အပိုင်း ၉၁၀
Viewers 53k

အခန်း ၉၁၀

ဒီဘုရင်ရဲ့သွေးကျောက်ပုစွန်တွေ...


ပုဖန် မီးဖိုခန်းထဲ၌ ပြန်လည် ပေါ်ထွက်လာသည်။သူ့၏ ပတ်ပတ်လည်တွင် စိတ်စွမ်းအင်များနှင့်အတူ လက်ကားရားခြေကားရား ဖြစ်နေသော သွေးကျောက်ပုစွန်များ လွင့်မျောနေလေသည်။


သူ သွေးကျောက်ပုစွန်များကို စတင် ဆေးကြောလိုက်သည်။ ဒီတစ်ကြိမ်၌ သွေးကျောက်ပုစွန်နှပ် ချက်ပြုတ်ပေးမည်။၄င်းက သွေးကျောက်ပုစွန်အစပ်နှင့် ယှဉ်လိုက်ပါက ပို၍ ရနံ့ မွှေးကြိုင်ပေသည်။


မည်သည့် ဟင်းပွဲပင်ဖြစ်ပါစေ ပထမဆုံးအဆင့်က သွေးကျောက်ပုစွန်များကို သန့်ရှင်းစင်ကြယ်သွားအောင် ဆေးကြောရန်ဖြစ်သည်။အလင်းတစ်ချက်နှင့်အတူ မီးဖ်ိုချောင်သုံးဓားပေါ်လာပြီး သွေးကျောက်ပုစွန်၏ ခေါင်းကို ဖြတ်ချလိုက်သည်။


ခေါင်းတစ်ချို့ကို ချန်ထားလိုက်ပြီးနောက် ခြေထောက်များကို ဖြတ်ကာ ထက်ခြမ်းခွဲလိုက်သည်။ထ်ို့နောက် အမြီးကိုလည်း ဖြတ်၍ သေချာစွာ ထပ်မံ ဆေးကြောလိုက်သည်။


သွေးကျောက်ပုစွန်ထဲတွင် အဆိပ်ပါဝင်သောကြောင့် သေချာစွာဆေးကြောသန့်စင်ရန် လိုအပ်သည်။ထို့နောက် ၄င်းတ်ို့ကို ပန်းကန်ပြားထဲထည့်ပြီး ခြောက်အောင် စစ်ထားလိုက်သည်။


ကောင်းကင်နှင့် ကမ္ဘာမြေ လယ်ယာမြေတွင် စိုက်ပျိုးရေးပြုလုပ်ပြီးနောက် သူ ဆုတစ်ချို့ ရထားပေသည်။၄င်းဆုများမှာ အလွန် အံ့အားသင့်စရာမကောင်းသော်လည်း စားလို့ရသော အရာများဖြစ်သည်။


အမြီးချွန် ကြက်သွန် ၊ သားအမိဂျင်း ၊ ခရမ်းရောင် ကြက်သွန်ဖြူ စသည့် ပါဝင်ပစ္စည်းများဖြစ်လေသည်။ပုဖန်က ကောင်းကင်နှင့် ကမ္ဘာမြေလယ်ယာမြေ၌ နေရာတစ်ခု သီးသန်းထား၍ ထိုဟင်းခတ်အမွှေးအကြိုင်များကို စိုက်ပျိုးထားခဲ့သည်။


စနစ်၏ ပြောစကားများအရ ထိုအမြီးချွန် ကြက်သွန်သည် ပုန်းကွယ်နဂါးတိုက်ကြီး၏ အဆုံးမဲ့ပင်လယ်နှင့် အလွန် ဝေးကွာသော နေရာရှိ ကျွန်းပေါ်တွင် ပေါက်ရောက်သည့် အပင်ဖြစ်သည်။၄င်းကို ထည့်၍ ချက်လိုက်သည်နှင့် ထ်ိုဟင်းပွဲက ပို၍ မွှေးကြိုင် ပို၍ အရသာရှိသွားလိမ့်မည်ဟု အာမခံသည်။


