အပိုင်း ၅၄
Viewers 25k

Chapter 54




စာတွင်ပါဝင်သည်များက အလွန်ရိုးရှင်းပေသည်။ ၄င်းမှာ သူဤသို့ ဘာကြောင့်ပြုလုပ်သည်ကို တစိတ်တပိုင်း ရှင်းပြထားပြီး အပ်နှံမှုအကြောင်းကို တစ်စိတ်တပိုင်း ရှင်းပြထားပေသည်။


ကျိယွီရှောင်က ၄င်းကို အကြမ်းဖျင်း ဖတ်လိုက်ပြီး နောက်ဆုံးတွင် သူ့အစ်ကို၏ ခက်ခဲသော အတွေးရည်ရွယ်ချက်များကို နားလည်သွားလေသည်။ 


လူတိုင်းက မြတ်နိုးရသည့် ပစ္စည်းတစ်ခုကြောင့် ဒုက္ခရောက်နိုင်ပေသည်။ 


ကျိလဲ့ယွီ မွေးဖွားလာခြင်းက ကျိယွီလင်းကို ဘဝ၏ အဖိုးတန်မှုကို ခံစားရစေသော်လည်း သူက မမျှော်လင့်ထားသည်များကိုလည်း စိုးရိမ်သွားပေသည်။ 


သူ့ဇနီမှာ အလွန်ကောင်းသည်ကို သူသိပေသည်။ သူမက လှပကာ ကြင်နာတတ်ပြီး သိမ်မွေ့လှသော်လည်း သူမက စီးပွားရေးလောကထဲမှ အရာတစ်ခုကိုမှ မသိပါပေ။ သူမက သူမ၏ ကြွယ်ဝမှုကို မနှစ်သက်သလို ၄င်းကိုလည်း ကောင်းကောင်း ဂရုမစိုက်နိုင်ပါပေ။ သူမက သူမအကြိုက်ဆုံးအကကို ကပြီး သူမကြိုက်သည့်လူများနှင့်သာ အတူရှိလိုပေသည်။ 


ကျိယွီလင်းက သူမ၏ ကြင်နာမှုနှင့် ရိုးရှင်းမှုကို ကြိုက်သော်လည်း သူ မရှိတော့မည်ကိုလည်း ကြောက်လန့်နေပေသည်။ သူမက ကြင်နာတတ်လွန်းကာ ရိုးရှင်းလွန်းပြီး သူမနောက်တွင် ကြွယ်ဝမှုအလွန်များပေသည်။ ၄င်းက ပျက်ဆီးကိန်းသို့ ဦးတည်သွားနိုင်ပေသည်။ 


သူက ကြွယ်ဝသော မိသားစုတွင် ကြီးပျင်းလာပြီး အသိုင်းအဝိုင်းကြီးများတွင် တိတ်တဆိတ် လှည့်စားနေစဉ်၌ ညစ်ညမ်းကာ ပွင့်လင်းသော ရန်ပွဲများစွာကို မြင်ဖူးပေသည်။ 


သို့ဖြစ်၍ သူက လုပ်နိုင်စွမ်းနှင့် ကြွယ်ဝမှု မကိုက်ညီပါက ဘာဖြစ်မည်ကို ကောင်းကောင်းသိပေသည်။ အထူးသဖြင့် သူမက ကလေးတစ်ဦး ရှိနေသောအခါတွင် ဖြစ်လေသည်။ 


ကျိလဲ့ယွီမှာ အလွန်ငယ်သေးပေသည်။ မိဘမဲ့တစ်ဦးနှင့် မုဆိုးမတစ်ဦး... ထိုအပေါင်းအစပ်မှာ ပျက်ဆီးရန်အတွက် အလွန် လွယ်ကူပေသည်။ 


သို့ဖြစ်၍ ကျိယွီလင်းက ချန်းဝေ့ကို ငွေအနည်းငယ် ပေးခဲ့သည်။ ၄င်းမှာ ချန်းဝေ့အတွက် သူမ၏ ရိုးရှင်းသောဘဝပုံစံနှင့် အသက်ရှင်သန်ရန် လုံလောက်ပေသည်။ 


