အပိုင်း ၁၀၁
Viewers 38k

Chapter 101



သူက သူ့အမာခံဖန်လေးကို တမင်တကာ အလျော့ပေခဲ့ခြင်းမဟုတ်ပေ။ကြမ်းပြင်က အအတော်လေးမာသဖြင့် မတော်တဆ လဲကျမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။


ကောင်လေးရဲ့အသားအရေက တအားတအားပါးပြီး နူးညံ့တာ... ပြုတ်ကျရင် မကောင်းဘူး...


တိုက်ပွဲအချိန်ထဲတွင် ချီရှင်းချန် သူ၏အလှကို ခဏနောက်ပို့ထားကာ ထိုးစစ်အနေအထားဖြင့် ဘယ်ဘက်သို့ ခြေလှမ်းနှစ်လှမ်း ခုန်လိုက်သည်။


သူ့ လှုပ်ရှားမှုတွေကို မြင်သောအခါ ပိုင်ရဲ့မသိစိတ်ကနေ ညာဘက်ကို ရှောင်လိုက်၏။


သို့သော် ထိုအခိုက်အတန့်တွင်၊ ချီရှင်းချန်က ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီး အဝေးရှိ ပိုင်ရဲ့၏ရှေ့တည့်တည့်သို့ ခုန်လိုက်သည်။


ဤတိုက်ခိုက်မှုက ပိုင်ရဲ့ကို အငိုက်မိသွားစေခဲ့သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ သူ့ပြိုင်ဘက်၏ ဒူးက သူ့ဒူးကို ထိသွား၏။


ပိုင်ရဲ့က ချီရှင်းချီထက် ဦးခေါင်းတစ်ဝက်ခန့်မြင့်သည်။ သူ့ဒူးက သူ့ပြိုင်ဘက်ထက် လက်မအနည်းငယ် မြင့်သည်။ ထို့ကြောင့် ချီရှင်းချန်၏ ဒူးက မြှောက်ထားရသည်။ တိုက်မိလျှင် ဟန်ချက်ပျက်မှာ သေချာ၏။


လျှက်တစ်ပြတ်အတွင်းဖြစ်ပျက်သွားခဲ့ပြီး တွေးရန် အချိန်မရှိခဲ့။ပိုင်ရဲ့က ဒူးကို ပြင်းပြင်းထန်ထန် ဖိလိုက်သည်နှင့် သူတို့နှစ်ဦး ထိပ်ချင်းဆိုင်တိုက်မိသွားကြသည်။


ထိပ်တိုက်ရင်ဆိုင်မှု၏ ရလဒ်မှာ ထင်ရှားသည်။ခွန်အားအရာမှာ ချီရှင်းချန်က ပိုင်ရဲ့ထက် လုံးဝ နိမ့်ကျသည်။ သူ့ခန္ဓာကိုယ်က စောင်းနေပြီး ခြေထောက်တစ်ဖက်တည်းနှင့် သူ့ခန္ဓာကိုယ်ကို မထောက်ထားနိုင်တော့ပေ။ သူက ပိုင်ရဲ့ပေါ်သို့ တည့်တည့်ကျသွားသည်။


ပိုင်ရဲ့က ခြေထောက်တစ်ဖက်တည်းထောက်လျက်ပဲ ရှိသေးသည်။ ခဏလောက်အကြာမှာ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ဘဲ နောက်ပြန်လဲကျသွား၏။


သူ့နောက်ကျောက ကြမ်းပြင်ကိုမထိခင်မှာ ပိုင်ရဲ့က လက်ဆန့်ပြီး ချီရှင်းချန်၏ ခေါင်းနောက်ကိုဖိကိုင်ကာ ကာလိုက်သည်။ သူ့ဖန်လေး သူ့ကိုယ်ပေါ်ကနေ လှိမ့်ကျပြီး ခေါင်းကို ခိုက်မိမှာကို သူစိုးရိမ်၏။


တစ်ဖက်တွင် ချီရှင်းချန်ကလည်း ပိုင်ရဲ့၏နောက်ကျော ထိခိုက်မည်ကို ကြောက်သည်။ တစ်ဖက်လူကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ လက်ဖဝါးများကို ကြက်ခြေထား၍ လက်ချောင်းများကို ဖြန့်လိုက်သည်။ သူက ပိုင်ရဲ့၏ နောက်ကျောကို တတ်နိုင်သမျှ ကာကွယ်ရန် ကြိုးစားခဲ့သည်။


