အပိုင်း ၈၈
Viewers 29k

Chapter 88




အိုး...ဒီလူချောရဲ့ မျိုးရိုးနာမည်ကချီ..


ထို့နောက် လူချောလေးမျှဝေထားသည့် သီးသန့်အင်တာဗျူးတစ်ခုတွင် ချီအုပ်စု၏ ဥက္ကဋ္ဌ၏ Baidu Encyclopedia ကို ရှာတွေ့ခဲ့သည်။

(T/N–Googleမှာ နာမည်ကြီးတွေရဲ့ပရိုဖိုင်တွေကိုတင်ထားသလိုမျိုးပါ၊ပိုင်တုက တရုတ်နိုင်ငံသုံး ရှာဖွေရေးအင်ဂျင်)


သူသည် HEC Paris မှဘွဲ့ရရှိပြီး H ပြည်နယ်ရှိ ကုန်သည်ကြီးများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်ပြီး အမျိုးသားပြည်သူ့ကွန်ဂရက်၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သူက 2019 ခုနှစ်၏ ထိပ်တန်းထူးချွန်လူငယ်ဆယ်ဦးထဲက တစ်ယောက်လည်းဖြစ်၏။


ဓာတ်ပုံထဲမှာ သူက အရပ်ရှည်ပြီး နက်နဲသည့် မျက်နှာအသွင်အပြင်ရှိသည်။ သူ၏ အသွင်အပြင်နှင့် မိသားစု နောက်ခံသည် ပြောင်မြောက်လှသည်။ Encyclopediaကို ဝင်ရောက်ရုံဖြင့် သူသည် CEOဝတ္ထုတွေရေးသည့် စာရေးဆရာ သန်းပေါင်းများစွာကို ကုန်ကြမ်းပံ့ပိုးပေးနိုင်သည်။


တိုက်ဆိုင်စွာပင်၊ သူ၏အမည်မှာ ချီယွမ်ရှောင် ဖြစ်ပြီး မျိုးရိုးအမည်မှာချီဖြစ်သည်။


သူ၏ဖခင် ချီရှောင်မင်က ချီအုပ်စု၏ဥက္ကဌဖြစ်ပြီး မျိုးရိုးနာမည်ကချီပဲဖြစ်သည်။


ချီယွမ်ရှောင် ၏ အမည်အောက်ရှိ လုပ်ငန်းများကို ကြည့်လိုက်လျှင် နော်ရာအင်တာတိန်းမန့်၏ ရှယ်ယာ 40% ကို ပိုင်ဆိုင်ထားပြီး နော်ရာအင်တာတိန်းမန့်၏ အမှန်တကယ် ထိန်းချုပ်သူဖြစ်သည့် "ရှင်းချန်စီမံရန်ပုံငွေ"ရှိသည်။


နော်ရာအင်တာတိန်းမန့်ကဘာလဲ...

ချီရှင်းချန်၏အေဂျင်စီဖြစ်သည်။


ဆက်ဆံရေး အလွှာများပေါ်တွင် အလွှာများ စွာဆင့်ထားပြီး လူတိုင်း အံသြသွားကြသည်။ မယုံနိုင်ပေမဲ့ ယုံရမှာက နှစ်ခုရှိ၏။


ပထမဦးစွာ နော်ရာအင်တာတိန်းမန့်သည် ချီရှင်းချန်၏လုပ်ငန်းဖြစ်သည်။


ဒုတိယ၊ ချီရှင်းချန်က ချီမိသားစု၏ ဒုတိယသခင်လေးဖြစ်သည်။


သူက ထိုင်နေရင်းပင် ဒေါ်လာထရီလျံနှင့်ချီ၍ ရှိပြီး ထူးခြားသော အဆင့်အတန်းတစ်ခုရှိသည်။ သူ့ဆံပင်တွေပင် ပိုက်ဆံနံ့တွေ သင်းပျံ့နေ၏။


သူဒီလောက် အလုပ်ကြိုးစားခဲ့တာ အံ့သြစရာမရှိဘူး... မကျော်ကြားရင် မိသားစုရဲ့အမွေကို ဆက်ခံရမှာလေ...


.....