သားအမိဂျင်းက ငရဲကမ္ဘာမှ ပါဝင်ပစ္စည်းဖြစ်သည်။၄ကို ထည့်၍ ချက်ပြုတ်လိုက်လျှင် ဟင်းပွဲ၏ စိတ်ဝိညာဉ် စွမ်းအင်များ တိုးပွားလာပြီး ပို၍ နူးညံ့ပေလိမ့်မည်။


ခရမ်းရောင် ကြက်သွန်ဖြူကလည်း ငရဲကမ္ဘာမှပင် ဖြစ်သည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကြက်သွန်ဖြူပေါက်ရောက်ရာက စမ်းချောင်းဝါမြက်ပေါက်ရောက်သောစမ်းချောင်းဝါ မြစ်ကမ်းနံဘေးမှာပင် ဖြစ်သည်။


ပုဖန် ငရဲကမ္ဘာကို ဝင်ခဲ့သည့် အချိန်တုန်းက ထိုခရမ်းရောင် ကြက်သွန်ဖြူကို တကယ်ပဲ တွေ့ခဲ့သည်။သို့သော်လည်း ထိုအချိန်က သူ ဒီအပင်ကိုယူဖို့ မစဉ်းစားခဲ့မိပေ။စနစ်က လယ်ယာမြေကို ရှင်းလင်းသည့် ဆုအဖြစ် ပေးအပ်လာလိမ့်မည်ဟုလည်း မထင်ထားခဲ့မိပေ။


အမြီးချွန်ကြက်သွန်ဥက သူ့၏ ကြက်သွန်အမြီးသည် မြွေသေးသေးလေးတစ်ကောင်အလား ပါးလျသည်။ကြက်သွန်ခေါင်းဖြူဖြူလေးပေါ်၌ အမြစ်များကလည်း ဖွာကျဲနေသည်။


ပုဖန်အမြစ်များကိုဖြတ်ပြီး အချဉ်စိမ်ထားလိုက်သည်။အချိန်ကျလာလျှင် ၎င်းကို ဝိုင်ဖောက်ရာတွင် ပါဝင်ပစ္စည်းအဖြစ်သုံးပါက အလွန်ကောင်းမွန်ပေလိမ့်မည်။စနစ်၏ ပြောစကားအရ ထိုအမြီးချွန်ကြက်သွန်ဥကို ဆေးဖက်ဝင် ပစ္စည်းအဖြစ်လည်း သုံးန်ိုင်ပေသည်။


သူအမြီးချွှန် ကြက်သွန်ကို အပိုင်းလေးများ လှီးလိုက်ပြီးနောက် ပန်းကန်ပြားထဲ ထည့်လိုက်သည်။ထို့နောက် သားအမိဂျင်းကို ပါးပါးလှီးပြီး ဘေးတစ်ဖက်၌ ပုံထားလိုက်သည်။ပြီးသည်နှင့် ခရမ်းရောင် ကြက်သွန်ဖြူကို နုတ်နုတ်စင်းလိုက်သည်။


မူလသွေးကျောက်ပုစွန်နှပ်တွင် ကြက်သွန်ဖြူမထည့်ပေ။သို့သော်လည်း အနည်းငယ်လောက် ပေါင်းထည့်လိုက်ခြင်းက အရသာကို ပေါင်းစပ်ပေးနိုင်ပြီး ဆိုးရွားသည့်အရာလည်းမဟုတ်ပေ။


ခဏအကြာ၌ သူအားလုံး ပြင်ဆင်ပြီးသွားပြီး သွေးကျောက်ပုစွန်နှပ် စတင်ချက်ရန် ပြင်လိုက်သည်။ကျောက်ပုစွန်နှပ်က ကျောက်ပုစွန် အစပ်နှင့် ကွာခြားခြင်းမရှ်ိပေ။ကွာခြားသည့် အရာဆို၍ ဝိုင်များများ သုံးရခြင်းသာရှိသည်။အတွေးတစ်ချက်နှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။သူ ကောင်းကင်ကမ္ဘာမြေမီးလျှံကို မှုတ်ထုတ်လိုက်၏။


အပူချိန် ချက်ချင်းမြင့်လာသည်နှင့် အိုးထဲသို့ ဆီလောင်းထည့်လိုက်၏။ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များကို အိုးထဲသို့ လောင်းထည့်လိုက်သည်နှင့် ရှဲခနဲ ဆူညံသံများနှင့်အတူ ထွက်ပေါ်လာသော မွှေးရနံ့တစ်ခု သူ့နှာခေါင်းထဲ စီးဝင်လာလေသည်။


