အပိုင်း ၁၀၂
Viewers 29k

Chapter 102



ပိုင်ရဲ့၏လေသံက ချီရှင်းချန်၏အမြင်ကိုမေးတောင်းနေပုံရပေမဲ့ သူ့လုပ်ရပ်က မေးရန် ရည်ရွယ်ချက် လုံးလုံး မပြခဲ့ပါချေ။


အဖြေကို စောင့်မနေဘဲ သူ့ကို တိုက်ရိုက်နမ်းလိုက်သည်။


ယခုတစ်ကြိမ်တွင် ခုနကနမ်းသည်လောက် အားမပါပေ။ဤတစ်ခါတွင် သူ့အနမ်းက အင်မတန် နူးညံ့၍နေသည်။ ပထမဦးစွာ သူက ချီရှင်းချန်၏နှုတ်ခမ်းများကိုစုပ်ယူကာ စိတ်ရှည်လက်ရှည် လျှာဖြင့်လျှက်နေပြီး ၊၎င်းနောက် နှုတ်ခမ်းနှစ်လွှာကို လျှာဖျားကို အသုံးပြု၍ထိုးဖွင့်လိုက်သည်။


တစ်ဖက်လူက ဖွ့င့်မပေး။


သူက ဖန်လေး၏ခါးလေးကို ညင်သာစွာ ဖိညစ်လိုက်သည်။

"မင်းပါးစပ်ကိုဖွင့်"


"...ဟမ်" 

ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။


"နမ်းတဲ့အခါ မင်းပါးစပ်ကိုဖွင့်ရမယ် အိုကေ" 

ပိုင်ရဲ့က တိုးတိုးလေးပြော၏။

"ကိုယ် မင်းကို ထပ်မကိုက်ရက်ဘူးလေကွာ"


သူ ခုနစ်နှစ်ကြာ နေ့ရောညပါ နားထောင်ခဲ့သည့် အသံကိုကြားရပြီးနောက်၊ ချီရှင်းချန် သူ၏ ခြေထောက်နှစ်ဖက်လုံး ဘာအရိုးမှမရှိတော့သလို ခံစားလိုက်ရသည်။ တခဏအတွင်းမှာပင် သူ တုန်ရီခြင်းကို မရပ်တန့်နိုင်လောက်အောင် ပျော့ခွေလာသည်။ သူ့ကိုယ်သူ ခွေလဲမသွာရအောင် တံတောင်ဆစ်တွေကို နံရံနှင့် ဖိထောက်ထားရသည်။


ပိုင်ရဲ့က သူ၏ လှုပ်ရှားမှုများကို ခံစားပြီး ကူကယ်ရာမဲ့ နည်းပေးလမ်းပြလုပ်လိုက်ရသည်။ "မင်း ကိုယ့်ကို ဖက်ထားလို့ရတယ်"


ချီရှင်းချန်က မလှုပ်ပေ။


ပိုင်ရဲ့ သူမလှုပ်မယက်ရှိနေသည်ကိုမြင်ပြီးမေးလိုက်၏။

"...ကိုယ့်ကို မဖက်ချင်လို့လား"


"…မဟုတ်ဘူး"


"ဒါဆို ဘာလဲ"


"ကြောက်လို့…"

ချီရှင်းချန်၏ အသံက တိုးဖွ၍နေသည်။ 

"ကောကိုထိလိုက်ရင် ရေပူဖောင်းလို့ကွဲသွားပြီး အမြုပ်ဖြစ်သွားမှာကို ကျွန်တော်ကြောက်တယ်... ဒါက အိပ်မက်တစ်ခုဖြစ်နေမှာကို ကျွန်တော်ကြောက်တယ်"


အိပ်မက်လား...သူဘာလို့ဒီလိုထင်ရတာလဲ...


