အပိုင်း ၈၇
Viewers 29k

Chapter 87




ဝေချင်ကို ထိုနေ့ညက သူဘယ်မှာရှိမှန်းပင် မသိလောက်အောင် သူဒေါသထွက်သွားခဲ့သည်။ ကျန်သည့်အချိန်တွေ၌ဝယ် ပိုင်ရဲ့ကို မျက်နှာမပြချင်သောကြောင့် F အတန်းနှင့်မနက် 2 နာရီ 3 နာရီအထိ လေ့ကျင်ခဲ့သည်။


ပိုင်ရဲ့က သူ့ကို နို့လာမတိုက်ခြင်း မဟုတ်ပေ။သူက သူ့ဘာသူသူ လွတ်သွားခြင်းပင်။


ချီရှင်းချန် စိတ်အခြေအနေ အနည်းငယ် ပိုကောင်းလာပြီး သူနှာသီးဖျားကို ပွတ်သပ်လိုက်သည်။


ပိုင်ရဲ့က သက်ပြင်းချလိုက်ပြီးဆက်မေးသည်။ "မင်းမှာ တခြားဘာမကျေနပ်မှုတွေရှိလဲ...ငါ့ကို ပြောပြ"


"… ဘာမှ မရှိတော့ဘူး"


ကိစ္စတွေကို ဖုံးကွယ်မထားနိုင်သည့် ဖန်ငယ်လေး၏ စရိုက်အရ နားလည်မှုလွဲမှု ပြေလည်သွားပါက ကျေနပ်ပြီး အိပ်ရာဝင်မှာ သေချာ၏။ယခု သူကထိုနေရာမှာ ရပ်နေတုန်းပင်။ ဘာမှမဖြစ်တော့ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ...


ပိုင်ရဲ့ သက်ပြင်းချလိုက်ပြီး သူ့ရှေ့ကို လျှောက်သွားကာ နဖူးမှာကပ်နေသည့် ဆံပင်လေးကို လှမ်းရိုက်လိုက်သည်။ချီရှင်းချန်၏မျက်လုံးတစ်ဝိုက်မှာ အနီရောင်စက်ဝိုင်းတွေ ရှိနေသည်ကို သူရုတ်တရက် တွေ့လိုက်ရသည်။ ရှင်းရှင်းပြောရလျှင် သူ့စိတ်ထဲမှာ(ချီ) အများကြီးရှိနေသည်။


"မင်းဝမ်းနည်းတာကို ငါမမြင်ချင်ဘူး"

ပိုင်ရဲ့ သူ၏ခြောက်သွေ့နေသော ဆံပင်တစ်ဝက်ကို လက်နှင့်ရစ်လိုက်သည်။ 

"ငါကိုပြောပါကွာ"


ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။


ပိုင်ရဲ့ : "ငါက idol တစ်ယောက်ဖြစ်ခဲ့တာ ခုနစ်နှစ်ရှိပြီ...ဒါပေမယ့် ငါ့ရဲ့ဖန် နဲ့ ဒီလောက် ရင်းနှီးတာ ဒါပထမဆုံးအကြိမ်ပဲလေ...ငါ့ကို ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ အခွင့်အရေးပေးရမယ်လေနော် ဟုတ်ပြီလား"


သူ့လေသံက ညင်သာလွန်း၍ဖြစ်ပါစေသို့မဟုတ် "ပထမဆုံး အကြိမ်ရင်းနှီးမှု" ဆိုသည့် စကားလုံးက အဓိကနေရာကို ထိသွားသည်။ချီရှင်းချန်၏ ရက်ပေါင်းများစွာ မကျေမနပ်မှုများသည် ပေါက်ကွက်ထွက်လာသည်။ သူတို့ကို မဖိနှိမ့်နိုင်တော့ပေ။


မေးစေ့ကို မော့ကာ အံကြိတ်၍ သူပြောလိုက်၏။

"ကောက ဘာလို့ တခြားတစ်ယောက်ရဲ့ကြောင်လေး ဖြစ်လာတာလဲ"


ကြောင်လား...