ထို့နောက် ပုဖန်က သူကြိုတင်ပြင်ဆင်ထားသော ဆေးဖက်ဝင် အပင်များကိုလောင်းထည့်လိုက်ပြီးရနံ့ကို ပို၍ မွှေးကြိုင်လာစေလိုက်သည်။ပြီးသည်နှင့် သေချာပြင်ဆင်ထားသည့် သွေးကျောက်ပုစွန်များကို လောင်းထည့်လိုက်သည်။


အိုးထဲရှိ ပါဝင်ပစ္စည်းများအားလုံးကို သမမျှတအောင် မွှေနေပေးလိုက်သည်။ပြီးသည်နှင့် သူ သိမြင်မှု ဝိုင်တစ်ခွက်ကို အိုးထဲသို့ လောင်းထည့်လိုက်သည်နှင့် မွှေးရနံ့က ပို၍ တိုးပွားလာသည်။


ထိုရနံ့ကို ရလိုက်သည်နှင့် စားချင်စိတ်များ ပြင်းထန်လာသလို ခံစားမိလိုက်သည်။ထိုမျှနှင့် မပြီးသေးပေ။ခဏမျှ ပွက်ပွက်ဆူနေစေလိုက်ပြီးနောက် သူအေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်တစ်အိုးကို ထုတ်လိုက်သည်။


"ပလောက် ..."


အဖုံးဖွင့် လိုက်သည်နှင့် ဝိုင်ရနံ့က ချက်ချင်း ပြန့်နှံ့လာလေသည်။သူ ထိုဝ်ိုင်တစ်အိုးလုံးကို အိုးထဲသို့ လောင်းထည့်လိုက်၏။လှိုက်တက်လာသောမွှေးရနံ့များနှင့်အတူ ဝိုင်များက သွေးကျောက်ပုစွန်များကိုဖုံးအုပ်သွားသည်။


သူ အိုးအဖုံးကို ဖုံးလိုက်ပြီးနောက် မီးအေးအေးဖြင့် လက်ဖက်ရည်တစ်အိုးကြာခန့် ချက်ပြုတ်လိုက်သည်။


စားသောက်ဆိုင်ထဲတွင်...

 ငရဲဘုရင် သရေယိုလာသလိုပင်ခံစားနေရသည်။သူရယ်ချင်စရာကောင်းလှသောမျက်နာထားမျိုးဖြင့်မီးဖ်ိုခန်းဝဆီသို့သာ ခဏခဏ ကြည့်နေမိသည်။


ငရဲဘုရင်၏ ပုံရိပ်က ပျောက်ဆုံးနေပေပြီ။သွေးကျောက် ပုစွန်များရှေ့တွင် သူက အစားသရဲတစ်ယောက်သာဖြစ်လေသည်။


ချူချန်းရှန်လည်း ထိတ်လန့် အံ့အားသင့်နေသည်။မွှေးရနံ့က ပြင်းထန်လွန်းသော်လည်း ဝိုင်ရနံ့က ပိုပြင်းနေသောကြောင့် မည်သည့် ဟင်းချက်ပြုတ်နေသည်ကို မပြောနိုင်ပေ။


မွှေးရနံ့ကို ရလိုက်သောနယ်သာရီကလည်း ငရဲကမ္ဘာသင်္ဘောပေါ်တွင် အနားယူနေရာမှ အလွန် အလျောက်ထွက်လာလေသည်။ခွေးဘုရင်ကလည်းမျက်လုံးများ ဖွင့်လိုက်ပြီး လေထဲမှ ရနံ့များကို အနံ့ခံရင်း အသာအယာ လှဲလျောင်းနေသည်။


ပန်းပွင့်လေး၏ သုံးပန်လှ မြွေမျက်လုံးလေးများကလည်းဟိုကြည့် ဒီကြည့် လုပ်နေလေသည်။စားသောက်ဆိုင်ထဲမှာ နေတာကြာသွားပြီ ဖြစ်သောကြောင့် သူမ အနည်းငယ် ဝလာလေသည်။သူမ၏ မျက်နာပေါ်၌ အဆီပိုလေးများပြည့်နေပေပြီ။၎င်းက စားသောက်ဆိုင်ဆီမှ အစားအသောက်များက ကောင်းလွန်းလှသောကြောင့် ဖြစ်သည်။


မီးဖိုခန်းထဲတွင်....

