Chapter 55
ညမှာ မှောင်လွန်းလှပေသည်။ ကျိယွီရှောင်က သူ့၏ ညတာရှည်သည့် ညများစတင်လာသည်ဟု ခံစားရပေသည်။
ကျိလဲ့ယွီမှာ လင်းလော့ချင်းက သူ့အိပ်ယာထဲသို့ ပြန်သွားသည်အထိစောင့်ကာ သူ့အခန်းထဲမှ ထွက်လာလေသည်။ သူက တံခါးကို ပိတ်လိုက်ပြီး လင်းဖေး၏ အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့ပေသည်။
သူက စိတ်မအေးဘဲ လင်းဖေးကို လင်းလော့ချင်းက သူ့အားဘာပြောခဲ့သည်လဲဆိုသည်နှင့် လင်းဖေးက မပြောသင့်သည်ကို ပြောခဲ့သည်လားဆိုသည်ကို မေးလိုပေသည်။
လင်းဖေးက အိပ်ပျော်နေပြီး ဖြစ်သည်။ သူက လှုပ်ရှားမှုကို ကြားလိုက်သည်နှင့် မည်သူလဲဆိုသည်ကို ခန့်မှန်းကာ မီးဖွင့်လိုက်သည်။ သူက ပျော်ရွှင်မှု ၄၀%၊ တည်ငြိမ်မှု ၃၀%နှင့် 'တကယ်ကို မင်းပဲ'ဟူသည်ကို ပြောနေသည်အား ၃၀%တို့ဖြင့် တံခါးဝတွင်ရပ်နေသော ကျိလဲ့ယွီကို ကြည့်လိုက်သည်။
ကျိလဲ့ယွီက သူ့ကို ရှက်ရွံ့မှုမရှိ ပြုံးပြလိုက်သည်။ သူက လင်းဖေး၏ အိပ်ရာဆီသို့ လျှောက်သွားပြီး မျက်တောင်ခတ်ကာ မေးလိုက်သည်။
"သားတစ်ယောက်တည်း အိပ်လို့မရဘူး... သားကိုကိုနဲ့ အိပ်လို့ရမလား..."
လင်းဖေးက ထိုလူနှင့် တစ်ကြိမ်အိပ်ဖူးပြီးဖြစ်ကာ မငြင်းဆန်ပဲ ဘေးသို့ ရွေ့ပေးလိုက်သည်။
ကျိလဲ့ယွီက သူ့ဖိနပ်ကို အလျင်အမြန် ချွတ်လိုက်ကာ အိပ်ရာပေါ်သို့ တက်လာလေသည်။
သူက အလျင်အမြန်လှဲလိုက်ပြီး စောင်ခြုံထားသော လင်းဖေးကိုကြည့်ကာ မေးလိုက်သည်။
"ရှုရှုက ကိုကိုကို ဘာပြောလိုက်လဲ..."
လင်းဖေးက လှမ်းကြည့်လိုက်သည်။ ကျိလဲ့ယွီ၏ မျက်လုံးများက တောက်ပကာ မျှော်လင့်ချက်များဖြင့် ပြည့်နေလေသည်။
လင်းဖေးက သူ့ကို လင်းလော့ချင်းပြောလိုက်သည်အား ပြန်မပြောလိုပါပေ။ ကျိယွီရှောင်က တခြားသူများကျိလဲ့ယွီကို သံသယဝင်သည်အား မကြိုက်ပါပေ။ ကျိလဲ့ယွီက လင်းလော့ချင်းသူ့အား သံသယဝင်နေသည်ကိုသိပါက ကျိယွီရှောင်ကို ပြောလိုက်နိုင်ပေသည်။ ထိုအချိန်တွင် ကျိယွီရှောင်က ထိုကြောင့် လင်းလော့ချင်းနှင့် ရန်ဖြစ်မည် ဖြစ်သည်။
သူက လင်းလော့ချင်းက ထိုကိစ္စကြောင့် အဆူခံရမည်ကို မဖြစ်စေလိုပါပေ။
"ဘာမှမပြောပါဘူး..."
"တကယ်လား..."
ကျိလဲ့ယွီက သံသယဝင်နေပေသည်။
"သူဘာပြောမယ်လို့ ထင်လို့လဲ..."
