်စုံရှိတယ် ငါ မင်းကို သူတို့ကို ပြုစု ပျိုးထောင်စေချင်တယ်...ငါ ပါပီလီယွန်တွေ ပိုလိုအပ်တယ်..."
ပုဖန်က နျိုဟန်စန်းနားသို့ သွားလိုက်ပြီး ပခုံးကို ပုတ်ကာ ထပ်မံ ပြောလိုက်သည်။
"ငါထင်တာတော့ မင်းက အကောင်းဆုံးပဲ မင်းရဲ့အသားက ပါပီလီယွန်တွေထက် ပိုကောင်းတယ်လို့ ငါအမြဲတမ်းတွေးနေမိတယ် ဒီတော့ ပါပီလီယွန်တွေက်ို ကောင်းကောင်းပြုစု ပျိုးထောင်ပြီး ပုံမှန်ထက် ပိုကောင်းတဲ့ အသားမျိုးရလာအောင် ကြိုးစားဟုတ်ပြီလား..."
နျိုဟန်စန်းမှင်သက်သွားပြီးနောက် မျက်ရည်ကျမလာပဲ အော်ဟစ်ငိုကြွေးလိုက်လေသည်။
"ဒီစားဖ်ိုမှူးက တော်တော်လေး ကြောက်စရာကောင်းတဲ့ လူပဲ...သူက လူတွေကို ဒီလိုမ်ျိုးခြိမ်းခြောက်ရဲတယ်...သူ ငြင်းပယ်လို့ ရနိုင်ဦးမလား..."
ပုဖန်က သူ့ကို ဂရုစိုက်မနေတော့ပဲ မြစ်ကမ်းနံဘေးသို့ လျှောက်သွားလိုက်သည်။မျက်လုံးသုံးလုံး ခြင်္သေ့ရိုင်း၏ခေါင်းက ရေထဲမှ ဖွားခနဲ ပေါ်လာလေသည်။သူနှင့်အတူ ရှစ်လေး၏ခေါင်းသေးသေးလေးလည်း လိုက်ပါလာသည်။
ပုဖန် ထိုနှစ်ကောင်ကို လျစ်လျူရှုလိုက်သည်။သူ ရေထဲတွင် ကူးခတ်နေသောသွေးကျောက်ပုစွန်များကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေ၏။အချိန်အတော်ကြာ မွေးမြူထားပြီးနောက် သွေးကျောက်ပုစွန်အရေအတွက်က အနည်းငယ် တ်ိုးပွားလာပေသည်။
သူ့၏ စိတ်စွမ်းအားများကိုထုတ်ဖော်လိုက်ပြီး ရေပြင်ကို ပြင်းထန်စွာရိုက်ခတ်လိုက်သည်။
ဗွမ်း...
ရေပြင်က ပေါက်ကွဲသွားလေသည်။သူခုန်ထွက်လာသော သွေးကျောက်ပုစွန်များကို လက်တစ်ဖက်ဝှေ့ယမ်း၍ အသာဖမ်းလိုက်သည်။
"ဒီလောက် သွေးကျောက်ပုစွန်အများကြီးနဲ့ဆ်ိုတော့ သွေးကျောက်ပုစွန်နှပ်လုပ်ဖို့ လုံလောက်လောက်ပါပြီ...ငါနှလုံးသားတော့ သောကတွေနဲ့ ပြည့်နေပါပြီ.."
ပုဖန် သူ့ဘေးနားတွင် လွင့်မျောနေသောသွေးကျောက်ပုစွန်များက်ို ကြည့်၍ တီးတိုးရေရွတ်လိုက်၏။ထို့နောက် ရှစ်လေးနှင့်မျက်သုံးလုံး၏ ရှေ့မှ ပျောက်ကွယ်သွားလေသည်။
အဝေးတွင်တော့ နျိုဟန်စန်းတစ်ယောက် ပါပီလီယွန်နှစ်ကောင်ကို ဒေါသတကြီးဖြင့် လိုက်လံ ဖမ်းဆီးနေလေသည်။ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေက တကယ့်ကို စည်ကားအသက်ဝင်နေပေ၏။