ထို့ကြောင့် သူက ကိုယ့်ဆွဲ ကိုယ်ကသူ့ဆွဲဖြင့် နှစ်ယောက်သား ကြမ်းပြင်ပေါ် လဲကျသွားသည်။


"… ဝိုး…"

သင်တန်းသားများက ၎င်းတို့၏ အလှည့်အပြောင်းများကို မသိလိုက်ပေ။ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နေကြသည်ကိုပဲ သူတို့မြင်နေရသည်။ သူတို့အားလုံး အံသြသွားကြသည်။


"အဆင်ပြေရဲ့လား" 

ချီရှင်းချန် သူ့ပတ်ဝန်းကျင်ရှိ အသံများကို နားမထောင်တော့ပဲ လက်နှစ်ဖက်ကိုထောက်၍ထကာ ပျာပျာသလဲမေးလိုက်၏။ 


"ခိုက်မိသွားလား... နာသွားလား"


"... ငါအဆင်ပြေပါတယ်" 


ပိုင်ရဲ့က စက္ကန့်အနည်းငယ်ကြာပြီးနောက် ပြန်ဖြေလာသည်။ သူက လှုပ်ရှားမှုအနည်းငယ်ဖြင့် မတ်တတ်ထရပ်လိုက်သည်။


ထို့နောက် သူက လိပ်တင်သွားသောအင်္ကျီကို ဆွဲချလိုက်သည်။


.......


ဂိမ်းက သေးငယ်သော အပိုင်းမျှသာ ဖြစ်သည်။ သင်တန်းသားတွေက သူတို့၏ပြိုင်ပွဲဝင်သီချင်းတွေကို အာရုံစိုက်လေ့ကျင့်နေဆဲဖြစ်။။ နာရီဝက်လောက်ကြာသောအခါ အားလုံးက သူတို့အဖွဲ့တွေအလိုက် သတ်မှတ်ထားသည့် လေ့ကျင့်ရေးအခန်းကို ပြန်သွားပြီး အထုတ်မခံရအောင် ဆက်လက်ကြိုးစားခဲ့ကြသည်။


ပိုင်ရဲ့၏တာဝန်က လူတိုင်း၏လေ့ကျင့်မှုကို စောင့်ကြည့်ခြင်းသို့ ပြောင်းလဲသွားသည်။သို့ရာတွင် သူတို့ကို အချိန်တိုင်း စောင့်ကြည့်နေစရာ မလိုပါချေ။ ကင်မရာမင်းများက သင်တန်းသားများနှင့် ထွက်ခွာသွားကြသည်။ချီရှင်းချန် နှင့် ပိုင်ရဲ့တို့ ယခုလေးတင်မှ သက်ဝင်လှုပ်ရှားနေခဲ့သော လှုပ်ရှားမှုအခန်းတွင် ကျန်ခဲ့သည်။


သင့်အနေဖြင့် လူတွေကို ချော့ရာမှာ အရေထူရန်လိုလေသည်။ချီရှင်းချန်က သူ့ဆီတိုးသွားပြီး မျက်နှာချိုသွေးကာပြောလိုက်သည်။

"နေ့လည်ရောက်ခါနီးပြီ...နေ့လည်စာ အတူတူသွားစားရအောင်...စားလို့ကောင်းတဲ့ အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင် ကျွန်တော် တွေ့ထားတယ်...သွားစားကြည့်ရအောင်"


ပိုင်ရဲ့က အနည်းငယ် တုံ့ဆိုင်းနေသည်။ထိုအချိန်မှာ တံခါးအပြင်ဘက်ကနေ အန်းရန်၏အသံထွက်လာ၏။ 

"ရှင်းရှင်း...အထဲမှာလား...လူတစ်ယောက် နင့်ဆီ လာလည်နေတယ်"


လာလည်တယ်...


အလုပ်မှာ ဘယ်သူက သူ့ဆီလာလည်မှာလဲ...


