အပိုင်း ၈၅
Viewers 27k

Chapter 85



ချီရှင်းချန်က ပြီးပြည့်စုံသော အင်္ဂလိပ်မှတ်စာတစ်ခုကို ရေးခြစ်ခဲ့ပြီး၊ ထို့နောက် Kevin အား အင်္ဂလိပ်လို ကျွမ်းကျင်စွာ ရှင်းပြကာ အမှတ်ပေးခဲ့သည်။


Kဖန်များ:[ ]


ဖြတ်သွားဖြတ်လာများ: [ F * ck ဖရဲသီးပုပ်ကြီး]


ကြယ်အလင်းတန်းများ (ခါးထောက်လျက်) : [ငါပြောပါတယ်... မင်းရဲ့ ဒီပလိုမာကို လူတွေကို တိုက်ခိုက်ဖို့ မသုံးနဲ့လို့... ငါ့တိတိက စာမတတ်ဘူးလို့ ဘယ်သူပြောရဲလဲ]


ဖြတ်သွားဖြတ်လာများ နှင့် အခြားဖန်များ: [ငါတို့ မပြောရဲပါဘူး...အရိုအသေမဲ့မိတဲ့အတွက် တောင်းပန်ပါတယ်]


[ငါတောင် ရှောင်ချီလောက်အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ဘူး]


ကျည်ဆံစခရင်က ချီရှင်းချန်ကို ပို၍ပို၍ ချီးမွမ်းခြင်းများဖြင့် သိမ်းပိုက်ခံခဲ့ရသည်။ Kဖန်များက အခြေအနေတွေ အဆင်မပြေသည်ကို မြင်ပြီး ရှုပ်ထွေးလျက်ကျန်နေခဲ့သည်။သူတို့က နောက်တိုက်ပွဲအတွက် သူတို့၏ အားကို ချန်ထားချင်ကြသည်။


ကျည်ဆန်စခရင်က နောက်ဆုံးတွင် "ဟားဟားဟား" နှင့် "အား" ၏ကမ္ဘာသို့ ပြန်ရောက်သွားခဲ့သည်။


သို့သော် ကျန်တစ်နာရီကို ငြိမ်ချမ်းစွာ ကုန်ဆုံးမည်ဟု ပရိသတ်က တွေးလိုက်ချိန်မှာပဲ ပို၍ ကြောက်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။


သင်တန်းသားများကို အုပ်စုများခွဲလိုက်သောအခါတွင် ယခုနကပွဲ၏လက်သည်တရားခံ ကြယ်အလင်းတန်းအကဲ့ဖြတ်သူက သူ့လက်ထဲတွင် မိုက်ခရိုဖုန်းအပိုတစ်ခုပါလာသည်။


အဝေးကနေဆိုလျှင် တောက်ပနေပေမဲ့ အနီးကပ်မှာ အလင်းတန်းတွေ ထောင်နှင့်ချီပြီး အလင်းပြန်သွား၏။ စူးစမ်းလိုသောအမျိုးသမီးပရိသတ်များသည် မနေနိုင်ဘဲ စခရင်ရှော့များရိုက်ကာ ကြည့်ရှုလေ့လာဆွေးနွေးရန် အမြင့်ဆုံးအထိ ချဲ့ကြည့်ကြသည်။


[အဲဒါက ဓာတုဗေဒစိန်လို့(စိန်အတု) ထင်ခဲ့ပေမဲ့ အဲဒါနဲ့ မတူဘူး]


[စိန်တွေဖြစ်နိုင်လား...စိန်တွေတောင် ဒီလောက်တောက်ပပုံမပေါ်ဘူး]


[ကောင်းပြီ...အဲဒါတွေက စိန်အစစ်တွေ ဖြစ်လောက်တယ်...အဲဒါတွေက ကြည်လင်ပြတ်သားမှုအတော်လေးမြင့်တဲ့ အရည်အသွေးမြင့် စိန်တွေ ဖြစ်လောက်တယ်လို့ ငါပြောချင်တယ်...ငါက လက်ဝတ်ရတနာဆိုင်မှာ ဧည့်ခံတစ်ယောက်ပါ.. ဒီလိုဟာတွေကို နေ့တိုင်း ကိုင်တွယ်ရတယ်...ငါ့ခန့်မှန်းချက်က မမှားနိုင်ဘူး]


