အပိုင်း ၁၀၀
Viewers 29k

Chapter 100




ချီရှင်းချန် တည်းခိုသည့်အခန်းတွင် မီးဖိုချောင်အသေးစားတစ်ခုရှိသော်လည်း မီးဖိုချောင်သုံး ကိရိယာအစုံအလင် မရှိပါချေ။ နွားနို့ကျိုရန်နှင့် ဧည့်သည်များ အစားအစာအပူပေးရန်အတွက်သာ အဓိကပြင်ဆင်ထားခြင်းဖြစ်သည်။


သို့ပေမဲ့ အသားကြော်ရန်နှင့်ခေါက်ဆွဲပြုတ်အတွက် လုံလောက်၏။သူအသားကို အိုးထဲသို့ထည့်ကာ ဖြည်းဖြည်းချင်းကြော်ခဲ့သည်။ ပုဇွန်ကို ချေးကြောင်းဖယ်ပြီး ရေနှင့်ပြုတ်လိုက်သည်။ အသီးအရွက်တွေကို ရေဆေးပြီး လှီးဖြတ်ကာ ချက်နည်းအတိုင်း အသုတ်ဆော့စ်နှင့် ရှာလကာရည်ကို ရောမွှေလိုက်သည်...


နေ့လည်ငါးနာရီခွဲတွင် ပိုင်ရဲ့ အသံသွင်းပြီး၍ ဟိုတယ်သို့ပြန်လာခဲ့သည်။ အခန်းထဲမ၀င်ခင်မှာ ဘေးခန်းကလူက သူ့ကိုတားလာသည်။


"ခဏနေဦး...တံခါးမပိတ်နဲ့"


ပိုင်ရဲ့: "ဟမ်"


ချီရှင်းချန်က ဘာမှ မပြောပါချေ။သူက ပန်းကန်ပြားနှစ်ချပ်ကို ပိုင်ရဲ့၏ အခန်းထဲသို့ ယူသွားပြီး စားပွဲပေါ်တင်လိုက်သည်။


သူအခန်းထဲသို့ ပြန်လှည့်ကာ ပန်းကန်ပြားနှစ်ချပ်ထပ်ထုတ်လာလိုက်သည်။


"ကောင်းပြီ" 

ချီရှင်းချန်က လက်ခုပ်တီးလိုက်သည်။ "မီးဖိုချောင်အခြေအနေက အကန့်အသတ်ရှိတယ်...အဲဒါကို စိတ်မရှိပါနဲ့"


ပိုင်ရဲ့ တစ်ချက်ကြည့်လိုက်သည်။ ခရမ်းချဉ်သီးနှင့် အသားဆော့စ်၊ အရွက်သုပ်၊ ပင်လယ်ဆားနှင့် ပုဇွန်ကြော်၊ သစ်သီးလင်ပန်း...


ကောင်လေးပြောသည်က မှန်၏။ မီးဖိုချောင်က အကန့်အသတ်ရှိသည်။ ဤဟင်းလျာတွေကို ချက်ပြုတ်ရန် အများကြီး အားထုတ်ရမည်ပင်။


သူ့နှလုံးသားက ပျော့ပျောင်းသွားပေမဲ့ သူ့အတွေးတွေက ပို၍ပင် ထိန်းချုပ်၍မရတော့ပေ။


ဖန်လေးက အခု သူ့အတွက် ဟင်းချက်ပေးနေတယ်...လွန်ခဲ့တဲ့ရက်အနည်းငယ်က သူအိမ်မှာရှိတုန်းက အဲဒီလူအတွက်ရော ချက်ပေးခဲ့တာလား...


ဖန်လေးက သူ့အပေါ်ပဲ အရမ်းကောင်းခဲ့တာလား ဒါမှမဟုတ် ... သူနဲ့ နီးစပ်သူတိုင်းအပေါ် အရမ်းကောင်းခဲ့တာလား...