လင်းဖေးက သိလိုပေသည်။
ကျိလဲ့ယွီက ခေါင်းစောင်းကာ တွေးလိုက်လေသည်။
ဟုတ်တယ်... လင်းလော့ချင်းက သူ့ကို အမြဲတမ်း ယုံတယ်... လင်းလော့ချင်းက ဒီကိစ္စကို သူမပျော်မှာဆိုးလို့သာ ပြောတာပါ...
သို့ဖြစ်၍ လင်းလော့ချင်းက လင်းဖေးကို ထိုကိစ္စ၏ အမှန်တရားကို မေးမည် မဟုတ်ပါပေ။
"သားကတော့ သူက ကိုကို့ကို နောက်တစ်ခါ ဒီလိုကိစ္စမျိုးကြုံလာရင် ကိုယ့်ကိုကိုယ်ကာကွယ်ပြီး တခြားသူတွေကို ကူညီဖို့ သတိပေးမယ်လို့ထင်တယ်..."
လင်းဖေးက ၄င်းကို ကြားလိုက်သည့် အခိုက်အတန့်တွင် ၄င်းက လင်းလော့ချင်း ကျိလဲ့ယွီကို ပြောခဲ့သည်ဆိုသည်ကို သိပေသည်။
သူက လက်တစ်ဖက်မြှောက်ကာ မီးပိတ်လိုက်ပြီး ထပ်မံ လှဲချလိုက်သည်။
"လူကယ်တာ မင်းလေ... သူက အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ငါ့ကို သတိပေးမှာမဟုတ်ဘူး..."
'ဟုတ်တယ်...'
ကျိလဲ့ယွီက တွေးလိုက်သည်။
"အဲ့ဒါဆို ကိုကို သူ့ကို မပြောလိုက်ဘူးပေါ့..."
ကျိလဲ့ယွီက မရဲတရဲ မေးလိုက်လေသည်။
လင်းဖေးက ထိုမေးခွန်းမှာ အလွန် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပေသည်။
"မင်း ငါ့ကို မယုံရင် ငါ့သူ့ကိုမပြောဘူးလို့ ပြောရင်လည်း မင်းယုံမှာမဟုတ်ဘူး... မင်းငါ့ကို ယုံရင် ငါပထမဆုံးပြန်လာတုန်းက ငါ့ကို ထပ်မေးစရာမလိုဘူးဆိုတာ ငါကတိပေးတယ်..."
သူက မျက်လုံးမှိတ်ပြီး စကားပြောရပ်လိုက်သည်။
ကျိလဲ့ယွီက နားထောင်သော်လည်း မအိပ်နိုင်ပါပေ။
သူက ညအမှောင်ယံကို မျက်လုံးဖွင့်ကာ စိုက်ကြည့်လိုက်ပြီး လင်းဖေးက ယုံကြည်ရလောက်သည်ဟု တွေးလိုက်ပေသည်။
သူက ယခင်က ကျိယွီရှောင်နှင့် လင်းလော့ချင်းကို မပြောရန် ကတိပေးထား၍ ဘာမှပြောမည် မဟုတ်ပါပေ။
ထို့ကြောင့် သူက ဤတစ်ကြိမ်တွင်လည်း မပြောလောက်ပါပေ။
ထို့အပြင် လင်းဖေးမှာ ထိုအချိန်က အစည်းအဝေးခန်းမထဲတွင် ရှိနေပြီး သူကို ကူညီပေးနေပေသည်။
"ဒီညနေက အတွက် ကျေးဇူးတင်ပါတယ်..."
ကျိလဲ့ယွီက ဆိုလိုက်သည်။
"ရပါတယ်..."
လင်းဖေး၏ အသံက ယခင်ကအတိုင်း တည်ငြိမ်နေပေသည်။
ကျိလဲ့ယွီက ဘေးသို့လှည့်ကာ တခြားသူကို ကြည့်လိုက်သည်။ လင်းဖေးမှာ အိပ်ရာပေါ်တွင် အိပ်နေပြီး သူ့အမူအရာက ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
"ကိုကို ဒီဖက်လှည့်..."