[f*ck f*ck f*ck...အပြာရောင်စိန်တစ်လုံးဝယ်ချင်နေတာကြာပြီ၊ ဒါပေမဲ့ တစ်လုံးမှမတွေ့ဘူး...ရှောင်ချီက သူ့မိုက်ခရိုဖုန်းမှာ ထည့်မြှုပ်ထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... ဘယ်လောက်ဖြုန်းတီးလိုက်သလဲ! ဘယ်လောက်ဖြုန်းတီးလိုက်သလဲလို့]


စိန်အကြောင်းမသိသည့် အမျိုးသားပရိသတ်တွေက အမျိုးသမီးပရိသတ်တွေ၏ မှန်းဆချက်များကိုကြည့်ပြီး သူတို့၏ဦးရေပြားများ ယားယံလာသလို ခံစားခဲ့ရသည်။


[ကြယ်အလင်းတန်း အကဲဖြတ်သူရဲ့မိုက်ခရိုဖုန်းက အရမ်းဈေးကြီးတဲ့ပုံပဲ]


[ Weibo မှာ မေးကြည့်ပါလား...လူတိုင်းရဲ့ဉာဏ်နဲ့ ငါတို့ အနည်းဆုံး အခြေခံအားဖြင့် ဒီမိုက်ခရိုဖုန်းဘယ်လောက်ကုန်ကျမလဲ သိနိုင်တယ်လေ]


[သူဌေးတွေ ဘယ်လိုဘဝမျိုးနဲ့ နေထိုင်ကြတယ်ဆိုတာ တကယ်သိချင်မိတယ်]


မကြာမီ Weibo သည် မိုက်ခရိုဖုန်း၏ စခရင်ရှော့ပုံများဖြင့် ပြည့်လျှံသွားခဲ့သည်။ စူးစမ်းလိုစိတ်သည် အဓိက ဖြစ်ထွန်းစေသော စွမ်းအားဖြစ်သည်။ နာရီဝက်မပြည့်မီတွင် စိန်အကဲဖြတ်သည့်အေဂျင်စီမှ ဝန်ထမ်းတစ်ဦးက အဖြေပေးခဲ့သည်။


[၁-၂ ကာရက်ရှိသော စိန် ၂၀၃ လုံး၊ တစ်လုံးလျှင် ပျမ်းမျှစျေးကွက်ပေါက်ဈေး ယွမ် ၄၀,၀၀၀၊ စုစုပေါင်း ယွမ် ၈.၁၂ သန်း၊ ၂-၃ ကာရက်ရှိသော စိန် ၃၁ လုံး၊ တစ်လုံးလျှင် ပျမ်းမျှဈေး ယွမ် ၁၀၀၀၀၀၊ စုစုပေါင်း ယွမ် ၃.၁ သန်း၊ ၃ ကာရက်ကျော်ရှိသော စိန် ၂၂ လုံး၊ တစ်လုံးလျှင် ပျမ်းမျှစျေးကွက်ပေါက်ဈေး ယွမ် ၂၀၀,၀၀၀ စုစုပေါင်း ယွမ် ၄.၄သန်း၊ အပြာရောင်စိန်တစ်လုံးသည် ၈ ကာရက်ခန့်ရှိမည်ဟု ခွဲခြမ်းစိတ်ဖြာကာ လေလံဈေး ယွမ် ၂ သန်းမှ စတင်သည်။ (မှတ်ချက်- အထက်ဖော်ပြပါ စျေးကွက်ပျမ်းမျှစျေးနှုန်းကို အနီးဆုံးတန်ဖိုးဖြင့် တွက်ချက်ထားပါသည်။)]


ရှည်လျားသော ကိန်းဂဏန်းများ မျက်လုံးများရှေ့တွင် ပေါ်လာသည်။ အင်တာနက်သုံးစွဲသူများသည် မူးဝေနေပြီး ခြေလက်များပျော့ခွေလျက် ဂဏန်းပေါင်းစက်ကို ဖွင့်ထားကြသည်။


8.12+ 3.10+ 4.40+ 2.00 = 17.62


ယူနစ်: 10,000 ယွမ်။


 ဒါဆို ချမ်းသာတဲ့သူတွေက ဘယ်လိုဘဝမျိုးမှာနေကြတယ်


F*ck... မိုက်ခရိုဖုန်းက ယွမ် ၁၇ သန်း ကျတယ်...