ပိုင်ရဲ့ ရယ်စရာကောင်းသလိုခံစားရပြီး တစ်ချိန်တည်းမှာပဲ စိတ်ဆင်းရဲသွားမိသည်။ဘာမှပြန်မပြောဘဲ ဖန်လေး လုံးဝ ရှာမတွေ့ခဲ့သည့် မီးကို ဖွင့်လိုက်၏။


ရုတ်တရက် သူ့ရှေ့မှာ မှောင်ရာကနေလင်းသွားသည်။ချီရှင်းချန် မသိစိတ်မှ မျက်မှောင်ကြုတ်ပြီး မျက်လုံးကို အနည်းငယ်ဖွင့်လိုက်သည်။


သူ သူ့ရှေ့ကလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။


"ကိုယ် မင်းကို မီးဖွင့်ပြီး နမ်းလိုက်ရင်" 

ပိုင်ရဲ့က သူ့ကို လေးလေးနက်နက် မေးသည်။ "ဒါက အိပ်မက်လို့ မင်းထင်ဦးမှာလား"


ထို့နောက် သူ့ရှေ့မှလူက တဖြည်းဖြည်း ကြီးလာသည်။ သူ့မျက်လုံး၊ နှာခေါင်း၊ နှုတ်တွေက ပိုပို ရှင်းရှင်းပြတ်သား၍လာသည်။


နှုတ်ခမ်းများထက်က အထိအတွေ့ကပင် တကယ်ကို စစ်မှန်နေ၏။


ပိုင်ရဲ့က သူ့ကို ဆက်နမ်းနေလေသည်။


ချီရှင်းချန်မှာ တုံ့ပြန်နိုင်စွမ်း သိပ်မရှိရှာပါချေ။ သူ့နှုတ်ခမ်းနှင့် သွားများသည် အလွယ်တကူ ထိုးကလော်ခံလိုက်ရပြီး ပွင့်သွား၏။ အချိန်အတော်ကြာပြီးနောက် စင်္ကြံလမ်းမှ စကျင်ကျောက်ကြမ်းပြင်ပေါ်ရိုက်ခတ်နေသည့် သားရေဖိနပ်သံများ ထွက်ပေါ်လာသည်။


တစ်ယောက်ယောက်လာနေတာလား...သူတကယ်ကို အဆိုးရွားဆုံးအချိန်မှာ ရောက်လာတာအဲ...

ချီရှင်းချန် အနမ်းခံရ မဝသေးသဖြင့် သူ့စိတ်ထဲတွင် ညည်းညူနေခဲ့သည်။


နောက်တစ်စက္ကန့်တွင် သူရုတ်တရက် သတိရလိုက်သည်။သေစမ်း...သူ့အစ်ကိုကြီးက အပြင်မှာရှိနေတုန်းပဲ...


အခု ဘာလုပ်သင့်လဲ...


အကြောင်းရင်းက နောက်ဆုံးမှာ စိတ်ခံစားချက်ကို လွှမ်းမိုးသွား၏။ချီရှင်းချန် ပိုင်ရဲ့ကို တွန်းလိုက်သည်။ 

"ခဏလေး... အပြင်မှာ..."


သူ့ပါးစပ်က ထွက်လာပြီသည့်နှင့် သူ့အသံက သူခိုးလူမိသလိုဖြစ်နေမှန်း သိလိုက်ရသည်။ယခုနက မလျော်ကန်သော တစ်ခုခုကို သူလုပ်ခဲ့သလိုမျိုးဖြစ်၏။


ပိုင်ရဲ့က သူ့အတွေးတွေကို ခန့်မှန်းမိပြီး သူ့အမူအရာ ချက်ချင်းပြောင်းသွားသည်။ 

"အဲဒီလူအကြောင်း တွေးနေတုန်းပဲလား"


"ဟုတ်တယ်...သူ့ကိုအကြာကြီးစောင့်ခိုင်းလို့မဖြစ်ဘူး"


"ဘာဖြစ်လို့လဲ...သူက မင်းအတွက် အရမ်းအရေးကြီးတာလား"


"အရေးကြီးတာပေါ့" 

ချီရှင်းချန်က စိုးရိမ်တကြီးပြောသည်။ 

"အဲဒါ ကျွန်တော့်အစ်ကိုကြီးလေ"


ပိုင်ရဲ့: "???"