ပိုင်ရဲ့ သူပြောနေသည့် ကြောင်လေးက ချီရှင်းချန်အစား ကြောင်မျက်နှာပုံဆွဲပြီး အပြစ်ပေးခံရသည့်နေ့ ဆိုသည်ကို မရိပ်မိခင် ခဏလောက် စဉ်းစားခဲ့ရသည်။


နောက်ပိုင်းတွင် ဝေချင်ကလည်း သူ့ကိုကူညီရန် ကမ်းလှမ်းခဲ့သည်။သို့ပေမဲ့ ဝေချင်အတွက် သူ့မျက်နှာကို မဆွဲခိုင်းဘဲ သူ့လက်မောင်းမှာ ဆွဲခိုင်းခဲ့သည်။သို့ပေမဲ့ ထိုအချိန်မှာ ဖန်ငယ်လေးက ရေချိုးခန်းထဲဝင်သွားပြီး အခြေအနေကို မမြင်လိုက်ပေ။


ရှင်းပြသည်က အလုပ်ဖြစ်မှာမဟုတ်ပေ။ဖန်ငယ်လေးလိုချင်သည်က ကြောင်တစ်ကောင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ၊သူက သူတစ်ယောက်တည်း၏အပိုင်ဖြစ်ရမည်ဟု သူပြောနိုင်ပါ၏။


"… အိပ်ရာဝင်တော့နော်"


ပိုင်ရဲ့က သူ့နဖူးကို ဖိထားပြီး အကူအညီမဲ့ဟန် အလိုလိုက်သည့် လေသံဖြင့်ပြောလိုင်သည်။ 


"အခုကနေစပြီး ငါက မင်းတစ်ယောက်တည်းရဲ့ကြောင်လေးပဲ ဖြစ်လိမ့်မယ်"


ချီရှင်းချန် အံ့အားသင့်သွားသည်။ပိုင်ရဲ့ ဆီက ကြားလိုက်ရသည်ကို သူ မယုံနိုင်ပေ။


ကြောင်တက်တက်ဖြင့်သူ့ကို ပိုင်ရဲ့က အိပ်ရာပေါ်သို့ တွန်းချခံလိုက်ရသည်။....


သူ နိုးလာချိန်၌ ရုတ်တရက် အဖြစ်အပျက်များကိုသတိရသွားသည် သူ မမူးခဲ့ပါချေ။ပိုင်ရဲ့ တကယ်ပြောနေမှန်း သူ၏ ဉာဏ်ရည်ဉာဏ်သွေးက သူ့ကို ပြောပြနေသည်။


သို့သော် သူ မယုံနိုင် သေး။ သူက ပိုင်ရဲ့အတွက် ထူးခြားသည်ဟု မယုံနိုင်ပေ။ စိုးရိမ်တကြီးဖြင့် ဖုန်းကိုဖွင့်လိုက်ပြီး WeChat မက်ဆေ့ချ်ကို ရှာလိုက်ရသည်။


ပိုင်ရဲ့: [နိုးလာတဲ့အခါ မျက်နှာချင်းဆိုင်အခန်းကို လာရှာ... မနက်စာအတူတူစားရအောင်]


ချီရှင်းချန်: "အာာားးး" 

ဒါက တိဘက်ကုန်းပြင်မြင့်ပဲ ~ ~ ~

(T/N—သူသီချင်းဆိုနေတာပါ...Li Naရဲ့青藏高原)


သူ အရမ်းပျော်လွန်းလို့ ငိုချင်လာမိ၏..


ပိုင်ရဲ့ သူ့ကို တကယ်ကြီး မနက်စာစားဖို့ခေါ်တယ်...


သူ ဗီရိုဆီသို့ အမြန်ပြေးသွားပြီး ဟူဒီတစ်ထည်ကို ဆွဲထုတ်လိုက်သော်လည်း ၎င်းသည် ပေါ့ပေါ့ပါးပါးဖြစ်လွန်းသည်ဟု ခံစားရပြီး ၎င်းကို ပြန်ထည့်လိုက်သည်။ ရှပ်အင်္ကျီတစ်ထည်ကို ဆွဲထုတ်ပြီးနောက် ပုံစံတကျဖြစ်လွန်းသည်တွေးပြီး ပြန်ထည့်ထားလိုက်သည်။


