Chapter 92
ထိုအချိန်တုန်းက သူ၏မျက်နှာကို ထိခိုက်မိမည်စိုးသည့်အတွက် ဤထက်ပို၍ပင်မနူးညံ့လောက်အောင်အထိ နူးညံ့စွာလုပ်ပေးခဲ့သည်။
ကြည့်ရသည်မှာ ဤဖန်ကလေးသည် သူ့တစ်ယောက်တည်းအပေါ်သာနူးညံ့ငြင်သာတတ်ပြီး သူ့ကိုယ်သူတော့ကြမ်းတမ်းတတ်ပုံပင်။
ပိုင်ရဲ့ဘေးမှရပ်ကြည့်နေစဉ်အတွင်း သူ့ကိုလာစင်သည့်ရေစက်များကြောင့် သူ၏နှလုံးသားမှာနူးညံ့သွားရသည်။ ချီရှင်းချန်မှာမူ အင်အားများစွာသုံးပြီးနောက်မှသာ အဆုံးတွင် သူ၏မျက်နှာနှင့်ဆံပင်ပေါ်ရှိခရင်များကိုဖယ်ရှားနိုင်ခဲ့သည်။ မျက်လုံးထဲရေဝင်သွားမည်ကိုစိုးသည့်အတွက် မျက်နှာသစ်နေစဉ်အတွင်း သူ၏မျက်လုံးများကိုမှိတ်ထားကာ မတ်မတ်ရပ်နေခဲ့လေသည်။
ခဏအကြာတွင် သူ၏ခေါင်းပေါ်သို့နူးညံ့သောအဝတ်စတစ်ခုရစ်ပတ်လာပြီး အသံတစ်ခုမှာနားထဲဝင်လာခဲ့သည်
" မလှုပ်နဲ့ ကိုယ်မင်းကိုကူပေးမယ်…"
ထိုအသံမှာပိုင်ရဲ့၏အသံပင်။ ၎င်းကိုကြားလိုက်ရချိန်၌ ချီရှင်းချန်၏ခြေထောက်များမှာ ပျော့ခွေသွားရသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို တွေးမိသွားသည်မှာ ဤအပြုအစုခံပိုင်သခင်ငယ်လေးက တစ်ရှုးတောင်ပါမလာတာ မျက်နှာသုတ်ပုဝါဘယ်ကရလာလဲဟူ၍ သူတွေးလိုက်မိသည်။
ချီရှင်းချန်၏လက်များမှာ ဘောင်းဘီဘေးတွင် မူလတန်းကလေးများကဲ့သို့ချထားပြီး နာနာခံခံဖြင့်ရပ်နေကာ ပိုင်ရဲ့သူ့ကိုခေါင်းသုတ်ပေးနေစဉ်အတွင်း ပုဝါ၏ရင်းမြစ်ကိုတွေးတောနေမိသည်။
ထိုပုဝါမှာနူးညံ့ကာ အနွေးဓာတ်အနည်းငယ်ရှိနေခဲ့သည်။
သူ၏ဆံပင်မှာတစ်ဝက်ခန့်ခြောက်သွားပြီး မျက်လုံးပေါ်ရှိရေစက်များကိုသုတ်ပြီးသွားချိန်မှသာ ချီရှင်းချန် မျက်လုံးများကိုဖွင့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏နှလုံးမှပါးစပ်ထဲမှခုန်ထွက်လာတော့မလိုပင်။
ပိုင်ရဲ့မှာ ဝတ်ထားသည့်တီရှပ်အစကိုယူကာ အရှေ့ဘက်ဖြင့် သူ၏မျက်နှာကိုဂရုတစိုက်သုတ်ပေးနေခဲ့သည်။
