အပိုင်း ၁၀၃
Viewers 29k

Chapter 103




ပြိုင်ပွဲမစမီတစ်ရက်အလိုတွင် ချီရှင်းချန် ပရိုဂရမ်အဖွဲ့၏တောင်းဆိုချက်အရ အားပေးရန်အတွက် လွှတ်မြောက်ကျန်ရစ်နေသောF အတန်းသားများ၏အဆောင်သို့သွားခဲ့သည်။ထို့နောက် သူက ဟန်ချင်းအိပ်ဆောင်အရောက်မှာ ရပ်သွား၏။


Aအတန်း ၏ အိပ်ဆောင်သည် အပေါ်ဆုံးထပ်တွင်ရှိသည်။ သင်တန်းသားတွေက "ပိရမစ်ထိပ်"၊ "မျှော်ကြည့်ရမဲ့ ဘော့စ်ရဲ့အိမ်" အစရှိသဖြင့်နာမည်ပေးထားကြသည်။ချီရှင်းချန်က လျှောက်သွားရင်း နှာခေါင်းကို အုပ်ကာ ကင်မရာဆီသို့ အသက်ရှူကျပ်သည့် အမူအရာလုပ်ပြသည်။ 

"ဒါက ဘော့စ်ရဲ့ အနံ့လား"


လက်ထောက်က "အနံ့ကဘာလဲ" ဟုမေးသည်။


"ထမင်းလိပ်၊ အူဒုံ၊ ကြက်တောင်ပံကြော်... နဲ့ အနံ့ဆိုးထွက်နေတဲ့ ခြေအိတ်တွေ၊ ခြေအိတ်တွေကို ဘယ်သူက မလျှော်ဘဲ ကြာကြာစုထားတာလဲ"


"ဟားဟားဟား" 

လက်ထောက်က သူ့အား ရယ်နေလေသည်။


ရသစုံရှိုးပွဲတွေနှက့်ပတ်သတ်လျှင် ချီရှင်းချန်က အတော်လေးရင့်ကျက်နေပြီဖြစ်၏။ လက်ထောက်နှင့် စကားစမြည်ပြောနေရင်း သူက ဟန်ချင်း၏ တံခါးကို ခေါက်လိုက်သည်။


ဟန်ချင်းက maskကပ်ထားသည်။ သူဘယ်သူလဲဆိုသည်ကိုတွေ့သောအခါ သူ၏maskက ကွဲလုမတတ်ဖြစ်သွားသည်။ 

"ရှင်းရှင်း.... မင်းဘာလို့ဒီကိုရောက်နေတာလဲ... ဟေး ဒီနေ့ မင်းကြည့်ကောင်းတာပဲ...အသားအရည်က ဖြူပြီး ပန်းနုရောင်သန်းနေတယ်ရော"


ချီရှင်းချန် ဟန်ချင်းက သူ့ကို ချီးကျူးရန် ဆင်ခြေရှာနေသည်ဟု ထင်နေသောကြောင့် သူ ဂရုမစိုက်ပါချေ။

"… အခုတလော ကောင်းကောင်းအနားယူနေလို့ ဖြစ်နိုင်တယ်... ဒီမှာဘယ်သူတွေရောက်နေတာလဲ... ဝင်ကြည့်လို့ရမလား"


ဟန်ချင်းက နာမည်တချို့ကို ရွတ်ပြပြီးရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။

"အထဲမှာ အရမ်းရှုပ်နေတယ်... ကင်မရာမင်းအစ်ကို ကျွန်တော်တို့ကို လွှတ်ပေးလို့ရမလား"


ကင်မရာမင်းက ပစ္စည်းကောင်းကို မည်သို့လက်လွှတ်နိုင်မည်နည်း။ သူက ချီရှင်းချန်၏နောက်ကနေ မရမကတိုးဝင်လိုက်သည်။


လဲလျောင်းနေ သို့မဟုတ် မှီနေသော သင်တန်းသားများင မတ်မတ်ထထိုင်ကြသည်။ချီရှင်းချန်ကိုတွေ့သောအခါ အားလုံး အံ့သြသွားကြသည်။

 "ဝိုး ချီလောင်ရှီး...လောင်ရှီးကို အနီးကပ်ကြည့်ကြည့်လိုက်တော့ အသားအရေက အရမ်းကောင်းတာပဲနော်...အရမ်းချောတာပဲ"


ချီရှင်းချန် ဆွံ့အနေသည်။


ဟန်ချင်းက အမှန်အတိုင်းပြောနေတာလား...