လမ်းများပေါ်တွင် ဖျော်ဖြေခြင်းဖြင့် ငွေရှာချင်သော အောက်ခြေ အနုပညာရှင်တစ်ဦးသည် ဤမျှ ခိုင်မာသော နောက်ခံရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။


သိပ်မကြာခင်မှာ #ချီရှင်းချန်က နာမည်မကျော်ကြားဘူးဆိုရင် မိသားစုရဲ့အမွေကို ဆက်ခံရလိမ့်မယ်#က လူအများဆုံးရှာဖွေမှုစာရင်းမှာပါဝင်လာသည်။


Big Vအကောင့်တစ်ခုက အမှန်တရားဖော်ထုတ်ခြင်းလုပ်ငန်းစဉ်ကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။အမှန်တွင် သိပ်မခက်ပါချေ။အကြောင်းပြချက်မှာ အဓိကအားဖြင့် ချီရှင်းချန်က ယခင်က အလွန်စိတ်ရှုပ်နေခဲ့ပြီး ၎င်းကို ဖော်ထုတ်ရန် စိတ်မဝင်စားသောကြောင့်ဖြစ်သည်။


တင်ပြီးသိပ်မကြာခင်မှာပဲ ဤWeibo ပို့စ်က အဖျက်ခံရခြင်း၏ ကံကြမ္မာကနေ သဘာဝအတိုင်း မလွတ်ကင်းခဲ့ပါချေ။ သို့သော် လူတိုင်းက စခရင်ရှော့ရိုက်ပြီး အထောက်အထားများ သိမ်းဆည်းထားပြီးဖြစ်သည်။ သူတို့သည် ဖရဲသီးစားရခြင်းကြောင်း ပျော်ရွှင်မှုလှိုင်းလုံးများအရိုက်ခံနေရသော သူတို့၏နှလုံးသားများကို ဖိကာ ပျော်ရွှင်စွာ ရယ်မောကြသည်။


သို့သော် နှစ်နာရီအကြာတွင် ယခင်ဖရဲသီးကို ကောင်းကောင်းမစားရသေးမီတွင် အခြားဖရဲသီးကြီးက ကောင်းကင်မှ ပြုတ်ကျလာကာ လျှပ်စီးလက်သည့်အရှိန်ဖြင့် ခေါင်းပေါ်သို့ ထိမှန်သွားသည်။


ဖျော်ဖြေရေး သတင်းထောက်များက ဗီဒီယိုဖိုင်ကို ဖော်ထုတ်ခဲ့သည်။


ဗီဒီယိုထဲမှာ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ရှေ့ကနေ ပြေးနေပြီး ဝတုတ်တုတ် အဘိုးကြီးတစ်ယောက်က သူ့နောက်ကို လိုက်နေ၏။ စက္ကန့်နှစ်ဆယ်အကြာတွင် ပိုင်ရဲ့က လူငယ်လေးရှေ့တွင် ရပ်ကာ အဘိုးကြီးအား လဲအောင်ကန်လိုက်သည်။


သူ့ဂျာကင်အင်္ကျီကို ချွတ်ကာ လူငယ်လေး၏ခေါင်းကို အုပ်၍ တစ်ချက်တည်းနှင့်အမှောက်သိပ် ထပ်မံကန်ခဲ့သည်။ထို့နောက် ပိုင်ရဲ့က လူငယ်လေးအား စိတ်ရှည်ရှည်ဖြင့် သူ့ကားထဲသို့ လိုက်ပို့ခဲ့သည်။


မည်သို့ပင်ဖြစ်စေ "ပိုင်ရဲ့" ဆိုသည့် နာမည်နှင့် ပတ်သက်နေသရွေ့ ယင်းက ခေါင်းစဉ်ကြီးတစ်ခု ဖြစ်လာမည်ပင်။ ဗီဒီယိုကို တင်ပြီးသည်နှင့်တစ်ပြိုင်နက် မျက်လုံးတစ်မှိတ်အတွင်း အကြိမ်ရေ 10,000 ကျော် မှတ်ချက်အပေးခံခဲ့ရသည်။


မှတ်ချက်အပိုင်းမှာလည်း ရှုပ်ပွနေသည်။


[အားးး... ဒီနေ့လည်း ငါ မြေခွေးဖြစ်မယ့်နေ့]


[ဘုရားရေ...ကောကော ဘယ်လိုလုပ် ဒီလောက်တောင် ချောရတာလဲ...သူဘယ်လိုတောင် ချောမောနိုင်ရတာလဲ...တစ်ချက်ကန် ဒီက တစ်ခါသေပဲ]