နောက်ဆုံးတွင်၊ Cromwell လက်တိုတီရှပ်တစ်ထည်ကို သူတွေ့ရှိခဲ့သည်။ ကျောဘက်တွင် ကြီးမားသော ပရင့်ပါပြီး အနက်ရောင်ပြောင်ဖြစ်သည်။ Thom browne sweatpants နှင့် AJxOff-white sneakers တို့နှင့်တွဲထားသောကြောင့် ရိုးရိုးရှင်းရှင်းနှင့် အမိုက်စားဖြစ်သည်။


သူ့ဆံပင်ကပုံမသွင်းရသေးပေ။ကျန်းကျန်းက ရိုက်ကူးရေးမစခင် သူ့ဆံပင်ကိုပြင်ပေးမှာဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ဤအရာသည် သူ၏ပုံမှန်ရှုပ်ပွနေသည့်အဝတ်အစားများထက် များစွာကောင်းမွန်နေပြီဖြစ်သည်။


ပိုင်ရဲ့ သူ့ကို ...ရုပ်ဆိုးတယ်လို့ မထင်လောက်ပါဘူးနော်..


ချီရှင်းချန် ရေမွှေးနှစ်ခါစွတ်ပြီးနောက် တံခါးခေါက်လိုက်သည်။ပိုင်ရဲ့ကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်၏။ သူသည် အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး သူ၏ဆံပင်မှာလည်း ပုံသွင်းမထားပေ။


သိုးထိန်းလေး၏ အနံ့နှင့် ရောစပ်နေသော မာယာရှင်ရေသူ၏ အနံ့က ဖော်မပြနိုင်သော အလှတရားတို့ ထူးထူးခြားခြား လွှမ်းခြုံထားသည်။


ပိုင်ရဲ့က တံခါးကို သော့ခတ်ပြီး နှစ်ယောက်သား ဘေးချင်းကပ်လျက် လျှောက်သွားကြသည်။ ကံမကောင်းစွာပဲ၊ တစ်ဖက်ကစကားစလာသည်နှင့် ချီရှင်းချန်၏နှလုံးသားကဆုန်ပေါက်သွား၏။


"မနေ့ညက မင်းအခြေအနေမကောင်းလို့ ငါမင်းကိုမမေးမိဘူး" 

ပိုင်ရဲ့၏ လေသံက လေးနက်နေသည်။

"ဘာလို့ တစ်ယောက်တည်း ပွဲတက်တာလဲ"


ချီရှင်းချန် အတွင်းစိတ်တွင် သက်ပြင်းတစ်ချက်ချလိုက်၏။ဆူပူကြိမ်းမောင်းခံရခြင်း၏ ကံကြမ္မာကနေ သူမလွတ်မြောက်ခဲ့ပေ။ 


"ခုရက်ပိုင်း အန်းရန် နဲ့ လောင်ချင်တို့က နေ့တိုင်း မနက်မိုးလင်းတဲ့အထိ ကျွန်တော့်ကို စောင့်နေကြရတာ...အရမ်းပင်ပန်းနေပြီ...အဲဒါနဲ့ သူတို့ကို တစ်ရက်နားခိုင်းဖို့ စဉ်းစားလိုက်တာ..."

သူ ရိုးသားစွာပြောလိုက်သည်။


"ဒါဆို ပွဲကျင်းပတဲ့ အိမ်ရှင်က မင်းကို ကားပေါ် လိုက်ပို့ပေးသင့်တယ်လေ"


"ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး... ဒါကြောင့် သူ့ကို လိုက်မပို့ခိုင်းခဲ့ဘူး... နောက်ပြီး အဘိုးကြီး လိုက်ဖမ်းတာကိုလည်း မကြောက်ပါဘူး...အပြင်ဘက်က ပါပါရာဇီကိုကြောက်လို့ သူ့ကိုမရိုက်ခဲ့တာ"


သူတို့ နှစ်ယောက်က လုံးထွေးနေပါက ဓာတ်ပုံရိုက်လျှင် အဓိပ္ပာယ်လွဲမှားရန် ပိုလွယ်၏။ထွက်ပြေးသည်က ပိုကောင်းသည်။


"ဒါဆို နောက်တစ်ခါ တစ်ယောက်တည်းမနေနဲ့" 

ပိုင်ရဲ့ အကူအညီမဲ့စွာပြောလိုက်၏။

"အခုခေတ်မှာ မင်းလို ရုပ်ချောတဲ့ ကောင်လေးတွေကို တော်တော်များများ ကြိုက်နေကြ....."


