အပိုင်း ၅၉
Viewers 28k

Chapter 59




ကျိယွီရှောင် စာကြည့်ခန်းထဲသို့ဝင်လာပြီးနာက် ခေါင်းကိုက်စွာဖြင့် ကွန်ပျူတာရှေ့တွင်ထိုင်နေလိုက်သည်။ 


သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် search boxတွင် စကားလုံးအချို့ ရိုက်ထည့်လိုက်သည်။ 

[ငါ့မိန်းမက ငါ့ကို ရူးရူးသွပ်သွပ် အရိပ်အမြွက်ပေးနေရင် ဘာလုပ်သင့်လဲ...]


အမှန်ပင် တူညီသော ပိုစ့်တစ်ခု ရှိပေသည်။ 


1L : သေအောင်ရယ်ရတယ် မိန်းမလုံးဝ မရှိဘူး...


2L : သေအောင်ရယ်ရတယ် မိန်းမလုံးဝ မရှိဘူး...


3L : မင်းလုပ်သင့်တာပေါ့... မလုပ်ရင် မင်းက ယောက်ျားရော ဟုတ်သေးရဲ့လား...


သူက ယောက်ျားတစ်ယောက်ဆိုသည်မှာ သေချာသော ကျိယွီရှောင် : "..."


အင်တာနက်က စိတ်မချရဘူးဆိုတာ တကယ်ပဲ...


ကျိယွီရှောင်က သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ့ညီများနှင့် တိတ်တဆိတ် စာပို့ရန် ဆုံးဖြတ်လိုက်သည်။ 


ကျိယွီရှောင် : [ငါ့မှာ မေးစရာတစ်ခုရှိတယ်...]


ကျွမ်းယွဲ့ : [မင်းက အချစ်ခံရတယ်...]


ဝေ့ကျွင်းဟယ် : [မင်းကို ကယ်မယ်...]


ချွီယင်းကျယ် : [...မိန်းမကို ကယ်မှာလား ကလေးကို ကယ်မှာလား...]


ကျိယွီရှောင် : "..."


ကျွမ်းယွဲ့နှင့် ဝေ့ကျွင်းဟယ်တို့မှာ ရယ်မောနေကြပြီး ဖြစ်သည်။ 


ကျိယွီရှောင်က ကူကယ်ရာမဲ့ ရိုက်လိုက်သည်။ 

[မင်းတို့က တခြားသူတစ်ယောက်ရဲ့ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုကို ဘယ်လိုလုပ်ပြီး ယဉ်ယဉ်ကျေးကျေး ငြင်းနိုင်ပေမဲ့ တောင်းဆိုမှုကို လက်မခံချင်ရတာလဲ... ]


ဝေ့ကျွင်းဟယ် : [ဘာလို့လဲဆိုတာ မေးလို့ရမလား...]


ချွီယင်းကျယ် : [တခြားသူက ဘယ်သူလဲဆိုတာ မေးခွင့်ရှိမလား...]


ကျွမ်းယွဲ့ : [ငါက မတူဘူး... တောင်းဆိုချက်က ဘာလဲဆိုတာ သိချင်တယ်... အဲ့ဒါက ကျိုးကြောင်းမဆီလျော်ဘူးလား... အဲ့ဒါဆိုဘာလို့ ငြင်းရမှာလဲ...]


သူအဲ့ဒါကို ဘယ်လိုပြောသင့်လဲ...


ကျိယွီရှောင်က သူ့မေးကို ကိုင်ကာ တွေးလိုက်သည်။ 


ကျွမ်းယွဲ့ : [မင်း ရှိနေသေးလား...]


ကျိယွီရှောင် : [ငါက မင်းတို့ကို ဘယ်လိုပြောရလဲ စဥ်းစားနေတာ...]


ကျွမ်းယွဲ့ : [ရိုးရိုးပဲပြော... လိုရင်းကို တည့်ပြော...]


ကျိယွီရှောင် : "..."