"မင်းတို့လည်း မဆိုးပါဘူးကွ"

သူက ပြန် ချီးကျူးလိုက်သည်။ 

"မနက်ဖြန် ကင်မရာပေါ်မှာဆို ပိုတောင် ကြည့်ကောင်းမှာ သေချာတယ်"


အားလုံးက ခဏလောက်ပျော်ပျော်ပါးပါးစနောက်နေကြသည်။နောက်ဆုံးတွင် ချီရှင်းချန် သူ၏ဂရုစိုက်မှုတာဝန်ကို ပြီးမြောက်ပြီး နာနီကားပေါ်သို့ အမြန်ပြန်သွားခဲ့သည်။


သို့သော် သူတန့းထွက်မသွားခဲ့ပေ။ ခဏလောက်စောင့်ရန် လောင်ချင်ကိုပြောပြီး အန်းရန်ကိုမေးလိုက်သည်။

"ကျဲ....ကျွန်တော်ကြည့်ကောင်းလား"


"ဟုတ်တယ်...ငါနင့်ကိုမေးချင်နေတာ "

အန်းရန်က မနာလိုဟန်ဖြင့်ပြောသည်။

"ကျန်းကျန်းက နင့်အတွက် အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်အသစ်အယတချို့ကို သုံးခဲ့တာလား"


"မဟုတ်ဘူး...ကျွန်တော် ဘာမှမလုပ်ဘူးရယ်" 

ချီရှင်းချန် အံ့ဩသွားသည်။


ပိုင်ရဲ့ အတူရှိပြီးနောက် မကြာခဏ ကြောင်တက်တက် ရယ်မောခဲ့သည်။ ရယ်ပြီးလျှင်လည်း တွေးပြီးငေးနေပေလိမ့်မည်။ ကျန်သည့် အချိန်မှာ သူရေချိုးသည်။၊ဟန်ချင်း ကဲ့သို့ maskတပ်ရန် နေနေသာသာ၊အန်းရန် ပေးသော ဖြန်းဆေးကိုပင် သူ အမှတ်မရပေ။


သူ့အသားအရည်က ရုတ်တရက်ကြီး ဘယ်လိုလုပ်ကောင်းလာတာလဲ...


အန်းရန်က သူ ကိုယ့်ပါးကိုယ် ဆွဲညှစ်နေသည်ကို မြင်ပြီး ဟာသလုပ်လိုက်သည်။

"ချစ်မိသွားတဲ့သူတွေက ဒိုပါမင်း ထွက်နှုန်း တိုးလာတဲ့အတွက် ပိုလှလာပြီး အသားအရေ ပိုကောင်းလာတယ်လို့ ပြောကြတယ်”


ချီရှင်းချန်၏လက်များ တုန်ရီသွားပြီး သူ၏ ဖြူဖွေးကြည်စင်သော အရေပြားပေါ်တွင် အနီကွက်များ ပေါ်လာလေသည်။


နှစ်ယောက်သား စကားစမြည်ပြောနေကြစဉ် အန်းရန်က ချီရှင်းချန်ကို စိုက်ကြည့်နေခဲ့သည်။ ဤလုပ်ရပ်သည် အန်ရန့်၏ မျက်လုံးများတွင် ထင်ရှားစွာ ထင်ဟပ်နေသည်။သူမနှလုံး ဒိတ်ခနဲခုန်သွားသည်။ 


"ရှင်းရှင်း... နင်ချစ်မိနေတာတော့မဟုတ်ပါဘူးနော်"


"ကျွန်တော်... ကျွန်တော်က နေ့တိုင်းရိုက်ကူးရေးမှာ ရှိနေတာလေ...အလုပ်သွားတဲ့အခါလည်း ကျဲနဲ့ အတူရှိနေတာပဲ... တစ်ယောက်ယောက်နဲ့ ဘယ်လိုလုပ် ချိန်းတွေ့ရမှာလဲ"


အန်းရန် ခေါင်းညိတ်လိုက်သည်။ 

"နင် တစ်ယောက်ယောက်နဲ့ချိန်းတွေ့ရင် ငါ့ကိုပြောပြရမယ်...သေချာတာပေါ့...တစ်ယောက်ယောက်နဲ့မတွဲရင် အကောင်းဆုံးပဲ...နင်က တက်ချိန်ရောက်နေတာ...ဇနီးဖန်နဲ့ကောင်မလေးဖန်တွေ အများကြီးရှိတယ်...ဖန်တွေကို မထိခိုက်အောင် ကြိုးစားပါ"