F*ck...


.


မိုက်ခရိုဖုန်းကိုသုံးရန် ဆုံးဖြတ်လိုက်သည့်အခိုက်တွင် ချီရှင်းချန် ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်စေမည်မှန်း မှန်းဆမိခဲ့သည်။ သူက သူ့ဖုန်းကို နာခံစွာလော့ချထားပြီး လောလောဆယ်တွင် အင်တာနက် မသုံးရန် လိမ္မာပါးနပ်စွာ ရွေးချယ်ခဲ့သည်။


နောက်တစ်နေ့ညသည်ကား Camilla မှဖိတ်ကြားထားသောပွဲအတွက်အချိန်ကျပြီဖြစ်သည်။ချီရှင်းချန်က ဝူချန်ကို သင်တန်းသားတွေကို ဂရုစိုက်ခိုင်းလိုက်ပြီး ပွဲတက်ရန် ခွင့်ယူခဲ့၏။


ယခုလိုအချိန်မျိုးမှာ အမျိုးသားတွေက အလွန်ကြီး သပ်သပ်ရပ်ရပ်ဝတ်စားရန် မလိုအပ်ပါချေ။ သူတို့သည် လေးနက်ပြီး ယဉ်ကျေးသိမ်မွေ့ရန်သာ လိုအပ်သည်။ စတိုင်လစ်ကျန်းကျန်က မီးခိုးရောင် သက္ကလပ်၀တ်စုံကို ရွေးချယ်ခဲ့သည်။ ခါးနေရာမှာအနည်းငယ်တင်းကျပ်ပြီးပေါ့ပေါ့ပါးပါးစတိုင်ဖြစ်သည်။


လည်စည်းမဝတ်ထားဘဲ လက်ပန်းထိုးပိုးအိတ်ကပ်ထားသော လက်ကိုင်ပုဝါကို ရင်ဘတ်ရှေ့တွင် ထည့်ထားသည်။ မပွင့်သေးသော နှင်းဆီတစ်ပွင့်ကို လက်ကိုင်ပုဝါ၏အောက်ခြေထောင့်မှ ထောင့်ဖြတ်ထည့်ထားကာ အိတ်ကပ်ဘေးတွင် နူးညံ့လှပသော အဖူးတစ်ဝက်ကို ဖော်ထားသည်။ သူ၏ သန့်ရှင်းဖြူစင်သော စိတ်ဓာတ်ပေါ်ကို သွေးတစ်စက်သာထည့်ထား၍ တောက်ပထက်မြက်မှု အနည်းငယ် တိုးလာသကဲ့သို့ပါပင်။


ကျန်းကျန်းက သူ့ဆံပင်တွေကို သပ်ရပ်အောင် ပြင်ဆင်ပေးပြီး စုပ်သတ်သည်။ 

"ရှင်းရှင်း...ယူ ကိုယ်အလေးချိန် ထပ်ကျလို့မရတော့ဘူး...ယူရဲ့တင်ပါးက မြင့်မနေရင် suitနဲ့ကြည့်လို့ကောင်းမှာမဟုတ်ဘူး"


"..." 

ချိရှင်းချန် သူမ၏ စကားကြောင့် ရှက်သွားသည်။ ဟိုတယ်မှ ပြေးထွက်လာပြီး မြို့လယ်ခေါင်သို့ သူကိုယ်တိုင် မောင်းသွားခဲ့သည်။


သီးသန့်ခရီးစဉ်ဖြစ်သောကြောင့် အန်းရန် နှင့် လောင်ချင်တို့ကို မခေါ်ခဲ့ပေ။မည်သို့ပင်ဖြစ်စေ မန်နေဂျာဝူလည်း ယနေ့လာမှာဖြစ်၏။ သူပြန်သည့်အခါ မန်နေဂျာဝူအား သူ့ကို ပြန်ပို့ပေးခိုင်း၍ရသည်။


Camille က S City ရှိ ခေါင်မိုးပေါ်ရှိ ဥယျာဉ်တွင် ပွဲကျင်းပရန် ရွေးချယ်ခဲ့သည်။ သူမ ရှုခင်းကြည့် ဓာတ်လှေကားကနေ တက်လိုက်သည်။ Camille နှင့် သူမ၏ခင်ပွန်းတို့က တံခါးဝတွင်ရပ်ကာ ဧည့်သည်များကို နှုတ်ဆက်နေကြသည်။