ချီရှင်းချန်က ဤကိစ္စ၏ လေးနက်မှုကို သူနားမလည်မှာ ကြောက်သည့်အတွက် ထပ်ဖြည့်ပြောလိုက်သည်။


"ကျွန်တော့်အစ်ကိုအရင်း...တစ်ဖအေးထဲမွေးတဲ့အစ်ကိုအရင်းခေါက်ခေါက်"


ပိုင်ရဲ့ စကားမပြောနိုင်တော့ပေ။


ဒီတော့ မေးခွန်းက...


အခြေအနေA: ဖန်လေးက သူ့ချစ်သူ


အခြေအနေB:အပြင်ကလူက ဖန်လေးရဲ့ အစ်ကိုအရင်း


မေး: အဲဒီလူက သူ့အတွက် ဘာလဲ...


အဖြေက နားလည်လွယ်သည်။ ထိုအမျိုးသားက သူ့ယောက်ဖဖြစ်သည်ကို တရုတ်ရှိလူတိုင်းသိသည်။


ယခုလည်း သူ ခုနက သူ့အမူအရာတွေကို ပြန်တွေးနေမိသည်။


ယောက်ဖကို နှုတ်ဆက်ရန် ငြင်းဆန်ခဲ့သည်။


ယောက်ဖရှေ့မှာ ဖန်လေးကို အတင်းဆွဲခေါ်လာခဲ့သည်။


ဆိုတော့ ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်မလဲ...


ဤအဖြေမှာလည်း အလွန်နားလည်လွယ်သည်။ သူ့ဖန်လေးကို သူ့အိမ်ထဲခေါ်သွင်းရန်၏ ခက်ခဲမှုအဆင့်ကို တရုတ်မှာရှိသည့် လူတိုင်းသိကြ၏။


သို့ပေမဲ့ ယခု အရေးကြီးဆုံးက သူ့ယောက်ဖကို ဆက်စောင့်မနေခိုင်းရန်ဖြစ်သည်။ပိုင်ရဲ့ ချီရှင်းချန်၏ခေါင်းပေါ်ရှိ ဆံပင်များကို သပ်ပေးလိုက်သည်။


ချီရှင်းချန် သူ့ပါးပြင်တွေကို ပွတ်သပ်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ သူက ပိုင်ရဲ့ကို ခေါ်ပြီး သိုလှောင်ခန်းထဲက ထွက်လာ၏။


ချီယွမ်ရှောင် စင်္ကြံတွင် လမ်းလျှောက်နေဆဲဖြစ်သည်။ သူ့အမူအရာက ပုံမှန်ဖြစ်ပြီး စိတ်မရှည်ဖြစ်နေပုံမရပေ။


သို့ရာတွင် သူက သူ့ခံစားချက်တွေကို မပြတတ်သည့်လူဖြစ်၏။ချီရှင်းချန် သူဘာတွေတွေးနေမှန်း မသိနိုင်ပေ။ "ကော" ဟု အားပျော့စွာ အော်လိုက်သည်။


"အမ်း"


ချီရှင်းချန်က ပိုင်ရဲ့အဆင်မပြေဖြစ်မှာကို ကြောက်သည့်အတွက် သူ့ကို လမ်းတစ်ဝက်မှာ မိတ်ဆက်ပေးလိုက်သည်။

"ဒါက ကောကို ကျွန်တော်ပြောထားတဲ့ပိုင်ရဲ့...ကျွန်တော်တို့ ခုနက အဲဒီအခန်းထဲကို...ရိုက်ကူးရေးအသုံးဆောင်ပစ္စည်း ရှာဖို့သွားတာ"


ပိုင်ရဲ့ ချီယွမ်ရှောင်က ယောကျ်ားနှစ်ယောက် အတူတူရှိနေသည်ကို စိတ်ရှိ မရှိ မသိပေ။စကားများများစားစားမပြောဘဲ ညာလက်ကို ဆန့်ပေးလိုက်သည်။ 


