Chapter 86
ဟေ...ဒါက သူတို့ရဲ့ ဥက္ကဌရှောင်ချီမဟုတ်ဘူးလား...
ဟေ...အဲဒါ ကျောက်မျက်ကုမ္ပဏီရဲ့ သခင်လေးဝေချင် မဟုတ်ဘူးလား...
သူတို့အားလုံး ဘာလို့ဒီမှာရှိနေတာလဲ...
မန်နေဂျာဝူ အမြန်လျှောက်သွားလိုက်သည်။ဝေချင်က သူ့ကို အရင်မြင်ပြီး ပြုံးပြုံးလေး နှုတ်ဆက်ကာဆိုသည်။
"ဦးလေးဝူ အန်တီနဲ့ အတူတူလာတာလား...ခင်ဗျား ဒီနေ့ ဝတ်ထားတာ သပ်ရပ်လွန်းတယ်ဗျာ... အဖေ့ရဲ့လက်ထောက်ဆီကနေ ချိန်းဆိုထားတဲ့ အီးမေးလ်ကိုရသလားမသိဘူး"
ဝေချင်၏ လေသံက အလွန်ယဉ်ကျေးနေ သည်။ မီဒီယာများသည် မန်နေဂျာသူကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ ဤလူ မည်သူဖြစ်သည်ကို ဖော်ထုတ်ရန် ကြိုးစားြကသည်။
မန်နေဂျာဝူကဆို၏။
"အိုး... ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်... ဒီနေ့ ငါ့အီးမေးလ်ကို စစ်ဆေးဖို့ အချိန်မရှိဘူး... အပြန်မှစစ်လိုက်မယ်..."
၎င်းကိုပြောပြီး သူက ဝေချင်ကို ခေါင်းညိတ်ပြပြီး ချီရှင်းချန် ဘက်လှည့်လိုက်၏။
"ဥက္ကဌရှောင်ချီ... ဧည့်ခံပွဲလာမှာကို ကျွန်တော့်ကို ဘာလို့ မပြောတာလဲ"
ဝေချင် အံ့သြသွားသည်။
"... ဥက္ကဌရှောင်ချီ..."
"ဟုတ်တယ်လေ မသိဘူးလား... မင်းတို့ပူးပေါင်းချင်နေတဲ့ စိန်တွင်းက ဥက္ကဌရှောင်ချီရဲ့အမည်အောက်မှာရှိတာလေ"
မိုးကြိုးအပစ်ခံရသကဲ့သို့ ဝေချင် ချက်ချင်းပင် အေးခဲသွားသည်။
မီဒီယာ: F * ck! ထမင်းစားနေရင်း သတင်းတစ်ခုကြားလိုက်ရတယ်... အရမ်းကောင်းတယ်...
သုံးမိနစ်အကြာမှာ Sina News:
[၁၇ သန်းမိုက်ခရိုဖုန်း၏ နောက်ကွယ်မှ ဇာတ်လမ်း:ချီရှင်းချန်က တကယ်တော့ တောင်အာဖရိကက စိန်တွင်းတစ်ခုရဲ့ ပိုင်ရှင်ပဲ... သူကအရမ်းချမ်းသာတယ်]
.........