ချီရှင်းချန်မှာ မေးခွန်းပေါင်းများစွာ ရှိ၍နေသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက ပိုင်ရဲ့ကိုပြောလိုကအသည်။

 "အပြင်သွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ်"


ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ 

"အင်း"


ချီရှင်းချန် သူနှင့် ချိန်း၍ပင် မပြီးသေးသဖြင့် စိတ်ကလောနေသည်။ သူ စတူဒီယိုထဲမှ ခြေလှမ်းကျဲကျဲဖြင့် ပြေးထွက်လာခဲ့သည်။


အန်းရန်က သူနှင့်အတူ ပြေးလိုက်လာကာ သူမ၏ မျက်နှာက မက်မောမှုများ ပြည့်နှက်နေသည်။ 


"သူက လူချောနော်... အရမ်းချောတဲ့လူ... ရင့်ကျက်ပြီး အသောက်အစားအပျော်အပါးကင်းတဲ့ပုံစံ...သူ့အသံကလည်း အရမ်းနားထောင်ကောင်းတယ်...ဟင်...ဘာလို့ ငါ့ နှလုံးသားက ဆက်ခုန်နေတာပါလိမ့်.."


ရင့်ကျက်ပြီး အသောက်အစားအပျော်အပါးကင်းတဲ့ ယောက်ျားလား...သူ့အသိထဲမှာ ဒီလိုသူငယ်ချင်းမျိုးမရှိပါဘူး...

ချီရှင်းချန် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။


တုန်းချန်၏အဓိကခန်းမဆောင်သို့ သူပြေးသွားပြီးနောက် အရှေ့ကောင်တာရှိ ဝတ်စုံပြည့်ဝတ်ထားသူကို တွေ့ရသောအခါ ချီရှင်းချန် အန်းရန်၏စကားကို လက်ခံသွားသည်။


အကြောင်းအရင်းကမူ ချီအုပ်စု၏ ဥက္ကဌ ဖြစ်နေ၍ပါပင်။


"... ကော" 


ချီရှင်းချန် အံ့အားသင့်သွားသည်။ 

"ဘာလို့ဒီကိုရောက်နေတာလဲ"


"ငါ အစည်းအဝေးလုပ်ဖို့ S City ကိုလာရင်းနဲ့ မင်းကိုတွေ့ချင်လို့လာခဲ့တာ" 

ချီယွမ်ရှောင်က သူ့ညီနောက်သို့ တစ်ချက်ကြည့်လိုက်သည်။


သူ့အနာဂတ် ယောက်ဖလောင်းကို မတွေ့ရပေ။


ချီရှင်းချန်: "အစည်းအဝေးက...ပြီးပြီလား"


ချီယွမ်ရှောင်က ခေါင်းညိတ်လိုက်ပြီး သူ့နာရီကို ငုံ့ကြည့်သည်။ 

"မင်း အလုပ်ရှိသေးလား... မရှိရင် ငါနေ့လည်စာ လိုက်ကျွေးမယ်"


ချီရှင်းချန် သက်ပြင်းချလိုက်သည်။


ချီယွမ်ရှောင်က သူ့ကိုလာတွေ့ခြင်းဖြစ်သည်။ သူ့အစ်ကိုကို တစ်ယောက်တည်း မထားခဲ့နိုင်ပေ။


"ကျွန်တော် အလုပ်ပြီးပါပြီ... ဒါက ကျွန်တော့်လက်ထောက် အန်းရန်... သူ့ကို ကျွန်တော်တို့နဲ့ ခေါ်သွားရအောင်"


ချီယွမ်ရှောင်က သဘာဝအတိုင်း သဘောတူလိုက်သည်။ သုံးယောက်သား သူ့ကားထဲကို ဝင်လ်ုင်သည်။။


ချီရှင်းချန် ဖင်ထိုင်ချပြီးသည်နှင့် ပိုင်ရဲ့ထံ အမြန်တောင်းပန်ရန် မက်ဆေ့ချ်ပို့လိုက်သည်။ [တောင်းပန်ပါတယ် ...ဒီနေ့ ကောနဲ့ အတူတူ မစားနိုင်တော့ဘူး]


ခဏကြာသောအခါ ပိုင်ရဲ့က ပြန်ဖြေ၏။ 

[ရပါတယ်...အခုတလော ငါ ကန်တင်းမှာပဲစားနေကျ]


ကန်တင်းမှာစားတာ...