ကျိလဲ့ယွီက သူ့ကို ဆိုလိုက်သည်။
လင်းဖေးက ရွေးချယ်စရာမရှိပဲ နောက်လှည့်ကာ သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ကျိလဲ့ယွီက လင်းဖေးကို ကြည့်လိုက်သည်။ ညမှာ အလွန်မှောင်မဲနေပြီး သူက လင်းဖေး၏ မျက်နှာကို ရှင်းရှင်းလင်းမမြင်ရသော်လည်း သူက ဝိုးတိုးဝါးတား အသက်ရှုလိုက်သည်။
ကျိလဲ့ယွီက စကားပြောချင်၍ အနီးသို့ တိုးလာသော်လည်း ဘာပြောရမလဲ မသိပဲ ဖြစ်နေလေသည်။
လင်းဖေးမှာ စိတ်မလှုပ်ရှားပါပေ။ သူက ကျိလဲ့ယွီက စကားမပြောပဲ မျက်လုံးများကိုမှိတ်ကာ အိပ်ရန်ပြင်ဆင်လိုက်သည်ကို မြင်လိုက်ပေသည်။
အချိန်အတန်ကြာအောင် ကုန်သွားပြီးနောက် ကျိလဲ့ယွီက သူ့အား အသံတိုးတိုးနှင့် မေးလိုက်သည်။
"ကံဆိုးမှု သယ်ဆောင်သူတစ်ယောက်ဆိုတာ ဘာလဲသိလား..."
လင်းဖေးက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
"ကြယ်တစ်စင်းလား..."
"အဲ့လိုမဟုတ်ဘူးလေ..."
ကျိလဲ့ယွီက သူ့ကို ရှင်းပြလိုက်သည်။
"အဲ့ဒါက သူပတ်ဝန်းကျင်က လူတွေကို သေစေတဲ့ တစ်စုံတစ်ယောက်လေ... အဲ့လိုလူမျိုးကို ကံဆိုးမှု သယ်ဆောင်သူလို့ ခေါ်တယ်လေ..."
လင်းဖေးက သူ ၄င်းကို ပြောသည်ကို ကြားလိုက်ပြီး သံသယဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူက သဘာဝအလျောက် ထိုစကားလုံးက ဤအဓိပ္ပာယ်ရှိသည်ဆိုသည်ကို သိသော်လည်း ကျိလဲ့ယွီက ၄င်းကို မည်သို့ သိသနည်း။ ကျလဲ့ယွီမှာ အလွန်ငယ်သေးကာ စာအုပ်ဖတ်ရသည်ကို မကြိုက်ပါပေ။
သူတို့အတူရှိနေသည့်အချိန်က မကြာသေးသော်လည်း လင်းဖေးက မျက်နှာချင်းဆိုင်အခန်းမှ မူကြိုကလေးလေး ကျိလဲ့ယွီမှာ စာအုပ်ဖတ်ရသည်ကို မကြိုက်ကာ၊ အိမ်အလုပ်များကို တစ်ယောက်တည်း လုပ်ရသည်ကို မြင်ပြီးပြီဖြစ်သည်။
"အိုး..."
သူက တိတ်တဆိတ်ပြန်ဖြေလိုက်သည်။
ကျိလဲ့ယွီ၏ အသံထဲတွင် ဝမ်းနည်းမှုအနည်းငယ် ပါဝင်နေပေသည်။ သူက မပြောခင် တုံ့ဆိုင်းနေပုံရပေသည်။
"သားက ကံဆိုးမှု သယ်ဆောင်သူလေ..."
သူ့အသံက ညင်သာသော်လည်း လေးလံနေပေသည်။
"မင်းက အဲ့လိုမဟုတ်ပါဘူး..."
လင်းဖေးက ပြန်ပြောလိုက်သည်။
ကျိလဲ့ယွီက သူထိုသို့ ဆိုလာမည်ကို မမျှော်လင့်ထားပဲ အနည်းငယ် အံ့အားသင့်သွားလေသည်။
"ဟုတ်ပါတယ်..."
သူက ပြန်ပြောလိုက်သည်။
"ကျိရှင်းရဲ့ အဘွားနဲ့ အမေက အဲ့လိုပြောတယ်..."
"မင်းက အဲ့လို မဟုတ်ပါဘူး..."
လင်းဖေး၏ အသံမှာ ပြတ်သားပေသည်။
ကျိလဲ့ဖေးမှာ လင်းဖေးက အဘယ့်ကြောင့် သူက ကံဆိုးမှုသယ်ဆောင်သူတစ်ယောက် မဟုတ်ဟု ခံစားရသည်ကို နားမလည်ပါပေ။ ကျိလဲ့ယွီက သူက ထိုကဲ့သို့ လူတစ်ဦးဖြစ်သည်ဟု ထင်ပေသည်။
"သားမိသားစုက ကားအက်စီးဒင့်တစ်ခုဖြစ်တယ်... သားမိဘတွေက သေသွားတယ်... သားဦးလေးက ဒဏ်ရာရပြီး သားတစ်ယောက်တည်းကပဲ အဆင်ပြေတာလေ..."