[သူ့ရဲ့ရည်းစားကောင်လေးပါဝါက အမြင့်ဆုံး 1551 ပဲ... နိုင်ငံတော်က ငါ့ကို ဒီလိုရည်းစားမျိုး ဘယ်တော့ပို့ပေးမှာလဲ...သနားကြပါ...သနားကြပါ...သနားကြပါလို့]


[တစ်ဖက်လူက ရှောင်ချီမလား...ရဲ့ကောက ဖြတ်သွားတာလား ဒါမှမဟုတ် လာကြိုဖို့ ရောက်နေတာလား]


"ရှောင်ချီ" ဟု ပြောသည့်အခါ သူတို့ idol ၏ ချောမောမှုကို စွဲလန်းနေသည့် ညဥ့်ကောင်းကင်များခေါင်းထဲတွင် ချက်ချင်း အချက်ပေးသံ ထွက်ပေါ်လာသည်။


ပိုင်ရဲ့က ချီရှင်းချန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား တရား၀င် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်းဟု ယူဆ၍ရသည်။ သို့သော် အများပြည်သူသိပုဂ္ဂိုလ်များအတွက် ရန်ဖြစ်ခြင်းက မကောင်းပေ။ချီရှင်းချန်က သူတို့၏သွေးကို စုပ်ရန်ရှေ့ကို ထွက်လာခဲ့မည်ဆိုပါက ယင်းက နှစ်ဆ ဆုံးရှုံးခြင်းနှင့်ညီမျှ၏။ အမြတ်က ဆုံးရှုံးမှုနှင့်မကာမိပေ။


ထို့ကြောင့် ညဥ့်ကောင်းကင်များက CP ဖန်များကို သူတို့ဘာမှပြန်မပြောမီ သတ်ပစ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော တုံ့ပြန်မှုအစီအစဉ်တစ်ခုကို အမြန်လုပ်ဆောင်ခဲ့သည်။


မမျှော်လင့်ဘဲ ကျိုရဲ့ရှင်းချန် CPဖန်များ၏ စီမံခန့်ခွဲမှုအဖွဲ့က ပိုမိုအလေးအနက်ဖြစ်လာသည်။


အဖွဲ့ခေါင်းဆောင်: [F*ck! F*ck! ကျိုရဲ့ရှင်းချန်SZD အကြောင်းပြောရတာ ပျင်းကိုနေပြီဟေ့]


မော်ဒရေတာ 1: [ချိုမြိန်မှုကြောင့် ငိုတယ်...ခဏလောက်ငိုပါရစေ]


မော်ဒရေတာ 2: [ ရှင်းရှင်းလေးအတွက် စိတ်မကောင်းဘူး...ရဲ့ကောက သူ့မိန်းမကို ကာကွယ်ပေးနေတဲ့အချိန် အရမ်းချောတာပဲ... သူတို့နှစ်ယောက်အကြာကြီးအတူရှိပါစေလို့ ဆုတောင်းပါတယ် အဟင့် ]


မော့ဒရေတာ 3: [ဒီလိုပုံစံနဲ့ သူတို့သာ အစစ်အမှန်မဟုတ်ဘူးဆ်ိုရင် ငါ့ခေါင်းကိုဖြုတ်ပြီး နင်တို့ကို ဘောလုံးလို ကန်ခွင့်ပေးမယ်...အား အား အား...ချိုတယ်...သောက်ရမ်းချိုတယ်လို့]


အားလုံးက ခဏလောက်အော်ဟစ်ကြပြီးနောကိ အခြေအနေက အရေးတကြီးဖြစ်နေမှန်း သတိရသွား၏။ ယခုအချိန်သည် CP အကြောင်းပြောရန်အချိန်မဟုတ်သေးသောကြောင့် တန်ပြန်အရေးယူမှုများကို အမြန်ဆွေးနွေးခဲ့ကြသည်။


အဖွဲ့ခေါင်းဆောင: [ဒီအချိန်မှာ ဒီဗီဒီယိုက အချိန်ကိုက်ထွက်လာတော့ လှည့်စားခံရဖို့လွယ်တယ်...ရှင်းရှင်းလေးက နည်းနည်းမူးနေပုံရပြီး ရဲ့ကောကလည်း ဟိုလူကို ဒုတိယအကြိမ် ထပ်ကန်တယ်... အတိုချုပ်ပြောရရင် လူတွေက ရှင်းရှင်းကို သူ့ကိုယ်သူ မချစ်ဘူးလို့ ပြောဖို့လွယ်တယ်...ဒါမှမဟုတ် ရဲ့ကောက ဒေါသကြီးတယ််တယ်တို့ဘာတို့]