သူ ချန်းဝေ့ကို ယခင်က ပေးခဲ့သည့် ကျောက်မျက်ရတနာများ၊ အိမ်၊ ကား စသည်များနှင့် ပေါင်းလိုက်ပါက ချန်းဝေ့မှာ သေဆုံးချိန်ထိ တိမ်များပေါ်မှ  ပြုတ်ကျခြင်းမရှိအောင် နေနိုင်ပေသည်။ 


ထို့နောက် သူက သူ့၏ ပိုင်ဆိုင်မှုအားလုံးကို ကျိယွီရှောင်ကို ပေးခဲ့ပေသည်။ 


သူက သူ့ညီကို အလွန်သိကာ သူ့ညီ၏ သူ့အပေါ် ခံစားချက်များကိုလည်း သိပေသည်။ ၄င်းက သူထွက်သွားလျှင်ပင် ကျိယွီရှောင်က ချန်းဝေ့နှင့် ကျိလဲ့ယွီကို သေချာပေါက် ဂရုစိုက်ပေးမည်ကို ယုံကြည်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ 


ကျိလဲ့ယွီ အရွယ်ရောက်လာကာ သူ့ကိုယ်တိုင်နှင့် သူ့မိခင်ကို ကာကွယ်ရန် အရည်အချင်းရှိလာပါက ကျိယွီရှောင်က အမွေများကို ကျိလဲ့ယွီကို ပြန်ပေးမည် ဖြစ်ပေသည်။


ညီအစ်ကိုတိုင်းက သူတို့ကြားတွင် ဤကဲ့သို့ စိတ်ရင်းမှန်မရှိကြသော်လည်း ညီအစ်ကို စစ်မှန်သူများလည်း ရှိပေသည်။ ကျိယွီလင်းက သူ့ညီမှာ ထိုသို့ဖြစ်သည်ကို သိပေသည်။ 


သူက မြင်ကွင်းနှစ်ခုကို စိတ်ကူးယဉ် ကြည့်ပေသည်။ ပထမတစ်ခုမှာ သူက သေဆုံးကာ ချန်းဝေ့က အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။ 


ထိုနောက် သူက ကျိယွီရှောင်က ချန်းဝေ့၏ အတွေးများကို လိုက်လျောရန် မျှော်လင့်ပေသည်။ သူမက လူမှန်နှင့်ဆုံတွေ့ကာ ထပ်မံ အိမ်ထောင်ပြုလိုလျှင် ကျိယွီရှောင်က သူမကို ထောက်ခံပေးသင့်ပေသည်။ သူမက လူမှန်နှင့် မတွေ့ပဲ ထပ်မံ အိမ်ထောင်မပြုလိုပါက ကျိယွီရှောင်က သူမကို ဖျောင်းဖျရန် မလိုပါပေ။ 


သူ မလိုချင်သည်က တစ်ခုတည်းသာ ရှိပေသည်။ ၄င်းမှာ ချန်းဝေ့ ဝမ်းနည်းကာ သေဆုံးလိုခြင်းပင်။ သူက ကျိယွီရှောင်က သူမကို တားနိုင်ပြီး ကျိလဲ့ယွီ ရှိနေသေးသည်ကို ပြောပြရန် မျှော်လင့်ပေသည်။ ထိုနည်းဖြင့် သူမက လောကကြီးကို စိတ်ပူနိုင်မည် ဖြစ်သည်။


ဒုတိယ အခြေအနေမှာလည်း ကျိယွီလင်း မကြုံစေချင်လိုသော အရာဖြစ်သည်။ ၄င်းမှာ သူနှင့် ချန်းဝေ့နှစ်ဦးစလုံး သေဆုံးသွားခြင်းပင်။ 


