Chapter 58
ကျိယွီရှောင်က တံခါးခေါက်သံကို ကြားလိုက်၍ ဖုန်းမချမီတွင် နောက်ဆုံးအကြံတစ်ခု ပေးလိုက်လေသည်။
လင်းလော့ချင်းက လျှောက်လာပြီး သူ့ကိုပြောလိုက်သည်။
"စားရအောင်..."
"ဟုတ်ပြီ..."
ကျိယွီရှောင်က သူ့ဖုန်းကို ချလိုက်ပြီး ဘီးတပ်ကုလားထိုင်ကို ရှေ့သို့တိုးလာလိုက်သည်။
သူက မည်သည့်အခါမှ တုံ့ဆိုင်းတတ်သည့် လူတစ်ဦးမဟုတ်ခဲ့ပါပေ။ ယခုတွင် သူက သူ့ဖခင်ကို သံသယဝင်နေပြီး ကျိယွီရှောင်က ၄င်းကို မမြင်သလိုနှင့် မလွတ်မြောက်နိုင်သလို ဟန်ဆောင်ရမည်ဖြစ်သည်။
တစ်နေ့တာ အလုပ်မှာပင် သူက လူအများအပြားအား ဖခင်ကျိ၏ အရေးကိစ္စကို စောင့်ကြည့်ရန် စီစဉ်ထားပြီး ဖြစ်သည်။
သူ့ဖခင်မှာ မြေခွေးအိုတစ်ဦးသာ ဖြစ်လေသည်။ သူက ဤသတင်းကို သူမသိအောင် မည်သို့ မည်မျှကြာကြာ အချိန်ယူမည်ကို အာမမခံနိုင်ပါပေ။
သို့သော် ကျိယွီရှောင်က အလျင်မလိုပါပေ။ ၄င်းက မြေခွေးတစ်ကောင်ဖြစ်နေသရွေ့ မြေခွေးအမြီးက တဖြည်းဖြည်း ပေါ်လာမည် ဖြစ်ပေသည်။ ကျိယွီရှောင်မှာ အဆိုးဆုံးကို ပြင်ဆင်ထားပြီးဖြစ်၍ ကြောက်စရာမရှိတော့ပါပေ။
ကျိယွီရှောင်က အနည်းငယ် ဝမ်းနည်းနေပေသည်။ သူက တစ်နေ့တွင် သူ့ဖခင်ကို သံသယဝင်ကာ သူ့ဖခင်က သူ့ကို သံသယဝင်အောင်ပြုလုပ်လာမည်ဟု မည်သည့်အခါမှ မတွေးခဲ့ဖူးပါပေ။ ဤကဲ့သို့ သားအဖဆက်ဆံရေးက သူ့ကို သနားစဖွယ်ကောင်းကာ ရင်နင့်စေပေသည်။
ထို့နောက် သူ့ခံစားချက်များက မကြာမီတွင် ဘေးရောက်သွားပေသည်။ သူက ဘာမှမဖြစ်သလို လင်းလော့ချင်းနှင့်အတူ စာကြည့်ခန်းထဲမှ ထွက်လာပြီး ဓာတ်လှေကားဆီသို့ ဦးတည်သွားလေသည်။
ကျိလဲ့ယွီက သူအဝေးမှ လာနေသည်ကိုမြင်ကာ သူ့ကိုမေးလိုက်သည်။
"ပါးပါး... ရှားစောင်းပင်တွေက ပန်းပွင့်တာသိလား..."
"သိတယ်လေ..."
ကျိယွီရှောင်က ပြုံးလိုက်သည်။
"သားက ဘာလို့ ရုတ်တရက်ကြီး ပါးပါးကို အဲ့အကြောင်းမေးတာလဲ..."
ကျိလဲ့ယွီက ကလေးဆန်သော အပြုအမူဖြင့် နှုတ်ခမ်းဆူလိုက်သည်။
"ဘာလို့လဲဆိုတာ ဒီအိမ်မှာ အဲ့ဒါကိုမသိတာ သားတစ်ယောက်တည်းမို့လေ..."
အန်တီ ကျန်းက ၄င်းကိုကြားရာ ရယ်လိုက်သည်။
"ရှောင်ယွီက ခုဏလေးတင် ကျွန်မကိုလည်း သိလားဆိုပြီး မေးနေတာ..."
