အပိုင်း ၅၇
Viewers 28k

Chapter 57




သူက ကျိလဲ့ယွီကို ထိုနေ့က ဤရှားစောင်းအိုးကို ပေးသည့်အချိန်က သူလိုချင်သော ပန်းအိုးရခဲ့၍ ၄င်းကို ကြိုက်မည်ဟု မျှော်လင့်ခဲ့ပေသည်။


သို့ဖြစ်၍ သူက သူ့၏ အနာဂတ်ညီငယ်လေးနှင့် လိုက်ဖက်သည့် ချစ်စရာကောင်းသော ရှားစောင်းပင်လေးကို ဂရုတစိုက် ရွေးချယ်ပေးလိုက်သည်။


သူက သူ့ညီမှာ သူ့ကိုယ်သူ ကာကွယ်နိုင်ပြီး သူ့ကိုယ်ပိုင် ပန်းအိုးရှိရန် မျှော်လင့်ခဲ့ပေသည်။ 


သူက ဤလက်ဆောင်ကို အလွန်စိတ်ရင်းမှန်စွာဖြင့် ရွေးချယ်ကာ ဤရှားစောင်းအိုးက ကျိလဲ့ယွီကဲ့သို့ သေးငယ်ကာ ချစ်စရာကောင်းသည်ဟုပင် တွေးခဲ့ပေသည်။ 


ကျိလဲ့ယွီက ၄င်းကို မကြိုက်၍သာ မမြတ်နိုးရခြင်း ဖြစ်ပေမည်။ 


လဲ့ဖေးက ၄င်းက တစ်ခုခုမှားနေသည်ဟု မထင်ပါပေ။ ၄င်းမှာ ကျိလဲ့ယွီတောင်းခဲ့သော လက်ဆောင်မဟုတ်ပါပေ။ သူက စပြီး ပေးခဲ့ခြင်းဖြစ်သည်။ 


သူပေးခဲ့သည်ကြောင့်ပင် တခြားသူက ချစ်ခင်ရမည်ဟူသော အကြောင်းပြချက်မရှိပါပေ။


ကြိုက်နှစ်သက်ခြင်းက တွန်းအားပေး၍ မရသဖြင့် ကျိလဲ့ယွီ မမှားပါပေ။ 


လင်းဖေးက ခေါင်းငုံ့ကာ ကျိလဲ့ယွီ၏ ရှားစောင်းပင်လေးကို စတင်ရေလောင်းလိုက်သည်။ 


သူက ရှားစောင်ပင်လေး၏ ထိပ်မှ ခြောက်သွေးနေသော မြေကြီးအထိ အများအပြားလောင်းလိုက်လေသည်။


ကျိလဲ့ယွီက ထိုအလေးအနက် အမူအရာကို မြင်သောအခါ ပို၍အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။


ရေလောင်းပြီးနောက် လင်းဖေးက ကျိလဲ့ယွီကို ပြောလိုက်သည်။ 


"ဒီမှာပဲ ထားခဲ့လိုက်တော့... ဒါကို ငါပဲ ဂရုစိုက်လိုက်မယ်..."


ကျိလဲ့ယွီက ၄င်းကိုမကြိုက်၍ ဂရုစိုက်မည်မဟုတ်ပါပေ။ အဆုံးတွင် ၄င်းက သေသွားမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လင်းဖေးက ၄င်းကိုရွေးချယ်ခဲ့သည်ဖြစ်ရာ ဂရုစိုက်မည့်လူမရှိ၍ မသေစေလိုပါပေ။


ကျိလဲ့ယွီ၏ စိတ်ထဲတွင် အချက်ပေးသံတစ်ခုမြည်လာကာ သူက အိုးကို ကောက်ယူလိုက်သည်။ 


"ဒါက သားဟာလေ... သားကိုယ်တိုင် ပျိုးထောင်မယ်..."


လင်းဖေးက ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။ 

"မင်းအဲ့ဒါကို မပျိုးထောင်ချင်ပါဘူး..."


"သားမပျိုးထောင်ချင်ဘူးလို့ ဘယ်သူက ပြောလဲ... သားပျိုးထောင်ချင်တယ်..."


လင်းဖေး : "..."