ချီကော်ပိုရေးရှင်းနှင့် ချိန်းဆိုမှု၏ အတွင်းပိုင်း ဇာတ်လမ်းကို မီဒီယာများက မသိသောကြောင့် ဖုန်းကိုနှိပ်ကာ သတင်းကို ပျော်ရွှင်စွာ တင်ခဲ့ကြသည်။
ဝေချင်၏ မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းနက်နေသည်။ သူက ယဉ်ကျေးသိမ်မွေ့သော အပြုအမူကို ထိန်းကာ ဒုတိယသခင်လေးကျန်းထံ ပြန်သွားရန် အကြောင်းပြချက်ဖြင့် ထွက်ခွာသွားခဲ့သည်။
ချီရှင်းချန် သူမီဒီယာများ၏ ဗုံးကြဲတိုက်ခိုက်မှု မုန်တိုင်းနှင့် ရင်ဆိုင်ရမည်မှန်း ခန့်မှန်းနိုင်သည်။ မည်သူမျှ ဂရုမစိုက်ချိန်မှာ Camilleဆိသို့ ထွက်ပြေးကာ Camilleကို ဒိုင်းကာအဖြစ် အသုံးပြုခဲ့သည်။
ကောင်းသည့််အရာက မီဒီယာက သူ့ကို မနှောင့်ယှက်နိုင်တော့ပေ။ ဆိုးသည်က Camilleက သူ့ကို သူမနှင့် ထပ်သောက်ရန် တောင်းဆိုခဲ့သည်။
ခဏအကြာတွင် ချီရှင်းချန် အနည်းငယ် ရီဝေဝေ နိုင်လာသည်။
ရေချိုးခန်းထဲသွားမည့်အကြောင့် Camilleကို အမူအရာပြလိုက်သည်။Camilleက ခေါင်းညိတ်သဘောတူသည်။ သူ ရေချိုးခန်းထဲ လျှောက်သွားရင်း သူ့နောက်ကနေ တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။
အိမ်သာအဖုံးပေါ်ထိုင်ပြီး အချိန်ကိုစစ်ဆေးရန် ဖုန်းကိုထုတ်လိုက်ကာ ဦးနှောက်ကို နှိုးဆွရန်အတွက် နားထင်နှစ်ဖက်ကို နှိပ်နယ်ပေးလိုက်သည်။
လွတ်သွားသော ဖုန်းခေါ်ဆိုမှု ၁၂ ခုရှိကြောင်း သူမြင်လိုက်ရသည်။
၎င်းတို့ထဲမှ နှစ်ခုသည် အန်းရန်ဆီမှဖြစ်သည်။
ကျန် ၁၀ခုမှာ ပိုင်ရဲ့ဆီမှဖြစ်သည်။
...ဘာလို့ သူ့ကိုရှာနေတာလဲ...
သူ့ခံစားချက်တွေကို ရှာဖွေဖော်ထုတ်ပြီးနောက်၊ ချီရှင်းချန် ပြီးခဲ့သည့် ရက်အနည်းငယ်ကတည်းက ပိုင်ရဲ့နှင့်ဝေးဝေးမှာနေရန် အခွင့်အလမ်းတွေကို ရှာဖွေခဲ့သည်။ ပထမဦးစွာ၊ သူ ပိုင်ရဲ့အပေါ်ရှိ သူ၏ခံစားချက်များ စစ်မှန်သလား သို့မဟုတ် ရေရှည်အနီးကပ်ဆက်ဆံမှုမှ ဖြစ်ပေါ်လာသော အားကိုးမှု အတုအယောင်ဖြစ်ကြောင်းလား အတည်ပြုလိုခဲ့သည်။
ဒုတိယအနေဖြင့် ပိုင်ရဲ့က 2D ဇာတ်ကောင် အမျိုးသားဇာတ်လိုက်ဖြစ်၏။2D ဇာတ်ကောင် အမျိုးသားဇာတ်လိုက်ကို သူမည်သို့ချစ်မိသွားရသနည်း။
ချီရှင်းချန် "10 missed calls" ဆိုသည့် စကားလုံးကို ကြည့်ပြီး သူ့မျက်လုံးတွေက မျက်ရည်တွေ ပိုပိုလျှံလာသည်။
"ဒွီ — ဒွိီ —" ရုတ်တရက် သူ့လက်ထဲက ဖုန်းက တုန်ခါသွားသည်။
ပိုင်ရဲ့က ၁၁ ကြိမ်မြောက် ခေါ်လာခြင်းပငိ။
ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။ဤလူကို သူဘာလုပ်ရမှန်းမသိပေ။ သူ မသိစိတ်ကနေ ဖြေဆ်ုသည်ခလုတ်ကို နှိပ်လိုက်သည်။
သူကြိုက်သည့် ယောက်ျား၏အသံက မိုက်ကရိုဖုန်းဆီကနေ ထွက်လာသည်။
"ပွဲပြီးပြီလား"
"မပြီးသေးဘူး...ဘယ်လိုလုပ်သိတာလဲ"
"အန်းရန် ငါ့ကိုပြောတာ"
ပိုင်ရဲ့က ခဏရပ်လိုက်သည်။
"သောက်ထားတာလား"
"နည်းနည်းလေးပါ... သိပ်မများဘူး"
"ဟမ် အိုကေ...မမူးအောင် ကြိုးစားပြီး ဟိုတယ်ကို အမြန်ဆုံးပြန်သွားပါ"
"သိပါပြီ.. ဒါဆို ဖုန်းချတော့မယ်"
"အမ်း"
ခိုင်လုံသောအဖြေကိုရပြီးနောက်၊ ချီရှင်းချန်က ဖုန်းချလိုက်သည်။အရက်နံ့ အနည်းငယ်က ပျောက်ကွယ်သွားသော်လည်း သူ့စိတ်ထဲတွင် ပို၍ပင် ရှုပ်ယှက်ခတ်နေသည်။
သူ ရုတ်တရက် ငြီးငွေ့လာသည်။ သူထပြီး ရေချိုးခန်းထဲကထွက်ကာ Camilleကို ပြန်ခွင့်ပြုရန်ပြောလိုက်သည်။
Camillaက သူ့ကို ဆက်နေခိုင်းရန် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါချေ။ သူ့ကို လိုက်ပို့ချင်ပေမဲ့လည်း သူကငြင်းခဲ့သည်။သူ ဓာတ်လှေကားထဲသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ ဓာတ်လှေကားတံခါးမပိတ်ခင်မှာ လူတစ်ယောက်က တိုးဝင်လာ၏။
ဧည့်ခံပွဲ၌ ဆုံခဲ့သည့် ချမ်းသာသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ချီရှင်းချန်က သူ့ကို လျစ်လျူရှုလိုက်သည်။
ပွဲနေရာအပြင်ဘက်မှာ ပိုင်ရဲ့က ဒရိုင်ဘာထိုင်ခုံမှာထိုင်ရင်း စတီယာရင်ပေါ်ကို တံတောင်ဆစ်တင်ကာ ဝင်ပေါက်ကို တိတ်တိတ်လေး ကြည့်နေသည်။
လွန်ခဲ့သည့်ညအနည်းငယ်က သူနို့သွားတိုက်သောအခါ ဖန်ငယ်လေးသည် အခန်းထဲတွင် မရှိခဲ့ပါချေ။ယနေ့ အန်းရန်းဆီကနေ ဖန်ငယ်လေးက ပွဲတက်နေသည်ကို သိလိုက်ရသဖြင့် သူကိုယ်တိုင် မောင်းလာခဲ့ခြင်းဖြစ်၏။
သူ့အမာခံဖန်လေး မူးနေသည်ကို နှစ်ကြိမ်ပင်တွေ့ဖူးသဖြင့် သူ မနေနိုင်တော့ပေ။
ထိုအပြင် ဖန်ငယ်လေးက အခုတလော စိတ်ကောင်းဝင်မနေပေ။သူ့ဘဝဟာ ထိုအပေါ်မှာ မူတည်နေသလိုမျိုး တချိန်လုံးလေ့ကျင့်နေသည်။ ဤအခြေအနေမှာ မူးရန်အလွယ်ဆုံးဖြစ်သည်။ မီဒီယာက သူ့ကို အရက်မူးနေကြောင်းသိသွားပါက နောက်ဆက်တွဲဆိုးကျိုးတွေက မှန်းဆ၍ မရပေ။
ပျင်းရိမှုကို သက်သာစေရန်ဘသူ စတီယာရင်ကို ထပ်ခါထပ်ခါခေါက်လိုက်သည်။ သိပ်မကြာခင်မှာပဲ တံခါးဝမှာ ရင်းနှီးနေသည့်ပုံရိပ်တစ်ခု ပေါ်လာ၏။
ဖုန်းခေါ်ရန် ဖုန်းကို ထုတ်လိုက်ချိန်မှာ ဖန်ငယ်လေး၏နောက်မှာ အနီးကပ်လိုက်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်...