သူတကယ်ကြီးကွက်တိဝတ်ထားသည့်တီရှပ်ကိုသုံးနေခြင်းဖြစ်ရာ အနွေးဓာတ်အနည်းငယ်ရနေခဲ့သည်မှာ အံ့ဩစရာမကောင်းတော့ဘူးပဲ…
ချီရှင်းချန်၏သွေးကြောများမှာ ပေါက်ကွဲထွက်လုမတတ်ဖြစ်လာရကာ သူ၏နှလုံးမှာဆက်တိုက်ဆိုသလို ခုန်ပေါက်လာခဲ့သည်။ ပို၍ကြောက်ဖို့ကောင်းသည့်အရာသည်ကား ထိုတီရှပ်မှာမည်မျှပင်လျော့ရဲနေပါစေ အပေါ်သို့ဆွဲတင်လိုက်ချိန်၌ ပိုင်ရဲ့၏အသားအရည်ကို သေချာပေါက် ဖော်ပြနေလိမ့်မည်ပင်။
ထို့ကြောင့် ချီရှင်းချန် အောက်ကိုသာငုံ့ကာ ပိုင်ရဲ့၏ချောမွေ့နေသောဝမ်းဗိုက်ကြွက်သားများနှင့် နက်ရှိုင်းသည့်ရေသူမလိုင်းကို အနည်းငယ်ခိုးကြည့်လိုက်မိသည်။
သူ ပိုင်ရဲ့၏တင်ပဆုံရိုးတစွန်းတစ်စကိုတောင်မြင်နေရတာပဲ…
ဒါကြီးက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်… ချီရှင်းချန် ဆက်မကြည့်ရဲတော့ဘဲ သူ၏အကြည့်ကိုသာ အခြားနေရာသို့အမြန်လွှဲလိုက်ရသည်။
ကံကောင်းစွာဖြင့် ချီရှင်းချန်၏မျက်နှာမှာသေးငယ်သည့်အတွက် ခဏအတွင်းသုတ်ပြီးသွားခဲ့သည်။ အချိန်အနည်းငယ်အကြာတွင် ပိုင်ရဲ့ လက်ကိုလွှတ်ပေးလိုက်ကာ သူ၏အင်္ကျီမှာကိုယ်ပေါ်တွင် ပြန်သွားကပ်နေခဲ့ပြီး ၎င်းမှာစိုစွတ်ကာ သက်တောင့်သက်သာမရှိပုံပေါ်နေသည်။
ပိုင်ရဲ့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး " အပြင်မထွက်ခင် ခြောက်တဲ့အထိခဏစောင့်လိုက်တာပေါ့…အခုကအပြင်မှာလေအရမ်းတိုက်နေတယ်…"
" အမ်း… ကျေးဇူးပါနော်…"
" ရပါတယ်…" ပိုင်ရဲ့ ချီရှင်းချန်၏မျက်လုံးများမှာ အနည်းငယ်နီမြန်းနေသည်ကို မြင်လိုက်ရခြင်းကြောင့် " ကိုယ်တို့ကနယ်ပယ်တစ်ခုတည်းကလူတွေပဲလေ… သူတို့ဘက်က အလျော့မပေးသေးသရွေ့ နောက်ကြရင်အလုပ်အတူလုပ်ဖို့အခွင့်အရေးရှိပါသေးတယ်… အရမ်းဝမ်းမနည်းပါနဲ့…"
ချီရှင်းချန် အသံတိုးတိုးဖြင့် ပြောလိုက်သည် " တကယ်တော့ ကျွန်တော်ဝမ်းမနည်းပါဘူး…သူတို့ကဒီအတိုင်းဝမ်းနည်းနေကြတော့ နှာခေါင်းထဲနည်းနည်းနာလာရုံလေးပဲ… မငိုခဲ့ပါဘူး… ကျွန်တော်တကယ်မငိုခဲ့တာပါ.."