ထိုအခါ သူက ကျိယွီရှောင်က ကျိလဲ့ယွီကို ကူညီစောင့်ရှောက်ပေးရန် မျှော်လင့်ပေသည်။ သူက နောက်ပိုင်းတွင် သူကြိုက်သည့် တစ်စုံတစ်ဦးနှင့် ဆုံလာကာ ထိုသူကလည်း ဆန္ဒရှိပါက ကျိလဲ့ယွီကို သူတို့၏ မွေးစားသားအဖြစ် မွေးယူနိုင်ပေသည်။ တခြားသူက ဆန္ဒမရှိပါက ကျိလဲ့ယွီကို တူအဖြစ်သာ ဆက်လက်ထားရှိနိုင်ပေသည်။ 


ကျိယွီလင်းက ကျိလဲ့ယွီ အရွယ်ရောက်လာသောအခါ သူ့အမွေများကို ရသင့်သည်ဟု ထည့်မရေးထားပါပေ။


၄င်းမှာ မည်သို့ပင်ဖြစ်ပါစေ သူက ကျိယွီရှောင်ကို အမွေတစ်ဝက် ယူထားရန် ပြောလျှင်ပင် ကျိယွီရှောင်က နားမထောင်ပဲ ကျိလဲ့ယွီကို ပြန်ပေးမည် ဖြစ်၍ပင်။ 


သူက ကလေးဘဝကပင် ထိုကဲ့သို့ အကျင့်စရိုက်ရှိပေသည်။ ကျိယွီလင်းက ၄င်းကို ကောင်းကောင်းသိ၍ ထိုကိစ္စအပေါ်တွင် မင်ကို များစွာ မဖြုန်းတီးပါပေ။ 


သူက ဤအခိုက်တွင် သူ့ညီကို တောင်းပန်ကာ သူ့၏ တစ်ကိုယ်ကောင်းဆန်မှုကို ဝန်ခံနေပေသည်။ သူက သူ့၏ ပိုင်ဆိုင်မှုများအားလုံးကို ကျိယွီရှောင်ကို ပေးခဲ့ကာ ကျိယွီရှောင်အတွက် မီးကို အစပျိုးပေးခဲ့ပေသည်။ 


လူတိုင်း၏ မျက်လုံးများက ကျိယွီရှောင်နှင့် ချန်းဝေ့အပေါ်တွင် ရှိနေပြီး ကျိလဲ့ယွီက ဘေးရန်တစ်ခုကို ရှောင်နိုင်ခဲ့ပေမည်။ သူတို့က လွန်ခဲ့သည့် အချိန်က သူ သူတို့အတွက် စီစဉ်ပေးထားသည့် ငွေနှင့် ချမ်းချမ်းသာသာနေနိုင်ကြပေမည်။ 


ထိုအခိုက်တွင် သူ့ညီက မလိုလားအပ်သော ဒုက္ခများစွာနှင့် ချည်နှောင်ထားပြီး ဖြစ်လေသည်။ 


ဤသည်မှာ ကျိယွီလင်း၏ ဘဝတွင် အစ်ကိုကြီးတစ်ယောက်အနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ကာ သူ့ညီကို ပြဿနာများ ယူဆောင်လာပေးခဲ့ခြင်းဖြစ်ပေသည်။ သူက အားနာမှုဖြစ်သော်လည်း သူ့သားနှင့် ဇနီးကို ကာကွယ်လိုပေသည်။ 


သူက ကျိယွီရှောင်မှာ သူချန်ခဲ့သည့် ပိုင်ဆိုင်မှုများကို စီစဉ်နိုင်မည်ဟု ယုံကြည်ပေသည်။ သူသည် ကျိယွီရှောင်မှာ သူ့ဇနီးနှင့် သားကို ဂရုစိုက်နိုင်မည်ကိုလည်း ယုံကြည်ပေသည်။ 


နောက်ဆုံးတွင် သူက ရေးခဲ့ပေသည်။ 

မင်းတိမ်တွေပေါ်ကို ပျံနိုင်ပြီး ပိုပြီး ကျယ်ပြန့်တဲ့ ကောင်းကင်တစ်ခု ရှိဖို့ ပါမျှော်လင့်ပါတယ်... နောက်ဘဝဆိုတာ ရှိမယ်ဆိုရင် ငါက ပိုပြီး ကျိုးကြောင်းဆီလျော်တတ်တဲ့ အစ်ကိုတစ်ယောက် ဖြစ်ပေးပါမယ်...