တစ်နည်းဆိုရသော် ချီရှင်းချန်တွင် မည်သည့်အလုပ်များ သို့မဟုတ် အသက်မွေးဝမ်းကျောင်းဖန်မျှ မရှိပါချေ။ သူသည် သူ၏ကျော်ကြားမှုကို ပံ့ပိုးရန် ခေတ်စားမှုကို အားကိုးသည်။ သူ့ကို အားပေးသည့် ဖန်တွေကို အဓိက အားကိုး၏။သူ ချစ်သူရသွားမည်ဆိုပါက ဖန်တွေ အများကြိးကို ကြောက်လန့်သွားစေလိမ့်မည်။ အစောပိုင်းအဆင့်တွင် သူတည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်က ပျက်စီးသွားမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာရန် မဖြစ်နိုင်ပေ။


"ဟုတ်ကဲ့" 

ချီရှင်းချန် ဝိုးတဝါး တုံ့ပြန်လိုက်သည်။


သူက အန်းရန်ထံမှ တမင်တကာ ဝှက်ထားခဲ့ခြင်း မဟုတ်ပေ။သူတို့နှစ်ယောက်၏ဆက်ဆံရေး သတင်းများ ပြန့်နှံ့သွားသည်နှင့် တပြိုင်နက် သူက ဘာမဟုတ်သည့် အနုပညာရှင်ပေါက်စလေးဖြစ်သဖြင့် ပိုင်ရဲွအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာမည်

ဖြစ်သည်။


ပိုင်ရဲ့က စင်မြင့်ကို အလွန်ချစ်သည်။ပိုင်ရဲ့၏ စိတ်အားထက်သန်မှုကို သူ မဖျက်ဆီးနိုင်ပေ။ သူ အမှားမလုပ်ဝံ့ပေ။


အန်းရန်က အဖြေရပြီးနောက် စိတ်သက်သာရာရသွားကာ သူမ၏ Weibo တွင် ဆက်လက်လှုပ်ရှားခဲ့သည်။


နာရီဝက်လောက်စောင့်ပြီးနောက် ပိုင်ရဲ့က အားလွင်နှင့်အဆူ ကားထဲကို ဝင်လာသည်။


ချီရှင်းချန် နှင့် ပိုင်ရဲ တို့သည် ဟိုတယ်တစ်ခုတည်းတွင် တည်းခိုခဲ့ကြသည်။ သူတို့ရိုက်ကူးရေးတွေ ပြီးတော့မှာကိုတွေ့သဖြင့် ပိုင်ရဲ့၏ဒရိုင်ဘာကို ဒုက္ခမပေးချင်ပေ။သူ ပိုင်ရဲ့ကို လမ်းကြုံ ပြန်ခေါ်သွားရန် စီစဉ်ထား၏။


မှန်ပေသည်၊ သူ့မှာ တစ်ကိုယ်ကောင်းဆန်သည့် စေ့ဆော်မှုတွေလည်း ရှိသည်။


ဒုတိယအကျော့ပြိုင်ပွဲ စတင်တော့မည်ဖြစ်သည်။ ချန်ကျားရီ၊ဝေချင် နှင့် အခြား နှစ်ယောက်လည်း ရိုက်ကွင်းသို့ ပြန်လာခဲ့ကြသည်။ လူတိုင်းမှာ ကိုယ်ပိုင်ရိုက်ကူးရေးတာဝန်တွေ ရှိကြ၏။ အလုပ်ချိန် မတူသောကြောင့် လူမိသွားမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့၏ ဆက်ဆံရေးကို အတည်ပြုပြီးကတည်း နှစ်စ်ယောက်တည်း အတူနေရန် အချိန်များစွာ မရှိခဲ့ပေ။


ချီရှင်းချန် အချိန်အကြာကြီး စောင့်ကြည့်ရှာဖွေနေခဲ့ပြီး နောက်ဆုံးတွင် ပိုင်ရဲ့ နှင့် နှစ်ယောက်တည်းနေရန် အခွင့်အရေးကို တွေ့ရှိခဲ့သည်။


ပိုင်ရဲ့က ဖြေဖြေချင်း ဝင်လာပြီး သူ့ဘေးမှာ သဘာဝအတိုင်း ဝင်ထိုင်လိုက်သည်။အားလွင်က ကွန်ပလိန်းတက်လိုက်၏။

 "ဘော့စ်... ကားက ဒီလောက်ကျယ်တာကို...ရှင်းရှင်းနဲ့ အတင်းကပ်ညှပ်နေစရာလိုလို့လား"


ပိုင်ရဲ့က သူ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ သူဘာမှမပြောခင် ချီရှင်းချန်ကဝင်ပြောလိုက်သည်။

 "ကြပ်တာက ကိစ္စမရှိပါဘူး... ရပါတယ်"