My Time၏ကန်တင်းသည် ကောင်းမွန်သော်လည်း အပြင်ဘက်ရှိ စားသောက်ဆိုင်များလောက် သပ်ရပ်မှုမရှိပါ။းချေ။


ချီရှင်းချန် သူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားပြီး ပိုင်ရဲ့အတွက် အရသာရှိသည့် အစားအစာတွေကို ပါဆယ်ထုပ်သွားရန် ဆုံးဖြတ်လိုက်၏။


ချီယွမ်ရှောင်က S City ရှိ ချီအုပ်စု၏ လုပ်ငန်းခွဲများနှင့် ပိုရင်းနှီးသည်။ သူက ချီရှင်းချန် နှင့် သူ၏လက်ထောက်တို့ကို ပေါင်းစပ်စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။ အင်တာနက်ဆယ်လီတွေအတွက် လည်ပတ်သင့်သည့် စားသောက်ဆိုင်တွေထဲက တစ်ခုဖြစ်သည်။ အချိုပွဲတွေက အတော်လေးကောင်း၏။


ချီရှင်းချန်က ပိုင်ရဲ့ကို သတိရနေသဖြင့် အများကြီး မစားခဲ့ပေ။အန်းရန်က အလွန်ချောမောသော ယောက်ျားရှေ့တွင် သူမ၏ အမျိုးသမီးဆန်သော ပုံရိပ်ကို ထိန်းသိမ်းရန် အမြဲသတိရနေခဲ့သောကြောင့် သူမလည်း အလွန်အကျွံမစားခဲ့ပါချေ။


ထိုသို့ဖြင့် ထမင်းဝိုင်းကလည်း မြန်မြန်ပြီးသွားခဲ့၏။ ဘေလ်မပေးမီ ချီရှင်းချန်က ဝက်သားကင်၊ ဟင်းသီးဟင်းရွက်မွှေကြော်နှင့် အချိုပွဲတို့ကိုပါဆယ်ထုပ်ခိုင်းသည်။


ချီယွမ်ရှောင် အနံ့အသက် တစ်ခုခုကို ခံစားလိုက်ရသည်။

"ဘယ်သူအတွက်လဲ"


"သူငယ်ချင်း" 

ချီရှင်းချန်ကပြောသည်။

"ကော သူ့ကို TV မှာ မြင်ဖူးလောက်တယ်... သူ့နာမည်ကပိုင်ရဲ့...သူက ကန်တင်းမှာ နေ့လည်စာစားတာလေ...ကျွန်တော် သူ့ကို အပိုတစ်နပ်ကျွေးမလို့"


"ပိုင်ရဲ့" ဟူသောစကားကိုကြားသောအခါ နောက်ဆုံးတွင် ချီယွမ်ရှောင်၏မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာသည်။ 

"သူက စတူဒီယိုမှာလား"


"ဟုတ်တယ်ထင်တယ်"


"ဒါဆို ငါ မင်းနဲ့အတူပြန်လိုက်ခဲ့မယ်လေ... မင်းရဲ့အလုပ်ပတ်ဝန်းကျင်ကိုကြည့်မလို့... ပရိုဂရမ်အဖွဲ့သားတွေကို မင်းပြောစရာမလိုဘူး... ငါ့မှာ လက်မှတ်ရှိတယ်"


တုန်ချန်၏သူဌေးနှင့်သူ့အစ်ကို၏ဆက်ဆံရေးကြောင့်သူ့မှာ ပုံမှန်ဖြတ်သန်းခွင့်ရှိသည်။ နောက်ပြီး သူ့မိသားစုကို သူ့လုပ်ငန်းခွင်ကိုတကယ်ပြချင်၏။


ခက်ခဲပင်ပန်းပေမဲ့ သူ့သွေးတွေ ဆူပွက်နေသည်။


"ကောင်းပြီ" 

ချီရှင်းချန် ခုန်ထလိုက်သည်။ 

"သွားကြရအောင်"


တုန်ချန်သို့ပြန်ရောက်သောအခါ ချီရှင်းချန်က စတူဒီယိုဖွဲ့စည်းပုံကို ချီယွမ်ရှောင်အား မိတ်ဆက်ပေးခဲ့သည်။ပိုင်ရဲ့ကို ကန်တင်းမှာ မတွေ့သောကြောင့် သူ အံ့ဩသွား၏။မန်နေဂျာကို မေးကြည့်ပေမဲ့ မန်နေဂျာကလည်း ပိုင်ရဲ့ကို မတွေ့ဘူးဟု ပြောသည်။


ချီရှင်းချန် အံ့ဩသွားပြီး သူ့အစ်ကိုကို လေ့ကျင့်ရေးခန်းဆီ ခေါ်သွားလိုက်သည်။


.......