သူက ကျိကျန်းချိုက်၏ စကားလုံးများကို လင်းဖေးအား ပြန်ပြောလိုက်သည်။
"အဲ့ဒါက တခြားသူတွေကို ထိခိုက်စေတဲ့နေရာမှာ အထူးပြုလုပ်ထားတဲ့ ကံဆိုးမှု သယ်ဆောင်သူလေ... အဲ့ေကြာင့် သားက တခြားသူတွေကို သတ်ရင်တောင် မသေဘူး... သားဘဝကြီးက အရမ်း ကြံ့ကြံ့ခံနိုင်တယ်..."
"ဟုတ်တယ်မလား..."
သူက နောက်ဆုံး အဆုံးသတ်လိုက်သည်။
လင်းဖေးက ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။
"မဟုတ်ပါဘူး..."
"ကားအက်စီးဒင့်က မတော်တဆဖြစ်တာပါ... ပြီးတော့ မင်းမိဘတွေနှင့် ဦးလေး ဖြစ်သွားတာက မတော်တဆလေ... မတော်တဆဆိုတာ ဘာလဲသိလား... အဲ့ဒါက ရုတ်တရက်ကြီး ထဖြစ်ပြီး ဘယ်သူကမှ မမျှော်လင့်ထားတဲ့ဟာပဲ..."
"အဲ့ဒါဆို သားက ဘာလို့ ဘာမှမဖြစ်တာလဲ..."
ကျိလဲ့ယွီက မေးလိုက်သည်။
လင်းဖေးက သူဘာကြောင့် အဆင်ပြေသည်ကို မသိပါပေ။
သူက အတန်ကြာအောင် တိတ်ဆိတ်နေပြီး ကျိလဲ့ယွီအား အကြောင်းအရာများကို တခြားနည်းနှင့် ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
"ငါ့မိဘတွေလည်း သေသွားပြီ..."
လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ငါအသက်ရှင်နေသေးပေမဲ့ ငါက ကံဆိုးမှု သယ်ဆောင်သူ မဟုတ်ဘူး... အဲ့လိုပဲ မင်းကလည်း အဲ့လိုမဟုတ်ဘူး... နားလည်လား..."
ကျိလဲ့ယွီက စိတ်ဝင်တစား မေးလိုက်လေသည်။
"ကိုကိုမိဘတွေက ဘယ်လိုလုပ်ပြီး သေသွားတာလဲ..."
"ငါ့အမေက ဖျားပြီး ငါ့အဖေက အက်စီးဒင့်တစ်ခုဖြစ်သွားတာ... ငါသူ့ကို တစ်ခါမှမတွေ့ဖူးပေမဲ့ ငါ့အမေပြောတာကတော့ သူက သေပြီတဲ့..."
ကျိလဲ့ယွီက ခေါင်းညိတ်လိုက်သော်လည်း သံသယအသစ်များထပ်တွေ့လိုက်ပေသည်။
"ကိုကိုရဲ့ ဦးလေးက ဒဏ်ရာမရဘူး အဲ့တော့ ကိုကိုက ကံဆိုးမှုသယ်ဆောင်သူ မဟုတ်ဘူးလေ... သားဦးလေးက ဒဏ်ရရလို့ သားက ဟုတ်တယ်..."
လင်းဖေး : "..."
လင်းဖေးမှာ အလွန် ကြီးနေပြီး ဖြစ်သော်လည်း သူ့နှလုံးသားထဲတွင် မောပန်းသည်ဟု ခံစားရသည်က ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။
သို့ဖြစ်၍ သူက ၄င်းကို ထပ်မံတွေးတောကာ ကျိလဲ့ယွီကို ဆိုလိုက်သည်။
"ငါ့အဖိုးက သေပြီး မင်းအဘွားက အသက်ရှင်နေသေးတယ်လေ..."
"ကိုကို အဖိုးလည်း သေပြီလား..."