လင်းလော့ချင်းသည်လည်း ရယ်လိုက်သည်။
"သူက ငါ့ကိုလည်းမေးတယ်..."
ကျိလဲ့ယွီ : "..."
ကျိလဲ့ယွီ၏ မျက်နှာလေးက ဖောင်းလာလေသည်။
ကျိယွီရှောင်က သူ့ကြောင့် စိတ်ကြည်သွားလေသည်။
"သားက ရုတ်တရက်ကြီး ဘာလို့ ရှားစောင်းပင်တွေ ပန်းပွင့်နိုင်မပွင့်နိုင်ကို စိတ်ဝင်စားသွားတာလဲ..."
"ဖေးဖေးကောက အဲ့ဒါက ပန်းပွင့်နိုင်တယ်လို့ပြောတယ်... သားက အဲ့ဒါကိုမသိလို့ ပါးပါးလည်း မသိဘူးထင်လို့..."
"သားမသိတာ ပုံမှန်ပါပဲ... သားက ငယ်သေးတယ်လေ... သားကြီးလာရင် ပိုသိလာမှာ..."
ကျိယွီရှောင်က သူ့ထိုင်ခုံတွင် ထိုင်လိုက်သည်။
"ဒါပေမဲ့ ဖေးဖေးကောက သိတယ်လေ..."
ကျိလဲ့ယွီက စိတ်ကောက်လိုက်သည်။
"ဖေးဖေးကို ဘယ်လိုသိတာလဲ မေးလိုက်လား..."
ကျိလဲ့ယွီ : "..."
"သားဘယ်လိုလုပ်ပြီးသိတာလဲ ဖေးဖေး..."
လင်းလော့ချင်းက သူ့ကိုမေးလိုက်သည်။
"အဲ့ဒါက စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာ..."
လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျိယွီရှောင်က ခေါင်းညိတ်ကာ ကျိလဲ့ယွီကို ကြည့်လိုက်သည်။
"ကြားလား... အဲ့ဒါက စာအုပ်တစ်အုပ်ထဲမှာပါတာတဲ့..."
ကျိလဲ့ယွီ : "..."
ကောင်းတယ်... သူကိုက မမေးသင့်တာ...
ကျိလဲ့ယွီက နှာမှုတ်ကာ စားရန်အတွက် ခေါင်းငုံ့လိုက်သည်။
လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က ပြုံးကာ စတင်စားသောက်လိုက်သည်။
စားသောက်ပြီးနောက် ကျိလဲ့ယွီနှင့် လင်းဖေးက အိမ်စာလုပ်ရန်နှင့် စာအုပ်များဖတ်ရန် သူတို့အခန်းများဆီသို့ ပြန်သွားကြသည်။
လင်းလော့ချင်းသည်လည်း သူ့နှင့် ကျိယွီရှောင်၏ အိပ်ခန်းထဲသို့ ပြန်လာလိုက်သည်။ သူက ဖုန်းဂိမ်းတစ်ခုကို ဆော့လုဆဲဆဲဖြစ်ကာ ဖွင့်လိုက်သည့်အချိန်တွင် အဝင်ကောတစ်ခု ဝင်လာပေသည်။ ၄င်းမှာ ချန်ဖုန်း၏ နံပါတ်ဖြစ်သည်။
၄င်းက လင်းလော့ချင်း မှတ်မိသော အချိန်ဖြစ်ပေသည်။ မှန်ပေသည်။ ချန်ဖုန်းနှင့် မူလပိုင်ရှင်၏ ဈေးပေါသော ဖခင်က သူနှင့် ကျိယွီရှောင်၏ လက်ထပ်ခြင်းကို မှီတည်ကာ ကျိမိသားစုဟူသော အပင်ကြီးကြီးတက်ရန် စီစဉ်ထားသည်ဖြစ်သည်။ ယခုတွင် သူက တရားဝင်အထောက်အထားရရှိပြီ ဖြစ်သည်ကို သူတို့က သိ၍ သူ့ကို နှောင့်ယှက်ရန်အချိန်ဖြစ်လေသည်။
သူက ဖုန်းကိုင်ကာ လသာဆောင်ဆီသို့လျှောက်လာပြီး ပျင်းရိစွာ မေးလိုက်သည်။
"ဘာလဲ..."