ချီရှင်းချန် တစ်ယောက်တည်းလာသည်ကိုမြင်သောအခါ Camille သိချင်ပြီးမေးသည်။ 

"ချစ်လေး...မင်းတစ်ယောက်တည်း လာတာလား"


"အမျိုးသမီးအဖော်ခေါ်လာရတာက ကျွန်တော့်အတွက် အဆင်မပြေဘူး...ခင်ဗျားလည်းသိပါတယ်" 

ချီရှင်းချန်က သူမနှင့် အင်္ဂလိပ်လို ပြောဆိုဆက်ဆံခဲ့သည်။


"ဟုတ်တယ်... ငါ မီဒီယာတွေကို ဖိတ်ထားတယ်... အဲဒါက မင်းကို ဒုက္ခမဖြစ်စေဖို့ မျှော်လင့်ပါတယ်" 

Camilleက ခဏရပ်လိုက်သည်။ 

"ဘာလို့ ဝေချင်နဲ့ မလာတာလဲ ...မင်းတို့နှစ်ယောက် အတူတူ ပရိုဂရမ်တစ်ခုတည်းမှာ ရိုက်နေတယ်လို့ငါကြားတယ်"


"ရှိုးကထွက်လာတဲ့အချိန်ချင်းမတူဘူးလေ..." 

ချီရှင်းချန် မဖြေနိုင်။ 

"အရင်သွားလိုက်ဦးမယ်ဗျ"


ပွဲ၏အဓိကဇာတ်ကောင်တစ်ဦးအနေဖြင့်Camilleကသူမ၏ခင်ပွန်းအား ချီရှင်းချန်ကို ခန်းမထဲသို့ ကိုယ်တိုင်ပို့ဆောင်ရန် တောင်းဆိုခဲ့သည်။ သူမ ကုလားကာများကို ဖွင့်လိုက်သည်။ စားပွဲဝိုင်းတွင် အစားအသောက်နှင့် ဝိုင်အရက်များရှိသည်။ ပြတင်းပေါက်ဘက်တွင် ညစာနှင့် အနားယူရန် အရွယ်အစားအမျိုးမျိုးရှိ စားပွဲများရှိသည်။


ခန်းမအလယ်တွင် သုံးထပ်ကျောက်စားပွဲတစ်ခုရှိသည်။ ၎င်းတွင် Après ၏ ထုတ်ကုန်အသစ်များကို အစီအစဥ်ပြသထားခဲ့သည်။ ပင်မထုတ်ကုန်အနေဖြင့် Sirenပုလင်းနက်ပြာရောင်က ထိပ်တွင်ရှိနေ သည်။


ချီရှင်းချန်က နောက်ကျမှ ရောက်လာခဲ့သည်။ ထိုအချိန်တွင် အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်ကျော် တွဲ၍ စကားစမြည်ပြောပြီး သောက်နေကြပြီဖြစ်သည်။


Camilla ၏ခင်ပွန်းက ချောမောသောလူငယ်တစ်ဦးကို ကိုယ်တိုင်လိုက်ပို့နေခြင်းဖြစ်ကြောင်း မြင်လိုက်ရသဖြင့် အာရုံစိုက်မှုအများစုမှာ ချီရှင်းချန်အပေါ်ကျရောက်လာခဲ့သည်။


Camilla ၏ခင်ပွန်းက တရုတ်လူမျိုးဖြစ်သည်။ သူက အသံကိုနှိမ့်၍မိတ်ဆက်ပေးသည်။

"ပြတင်းပေါက်နားမှာ ရပ်နေတဲ့ အဖွဲ့နှစ်ဖွဲ့က မီဒီယာ သတင်းထောက်တွေနဲ့ မဂ္ဂဇင်း အယ်ဒီတာချုပ်ပါ...ညာဘက်က စားပွဲတွေက အင်တာနက်ဆယ်လီတွေ၊ ကိုယ်ထူကိုယ်ထမီဒီယာတွေနဲ့ အနုပညာရှင်တွေ အများစုပါတယ်...ဘယ်ဘက်က လုပ်ငန်းရှင်တွေ၊ သခင်လေးတွေနဲ့ လူမှုရေးသမားတွေ... သြော် မင်းသိတဲ့လူတစ်ယောက်ရှိတယ်၊ဝေချင်... သူလည်းပါတယ်"