မော်ဒရေတာ 2: [ဒါက တခြားနာမည်ကြီးတစ်ယောက်ဆိုရင် ကြီးကြီးမားမားမဟုတ်ပေမဲ့ ရဲ့ကော ရဲ့အလှည့်ရောက်ရင် သတိထားရမယ်...ရှောင်ရှင်းရှင်းရဲ့ နောက်ခံက အရမ်းမြင့်တယ်... ဒီတစ်ခါတော့ CP ပရိသတ်တွေကို စီမံခန့်ခွဲပြီး အရာအားလုံးကို မြန်မြန်ငြိမ်သက်အောင်လုပ်ပြီး ဗီဒီယိုကို ကျော်လိုက်ကြရအောင်]


မော်ဒရေတာ 6: [ငါ သဘောတူတယ်...ဗီဒီယိုကို ဒေါင်းလုဒ်လုပ်ပြီး ကိုယ့်အတွက်ကိုယ် သိမ်းထားမယ်]


မော်ဒရေတာ 2: [ငါလည်းပါမယ်... ငါတို့အဖွဲ့ကို အခုပဲ အမြန်အကြောင်းကြားလိုက်ရအောင်]


မော်ဒရေတာတိုင်းက ၎င်းတို့၏အဖွဲ့ထံသို့ မက်ဆေ့ချ်ပို့ပြီး လူတိုင်းကို @ပြီး ဗီဒီယိုတွင် CP အကြောင်း မှတ်ချက်တစ်စုံတစ်ရာမပြုလုပ်ရန် တားမြစ်ထားကြသည်။


လူ့အဖွဲ့အစည်း၏ အက်ကွဲကြောင်းများထဲတွင် လွတ်မြောက်ရန်ကြိုးစားနေကြသောဖန်များအနေနှင့် ဤကဲ့သို့သော သကြားတောင်ကြီးတစ်လုံးကို စားရသည်က အလွန်ပျော်ရွှင်နေကြပြီဖြစ်သောကြောင့် မော်ဒရေတာများအား နှိမ့်ချစွာ သဘောတူလိုက်ကြသည်။အချိန်ရသူများက ညဥ့်ကောင်းကင် နှင့် ကြယ်အလင်းတန်းများကို မုန်းတီးသူများအား တိုက်ထုတ်ရာတွင် ကူညီပေးခဲ့ကြသည်။


ထို့ကြောင့် ညဥ့်ကောင်းကင်းများအနေဖြင့် ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် ID "ကျိုရဲ့ရှင်းချန်" ရှိသည့် CP ဖန်များက မအော်ဟစ်ရုံသာ မက ပိုင်ရဲ့ နှင့် ချီရှင်းချန်တို့က ညီအစ်ကိုများဖြစ်ကြပြီး ဆက်ဆံရေးကောင်းကြောင်းကိုပင် ပြောပြခဲ့သည်ကို သူတို့တွေ့ခဲ့ရသည်။


ညဥ့်ကောင်းကင်များ:???


ထိုအစား ဖြတ်သွားဖြတ်လာတွေက အော်ဟစ်နေခဲ့ကြသည်။


[အား...ရှေ့ကပြေးနေတဲ့ကလေးကဘယ်သူလဲဆိုတာ တစ်ယောက်ယောက်ပြောပြလို့ရမလား...မေးချွန်ချွန်လေးနဲ့ခါးပါးပါးလေး ငါရူးတော့မယ်!]


[ပိုင်ရဲ့က အမြဲတမ်း မာနကြီးတယ်လို့ငါကြားဖူးတယ်... ဒီကောင်အတွက် တိုက်ခိုက်ပေးချင်နေတယ်ဆိုတော့ သူတို့နှစ်ယောက်က အရမ်းရင်းနှီးရမယ်]


[ငါ အခုမှ CP တွင်းထဲက ခုန်တက်လာခဲ့ပြီး အခုတစ်ခါ တွင်းအသစ်တစ်ခုထဲကို ကျသွားပုံပဲ...ညဥ့်ကောင်းကင်တို့ရေ ငါလာပြီ... ငါရခဲ့ဖူးတဲ့သကြားချိုချိုလေးအတွက် ငါလုပ်မယ်]


[ သူ့ရည်းစားကိုကြည့်... ပြီးတော့ ကိုယ့်ကိုကိုယ်ပြန်ကြည့်]


အခြေအနေကို စောင့်ကြည့်ပြီးနောက် ကျိုရဲရှင်းချန် ၏ CP ဖန်များသည် ကူကယ်ရာမဲ့ ပခုံးတွန့်လိုက်ကြသည်: ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူးနော်...