ကျိယွီရှောင်က သူ့လက်ထဲမှ စာကို မျက်လုံးနီများဖြင့် ဖတ်ပြီးသွားလေသည်။ ထို့နောက် သူက သူ့ပေါင်ပေါ်ရှိ ကျိလဲ့ယွီကို ဖက်ကာ နမ်းလိုက်သည်။


သူက ရှေ့နေကို ပြောလိုက်သည်။ 

"ငါနားလည်ပြီ..."


ထိုစကား၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းပေသည်။ သူက ကျိယွီလင်း၏ အမွေအားလုံးကို လက်ခံလိုစိတ်ရှိပေသည်။ 


ရှေ့နေ ထွက်သွားပြီးနောက် ဖခင်ကျိက သဘောမတူပဲ သူနှင့် ငြင်းခုန်ပေသည်။


"အမွေက ရှောင်ယွီအပိုင်ဖြစ်ပြီး ငါတို့နှစ်ယောက်က စောင့်ရှောက်သူတွေ ဖြစ်လာမယ်လို့ သဘောတူထားတာမဟုတ်ဘူးလား..."


"ဒါက ကျွန်တော့်ကောရဲ့ နောက်ဆုံး ဆန္ဒပဲ..."

ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကျွန်တော်က သူ့ဆန္ဒကို လိုက်နာဖို့ ဆန္ဒရှိတယ်..."


သူ့အစ်ကိုက သူ့ဇနီးနှင့် သားကို ကာကွယ်ရန်အတွက် အလွန်ကြိုးစားခဲ့ပေသည်။ သူက အရာရာကို တွေးပြီး ကျိယွီရှောင်က သူ့အစ်ကို၏ ဆန္ဒကို လေးစားပေသည်။ 


"မင်းက အဲ့လိုဆိုရင် လူတွေ မင်းကိုဘာပြောကြမလဲ သိလား... သူတို့က မင်းအစ်ကို သေပြီးသိပ်တောင်မကြာသေးဘူး သူ့သားပိုင်တဲ့ အမွေတွေကို လုသွားတယ်လို့ ပြောကြလိမ့်မယ်... သူတို့က မင်းက အရမ်းတွက်ချက်တတ်ပြီး ကိုယ့်တူကိုတောင် အလွတ်မပေးဘူးလို့ ပြောကြလိမ့်မယ်..."


ဖခင် ကျိ၏ အသံမှာ စူးရှနေပေသည်။ 


"ကျွန်တော် ဂရုမစိုက်ဘူး..."


ကျိယွီရှောင်က တည်ငြိမ်နေပေသည်။ 

"သူတို့ ပြောချင်တာ ပြောကြပစေ... ကျွန်တော် ဂရုမစိုက်ဘူး..."


"ရှောင်ယွီကရော... နောက်ဆို ရှောင်ယွီက အဲ့စကားတွေကြားပြီး ဘယ်လိုထင်မလဲ..."


"သူက အဲ့ဒါတွေကို ယုံမှာ မဟုတ်ဘူး..."


ကျိယွီရှောင်က သူ့ဖခင်ကို ကြည့်လိုက်သည်။ 

"ကျွန်တော်က သူ့အဖေရဲ့ ရည်ရွယ်ချက်ကောင်းတွေကို သိပြီး သူ့အဖေသူ့ကို ဘယ်လောက်ချစ်လဲဆိုတာ သိအောင်လို့ ရှင်းရှင်းလင်းလင်းပြောပြမှာ..."


ဖခင်ကျိက သူ့၏ မလှုပ်မယှက် အမူအရာကို မြင်ကာ သူ့ရင်ဘတ်က နာကျင်လာပေသည်။ 

"မင်း အဲ့လိုလုပ်မှ ဖြစ်မှာလား... ငါတို့ အရင်ပြောထားတဲ့ အတိုင်းပဲ လုပ်ရအောင်... အဲ့ဒါက အဲ့လောက် ဆိုးလို့လား..."