ဖန်ငယ်လေး၏ ခြေလှမ်းများက ပျာယာခတ်နေသည်။ထိုသူ့ကို ရှောင်နေပုံရ၏။
ချီရှင်းချန် သူ့နောက်ကလူကို ရှောင်နေခဲ့သည်။ ဓာတ်လှေကား ဆင်းလာသည်နှင့်အမျှ ထိုလူက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဆက်တိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ တကယ်ကို ရွံစရာကြီးပင်။
ဓာတ်လှေကားထဲက ဆင်းပြီးသည်နှင့် သူ့ကို တိုက်ခိုက်ရန် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးဆိုသည်ကို ထိုလူက သိသွား၏။ထိုလူက သူ့ကို ပွေ့ဖက်ရန် သူ့လက်များကို ဆန့်တန်းလိုက်သည်။ ကံကောင်းထောက်မစွာ သူက သွက်လက်သည်။ သူ့ခန္ဓာကိုယ်ကို လိမ်ပြီး ရှောင်ပြေးလာခဲ့သည်။
ကံမကောင်းစွာပဲ၊ သူက အသိစိတ်အပြည့်အဝရှိမနေဘဲ သူ့ခြေထောက်တွေက အနည်းငယ် အားနည်းနေသည်။ထိုလူက လုံးဝမူးမနေပေ။ထို့ကြောင့် အတော်လေး မြန်မြန်ပြေးနိုင်၏။
သူ့ကိုလိုက်မှီရန် ခြေလှမ်းအနည်းငယ်သာ ဝေးတော့သည်။
ချီရှင်းချန် အရှိန်ထပ်တင်လိုက်ပြီး သူ့ကားရပ်သည့်နေရာသို့ ပြေးသွားခဲ့သည်။ ထိုလူက ပို၍ နီးကပ်လာသည်...
သူ့လက်က ရှပ်အင်္ကျီ၏လက်ကို ဖမ်းကိုင်ခါနီး တစ်စက္ကန့်အလိုမှာ ချီရှင်းချန် သူ့အမြင်အာရုံ မည်းမှောင်သွားသလို ခံစားလိုက်ရသည်။၎င်းနောက်မှာ "ဒုန်း" ခနဲအသံထွက်လာ၏၊
ထိုလူက မြေပြင်ပေါ်သို့ လဲကျသွားပြီး အဆက်မပြတ် အော်နေလေသည်။
အရာအားလုံးက မြန်လွန်း၏။ချီရှင်းချန် ဘာဖြစ်သွားလဲ မသိခဲ့ပေ။သူ ကြောင်တက်တက်ဖြင့် မော့ကြည့်လိုက်သည်။
ပိုင်ရဲ့က ထိုလူကို ကန်ထုတ်လိုက်ပြီး မလုံလောက်ဟု ခံစားလိုက်ရလေသည်။ သူက နောက်ထပ် ကန်ချက်တစ်ခု ထပ်ထည့်လိုက်ပြီး ချီရှင်းချန်၏ ခေါင်းကို သူ့အကျီနှင့် ခြုံလိုက်သည်။
သူက တိုးတိုးလေး ပြောလိုက်၏။
"မကြောက်နဲ့နော်... အခု လုံခြုံသွားပြီ... ငါနဲ့ လိုက်ခဲ့"
ချီရှင်းချန်၏ ခေါင်းက အဝတ်နှင့် အဖုံးခံထားရသဖြင့် သူ ဘာမှ မမြင်ရပါချေ။ သူ့နောက်ကျောကို ဖိကပ်ထားသည့် လက်တစ်ဖက်က နှစ်သိမ့်လိုစွာ နှစ်ချက်ပုတ်ပေးပြီးနောက် တစ်နေရာရာသို့ တွန်းပိုနေ့သည်ကိုသာသည်။