"မင်္ဂလာပါ"


ချီယွမ်ရှောင်၏ အကြည့်က သူ့ညီလေး၏ မျက်ရည်လဲ့နေသော မျက်လုံးများနှင့် အနည်းငယ်နီပြီး ရောင်ရမ်းနေသော နှုတ်ခမ်းများပေါ်သို့ ကျရောက်သွားသည်။ သူက အရာအားလုံးကို ချက်ချင်းနားလည်သွားသည်။


သူက လက်ဆွဲနှုတ်ဆက်ရင်း ပိုင်ရဲ့လက်ကို အားထည့်ညှစ်ပစ်လိုက်သည်။


"အသုံးအဆောင်တွေ တွေ့ပြီလား"


"တွေ့-တွေ့ပြီ" 

ချီရှင်းချန်ု အထစ်ထစ်အ,အအဖြင့် အမြန်ဖြေလိုက်သည်။


ချီယွမ်ရှောင်ပြောစရာစကားမဲ့သွားရသည်။


ကောင်းပြီ၊သူ့အိမ်က ဂေါ်ဖီထုပ်ကို အတူးခံလိုက်ကတည်းက သူက တံတောင်ဆစ်ကိုအပြင်ဘက်လှည့်ရန် သင်ယူထားပြီးသားဖြစ်သည်။

(အပြင်လူဘက်လိုက်)


ချီယွမ်ရှောင်က သူ့ညီလေးကို ခဏလောက်ကြည့်ပြီးနောက် ပိုင်ရဲ့ကို ကြည့်လိုက်၏။ သူ စိတ်မကောင်းဖြစ်မိသည်။


သူ့ရဲ့ရွှေဂေါ်ဖီထုပ်ကို သူ့မျက်စိအောက်မှာပဲ ဝက်တစ်ကောင်က လုယူသွားခဲ့တယ်...


ဝက်က ရုပ်ရည်ချောမောပြီး ကောင်းမွန်သောမိသားစုမှ ဆင်းသက်လာသူဖြစ်ကာ သူ့စကားပြောပုံဆိုပုံအရ အကျင့်စရိုက်မကောင်းသည့် ငါးဆားနူကောင်ဖြစ်ပုံမပေါ်သော်ငြားလည်း သူ သည်အတိုင်း လွှတ်မပေးလိုက်နိုင်ခြင်းဖြစ်သည်။သူက အသံကိုလျှော့ပြီး ပြောလိုကိသည်။


"နေ့လည်မှာ လုပ်စရာရှိတယ်...ငါအရင်သွားနှင့်မယ်"


"ကော လိုက်ပို့ပေးမယ်"


"မလိုပါဘူး...အလုပ်ကြိုးစား...နောက်တစ်ခါ အိမ်ပြန်ဖို့ မမေ့နဲ့" 

ချီယွမ်ရှောင်က အမြန်လှည့်ပြီး ထွက်သွားလေသည်။


.......


ချီရှင်းချန် သူ့အစ်ကိုနှင့်အတူတူ သုံးနာရီပင် ပြည့်အောင်အချိန်မကုန်ဆုံးရသဖြင့် အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။


ပိုင်ရဲ့က သူ့စိတ်ခံစားချက်ကို သတိထားမိပြီး အကြံပေးလိုက်သည်။

"နောက်ထပ်ရိုက်ဖို့ အချိန်လိုပါသေးတယ်...မရိုက်ကူးခင် တစ်ရက်အလိုမှာ မင်းကို အိမ်ပြန်ပို့ပေးမယ်လေ"


"မဟုတ်ဘူး... အဆင်ပြေတယ်" 

ချီရှင်းချန် သူ့ရည်းစားအသစ်စက်စက်လေးနှင့်လည်း မခွဲနိုင်ပေ။ 

"ဒုတိယအကျော့ ပြိုင်ပွဲပြီးရင် အိမ်ပြန်မယ်... ဒီအကြောင်း မပြောပါရစေနဲ့တော့...ကောအတွက် နေ့လယ်စာပါဆယ်ထုပ်လာတယ်... အရင်စားလိုက်"