"မင်းနဲ့ ကျိယွီရှောင်က တရားဝင်အထောက်အထားရပြီလား..."
ချန်ဖုန်းက တိုက်ရိုက်ဆိုလာသည်။
"ရပြီ..."
"အဲ့ဒါဆို မင်းမိဘတွေကိုတွေ့ဖို့ ဘယ်တော့ပြန်လာမှာလဲ..."
"ခဏစောင့်ဦး..."
လင်းလော့ချင်းက ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။
"ကျိယွီရှောင်က စိတ်ခံစားချက်များနေပြီး မတည်ငြိမ်သေးတာ သိသင့်တယ်... သူက ကျွန်တော်ကလွဲရင် ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး..."
"မင်းကလွဲရင် ဆိုတာ ဘယ်သူ့ကိုပြောတာလဲ... ငါတို့က မင်းမိဘတွေ... ကျိယွီရှောင်က မင်းကိုကြိုက်တယ်လို့ သူတို့ပြောနေတာ ငါကြားတယ်... မင်းက သူ့ကို မဖျောင်းဖျနိုင်ဘူးလား..."
လင်းလော့ချင်းက နှာမှုတ်လိုက်သည်။
'ငါတို့က မင်းမိဘတွေ' ဟုတ်လား... မူလပိုင်ရှင်နဲ့ လင်းလော့ရှီးတို့ ကန်ထုတ်ခံရတုန်းက သူတို့က ဘာလို့ မိဘတွေဆိုတာကို အမှတ်မရတာလဲ...
ဟာသပဲ...
သူက တမင်ပင် သက်ပြင်းချလိုက်သည်။
"သူ့ ကျွန်တော်ကိုကြိုက်တာ ပြဿနာမဟုတ်ဘူးလား..."
"မင်း ဘာကို ဆိုလိုတာလဲ..."
"သူက ကျွန်တော်ကိုကြိုက်ရင် ခင်ဗျားနဲ့ ကျွန်တော်အဖေက ကျွန်တော်ကို နှိပ်စက်တယ်လို့ ခံစားရမှာလေ... အဲ့ဒါဆို သူက ခင်ဗျားတို့ကို ထပ်ပြီး မတွေ့ချင်ဘူးလို့ ဆိုလိုတယ်လေ... ကျွန်တော်သူကို ဖျောင်းဖျပြီး ပြောကြည့်ပေမဲ့ သူနားမထောင်ဘူး..."
ချန်ဖုန်းက သူ့ကို ဖျောင့်ဖျလာသည်။
"ဒီကမ္ဘာမှာ သားသမီးတာဝန်မကျေတဲ့ ကလေးတွေပဲ ရှိတာလေ... အမှားလုပ်တဲ့ မိဘဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ... ငါတို့က အဲ့ဒါကို မင်းကောင်းဖို့ လုပ်ခဲ့မဟုတ်ဘူးလား... သူက ငါတို့နှစ်ယောက်မရှိပဲ မင်းကို လက်ထပ်နိုင်မှာလား..."
"ဟုတ်တယ်..."
လင်းလော့ချင်းမှာ ဝမ်းနည်းပက်လက်ဖြစ်သွားလေသည်။
"ကျွန်တော်လည်း အဲ့ဒါကိုပြောနေတာ... သူက ခေါင်းမာလွန်းတယ်..."
"သားက ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်..."
ချန်ဖုန်းက ကြင်နာတတ်သဖွယ် ဟန်ဆောင်လိုက်သည်။
"လော့လော့... ငါသတိမပေးဘူးလို့ မပြောနဲ့နော်... အခုဆို မင်းအဖေက မင်းကို ကောင်းကောင်းသတိရဦးမှာ... သူက မင်းက ရှောင်ကျင်းရဲ့အစား ကျိယွီရှောင်ကို လက်ထပ်ရတာ မလွယ်ဘူးဆိုတာသိပြီး မင်းကို အားနာနေတာပါ... သူက မင်းအိမ်ပြန်လာတာကို မှတ်မိချင်နေတာ... မင်း မြန်မြန်မလုပ်ပဲ အဲ့ဒါကို မချစ်မြတ်နိုးရင် ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးမဟုတ်တော့မှာ ဂရုစိုက်..."