 အချိန်ခဏမျှ ကြာပြီးနောက် ဒယ်အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးရနံ့များ လုံးခနဲ တက်လာလေသည်။


ပုဖန်အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး တံတွေးမျိုချလိုက်သည်။ဒယ်အိုးလက်ကိုင်ကိုကိုင်၍ လှုပ်ခါမွှေပေးလိုက်သည်နှင့် ရနံ့များက ပို၍ ပြင်းထန်လာသည်။ပုဖန်၏ မျက်လုံးလေးများပင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ထို့နောက် သူဒယ်အိုးလက်ကိုင်ကို အားအပြည့်ဖြင့် ကိုင်၍ လှန်လိုက်သည်နှင့် ဆီစိုအိနေသောပုစွန်များက လေထဲသို့ မြောက်တက်သွားသည်။


ပုဖန်အသင့်ပြင်ဆင်ထားသော ကြွေပန်းကန်ပြားအကြီးကိုယူ၍ ပြန်လည် ကျလာသော သွေးကျောက်ပုစွန်များအားလုံးကို ဖမ်းလိုက်သည်။ဗနောက်ဆုံးအဆင့်အနေဖြင့် ဟင်းအနှစ်ရည်ကို အပေါ်မှ လောင်းလိုက်သည်နှင့် ဆူညံသောအသံနှင့်အတူမွှေးရနံ့များက လေနှင်ရာတစ်လျှောက် လွင့်ပါသွားလေသည်။


"သွေးကျောက်ပုစွန်နှပ် ပြီးပြီ..."


ပုဖန် ထ်ိုဟင်းပွဲကို ကြည့်၍ နှုတ်ခမ်းတစ်ချက်သပ်လိုက်မိသည်။ဒီဟင်းပွဲကို စားလိုက်သည့် လူတိုင်း စွဲလမ်းနှစ်ခြိုက်သွားနိုင်ပေသည်။သူ အလင်းရောင်များ တဖျတ်ဖျတ် တောက်ပနေသည့် ဝှိုက်တီ၏ ဘေးမှ ဖြတ်လျှောက်လာခဲ့သည်။မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ပြီးသည့်နောက် ဝှိုက်တီ၏ ခန္ဓာကိုယ်က ပို၍ တောက်ပ လင်းလက်လာလေသည်။


မွှေးရနံ့က အစိုင်အခဲ တစ်ခုလိုပင် လေထဲ၌ ပျံဝဲနေသည်။တခြားသူများအားလုံး ထိုရနံ့ကို ရှုရှ်ိုက်ရင်း တံတွေးအဆက်မပြတ် မျိုချနေရသည်။


ပြန့်လွင့်လာသော ရနံ့များက ခဏအတွင်းမှာပင် အစားကြူးတောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။လူအများက ထ်ိုရနံ့ကို ရှုရှ်ိုက်ရင်းဖြင့် လည်ချောင်းများ ခြောက်သွေ့လာသလိုပင် ခံစားရသည်။သူတို့ တဖြေးဖြေးစားသောက်ဆိုင်ရှေ့သို့ ရောက်ရှိလာကြလေ၏။


ကျယ်လောင်သော ရယ်မောသံနှင့်အတူ ဆံနွယ်ဖြူများနှင့် လူအိုကြီးတစ်ယောက် ပျံသန်းလာနေသည်။သူ့လက်ထဲ၌လည်း တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်တစ်ခွက်ကို ကိုင်ထား၏။


"စမ်းချောင်းဝါ ဝိုင်တစ်ခွက်ကို သူတစ်နှစ်လောက် သောက်လို့ရသလိုမျိုး ခံစားရတယ်..."