ဝေချင်က ရှန်းရွယ်ကျောက်မျက်ရတနာ၏သားဖြစ်သည်။ သူက အနုပညာရှင်များထဲတွင် မဟုတ်ဘဲ လုပ်ငန်းရှင်အဖြစ် အလိုအလျောက် စာရင်းသွင်းခံရသည်။ချီရှင်းချန် ၎င်းကို မအံ့သြပါချေ။


တကယ်တမ်းတွင် ချမ်းသာသည့် လုပ်ငန်းရှင်တွေက အနုပညာရှင်တွေထက် အဆင့်အတန်းမြင့်၏။ ချမ်းသာသော လုပ်ငန်းရှင်များ၏အမြင်တွင် အနုပညာရှင်များသည် ကစားစရာများသာဖြစ်သည်။


ချီရှင်းချန်က သူနားလည်ကြောင်းပြခဲ့သည်။ Camilla ၏ခင်ပွန်းက သူ့တာဝန်ပြီးမြောက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။ချီရှင်းချန် ဖျော်ရည်တစ်ခွက်ကို ကောက်ယူလိုက်ပြီး လူနည်းသော ထောင့်တစ်ခုကို ရှာတွေ့ခဲ့သည်။ မန်နေဂျာဝူတို့လင်မယားကို ရှာရင်း သောက်နေခဲ့၏။


 လင်မယားနှစ်ယောက်က သူ့ထက် နောက်ကျမှ ရောက်လာသည်။


ခဏအကြာတွင် အားလုံးနီးပါး ရောက်လာကြသည်။ Camilla က နောက်ထပ်မစောင့်တော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ သူမက ကြင်နာသော စကားအနည်းငယ်ကို ပထမဆုံးပြောခဲ့သည်။ "တက်ရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်... Après ကို ဆက်ပြီး အားပေးပါဦး" 


ထို့နောက် Siren ၏ ကြော်ငြာနှင့် နောက်ကွယ်မှ ဗီဒီယိုများကို တိုက်ရိုက်ပြသခဲ့ပြီး ချီရှင်းချန်၏ စွမ်းဆောင်မှုကို အလွန်ချီးကျူးခဲ့သည်။


ချီရှင်းချန် သူ၏ ချီးမွမ်းမှုကြောင့် မျက်နှာပူသွားသည်။သး သူမကို ကျေးဇူးတင်စကားဆိုလိုက်၏။ Camillaက သူ့လက်မောင်းကို ဆွဲယူလိုက်ပြီး က ဧည့်သည်တွေကို ပြုံးပြီးနှုတ်ဆက်လိုက်သည်။


အရင်တစ်ခေါက်က မူးပြီးနောက် သူ့အရက်မသောက်နိုင်မှန်း သူ့ကိုယ်သူသိသည်။ တစ်ကြိမ်လျှင် အနည်းငယ်မျှသာ သောက်ခဲ့သည်။ တစ်ပတ်လှည့်ပြီးနောက် အနည်းငယ် မူးဝေလာသော်လည်း ဗိုက်က အဆင်မပြေမဖြစ်ပေ။ သူ့အသိစိတ်ကလည်း ရှင်းလင်းနေဆဲဖြစ်သည်။


မကြာခင်မှာပဲ အင်တာနက်ဆယ်လီတွေက သူ့ကို ဓာတ်ပုံတွဲရိုက်ခိုင်းကြသည်။ချီရှင်းချန်က ငြင်းဆိုခဲ့ပြီး Camilla က သူတို့နောက်ကနေ လိုက်သွားခဲ့၏။



ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။


စကားပြောခြင်းအနုပညာကို မသိသောကြောင့် ပေါင်းသင်းဆက်ဆံရခြင်းကို သူမကြိုက်ပေ။ စကားများများပြောလေ အမှားတွေများလေလေပါပင်။ စကားမပြောသည်က ပိုကောင်း၏။