သူ့ရှေ့တွင် မည်းမှောင်နေသဖြင့် သူ့ဘေးနားရှိလူ၏အင်္ကျီလက်ကို မသိစိတ်က လှမ်းဆွဲလိုက်မိသည်။ပိုင်ရဲ့က သူလန့်နေတုန်းဟု ထင်ပြီး လက်ကောက်ဝတ်ကို လက်ပြန်လှမ်းဆွဲလိုက်သည်။
ကောင်ငယ်လေး၏ လက်ကောက်ဝတ်သည် ပါးလျပြီး အားနည်းသောကြောင့် အလွယ်တကူ ဆုပ်ကိုင်နိုင်ခဲ့သည်။ ဤမျှလောက်ပိန်သော ခန္ဓာကိုယ်တွင် မည်သို့ဖြစ်၍ အားအင်ဤမျှရှိနေသည်ကို သူမသိပါချေ။
ကားက မနီးမဝေးမှာ ရပ်ထားသဖြင့် ပိုင်ရဲ့ ခရီးသည်ထိုင်ခုံတံခါးကိုဖွင့်ပြီး ကောင်ငယ်လေးကို တွန်းထည့်လိုက်သည်။ ကားမောင်းသူ ထိုင်ခုံသို့ ပြန်ရောက်သောအခါ ဖနိငယ်လေးက သူ့ခေါင်းပေါ်က အင်္ကျီကို ဖယ်ပြီးနေပြီဖြစ်ကာ သူ့ကို အလန့်တကြားမေးလာသည်။
" ဒီကို ဘယ်တုန်းက ရောက်တာလဲ...ပါပါရာဇီတွေ ရှိလား"
" ခုနမှ ရောက်တာဆိုတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်မိဘူး"
"သွားပြီ...ကျွန်တော်လည်း ဂရုမစိုက်မိလိုက်ဘူး"
ချီရှင်းချန်က ခေါင်းကို ပြင်းပြင်းထန်ထန် ကုတ်လိုက်သည်။
"ပါပါရာဇီက ကောတစ်ယောက်ယောက်ကို ရိုက်နေတဲ့ပုံရိုက်မိသွားရင် ဘယ်လိုလုပ်မလဲ...ဟင်း ကျွန်တော့် အပြစ်တွေပါ"
ပိုင်ရဲ့က ရှုပ်ပွနေသည့် ဆံပင်တွေကို ကြည့်ပြီး အံ့အားသင့်နေ၏။
ယခုလိုအခြေအနေမျိုးကြုံရသည့်အခါ သာမာန်လူတစ်ယောက်၏ ပထမဆုံးတုံ့ပြန်မှုက ကြောက်လန့်တကြား ငိုရမှာဖြစ်ပေမဲ့ ဖန်ငယ်လေး၏ ပထမဆုံးတုံ့ပြန်မှုက သူ၏ဂုဏ်သိက္ခာကို ထိခိုက်သွားမှာကို စိုးရိမ်သည်ပဲဖြစ်လေသည်။
အစတုန်းက ဖန်ငယ်လေးကို သင်ခန်းစာတစ်ခု ပေးရန် စီစဉ်ခဲ့ပေမဲ့ ယခုချိန်မှာ သူ့စိတ်တွေ ပျော့ပျောင်းလာသည်။လောလောဆယ်မှာ သူ့ပါးစပ်ကို မဖွင့်နိုင်တော့မှာကို စိုးမိသည်။
ဆက်နေရန်နေရာကောင်းမဟုတ်သောကြောင့် ပိူင်ရဲ့ သူ့ကိုယ်သုထိုင်ခုံခါးပတ် ပတ်ကာ ချီရှင်းချန်ကိုလည်း ကူပတ်ပေးခဲ့သည်။ ခါးပတ်ကို ချိတ်ပေးလိုက်စဥ်တွင် ကောင်ငယ်လေး၏ကိုယ်ထက်က ရှန်ပိန်ရနံ့က နှာသီးဝမှာကျီစယ်လာသဖြင့် ရေငတ်ပြေစေရန် အနောက်ခန်းမှ ရေတစ်ပုလင်းကို ဆွဲထုတ်လိုက်ရသည်။