"ကျွန်တော်ကောက သေတမ်းစာ မရေးထားရင် အဲ့ဒါက အဆင်ပြေပါတယ်... ဒါပေမဲ့ သူက ရေးခဲ့တယ်လေ... အဲ့လိုဆိုတော့ ကျွန်တော်က သူ့အကြံကို လေးစားရမယ်..."


သူက သူ့ဖခင်ကို ဖြောင်းဖြလိုက်သည်။


"ကျွန်တော် ဘာကို ရင်ဆိုင်ရမလဲ ကျွန်တော်သိပါတယ်... ကျွန်တော် ဂရုမစိုက်လို့ ကျွန်တော့်ကို စိတ်ပူစရာမလိုပါဘူး... ကျွန်တော်က ငရဲဂိတ်ဝကနေတောင် ပြန်တက်လာတာပါ... တစ်နေ့ ကျွန်တော်သေသွားရင်တောင် ကျွန်တော် အသက်ရှင်နေတဲ့ နေ့တွေကတော့ အကျိုးအမြတ်ရှိရမှာပေါ့..."


ဖခင်ကျိက ထိုစကားများကို ကြားပြီး ပါးစပ်ပိတ်သွားလေသည်။ သူ့မျက်လုံးများက အနည်းငယ် ဝမ်းနည်းကာ သနားနေသည်မှာ ထိုအညှာအတာမဲ့သော မတော်တဆမှုကို ထပ်မံ သတိရသွားသကဲ့သို့ပင်။ 


ကျိယွီရှောင်မှာ ယခင်က သူ့ဖခင်ကို လုံးဝ သံသယမဝင်ခဲ့ဖူးပါပေ။ 


၄င်းမှာ ကျိယွီလင်း၏ သေတမ်းစာကို ကြေညာသည့်အချိန်က သူ့ဖခင်က အဆန့်ကျင်ဆုံးလူ ဖြစ်နေခဲ့သည့် အချိန်တုန်းကပင်ဖြစ်သည်။ ကျိယွီရှောင်က သူ့ဖခင်မှာ သူ့ကို စိတ်ပူနေသည်ဟုသာ ထင်ခဲ့ပေသည်။ ယခုတွင်မူ သူ ထိုအချိန်က သူ့ဖခင်၏ စကားလုံးများနှင့် အမူအရာကို ပြန်အမှတ်ရကာ သိပ်မသေချာတော့ပါပေ။ 

သူ့အဖေက သူ့အစ်ကိုရဲ့ အမွေတွေကို လိုချင်နေတယ်... အနည်းဆုံးတော့ အမွေ တစ်ဝက်ပေါ့...


ဘာလို့လဲ...


ကျိယွီရှောင်မှာ အဘယ်ကြောင့်ဟူသော အကြောင်းပြချက်ကို နားမလည်နိုင်ပါပေ။


သူက မနှစ်က အကြောင်း တွေးမိပေသည်။ သို့မဟုတ် ၄င်းက အနည်းငယ် ပိုကြာပြီ ဖြစ်သော ဆောင်ဦးနှောင်းပိုင်းနှင့် ဆောင်းရာသီ အစပိုင်း ဖြစ်နိုင်ပေသည်။ ၄င်းမှာ သူနှင့် သူ့အစ်ကိုက ဖခင်ကျိအိမ်မှ ပြန်လာသည့် တစ်ရက်ဖြစ်ပေသည်။ စားသောက်ပြီးနောက် သူက အိပ်ခန်းထဲတွင် ခေတ္တအနားယူနေပေသည်။ 


သူက အိပ်ချင်မူးတူးနှင့် နိုးလာပြီး အပေါ်ထပ်သို့ ဇာတ်ကားတစ်ကားကြည့်ရန် သွားခဲ့ပေသည်။ ထို့နောက် သူက ဖခင်ကျိ၏ စာကြည့်ခန်းကို ဖြတ်သွားမိရာ သူ့အစ်ကို၏ အသံကို ကြားလိုက်ပေသည်။ 


သူတို့က ငြင်းခုန်နေပုံရပြီး သူ့အစ်ကို၏ အသံမှာ အလွန်စူးရှနေပေသည်။ 


"ဒီကိစ္စကို ရှောင်ရှောင် မသိအောင်ထားတာ ပိုကောင်းမယ်..."