သူ့လက်တော့ပ်နှင့် ဆဲလ်ဖုန်းကို ချပြီးနောက်ပိုင်ရဲ လက်ဆေးရန် ရေချိုးခန်းသို့ သွားလိုက်သည်။ သူထွက်လာသောအခါ၊ ချီရှင်းချန်က ခရင်း၊ဇွန်း၊တူ၊ပန်းကန်ပြားများကို ပြင်ထားပြီးသားဖြစ်နေပြီး စားပွဲမှာ စောင့်နေသည်။


ထမင်းစာပွဲက အနည်းငယ်တိတ်ဆိတ်နေသည်။ အများစုက ချီရှင်းချန်က မေးသူဖြစ်ပြီး ပိုင်ရဲ့ကဖြေသည်။

မကြာခင်ဟင်းပွဲတွေ အကုန်ကုန်သွားပြီး နည်းနည်းမှ အလဟဿ မဖြစ်ခဲ့ပေ။


ချီရှင်းချန် ပန်းကန်ပြားများကို ဆေးကြောရင်း သက်ပြင်းချလိုက်သည်။


သူ ပိုင်ရဲ့ကို ကောင်းကောင်းမချော့နိုင်ခဲ့ဘူး...


သို့သော် သူက အလွယ်တကူ အရှုံးပေးတတ်သူမဟုတ်ပေ။ပိုင်ရဲ့နှငွ စားပွဲကို သန့်ရှင်းရေးလုပ်ပြီးနောက် သူက ဇာတ်ညွှန်းကို ထုတ်ကာ ချိုချိုသာသာလေးပြောလိုက်သည်။

"ကော ကျွန်တော့်ကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီမယ်လို့ ကတိပေးထားတယ်လေ"


"ကောင်းပြီ" 

ပိုင်ရဲ့က သူ့မျက်ခုံးကြားကို ဖိလိုက်သည်။

"ငါ့ကိုကြည့်ခွင့်ပြု"


ချီရှင်းချန်က ဇာတ်ညွှန်းနှစ်ခုကိုဖွင့်ပြီး ပိုင်ရဲရှေ့မှာ တင်လိုက်၏။ပိုင်ရဲ့က နားထင်တွေကို လက်တစ်ဖက်နှင့်ဖိထားရင်း စာမျက်နှာတွေကို နောက်တစ်ဖက်ကိုလှန်လိုက်သည်။


သူ၏ သွယ်လျသောလက်ချောင်းများနှင့်ပေါ်နေသော လက်ကောက်ဝတ်များက စာမျက်နှာများထက် ပိုဖြူသည်။ချီရှင်းချန်က သူတို့ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီးနောက် နားရွက်နီနီများဖြင့် အဝေးကို ကြည့်လိုက်သည်။


သိပ်မကြာခင်မှာပဲ ပိုင်ရဲ့ ဖတ်ပြီးသွား၏။ သူက ခဏလောက် စဉ်းစားလိုက်သည်။ 

"အန်းရန်က ဇာတ်ညွှန်းတွေကို သေချာဂရုတစိုက်ရွေးချယ်ခဲ့တာပဲ...တီဗီစီးရီးနှစ်ခုရဲ့ ဇာတ်ကွက်တွေနဲ့ အဖွဲ့တွေက ကောင်းတယ်...ပထမတစ်ခုက မင်းရဲ့လက်ရှိအခြေအနေနဲ့ သင့်တော်တယ်...မင်းရဲ့နာမည်ကျော်ကြားမှုကို တိုးမြှင့်ဖို့ကောင်းတယ်...ဇာတ်ကောင်တွေက မင်းရဲ့ပုံရိပ်အတွက် သင့်တော်တယ်... ထိန်းချုပ်ရတာ ပိုလွယ်တယ်"


"နောက်တစ်ခုက ဝဘ်စီးရီး... ဇာတ်ကောင်တွေရဲ့ နောက်ခံနဲ့ အတွင်းပိုင်းဒရာမာတွေက ပိုရှုပ်ထွေးတယ်...ထိန်းချုပ်ရအတော်လေးခက်ခဲတယ်... ဒါပေမဲ့ မင်းက အဓိကဇာတ်ဆောင်နေရာယူထားတာ... မင်းကောင်းကောင်းသရုပ်ဆောင်ရင် ဝဘ်စီးရီးထက် ပိုကောင်းလိမ့်မယ်"


"ဟုတ်တယ်... ဝဘ်ဒရာမာတွေက အိုင်ဒေါဒရာမာတွေလောက် တန်ဖိုးမရှိဘူး...ထုတ်လွှင့်ပြီးတဲ့နောက် တုံ့ပြန်မှုက ပျမ်းမျှအားဖြင့် မင်းရဲ့ကျော်ကြားမှုရွှေခေတ်ကို နှောင့်နှေးစေတာနဲ့ ညီမျှလိမ့်မယ်..." 