လင်းလော့ချင်း : "..."
လင်းလော့ချင်းက ကျိယွီရှောင်မှာ အိပ်ရာပေါ်တွင် ထိုင်လိုက်သည်ကို မြင်ရာ သူ့ဘေးသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ကျိယွီရှောင်က သူက တခြားနေရာတွင် ဖုန်းပြောချင်သည်ဟုသာ တွေးလိုက်သည်။ မမျှော်လင့်ထားသည်မှာ လင်းလော့ချင်းက ဖုန်းကို စပီကာဖွင့်ကာ အော်လိုက်သည်ကို သူ မြင်လိုက်ရပေသည်။
"ဘာလုပ်တာလဲ... ငါ့ဖုန်းကို မလုနဲ့..."
ကျိယွီရှောင် : "..."
သူက လင်းလော့ချင်းကို မယုံသင်္ကာကြည့်လိုက်သည်။
လင်းလော့ချင်းက အသံမထွက်ပဲ သူ့နှုတ်ခမ်းကိုလှုပ်လိုက်သည်။ သူက 'ငါနဲ့ လိုက်ကစားပေး...'ဟု ပါးစပ်လှုပ်ရုံပြောလိုက်သည်။
ချန်ဖုန်းက သိချင်နေပေသည်။
"ေလာ့လော့..."
လင်းလော့ချင်းက ကျိယွီရှောင်ကို စကားပြောရန် အချက်ပြလိုက်သည်။ သူက ဘောပင်တစ်ချောင်းကို လှမ်းယူကာ စာရွက်တစ်ခုပေါ်တွင် ရေးလိုက်သည်။
ကျိယွီရှောင် : "..."
ကျိယွီရှောင်က ပူးပေါင်းလိုက်ရပေသည်။
"ကျွန်တော်ပါ..."
ချန်ဖုန်းမှာ သူ့အသံကြားရာ ခေတ္တမျှ ကြောင်အသွားလေသည်။ သူမက ချက်ချင်းပင် ရယ်သံအတုတစ်ခုကို ထုတ်လွတ်လိုက်သည်။
"မင်းပဲ ရှောင်ကျိ..."
"အန်တီဒီလောက်နေကောင်းနေတာ ကျွန်တော်မသိခဲ့ဘူး..."
ကျိယွီရှောင်၏အသံမှာ အေးစက်နေသည်။
ထို့နောက်သူက လင်းလော့ချင်းက စာရွက်တစ်ရွက်ကို ဖြဲကာ သူ့ကိုပြလိုက်သည်ကို မြင်လိုက်သည်။
ကျိယွီရှောင်က ထိုပေါ်ရှိ စာလုံးများကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက ထိုအတိုင်း လိုက်ဖတ်လိုက်သည်။
"အန်တီတို့အိမ်မှာ မှန်တစ်ချပ်ရှိလား..."
ချန်ဖုန်း : "..."
"သွားပြီး ဓာတ်ပုံရိုက်ကြည့်လိုက်... အဲ့ဒါက ဆောင်းလယ်ပွဲတော်အတွင်းက လအတိုင်းပဲဖြစ်ရမယ်..."
"အဲ့ဒါက ဝိုင်းပြီး ကြီးတယ်... အထူးသဖြင့် ကြီးတာ..."
ချန်ဖုန်း : "..."
ချန်ဖုန်းက နောက်ဆုံးတွင် ဤလူက သူမတွင် ကြီးမားသောမျက်နှာရှိသည်ဟု ပြောနေသည်ကို သဘောပေါက်သွားကာ ချက်ချင်းဒေါသထွက်လာလေသည်။ သို့သော် သူမက ကျိယွီရှောင်ကို ဒေါသမထွက်ဝံ့ပါပေ။
သူမက အံကြိတ်ကာ ပြုံးရုံသာ တတ်နိုင်ပေသည်။
"လော့လော့ ဘေးမှာရှိလား... သူ့ကို ဖုန်းပေးလိုက်လို့ရမလား..."
ကျိယွီရှောင်က တစ်ခုခုပြောလုဆဲဆဲတွင် လင်းလော့ချင်းက သူ့ကို နှောင့်ယှက်လိုက်သည်။
"ငါ့ကိုပေး... ငါ့ဖုန်းကို မဆွဲနဲ့..."