သူက အလွန်ကြောင်အနေကာ ဘာဖြစ်နေသည်ကို မသိပါပေ။ သူက လျှောက်သွားရာ သူ့အစ်ကိုက တံခါးကို ဆောင့်ပိတ်ပြီး ထွက်လာသည်ကို တွေ့လိုက်ပေသည်။ ထို့နောက် သူ့အစ်ကိုက သူ့ကို တံခါးအပြင်ဘက်တွင် တွေ့လိုက်ပြီး အံ့ဩသွားပေသည်။ 


ကျိယွီလင်းမှာ သူက ထိုစကားဝိုင်းအကြောင်းမေးလာမည်ကို မမျှော်လင့်ထားသကဲ့သို့ ခေတ္တမျှ ကြောင်အသွားလေသည်။ ထို့နောက် သူက ကူကယ်ရာမဲ့ သက်ပြင်းချကာ ကျိယွီရှောင်၏ ပခုံးများကို ဖက်လိုက်ပြီး လှေကားဆီသို့ လျှောက်သွားလိုက်သည်။ 


"အဖေက ကောကို ဥက္ကဌခန့်ဖို့ စီစဉ်နေတာ..."

သူက ပြန်ဖြေလိုက်သည်။


ကျိယွီရှောင်က ပျော်ရွှင်စွာ အံ့အားသင့်သွားပေသည်။ 

"အဲ့ဒါက ကောင်းတာပဲ..."


"ဘာက ကောင်းလို့လဲ..."

ကျိယွီလင်းက သူ့ကို ကြည့်လိုက်သည်။ 


"ရှောင်ရှောင်က ကောထက်ပိုပြီးသင့်တော်တာ အသိသာကြီးကို... ကုမ္ပဏီကို ထိန်းချုပ်တာ ရှောင်ရှောင် ဖြစ်သင့်တာပေါ့... ကော အဖေ့ကို တစ်ခါ ငြင်းပြီးပြီ... ဒါပေမဲ့ သူက ထပ်ပြီး ဖျောင်းဖျချင်နေတာ... ကောက အရမ်းစိတ်ဆိုးပြီး အော်လိုက်တာ..."


သူက ကျိယွီရှောင်ကို ကြည့်ကာ သူ့အသံကို ယခင် ညင်သာမှုသို့ ပြန်ပြောင်းလိုက်သည်။ 


"ရှောင်ရှောင်က ကောရဲ့ ညီလေးလေ... ပြီးတော့ ကောထက်လည်း ပိုပြီး တော်တယ်... သူက ဒီလိုမျိုး အလောတကြီး ဆုံးဖြတ်ချက် မချသင့်ဘူး... အဲ့ဒါက ရှောင်ရှောင်အတွက် မတရားဘူးလေ..."


"အဲ့ဒါကြောင့် ကောက ရှောင်ရှောင်ကို မသိစေချင်တာ..."


"ရှောင်ရှောင် နေရခက်မှာ ကောက စိုးရိမ်လို့..."


ကျိယွီရှောင်က ရယ်လိုက်သည်။ သူက အမှန်တကယ်ပင် သူ့အစ်ကိုက အတွေးလွန်နေပြီဟု ခံစားလိုက်ရပေသည်။


"ဒီလိုကိစ္စမျိုးကို ကျွန်တော်က ဘာလို့ နေရခက်ရမှာလဲ... ကျွန်တော်က အရမ်းပျော်လွန်းလို့ တံခါးမှာတောင် ဗျောက်အိုး နှစ်တွဲလောက် ချိတ်ထားချင်တာ ဟုတ်ပြီလား... ကျွန်တော် ကုမ္ပဏီကို မထိန်းသိမ်းချင်ဘူးဆိုတာ ကောသိသင့်တယ်... ကောက ကျွန်တော်အတွက် နေရာတစ်ခုချန်ထားပေးရင် ကျွန်တော် မကျေမနပ်ဖြစ်မှာ မကြောက်ဘူးလား..."