လင်းဖေး၏ မျက်လုံးများမှာ တည်ငြိမ်မှု ၃၀%၊ ပြောစရာမဲ့ခြင်း ၄၀%နှင့် 'မင်းပြောတဲ့စကားကို မင်းယုံရဲ့လား'ဆိုသည့် စကားများ ၃၀% ပါဝင်နေပေသည်။ 


ကျိလဲ့ယွီက သူ့ပါးစပ်ကို လှုပ်ကာ ခေါင်းမာစွာဆိုလိုက်သည်။ 

"နောက်ဆိုရင် သားက တစ်နေ့ ထမင်းသုံးနပ်စားတာမို့ ဒါကိုလည်း တစ်နေ့သုံးခါ ရေလောင်းပါမယ်... သားဒါကို သေသေချာချာကို ဂရုစိုက်ပါမယ်..."


"ရှားစောင်းပင်က ရေအများကြီးလောင်းလို့မရဘူး... မင်းဆရာက မင်းကို ပြောပြထားတယ်မဟုတ်ဘူးလား..."


ကျိလဲ့ယွီ : "..."


ကျိလဲ့ယွီက နှုတ်ခမ်းများကို စေ့လိုက်လေသည်။

"အဲ့ဒါဆိုလည်း သားက ကိုကိုလိုလုပ်မယ်... ကိုကိုရေလောင်းရင် သားကိုပြော... သားလဲ ရေလောင်းမယ်..."


သူက လင်းဖေး၏ ရေလောင်းသည့် ဘူးကိုကြည့်လိုက်သည်။

"ကိုကို ဒါကို ဘယ်က ဝယ်ထားတာလဲ... သားလဲ တစ်ခုလိုချင်တယ်..."


လင်းဖေး : "..."


လင်းဖေးက ပြတင်းပေါက်ဘောင်မှ ဆင်းလိုက်ကာ ဗီရိုထဲမှ အစိမ်းရောင် ရေလောင်းသည့်ဘူးတစ်ဘူးကို ထုတ်ကာ သူ့ကို ကမ်းပေးလိုက်သည်။ 

"ငါ့ရှုရှုက ငါ့အတွက် ဝယ်ပေးတာ... နောက်တစ်ခုရှိသေးတယ်..."


ကျိလဲ့ယွီက သူ့လက်ကို ဆန့်ထုတ်ကာ အပြစ်ရှိသည်ဟု ခံစားလိုက်ရပေသည်။  


သူက ရေလောင်းသည့် ဘူးကိုယူကာ လင်းဖေးကို အနည်းငယ် နေရခက်စွာကြည့်လိုက်သည်။


"သားအဲ့ဒါကို အရင်က ကောင်းကောင် ဂရုမစိုက်ခဲ့မိတာ ဝန်ခံပါတယ်..."


"ကိုကိုက သားကို ပန်းပေးတုန်းက သားဘာကြိုက်လဲဆိုတာ မမေးခဲ့ဘူးလေ... သားက နှင်းဆီပန်းကြိုက်တာ ရှားစောင်းပင်တွေကို မကြိုက်ဘူး... အဲ့ဒါကြောင့် ကောင်းကောင်း ဂရုမစိုက်မိဘူး..."


သူက ဆင်ခြေတစ်ခုပေးလိုက်လေသည်။ 

"သားကို ဘာလို့ ရှားစောင်းပင်ပေးတာလဲ... အဲ့ဒါက ပွင့်လည်းမပွင့်ဘူး လှလည်းမလှဘူးကို... ကိုကိုက လူတွေကို လှတဲ့ပန်းတွေ ပေးသင့်တာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး သားကို ရှားစောင်းပင်တစ်ပင် ပေးနိုင်ရတာလဲ..."


"အဲ့ဒါက ပွင့်တယ်..."

လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။ 


ကျိလဲ့ယွီက အံ့အားသင့်သွားသည်။ 

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."


လင်းဖေးက သူအမှန်တကယ်ပင် စာအုပ်များ ထပ်ဖတ်သင့်သည်ဟု ခံစားလိုက်ရသည်။

"နောက်တစ်ခါဆိုရင် တိရိစ္ဆာန်ကမ္ဘာကြည့်မဲ့အစား အပင်ကမ္ဘာကြည့်ရအောင်..."


ကျိလဲ့ယွီ : "..."


လာပြန်ပြီ... လာပြန်ပြီ... 


စာမဖတ်လို့ သူ့ကို လှောင်ပြန်ပြီ...