ချီရှင်းချန် သူ့လက်ထဲက အိတ်ကို ဝှေ့ယမ်းလိုက်သည်။


"လက်စသတ်တော့ ကိုယ့်အတွက်ကိုး" 

ပိုင်ရဲ့က မျက်ခုံးပင့်လိုက်သည်။ 

"မင်း ခုနက လွှတ်မချတာ မအံ့သြတော့ပါဘူး"


ခြေထောက်တွေ ပျော့ခွေနေပေမဲ့ သူ လွှတ်မချခဲ့ဘူး...


"... ကန်တင်းမှာ ကော ကောင်းကောင်းမစားရမှာစိုးရိမ်လို့"


"ကျေးဇူးတင်ပါတယ်ခင်ဗျာ" 

ပိုင်ရဲ့က အိတ်ကို ယူလိုက်သည်။

"လေ့ကျင့်ရေးအခန်းထဲမှာ ကင်မရာတစ်လုံးရှိနေတယ်...ကားပေါ်မှာပဲ ထမင်းသွားစားရအောင်"


ချီရှင်းချန် လေ့ကျင့်ရေးအခန်းရှိ ကင်မရာက အဘယ်ကြောင့် အစာစားခြင်းကို ထိခိုက်စေမည်ကို စဥ်းစားမရပါချေ။


ပိုင်ရဲ့စားသည့်ပုံစံက အလွန်ကျော့ရှင်းသည်။အထက်တန်းဆန်သည်ဟူ၍ပင် ခေါ်၍ရပြီး အစားအသောက်ကြောင့် သူ့ပုံရိပ်ကို ဆုံးရှုံးမှာမဟုတ်ပေ။


သူတို့နှစ်ယောက် RV ထဲကိုဝင်ပြီး ယာဥ်မောင်းသူထိုင်ခုံနှင့် အနောက်ဘက် လက်ကျန်ဧရိယာကြားက တံခါးကိုပိတ်လိုက်သည့်အခါ ပိုင်ရဲ့ ဖန်လေးကို ကောက်ပွေ့လိုက်ပြီး ဂုတ်ပိုးလေး ဆုပ်ကိုင်ကာ အားမထည့်ဘဲ ဖွဖွလေးညစ်လိုက်သည်။


ချီရှင်းချန်က သက်တောင့်သက်သာရှိစွာဖြင့် သူ့မျက်လုံးများကို မှေးစင်းထားကာ ခေါင်းလေးတဆတ်ဆတ်လုပ်နေသည်။ သူ့ကို ပိုကြည့်လေ၊ အကောင်ပေါက်လေးနှင့် ပိုတူလေပါပင်။သည်ကိုလာရသည့် ရည်ရွယ်ချက်ကို သူ မမေ့ပေ။ဟင်းများကို တစ်ခုပြီးတစ်ခုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။


အစားအသောက် ဇီဇာကြောင်သော ပိုင်ရဲ့ ၎င်းကို ကြည့်ကာ ဆိုသည်။ 

"အဓိကအစားအစာ မပါဘူးလား"

(ထမင်း၊ပေါင်မုန့်ကဲ့သို့သော ဆန်၊ဂျုံစသည့်အစေ့အဆန်များဖြင့်ပြုလုပ်ထားသည့် အဓိကစားစရာ)


"မပါဘူး" 

ချီရှင်းချန် တစ်ခုခုမှားနေသည်ကို သတိထားမိလိုက်သည်။ 

"နေ့လည်စာ မစားရသေးဘူးလား"


ပိုင်ရဲ့က ခေါင်းယမ်းလိုက်သည်။


ကန်တင်းထဲမှာ သူ့ကို ရှာမတွေ့တာ အံ့သြစရာမဟုတ်ဘူးပဲ...


"ဘာဖြစ်လို့လဲ..." 