ကျိယွီလင်းက ကူကယ်ရာမဲ့စွာ သူ့ခေါင်းကို ထိလိုက်လေသည်။

"အဲ့ဒါဆို ရှောင်ရှောင်က ကျန်တဲ့ ဘဝတစ်လျှောက်လုံး မပျော်လို့မရဘူးနော်..."


ကျိယွီရှောင်က ပြုံးလိုက်ကာ လှမ်းမီလိုက်ပြီး သူ့ကို တီးတိုးဆိုလိုက်သည်။

"အဲ့ဒါဆို ကျွန်တော်ကောကို တစ်ခုပြောပြမယ်... ဘယ်သူကိုမှ မပြောနဲ့နော်..."


"ဘာလဲ..."

ကျိယွီလင်းက ကြောင်သွားလေသည်။ 


"ကျွန်တော်က တကယ်တော့ အခု ဥက္ကဌဖြစ်နေပြီ..."


ကျိယွီလင်း : "..."


"ကျွန်တော်က ဒီစာသင်နှစ်မှာ ဘာတွေ အဲ့လောက် အလုပ်ရှုပ်နေလို့ အိမ်ကိုရော ကုမ္ပဏီကိုရော မသွားရတာလဲလို တောက်လျှောက် မေးနေတာမလား... ကျွန်တော်က အတန်းဖော်က ကိစ္စတစ်ခုအကူအညီတောင်းလို့လို့ ပြောခဲ့တာလေ... တကယ်တော့ ကျွန်တော်က လုပ်ငန်းတစ်ခုကို စဖို့ အလုပ်ရှုပ်နေတာ..."


ကျိယွီလင်းက အံ့အားသင့်သွားလေသည်။


"ဘာလို့ ကောကို တစ်ချိန်လုံး မပြောပဲထားထားတာလဲ..."


"ကျွန်တော်က မျက်နှာ မပျက်ချင်လို့ပါ... ကျွန်တော် ရှုံးသွားရင် ဘယ်လိုလုပ်မလဲ... ကျွန်တော်က အောင်မြင်မှုနည်းနည်းမရပဲ ကောကို ပြောပြဖို့ရှက်နေတာ..."


ကျိယွီလင်းက ၄င်းကိုကြားရာ မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။

"အဲ့ဒါဆိုရင် ရှောင်ရှောင်က အခု အောင်မြင်မှုတွေ ရပြီးသွားပုံပဲ..."


"ဒီနှစ်မှာ စာရင်းက အောင်မြင်သွားတယ်..."

ကျိယွီရှောင်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။ 


ကျိယွီလင်းက သူ့ကိုကြည့်ကာ ပို၍ စိတ်အေးသွားလေသည်။


သူက ကျိယွီရှောင်၏ စွမ်းရည်မှာ သူ့ထက်သာသည်ဟု အမြဲလိုလို ခံစားရပေသည်။ သူရှိနေခြင်းကြောင့်သာ ကျိယွီရှောင်က ကျိအုပ်စု၏ သူ့နေရာ လုယူခြင်းကို ကြောင့်လန့်နေခြင်းကို ရှောင်နိုင်ခြင်း ဖြစ်ပေသည်။ 


ကျိယွီလင်းက အမှန်တကယ်တွင် စိတ်မဝင်စားပါပေ။ သူက ကျိယွီရှောင်ကို ပို၍မြင့်မားသောနေရာတစ်ခုတွင်ထိုင်ကာ သူ့အရည်အချင်းကို ပြစေလိုသော်လည်း ကျိယွီရှောင်မှာ သူ့အား ကျိအုပ်စုကို ဝန်ပေးထားပြီး ဖြစ်လေသည်။ 


ကျိယွီလင်းက သူ့ညီအား စိတ်အေးကာ ညင်သာမှုဖြင့် ကြည့်လိုက်သည်။

"ကောင်းပါပြီ... ရှောင်ရှောင်က ကိုယ်ပိုင်ကုမ္ပဏီကို ကိုယ့်လက်နဲ့ကိုယ် ဖန်တီးထားတာဆိုတော့ ကောက တွန်းအားမပေးတော့ပါဘူး..."