စားသောက်ဆိုင်ရှေ့၌ လူအများ စုရုံးရောက်ရှိနေကြသော်လည်း တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်း ပိတ်သွားပြီဖြစ်သောကြောင့် သူတို့ အထဲသို့ မဝင်နိုင်ပဲ အပြင်မှာသာ ရပ်နေကြရလေသည်။


ကံမကောင်းစွာပင် သူတို့ မွှေးရနံ့များသာ ရရှိနိုင်ပြီး အထဲမှ အဖြစ်အပျက်များကို မမြင်ရပေ။၎င်းက သူတို့၏ နှလုံးသားများကိုပင် နာကျင်လာစေသည်။


လူများကြားထဲတွင် သန့်စင်နယ်မြေ၏ တပည့်များသာမက သူတော်စင်ဂိုဏ်းချုပ်များပါ ရှိနေလေသည်။ထိုအခိုက်အတန့်၌ စားသောက်ဆိုင်ထဲမှ လူတစ်ယောက်ထွက်လာလေသည်။ငရဲဘုရင်က အပြုံးကြီးကြီးမျက်နာထားမျိုးဖြင့်ဟင်းပွဲကိုကိုင်၍ ထွက်လာသည်။


ခုံတစ်ခုံကို ဆွဲယူလိုက်ပြီးနောက် စားသောက်ဆိုင်၏ အရှေ့တွင် ထို သွေးကျောက်ပုစွန်နှပ်ဟင်းပွဲကို ချလိုက်သည်။


"ဒီဟင်းပွဲရဲ့ရနံ့တွေလား..."


လူတိုင်းက တံတွေးအန်ိုင်နိုင်မျိုချရင်း ထိုဟင်းပွဲကို မျက်တောင်မခတ် စိုက်ကြည့်နေမိကြသည်။ပုဖန်ကလည်း ခုံတစ်ခုံကို ဆွဲထုတ်ယူလာပြီး သွေးကျောက်ပုစွန်ဘေးနားတွင် ထိုင်လိုက်သည်။နယ်သာရီနှင့် တခြားသူများကလည်း ခုံအသီးသီးယူလာကာဝ်ိုင်းထိုင်လိုက်ကြ၏။


သူတို့နှင့်အတူ ပျော်ရွှင်စွာ ရယ်မောရင်း ထိုသွေးကျောက်ပုစွန်များကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေလေသည်။မွှေးပျံ့လွန်းသော ရနံ့သည် သူ့၏စားချင်စိတ်ကို တိုးပွားလာစေသည်။


"ပိုင်ရှင်ပု ဒီဟင်းပွဲက ဘယ်လိုခေါ်လဲ..."


ကျင့်ကြံသူ တစ်ယောက်က စိတ်မထိန်းနိုင်တော့ပဲ လွတ်ခနဲ လှမ်းမေးလိုက်လေသည်။သို့သော်လည်း ပုဖန်က ယခုအချိန်တွင် ထိုသူများကို အကြောင်းပြန်ဖို့ စိတ်မဝင်စားပေ။သူလက်က်ို ဆန့်၍ ရဲရဲနီနေသော သွေးကျောက်ပုစွန်တစ်ကောင်ကို ကိုင်လိုက်သည်။


သွေးကျောက်ပုစွန်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ခေါင်းကို လိမ်လိုက်သည်။ချက်ချင်းပင် စိုအိသော အချိုရည်လေးများထွက်ပေါ်လာလေသည်။


ပုဖန်၏ မျက်ဝန်းများ အရောင်တောက်သွားပြီး ထိုပုစွန်ခေါင်းကို ပါးစပ်ထဲထည့်၍ ပြွတ်ခနဲ မြည်အောင်ပင် စုပ်လ်ိုက်သည်။ထိုအချိုရည်ထဲ၌ ဝိုင်၏ ရနံ့နှင့် ကျောက်ပုစွန်၏ ချိုမြမှုကို သယ်ဆောင်လာလေသည်။


ဟင်းခတ်အမွှေးအကြိုင်များကိုလည်း သမမျှတစွာပေါင်းစပ်ထားသောကြောင့်လတ်ဆတ်ကောင်းမွန်သော အရသာကို ထိန်းသိမ်းထားနိုင်လေသည်။သူအခွံကို ဖယ်ရှားပြီး နူးညံ့လှသောပုစွန်သားလေးကို ထုတ်လိုက်သည်။