ကျိလဲ့ယွီက အံ့ဩသွားလေသည်။
တခြားတစ်ယောက်က ဘယ်လိုလုပ်သေသွားတာလဲ...
ထို့နောက် လင်းဖေးက သူ့ထက်သေသည့် တစ်စုံတစ်ယောက်ပိုနေပေသည်။
"ဟုတ်တယ်..."
လင်းဖေးက အလွန်တည်ငြိမ်နေပေသည်။
"ငါ့အမေပြောတာတော့ ငါ့အဖိုးက သေပြီတဲ့..."
သူ့အဖွားရောပဲ...
အဲ့ဒါက နောက်ထပ်တစ်ယောက်ပဲ...
ကျိလဲ့ယွီက ရိုးရှင်းစွာ ထိတ်လန့်သွားလေသည်။
သူက ကံဆိုးမှုသယ်ဆောင်သူဆိုရင် လင်းဖေးက လူတွေအများကြီး ပိုသတ်နိုင်တဲ့ အကောင်ပိုကြီးတဲ့ တစ်ယောက်ဖြစ်ရမယ်...
"ငါ့အမေပြောတာက မွေးဖွားတာ၊ အသက်ကြီးတာ၊ ဖျားနာတာနဲ့ သေတာတွေက ပုံမှန်ပဲတဲ့... အဲ့ဒါက ဘဝပဲတဲ့..."
ကျိလဲ့ယွီက ၄င်းကို ကောင်းကောင်းနားမလည်နိုင်ပါပေ။
"ဘဝဆိုတာ အသက်ရှင်ဖို့ပဲ မဟုတ်ဘူးလား..."
"မဟုတ်ဘူး အဲ့ဒါက ကံတရားပဲ..."
လင်းဖေးက သူ့ကို တစ်ချက်ကြည့်ကာ စိတ်ပျက်စွာဆိုလိုက်သည်။
"မင်းစာအုပ်ဖတ်တာ အရမ်းနည်းတယ်..."
သူက ထပ်ပြောလိုက်သည်။
"ငါ့အဖိုးအဘွားတွေက အသက်ကြီးပြီး သေသွားကြပြီ... ငါ့အမေက ဖျားလို့ သေသွားတယ်... ငါ့အဖေက အက်စီးဒင့်တစ်ခုဖြစ်လို့ သေသွားတယ်... အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး.... မင်းမိဘတွေနဲ့ ဦးလေး ထိခိုက်ဒဏ်ရာရတာက မင်းနဲ့ ဘာမှမဆိုင်ဘူး... မင်းမယုံရင် မနက်ဖြန်ကို မင်းဦးလေးကိုမေးပြီး သူဘာပြောမလဲ ကြည့်ကြည့်လိုက်လေ..."
ကျိလဲ့ယွီက ထိုစကားများကြောင့် သက်တောင့်သက်သာ ဖြစ်လာပြီး ညင်သာစွာမေးလိုက်သည်။
"တကယ်ကြီး..."
"ဟုတ်တယ်..."
လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျိလဲ့ယွီက မရယ်ပဲ မနေနိုင်ပါပေ။ သူ့နှလုံးသားထဲတွင် ညင်သာသော တုန်ခါမှုတစ်ခု ဖြစ်သွားပုံရပေသည်။
"အဲ့ဒါဆို သားက ကံဆိုးမှု သယ်ဆောင်သူမဟုတ်ဘူးပေါ့..."
"သေချာပေါက် မဟုတ်ဘူးပေါ့..."
"သားက သားမိဘတွေကို သတ်ပြီး ဦးလေးကို ဒဏ်ရာရအောင်မလုပ်ဘူးပေါ့..."
"ဒါပေါ့..."
"အဲ့ဒါဆို နောက်ကျရင် သားက ဘယ်သူ့ကိုမှ မသတ်ဘူးပေါ့..."
'အဲ့ဒါက လိုအပ်တဲ့ ကိစ္စမဟုတ်ဘူးလေ...'
လင်းဖေးက တစ်ကိုယ်တည်း တွေးလိုက်ပေသည်။
"မင်းက လူတွေကို ရေထဲ တွန်းမချသရွေ့ပေါ့..."
ကျိလဲ့ယွီ : "..."