သူက ဖုန်းထဲမှ ရှင်းပြလိုက်သည်။
"တောင်းပန်ပါတယ် အန်တီ... သူက ကျွန်တော်ဖုန်းကို ဆွဲယူသွားတာ... အဆင်ပြေရဲ့လား... သူက စကားကောင်းကောင်းမပြောဘူး... ဒါပေမဲ့ စိတ်ထဲမထားပါနဲ့... ဘာပဲဖြစ်ဖြစ် သူက ချမ်းသာတယ်လေ..."
ချန်ဖုန်းမှာ ကျိယွီရှောင်ကို ဂရုမစိုက်နိုင်သဖြင့် လင်းလော့ချင်းကို ဒေါသပုံချရန်သာတတ်နိုင်ပေသည်။
"ဘာပဲဖြစ်ဖြစ်... ငါမင်းကို သတိပေးပြီးပြီနော်... မင်း လာချင်ချင် မလာချင်ချင် ပြန်လာလို့ရတယ်... ငါကတော့ မင်းကို ပြန်မလာစေချင်ဘူး... မင်းက အရင်ကလို ခွေးတစ်ကောင်လို မပြုမူပဲ အိမ်ကို နေ့တိုင်း ပြေးလာပြီး မင်းအဖေ ပြန်ပြီးသတိပြုမိအောင် လုပ်ရင် ငါက မင်းကို ဒီလိုသတိပေးရလောက်အောင် ကြင်နာမှာမဟုတ်ဘူး... ကြင်နာမှုဆိုတာ ဘာမှမရဘူး... မင်းက မင်းအဖေသဘောမတွေ့တာနဲ့ ထိုက်တန်တယ်..."
ကျိယွီရှောင်၏ အမူအရာက ချက်ချင်း မဲမှောင်သွားသည်။
လင်းလော့ချင်းက မှားချင်ယောင်ဆောင်လိုက်သည်။
"ကျွန်တော်က ပြန်မလာချင်တာ မဟုတ်ပါဘူး... သူက ပြန်မလာခိုင်းလို့ပါ... ကျွန်တော်က ဘာတတ်နိုင်မှာလဲ... သူက အခုဆို စိတ်မရှည်ဘူးလေ... ကျွန်တော်သူ့ကို ပြန်မပြောရဲဘူး..."
သူက မြန်မြန်ရေးနေတုန်းဖြစ်သည်။
ထို့နောက် သူက ရေးနေသည်ကို အဆုံးသတ်လိုက်ပြီး ထပ်မံအော်ဟစ်လိုက်သည်။
"ကျိယွီရှောင် ဘာလုပ်တာလဲ... ငါဖုန်းပြောနေတယ်..."
ဘာမှမလုပ်သည့် ကျိယွီရှောင် : "..."
ပြဇာတ်ကို တိတ်တဆိတ် ကြည့်နေသော ကျိယွီရှောင် : "..."
လင်းလော့ချင်းက သူ့ကို စာရွက်ကမ်းပေးလာလေသည်။ ကျိယွီရှောင်က ၄င်းကိုဆွဲယူကာ စာကြောင်းအသစ်များကို ဖတ်လိုက်သည်။
"အန်တီက အဲ့လိုအရာမျိုး ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ... အန်တီက တကယ်အရှက်မရှိတာပဲ... လော့ချင်း သူ့အဖေဆီက ကန်ထုတ်ခံရတုန်းက အဲ့လိုဖြစ်စေတာ အန်တီမဟုတ်ဘူးလား... အဲ့တုန်းက အန်တီက လူကောင်းလိုဟန်ဆောင်ခဲ့တာ... အန်တီက တကယ်ကို ဝတ်ရုံနီလေးရဲ့ အဘွားယောင်ဆောင်ထားတဲ့ မြေခွေးဆိုးကြီးပဲ... ဘယ်လိုလုပ်ပြီး အန်တီကိုယ်အန်တီ လူသားလို့ ပြုမူနိုင်ရတာလဲ..."
"မင်း..."
ချန်ဖုန်းက အလွန်ဒေါသထွက်နေ၍ စကားပင် မဆိုနိုင်ပါချေ။
"အန်တီက ဘာလဲ... နောက်ဆို လော့ချင်းကို ဖုန််းလည်းမဆက်နဲ့...စိတ်ရှုပ်တယ်..."