ပြောလေလေ သူ၏အသံမှာအက်ကွဲလာလေလေဖြစ်သည်။ အမှန်တကယ်ကိုပင် သူမငိုလာခဲ့ပေ။ ဒီအတိုင်းထိန်းချုပ်ထားခြင်းသာဖြစ်သည်။
သို့သော်လည်း ပိုင်ရဲ့၏နှစ်သိမ့်စကားများကိုကြားလိုက်ရချိန်တွင် သူ၏ခက်ခက်ခဲခဲတည်ဆောက်ထားသောနံရံကြီးမှာ တခဏအတွင်းပြိုလဲသွားခဲ့သည်။ သူ၏လည်ချောင်းမှာနာကျင်လာကာ မျက်လုံးထဲမှတစ်စုံတစ်ရာမှာ တားမရအောင်ကျဆင်းလာသည်။
" ငိုချင်ရင် ငိုချလိုက်လို့ရပါတယ်…"
ပိုင်ရဲ့၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသောအမူအရာတစ်ခုရှိနေခဲ့သည်။ တစ်စုံတစ်ယောက်ကို သူမည်သို့နှစ်သိမ့်ပေးရမည်ကို သူမသိနေပေ။ သို့သော်လည်း ဆက်၍ငိုကြွေးနေပါက သူ၏ဖန်ကလေး နာကျင်ထိခိုက်သွားမည်ကိုစိုးသည့်အတွက် လက်ကိုဆန့်ကာ ချီရှင်းချန်၏မျက်လုံးများကိုအုပ်ထားလိုက်သည်
" အဆင်ပြေပါတယ်…ဘယ်သူမှမမြင်ရတော့ဘူးနော် ဒီလိုဆိုရင် ရှက်ဖို့မကောင်းတော့ဘူး…"
" အရှက်ရမှာကို ကြောက်တာမဟုတ်ပါဘူး… ကျွန်တော်ဒီအတိုင်း ဒီလိုကိစ္စမျိုးနဲ့မငိုချင်ရုံပါ…"
" အင်းပါ မငိုနဲ့တော့နော်…" ပိုင်ရဲ့ ချီရှင်းချန်၏တဖျပ်ဖျပ်ခတ်နေသောမျက်တောင်များကြောင့် ယားယံသွားရသည်။
ခဏအကြာ၌ စိုစွတ်နေသောခံစားချက်မှာ သူ၏လက်ဖဝါးပေါ်မှ ထွက်ပေါ်လာခဲ့သည်။
ချီရှင်းချန်ကိုချော့မော့ကာ ကယ်ဗင်၏အသင်းသားများထံ သွားကြည့်ပြီးနောက် ပိုင်ရဲ့ သူ၏ဖန်ကလေးကို ဟိုတယ်သို့ပြန်ခေါ်လာခဲ့ပြီး အချိန်မှာညကိုးနာရီဖြစ်နေပြီပင်။
ညစာထွက်စားရန်အလွန်နောက်ကျနေပြီဖြစ်သည့်အတွက် သူတို့နှစ်ဦး ညဘက်အဆာပြေစားရန်မုန့်အချို့ကိုသာ မှာစားလိုက်ကြသည်။ ပုံမှန်အတိုင်းပင် ပိုင်ရဲ့မှနွားနို့ကိုသာမှာခဲ့ပြီး ချီရှင်းချန်မှာမူ နို့နှင့်အဆာပြေမုန့်အနည်းငယ် မှာယူခဲ့သည်။ စားသောက်ပြီးစီးသွားချိန်၌ ချီရှင်းချန် ဗိုက်ကိုပွတ်ကာ အိပ်စက်အနားယူရန် အခန်းစီသို့ ပြန်လာခဲ့သည်။