ပိုင်ရဲ့က ခေတ္တရပ်လိုက်သည်။ 

"နိဂုံးချုပ်အနေနဲ့ ဝဘ်ဒရာမာတွေက အန္တရာယ်များပြီး အိုင်ဒေါဒရာမာတွေအန္တရာယ်ကင်းတယ်...မင်းရွေးချယ်တဲ့လမ်းပေါ်မှာ မူတည်တယ်"



တကယ်တမ်းတွင် ပိုင်ရဲ့၏ ခွဲခြမ်းစိတ်ဖြာမှုက သူထင်ထားသည့်အတိုင်းပါပင်။ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။

"ကျွန်တော် ရွေးချင်တာက…"


ပိုင်ရဲ့: "အန္တရာယ်များတဲ့လမ်းလား"


"… ဘယ်လိုလုပ်သိတာလဲ"


ပိုင်ရဲ့က တိတ်တိတ်လေး ပြုံးလိုက်၏။ သူ့အမာခံဖန်လေး၏စရိုက်ကို သူလည်း ကောင်းကောင်းသိလေသည်။


သူတို့ သဘောတူညီပြီးပြီဖြစ်၍ ချီရှင်းချန်က ပြုံးပြီး ဇာတ်ညွှန်းတွေကို ပိုင်ရဲ့နှင့် ခဏလောက် ဆွေးနွေးခဲ့သည်။ ကံမကောင်းစွာနှင့်ပဲ ပိုင်ရဲ့က အလုပ်အကြောင်းပြောရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီး သူသိသမျှကို ပြောပြခဲ့၏။


သို့သော်၊ ချီရှင်းချန် သူ၏ စိတ်ခံစားချက်ကို စမ်းသပ်ရန် ရည်ရွယ်ချက်ကို ပြသလိုက်သည်နှင့် တပြိုင်နက် သူ၏ မျက်ခုံးများက ပို၍ တင်းမာလာပြီး သူ့လေသံမှာလည်း အေးစက်နေကာ ဘာမှမထူးခြားလာပေ။


တစ်နာရီနီးပါး စကားပြောပြီးနောက်၊ ချီရှင်းချန်

ပိုင်ရဲ့ပင်ပန်းနေသည်ကို တွေ့လိုက်ရသည်။ သူ့အခန်းထဲကို အရင်ပြန်သွားပြီး မနက်ဖြန်မှ သူ့ကို ဆက်ချော့ရန် မဝံ့မရဲ ဆုံးဖြတ်လိုက်၏။


သူ မသွားခင်မှာ သက်ပြင်းချလိုက်သည်။ 

"ကောစိတ်မချမ်းသာရင် ကျွန်တော့်ကိုပြောလို့ရတယ်...ကျွန်တော်ကူညီမယ်"


ပိုင်ရဲ့က ပို၍ပင် စိတ်ဆိုးသွား၏။


သူက သူ့ဖန်လေးက အဲဒီလူနဲ့ အရမ်းကြီးနီးနီးကပ်ကပ်နေလို့ သူစိတ်ဆိုးနေတာလို့ သူ့ဖန်လေးကို ပြောရမှာလား...


သူက တအားကိုချုပ်ခြယ်တတ်လို့ သူ့အမာခံဖန်လေးကို သူ့ငယ်သူငယ်ချင်းနဲ့ အပြင်ထွက်ခွင့်မပြုတော့ဘူးလို့ပြောရမှာလား...


သူ့မှာ ဒီလိုပြောဖို့ ဒါမှမဟုတ် လုပ်ဖို့ အနေအထားရှိမနေဘူး...