ချီရှင်းချန် စမ်းမေးကြည့်လိုက်သည်။

"ကျွန်တော့်အစ်ကိုနဲ့ထွက်သွားပြီး ကောကို ထားခဲ့တာကြောင့် မစားတာတော့မဟုတ်ပါဘူးနော်"


ပိုင်ရဲ့: "…"


ဒီကောင်လေးက မဖြစ်သင့်တဲ့အခါကျ ဘာလို့ ဒီလောက်ပါးနပ်နေရတာလဲ...


သူတိတ်ဆိတ်နေသည်ကိုမြင်လိုက်သောအခါ ချီရှင်းချန်၏ စိတ်တွေ တဖြည်းဖြည်းရှင်းလင်းလာပါ၏။ 


"ဒါဆို ဒီနေ့ ရုတ်တရက်ကြီး...ကျွန်တော့်ကို့ကြိုက်တယ်လို့ ဖွင့်ပြောတာက... ကျွန်တော့်အစ်ကိုကြောင့်လား"


"… အင်း"


"ကျွန့်တော်အထောက်အထားက အဖော်ခံလိုက်ရပြီးပြီလေ...ကော သူ့ကို မသိဘူးလား"


"ကိုယ်က Weibo သိပ်မသုံးဘူး"

ပိုင်ရဲ့ အကူအညီမဲ့နေ၏။


ပိုင်ရဲ့သာ Weibo ကို အမြဲသုံးနေပါက အထူးဂရုစိုက်မှု ဘယ်လိုသတ်မှတ်ရမလဲဆိုသည်ကို သူ့ကိုမေးမှာ မဟုတ်ပါချေ။ချီရှင်းချန် နားမလည်နိုင်အောင် စိတ်အဆင်မပြေ ဖြစ်နေမိပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။ 


"ကောက ကျွန်တော့်ကို စိတ်လိုက်မာန်ပါနဲ့ ဝန်ခံခဲ့တာ မဟုတ်ဘူးလား"


သူက သူ့ကို အလွန်ကြီးသဘောမကျပေမဲ့ သူ့ကိုတခြားလူနှင့်တွဲတွေ့သောအခါ ပိုင်စိုးပိုင်နင်းတစ်ဦးတည်းမောင်ပိုင်စီးလိုမှု သို့မဟုတ် တခြားထူးဆန်းသည့် ခံစားချက်တွေကြောင့် သူ့ကို စိတ်လိုက်မာန်ပါ ဝန်ခံခဲ့ခြင်းဖြစ်မည်။


ပိုင်ရဲ့ သူ့အတွေးကြောင့် ရယ်ရမလား ငိုရမလား မသိပေ။သူ၏ ခေါက်ရိုးကျိုးနေသော စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေအတွက် သူလည်း စိတိယ်မကောင်းဖြစ်မိသည်။ သူက ထပ်လောင်းပြောလိုက်၏။

"မဟုတ်ဘူး...ကိုယ်က စိတ်လိုက်မာန်ပါနဲ့ လုပ်ခဲ့တာမဟုတ်ဘူး..ကိုယ် မင်းကိုသဘောကျတယ်...ဒါအကုန်ပဲ"


သူက သူ့ကိုယ်သူ ရှင်းပြဝန်ခံရာမှာ ကောင်းကောင်းမလုပ်နိုင်ပေမဲ့ ယခုအချိန်မှာတော့ သူ့ဖန်လေးကို စိတ်ချမ်းသာစေရန်အတွက် ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားခဲ့သည်။ 

"ကိုယ် မင်းလို့မျိုး ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်ဖူးဘူး...ဘယ်သူ့အပေါ်ကိုမှ မနူးညံ့ပေးသည်းမခံပေးဖူးဘူး... အစကတော့ သတိမထားမိဘူး... နောက်တော့ မင်းနဲ့ လျန်ကျင်းမြင်းစီးတဲ့ ဓာတ်ပုံကို ကိုယ်မြင်လိုက်ရတယ်...ကိုယ် ကလေးဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိတယ်"