ကျိလဲ့ယွီက ဒေါသဖြင့် ကြမ်းတမ်းစွာ နှာမှုတ်လိုက်ပြီး စိုက်ကြည့်လိုက်သည်။


လင်းဖေးက ယခုကဲ့သို့ သူက အတန်ပင် ချစ်စရာကောင်းသည်ဟုခံစားရ၍ ခပ်ဖွဖွ ပြုံးကာ ပြတင်းပေါက်ဘောင်တွင် ပြန်ထိုင်လိုက်သည်။ 


ကျိလဲ့ယွီက သူ့ကိုကြည့်ပြီး ရှားစောင်းပင်လေးကြည့်ပြီး ဆူပုတ်ကာ ပြောလိုက်သည်။ 

"သား ဒါကို ဂရုစိုက်ပါမယ်..."


"အိုး..."


"အဲ့ဒါဆို သားကို အပြစ်မတင်ဘူးပေါ့..."


"ငါမင်းကို အပြစ်မတင်ပါဘူး..."


"တကယ်လား..."


လင်းဖေးက ခေါင်းညိတ်ကာ တည်ငြိမ်စွာဆိုလိုက်သည်။ 

"တကယ်..."


"အဲ့ဒါဆိုရင် နောက်ဆို သားကို တခြားတစ်ခုပေးမှာလား..."


လင်းဖေးက သူ့ကိုစိုက်ကြည့်ကာ စကားမဆိုပါပေ။ 


ကျိလဲ့ယွီက အလျင်အမြန်လျှောက်လာလေသည်။ 

"ကိုကိုပဲ သားကို အပြစ်မတင်ဘူးဆို..."


"ငါက တခြားလူတွေကို ပစ္စည်းတွေပေးရတာမကြိုက်ဘူး..."

လင်းဖေး၏ အသံက တည်ငြိမ်နေပေသည်။ 


ကျိလဲ့ယွီက ခေတ္တကြောင်အသွားလေသည်။ 


သူကဆိုလိုက်သည်။ 

"ဒါပေမဲ့ ကိုကို သားကို ဒါပေးခဲ့တယ်လေ..."


"ငါက တခြားလူတွေကို ပစ္စည်းတွေပေးရတာ မကြိုက်တုန်းပဲ..."


တခြားသူက ၄င်းကို ကြိုက်ရန်မလိုသလို ချစ်မြတ်နိုးရန်လည်း မလိုပါပေ။ 

အဲ့ဒါဆို ဘာလို့ပေးရမှာလဲ...


လင်းဖေးက ရုတ်တရက် လင်းလော့ချင်းကို တစ်ခုမှ မပေးဖူးသည်ကို သတိရသွားသည်။ ထိုနေ့က လင်းလော့ချင်းက ကျိလဲ့ယွီအတွက် ရှားစောင်းအိုးတစ်အိုး ရွေးပေးရန် ပြောခဲ့သော်လည်း သူ့အတွက် ရွေးပေးရန်မပြောခဲ့ပါပေ။ 


ကျိလဲ့ယွီက သူ့ဘေးတွင် ထိုင်လိုက်သည်။

"သားက တခြားသူမဟုတ်ဘူးလေ... သားတို့က အတူတူနေနေတာလေ... သားတို့က မိသားစုလေ..."


လင်းဖေးက တိတ်ဆိတ်နေပေသည်။


"သားကို ဆက်ပြီး ပေးပါ..."

ကျိလဲ့ယွီက သူ့ကိုကြည့်လိုက်ကာ သူ့မျက်လုံးများမှာ ရှားပါးသော စစ်မှန်သည့် အပြစ်ကင်းမှုနှင့် စိတ်ရင်းမှန်များ ပါဝင်နေပေသည်။ 

"သားက နောက်ဆို ကိုကိုပေးတဲ့ လက်ဆောင်ကို ကြိုက်မှာပါ... သား အခုဆို ဒီရှားစောင်းပင်ကိုလည်းအရမ်းကြိုက်သွားပြီ..."


သူက ထပ်ဆိုလိုက်သည်။ 

"ကိုကိုက သားကို လက်ဆောင်တစ်ခုပေးရင် သားကလည်း တစ်ခုပြန်ပေးမယ်လေ..."