"ရတယ်...အဆင်ပြေတယ်...စိတ်မပူနဲ့" 

ပိုင်ရဲ့က သူ့ခံစားချက်တွေကို မျိုသိပ်ထားလိုက်ဓ။ သူက လှည့်လိုက်ပြီး ရေခဲသေတ္တာထဲက ပုလင်းတစ်ကဒ်ကို ထုတ်ယူကာ ချီရှင်းချန်၏ ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။


"ဒီရက်ပိုင်းအတွက် အကြွေးတင်နေတဲ့ နွားနို့... ပြန်အိပ်တော့"


ရဲဘော်ချီရှင်းချန်က တစ်ယောက်ယောက်ကို ချော့ချင်လျှင် ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ချော့ရန်လိုသည်ကို ကောင်းကောင်းသိ၏။ ညက အချိန်အနည်းငယ်က ချော့ရန် မလုံလောက်ပေ။


......



သူ နံနက် ဆယ်နာရီတွင် အန်းရန် နှင့်အတူ တုန်ချန်တီဗွီရုံးချုပ်သို့ စားစရာသောက်စရာများ ယူဆောင်သွားခဲ့သည်။


စတူဒီယိုထဲကို ဝင်လိုက်သည်နှင့် ထုတ်လုပ်ရေး အဖွဲ့သားတွေက အံဩဝမ်သားသွားကြသည်။ "အိုး...ရှောင်ချီလောင်ရှီး စောစောပြန်လာတာလား"


"… ဟုတ်ကဲ့" 

ချီရှင်းချန် ဆင်ခြေတစ်ခု ရှာလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အိမ်မှာပဲချည်းပဲနေရတော့ ပြန်လာပြီး တက်တက်ကြွကြွနေတာကောင်းတယ်လေ"


တစ်စုံတစ်ဦးဆီမှ အနားယူမည့်အစား အလုပ်လုပ်ရန် ဆန္ဒရှိကြောင်း ထုတ်လုပ်ရေးအဖွဲ့သားများ ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်သည်။ သူတို့က ရယ်ပြီးပြောသည်။

 "မနေ့က ပိုင်လောင်ရှီးက မင်းကို လာကြိုတာ အံ့သြစရာမရှိဘူးပဲ...ငါတို့ရဲ့အလုပ်ကြိုးစားတဲ့ ပျားလေးကို ဆုချီးမြှင့်တာပဲဖြစ်ရမယ်"


ချီရှင်းချန် ပြောစရာစကားမဲ့နေသည်။


ဤကိစ္စကို ဖုံးကွယ်၍ မရဘူးဆိုသည်ကို သူသိ၏။


သို့သော်လည်း ချီရှင်းချန်က ရုတ်တရတ်ကြီး S City သို့ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် သူ၏လက်မှတ်အချက်အလက်ကို သိရှိနိုင်သည်က ဖန်များသာ ရှိခဲ့သည်။ သူ့ကိုစောင့်နေသည့် ဖျော်ဖြေရေး သတင်းထောက်တွေ မရှိပေ။ပိုင်ရဲ့က သူ့ကို လာကြိုသည့် ဓာတ်ပုံတွေကို ဖန်တွေက အွန်လိုင်းမှာ တင်ခဲ့ပြီးနောက်မှာ ရှာစရာမလိုဘဲတွေ့နေရသည့်အကြောင်းအရာတစ်ခု မဖြစ်လာခဲ့ပေ။


ထို့အပြင် ကြယ်အလင်းတန်းများက ချီရှင်းချန်ကို "ပိုင်ရဲ့၏ကျော်ကြားမှုကို အခွင့်ကောင်းယူသည့" ဟုစွပ်စွဲခြင်းမခံစေလိုသောကြောင့် ဓာတ်ပုံများပျံ့နှံ့မှုကို တင်းကြပ်စွာထိန်းချုပ်ခဲ့သည်။သူ သူ့idol၏အလှတရားကိုမြည်းစမ်းလိုက်ရသည့်ကိစ္စက ကြယ်အလင်းတန်းများနှင့်ညဥ့်ကောင်းကင် အသိုင်းအဝိုင်း၏ အစိတ်အပိုင်းလေးတစ်ခုမှာသာ ပျံ့နှံ့ခဲ့သည်။ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။