ကျိယွီရှောင်က စကားပြောပြီးနောက် လင်းလော့ချင်း၏ အမူအရာအတိုင်း ဖုန်းချလိုက်လေသည်။
ချန်ဖုန်းက ရုတ်တရက် ချသွားသော ဖုန်းကိုကြည့်ကာ ဒေါသဖြင့် တင်းတင်းဆုပ်ထားလေသည်။ ထို့နောက် သူမက ဖုန်းကိုထုတ်ကာ ဖခင်ကျိကို ရှာရန် ထွက်လာလေသည်။ သူမက ငိုကာ လင်းလော့ချင်းက သူမကို အနိုင်ကျင့်သည်ဟု ပြောလိုက်သည်။ သူမက ခြောက်ကပ်ကပ်ကြီးငိုကာ မျက်ရည်အစစ်မကျပါပေ။ နောက်ဆုံးတွင် သူမက ငိုခြင်းကို မလေ့ကျင့်ရသေးပါပေ။
ကျိယွီရှောင်က လင်းလော့ချင်းကို လှည့်ကာ ဖုန်းပေးလိုက်ပြီး လင်းလော့ချင်းက သူ့ကို ချဲ့ကားသောအမူအရာဖြင့် လက်ခုပ်တီးနေသည်ကို ကြားလိုက်သည်။
"သရုပ်ဆောင်ကောင်းတယ် ကော... ကောရဲ့ စာသားတွေက အရမ်း ကောင်းတယ်..."
"မင်းက သူ့ကို ဘာလို့ ကိုယ်တိုင်မပြောတာလဲ..."
ကျိယွီရှောင်က သိလိုပေသည်။
"ငါပြောလို့မရဘူးလေ... ငါက နောက်တစ်ဆင့်တက်နိုင်အောင် ကြာပန်းဖြူလေးလို ဟန်ဆောင်ရမယ်လေ..."
"နောက်တစ်ဆင့်..."
ကျိယွီရှောင်မှာ သိလိုနေပေသည်။
နောက်တစ်ဆင့်က ဘာလဲ...
မူလတွင် ထိုကဲ့သို့ အရာတစ်ခု မရှိပါပေ။ သို့သော် ချန်ဖုန်းမှာ သူ့ကို အလွန် စွဲလမ်းနေ၍ သူက ယခုတွင် တစ်ခုရှိရပေမည်။
မည်သို့ပင်ဆိုစေ မူလပိုင်ရှင်မှာ ဖခင်လင်း၏ ကိုယ်ပိုင်သားနှင့် လင်းဖေးက သူ့၏ မြေးဖြစ်ပေသည်။ မူလပိုင်ရှင်၏ မိခင်မှာ လင်းဖေး၏ အဘွားနှင့် ဖခင်လင်းကို ကံကြမ္မာတစ်ခုအောင်မြင်စေရန် အဖော်ပြုပေးခဲ့သော မူလဇနီးမယားဖြစ်ပေသည်။
နောက်ဆုံးတွင် မူလဇနီးက သေဆုံးသွားပြီး အငယ်အနှောင်းက တံခါးမှ ဝင်လာလေသည်။ မူလပိုင်ရှင်နှင့် သူ့အမက ကန်ထုတ်ခံရပြီး ဖခင်လင်းက သူတို့အား သူ့ပိုင်ဆိုင်မှုတစ်ခုမှ မပေးပါပေ။
လင်းလော့ရှီးက သူမကို သူတို့မိခင်ချန်ထားခဲ့သော အမွေတစ်စိတ်တစ်ပိုင်းနှင့် သူမငယ်ငယ်ကပင် စုထားသော ပိုက်ဆံကိုသာ ယူသွားလေသည်။
သို့မဟုတ်ပါက မူလပိုင်ရှင်၏ လျင်မြန်စွာ ဖယ်ထုတ်ခြင်းကို ဖယ်ထုတ်ခံရမည် မဟုတ်ပါပေ။
ချန်းဖေးက သူ့ကို ဆက်သွယ်လိုသည်ဖြစ်ရာ သူက သူမနှင့် ဆန်ကုန်မြေလေး ဖခင်လင်းကို အရည်အချင်းမီ ATMများဖြစ်လာရန် ခွင့်ပြုလိုက်ပေသည်။