ပုစွန်သားလေးက အနီရောင်လည်းမဟုတ်သလို အစပ်လည်း မဟုတ်သော်လည်း ကျောက်စိမ်းကဲ့သို့ အလွန်ကြည်လင်နေပြီး ကြည့်၍ကောင်းလှသည်။ကြိုတင်ပြင်ဆင်ထားသော ဆော့စ်နှင့် ပုစွန်သားကို တို့နစ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ကောင်းမွန်လှသော အရသာက သူ့၏ မျက်ဝန်းများကိုပင်မှေးစင်းသွားစေသည်။ငရဲဘုရင် ပုဖန် အရသာရှိစွာစားသောက်နေသည်ကို ကြည့်ပြီးနောက် သူ့၏ နှလုံးသားပင် ယားယံလာသလို ခံစားရစေသည်။


"ဒီဟင်းက ပိုင်ရှင်ပုကိုယ်တိုင် ဒီဘုရင်အတွက် အထူးစပါယ်ရှယ် ချုက်ပြုတ်ပေးထားတဲ့ အရသာရှိတဲ့ သွေးကျောက်ပုစွန်နှပ်လို့ခေါ်တယ်..."


ငရဲဘုရင်က သရေယိုနေသည်ကို ထိန်းသိမ်းလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ လူများကို လှည့်ကြည့်၍ ပြောလိုက်သည်။ပြီးသည်နှင့် ပုဖန်စားသည့်ပုံစံအတိုင်း အတုခ်ိုး၍ သွေးကျောက်ပုစွန်တစ်ကောင်ကို ယူလိုက်သည်။


နယ်သာရီက စကားတစ်ခွန်းမှမဆိုပဲ ကျောက်ပုစွန်ကို ချက်ချင်းကောက်ယူ၍ စားလိုက်သည်။


ပန်းပွင့်လေးက ပုဖန်နှင့် နယ်သာရီကိုသေချာစွာကြည့်၍ သင်ယူရင်းနောက်ပျော်ရွှင်စွာဖြင့် စတင် စားသောက်လိုက်သည်။


သူက တစ်ခုစားပြီးသည်နှင့် ကျယ်လောင်သောရယ်မောသံ ထွက်ပေါ်လာပြီး ချူချန်းရှန်၏အဝတ်အစားများ ပေါက်ကွဲကုန်လေသည်။


ခွေးဘုရင်မသိမသာဖြင့် ဘေးတစ်ဖက်သို့ ရွှေ့သွားလိုက်ပြီးနောက် သွေးကျောက်ပုစွန်၏ အခွံကို ကွဲအောင်ကိုက်လိုက်၏


ခရက်ရှ်...


တခြားသူများက တံတွေးအနိုင်နိုင်မျိုချရင်းသည်းမခံန်ိင်တော့သောအကြည့်များဖြင့် မုန်းတီးစွာကြည့်နေကြလေသည်။


"ဒီကောင်တွေ ဒါကို တမင်သက်သက် လုပ်တာဖြစ်မယ်ဒါကို စားဖို့အရေးတံခါးဝအထိ ယူလာတယ်ဆိုထဲက ရည်ရွယ်ချက် ရှိရှိ လုပ်တာပဲ ဒါသူတို့ကို ဆွဲဆောင်နေတာမဟုတ်ဘူးလား..."


သူတို့ အားလုံးဒေါသထွက်သွားကြသည်။သို့သော်လည်း မည်မျှပင် ဒေါသထွက်နေပါစေ စားချင်နေကြတုန်းပင်ဖြစ်သည်။


လူအိုကြီးက လေထဲတွင် ပြန့်လွင့်လာသော ရနံ့များကို ရှုရှိုက်ရင်း သည်းမခံနိုင်တော့ပေ။သူ့ဝိုင်ခွက်ကို သေချာစွာ သိမ်းဆည်းလိုက်ပြီးနောက် လျင်မြန်စွာ ပြေးဝင်သွားလိုက်သည်။