ပိုင်ရဲ့က အားလွင်း၏စကားကိုနားထောင်ပြီး ထိုင်ခုံပြောင်းသွားမှာကို သူကြောက်၏။


ပိုင်ရဲ့က သူ့ကို မော့ကြည့်ပြီး တိတ်တိတ်လေး ပြုံးလိုက်သည်။


ချီရှင်းချန် ခုနက သူတုံ့ပြန်မှု လွန်ကဲသွားသည်ကို သဘောပေါက်ပြီး ပြောလိုက်၏။

 "လူကြပ်နေတယ်ထင်ရင် တခြားနေရာမှာ သွားထိုင်လိုက်မယ်" 


"မထိုင်နဲ့... မကြပ်ဘူး" 

ပိုင်ရဲ့က သူဘာတွေတွေးနေလဲဆိုသည်ကို အဘယ်သို့ နားမလည်ပဲနေမည်နည်း။သေချာသည်ပင်၊သူဆန္ဒအတိုင်းဖြည့်ဆည်းပေးလိုက်သည်။


လျစ်လျူရှုခံထားရသည့် အားလွင်ကက သူ့လျှာကို နှိပ်ပြီးကျစ်ခနဲပြုလေသည်။


"ဘော့စ်ကဘက်လိုက်တာပဲ...ကျွန်တော့်ကို ဆူဆူညံညံနဲ့ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်လို့ ထင်နေရမဲ့နေရာ မဟုတ်ဘူး...ကျွန်တော့်ကို နောက်တန်းမှာထိုင်စေချင်တယ်ပေါ့"


"..." 

ပိုင်ရဲ့က သူ့ကို ငေါက်လိုက်၏။

"ပါးစပ်ပိတ်...ထိုင်"


"ကောင်းပြီ"


အားလုံးရောက်ပြီဖြစ်၍ လောင်ချင်က ကားကိုစမောင်းခဲ့သည်။ကားတုန်သွားသည်နှင့်အမျှ ချီရှင်းချန်၏ကိုယ်ထည်အပေါ်ပိုင်းသည် ၎င်းနှင့်အတူ လှုပ်ရှားသွားသည်။ သူ့လက်မောင်းက ပိုင်ရဲ လက်မောင်းကို မတော်တဆ တိုက်မိသွား၏။


ပိုင်ရဲ့က သူ၏ အထိအတွေ့ကို ခံစားလိုက်ရသည်။ တခြားသူတွေက ဂရုမစိုက်ဘဲ သူ့လက်ကို အောက်ကို ရွှေ့လိုက်ပြီး တစ်ဖက်လူ၏ လက်ဖဝါးကို ရှာကာ နူးညံ့သော လက်ဖဝါးလေးကို ညှစ်လိုက်သည်။


သူ့လှုပ်ရှားမှုတွေက အလွန်ပေါ့ပါးပြီး အထိအတွေ့က ရူးလောက်သည်။ထုံကျင်နေသည့် ခံစားချက်က သူ့လက်ဖဝါးကနေ ပျံ့နှံ့လာသည်။ချီရှင်းချန် လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး ကျန်ရှိနေသောနွေးထွေးမှုကို ထိန်းထားလိုက်သည်။


ထိုအချိန်မှာ သူ့ဖုန်းက တုန်ခါသွားသည်။ချီရှင်းချန် ထုတ်ပြီး ကြည့်လိုက်၏။


ပိုင်: [ဒီည ဘာစားချင်လဲ]


ချီရှင်းချန်၏မျက်နှာက တဖြည်းဖြည်းနီလာသည်။


သူ့ဘေးမှာ ထိုင်နေတာပဲကို တိုက်ရိုက်မေးလိုက်ပါလား...သူဘာကြောင့် WeChat မက်ဆေ့ခ်ျပို့တာလဲ...မသိရင် ခိုးပြီးအချစ်ဇာတ်ခင်းနေရသလိုပဲ...


သို့ပေမဲ့ ပိုင်ရဲ့နှင့် ပူးပေါင်းရန် သူရွေးချယ်ခဲ့သည်။

[ရိုးရှင်းတဲ့ တစ်ခုခုစားရအောင်... မနက်ဖြန်ရိုက်စရာရှိလို့ စောစောထမှရမယ်]


ပိုင် : [ဆန်ပြုတ်စားမလား?]


ရှင်းရှင်း: [ကောင်းပြီ!]