"ဘာပြောလိုက်တယ်"


ပိုင်ရဲ့ စကားမပြီးခင် ချီရှင်းချန်က ရဲရင့်စွာဝင်ဖြတ်ပြောလိုက်၏။

"ထပ်ပြောပါဦး"


ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "တစ်ယောက်တည်းမနေနဲ့"


"နောက်တစ်ကြောင်း"


"မင်းလို ရုပ်ချောတဲ့ ကောင်လေးတွေကို တော်တော်များများ ကြိုက်ကြတယ်"


ချီရှင်းချန် "ရုပ်ချောသော ကောင်လေးများ" ဟူသော စကားကို ထပ်ခါတလဲလဲ ပြန်တွေးနေခဲ့သည်။


ဒါက ဘာကို ဆိုလိုတာလဲ...


ဆိုလိုတာက ပိုင်ရဲ့က သူ့ကို ရုပ်ချောတယ်လို့ ထင်တာလား...


ဟီးဟီးဟီး...


(T/N–သူ့အစားရှက်လိုက်တာ😑)


ချိရှင်းချန် မတော်တဆ အသံထွက်၍ ရယ်မိမည်ကို ကြောက်သောကြောင့် ပါးစပ်ကို အုပ်ရန် လက်ကို မြှောက်လိုက်သည်။


ထိုအချိန်တွင် ဝေချင်က သူတို့ဆီသို့ လျှောက်လာသည်။ သူ့မျက်လုံးအောက်မှာ ညိုမည်းနေသည့် အကွင်းတွေ ရှိပြီး အနည်းငယ် မွဲခြောက်နေသလိုပါပင်။ မနေ့ညက သူ အိပ်မပျော်ခြင်း ဖြစ်နိုင်၏။


သူတို့နှစ်ယောက်ကိုတွေ့သောအခါ ဝေချင် နှေးသွားပြီး လက်သီးတွေကို ဆုပ်ထားလိုက်မိသည်။


Camille ၏ပွဲ၌ မန်နေဂျာဝူက လူများစွာရှေ့တွင် ချီရှင်းချန် ၏အထောက်အထားကို ထုတ်ဖော်ပြသခဲ့သည်။ယင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် တူ၏။


အနာဂတ်မှာ ဖက်ရှင်လုပ်ငန်းနှင့်မီဒီယာတွေက သူ့ကို ဘယ်လိုရယ်ကြမလဲဆိုသည်ကို တွေးကြည့်နိုင်သည်။ "ယုံကြည်မှုလွန်ကဲသူ၊ မျက်ကန်း၊ စိတ်ကြီးဝင်သူ…"


သူ ယင်းကို မတွေးဝံ့ပေ။ အလွန်ကြီး တွေးပါက ဤည အိပ် ရမှာမဟုတ်ပေ။ထိုအရှက်တရားအားလုံးကို သူ့ရှေ့ကလူက သူ့ကိုပေးလိုက်ခြင်းဖြစ်၏။


မနေ့က သူရှုံးခဲ့သည်။ ယနေ့ပွဲမှာ သူပြန်အနိုင်ရရမည်။ဝေချင် သူ့ကျောကိုမတ်မတ်ထားပြီး မေးလိုက်၏။

"စတူဒီယိုကို သွားမလို့လား"


ချီရှင်းချန်က စိတ်ကောင်းဝင်နေပြီးပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး...ကျွန်တော်တို့ မနက်စာစားမလို့" 


"ကျွန်တော်လည်း မစားရသေးဘူး" 

ဝေချင်က ပိုင်ရဲ့ဘက်လှည့်လိုက်သည်။


 "ကော အတူတူသွားရအောင်"