လင်းဖေးက သူ့လက်မောင်းထဲမှ မြစိမ်းရောင် ရှားစောင်းပင်လေးနှင့် ရိုးရှင်းသော အနီရောင် အုတ်ပန်းအိုးလေးကို ကြည့်ကာ တိတ်ဆိတ်နေပေသည်။ 


သူက စကားမပြောရာ ကျိလဲ့ယွီက ကူကယ်ရာမဲ့ ခံစားနေရပေသည်။ 


သူသည်လည်း နောင်တရနေပေသည်။ 

သူက အစကတည်းက ဒီရှားစောင်းအိုးလေးကို ကောင်းကောင်း ဂရုမစိုက်ခဲ့မိတာလဲ... သူနဲ့ လင်းဖေးက ဒီလိုနေ့မျိုး ရှိလာမယ်ဆိုတာသာ သူသိခဲ့ရင် သူက အစကတည်းက ဒီအိုးကို စားပွဲပေါ်မှာ တင်မထားခဲ့ပါဘူး...


ကျိလဲ့ယွီက အနည်းငယ်စိုးရိမ်ကာ ဝမ်းနည်းနေပေသည်။ သူက သူ့လက်မောင်းထဲမှ ရှားစောင်းပင်ကို အတန်ကြာအောင် ကြည့်ကာ တစ်ခုခုတွေးမိသွားလေသည်။ ထို့နောက်သူက လင်းဖေးကို ပြောလိုက်လေသည်။ 

"သားက သားရဲ့ ရှားစောင်းပင်ကို ကောင်းကောင်း ပျိုးထောင်ပြီး အဲ့ဒါက ပွင့်လာရင် ကိုကိုက သားကို လက်ဆောင်တစ်ခုပေးသင့်တယ်... ဟုတ်ပြီလား..."


သူ့အသံက နူးညံ့ကာ သူ့၏ ပယင်းရောင် မျက်လုံးများက ကြည်လင်ကာ လှပပေသည်။ 


"သားက ကိုကို့ကို ဒီက ပန်းပေးပြီး ကိုကိုက သားကို ကိုကိုရဲ့ ရှားစောင်းပင်က ပန်းပေးလေ... ဟုတ်ပြီလား..."


လင်းဖေးက အတန်ကြာအောင် စိတ်ပျော့သွားလေသည်။ 


သူက နေရောင်ထဲတွင် တိတ်ဆိတ်စွာ တောက်ပနေသော သူ့၏ ကိုယ်ပိုင် ရှားစောင်းပင်ကိုကြည့်လိုက်သည်။ 


၄င်းက သေးငယ်ကာ စိမ်းနေဆဲဖြစ်ကာ အိုးထဲတွင် ဖြောင့်တန်းစွာ ရပ်နေဆဲ ဖြစ်သည်။ 


၄င်းက ကျိလဲ့ယွီ၏ ရှားစောင်းပင်နှင့် အတူတူပင်ဖြစ်သည်။


သူက ကျိလဲ့ယွီ သူ့ကို ရှားစောင်းပန်း ပေးရန်မလိုအပ်သော်လည်း ကျိလဲ့ယွီ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နေလေသည်။ 


"အင်း..."

လင်းဖေးအသံက တိုးပေသည်။ 


ကျိလဲ့ယွီက ပျော်ရွှင်သွားသည်။ 


သူက ဝင့်ကြွားစွာဆိုလိုက်သည်။ 

"သားက ဒါကိုသေချာပေါက်ကောင်းကောင်း ပျိုးထောင်မယ်... ဒီက ပန်းတွေက ကမ္ဘာပေါ်မှာ အလှဆုံးပန်းတွေ ဖြစ်လာမှာ..."


လင်းဖေး၏ မျက်လုံးများထဲတွင် အပြုံးခပ်ဖွဖွတစ်ခု ပေါ်လာလေသည်။ 


ကျိလဲ့ယွီက သူ့နားကို ကပ်လာကာ မေးလိုက်သည်။

"ရှားစောင်းပန်းက ဘာရောင်လဲ... အဲ့ဒါက ဘာနဲ့တူလဲ... ကြည့်ကောင်းလား... သားပျိုးထောင်ထားတာတွေအကုန်လုံးက သေချာပေါက် ကြည့်ကောင်းရမှာပေါ့..."


လင်းဖေး : "..."


လင်းဖေးက သက်ပြင်းချလိုက်သည်။ သူက ကျိလဲ့ယွီက စာအုပ်များ ပိုဖတ်သင့်သည်ဟု ထပ်မံ ခံစားလိုက်ရပေသည်။ 


သူက ပြတင်းပေါက်ဘောင်မှ ထပ်မံခုန်ဆင်းလိုက်ပြီး စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ပွင့်ပြီးနောက် ရှားစောင်းပင်က မည်သို့ပုံဖြစ်သည်ကို ပြလိုက်သည်။ 


လင်းလော့ချင်းက သူတို့ကို ထမင်းစားရန် လာခေါ်ရာ ကလေးနှစ်ယောက်က ပြတင်းပေါက်ဘောင်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေသည်ကို တွေ့လိုက်ပေသည်။ 


သူက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။ 

"ဘာတွေကြည့်နေကြတာလဲ..."