ရှင်းရှင်း: [ပြောရရင် အားလွင် ဆူညံတဲ့လူ မဟုတ်ဘူးလေ...သူ့ကိုဘာကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်လို့ ထင်ရတာလဲ]


ပိုင်ရဲ့ : [အဓိကကတော့ အလုပ်ပြီးရင် ကိုယ်ပိုင်အချိန်လိုချင်လို့]


ကိုယ်ပိုင်အချိန်…


ချီရှင်စချန် သူ့ကိုယ်သူ တွေးနေမိသည်။

[ဒါဆို ကောရဲ့ ကိုယ်ပိုင်အချိန်ကို ကျွန်တော်က ဝင်ယူနေတာလား]


ပိုင်: [မင်းက ကိုယ့် ကိုယ်ပိုင်အချိန်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ]


"..." 

ချီရှင်းချန် သူ့ဖုန်းကို ချပစ်လုနီးပါးပါပင်။


လက်စသတ်တော့ ပိုင်ရဲ့ သူ့ကို သူ့ရဲ့ကိုယ်ပိုင်အချိန်ထဲမှာ ထည့်ထားပြီးသားပဲ...


ချီရှင်းချန် အနည်းငယ်ပျော်သွားသည်။



ကံမကောင်းစွာဖြင့်၊ ပျော်ရွှင်ရသောအချိန်များသည် အမြဲတိုတောင်းလေသည်။ ကားက ဟိုတယ်ကို မကြာခင်ရောက်လာ၏။ချီရှင်းချန် ကားပေါ်မှ ဆင်းရန်အနည်းငယ် ဝန်လေးနေခဲ့သည်။


ပိုင်ရဲ့ကလည်း ထုတ်ပြောစရာမလိုသောနားလည်မှုဖြင့် မလှုပ်မယက်ရှိနေ၏။အန်းရန် နှင့် အားလွင် ကားပေါ်မှ ဆင်းပြီးနောက် နှစ်ယောက်တည်း ကားထဲတွင် ကျန်ခဲ့သည်။ပိုင်ရဲ့က ဖန်လေး၏ ခေါင်းကို ပွတ်ပေးလိုက်၏။


ချီရှင်းချန် နောက်ဆုံးတွင် ပျော်ရွှင်သွားပြီး သူ့မျက်လုံးထောင့်စွန်းများတွင် အကွေးနှစ်ခု ပေါ်လာသည်။


.....


ဟိုတယ်စားသောက်ဆိုင်တွင် ဆန်ပြုတ်နှင့် အရန်ဟင်းများစားပြီးနောက် ချီရှင်းချန်နှင့် ပိုင်ရဲ့တို့သည် သက်ဆိုင်ရာအခန်းများသို့ ပြန်ခဲ့ကြသည်။အန်းရန်က ချီရှင်းချန်နှင့် ဆွေးနွေးစရာတစ်ခုရှိသဖြင့် သူနှင့်အတူ အခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။


သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကြောင်း အရင်ပြောကြ၏။ချီရှင်းချန်က သူ အွန်လိုင်းဒရာမာဇာတ်ကားကို ရိုက်ကူးလိုကြောင်း ပြောကြားခဲ့သည်။အန်းရန်က ကန့်ကွက်ခြင်းမရှိခဲ့ပါချေ။ သူမက အွန်လိုင်းဒရာမာဇာတ်လမ်းတွဲအဖွဲ့သားများနှင့် ဆက်သွယ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူမ မထွက်ခွာခင်မှာ သတိပေးလေသည်။

"ရှင်းရှင်း... ဒီည တစ်ခုခုလုပ်ဦး... ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုအတိုလေး တင်လို့ရတယ်...နင့်ရဲ့ဖန်တွေက နင့်ကို စောင့်နေတယ်" 


ချီရှင်းချန်: "!!!"


ရှိုး၏နောက်ဆုံးအပိုင်းပြီးကတည်းက သူလျန်ကျင်း၏ကိစ္စနှင့်ပတ်သတ်ကြီး တွေးနေခဲ့သည်...၎င်းနောက် မတော်တဆ ရည်းစားရခဲ့သည်။ သူ နေ့တိုင်း အလုပ်များနေပြီး သူ့အသက်မွေးဝမ်းကြောင်း၏ ရက်အနည်းငယ်ကို အမှန်တကယ် ဖြုန်းတီးနေခဲ့သည်။


Weibo ကိုဖွင့်ပြီး ချက်ချင်းဆိုသလိုပဲ သူ့မားမားဖန်တွေ၊ ကောင်မလေးဖန်တွေနှင့် ဇနီးဖန်တွေ၏ ဝိုင်းရံခံခဲ့ရသည်။


[ငါ လေဆိပ်ဓာတ်ပုံတွေကို ရက်အတော်ကြာအောင် လိုက်ကြည့်နေရတယ်... ငါ့သားဘယ်တော့ပေါ်လာမလဲဆိုပြီး... မားမားက မင်းကို စောင့်နေတာ]