သူတို့က ဟိုတယ်မှာပဲ တည်းခိုကြသည်။ မနက်စာ အတူတူစားသည်က ပုံမှန်ပါပင်။ချီရှင်းချန် စိတ်မ၀င်စားပေ။မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေကြသည်မှာ နှစ်လရှိပြီဖြစ်၏။


သူ ပါးစပ်ကိုဖွင့်ပြီး သဘောတူတော့မည့်အချိန်မှာပဲ ပိုင်ရဲ့ကပြောသည်ကိုသူကြားလိုက်ရသည်။ "မနက်စာကို နှစ်ယောက်စာမှာထားတာ...စိတ်မကောင်းပါဘူး မင်းကိုခေါ်သွားလို့မရဘူး... မင်းကိုယ်ဘာကိုယ် မှာလို့ရတယ်"


ထို့နောက် ပိုင်ရဲ့က ချိရှင်းချန်ကို ဓာတ်လှေကားဆီသို့ တိုက်ရိုက်ဆွဲခေါ်သွားသည်။


ပိုင်ရဲ့ ရက်စက်စွာ ငြင်းပယ်မှုကြောင့် ချီရှင်းချန် အံ့အားသင့်သွားသည်။ သူ စဉ်းစားပြီး နှုတ်ခမ်းကို လျှာသပ်လိုက်သည်။ 


"ဝေချင်ကိုမခေါ်ခဲ့ရင် မကောင်းဘူးလားလို့..."


ပိုင်ရဲ့ တစ်ခဏလောက် စကားမပြောနိုင်ဖြစ်သွားရသည်။


မျိုးရိုးနာမည်ချီနှင့် အနှီဖန်လေး၏ ခေါင်းထဲမှာ ဘာတွေရှိနေလဲဆိုသည်ကို သူ နားမလည်နိုင်ပါချေ။


"မြန်မြန်အထပ်နှိပ်လိုက်...ပွစိပွစိလုပ်မနေနဲ့"


ပိုင်ရဲ့က သူ့ဂုတ်ပိုးကို ဖိကိုင်လိုက်သည်။ 

"ငါက မင်းတစ်ယောက်တည်းရဲ့ကြောင်လေးဖြစ်မယ်လို့ ငါပြောခဲ့တယ်မဟုတ်ဘူးလား"


တချို့က သူတို့ကိုယ်သူ ကြောင်လေးဟု ဆိုကြပေမဲ့ ကြောင်နှင့် ကစားနေသလိုမျိုး တခြားသူတွေ၏ ဂုတ်ပိုးကို ဖျစ်ညစ်တတ်ကြသည်။


တစ်ချို့လူတွေကမူ အရှက်မရှိ သူများကို သူတို့ကြောင်လေးဖြစ်ခိုင်းခဲ့ပေမဲ့ ဂုတ်ပိုးကို အကိုင်ခံရသည့်အခါ တစ်ခုခုမှားနေပြီဟုမခံစားရကြပေ။အခြားသူ၏ နွေးထွေးမှုအတွက် လိုချင်လောဘကြီးလွန်းသဖြင့် လက်ကို ဖယ်လိုက်သောအခါတွင် စက္ကန့်အနည်းငယ်မျှပင် စိတ်ပျက်သွားသည်။


သို့သော် အရသာရှိသော နံနက်စာနှင့် နွားနို့ကြောင့် ချီရှင်းချန် မကြာမီ ကုသခံလိုက်ရသည်။ပိုင်ရဲ့သည် နို့က အိပ်ရေးဝအောင် ကူညီပေးသည့် ထင်သည့်အတွက် ညတိုင်းပို့ပေးခဲ့၏။ ယခုမူ မနက်ရော ညပါ ပို့ပေးနေသည်။


မည်သိုပင်ဖြစ်စေ စျေးချို၏။ရှင်းရှင်း သောက်နိုင်သရွေ့ သူတတ်နိုင်သည်။


အားလွင်တစ်ယောက် နို့အတွက် စိတ်ပူစပြုလာသည်။ သူ့သူဌေးက တစ်ချိန်လုံး နို့တစ်မျိုးတည်းသောက်နေရလျှင် မုန်းသွားမှာစိုး၍ ခဏခဏ ပြောင်းရသည်ဟုဆို၏။


ယင်းက ကြောင်တစ်ကောင်ကို မွေးထားသလိုပါပင်။အားလွင် အင်မတန်မှ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။


....