မနေ့ညက ကျိုရဲ့ရှင်းချန်CPဖန်တွေကလွဲ၍ပင်။


သူတို့ မနေနိုင်ပါဘဲ ရူးသွပ်သွားကြသည်။


[ရှင်းရှင်းကို သက်တော်စောင့်ဆီကနေကာပေးတာနော်...ရည်းစားကောင်လေးဆိုက်ကြီးနဲ့... ငါသေပြီ! ငါသေပြီ! ငါသေပြီ]


[ကိုယ်အဲဒီမှာရှိနေခဲ့တယ်... ကိုယ်တိုင်မျက်စိနဲ့ မြင်ရလို့သာမဟုတ်ရင် ရဲ့ကောက ရှင်းရှင်းကို ဖက်ထားတုန်းက ဘယ်လောက်ထိ သဲသဲလုပ်ခဲ့လဲဆိုတာ တွေးကြည့်လို့ မရဘူး...ချိုနေလိုက်တာမှာ နှစ်ယောက်တစ်ကမ္ဘာပဲ...ရှိသမျှ ပိုက်ဆံတွေအားလုံးကို ပေးချင်ပါတယ်...အချိုလေးများများထုတ်ပေးကြပါလို့]


[F*ck! အလုပ်မှာရှိနေတုန်း CPနဲ့ ဝင်တိုးတာနော်... ဒီလိုမြင်ကွင်းမျိုး မြင်တောင် မမြင်ဖူးဘူး... F*ck F*ck F*ck!]


[ဒီCPရဲ့ သကြားပါဝင်မှုက အရမ်းများတယ်...သူတို့က ဆိုရှယ်လစ် ညီအကိုတွေပါလို့ ဘယ်သူပြောရဲလဲ]


အန်းရန်က CPဖန်အဖွဲ့တွင် အလွန်တက်ကြွနေသည်။ 

"ရဲ့ကောက ရှင်းရှင်းကို ကြိုဖို့ လေဆိပ်ကို အထူးတလည် သွားခဲ့တယ်လို့များပြောလိုက်ရင် နင်တို့ကို ICU ပို့ရမှာလား"


သို့သော် သူမ ဘာမှ မပြောခဲ့။ သူမ QQ ကိုပိတ်လိုက်ပြီး သူမအနားမှာ တစ်ယောက်မှမရှိသည်ကို တွေ့လိုက်ရသည်။


သူမရဲ့ အနုပညာရှင်က တဖက်လူကို ရှာဖို့ သွားနေပြီလေ...ရွှတ်...ဟင့်...ဟင့်


အမှန်တွင် ချီရှင်းချန်က ပိုင်ရဲ့အတွက်သည်ကိုရောက်လာခြင်းဖြစ်၏။ သူက အန်းရန်ကို ဂရုမစိုက်ပေ။ စတူဒီယိုနောက်ဖေးတံခါးကနေ ထွက်လာပြီး သင်တန်းသားတွေအတွက်လုပ်ထားသည့် လေ့ကျင့်ရေးကွင်းကို သွားခဲ့သည်။


လက်ရှိတွင်၊ ပရိုဂရမ်အဖွဲ့က My Time ၏နောက်ထပ်အပိုင်းအတွက် ဂိမ်းအပိုင်းကို အကြောင်းအရာအဖြစ် ရိုက်ကူးနေသည်။ သင်တန်းသားများက အလယ်ကို လွတ်အောင်ထားကာ စက်ဝိုင်းတစ်ခုတွင် ထိုင်ကြသည်။


ပိုင်ရဲ့ကိုလည်း ပရိုဂရမ်အဖွဲ့က လေ့ကျင့်ရေးအခန်းထဲမှာ ရောနှောပြီး လူတိုင်းနှင့် ဂိမ်းဆော့ရန် တောင်းဆိုထား၏။