ချီရှင်းချန် ပုလင်းဝိုင်းကို မြင်ပြီး နို့ဟုပဲ ထင်ခဲ့၏။ ရေဖြစ်နေသည်ကို သူတွေ့သောအခါတွင် သူ၏မျှော်လင့်ချက် လုံးဝကွဲအက်သွားသည်။ သူက ပုလင်းကို လက်ချောင်းများဖြင့် ညှစ်ထားလိုက်လေသည်။
"ခဏလောက် အနားယူလိုက်ဦး"
ပိုင်ရဲ့က သူ့ဂျာကင်ကို ပြန်ဝတ်လိုက်သည်။ "ငါတို့ဟိုတယ်ရောက်ရင် မင်းကိုနှိူးလိုက်မယ်"
ချီရှင်းချန် မျက်လုံးမှိတ်ထားသော်လည်း အိပ်ချင်စိတ်လုံးဝမရှိပါချေ။
ယနေ့ ပိုင်ရဲ့က သူ့ကို ကယ်တင်ရန် လာခဲ့သဖြင့် သူ အလွန်ကျေးဇူးတင်မိပေမဲ့ စိတ်မကောင်းလည်း ဖြစ်ရ၏။
သူ ပိုင်ရဲ့ထံမှ နို့မရသည်မှာ ရက်အတော်ကြာနေပြီဖြစ်ပြီး ၎င်းသည် သူက ပိုင်ရဲ့အတွက် ထူးခြားသည်ဟု သူ့ကို ခံစားစေသည့် တစ်ခုတည်းသော အရာဖြစ်သည်။
ခုတော့ ပိုင်ရဲ့က သူ့ကို နို့မပေးတော့ဘူး... သူ့ကို မုန်းသွားပြီလား ...
ဒါမှမဟုတ် ဝေချင်က သူ့နေရာကိုဝင်ယူလိုက်တာလား...
သူ့ခံစားချက်တွေက အောက်ခြေလွတ်နေသည့် ရေပိုက်ကြီးလိုပါပင်၊ သူ ထိုအကြောင်းကို ပိုတွေးလေ၊ ပိုခံစားရလေပါပင်။ပျောက်ကွယ်လုနီးပါး မူးယစ်ရီဝေမှုက ပြန်ရောက်ရှိလာပြီး ယင်းက ရှန်ပိန်ကြောင့်လား သို့မဟုတ် သူမူးနေဆဲဖြစ်သည်ကြောင့်လား မပြောတတ်ပါလေ။
မည်သို့ပင်ဆိုစေကာမူ သူယခု လွန်စွာ မတရားခံနေရသလို ခံစားနေရသည်။ သူ့အခန်းဆီပြန်ရောက်ပြီးနောက် သူ့၏မကျေနပ်မှုကအထွတ်အထိပ်ကို ရောက်သွားသည်။
သူ့ကိုယ်သူ ကောင်းကောင်းမထိန်းနိုင်မှာစိုး၍ ပိုင်ရဲ့က သူ့ကို အခန်းထဲကို လိုက်ပို့ပေးပြီး မထွက်ခင် အိပ်ရာပေါ်ထိတင်ပေးသည်။ပိုင်ရဲ့က ဗီရိုကို မေးငေါ့ပြီးမေး၏။
"ငါမြင်လို့မရတဲ့ဟာရှိလား"
ချီရှင်းချန်: "မရှိဘူး"
ပိုင်ရဲ့က ယုံကြည်ချက်ရှိရှိဖြင့် ဗီရိုကိုဖွင့်လိုက်ရာ ကြမ်းပြင်ပေါ်သို့ အပုံလိုက်ကျလာသည့် အတွင်းခံတစ်ဒါဇင်ကျော်ကိုတွေ့လိုက်ရသည်။
"..."