"ရှုရှု... ရှားစောင်းပင်က ပွင့်လာရင်ဘာနဲ့တူလဲ သိလား..."

ကျိလဲ့ယွီက မေးလိုက်သည်။ 


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ 

"သိတယ်လေ..."


ကျိလဲ့ယွီက သူ့ပါးများကို ဖောင်းလိုက်သည်။ 

ဟုတ်ပါပြီ... မသိတာ သူတစ်ယောက်တည်းပါ...


"သားက သားရဲ့ ရှားစောင်းပင်ကို ပွင့်စေချင်လို့လား..."

လင်းလော့ချင်းက မေးလိုက်သည်။


ကျိလဲ့ယွီက သူ့၏ ရှားစောင်းပင်ကို ကိုင်ကာ ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။ 

"ပန်းပွင့်လာရင် သားက ဖေးဖေးကောကို ပေးလို့ရတယ်..."


လင်းလော့ချင်းက နောက်ဆုံးတွင် အနည်းငယ် ထူးဆန်းနေသည်ကို တွေ့သွားလေသည်။ 


ဘုရားရေ... သူ့ရဲ့ ဖေးဖေးလေးက သူမသိတဲ့နေရာမှာ ဘာလုပ်နေတာလဲ... ကျိလဲ့ယွီက သူ့ကို ဘာလို့ ပန်းပေးချင်နေတာလဲ...


လင်းလော့ချင်းက လင်းဖေးကို လှည့်ကြည့်လိုက်သည်။ လင်းဖေးမှာ တည်ငြိမ်နေသည်မှာ ၄င်းက ကိစ္စကြီးတစ်ခုမဟုတ်သကဲ့သို့ပင်။ 


မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းက အရင်လို အေးစက်နေတုန်းပဲ...


မိုက်တယ်... ငါ့ဘေဘီလေး...


"ကောင်းတယ်..."

လင်းလော့ချင်းက ပြုံးလိုက်သည်။ 

"သားရဲ့ ရှားစောင်းပင် ပွင့်လာတာကို ရှုရှုစောင့်နေမယ်နော်..."


ကျိလဲ့ယွီက ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။ 

"ဟုတ်..."


သူက သူ့၏ ရှားစောင်းပင်ကို ပျော်ရွှင်စွာကိုင်ကာ လင်းလော့ချင်း၊ လင်းဖေးတို့နှင့် ထွက်လာလေသည်။ သူက လင်းဖေးဆီမှ သင်ယူပြီး သူ့၏ ရှားစောင်းပင်ကို ပြတင်းပေါက်ဘောင်ပေါ်သို့ တင်ထားလေသည်။ 


'အဲ့ဒါကို နေရောင်ပိုပြထားလိုက်ရင် စောစောပွင့်လောက်တယ်...'

ကျိလဲ့ယွီက မျှော်လင့်တကြီး တွေးလိုက်ပေသည်။


လင်းလော့ချင်းက  သူ့ကို ထိုကဲ့သို့မြင်ရရာ အနည်းငယ် နွေးထွေးသွားသည်ဟု ခံစားရပေသည်။ 


သူက ကျိရှင်းကိစ္စနှင့် ပတ်သက်၍ ကျိလဲ့ယွီကို တိုက်ရိုက်စိန်မခေါ်လိုက်သည်က မှန်လောက်သည်ဟု တွေးမိသွားပေသည်။ 


ထိုပန်းက ပွင့်လာမည်ဟု မျှော်လင့်ပြီး တခြားသူများကိုပေးမည်ဟုတွေးသော ကလေးတစ်ဦးက အနည်းဆုံးတွင် နေမင်း၏ အပူချိန် ရှိနေဆဲဖြစ်ပေသည်။(နွေးထွေးနေဆဲ)


လင်းလော့ချင်းက သူနှင့် လင်းဖေးကို အချိန်နှင့် ယုံကြည်မှု ပိုပေးသင့်ပေသည်။ သူက လင်းဖေးမှာ ကျိလဲ့ယွီကို လမ်းညွှန်ပေးနိုင်သည်ဟု ယုံကြည်ပြီး ကျိလဲ့ယွီက သူ့နှလုံးသားထဲမှ အမှောင်ထုကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပေသည်။ 