နောက်တစ်နေ့တွင် ရိုက်ကူးရန်များစွာမပါရှိဘဲ အဓိကအားဖြင့် ပြိုင်ပွဲဒုတိယအကျော့၏စည်းမျဉ်းများကို ကြေငြာရန်နှင့် သင်တန်းသားများအား သီချင်းနှင့်အဖွဲ့သားရွေးရန်တွင် ညွှန်ပြပေးရုံမျှသာဖြစ်သည်။ နေ့တစ်ဝက်ခန့်ရိုက်ကူးပြီးနောက် နောက်လာမည့်ရိုက်ကူးရေးမှာ ဆယ်ရက်အကြာမှဖြစ်သည့်အတွက် ချီရှင်းချန် ပိုင်ရဲ့ကိုနှုတ်ဆက်ကာ အိမ်ပြန်ရန်ကားပေါ်သို့တက်လာလိုက်သည်။
အချိန်အတော်ကြာ အတန်းFနှင့်အတူ ညနက်သည်အထိလေ့ကျင့်ပေးခဲ့ရသောကြောင့် ချီရှင်းချန် အလွန်အိပ်ငိုက်နေကာ အားသည်နှင့်ထိုးအိပ်လိုက်လေသည်။ သူ၏အိပ်တဝက် နိုးတဝက်အခြေအနေတွင် အန်းရန်၏တွန့်ဆုတ်နေသောအသံကို ကြားလိုက်ရသည်။
" ဒါက ကောင်းတဲ့တုံ့ပြန်မှုတော့မဟုတ်ဘူး…သူကအိပ်ပျော်နေတယ်လေ…နိုးလာမှပဲမေးကြည့်လိုက်တော့မယ်…"
" ဘာကိစ္စလဲ…" ချီရှင်းချန် အနောက်ခုံမှထလာလိုက်သည်။
" သူနိုးလာပြီ…" အန်းရန် ဖုန်းချလိုက်သည် ကျွန်မနောက်မှပြန်ခေါ်လိုက်မယ်…"
အန်းရန်၏အသံမှာ တစ်စုံတစ်ယောက်နှင့် လက်ရှိအခြေအနေအပေါ်ဆွေးနွေးနေခြင်း ဖြစ်နိုင်ပေမည်။ ထင်သည့်အတိုင်းပင် အန်းရန် သူ၏ဘေးသို့ပြောင်းထိုင်လိုက်ကာ တိုက်ရိုက်ပြောလာခဲ့သည် " ကိစ္စကနှစ်ခုရှိတယ်…ပထမတစ်ခုကတော့ ကယ်ဗင်ကိုစီမံပေးနေတဲ့ကုမ္ပဏီက သူပြိုင်ပွဲက နှုတ်ထွက်တဲ့အကြောင်းကို တင်ပေးလိုက်ပြီ… ဒုတိယတစ်ခုကတော့ ဒီညပဲသူ့သီချင်းတစ်ပုဒ်ထွက်လာတယ်…အကြောင်းအရာကတော့ မင်းလည်းမှန်းနိုင်မှာပါ…"
ကယ်ဗင်ဘက်မှ ဘယ်လိုအကြောင်းအရာကိုများ တင်လာမည်နည်း။ သူ့ကိုစောင်းတုတ်နေသည်ပဲ ဖြစ်နိုင်မည်ပင်။ ချီရှင်းချန်မှာ ပြသနာရှာရသည်ကိူ မနှစ်သက်သူဖြစ်လေရာ ကယ်ဗင်ကိုလျစ်လျူရှူထားလိုက်ပြီး စီအင်တာတိန်းမန့်၏ထုတ်ပြန်ချက်အတွက် ပြင်ဆင်ထားရန် ဝေ့ပေါ်ကိုသာဖွင့်ကြည့်လိုက်သည်။
တခဏအတွင်း အသိပေးချက်များစွာပေါ်လာခဲ့ပြီး သူ၏ဖုန်းမှာ အချက်ပေးသံများကြောင့် မြည်ဟီးလာသောကြောင့် ချီရှင်းချန် သီးသန့်ပို့လာသည့်စာများ ပျောက်သွားသည်အထိစောင့်နေလိုက်ရသည်။
[ ချမ်းသာတော့ရောဘာဖြစ်လဲ… မင်းကတခြားသူတွေကို ဘယ်လိုအနိုင်ကျင့်ရမလဲပဲသိတဲ့ခွေးတစ်ကောင်ပဲဟာ…မင်းရဲ့ရွှေချထားတဲ့ခွေးအသိုက်ထဲကိုပဲ ပြန်သွားလိုက်စမ်းပါ…]