ပိုင်ရဲ့ လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက အစာစားချင်စိတ်မရှိဖြစ်နေသည်။သူ နေ့လယ်တွင် စားချင်စိတ် မရှိသဖြင့် လေ့ကျင့်ရေးခန်းထဲတွင် သင်တန်းသားများလေ့ကျင့်နေသည်ကိုသာ ကြည့်နေခဲ့သည်။



သီချင်းတစ်ပုဒ်ပြီးသွား၍ စက်ပိတ်လိုက်ပြီးနောက် ဖန်လေး၏ အသံကို သူ မသဲမကွဲကြားလိုက်ရသည်။


"ဒီအထပ်မှာ အခြေခံအားဖြင့် လေ့ကျင့်ရေးခန်းတွေနဲ့ ပြည့်နေတာ...အကြီး အငယ် စုစုပေါင်း နှစ်ဆယ်ရှိတယ်... ကျန်တာကတော့ လှုပ်ရှားမှုအခန်းနဲ့ သိုလှောင်ခန်းတွေ"


ထိုအချိန်မှာ လူစိမ်းတစ်ယောက်၏ အသံထွက်လာသည်။ 

"လေ့ကျင့်ရေးအခန်းတွေ အများကြီးရှိတာလား"


"...ကျွန်တော်တို့မှာ သင်တန်းသားတွေလည်းအများကြီးရှိတယ်လေ အာ... အစတုန်းကတော့ ရှစ်ဆယ့်ရှစ်ယောက်ရှိတယ်...ကံဆိုးစွာနဲ့ပဲ အခု ခြောက်ဆယ့်ခြောက်ယောက်ပဲ ကျန်တော့တယ်"


ဖန်လေး၏အသံက ရွှင်မြူးသံအပြည့်ရှိပြီး "အာ" ကဲ့သို့သော သာယာနာပျော်ဖွယ် အရန်စကားလုံးများကိုပင် အသုံးပြုခဲ့သည်။ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူပြောသည်ကို နားမထောင်ချင်တော့ဘဲ သီချင်းကို ပြန်ဖွင့်လိုက်သည်။


သို့သော် လူနှစ်ယောက်၏ အမေးအဖြေများသည် သူ့နားထဲသို့ စိမ့်ဝင်သွားသည့် ကျိန်စာတစ်ခုလိုပင်။


ဒေါသထွက်နေပြီးသားဖြစ်သော သူ၏စိတ်မှာ ပို၍ပင် ဒေါသထွက်လာပြီး သူ့မျက်နှာက အေးစက်သထက်အေးစက်လာလေသည်။


တစ်မိနစ်လောက်ကြာပြီးနောက် သူ၏နေမထိထိုင်မသာဖြစ်မှုက အထွတ်အထိပ်ကို ရောက်သွားခဲ့သည်။ပိုင်ရဲ့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့သလောက်ဖြစ်နေပြီး "မင်းတို့ လွတ်လွတ်လပ်လပ် လေ့ကျင့်ကြနှင့်" ဟုပြောလိုက်၏။ ထို့နောက် တံခါးအပြင်သို့ ပြေးထွက်လာခဲ့သည်။


ပိတ်ထားသော တံခါးသည် စင်္ကြံတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ချီရှင်းချန်၏ ရှင်းပြနေမှုက အနှောက်အယှက်ခံလိုက်ရသည်။ အသံလာရာကို သူလှည့်ကြည့်လိုက်၏။


ပိုင်ရဲ့၏ မျက်နှာက ရေကဲ့သို့ ငြိမ်သက်နေသည်။ သူတို့ဆီသို့ လျှောက်လာစဉ် သူ့မျက်လုံးများသည် အောက်ခြေမဲ့သော ရေတွင်းနက်တစ်ခုနှယ်ပင်။


သူ နေ့ခင်းတခင်းလုံးတွေးနေသည့်သူကို မြင်သောအခါ ချီရှင်းချန် စိတ်လှုပ်ရှားစွာနှင့်ပြောလိုက်မိသည်။


"ဆိုတော့ ကောက လေ့ကျင့်ရေးအခန်းထဲမှာပဲ... ဒါက ကျွန်တော့်..."