"ကိုယ် မင်းကို လေဆိပ်မှာ လာကြိုဖို့ ဆုံးဖြတ်လိုက်တယ်...လျန်ကျင်းက မင်းဘယ်သူလဲဆိုတာ သိစေဖို့ ကိုယ်လည်း မင်းနဲ့ ဓာတ်ပုံထဲမှာ တွဲပြီးပေါ်လာချင်ခဲ့တယ်"


"ဒီနေ့ မင်းက ကိုယ့်ကို မင်းနဲ့ ထမင်းအတူစားခိုင်းပေမဲ့ မင်းဆီ တစ်ယောက်ယောက် လာလည်တယ်လို့ကြားတော့ မင်းက တခြားတစ်ယောက်နဲ့အတူတူ ထွက်သွားခဲ့တယ်...ကိုယ် စားချင်စိတ်နည်းနည်းလေးမှမရှိတော့ဘူး"


မနက်ခင်းက ဂိမ်းအပါအဝင် သူ့ဖန်လေးနှင့် မတော်တဆ ထိတွေ့မိသည့်အခါ သူ့ခန္ဓာကိုယ်မှထိန်းချုပ်လို့မရသည့် တုံ့ပြန်မှုက သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်–


သူ့ဖန်လေးအပေါ်ထားသည့် သူ့ခံစားချက်တွေက idols နှင့်ဖန်အမျိုးအစားတွေကို ကျော်လွန်နေသည်ကကြာပြီဟူ၍။


ချီရှင်းချန်၏ ဦးရေပြား တုန်ရီနေသည်။ သူက ပိုင်ရဲ့ကို စိတ်မချမ်းသာအောင် လုပ်ခဲ့သူဖြစ်သည်။


သူ မသိလိုက်ဘဲ မိုက်မဲတဲ့အရာတွေ ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲ...


"ကောင်းပြီ...စကားရပ်လိုက်တော့" 

ချီရှင်းချန်က သူ့ကို အလျင်အမြန် ဝင်နှောင့်ယှက်လိုက်သည်။ 

"ပြောမနေနဲ့ပါနဲ့တော့ ...ကျွန်တော် သိပါပြီ"



သူက မျက်မှောင်ကြုတ်ပြီး ထိုင်ခုံကို လက်နှင့် ကုတ်နေခဲ့၏။ သူ သူ၏အပြစ်များကို ဖြေရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။


သို့ပေမဲ့ သူစိတ်ပိုပူလေလေ၊ နည်းလမ်းရှာမတွေ့လေလေပါပင်။ အဆုံးတွင် သူ ပိုင်ရဲ့၏ လည်ပင်းပေါ်သို့ ခိုတွဲကာ တောင်းပန်မှုနှင့် ချစ်ခြင်းမေတ္တာကို အနမ်းတစ်ပွင့်နှင့် ဖော်ပြရုံသာတတ်နိုင်ခဲ့သည်။


သူ၏ အနမ်းစွမ်းရည်မှာ အတွေ့အကြုံမရှိသဖြင့် အဓိကအချက်များကို မသိပေ။ နှုတ်ခမ်းကို ဘယ်လို စုပ်ရမလဲဆိုသည်ကိုသာ သိပြီး နမ်းရာတွင် သူ့လျှာကို ထုတ်ရန်လိုသည်ကို မသိပါချေ။


သူ့ကို နမ်းပြီးသည့်အခါ ဆောလျင်စွာ ဝန်ခံခဲ့၏။

"ကျွန်တော်လည်း ကောကို

သဘောကျတယ်...အများကြီးသဘောကျတယ်"


သဘောကျလွန်းလို့ ကျွန်တော့်ရဲ့အထောက်အထားအစစ်အမှန်တွေကို ကောအတွက် စွန့်လွှတ်ချင်နေတဲ့အထိပါပဲ...


ဥပမာအားဖြင့် ကျွန်တော် ကျွန်တော့်ရဲ့အထောက်အထားအစစ်အမှန်ကို စွန့်ပစ်ပြီး စာအုပ်ထဲမှာ ကောနဲ့အတူတူ ထာဝရနေထိုင်သွားမယ်...