ချီရှင်းချန်၏အမူအယာမှာတည်ငြိမ်နေပြီး နောက်စာတစ်စောင်ကို ဖွင့်ကြည့်လိုက်သည်။
[ သင်္ချိုင်းကငါ့ကိုပြောလာတာ မင်းအမေရဲ့ပြာတွေကို ရွှေချထားသင့်တယ်တဲ့… မင်းတို့မိသားစုကအရမ်းချမ်းသာတယ်ဆိုတော့ ငါလည်းလုပ်ခိုင်းလိုက်တယ်… နောက်ကြလည်းမင်းတို့သုံးလို့ရတာပေါ့…]
ချီရှင်းချန်၏အမူအယာမှာ လေးနက်သွားခဲ့သည်။ မူလကိုယ်၏မိခင်မှာ သူအလွန်ငယ်သေးသည့်အချိန်ကတည်းက ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။ သူအနေဖြင့် သူ့ကိုဆဲဆိုနေကြခြင်းအပေါ် မည်သို့မှမနေသော်လည်း သူ၏မိသားစုများနှင့်ကွယ်လွန်ပြီးသူများအပေါ် ဤသို့ပြောနေခြင်းမှာ ရွံ့စရာကောင်းနေသည့်အတွက် ထိုသူ၏စာများကို screenshotယူကာ အိုင်ဒီကိုမှတ်ထားလိုက်သည်။
တတိယစာမှာမူ : [ မင်းလိုမျိုးရွံ့ဖို့ကောင်းတဲ့သူက ဒိုင်တစ်ယောက်ဖြစ်ဖို့ ဘာအရည်အချင်းရှိလို့လဲ…မင်းမှာ မျက်နှာနဲ့ပိုက်ဆံကလွဲရင် ဘာများရှိနေလို့လဲနော်…ငါမင်းရဲ့အိုင်ကျူကိုတူးထုတ်ပြီး စကေးနဲ့တိုင်းကြည့်ရင်တောင်ရပါ့မလား… မင်းရဲ့သုံးစားလို့မရတဲ့အိုင်ကျူနဲ့အောက်ပိုင်းကို ထုတ်ပြမနေစမ်းပါနဲ့…]
ထိုစာသုံးစောင်ဖြင့် အခြားသောစာများနှင့်သူ၏အဓိကစာမျက်နှာပေါ်မှ မန့်များမှမည်သို့ရှိကြမည်ကို ချီရှင်းချန်ခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် သူစာများကိုပိတ်ကာ ကယ်ဗင်ကိုစီမံပေးနေသည့်ကုမ္ပဏီ၏တရားဝင်ဝေ့ပေါ်ကိုသာ ရှာကြည့်လိုက်သည်။
ပထမတစ်ခုမှာ ကယ်ဗင်၏ပြိုင်ပွဲမှနှုတ်ထွက်ခြင်းအကြောင်း ထုတ်ပြန်စာဖြစ်သည်။
စီအင်တာတိန်းမန့် တရုတ် : ယမန်နေ့နေ့လည်ခင်းတွင် ကျွန်တော်တို့၏အနုပညာရှင်ကယ်ဗင်မှ အချို့သောအကြောင်းပြချက်များကြောင့် My Timeကနေနှုတ်ထွက်ခဲ့ပါတယ်။ ပြိုင်ပွဲအတွင်း သူ့ကိုရွေးချယ်ကာ မဲပေးခဲ့သူများနှင့်အားပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပြီး ယခုအချိန်မှစ၍ ကယ်ဗင်၏ပုံစံအသစ်ဖြင့် ဖျော်ဖြေမှုများကို မြင်ရတော့မှာပါ။ ပရိသတ်များအနေဖြင့် ကယ်ဗင့်အပေါ်ဆက်လက်စောင့်ကြည့်အားပေးသွားကြရန် မျှော်လင့်မိပါသည်။