ပိုင်ရဲ့ သူ့အကြည့်ကိုရွှေ့လိုက်ပြီး သန့်ရှင်းသောညဝတ်အင်္ကျီတစ်စုံရှာကာ သူ့ကိုကမ်းပေးလိုက်သည်။
"ရေသွားချိုးချေ"
ချီရှင်းချန်က တိတ်ဆိတ်နေခဲ့သည်။
"ငါမင်းနဲ့လိုက်ခဲ့လို့အဆင်ပြေလား"
ချီရှင်းချန်:"ကိုယ့်ဘာသာကိုယ်ရတယ်"
ထို့နောက် သူက လှည့်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ အရက်မူးနေစဥ် ရေချိုးသည်က အန္တရာယ်အရှိဆုံးဖြစ်သည်။ပိုင်ရဲ့က သူ ရေမွန်းမှာစိုး၍ ရေချိုးခန်းတံခါးမှာ စောင့်နေလိုက်သည်။
ငါးစက္ကန့်မပြည့်မီတွင် ရေကျသံကို ကြားလိုက့ရသည်။
ပိုင်ရဲ့: "အဝတ်အစားမချွတ်ဘူးလား"
ထိုမှသာ ဝတ်ကောင်းစားလှဝတ်ထားသော ချီရှင်းချန်က နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။ သူက ရေကိုပိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှာကပ်နေသည့် ဝတ်စုံကို ချွတ်ကာ ရေချိုးဂျယ်ကို နှံ့အောင်တိုက်လိုက်သည်။
အမြှုပ်များကို ဆေးကြောပြီး ခန္ဓာကိုယ်ကို အခြောက်ခံပြီးနောက် သူသည် သူ၏ လုံးလုံးလျားလျားစိုစွတ်နေသောအတွင်းခံကိုကြည့်လိုက်သည်။၎င်းနောက် ပိုင်ရဲ့သူ့ကိုပေးသော ညဝတ်ဝတ်စုံကိုလှန်လှောကြည့်လိုက်သည်။
ဘာမှ မရှိပါချေ။
ပိုင်ရဲ့ အပြင်မှာရှိနေတုန်းပင်။သူ ညဝတ်ဝတ်စုံဝတ်ပြီး အပြင်မထွက်နိုင်ပေ။ သူ့ကိုမြင်သွားလျှင် သူနှာပူးဖြစ်သွားလိမ့်မည်မဟုတ်ပါလော။
သူက တံခါးကို မှီပြီး ကိုးရိုးကားယားပြောလိုက်၏။
"ဟိုဟာ..."
သူ ပြောမထွက်ပေ။
ပိုင်ရဲ့က သူ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
" အတွင်းခံလဲချင်လို့လား"
"…ဟုတ်တယ်"
သိပ်မကြာခင်မှာပဲ တံခါးက အနည်းငယ်တွန်းဖွင့်ခံလိုက်ရသည်။ မိုက်ခရိုဖုန်းကိုကိုင်၊ တယောတီး၊သို့မဟုတ် ပရိသတ်တွေအတွက် လက်မှတ်ထိုးပေးသည့် လက်က သူ့အတွင်းခံဘောင်းဘီကို ကိုင်ထားလေသည်။
ချီရှင်းချန် သူ့အပြုအမူကနတ်ဘုရားကိုစော်ကားနေသလို ခံစားရသည်။ သူ့ခေါင်းထဲသို့ သွေးများ စီးဝင်လာသည်။ ဓာတ်လိုက်ခံရသလိုမျိုး အတွင်းခံဘောင်းဘီကို ယူကာ အမြန်ဝတ်လိုက်သည်။သူအလွန်ကို အလျင်လိုနေသည်။သုံးလေးငါးကြိမ်လောက်ဆွဲတင်အပြီးမှာ ရော်ဘာကြိုးက သူ့တင်ပါးပေါ် ခုန်တက်သွားပြီး နာကျင်မှုကြောင့် အာ့ခနဲအော်မိစေသည်။