ချီရှင်းချန် တံခါးကို အနည်းငယ်မျှတွန်းဖွင့်ပြီး အတွင်းထဲကို ချောင်းကြည့်လိုက်သည်။


တံခါးကို မျက်နှာမူနေသော သင်တန်းသားက ချီရှင်းချန် ခေါင်းပြူနေသည်ကို တွေ့လိုက်ရသည်။ သူက တည့်တည့်မတ်မတ်ထိုင်လိုက်ကာ သိချင်စိတ်ကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။


အခြားသင်တန်းသားများနှင့် ကင်မရာသမားများက သူ၏တုံ့ပြန်မှုမှာ မူမမှန်သည်ကိုမြင်သောကြောင့် သူ့နောက်မှလိုက်ကာ အပြင်ကိုကြည့်ကြသည်။


ထို့ကြောင့်၊ မျိုးရိုးအမည်ချီပါသော နည်းပြဆရာတစ်ဦးအား လက်ပူးလက်ကြပ်ဖြင့် ဖမ်းမိခဲ့သည်။


ဤအရွယ် ယောက်ျားလေးတွေက ကမ္ဘာပေါ်ကတခြားသူတွေကို အလွယ်တကူ ကြိုက်မိတတ်ကြသည်။ချီရှင်းချန်က Kevin ကို အနိုင်ယူပြီးကတည်းက သူ့အပေါ် သင်တန်းသားတွေ၏ သဘောထားက အအတော်လေးပြောင်းလဲသွား၏။လှုပ်ရှားမှုအခန်းက ချက်ချင်းပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်၍လာသည်။


ပိုင်ရဲ့က သူ့ကို ဂရုမစိုက်ဘဲ စိုက်ကြည့်ပြီး နောက်ပြန်လှည့်သွားသည်။


ချီရှင်းချန် ဆွံ့အသွားရသည်။


သေချာတယ်...သူတကယ်စိတ်မပျော်သေးဘူးပဲ...


ထိုအခိုက်အတန့်မှာ သင်တန်းသားတွေကဆိုကြသည်။

"ချီလောင်ရှီး...ကျွန်တောတို့နဲ့ ဝင်ဆော့"


"ဟုတ်တယ်...ဟုတ်တယ်... လာဆော့ပါဗျ"


ချီရှင်းချန်က လက်ထောက်ကိုမေးလိုက်သည်။ "ကျွန်တော် ပါလို့ရမလား"


"ရပါတယ်" 

လက်ထောက်က ပြုံးပြုံးလေးပြော၏။

"မင်းပါရင် ပိုပျော်စရာကောင်းတာပေါ့"


ချီရှင်းချန်က အထဲဝင်သွားသည်။ သူက ပိုင်ရဲ့ ဘေးတွင် ထိုင်လိုသောအားဖြင့် ဘေးဘယ်ညာ ကြည့်လိုက်သည်။


သူနှင့် မျက်နှာချင်းဆိုင်က အမြန်ထရပ်လိုက်ပြီး သူ့ကိုတားသည်။

"ချီလောင်ရှီး သူတို့နဲ့ တစ်ဖွဲ့တည်းနေချင်တယ်လို့တော့ မပြောနဲ့နော်... သူတို့မှာ ပိုင်လောင်ရှီး ရှိတယ်လေဗျ"


"မင်းတို့ အဖွဲ့တွေ ခွဲကြတာလား" 

ချီရှင်းချန်က ခဏရပ်လိုက်သည်။


"ဟုတ်ကဲ့...ဘယ်ဘက် စက်ဝိုင်းခြမ်းမှာ အုပ်စုတစ်စု၊ ညာဘက်စက်ဝိုင်းခြမ်းမှာ အုပ်စုတစ်စု"


လက်ထောက်ကပြောသည်။

"ချီလောင်ရှီး ညာဘက်ခြမ်းကို သွားပြီး သူတို့ကို မိုတီပေးလိုက်ပါဦး" 


… ကောင်းပြီ။ချီရှင်းချန် လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာကာ ပိုင်ရဲ့နှင့် မျက်နှာချင်းတွင် ထိုင်လိုက်သည်။