လင်းလော့ချင်းက ၄င်းကို တွေးလိုက်သည်။ သူက ထိုပိုက်ဆံကို မလိုချင်ပါပေ။ သူက ၄င်းကို လင်းဖေးအတွက် သိမ်းထားမည် ဖြစ်သည်။ ၄င်းက လင်းဖေးကို အနာဂတ်တွင် စီးပွားရေးတစ်ခုအစပြုရန် လုံလောက်ရုံသာဖြစ်ပေသည်။
သူက လင်းမိသားစု အစစ်၊ လင်းလော့ရှီး၏ သား၊ ဖခင်လင်း၏ မြေးဖြစ်ကာ လင်းမိသားစု၏ ပိုင်ဆိုင်မှုကို ပိုင်ဆိုင်ရန် အသင့်တော့်ဆုံးဖြစ်ပေသည်။
လင်းလော့ချင်းက သူ့စကားများကို အနည်ငယ် ရွေးလိုက်သည်။ သူက မူလပိုင်ရှင်မဟုတ်သည်ကို ဖော်မပြပါပေ။ သူက ယခင်က နားမလည်ကာ လင်းလော့ရှီး၏ ပိုက်ဆံကို အများကြီးသုံးမိသည်ဟု ပြောလိုက်သည်။ ယခုတွင် သူက လင်းမိသားစုမှ ပိုက်ဆံကို လိုချင်ကာ လင်းဖေးကို ပေးရမည် ဖြစ်သည်။ ၄င်းမှာ အတိတ်က အမှားအတွက် ပြင်ဆင်ခြင်းဟု မှတ်ယူနိုင်ပေသည်။
ကျိယွီရှောင်က သူ့စကားလုံးများကို နားထောင်ပြီး သူ့အတွက် သနားသလိုခံစားရပေသည်။
"အဲ့အချိန်က မင်းက ငယ်သေးပြီး ရုတ်တရက် အပြောင်းအလဲကြီးတစ်ခုကို ခံစားလိုက်ရတာလေ... ငါမင်းကို အပြစ်မတင်ပါဘူး... မင်းအမကလည်း မင်းကို အပြစ်မတင်ဘူးလို့ ငါယုံတယ်..."
၄င်းက သဘာဝ ဖြစ်ပေသည်။
လင်းလော့ရှီးက မူလပိုင်ရှင်ကို ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်ရမှာလဲ... သူမက မူလပိုင်ရှင်အတွက် မိခင်တစ်ဦးကဲ့သို့ဖြစ်ပြီး သူ့ကို သူမသားအဖြစ် သည်းခံပေသည်။
လင်းလော့ချင်းက အမှန်တကယ်တွင် မူခပိုင်ရှင်အတွက် ဆင်ခြေများ ပြုလုပ်ခြင်းကို မကြားလိုပါပေ။
သူက မူလပိုင်ရှင်ကို မကြိုက်ပါပေ။ သိသာသည်မှာ ဖခင်လင်းက သူ့ကို လင်းလော့ရှီးနှင့် ပစ်ထုတ်လိုက်သော်လည်း သူက ပြန်ပြေးသွားကာ ဖခင်လင်းကို သူ့အား အိမ်ပြန်ခွင့်ပြုရန် တောင်းဆိုပေသည်။
ထို့ကြောင့် ချန်ဖုန်းက သူ့အား ဖခင်လင်းက သူ့ကို အသိအမှတ်ပြုလိုသည်ဟု ထပ်ခါထပ်ခါသတိပေးနေခြင်းဖြစ်သည်။
ဟာသပဲ...
သူက လင်းဖေးကို ဆိုးဝါးစွာ ဆက်ဆံခဲ့ပြီး သူ့ဖခင်ကို ကျိုးနွံစွာ ပြုမူပေသည်။
လင်းလော့ချင်းက ခေါင်းစဉ် ပြောင်းလို၍ နောက်သို့လှည့်ကာ ကျိယွီရှောင်ကို မေးလိုက်သည်။
"မင်းဒီည ရေချိုးမှာလား... အကူအညီလိုသေးလား..."
ကျိယွီရှောင် : "..."