မနက်ခင်းမှာ သူအတော်လေးပျော်နေသဖြင့် ချီရှင်းချန် သူ့မှတ်ဉာဏ်ကို ဆုံးရှုံးခံရန် ရွေးချယ်ခဲ့၏။ မနေ့က သူလုပ်ခဲ့သည်တွေကို လုံးလုံး မေ့သွားပြီး ပိုင်ရဲ့နှင့် ပျော်ပျော်ကြီး မနက်စာ စားနေတော့သည်။


Weibo တစ်ခုလုံး ရူးသွပ်သွားကြောင်း သူနည်းနည်းမှ မသိခဲ့ပါချေ။


လွန်ခဲ့သော ရက်အနည်းငယ်က အင်တာနက်သုံးစွဲသူများသည် ယွမ် ၁၇ သန်းတန် မိုက်ခရိုဖုန်း၏ အရင်းအမြစ်ကို ရှာဖွေနေဆဲဖြစ်သည်။ ရာနှင့်ချီသော စိန်များအတွက် အရင်းအမြစ်ရှိရမည်။ အရင်းအမြစ်ကိုရှာနိုင်သရွေ့ ချီရှင်းချန်၏နောက်ခံကိုမြင်နိုင်မည်ဖြစ်သည်။


ချီရှင်းချန်၏ ပွဲဦးထွက်ပြီးပထမနှစ်သည် ငြိမ်းချမ်းသော်လည်း ဒုတိယနှစ်တွင် သူသည် လူကြိုက်များရှာဖွေမှုများစာရင်းတွင် ရုတ်တရက်ပေါ်လာသည်။ အမျိုးမျိုးသောရှိုးများ၊ ရုပ်ရှင်စာချုပ်များနှင့် စီးပွားရေးသဘောတူညီချက်များသည် အတိအကျပေါက်ကွဲထွက်လာခြင်းမရှိသော်လည်း ၎င်းတို့သည် ချောမွေ့စွာဖြတ်သန်းနေသည်။ သူ၏ကျော်ကြားမှုကလည်း ဆက်တိုက် မြင့်တက်လာခဲ့သည်။


ယခင်က အားကိုးစရာလူမရှိမှန်း သိသာထင်ရှားပေမဲ့ နောက်ပိုင်းမှာ သူ့ကို အရင်းအနှီးပေးကျွေးသည့် ရှူးဂါးဒယ်ဒီတစ်ဦးကို တွေ့ရှိခဲ့သည်။


လူတိုင်းက သူ့ရှူးဂါးဒယ်ဒီ ဘယ်သူလဲဆိုသည်ကို သိချင်နေကြသဖြင့် နေ့ရောညပါ တူးထုတ်ကြ၏။


ယခု သူတို့ သဘောပေါက်သွားလေပြီ။ 

တူးစရာဘာရှိလဲ...


ဘယ်တူးနိုင်မလဲ...


ဟိုက စိန်တွေကို သူ့ကိုယ်ပိုင်စိန်တွင်းကနေ တူးဖော်ခဲ့တာလေ...


အချုပ်အားဖြင့်ဆိုရသော် ဤချီတိတိသည် သူ၏အမည်အောက်တွင် Oceanic World နှင့် တောင်အာဖရိက၏ စိန်တွင်းများရှိသည်။


တစ်ခါက သူသည် စီမံခန့်ခွဲမှုအငြင်းပွားမှုကြောင့် ကုမ္ပဏီနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ထိုနေ့တွင်ပင် သူအနိုင်ရခဲ့ပြီး ကုမ္ပဏီက တောင်းပန်ခဲ့သည်။


သူက Kevin ၏ ပရိသတ်တွေကို စော်ကားခဲ့ပြီး Kevin၏ပရိသတ်တွေက သူ့ကို ဆူပူကြိမ်းမောင်းခဲ့သည်။ထိုသူများ ကန့်သတ်ပိတ်ပင်ခံခဲ့ရသည်။


အထက်ပါအရာအားလုံးသည် အရင်းအမြစ်များဝယ်ယူရန်အတွက် Oceanic World နှင့် စိန်တွင်းများမှ ဝင်ငွေအပေါ် အားကိုးနေခြင်းပေလော။


ဒါပေမဲ့... စိန်တွေအကုန်လုံးကို သူ့မိုက်ခရိုဖုန်းထဲမှာ ထည့်ထားတာလေ...ပိုက်ဆံက ဘယ်ကရလာတာလဲ...