ဂိမ်းကစားရာတွင် အဆင်ပြေစေရန်အတွက် ပိုင်ရဲ့က ရိုးရိုးဆွယ်တာအင်္ကျီနှင့် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်။ သို့သော် ဤကဲ့သို့ ၀တ်ဆင်ထားသော်လည်း ပန်းချီကားတစ်ချပ်လို လှပနေသဖြင့် လူအများကို လှမ်းမကြည့်ဘဲမနေနိုင်ဖြစ်စေသည်။


ချီရှင်းချန်က အပေါ်ယံမှာ သင်တန်းသားများကို ကြည့်နေခြင်းဖြစ်သော်လည်း အမှန်မှာ ပိုင်ရဲ့ကို ခိုးကြည့်နေခြင်းဖြစ်သည်။ပိုင်ရဲ့က သူ့အကြည့်တွေကို ခံစားရပြီး မျက်ခုံးပင့်ကြည့်လာသည်။



ဟင့်အင်း၊ ဒီလောက်ချောတဲ့လူ လောကကြီးမှာ ဘယ်လိုလုပ်ရှိနိုင်မလဲ... ဒီအလှတရားမျိုးက တကယ်ကြီးရှိနေတာလား...ငါ့ကောကိုကြည့်ဖို့ ငါ့မျက်လုံးတွေက ဖြစ်တည်လာတာပဲ... ငါ့ကမ္ဘာကို အလင်းပေးခဲ့တဲ့ ငါ့ရဲ့ကော...


ကျည်ဆံမှတ်ချက် ၃ ပိုင်းစာကို ဖတ်ပြီးထားသည့် ချီရှင်းချန်တစ်ယောက် အထေ့အငေါ့မရှိ ချီးကျူးအမွှမ်းတင်စကားသက်တန့်ရောင်စုံတစ်တန်းကြီးကိုလွှတ်လိုက်သည်။


ပိုင်ရဲ့က သူဘာတွေတွေးနေမှန်းမသိဘဲ ဂိမ်းကို ဆက်ကြည့်နေသည်။


သင်တန်းသားများက "ကြက်တိုက်ခြင်း" ဟုခေါ်သော ဂိမ်းကို ဆော့ကစားနေသည်။ ဂိမ်း၏စည်းမျဉ်းများသည် အလွန်ရိုးရှင်းလေသည် — လူနှစ်ဦးသည် ခြေထောက်တစ်ပေါင်ကျိုးရပ်ကာ အခြားခြေထောက်တစ်ဖက်ကို လက်ဖြင့်ဆွဲ၍ တြိဂံပုံစံတင်ပျဥ်ချိတ်ထားရသည်။ ဒူးနှစ်ဖက်ကို အပြင်ဘက်သို့ မျက်နှာမူပြီး အချင်းချင်း တိုက်ခိုက်ရန် ဒူးများကို အသုံးပြုကြသည်။ ခြေနှစ်ဖက်အရင်စုံရပ်မိသူက အရှုံးသမားဖြစ်လိမ့်မည်။


ယခု ကွင်းထဲက လူနှစ်ယောက်က အဖြေကိုဖြေနိုင်နီးပါးဖြစ်နေပြီဖြစ်၏။ ညာဘက်စက်ဝိုင်းခြမ်းကအသင်းက ဘယ်ဘက်စက်ဝိုင်းခြမ်းကအသင်းနှင့် မယှဉ်နိုင်သည်မှာ ထင်ရှားသည်။


သေချာသည်ပင်၊ စက္ကန့် 30 အကြာမှ ညာဘက်စက်ဝိုင်းခြမ်းအဖွဲ့ ရှုံးသွားပြီး ဘယ်ဘက်စက်ဝိုင်းခြမ်းအဖွဲ့က နောက်ထပ် အမှတ်ရခဲ့လေသည်။


"ကောင်းပြီ" 

ပိုင်ရဲ့က ပြောသည်။

"မင်းတို့ရဲ့နောက်ကစားသမားကို လွှတ်လိုက်"


ချီရှင်းချန် ၎င်းကို ဂရုမစိုက်ဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပွဲကြည့်နေခဲ့သည်။