ပုံရိပ်မရှိ ရနံ့မရှိစွာဖြင့် ပုစွန်တစ်ကောင်ကို ဖမ်းဆုပ်ကာပြေးဖို့ ကြိုးစားလိုက်သည်။စိတ်မကောင်းလှစွာပင်သူ့၏ဆံပင်ဖြူများက သူ့ကို သစ္စာဖောက်သွားလေသည်။ဆံနွယ်ဖြူတစ်ချောင်းက ငရဲဘုရင်၏ မျက်နာရှေ့သို့ လွင့်ပျံသွားသောကြောင့် ငရဲဘုရင် မျက်ဝန်းများ ပြူးကျယ်သွားသည်။ငရဲဘုရင် လက်ဖဝါးဖြင့် ပုတ်ထုတ်လိုက်သည်။ကြောက်စရာကောင်းလှသောဖိအားတစ်ရပ်သက်ရောက်လာပြီး ထိုလူအိုကြီး အဝေးသို့ လွင့်ထွက်သွားသည်။


"ဒီဘုရင်ရဲ့ သွေးကျောက်ပုစွန်နှပ်ကို တကယ်ပဲ ခ်ိုးဖို့ ကြံစည်ရဲတယ်ဆိုတော့ ဒီလူကတော့ သေချင်နေတာပဲ..."


ငရဲဘုရင်က ကျောက်ပုစွန်ကို ပါးစပ်ထဲတွင် ကိုက်ထားလိုက်ပြီး ဆီပေနေသောလက်ဖြင့် လက်ညှ်ိုးညွှန်ကာလွှမ်းမိုးနိုင်စွမ်းရှိစွာ ပြောလိုက်သည်။လူအိုကြီးက ဆတ်ခနဲ ပြန်လည် ထရပ်လိုက်ပြီးနောက် မျက်ခုံးနှစ်ခုကြားမှ ဖူးရောင်သွားသောနေရာကို ပွတ်လိုက်သည်။ထို့နောက် စိတ်ဆိုးဒေါသ ဖြစ်စွာဖြင့် ပြောလိုက်သည်။


"မင်းက ဘာတွေလာပြီး ဂုဏ်ယူဝင့်ကြွားစွာပြောနေတာလဲ ဒီလူအိုကြီးက မစားရသလို မင်းလည်း မစားရဘူးလေ..."


ငရဲဘုရင် အံ့အားသင့်သွားပြီး သူ့စိတ်ထဲ၌ တုန်လှုပ်သွားသည်။သူကမန်းကတမ်း လှမ်းကြည့်လိုက်ချိန်၌ မျက်ဝန်းများ လင်းကွင်းလောက် ပြူးကျယ်သွားလေသည်။


ပန်းကန်ထဲတွင် ဟင်းရည်များသာကျန်တော့သည်။နောက်ဆုံးကျန်နေသော သွေးကျောက်ပုစွန်တစ်ကောင်ကို ပန်းပွင့်လေး၏ ဆီပေနေသော ဖောင်းတုတ်တုတ်လက်ကလေးများက ဆုပ်ကိုင်ထားလေသည်။


ငရဲဘုရင်နှင့် အကြည့်ချင်းဆုံသွားသည်နှင့် ပန်းပွင့်လေးက ရယ်မောလိုက်သည်။သူမ၏။သေးငယ်သောမျက်နာလေးက ပေပွနေသော ကြောင်ကလေးတစ်ကောင်နှင့်ပင်တူနေလေသည်။သူမက သွေးကျောက်ပုစွန်ကို လျင်မြန်စွာ လိမ်လိုက်ပြီး ပါးစပ်ထဲ ထည့်၍ စုပ်လိုက်သည်။


ပုဖန်က ခုံကို မှီထိုင်နေပြီး သူ့၏ ဆီပေနေသောလက်များကို အရသာရှိလှစွာ လျက်နေလေသည်။သူ့၏ မျက်နာက အလွန်အမင်း စိတ်ကျေနပ်ပုံပေါက်နေသည်။


"အား....မင်းတို့ မုန်းစရာကောင်းတဲ့သူတွေ ဒါ ဒီဘုရင်ရဲ့ သွေးကျောက်ပုစွန်တွေကွ..."


နှလုံးကွဲကြေသွားသလို ဝမ်းနည်းတကြီးအော်သံက အစားကြူးတစ်ခွင်လုံးကို အချိန်ခဏမျှ ဖုံးလွှမ်းနေလေတော့သည်။