[ငါ့ကောင်လေး ပေါ်မလာတာ ကိုးရက်ရှိပြီ ...သူ့ကိုလွမ်းတယ်၊ သူ့ကိုလွမ်းတယ်၊ သူ့ကိုလွမ်းတယ် QAQ]


[အိမ်ထောင်ရေးဥပဒေက ရှင့်ကို တတ်နိုင်သမျှ အမြန်ဆုံး မိသားစုဆီ ပြန်ခိုင်းနေတယ်နော်... ပြန်ပေါ်မလာရင် ဥပဒေနဲ့ ဆန့်ကျင်တယ်သိဖို့]


[ကော... ခဏလောက်ဖြစ်ဖြစ် မျက်နှာလေးဖူးပါရစေ... ကြော်ငြာဆိုရင်တောင် အဆင်ပြေပါတယ်လို့]


ချီရှင်းချန် သူ့ဖန်များ၏ ဝမ်းနည်းပူဆွေးနေသောစကားများကို ကြည့်နေချိန်တွင် အပြစ်ရှိနေသလို ခံစားခဲ့ရသည်။ ဓာတ်ပုံရိုက်ရသည်က မလွယ်ဘူးဟု ထင်သည့်အတွက် တက်ဘလက်ကို အားသွင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်၏။


နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုသည် ပဓာနတေးသီချင်းကို လက်ခံခြင်းမပြုမီဖြစ်သည်။ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပရိသတ်များစွာရှိမနေပါချေ။ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းကြားချက်ကို ပေးပို့ပြီးနောက် ငါးမိနစ်အကြာတွင် ဖန်သားပြင်က မှတ်ချက်များဖြင့် ပြန့်ကျဲလာသည်။


[ပေါင်ပေ့...စခရင်က မည်းနေတယ်နော်...mask ကပ်နေတာလား]


"မဟုတ်ဘူး...သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကင်မရာဖွင့်ဖို့ မေ့သွားလို့ပါ" 

ချီရှင်းချန်က ကင်မရာကို ဖွင့်လိုက်သည်။


[… အားးး...ပေါင်ပေ့က ပိုချောလာတယ်! ရူးစရာကြီး...လွန်တာရော... မားမားနှာခေါင်းသွေးထွက်တော့မယ်]



ချီရှင်းချန်က အရွှန်းဖောက်ပြီး ပြောလိုက်သည်။

"... ရာသီဥတုက အခုတလော ခြောက်သွေ့ နေတာ...ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"


[ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဆိုတာ ဘာကိုဆိုလိုတာလဲ... ဟားဟား!]


သူ့ဖန်တွေကို ပျော်အောင် လုပ်ပေးရသည်ကို သူသဘောကျ၏။ လူများ ပိုများလာသည်ကို မြင်လိုက်ရသဖြင့် သူ ဟာသများကို အလေးအနက် ပြောလိုက်သည်။ 

မှတ်ချက်တွေအကုန်လုံးက [ဟားဟားဟား]ဖြစ်နေသည်။


ရံဖန်ရံခါ သူ ပိုင်ရဲ့ထံမှ မက်ဆေ့ချ်များကို စစ်ဆေးရန် သူ့ဖုန်းကို ကြည့်နေခသည်။ ဤတစ်ခါတွင် မက်ဆေ့ခ်ျအသစ်ကို တွေ့လိုက်ရ၏။ ပိုင်ရဲ့က သူ့ကိုမေးထားသည်။ 

[ရေချိုးပြီးပြီလား]


ရှင်းရှင်း : [မချိုးရသေးဘူး... ခဏလောက် တိုက်ရိုက်ထုတ်လွှင့်မလို့]


ခေါင်းငုံ့ပြီး ဖုန်းနှင့်ဆော့နေသည်ကို မှတ်ချက်တွေမြင်သည့်အခါ သူတို့လည်း သိချင်နေကြသည်။

 [ရှင်းရှင်း... ဘာလုပ်နေတာလဲ]


"ဘာမှမဟုတ်ပါဘူး"

ချီရှင်းချန်က ပြောလိုက်သည်။ 

"ရဲ့ကောက မနက်ဖြန်လုပ်ငန်းစဥ်ကို ရှင်းပြနေတာ"


ကြယ်အလင်းတန်းများက ညဥ့်ကောင်းကင်ထဲတွင် ရောနှောသွားသည်မှာ ထင်ရှားသည်။ ချက်ချင်းပဲ ပိုင်ရဲ့ ပရိုဖိုင်ပုံနှင့် မိန်းကလေးတစ်ယောက်က မေးလာသည်။