ရိုးရှင်းသောစာနှစ်ကြောင်းသာဖြစ်ပြီး မည်သည့်အရာကိုမှ များစွာပြောဆိုထားခြင်းမရှိချေ။ သို့သော်လည်း ထိုအချို့သောအကြောင်းပြချက်ဟူသောစကားမှာ အလွန်သိမ်သိမ်မွေ့မွေ့နှင့်ပညာသားပါလှပြီး လူထု၏အတွေးများကို ဖြာထွက်သွားစေခဲ့သည်။
အထူးသဖြင့် ဤထုတ်ပြန်ချက်မှာ ချီရှင်းချန်၏အထောက်အထားပေါက်ကြားသွားသောလက်ရှိအရေးကြီးအခြေအနေနှင့် နောက်လာမည့်အပိုင်းကို ထုတ်လွှင့်မပြသခင်တွင်ဖြစ်သည်။ ၎င်းမှာလူထုအား ချီရှင်းချန်သည် သူ၏နောက်ခံအင်အားကိုသုံး၍ ရေပန်းစားနေသောသင်တန်းသားကို အတင်းအကြပ်မောင်းထုတ်ခဲ့သည်ဟု ခံစားသွားစေခဲ့သည်။
ချီရှင်းချန် ဖုန်းမျက်နှာပြင်ကိုပိတ်ကာ အန်းရန်ကိုမေးလိုက်သည် " ခုဏကဖုန်းပြောနေတာ ဒါရိုက်တာနဲ့မလား…"
" ဟုတ်တယ်…"
" သူ့ဆုံးဖြတ်ချက်က ဘာတဲ့လဲ…"
" သူကတော့ ဆရာငါးယောက်စလုံးကို အတူပြောခိုင်းမယ်တဲ့… အဲ့အတွက်ဇာတ်ညွှန်းအတိအကျကိုတော့ မရေးရသေးဘူး…"
အကယ်၍သာ ဆရာငါးယောက်စလုံးမှ တပြိုင်တည်းတုံ့ပြန်လာပါက ဖန်အင်အားတောင့်သည့်အတွက် ပြသနာကိုဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ကျန့်ယွီယန်နှင့်အခြားသူများအား ရွံ့ရေထဲသို့ဆွဲချသလို ဖြစ်သွားပေလိမ့်မည်။ ချီရှင်းချန် ပိုင်ရဲ့၏အရှေ့ထွက်ပေးခြင်းကြောင့်ပင် အားနာနေရမည်ဖြစ်ကာ အခြားသူများကိုထပ်မံ၍ သူ့အတွက်နှင့်အရှေ့ထွက်ရပ်မပေးစေချင်လိုပေ။
" ဒါရိုက်တာကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမတုံ့ပြန်ဖို့ပြောလိုက်… ကျန်တာကိုနောက်မှပြောကြမယ်…" ချီရှင်းချန် ခဏမျှတွေးလိုက်ပြီးနောက် " ဘယ်လိုပဲဖြစ်ဖြစ် တတိယအပိုင်းလွှင့်တဲ့အချိန်ကြရင် လူတိုင်းသိသွားမှာပဲဟာ…"
" ကောင်းပြီ…" အန်းရန်ပြန်ဖြေလိုက်သော်လည်း သူ၏မျက်နှာပေါ်မှ စိုးရိမ်နေသောအမူအယာမှာမူ မပျောက်သွားခဲ့ပေ။
ရှိုးထုတ်လွှင့်ရန်အချိန်ငါးရက်မျှ လိုသေးသည်ဖြစ်ရာ ထိုအချိန်မှ လူထုက ပြိုင်ပွဲအတွင်းကယ်ဗင်၏ တစ်စုံတစ်ရာမှားယွင်းနေသော အပြုအမူကို သိသွားကြလျှင်ကော သူတို့ဘာလုပ်နိုင်တော့မည်နည်း။