ကံမကောင်းစွာပဲ၊ သူ၏ငြိမ်းချမ်းရေးသည် ကြာရှည်မခံခဲ့ပေ။ ဝတ်ကောင်းစားလှ အမျိုးသမီးတစ်ယောက်က သူမဖန်ခွက်ကို မြှောက်လိုက်ပြီး သူ့ဆီ လှမ်းလာသည်။ သူမက ပြုံးပြီး ဆိုသည်။

"မင်္ဂလာပါ မစ္စတာချီ... ငါက Fashion Cosmo မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ပါ... မင်းဘာလို့ဘာမှမစားတာလဲ"


Fashion Cosmo သည် တရုတ်နိုင်ငံ၏ ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းငါးခုအနက်မှ တစ်ခုဖြစ်သည်။ မျက်နှာဖုံးသည် စိတ်ကူးပင်မယဉ်နိုင်။ အကယ်၍ လူတစ်ဦးသည် ၎င်း၏ အလယ်ဗဟိုတွင် ရှိနေပါက၊ ထိုသူသည် ပထမတန်းစား ဖက်ရှင်အရင်းအမြစ် ဖြစ်လာမည်ဖြစ်သည်။


ချီရှင်းချန် ယခင်က မဂ္ဂဇင်းများကို မဖတ်ခဲ့ပေ။ Fashion Cosmo ၏ အယ်ဒီတာချုပ်က သူနှင့် စကားပြောရန် အစပြုလာခြင်းအတွက် ဘာကိုဆိုလိုသည်ကို သူမသိပါချေ။


တစ်ဖက်လူက သူ့ထက်အသက်ကြီးသည်ကိုတွေ့သောအခါ သူက အမြန်ပြန်ဖြေလိုက်သည်။

"ကျွန်တော့်ကို ရှောင်ချီလို့ခေါ်လို့ရပါတယ်...ဒီမရောက်ခင်က စားခဲ့တယ်...အဲဒါကြောင့်ဗိုက်မဆာဘူး...စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်ဗျ"


"မင်းရဲ့ပုံစံကို ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ ငါထင်ခဲ့တာ

အယ်ဒီတာချုပ်က သူနှင့် ဖန်ခွက်ချင်းတိုက်လိုက်သည်။ သူမမျက်လုံးထဲရှိ မြတ်နိုးမှုကို ဖုံးကွယ်ထား၍ မရပေ။ 

"မင်းရဲ့မျက်နှာက ရွှေအချိုးနဲ့ ကိုက်ညီတယ်.. မင်းရဲခေါင်းနဲ့ ကိုယ်ခန္ဓာအချိုးက တော်တော်လေး ကောင်းတယ်...မင်းက မျက်နှာပြင်ကြီးကြီးအတွက် အရမ်းသင့်တော်တယ်...မင်းရဲ့လက်ရှိပုံသဏ္ဍာန်ကိုထိန်းသိမ်းပါ...ဝိတ်ချဖို့ မလိုဘူး... ဝိတ်ပိုကျရင် မင်းရဲ့ပုံစံပျက်စီးသွားလိမ့်မယ်"


ချီရှင်းချန် ချီးကျူးမှုကို မည်သို့တုံ့ပြန်ရမည်ကို မသိပေ။ သူက ကျေးဇူးတင်စွာ ပြုံးလိုက်သည်။ ထိုအချိန်တွင် အခြားသော မဂ္ဂဇင်း၏ အယ်ဒီတာချုပ်၊ အနုပညာရှင်များနှင့် မီဒီယာသမားများလည်း ရောက်ရှိလာသည်။


သူတို့က ချမ်းသာသော လုပ်ငန်းရှင်များနှင့် နယ်ပယ်တစ်ခုတည်းမဟုတ်ပေ။ကိုယ့်နယ်ပယ်ထဲကလူနှင့် ပေါင်းသင်းဆက်ဆံသည်က ပိုမိုအသုံးဝင်သည်။


ဤသည်မှာ Camille ၏နေရာဖြစ်သည်။Camille ၏စီးပွားဖြစ်အကျိုးနှင့် ချီရှင်းချန်တို့၏ အံ့မခန်းသော ရုပ်သွင်အတွက် လူတိုင်းက သူ့ကို ချီးကျူးခြင်းမပြုဘဲမနေနိုင်ပေ။


"ရှောင်ချီရဲ့အကြိုက်က ကောင်းတယ်...ဒီနေ့ရဲ့ ဝတ်စားဆင်ယင်မှုက ရက်ရောပြီး ထူးခြားတယ်... အထူးသဖြင့် လက်ကိုင်ပုဝါကိုမွမ်းမံထားတာက အရမ်းလှတယ်"