ကျိယွီရှောင် : [လင်းလော့ချင်းက ငါ့ကို၁၅နှစ်လောက် တိတ်တဆိုးချစ်ခဲ့တာ မင်းတို့သိတယ်မလား...]


ဝေ့ကျွင်းဟယ် : [ကျေးဇူးပါ... ငါရင်ထဲ ထိသွားပြီ...]


ချွီယင်းကျယ် : [ငါလဲ ရင်ထဲထိတယ်...]


ကျွမ်းယွဲ့ : [ငါက အထူးကို စိတ်ထဲထိတယ်... အဲ့တော့...]


ကျိယွီရှောင် : [အဲ့တော့ အခု ငါတို့က လက်ထပ်ပြီးတော့ သူက တတ်နိုင်သမျှ တကယ့် စုံတွဲအစစ်တွေလိုဖြစ်ချင်နေတာ...]


ကျွမ်းယွဲ့ : [အဲ့တော့...]


ချွီယင်းကျယ် : [မင်းက မလိုချင်ဘူးလား...]


ဝေ့ကျွင်းဟယ် : [ဝိုး...]


ဝိုး... ဘာဝိုးလဲ...


ကျိယွီရှောင်မှာ ကူကယ်ရာမဲ့နေလေသည်။ 

[အဲ့ဒါက အရမ်းမြန်မယ်လို့ ငါမထင်ဘူး...]


ကျွမ်းယွဲ့ : [အဲ့ဒါဆိုရင် မင်းကိုယ်မင်း ထိန်းချုပ်ထားနိုင်တယ်ပေါ့...]


...အခု မထိန်းချုပ်နေတာ ငါတစ်ယောက်တည်းလား... အဲ့ဒါ မင်းတို့ရဲ့ စိတ်အားထက်သန်နေတဲ့ မရီးကွ...


ကျိယွီရှောင် : [မင်းတို့ မရီးက ငါ့ကို အချက်ပြနေတာ တစ်ပတ်လောက်ရှိနေပြီ...]


ကျွမ်းယွဲ့ : [အာ...]


ကျိယွီရှောင် : [အခုက မင်းတို့ စကားတွေကို ပြောင်းဖို့ အချိန်ရောက်ပြီ...]


ဝေ့ကျွင်းဟယ် : [အာ...]


ကျိယွီရှောင် : [ဒီအတိုင်း ဆက်ဖြစ်နေရင် ငါက လူတစ်ယောက်အစား သားရဲတစ်ကောင်ထပ်ဖြစ်မယ်လို့ တကယ်ထင်တယ်...]


ချွီယင်းကျယ် : [ဝုတ်...]


ဝေ့ကျွင်းဟယ် : [ဝုတ်... ဝုတ်...]


ကျွမ်းယွဲ့ : [ဝုတ်... ဝုတ်... ဝုတ်... မရီးက မင်းကို တကယ်ချစ်ပါတယ်... သားရဲတစ်ကောင်ဖြစ်တာက ဆိုးလို့လား... ငါကတော့ အတော်လေးကောင်းတယ် ထင်တာပဲ...]


ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။ 

အဲ့ဒါက သူ့ခြေထောက်တွေ ဒဏ်ရာရမနေရင် အလိုလို အဆင်ပြေပေမဲ့ သူက အခု ဒီလိုမျိုးဖြစ်နေတာလေ... 