ထိုအချိန်ရောက်လျှင် ချီရှင်းချန်အား ဆဲဆိုချင်သည့်သူများမှာလည်း ဆဲလို့ဝသွားပြီး ကီးဘုတ်ဖိုက်တာများမှာလည်း ပျော်၍ပြီးသွားလောက်ပြီဖြစ်သည်။ ကယ်ဗင်၏ဘက်မှာမူ လုံလောက်သောသနားကြင်နာမှုနှင့် ဖန်များပိုရသွားရုံသာမက ယခုထက်ပင်ပို၍နာမည်ကျော်သွားမည်သာ…
ထိုအခါမှ တုံ့ပြန်ခြင်းမှာ မည်သည့်အကျိုးမှမရှိနိုင်ပေ။
ထို့အတူ အစောပိုင်းတည်းဖြတ်ခြင်းများကြောင့် ချီရှင်းချန်နှင့်ကယ်ဗင်တို့အကြား တရုတ်ဘာသာစကားလေ့လာခြင်းပဋိပက္ခမှာ ကြည့်ရှုသူများ၏မျက်လုံးထဲတွင် ထင်းနေခဲ့ပြီးဖြစ်သည်။ အကယ်၍သာ တစ်စုံတစ်ယောက်မှာ ချီရှင်းချန်အမှားလိုက်ရှာနေသည်ဟု တမင်တကာလမ်းလွှဲပေးလိုက်ပါက သူတို့၎င်းသံသယကို ရှင်းလင်းလိမ့်နိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူမ၏အိုင်ဒေါမှမဖြေရှင်းချင်နေသည့်အတွက် အန်းရန်လည်းဆက်လက်တွန်းအားမပေးနေတော့ချေ။ ဖြေရှင်းနိုင်မည့်နည်းလမ်းစဉ်းစားရင်းဖြင့်သာ ခါးသီးနေသောမျက်နှာဖြင့် သူမ၏ထိုင်ခုံစီသို့ပြန်သွားလိုက်သည်။
ချီရှင်းချန် သူမ၏ခံစားချက်ကို နားလည်နေသည့်အတွက် စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် ယခုမှပိတ်ထားသည့်ဖုန်းမျက်နှာပြင်မှာ ရုတ်တရက်လင်းလာခဲ့လေသည်။
ဖုန်းဆက်လာသူမှာ ချီယွီကျီးဖြစ်နေသည့်အတွက် သူ့ကိုအိမ်အမြန်ပြန်လာရန် ခေါ်နေခြင်းဖြစ်မည်ဟုသာ ခန့်မှန်းမိလိုက်သည်။
ချီရှင်းချန် ဖုန်းဖြေလိုက်ကာ အိမ်ပြန်သည့်လမ်းတွင်ရောက်နေပြီဖြစ်ကြောင်း ပြောလိုက်သည်။ ချီယွီကျီးမှာမူ အပျော်လွန်သွားပြီး ဂရုတစိုက်ပြန်လာရန်နှင့် အိမ်ရောက်ချိန်တွင် အစားကောင်းစားရန်အတွက် ဗိုက်ထဲတွင်နေရာအချို့ချန်ထားပေးရန် မှာလာခဲ့သည်။
ချီရှင်းချန် ဆွံ့အသွားရလေသည်။
သူ့အစ်မ၏ဟင်းချက်စကေးမှာ အစားကောင်းဟု ပြောနိုင်မည်မဟုတ်ပေဘူးလား…