"ငါ ရှောင်ချီတိတိ နဲ့ ဘယ်အချိန်မှာ စပူးပေါင်းရမယ်မသိဘူး... မင်းရဲ့ကျဲကျဲနဲ့ ကစားချင်တယ် ဟီးဟီး"



"ငါ ရှောင်ချီနဲ့ငါက အများကြီး ရင်းနှီးမှု ရှိတာကို တွေ့ခဲ့တယ်... အရင်တစ်ခေါက်က 'သမုဒ္ဒရာနှလုံးသား' အတွက် အဖွဲ့ လိုက်အင်တာဗျူးကို သွားခဲ့တယ်... အဲဒီ ကြက်တူရွေးတွေ ... ဟားဟားငါ ရယ်ရလို့သေတော့မယ်"


ချီရှင်းချန်ု သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"တာ့ကော အဲဒီအကြောင်းကို မပြောပါနဲ့...ရှက်စရာကောင်းလွန်းတယ်"


"ဟားဟားဟားဟား...အိုကေ မပြောတော့ပါဘူး" သတင်းထောက်က ရယ်နေသည်ကို ရပ်လိုက်ပြီး နောက်ထပ် သတင်းတွေ ထပ်ရှာရန်လည်း မမေ့ပေ။

"ဒါဆို ငါ့ကိုပြောပါ မင်းရဲ့မိုက်ကရိုဖုန်းက ဘာဖြစ်နေတာလဲ"


ချီရှင်းချန် သူ့မျက်လုံးများကို မှိတ်ထားပြီး မည်သို့တုံ့ပြန်ရမည်ကို အမြန်စဉ်းစားလိုက်သည်။


သူ့မိသားစုဆီက လက်ဆောင်ထက် ပိုကောင်းသည့် အဖြေကို ရှာမတွေ့နိုင်ပုံရ၏။


သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ ရုတ်တရက်ပင် ဝေချင်၏အသံက နောက်မှထွက်လာသည်။ 


"ခင်ဗျားတို့ဘာတွေပြောနေကြတာလဲ...အရမ်းပျော်နေပုံပဲ... စင်နားကနေ ခင်ဗျားရဲ့ရယ်သံကို ကြားနေရတယ်"


ဝေချင်က မီဒီယာမှာနာမည်ကြီးဖြစ်ရာ ထုံးစံအတိုင်း သူ့ကို မီဒီယာတွေက ကြိုဆိုကြသည်။ လူတိုင်းက သူ့အတွက် လမ်းဖွင့်ပေးကြပြီး အလွယ်တကူ ရောထွေးသွားကြသည်။


သူ့ပါဝင်မှုနှင့်အတူ မီဒီယာများသည် မျက်စိတစ်မှိတ်အတွင်း မိုက်ခရိုဖုန်းကို မေ့သွားကြသည်။ချီရှင်းချန်က ကျည်ဆန်ကို ရှောင်လိုက်သည်။


လူအများ စုဝိုင်းကာ မိနစ်အနည်းငယ်ကြာ စကားပြောကြသည်။ချီရှင်းချန် ရင်းနှီးနေသောမေးခွန်းတစ်ခုကို မလွှဲမရှောင်သာ ကြားလိုက်ရသည်။ 

"စကားမစပ်ရှောင်ချီ...မင်းနဲ့ဝေချင်က 'My Time' ရိုက်နေတာမဟုတ်ဘူးလား...မင်းတို့ဘာလို့ အတူတူမလာတာလဲ...ခုနက မင်းတို့တွေ သီးသန့်ရှိနေကြတာကို ငါမြင်တယ်"


ချီရှင်းချန် ခဏရပ်လိုက်သည်။ မေးခွန်းမေးသော အမျိုးသမီး၏ အမည်ကို မသိသော်လည်း သူမသည် ဖျော်ဖြေရေး သတင်းထောက် သို့မဟုတ် ကိုယ်ထူကိုယ်ထမီဒီယာသမား တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။