ညဥ့်ကောင်းကင်နှင့် ကြယ်အလင်းတန်းများ: မင်းတို့အပြစ်မဟုတ်ဘူး...အကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...အဓိကအချက်ကတော့… အဲဒါက နည်းနည်းချိုတယ်လို့ ငါတို့လည်း ထင်တာပဲ...


???


ကျိုရဲ့ရှင်းချန်၏ CP ဖန်များ:ဟမ်???


.......


တရားဝင်ပြိုင်ပွဲမစမီ တစ်ရက်အလိုတွင် Weibo တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သော်လည်း နည်းပြများနှင့် သင်တန်းသားများကို ထိခိုက်မှုမရှိခဲ့ပေ။


ညဘက်တွင် ချီရှင်းချန် Fအတန်းကို ပုံမှန် ကင်းလှည့်ခဲ့ပြီး ပိုင်ရဲ့က လေ့ကျင့်ရေးအခန်းအားလုံးကို စစ်ဆေးရန် ပြင်ဆင်ထားသောကြောင့် သူနှင့်အတူ F အတန်း၏ လေ့ကျင့်ရေးအခန်းသို့ သွားခဲ့သည်။


ဝူချန်တစ်ယောက် သင်တန်းသားများကို ဦးဆောင်ပြီး ကနေစဥ်မှာ တံခါးဖွင့်လာပြီး အရပ်ရှည်ရှည်နှင့် အရပ်ပုပု လူရိပ်နှစ်ခု ပေါ်လာသည်ကိုတွေ့လိုက်ရးည်။သူခေါင်းမော့ပြီး လေချွန်လိုက်၏။


ကျန်သည့် သင်တန်းသားတွေက နောက်ကနေ လိုက်ကြသည်။ 

"အယ် အယ် အယ်"


"တော်တော်လေး တအယ်အယ်ကို စွဲနေတာလား" 

ချီရှင်းချန် ဒေါသထွက်လွန်း၍ ခေါင်းကိုက်သွား၏။ 

"ဒီနေ့ တိုးတက်မှု ဘယ်လိုရှိလဲ"


ဝူချန် : "ဥက္ကဌကို သတင်းပို့ပါတယ်...ကျွန်တော်ကို အခြေခံအားဖြင့် အကုန်လုံးနဲ့ ရင်းနှီးသွားပါပြီဗျ"


"...မင်းငါ့ကိုခေါ်တဲ့ပုံစံကို ပြန်ပြောင်းလိုက်စမ်း... ငါ့ကိုဘာလို့ဒီလိုခေါ်တာလဲ"


"လောင်ရှီးက အရမ်းချမ်းသာလို့လေ" 

ဝူချန်က ရယ်သည်။ 

"ကျွန်တော် လောင်ရှီးကို လေးစားမှုတချို့ မပြရင် ကျွန်တော့်ကို စိန်တွေနဲ့ ဖိသတ်မှာကို ကြောက်တယ်ဗျ"


"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်" 


တခြားသင်တန်းသားတွေလည်း နောက်ကလိုက်ကြသည်။

"ဥက္ကဌချီ ကျေးဇူးပြုပြီး ကျွန်တော်တို့အသက်ကို ချမ်းသာပေးပါ"


ချီရှင်းချန်၏ မျက်နှာသည် ဒေါသကြောင့် ပူလောင်နေ၏။ သင်တန်းသားများက နောက်ပြောင်ခြင်းသက်သက်ဖြစ်သည်ကို သူသိသည်၊ ယနေ့တွင် သူ ကျိန်းသေအစခံရမည်ဟု သူသိသည်။ အရှက်မဲ့စွာ ခံနိုင်ရည်ရှိရန် သူစီစဉ်ထားပြီးသားဖြစ်၏။