ကျိလဲ့ယွီက ဒေါသတကြီး နှာမှုတ်လိုက်ကာ သူ့၏ ပါးဖောင်းလိုက်ပြီး လင်းဖေးကို လျစ်လျူရှုရန် နောက်လှည့်သွားလိုက်ပေသည်။
လင်းဖေးက ပြုံးလိုက်လေသည်။ သူက မျက်လုံးပိတ်ကာ အိပ်ရန်ပြင်လိုက်လေသည်။
ကျိလဲ့ယွီက ခေတ္တစောင့်လိုက်သည်။ သူက တိတ်တဆိတ်လှမ်းကြည့်လိုက်ရာ လင်းဖေးက စကားမပြောသလို မလှုပ်သည်ကို တွေ့လိုက်ပေသည်။ သို့ဖြစ်၍ ကျိလဲ့ယွီက နောက်သို့ ထပ်မံလှည့်ကာ ဒေါသတကြီး ဆိုလိုက်သည်။
"သားက သူ့ကို မသတ်ချင်ပါဘူး... သားပြောမယ်... သားက သူ့ကို သင်ခန်းစာလေးတစ်ခု ပေးချင်ရုံတင်လေးပါ..."
"ဘာဖြစ်ဖြစ် သူက ရေနစ်သွားနိုင်တယ်လေ..."
လင်းဖေးက သူ့မျက်လုံးများကို ပိတ်လိုက်သည်။
"နောက်တစ်ခါဆို အဲ့လိုလုပ်လို့မရဘူးနော်..."
ကျိလဲ့ယွီက သူ့နှုတ်ခမ်များကို တင်းတင်းစေ့ကာ တိတ်ဆိတ်နေပေသည်။
ထိုအချိန်မှသာ လင်းဖေးက မျက်လုံးဖွင့်ပြီး သူ့ကို မေးလာလေသည်။
"နားလည်ရဲ့လား...."
ကျိလဲ့ယွီက နားလည်သော်လည်း သဘောမတူလိုပါပေ။
"သားက သူ့ကို မသတ်ချင်သေးသရွေ့ အဆင်ပြေပါတယ်..."
"ငါ့အမေက သူဖျားတုန်းက မသေချင်ဘူးလေ... ဆရာဝန်ကလည်း သူ့ကို မသေစေချင်ဘူး... ငါကလည်း သူ့ကို မသေစေချင်ဘူး.... ငါ့ဦးလေးရောလေ... အဲ့လိုဆိုရင်တောင် သူက သေသွားတာပဲ..."
လင်းဖေး၏ အသံမှာ ဗလာကျင်းနေပေသည်။
"မင်းက မသေစေချင်တာနဲ့ပဲ လူတွေက မသေတော့တာ မဟုတ်ဘူး... သေဆုံးခြင်းနဲ့ ပတ်သတ်ရင်က ဘယ်သူမှ အတိအကျမပြောနိုင်ဘူး..."
ကျိလဲ့ယွီက အတန်ကြာအောင် တိတ်ဆိတ်နေပေသည်။
သူက သူ့မိဘများနှင့် ကျိယွီရှောင်ကို တွေးမိပုံရပေသည်။ သူ့အဖေသည် အသက်ဆုံးခါနီးအချိန်၌ပင် သူ့ဦးလေးသူ့ကို ကာကွယ်လိုက်သကဲ့သို့ သူ့အမေကို ကာကွယ်ထားပေသည်။ ထိုသို့ဆိုလျှင်ပင် သူ့အမေက သေဆုံးသွားပေသည်။
သူ့အဖေက သူ့အမေကို မသေစေလိုသော်လည်း ၄င်းက အလုပ်မဖြစ်ပါပေ။
"သားနားလည်ပါပြီ..."
ကျိလဲ့ယွီက ညင်သာစွာ ဖြေလိုက်သည်။
သူက စကားပြောပြီးနောက် အလိုမကျကာ အင်တင်တင်အမူအရာဖြင့် နှုတ်ခမ်းဆူလိုက်သည်သာ ပြုလုပ်ပေသည်။
လင်းဖေးမှာ သူရေချိုးနေစဉ်က လင်းလော့ချင်း သူ့ကို ပြောထားသည်ကို သတိရသွားကာ ဆက်ပြောလိုက်သည်။
"မင်းက တခြားလူတွေကို ရေထဲ တွန်းချလို့မရဘူးလေ... ပြီးတော့ တခြားလဲ ဘာမှလုပ်လို့မရဘူး... မင်းက စကားများ ရန်ဖြစ်လို့ရတယ် ဒါပေမဲ့ အဲ့နှစ်ခုထက်ပိုပြီး ဘာမှ လုပ်လို့မရဘူး... နားလည်လား…"
ကျိလဲ့ယွီ "..."