"နှောက်ယှက်မိလို့ဆောရီး"


သူစကား မဆုံးခင်မှာ ပိုင်ရဲ့က ဝင်ဖြတ်ပြောပြီး သူနှင့် ချီယွမ်ရှောင် ကြားမှာ အတင်း ဝင်ရပ်လိုက်သည်။


သူက ချီရှင်းချန်သူ့နောက်ကိုဆွဲပို့လိုက်ပြီး ချီယွမ်ရှောင်ကို ပြော၏။


"နှစ်မိနစ်လောက်စောင့်ပေးပါ...ချီရှင်းချန်ကို ပြောစရာရှိလို့"


ထိုနောက်မှာကား ချီယွမ်ရှောင်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူဂရုမစိုက်တော့ပါချေ။ သူက ချီရှင်းချန်လက်ကိုဆွဲပြီးပြောလိုက်၏။


"ငါနဲ့လိုက်ခဲ့" 


ချီရှင်းချန် ပိုင်ရဲ့ကို ယခုလိုမျိုး တစ်ခါမှ မမြင်ဖူးပေ။ သူက ပေါက်ကွဲတော့မည့် မီးတောင်နှင့်တူပြီး ချီရှင်းချန်ကြောက်ရွံ့ထိတ်လန့်ကာ စိုးရိမ်နေမိသည်။


ထို့အပြင် ပိုင်ရဲ့ သူ့ကို နာမည်တပ် ခေါ်ခဲ့သည်။


ချီရှင်းချန် နောက်ကျမှ သဘောပေါက်သွားခဲ့သည်... ပိုင်ရဲ့က လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူ့ကို ဒေါသထွက်နေခဲ့သည်။


သူက ချီယွမ်ရှောင်ကိုပြောလိုက်၏။

 "ကျွန်တော်ကိုစောင့်ဦး"


ချီယွမ်ရှောင်က သူ့နားလည်မှုကို ဖော်ပြပြီး ခေါင်းညိတ်လိုက်သည်။


သူတို့နှစ်ယောက်ကြားရှိ ဖွင့်ဟပြောစရာမလိုသောနားလည်မှုက ပိုင်ရဲ့၏ နောက်ဆုံးသော ကျိုးကြောင်းဆီလျော်မှုကို သူ့ဒေါသကြောင့် လောင်ကျွမ်းသွားစေခဲ့သည်။ သူက စင်္ကြံ၏အဆုံးရှိ သိုလှောင်ခန်းသို့ ချီရှင်းချန်ကို တရွတ်တိုက်တစ်ဝက်ဆွဲခေါ်သွာကာကာ တံခါးကိုလော့ချလိုက်သည်။


သိုလှောင်ခန်းကို လူအနည်းငယ်သာ လာတတ်သည်။ယခုအချိန်မှာ မီးတွေပိတ်ထားပြီး အခန်းက မှောင်နေသည်။


စင်္ကြံက မှိန်ပျပျအလင်းရောင်ဖြင့် ချီရှင်းချန် ခလုတ်ကိုရှာရန် သူ့လက်ဖြင့် နံရံကို ဟိုစမ်းသည်စမ်းလုပ်လိုက်သည်။


"ငြိမ်ငြိမ်နေ" 

ပိုင်ရဲ့က သူ့ကို တားလိုက်၏။


"ဒါပေမဲ့ မီးပိတ်နေရင် ကောကို ကျွန်တော်မမြင်ရဘူးလေ..." 

ချီရှင်းချန် ဆက်လက် စမ်းတဝါးဝါးလုပ်သည်။


"ငြိမ်ငြိမ်နေလို့ပြောနေတယ်" 

ပိုင်ရဲ့ သူ့ကိုယ်သူ ဆက်မထိန်းနိုင်တော့ပေ။ သူက ရှေ့ကို ငုံ့လိုက်သည်။


ချီရှင်းချန် သူ့အသံကြောင့် ထိတ်လန့်သွားသည်။ သူ့လက်များသည် နေရာတွင်ပင် အေးခဲသွားသည်။သူ မမေးခင်မှာ နွေးထွေးသည့် ခန္ဓာကိုယ်တစ်ခုက သူ့ကို နံရံမှာ ဖိထားသည်ကို ခံစားလိုက်ရသည်။