သို့သော် ပိုင်ရဲ့က သူနှင့်အတူလိုက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


တစ်နေ့တာအတွင်းမှာ ပိုင်ရဲ့က သူ့ကိုယ်ပိုင်ရိုက်ကူးရေးအစီအစဉ်ရှိပြီး နားချိန်မရှိသလောင်ဖြစ်သောကြောင့် သူတို့နှစ်ယောက် မဆုံဖြစ်ခဲ့ပါချေ။ သူတို့နှစ်ယောက် အခုလေးတင် လမ်းလျှောက်လာသည့်အခါ ပိုင်ရဲ့က ချီမိသားစု၏ဒုတိယသခင်လေးဟူသော သူ၏အမည်ကို ထည့်သွင်းပြောဆိုခြင်းမရှိပါချေ။


ပိုင်ရဲ့၏အဖွဲ့လိုမျိုးအဖွဲ့က သတင်းချက်ချင်းရမှာဖြစ်၏။


ပိုင်ရဲ့မသိသေးဟု သူမယုံပေ။


ချီရှင်းချန် ပိုင်ရဲ့၏ တုံ့ပြန်မှုကို သိရန် ကြိုးစားပြီး ဘယ်ဘက်သို့ တိတ်တဆိတ် ကြည့်လိုက်သည်။ပိုင်ရဲ့က သူ့ကို ကြိုအသိမပေး၍ ဒေါသထွက်မှာကို သူကြောက်၏။


ကံမကောင်းစွာနှင့်ပဲ ပိုင်ရဲ့၏အမူအရာက ပြောင်းလဲမသွားပါချေ။ သူ သင်တန်သားများအပေါ် ဒေါသပုံချရုံသာတတ်နိုင်ခဲ့သည်။

 "မရပ်နဲ့...ပြင်းပြင်းထန်ထန် လေ့ကျင့်"


"...ဘာလို့ဒီလောက်စိတ်တိုနေတာလဲ"


သူ၏ စူးစမ်းလိုစိတ်က ရှောင်ချီလောင်ရှီးကို ကြောက်ရွံ့မှုထက် ကျော်လွန်သွားခဲ့သည်။ဝူချန် မနေနိုင်ဘဲ ပိုင်ရဲ့ဘက်ကို လှည့်လိုက်သည်။ 


"ပိုင်လောင်ရှီးက အရမ်းချောတာပဲ... အရင်က ကိုယ်ခံပညာ လေ့ကျင့်ဖူးလား"


"နိုး"


"F*ck...မကျင့်ဖူးဘူးလား...လောင်ရှီးကန်လိုက်တဲ့အားက အဲဒီလူယုတ်မာနဲ့နံရိုးကို ကန်ချက်နဲ့ ချိုးလိုက်သလိုမျိုး ခံစားရတယ်ဗျာ"


"အဲဒီတုန်းက ငါ နည်းနည်း ဒေါသထွက်သွားတယ်"

ပိုင်ရဲ့က ရှင်းပြသည်။

"ငါ သူ့ကို နည်းနည်း ပြင်းပြင်းလေး ရိုက်မိသွားလောက်တယ်"


၎င်းကိုကြားသောအခါ သင်တန်းသားတွေ အံ့သြသွား၏။ဝူချန်တစ်ယောက်ကပဲ ဆက်သွားရဲလေသည်။သူက ချီရှင်းချန်ကို အဓိပ္ပါယ်ရှိရှိ ကြည့်ပြီး ပိုင်ရဲ့ကို ကြည့်လိုက်၏။

"ပိုင်လောင်ရှီး မနေ့ညက ဖြတ်သွားတာလား"


"မဟုတ်ဘူး" 


ပိုင်ရဲ့က ပွင့်ပွင့်လင်းလင်းဖြေသည်။ 

"ငါ သူ့ကို သွားကြိုတာ"


"အယ် အယ် အယ်"


ခုနက သူတို့ကို အဓိပ္ပါယ်ပါပါ ကြည့်နေသည်က ဝူချန်တစ်ယောက်တည်းဖြစ်သည်။ ယခုမူ လူတိုင်းက သူတို့ကို အဓိပ္ပာယ်ပါပါ ကြည့်လာကြ၏။ချီရှင်းချန်၏ နားတွေ ပူလောင်သွားသည်။