"ကောပြောတာနော်..."

ကျိယွီရှောင်က သူ့ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ 

"အဲ့ဒါဆို အဖေ့ကိုသွားပြီး ကောသဘောတူတယ်ဆိုတာ သွားပြောလိုက်... ကောက ဥက္ကဖြစ်လာသင့်တာ ကြာပြီ... အဲ့လိုမလုပ်ဘူးဆို ကျိမူက ဥက္ကဌဖြစ်လာဖို့ မစောင့်နိုင်တော့ဘူး..."


ကျိယွီလင်းက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့..."


ထိုအချိန်က ကျိယွီရှောင်မှာ ကျိယွီလင်းသည် သူတို့၏ ဖခင်နှင့် နေရာအတွက် အမှန်တကယ် စကားများနေသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် ၄င်းက အကြောင်းအရင်း မဟုတ်ပုံရပေသည်။ 


၄င်းမှာ သူသိ၍မရသော ကိစ္စတစ်ခုမဟုတ်ပါပေ။ သို့မဟုတ်ပါက ကျိယွီလင်းက သူမေးလျှင်ပင် ပြန်ဖြေမည် မဟုတ်ပါပေ။


သို့သော် သူစာကြည့်ခန်းထဲတွင် ပြောလိုက်သည့် အသံနေအသံထားမှာ သူတစ်ခါမှ မပြောခဲ့ဖူးသလို အလွန် စူးရှလှပေသည်။ သူက အမြဲလိုလို အလွန်ညင်သာကာ သူတို့၏ ဖခင်ကို ထိုအသံနှင့် မပြောခဲ့ဖူးပါပေ။ 


အဲ့ဒါက တကယ်ကြီး သူတို့အဖေက မမျှတဘူးလို့ ခံစားရလို့ပဲလား...


ကျိယွီရှောင်က ထိုအကြောင်းကို တွေးကြည့်လေလေ ပို၍ ကြောက်လန့်လာလေလေဖြစ်သည်။


မတော်တဆမှုပြီးနောက် သူက လူများစွာကို သံသယဝင်ခဲ့ပေသည်။ ကျိမိသားစုထဲမှ ဆွေမျိုးများအားလုံးနှင့် သူ့အစ်ကို ပတ်ဝန်းကျင်မှ လူတိုင်းအပါအဝင် ပြိုင်ဘက် ကုမ္ပဏီများပင် ပါဝင်ပေသည်။ သူက သူ့ဖခင်ကို မည်သည့်အခါမှ သံသယမဝင်ခဲ့ပါပေ။ 


ဤသည်မှာ သူနှင့် သူ့အစ်ကို၏ ဖခင်အရင်းဖြစ်ပေသည်။ 


သူက သူ့အဖေကို ဘယ်လိုလုပ်ပြီး သံသယဝင်ရမှာလဲ...


သူက သူ့ဖခင်နှင့် ဆန့်ကျင်ပြောဆိုသည့်အခါတိုင်းတွင် လက်ရှိ မကျေနပ်မှုကိုသာ အလေးအနက်ပေးရန်အတွက် သူ့၏ အမှန်အကန် မကျေနပ်မှုကိုသာ အသုံးပြုခဲ့သည်ဖြ

စ်သည်။


ဒါပေမဲ့ သူ့အဖေက တကယ်ပဲ အပြစ်ကင်းရဲ့လား...


ကျိယွီရှောင်က မှန်သည်ဟု မပြောဝံ့ပါပေ။


ဤနေ့တွင် သူက နောက်ဆုံး၌ သူ့ဖခင်ကို သံသယဝင်လာပေသည်။


သူက မနွေးတော့သည့် ရေထဲတွင်ထိုင်ကာ အလွန်အေးစက်လာသည်ကို ခံစားရပေသည်။