ရင်းနှီးနေသော အသက်ရှုသံက ပို၍ နီးကပ်လာသည်။ နောက်ဆုံးမှာ သူ့နှုတ်ခမ်း၌ ရပ်သွား၏။


ဘာရှင်းပြချက်မှမရှိဘဲ ပိုင်ရဲ့က သူ့နှုတ်ခမ်းပေါ် ငိုနမ်းလိုက်၏။


သူ ဒေါသအတော်လေးထွက်နေသောကြောင့် သို့မဟုတ် အချိန်အကြာကြီး ထိန်းထားသောကြောင့်မည်၊ပိုင်ရဲ့၏ လှုပ်ရှားမှုတွေက မနူးညံ့ပါချေ။နှုတ်ခမ်းချင်း ခဏလောက် ပွတ်သပ်ဖိကပ်ပြီးနောက် တစ်ဖက်လူက ပါးစပ်ကိုဖွင့်မပေးကြောင်း တွေ့လိုက်ရသည်။ထို့ကြောင့် သူ သူ၏ သွားစွယ်များကို အသုံးပြုကာ တစ်ဖက်လူ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။


"အာ့-"


ချီရှင်းချန် နာကျင်မှုကြောင့် အော်လိုက်မိသည်။


ပိုင်ရဲ့က အခြေအနေကို အခွင့်ကောင်းယူလိုက်သည်။ သူ့အချုပ်အခြာအာဏာကို ကြေငြာလိုက်သလိုမျိုး သူက တစ်လက်မချင်း လုယူသိမ်းပိုက်လေတော့သည်။


ချီရှင်းချန်၏ စိတ်တွေ လွတ်ထွက်သွားပြီး တွေးခေါ်နိုင်စွမ်းတွေ ဆုံးရှုံးသွားသည်။လေထဲတွင် အေးခဲနေသည့်လက်က ဆုပ်လိုက်ဖြေလိုက်ဖြစ်နေ၏။ထို့နောက် အောက်ဆီဂျင်ပြတ်လပ်ကြောင့် သူ့လက်ချောင်းထိပ်များသည် အလိုအလျောက် တွန့်သွားသည်။


သူ့ခြေထောက်တွေ သူ့လက်တွေကဲ့သို့ နာခံမှုမရှိတော့သည်တိုင်၊ အသက်ရှူကြပ်လုနီးပါးဖြစ်သည့်အခါကျမှ သူ့ကိုလွှတ်ပေးလာသည်။


လှုပ်မရရှားမရသည့် ခံစားချက်က တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ချီရှင်းချန် ပြင်းပြင်းထန်ထန် မောဟိုက်နေကာ အသက်လု၍ရှူနေရသည်။ အချိန်မည်မျှကြာပြီရယ်မသိ၊ သူ၏အသံက တုန်ယင်၍နေသည်။ 


"အခု ကိုယ့်ဘာကိုယ့် ဘာလုပ်နေမှန်း သိရဲ့လား"


ပိုင်ရဲ့၏အခြေအနေကလည်း သူ့ထက် ပိုကောင်းပုံမရပေ သူ့အသံကအက်ကွဲနေသည်။

"သိတယ်...မင်းကို နမ်းနေတာ"


"နမ်းတာက...ကိုယ်သဘောကျရတဲ့လူနဲ့ပဲ လုပ်လို့ရတာ... အနမ်းကျင့်ဖို့အတွက်နဲ့ ကျွန်တော့်ကို အသုံးမချပါနဲ့... ဒါ ...ကျွန်တော်ရဲ့ပထမဦးဆုံးအကြိမ်"


ပိုင်ရဲ့က သူ့ဂုတ်ပိုးကို ဆုပ်ကိုင်ထားလျက်ရှိပြီး အကြင်နာမဲ့ရိပ်တို့စွန်းထင်နေသော အသံနိမ့်နိမ့်ဖြင့်ဆိုသည်။


"အနမ်းကျင့်ဖို့ ကိုယ် မင်းကို သုံးခဲ့တာမဟုတ်ဘူး... မင်းက ကိုယ်သဘောကျရတဲ့လူပဲ"


ကိုယ် မင်းကို အရမ်းသဘောကျလို့ ကိုယ့်အကြည့်တွေက မင်းနောက်ကို အမြဲလိုက်နေတာ...