တစ်ဖက်တွင်မူ ချီယွီကျီးသီချင်းအနည်းငယ်ညည်းကာ ဖုန်းချလိုက်သည်။ ဝမ်းကွဲအစ်မကြီး၏အမူအယာကြောင့် ချီကျားကျစ် အနိုင်ရသူဘုရင်ဂိမ်း(King of Glory)ဆော့နေရာမှမော့ကြည့်လာကာ အလောတကြီးမေးလိုက်လေသည် " ကျဲ ရှင်းရှင်းကောပြန်လာမယ်တဲ့လား…"
" သူဘယ်လောက်ပျော်နေလဲဆိုတာကြည့်လေ.." ချီရှောင်မင်မှ ပြောလာသည် " သေချာပေါက် ရှင်းရှင်းပြန်လာမှာပေါ့…"
" ပြန်လာလိမ့်မယ်တင်မကဘူး…"
ချီယွှီကျီး တမင်တကာစကားကိုအချိန်ဆွဲ၍ပြောလိုက်ပြီး လူတိုင်းမှသူမကိုသိချင်ဇောဖြင့် ကြည့်လာချိန်မှသာ ဆက်ပြောလိုက်သည် " သူကအခုအိမ်ကိုပြန်တဲ့လမ်းမှာလေ…တစ်နာရီလောက်နေရင် ရောက်မယ်တဲ့…"
" တကယ်ကြီး… အစ်မပြောတာအမှန်ပဲလား…"
ချီကျားကျစ် ဂိမ်းထဲတွင် အဖွဲ့လိုက်တိုက်ပွဲဝင်နေရာမှ ထွက်လိုက်ပြီး ထရပ်ကာ ပြောလိုက်သည် " ကျွန်တော် ရှင်းရှင်းကောအတွက် လက်ဆောင်သွားဝယ်ဦးမယ်… စားဖို့မစောင့်ကြနဲ့နော် သွားပြီ တာ့တာ…"
ပြောပြီးသည်နှင့် ချီကျားကျစ် လေကဲ့သို့ ဝှစ်ခနဲပျောက်သွားခဲ့သည်။
" ဒီကလေးကတော့လေ ဘယ်တော့မှသူ့ရဲ့နမော်နမဲ့အကျင့်ကို ပြင်တော့မှာလဲမသိ…" ချီယွီကျီး ချီကျားကျစ်ပစ်ချထားခဲ့သော ဘယ်လ်ဂျီယံဘဲမွှေးဖြင့်လုပ်ထားသည့်လက်တင်ခေါင်းအုံးကိုကောက်ကာ ပြောလိုက်သည် " ဒါနဲ့ ကော…လွန်ခဲ့တဲ့နှစ်ရက်က ရှင်းရှင်းကိုအကောက်ကြံတဲ့လူအိုကြီးကို ရှာတွေ့ပြီလား…"
" အင်း သူက Yမြို့ကစီးပွားရေးသမားတစ်ယောက်ပဲ မျိုးရိုးကဝမ်တဲ့…" ချီယွမ်ရှောင်မှ ပြန်ဖြေလာသည်။
အဖေချီလည်း မေးချင်နေသည်နှင့်အတော်ဖြစ်သွားသောကြောင့် ခေါင်းတဆတ်ဆတ်ဖြင့် မေးလိုက်လေသည် " သူကဘာလုပ်ငန်းလုပ်တာတဲ့လဲ…"
ချီယွမ်ရှောင်မှ " သားဆက်ခြားတဲ့ပစ္စည်းတွေ…"
ပုံမှန်လူများအဖို့ မိသားစုနှင့်ဤကဲ့သို့ပစ္စည်းများအကြောင်းပြောရာတွင် ကိုးရိုးကားယားနိုင်မည်ဖြစ်သော်လည်း ယခုအချိန်တွင် စီးပွားရေးသမားတစ်ယောက်ထုတ်လုပ်ထားသောအရာဖြစ်သည့်အတွက် ကုန်ပစ္စည်းတစ်ခုအနေ
ဖြင့်သာ ပြောဆိုနေမိကြသည်။
ချီယွမ်ရှောင်မှ ထပ်ပြောလာသည် " အဓိကထုတ်တာတော့ ကွန်ဒုံး ချောဆီနဲ့ လိင်မှုရေးရာအရုပ်တွေပဲ…"
" ဒီလိုထုတ်လုပ်ရေးနယ်ပယ်မျိုးကြတော့…"