လင်းလော့ချင်းက သူ့ကိုယ်သူထရပ်ကာ သူ့ဆီသို့ ချဥ်းကပ်လာသည်။
"ကော... ငါတို့လက်ထပ်တာ ဘယ်နှရက် ရှိနေပြီလဲ..."
ကျိယွီရှောင်က သူ့ကို တွန်းထုတ်ကာ အိပ်ရာေပါ်မှ ဆင်းလိုက်သည်ဟေ
"ငါရေသွားချိုးတော့မယ်..."
"ငါကူညီပေးမယ်..."
လင်းလော့ချင်းက အကြံပြုလိုက်သည်။
ကျိယွီရှောင်က သူ့ကို လှည့်ကြည့်လိုက်သည်။
"မင်းက အိပ်ရာထဲမှာ နာနာခံခံနေခဲ့..."
လင်းလော့ချင်းက နှုတ်ခမ်းဆူလိုက်သည်။
"မင်းက ငါ့ကို မချစ်ဘူးပဲ..."
"ဘာပဲဖြစ်ဖြစ် ငါက မင်းကို ၁၅နှစ် မကြိုက်ရသေးဘူး..."
ကျိယွီရှောင်မှာ ပါးစပ်ဖွင့်လိုက်သည်နှင့် အသုံးမကျသည့် စာကြောင်းတစ်ခု ထွက်လာပေသည်။
လင်းလော့ချင်း : "..."
ကျိယွီရှောင်မှာ သူ့စကားကြောင့် ထိုသူ ပြောစရာစကားမဲ့သွားသည်ကို မြင်ရာ စိတ်ခံစားချက်ကောင်းကာ ရယ်မောလိုက်သည်။ သူက သူ့ကိုယ်သူ ဘီးတပ်ကုလားထိုင်ပေါ်သို့ လျင်မြန်စွာ ရွေ့လိုက်ပြီး ရေချိုးခန်းထဲသို့ သွားလိုက်သည်။
လင်းလော့ချင်းက အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။
သူက အရမ်းကြောက်စရာကောင်းနေလို့လား...
သူနဲ့ ကားစီးရတာက ရှက်စရာကောင်းနေလို့လား...
ကျိယွီရှောင်က ရှက်နေတယ်ဆိုရင် စိတ်ဝင်စားစရာပဲ...
လင်းလော့ချင်းက ရယ်ကာ သူ့၏ ကြင်စဦးဘဝကို အရသာအနည်းငယ် ထပ်ပေါင်းရန် ဆုံးဖြတ်လိုက်သည်။
ဒါက သူ့အတွက် အရသာတိုးစေတဲ့ ပစ္စည်းဖြစ်နိုင်ပေမဲ့ ကျိယွီရှောင်အတွက်ကတော့ အာရုံစိုက်မှုကို ဖျက်ဆီးနိုင်တဲ့ ကလူတဲ့ဟာ ဖြစ်မယ်...
ကျိယွီရှောင်က နေ့စဉ် ရုတ်တရက် ကားမောင်းရန် ဖိတ်ခေါ်မှုကြောင့် အိပ်ရာပေါ်တွင် အလွယ်တကူ မထိုင်နိုင်ပါပေ။
ညတိုင်းလိုလိုပင် လင်းလော့ချင်းက သူ့ကို မျှော်လင့်တကြီး မေးပေသည်။
"ဒီနေ့ ဘာမှ မလုပ်ဘူးလား..."
"ဒီညက ဘယ်လောက်ကောင်းလိုက်သလဲ ကြည့်ဦး... ရှက်စရာကောင်းတာ တစ်ခုခု လုပ်ဖို့ မသင့်တော်ဘူးလား
..."
"နွေဦးညတွေက ခါးသက်ပြီး တိုတောင်းတယ်... အခုကစပြီး ဘုရင်က ရုံးတော်ကို အလွယ်တကူမသွားဘူး... ငါတို့ရဲ့ နွေဦးညက ဘာလို့ ခါးသက်ပြီး မတိုရမှာလဲ... အိုး... အဲ့ဒါက မင်းမှာ နွေဦးညဆိုတာ လုံးဝမရှိလို့ကို..."
"ဧကရာဇ်ရဲ့ အဝတ်အသစ်တွေက လှတယ်မထင်ဘူးလား... ငါတို့လည်း စမ်းကြည့်သင့်လား..."
ကျိယွီရှောင် : "..."