ကိုယ် မင်းကို အရမ်းသဘောကျလို့ မင်းနဲ့ဆိုရင် ပျော်နေတာ...


ကိုယ် မင်းကို အရမ်းသဘောကျလို့ မင်းဆီက အသေးငယ်ဆုံး မတရားမှုကိုဖြစ်စေ၊မင်းပေးတဲ့နာကျင်မှုကိုဖြစ်စေ နည်းနည်းလေးတောင် မခံစားနိုင်ဘူး...


ကိုယ် မင်းကို အရမ်းသဘောကျလို့ မင်းဘေးနားမှာ ကိုယ် ကိုယ်တိုင်ကလွဲလို့ တခြားလူကို မမြင်ချင်တော့ဘူး...


ပထမတုန်းက ပိုင်ရဲ့ သူ့အပေါ် ဖန်တစ်ယောက်လိုပဲမြင်သည်။


သို့သော် မသိလိုက်ပါဘဲ၊ သူ့အပေါ် အရိုးထဲ၊အသဲထဲစွဲအောင် တုန်နေအောင်ချစ်မိသွားခဲ့သည်။


ယင်းက ဘယ်သောအခါမှ ပြောင်းလဲနိုင်တော့မည်မဟုတ်ပေ။


"ခင်ဗျား…" 


ချီရှင်းချန် ကိုယ့်လက်မောင်းကိုယ် ဆွဲဆိတ်လိုက်ပြီး နာကျင်မှုကြောင့် အေးစက်သောလေကို ရှုရှိုက်လိုက်မိသည်။


နာကျင်မှုက သူ့ကို အိပ်မက်မဟုတ်ကြောင်း ပြောပေမဲ့ မယုံနိုင်သေးပေ။ 


"ကျွန်တော့်ကို မစ(နောက်)ပါနဲ့...ကျွန်တော်က စလို့မရဘူး...အတည်...အတည်ယူမှာ"


"ကိုယ် မင်းကို စနေတာမဟုတ်ဘူး...ကိုယ် မင်းရဲ့ ချစ်သူကောင်လေး ဖြစ်ချင်တယ်"


ချီရှင်းချန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။


"ရမလား"


စနောက်နေတာမဟုတ်ဘူးလို့ သူကပြောတယ်...


သူ့ချစ်သူ ဖြစ်ချင်တယ်လို့ သူက ပြောတယ်...


သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ထက် ပိုမြန်၏။ချီရှင်းချန်က ဆောလျင်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်"


ခေတ္တရပ်ပြီးနောက် ပိုင်ရဲ့က သူ့စကားကို ပြန်ရုတ်သိမ်းမည်ကို ကြောက်သလိုမျိုး ပို၍ကျယ်လောင်စွာပင် သဘောတူလိုက်သည်။ 


"ဟုတ်!!!"


အဖြေကိုရရှိပြီးနောက် သုံးရက်ကြာ ပူလောင်နေခဲ့သော ပိုင်ရဲ့၏နှလုံးသား နောက်ဆုံးတွင် ၎င်း၏နေရာမှန်ကို တွေ့ရှိခဲ့သည်။


ယင်းက သူ့ရင်ဘတ်ဆီ ပြန်မလာတော့ပေ။တခြားတစ်ယောက်၏ခန္ဓာကိုယ်နှင့် အလုံးစုံ ချိတ်တွယ်ထားတော့လေသည်။


"မင်းကို ပြောဖို့ မေ့နေတာ...ဒါက ကိုယ့်ရဲ့ ပထမဆုံး အနမ်း" 

ပိုင်ရဲ့က သူ့မေးစေ့ကိုလက်မ လက်ညှိုးတို့ဖြင့် ဖိညှပ်ပြီး ပါးပြင်ကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ 


"နေ့လည်စာ ဘာစားခဲ့တာလဲ ...ချိုလိုက်တာ"


"ချိစ်... ချိစ်ကိတ်"


"ကိုယ် ခုနက မမြည်းလိုက်ရဘူး" 

ပိုင်ရဲ့က ရှေ့ကို ငုံ့လိုက်လေသည်။ 


"ချိစ်ကိတ်ကို ထပ်မြည်းကြည့်ချင်တယ်..."



[မူတောင် မမူနိုင်ရှာဘူး 🤧😁😁😁]