သူက ငယ်သေးကာ ကျိယွီရှောင်က ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်၍ သူ့ကမ္ဘာကြီးက မပြိုလဲသွားသေးပါပေ။ ဤကမ္ဘာကြီးအား သူ့အောက်ခြေစည်းနှင့် တွယ်တာမှုက တည်ရှိနေဆဲ ဖြစ်သည်။ သူက ကွဲပြားကာ ကောင်းမွန်သော အနာဂတ်တစ်ခု ရှိမည်ဖြစ်သည်။


စာအုပ်ထဲမှ အရွယ်ရောက်သူ ကျိလဲ့ယွီက မပျော်ရွှင်ခဲ့ပါပေ။ 


သူက ကမ္ဘာကြီးအား ချစ်ခင်မှုနှင့် တွယ်တာမှု မရှိပါပေ။ သို့ဖြစ်၍ သူက ဇာတ်လိုက်မအပေါ်တွင် ချစ်ခင်မှုရှိနေသည်ကို သိလိုက်သည့်အခိုက်အတန့်တွင် သူမကို သူ့ဘေးတွင် နေထိုင်ရန် မရိုးမဖြောင့် အလိုရှိသည်ဖြစ်ပေသည်။ 


သို့သော် သူက ဇာတ်ကောင်ကို နက်နက်ရှိုင်းရှိုင်းမချစ်ခဲ့၍ သူ့ကိုယ်တိုင် မမှားယွင်းခဲ့ပါပေ။ ဇာတ်ကောင်က သူ့၏ ပုံစံအစစ်အမှန်ကိုမြင်ပြီး သူ့ကို ကြောက်စပြုလာရာ သူ့အမှောင်ထုကို မထိန်းချုပ်တော့ပါပေ။ 


သူက မည်သူကိုမှ မချစ်ရသည်မှာ ကြာပြီဖြစ်၍ ဤပါးလွှသော ချစ်ခင်မှုကို အနည်းငယ်ဆိုလျှင်ပင် ထိန်းသိမ်းထားလိုပေသည်။ သို့သော် သူက ၄င်းကို ထိန်းသိမ်းမထားနိုင်ရန် ကံစီမံထားခြင်းဖြစ်သည်။ 


စာအုပ်ထဲတွင် လင်းဖေးက ဇာတ်လိုက်ကို အလိုလို အရှုံးပေးကာ ကျိလဲ့ယွီက ဇာတ်လိုက်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည်။ 


သူတို့က ကွဲပြားသော အဆုံးများတွင် ရပ်နေကြသော်လည်း ကမ္ဘာကြီး၏ တူညီကာ ကွဲပြားသည့် မယုံကြည်ခြင်းများ ရှိနေဆဲဖြစ်ပေသည်။ 


သို့သော် သူတို့က လက်ရှိတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များသာဖြစ်ပေသည်။ သူတို့၏ စရိုက်များက တခြားကလေးများနှင့် ကွဲပြားနိုင်သော်လည်း သူတို့က ပန်းများစိုက်ကာ ပန်းပွင့်လာသည်ကို စောင့်နေသည် ဖြစ်သည်။ 


သူတို့က ဤကမ္ဘာထဲတွင် နေထိုင်နေဆဲဖြစ်ကာ သူတို့ကို နာကျင်စေခဲ့သော ကမ္ဘာကြီးကို မစွန့်ပစ်ရသေးပါပေ။ သူတို့က အပြစ်ကင်း၊ မရင့်ကျက်၊ ခေါင်းမာကာ၊ မျှော်လင့်စောင့်စားနေကြပေသည်။ သူတို့က မနက်ဖြန်ရောက်ရှိလာရန် စောင့်စားနေပြီး သူတို့နှလုံးသားထဲမှ ပန်းများပွင့်လာရန် စောင့်စားနေကြပေသည်။


ရှားစောင်းအိုးတိုင်းက မပွင့်နိုင်သေ

ာ်လည်း လင်းလော့ချင်းက သူတို့၏ ရှားစောင်းပင်များက အလှပဆုံးပန်းများ ထုတ်ပေးလာရန် မျှော်လင့်နေပေသည်။ 


သူက ပြုံးကာ လင်းဖေးနှင့် ကျိလဲ့ယွီတို့၏ ပခုံးများကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူက နောက်လှည့်ကာ ကျိယွီရှောင်၏ စာကြည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။