ထွက်လာသောအခါ သူ့စိတ်တွေ ပို၍ပင်ရှုပ်ထွေးလာသည်။
ပိုင်ရဲ့က သူ့အတွက် အိမ်ယာပြင်ထားပြီးသားဖြစ်နေ၏။သူ ဧည့်ခန်းအလယ်မှာ ရပ်နေသည်ကို မြင်သောအခါ မျက်ခုံးပင့်သွား၏။
"လာအိပ်"
"မအိပ်ဘူး"
"မအိပ်ချင်ဘူးလား"
"မအိပ်ချင်ဘူး"
"Fအတန်းက သင်တန်းသားတွေအကြောင်း စဉ်းစားနေတာလား"
ပိုင်ရဲ့က ခန့်မှန်းလိုက်၏။
ချီရှင်းချန်က လည်ပင်းကိုကုတ်လိုက်သည်။
"မအိပ်ဘူး"
ပိုင်ရဲ့ နှင့် သူ လေထဲတွင် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ကွေ့ပတ်နေသည်က အသုံးမဝင်ဘူးဆိုသည်ကို သူသိ၏။ပြဿနာကို အရင်ဖြေရှင်းရမည်။ "ဘာလို့မအိပ်သေးတာလဲ ပြောပါ"
ပိုင်ရဲ့ကို သူ့အတွင်းခံဘောင်းဘီကိုပင် ယူခိုင်းပြီးနေပြီဖြစ်သဖြင့် ချိရှင်းချန် သူ့မျက်နှာကို(သိက္ခာ) ဂရုမစိုက်တော့ပေ။သူ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
"နို့မသောက်ရလို့"
ပိုင်ရဲ့ "ဘက်ဂျက်ခရီးသွားကြမယ်" ရိုက်ကူးစဉ် သူ့ဖန်လေးနှင့်အတူတူ အိပ်ခဲ့သည်။ယခုစဉ်းစားကြည့်ရာတွင် သူ့ဖန်လေးက မအိပ်ခင် နွားနို့သောက်သည့် အလေ့အထ မရှိပါချေ။
တစ်ခုခုကို သဘောပေါက်သွားပြီး သူ စမ်းမေးကြည့်လိုက်သည်။
"နို့သောက်ချင်တာလား ဒါမှမဟုတ် ငါပေးတဲ့နို့လိုချင်တာလား"
"... ကော ကျွန်တော့်ကို နို့မတိုက်ရင် ဘာကွာမှာလဲ"
ဒီတော့ဒီလိုကိုး... ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။
"ငါ ညတိုင်း ဆယ်နာရီလောက် ဒီကိုရောက်တယ်...ဒါပေမဲ့ မင်း ဒီမှာ မရှိဘူး"
???
သူလာတာလား...
ညတိုင်း...
ချီရှင်းချန် မယုံနိုင်ဖြစ်သွားသည်။
"ဒါဆို ဟိုတစ်နေ့က... ဝေချင် ကောဆီ လာတွေ့တုန်းက ဘာလို့ မလာတာလဲ"
"ဝေချင် ကောဆီလာတွေ့တုန်းက" ဟုပြောသည့်အခါ သူ့လေသံက ရုတ်တရက် ပိုလေးလာသည်။
ပိုင်ရဲ့က အဓိပ္ပါယ်နှစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်သွား၏။
"တတိယအကျော့ ပြိုင်ပွဲက မူရင်းသီချင်းလေ... ပရိုဂရ
မ်အဖွဲ့က ငါနဲ့ ဝေချင်ကို မူရင်းသီချင်း တင်ပေးခိုင်းတယ်...ဝေချင်က ငါနဲ့ လာဆွေးနွေးတာ... ဆယ်နာရီနှစ်ဆယ်ကျ မင်းအိပ်ပျော်သွားမှာကို စိုးလို့ ဝေချင်ကို အရင်ထွက်သွားခိုင်းလိုက်တယ်...ဒါပေမဲ့ ငါတံခါးခေါက်တဲ့အခါ မင်းက တံခါးမဖွင့်ဘူး"
ချီရှင်းချန် စကားမပြောနိုင်တော့ပေ။