ကျိလဲ့ယွီမှာ ဤလူက အများအပြားတောင်းဆိုနေသည်ဟု ခံစားလိုက်ရပေသည်။
သူက ကြမ်းတမ်းစွာ နှာမှုတ်လိုက်ပြီး သူ့၏ မကျေနပ်မှုကို ကိုယ်အမူအရာဖြင့် ပြလိုက်လေသည်။
"အဲ့လို လုပ်နိုင်လား..."
လင်းဖေးက သူ့ကို မေးလိုက်သည်။
"သားက လူတွေကို ရေထဲ မတွန်းချသ၍ အဆင်ပြေတယ်မလား..."
ကျိလဲ့ယွီက သူ့ကို ဈေးဆစ်နေပေသည်။
"သားက နောက်တစ်ခါဆို ပိုဂရုစိုက်ပြီး သူများမသိအောင် လုပ်ပါမယ်..."
'...သူများသိတာ မသိတာက ပြဿနာမဟုတ်ဘူးလေ...'
လင်းဖေးက တွေးလိုက်လေသည်။
၄င်းမှာလုံးဝ မလုပ်သင့်သည့် အရာတစ်ခုဖြစ်ပေသည်။
"ရေကို မထိနဲ့၊ မီးကိုမထိနဲ့၊ တခြားဓားတွေ၊ ကိရိယာတွေကိုလည်း မထိနဲ့...."
ကျိလဲ့ယွီ : "..."
ကျိလဲ့ယွီမှာ ၄င်းမှာ သူ့အတွက် ခက်ခဲအောင်ပြုလုပ်နေသည်ဟု တွေးမိပေသည်။
"သားမလုပ်ချင်ဘူး..."
ကျိလဲ့ယွီက ငြင်းဆန်လိုက်သည်။
လင်းဖေးက သူ့ကို ဖျောင်းဖျရန် မကြိုးစားပါ။ သူက သတိပေးထားပြီး ကျိလဲ့ယွီက လက်မခံပါပေ။ သူ့တွင် အဖြေမရှိတော့ပါပေ။
လင်းဖေးက "အိုး…"ဟုဆိုကာ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
ဒါက အဆုံးသတ်လား...
ကျိလဲ့ယွီက နားလည်ရခက်စွာ မပျော်ပါပေ။
သူက ဒေါသတကြီး နောက်လှည့်ကာ သူ့ခန္ဓာကိုယ်ကို အိပ်ယာပေါ်သို့ ပစ်လှဲလိုက်ပေသည်။ အသံမှာ တိုးတိတ်ပြီး အလိုမရှိသည့် ငါးကလေးတစ်ကောင်က ၄င်း၏ အမြီးကို တဖျပ်ဖျပ်ခတ်ကာ ရေကို ရိုက်ခတ်နေသကဲ့သို့ပင် လင်းဖေးက ၄င်းကိုကြားပြီးနောက် အတူတူဖြစ်သည်မှာ နှမြောစရာ ကောင်းလှပေသည်။
ကျိလဲ့ယွီ "..."
ကျိလဲ့ယွီက ဒေါသတကြီး နောက်လှည့်ကာ မကျေမနပ် မေးလိုက်လေသည်။
"ကိုကိုဘာတွေ လုပ်နေတာလဲ.... ဒါက အပြီးသတ်မဟုတ်
ဘူးလေ...."
"အဲ့လိုမဟုတ်ရင်..."
လင်းဖေးက ဤလူမှာ အနည်းငယ် ဆူညံသည်ဟု ခံစားလိုက်ရသည်။
ကျိလဲ့ယွီက ဆိုလိုက်သည်။
"နည်းနည်းထပ်ပြီး ဖျောင်းဖျပေးလို့မရဘူးလား..."
သူ့ဘဝ၌ တခြားသူကို ဒုတိယအကြိမ် မဖျောင်းဖျခဲ့ဖူးသည့် လင်းဖေး : "...."
သူက ကူကယ်ရာမဲ့ မျက်လုံးဖွင့်ကာ ခေါင်းစောင်းပြီး ကျိလဲ့ယွီကို ကြည့်လိုက်လေသည်။