ထို့နောက် ကပ္ပတိန်ကပြော၏။

 "ဟဲဗီးဝိတ်ကစားသမား ချီလောင်ရှီးကိုလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ"


ချီရှင်းချန်: "ဟင်"


"ဒါဆို ငါတို့ ဝှက်ဖဲကို သုံးရမှာပေါ့" 

တစ်ဖက်က ကပ္ပတိန်ကလည်းဆိုသည်။

"ပိုင်လောင်ရှီး ကို လွှတ်လိုက်မယ်"


 နည်းပြချင်းဖြစ်၍ ဘာကိစ္စမရှိပါချေ။


ကင်မရာက သူတို့ နှစ်ယောက်ဆီကို လှည့်သွားသည်။ချီရှင်းချန် နှင့် ပိုင်ရဲ့တို့က လူတိုင်း၏ဆန္ဒအတိုင်း ထရပ်ခဲ့ကြရသည်။ အသင်းဖော်တွေ၏ အားပေးစကားတွေကြားကနေ ကွင်းထဲကို လမ်းလျှောက်ထွက်လာပြီး မျက်နှာချင်းဆိုင် ရပ်နေကြသည်။


လက်ထောက်က နောက်ကလိုက်လာပြီးပြော၏။

"လောင်ရှီးတို့...ဆောင်ပုဒ်အော်ပြီး ကိုယ့်ကိုကိုယ်အားပေးကြပါ"


ချီရှင်းချန်က ယခင်က ရသရှိုးပွဲများတွင် မပါဝင်ဖူးသော လူသစ်လေးမဟုတ်ပေ။ယခုအချိန်မှာ ရသစုံရှိူး၏ရသတွေလိုနေပြီဆိုသည်ကို သူသိသည်။ သူ့ဘယ်ဘက်လက်ကို လက်သီး ဆုပ်ထားပြီး ပိုင်ရဲ့ ရှေ့မှာ ဝှေ့ယမ်းလိုက်သည်။ 

"ဂရုစိုက်ပါ ရဲ့ကော... ကျွန်တော်က ကောကိုဆိုးဆိုးရွားရွား ရှုံးအောင်လုပ်မှာဗျ"


"ကောင်းပြီ" 

ပိုင်ရဲ့က သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။


 "ငါ့ကိုအနိုင်ယူခွင့်ပြု...."


ချီရှင်းချန် ဆွံ့အသွားသည်။


တစ်ခုခု မှားနေသလို ထင်ရတာ ဘာကြောင့်လဲ...


သို့ပေမဲ့ ကင်မရာရှေ့မှာ သူ့မှာ စဉ်းစားရန် အချိန်မရှိပေ။ သူက ဘယ်ခြေထောက်ကို မြှောက်ပြီး ပိုင်ရဲ့ဆီကို ပြင်းပြင်းထန်ထန် ခုန်ဝင်လိုက်သည်။


ပိုင်ရဲ့က အတော်လေး တည်ငြိမ်နေသည်။ ဘယ်ဘက်သို့ ညင်သာစွာခုန်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။


သူခုန်လိုက်သည့်အရှိန်ကြောင့် ချီရှင်းချန် နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ပိုင်ရဲ့ တစ်နေရာတည်းမှာ ရပ်နေပြီး တိုက်ခိုက်ရန် အခွင့်အရေးကို အခွင့်ကောင်းမယူခဲ့သည်ကို တွေ့လိုက်ရသည်။



ဤလုပ်ရပ်က သူ၏အနိုင်ရလိုသည့် ဆန္

ဒကို ချက်ချင်း တောက်လောင်စေခဲ့သည်။ချီရှင်းချန်က လေးလေးနက်နက်ပြောလိုက်သည်။

"ရဲ့ကော...ကျွန်တော့်ကိ အလျှော့ပေးဖို့ မလိုပါဘူး...ကျွန်တော်တို့ ကိုယ့်အရည်အချင်းကိုယ် အားကိုးကြရအောင်"


ပိုင်ရဲ့ ခေါင်းညိတ်ပြပြီး ခုခံသည့်အနေအထားကို ရောက်သွားလေသည်။