[ရဲ့ကော အခုတလော ပင်ပန်းနေလား...ကိုယ်အလေးချိန်ကျသွားလား]


ပိုင်ရဲ့ သူ့ကို ပွေ့ဖက်ထားချိန်ကို ချီရှင်းချန် မတွေးဘဲမနေနိုင်လိုက်ပေ။


တစ်ဖက်လူ၏ခန္ဓာကိုယ်မှာ အဆီပိုတွေ မရှိပေ။ သူ့ခန္ဓာကိုယ်တည်ဆောက်ပုံက ကောင်းပြီး တကယ်ကောင်းသော်လည်း ပိန်လွန်း၏။


သူက ပိုင်ရဲ့အစား ညဥ့်ကောင်းကင်ကို နှစ်သိမ့်ပေးချင်ပေမဲ့ ညဥ့်ကောင်းကင်၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွားသည်။

 [အားးး... ကျေးဇူးတင်ပါတယ် ရှောင်ချီတိတိ!]


??? သူ့ကိုဘာလို့ကျေးဇူးတင်တာလဲ...


ထို့နောက်တွင် မှတ်ချက်များ ထားခဲ့ကြသည့်လူများ ပိုပိုများလာသည်-


[ကျေးဇူးတင်ပါတယ် ချီတိတိ!]


[ချီတိတိ မရှိရင် ငါ အခုလောက် ကျေနပ်နေရမှာ မဟုတ်ဘူး။]


[ငါဘာပြောခဲ့လဲ...ချီတိတိရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေတာက လုံးဝ မမှားဘူး]


ချီရှင်းချန် စိတ်ရှုပ်သွားသည်။ 

'ဘာတွေပြောနေကြတာလဲ'


ထိုအချိန်မှာ သူ့ဖုန်းက တုန်ခါသွားပြန်၏။ပိုင်ရဲ့က စာပြန်သည်ဟု သူထင်ပြီး စစ်ဆေးရန် ခေါင်းငုံ့လိုက်၏။


နောက်ဆုံးတွင်၊ ၎င်းသည် WeChat မဟုတ်ပါချေ။ ယင်းအစား၊ ၎င်းသည် Weiboတွင် အထူးဂရုစိုက်မှုလုပ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုသတင်းစကားဖြစ်သည်။


ပိုင်ရဲ့လည်း တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု စတင်ခဲ့သည်။


ညဥ့်ကောင်းကင်များမပြောနှင့်၊ချီရှင်းချန်ပင် ထိတ်လန့်သွားရသည်။ပိုင်ရဲ့ တိုက်ရိုက်လွှင့်သည့် အကြိမ်အရေအတွက်ကို တစ်ဖက်တည်းမှာ ရေတွက်နိုင်၏။ သူပို့စ်တင်သည်ကို ကြည့်ရသည်ထက် သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရသည်က ပိုခက်မည်ထင်သည်။


လုပ်ငန်းအတွက် ဖြစ်နိုင်လား... 

ချီရှင်းချန် သူ့လက်မကို ကီးဘုတ်ပေါ်တင်လိုက်ပြီး မေးခွန်းတစ်ခုရိုက်တော့မည်ပြုသည်။


ရုတ်တရက် သူ့ရှေ့တက်ဘလက်ပေါ်တွင် အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်- [ပိုင်ရဲ့က သင်နဲ့ ဗီဒီယိုချိတ်ဆက်ရန် တောင်းဆို

နေသည်။]



ချီရှင်းချန်: "…"


ချီရှင်းချန်: "!!!"


… ဘာလဲကွာ...တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် နေကြတဲ့ဟာကို... ပြောစရာရှိရင် ၊တွေ့ချင်ရင် အချိန်မရွေး တံခါးဖွင့်လို့ရတယ်.. သူတို့ ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ရမှာလဲ ...


ကြည့်ရှုအားပေးသူ သိန်းနှင့်ချီရှိခဲ့သည်။


မဟုတ်ဘူး၊ ဒီမှာ သိန်းချီရှိပေမဲ့ ပိုင်ရဲ့မှာ သန်းဆယ်ဂဏန်းရှိတယ်...


ချီရှင်းချန် အသက်ရှူရန်မေ့နေသည်။


အကြောင်းကြားချက်က ဆက်၍မြည်လာသည်။ သူမလှုပ်မရှားဖြစ်နေကြောင်းမြင်သောအခါ မှတ်ချက်များက တိုက်တွန်းထားကြသည်။


[ပေါင်ပေ့...မြန်မြန်လက်ခံလိုက်လေ!]