ပိုင်ရဲ့ကို သူ ကြိုက်မှန်း မသိစဥ်က ထိုသို့သော အကြောင်းအရာများကို ကြုံတွေ့ရလျှင် ပိုကောင်းသည်။ သူ့ခံစားချက်တွေကို နားလည်လိုက်သည်နှင့် စနောက်မှုသေးသေးလေးတွေက သူ့ကို ရှက်ရွံ့စေပြီး အချိန်အတော်ကြာ ပျော်ရွှင်စေနိုင်၏။


ပိုင်ရဲ့က သူ့ဘေးမှာ ရပ်နေသည်။ ခေါင်းနည်းနည်းစောင်းလိုက်သည်နှင့် သူ့နားရွက်နီနေသည်ကို မြင်နိုင်၏။ သူ့အမာခံဖန်ငယ်လေးက အရှက်သည်းနေမှန်းသိသဖြင့် ခေါင်းစဉ်ကို ရပ်လိုက်သည်။ 

"နောက်ထပ် ဘာထပ်ပြောချင်သေးလဲ... မဟုတ်ရင် ငါသွားတော့မယ်"


ဝူချန်က သူ့လက်ကို မြှောက်လိုက်သည်။

"…ကျန်သေးတယ်...ကျွန်တော့်မှာကျန်သေးတယ်"


"ပြော"


"ဟီးဟီး ပိုင်လောင်ရှီး"


ဝူချန်က ကျီစယ်လိုသောအပြုံးဖြင့် ပြောလိုက်သည်။ 

"ကျွန်တော်တို့ရဲ့ချီလောင်ရှီးက ရုပ်ချောတယ်၊ အရည်အချင်းရှိပြီး ချမ်းသာတယ်...ကျွန်တော်တို့က သူ့ကို လောင်ရှီးဆီအပ်ထားတာ ...သူ့ကို ကောင်းကောင်း ဆက်ဆံရမယ်နော် ဟားဟားဟား"


"…"

ချီရှင်းချန် ၎င်းကိုကြားပြီးနောက်စိတ်ဆိုးသွားသည်။ 

"ဝူချန်...အရိုက်မခံရသေးလို့ ယားနေတာလား"


"ကြောက်ပါပြီ...ကြောက်ပါပြီလို့"


ဝူချန်က အပြုံးဖြင့် ပြေးထွက်သွားသည်။သူက အရိုက်မခံရလို့ ယားနေခြင်းမဟုတ်ပေ။ဗီဒီယို အဖြစ်အပျက်က ပေါက်ကွဲသွားပြီး ပရိုဂရမ်အဖွဲ့က ထိုအရှိန်နှင့် ကပ်စီးချင်ခဲ့သည်။ သူတို့က F အတန်းအား စကားဝိုင်းကို ဤဦးတည်ချက်သို့ တမင်တကာ ဦးဆောင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။


သူ မပြောဘူးဆိုလျှင်ပင် ပရိုဂရမ်အဖွဲ့အနေဖြင့် ပြောရန် တခြားသူကို ရှာရလိမ့်မည်ပင်။ထိုကြောင့် သူပြောလိုက်သည်က ပိုကောင်း၏။


ထို့အပြင် ပိုင်ရဲ့အတွက် သူ၏ ဟာသကို တုံ့ပြန်ရန် လွယ်ကူသည်။ချီရှင်းချန်ကဲ့သို့ပင်၊ သူက လူတိုင်းကို မစရန်ပြော၍ဖြစ်စေ ပေါ့ပေါ့ပါးပါး စကားအနည်းငယ်ပြောကာဖြစ်စေ သူတို့ကို အရူးလုပ်၍ရသည်။


သို့သော် ပိုင်ရဲ့က ခေါင်းညိတ်လိုက်လေသည်။ 

"ကောင်းပြီ ...ငါသူ့ကိုကောင်း

ကောင်းဆက်ဆံပါ့မယ်"


ဝူချန် အံ့အားသင့်သွားသည်။


"နော်ရာက သူ့အပိုင်ဖြစ်နေပြီလေ...ဒါပေါ့ ငါ သူ့ကို မျက်နှာလုပ်ရမှာပေါ့" 


ပိုင်ရဲ့က ရယ်ရွှင်ဟန်တစ်ဝက်ဖြင့် ချီရှင်းချန်ကို ကြည့်လိုက်သည်။ 


"ဟုတ်ရဲ့လား ဘော့စ်လေး"