ထိုမေးခွန်းက ဝေချင်နှင့် ဆက်ဆံရေးမကောင်းကြောင်း ညွှန်ပြနေသည်။


Camille၏ဧည့်ခံပွဲကိုကျင်းပရခြင်းအကြောင်းအရင်းမှာ အဓိကအားဖြင့်နာမည်ကြီးရန်ဖြစ်သည်။ဤသည်က လျှို့ဝှက်ကိစ္စမဟုတ်ပါချေ။ သတင်းတွေ များလေလေ ပိုကောင်းလေပါပင်။


ထို့ကြောင့် ပွဲအပြီးတွင် ဖြစ်ပျက်ခဲ့သမျှကို လူမှုကွန်ရက်ပေါ်တွင် တင်နိုင်သည်။ လျှို့ဝှက်ထားစရာ မလိုပါချေ။


ချီရှင်းချန် သူ သေသေချာချာ ဖြေရမည်ဆိုသည်ကို သိ၏။ စက္ကန့်အနည်းငယ်ကြာအောင် သူတွေးနေလိုက်သည်-


ဝေချင်က သူ့ထက်အရင်ပြောလိုက်၏။

"ကျွန်တော်က ကျောက်မျက်ရတနာကုမ္ပဏီကိုယ်စား ပွဲတက်ဖို့ ဒီကိုရောက်နေတာ...ကျွန်တော် မလာခင် ကျန်းမိသားစုရဲ့ ဒုတိယသခင်လေး ကျွန်တော့်ကိုဖိတ်တယ်...အဲဒါနဲ့ ရှင်းရှင်းကို မစောင့်ခဲ့ရဘူး...ကျွန်တော်ရောက်ပြီးနောက်မှာကျ ကျန်းမိသားစုရဲ့ ဒုတိယသခင်လေးက ကျွန်တော်နဲ့ ဆက်တိုက်ကိုစကားလာပြောနေတာရယ် ... ခုမှပဲ ရှင်းရှင်းကို ရှာဖို့ အချိန်ရတယ်...ဟင်း..."


အဆုံးတွင် ဝေချင် ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်သည်။သို့ရာတွင် လူတိုင်း နှလုံးသားထဲမှာ နားလည်ကြ၏။


သူပြောချင်သည်က ဝေချင်က သခင်လေး တစ်ဦးအနေဖြင့် ပွဲကိုလာပြီး ချီရှင်းချန်က အနုပညာရှင်တစ်ဦးအနေဖြင့် ပွဲကိုရောက်နေခြင်းဖြစ်သည်ဟူ၍ဖြစ်၏။ ၎င်းတို့သည် မတူညီသော အဆင့်အတန်များ နှင့် မတူညီသော လူမှုအသိုင်းအဝိုင်းများ ရှိကြသည်။


သေချာသည်ပင်၊ သူတို့က တူညီသည့်ဘောင်ထဲမှာ မဖြစ်နိုင်ပါချေ။


ဤစာပိုဒ်၏ အဓိပ္ပါယ်မှာ အလွန်ထင်ရှားလေသည်။မီဒီယာများက သူတို့ဝင်လာကတည်းက အသံဖမ်းဘောပင်ကို ချက်ခြင်းဖွင့်ထားကြသည်။ အိမ်ပြန်ရောက်သောအခါ မူကြမ်းတစ်ခုကို စုစည်းလိုက်ကြမည်ဖြစ်သည်။ မိုက်ခရိုဖုန်း၏ လူကြိုက်များမှုနှင့်ဝေချင်၏ ကျော်ကြားမှုကို သူတို့ အခွင့်ကောင်းယူလိုကြသည်။


ဝူလင်မယားနှစ်ယောက် နောက်ကျမှရောက်သည်ကို ဘယ်သူမှ သတိမထားမိကြချေ။သူတို့က လက်ဆောင်ကို လက်ထဲတွင်ကိုင်ကာ ခန်းမဆီသို့ အမြန်ရောက်လာသည်။


မန်နေဂျာဝူက သူ့ဇနီးကို အဓိက လိုက်အဖော်ပြပေးခြင်းဖြစ်သည်။သူ့ဇနီး

က Camilleကို သွားရှာနေသည်ကို မြင်သောအခါ သူ့အသွင်အပြင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်၏။ထိုအချိန်မှာ အသိမိတ်ဆွေတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။


ဟေ...ဒါက သူတို့ရဲ့ ဥက္ကဌရှောင်ချီမဟုတ်ဘူးလား...