[တိတိ မင်းကြောက်နေတာလား]


[2333...ရဲ့ကောက လုပ်ငန်းစဉ်ကို မျက်နှာချင်းဆိုင် ရှင်းပြဖို့ ကြိုးစားနေတာလား]


[ရဲ့ကောက ရှင်းရှင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူ့မျက်နှာကို ပြသရတာကို စွဲလမ်းနေတယ်... အခန်းကို တိုက်ရိုက်လာတယ် မဟုတ်ရင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကိုယ်တိုင် ချိတ်ဆက်နိုင်တယ်... ဒါဘာလဲ? ဒါ အချစ်ပဲလေ(အသဲ)]


[CPဖန်တွေရေ... ဒိုးကြစမ်း...ငါ့ရဲ့ မီတာ ၄၀ ရှည်တဲ့ ဓားရှည်ကြီးကို မမြင်ဘူးလား]


ကျိုရဲ့ရှင်းချန် CP ဖန်များ:... ကောင်းပြီ၊ အခုတလောငါတို့ သကြားလုံး အလွန်အကျွံစားနေရတယ်... ငါတို့ ငုပ်တော့မယ်...


လူများစွာက သူ့ကို တိုက်တွန်းသဖြင့်၊ ချီရှင်းချန် ကျည်ဆန်ကို ကိုက်ပြီး လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။


တိုက်ရိုက်လွှင့်အက်ပ်၏ ချိတ်ဆက်မှုလုပ်ဆောင်ချက်သည် WeChat ဗီဒီယိုနှင့် အနည်းငယ်တူသည်။ချီရှင်းချန်က ဘေးမှာ အဓိကပုံအကြီးဖြစ်ပြီး ပိုင်ရဲ့၏ပုံက သေးငယ်၏။ချီရှင်းချန်က ရုပ်ပုံလေးကို ခဏတာ စိုက်ကြည့်နေသည်။တစ်ဖက်လူက သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး အရင်တစ်ခေါက်ကဲ့သို့ ရေချိုးဝတ်စုံကိုပဲ မ၀တ်ထားကြောင်း အတည်ပြုပြီးနောက်တွင် သူ သက်ပြင်းချလိုက်သည်။


ပိုင်ရဲ့က "မင်္ဂလာပါ ကြယ်အလင်းတန်းတို့... ငါက ပိုင်ရဲ့ပါ" ဟု အလိုအလျောက် နှုတ်ဆက်သည်။


[ဟေး...ရဲ့ကောက ရှောင်ချီတိတိရဲ့ဖန်နာမည်ကို တကယ်သိတာလား]


ချီရှင်းချန်ကလည်း နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ညဥ့်ကောင်းကင်တို့...ကျွန်တော်က ချီရှင်းချန်ပါ"


[ကောင်းပြီ...ကောင်းတယ်...မိတ်ဆက်ဖို့ မလိုဘူး... မင်းက ငါတို့ ခိုအီငါးလေးပဲ... ငါတို့က ရဲ့ကောကို အချစ်ဆုံးဖြစ်ပြီး ဒုတိယက မင်းကို ချစ်တယ်]


ပိုင်ရဲ့က ရှေ့တွင်ရှိနေသဖြင့် ချီရှင်းချန်တစ်ယောက် ကျည်ဆန်စခရင်ကို ကြည့်ရန် လုံးဝ စိတ်မ၀င်စားပါချေ။ထိုလူက သံလိုက်လိုပါပင်။ သူမပေါ်လာသရွေ့ သူ့အကြည့်တွေကို အဆက်မပြတ် ဆွဲဆောင်နေပြီး သူ့ဆီမှာပဲ စွဲမြဲနေမှာပင်။


အလွန်ကြီး ကပ်တွယ်မနေအောင် သူ့ကိုယ်သူ ထိန်းထားလိုက်ပြီး တစ်ဖက်ကိုမေးလိုက်သည်။ 

"ဘာလို့ ခေါ်တာလဲ"


ပိုင်ရဲ့ ပေါ့

ပေါ့ပါးပါးဆိုသည်။

"လုပ်ငန်းစဉ်အတွက်ပေါ့"


ချီရှင်းချန်၏ မျက်ခွံများ လှုပ်သွားသည်။ သူ လိမ်နေတာကို တစ်ဖက်က ဘယ်လိုသိတာလဲ...


သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေတာများဖြစ်မလား...


သူ့ဖန်တွေနဲ့ နာရီဝက်လောက် စကားပြောနေတာကို ကြည့်နေတာလား...


ချီရှင်းချန် ပုန်းစရာတွင်းတစ်တွင်း ရှာချင်မိသွားသည်။