အင်တာနက်သုံးစွဲသူတွေကလည်း သူ၏နောက်ခံအကြောင်းကို ပိုသိချင်လာကြ၏။


တစ်ယောက်ယောက်က အကြံတစ်ခုရခဲ့သည်။ [ရှောင်ချီက ဟိုဆန်ကုန်မြေလေးကောင်ကို တစစီလုပ်လိုက်တုန်းက မှတ်မိသေးလား]


[ဟုတ်တယ်ဟုတ်တယ်...အဲဒီကောင်မလေးက တစ်ခုခုမှားနေပြီထင်လား]


[ငါ သူ့ကို သိသလိုပဲ... ဘာလို့သူနဲ့စမကြည့်ရမှာလဲ]


[လက်စဂိုး]


ချီယွီကျီး၏ Weibo သည် အားယားပြီး အလောသုံးဆယ်ဖြစ်နေသော အင်တာနက်သုံးစွဲသူများအပြင် ကိုယ်တွေ့အချက်အလက်များကို လိုချင်သော မားကတ်တင်းအကောင့်များဖြင့်ပါ လွှမ်းမိုးခံခဲ့ရသည်။


ထို့နောက် အနှီလှပသောကျဲကျဲ အဝတ်အစားများ သိမ်းဆည်းရန် ရည်စူးထားသည့် အိမ်လေးလုံးနှင့် အဝတ်ဟောင်းများ စုဆောင်းရန်အတွက် သိုလှောင်ရုံတစ်ခု ရှိကြောင်း သူတို့သိလိုက်ရသည်။ သူမသည် Hermes မှရှားပါးသားရေဂျာကင်အားလုံးကိုစုဆောင်းခဲ့သည်။ အားလပ်ချိန်တွေမှာ ဖက်ရှင်ရှိူးကိုသွား သို့မဟုတ် ဖက်ရှင်ရှိူးကိုသွားသည့်လမ်းပေါ်မှာရှိနေတတ်သဘ်။


တစ်ချိန်က သူမသည် ရေမွှေးပုလင်းထောင်ပေါင်းများစွာကို တစ်ကြိမ်တည်းဝယ်ခဲ့သည်။ အော်ဒါဖောင်တွင် သူမသည် "ချီ" ဟူသော စကားလုံးကို မတော်တဆ ထုတ်ဖော်မိခဲ့သည်။


သူမလိုက်ခ်လုပ်ထားသည်များထဲသွားကြည့်လိုက်သည့်အခါ အားလုံးက အထက်တန်းကျောင်းသားလေးတစ်ယောက်ကို တွေ့လိုက်ရသည်။


ဤအထက်တန်းကျောင်းသားလေးဟာ Weibo မှာ တင်ခဲ၏။ လွန်ခဲ့သည့် သုံးနှစ်ခန့်က သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် မလိုက်အောင်ပင် ဓာတ်ပုံအချို့ကို တင်ခဲ့ဖူးသည်။ လူအများစုသည် ထိုဓာတ်ပုံများမှ မလွတ်မြောက်နိုင်ပေ။နောက်ဆုံးမှာ Weibo တွင် ပို့စ်အသစ်နှ

စ်ခုတင်ထားသည်။


တစ်ခုမှာ My Time ၏ ကြယ်အလင်းတန်းအကဲဖြတ်သူအတွက် တရားဝင်ကြေငြာချက်ဖြစ်ပြီး နောက်တစ်ခုမှာ ဒါရိုက်တာရှန့်ယွီလျန်မှ တောင်းပန်မှုဖြစ်သည်။


အနီးကပ်စစ်ဆေးကြည့်သောအခါ ရှန့်ယွီလျန်က ဤလူချောကို တောင်းပန်နေပုံရ၏။