ကျိယွီရှောင်က သူ့ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။ သူ့၏ ဒဏ်ရာရနေသော ခြေထောက်များကို ကျောက်ပတ်တီးအနက်များဖြင့် စည်းထားကာ သူ့ခြေထောက်က မည်သည့် ပုံစံရှိသည့်ကို မည်သူမှ မမြင်နိုင်ပါပေ။ 


သို့သော် ကျိယွီရှောင်က ၄င်းက ပြောင်းလဲသွားပြီကို သိပေသည်။ 


သူ့ခန္ဓာကိုယ်၏ ကြွက်သားများက စတင်ပျောက်ကွယ်လာပြီး အားနည်းသော ဦးတည်ချက်သို့ သွားရောက်နေပြီး ဖြစ်သည်။ ၄င်းတို့မှာ ခြေထောက်လှုပ်ရှားမှုမရှိခြင်းကြောင့် မကြာမီတွင် ချည့်နဲ့လာမည် ဖြစ်ပေသည်။


ကျိယွီရှောင်သည် လင်းလော့ချင်းက သူ့ကို ဤကဲ့သို့မြင်ရသည်ကို မလိုလားပါပေ။ လင်းလော့ချင်းက သူ့အား ပိုကောင်းသော ပုံစံတစ်ခုဖြင့် မြင်သင့်ကာ ဤကဲ့သို့ ရှက်စရာအခြေအနေနှင့် မဟုတ်ပါပေ။


ကျွမ်းယွဲ့က မေးလိုက်သည်။

[သူမင်းကိုမကြိုက်မှာကို ကြောက်နေတာလား...]


ဝေ့ကျွင်းဟယ် : [ဒါမှမဟုတ် မင်းက နတ်ဘုရားပုံရိပ် ကျဆုံးသွားမှာ ကြောက်နေတာလား...]


ကျိယွီရှောင်က ၄င်းကိုမြင်ကာ နှစ်ခုစလုံး မဟုတ်သည်ကို ခံစားရပေသည်။ 


လင်းလော့ချင်းက ဤသည်ကြောင့် သူ့ကို မကြိုက်မည် မဟုတ်သလို နတ်ဘုရားဟူသော ကိစ္စမှာ အတုအယောင်သာဖြစ်သည်။ သူက လင်းလော့ချင်းရှေ့တွင် ဤကဲ့သို့ မပေါ်လိုခြင်းသာ ဖြစ်ပေသည်။ 


[မင်းရှက်နေတာလား...]

ချွီယင်းကျယ်က သူ့ကို မေးလိုက်သည်။ 


ကျိယွီရှောင်က သူ့စိတ်ထဲတွင် တိတ်တဆိတ် ဖြေလိုက်သည်။ 

'ဟုတ်တယ်...'


သူက ရှက်နေခြင်း ဖြစ်သည်။ လင်းလော့ချင်းက အစကတည်းက မှန်ပေသည်။ သူက ရှက်နေခြင်း ဖြစ်သည်။ သူက လက်ရှိ သူကိုယ်တိုင်နှင့် သူ့ခြေထောက်များက သာမန်လူကဲ့သို့ မကောင်းသည်ကို မုန်းတီးပေသည်။ 


သူက အဲ့ဒါကို မကြိုက်လွန်းလို့ အခုဆို မုန်းသွားပြီနေမှာ...


ကျိယွီရှောင်က သက်ပြင်းချကာ သူ့သူငယ်ချင်းများကို ပြန်ဖြေလိုက်သည်။ 

[ငါက နည်းနည်း ဝန်လေးနေတာ...]


သူက လင်းလော့ချင်း သူ့အား အဘယ့်ကြောင့်လက်ထပ်သည်နှင့် လင်းလော့ချင်း သူ့ကို တကယ်ကြိုက်သည်လားဆိုသည်ကို မသိသေးပါချေ။ သူက လင်းလော့ချင်း တစ်နေ့တွင် နောင်တရမည်ကို ကြောက်နေပေသည်။


သူက ထွက်သွားပြီး သူတို့ရဲ့ အရမ်းအတွင်းကျတဲ့ အပြုအမူကို နောင်တရလောက်တယ်...


အဲ့ဒါကြောင့် သူက လင်းလော့ချင်းကို ထိဖို့ တွန့်ဆုတ်နေတာ...


လင်းလော့ချင်းက သူ့ကို တည်ငြိမ်သော အိပ်စက်ခြင်း၊ ငြိမ်ချမ်းသော မိသားစု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်ဆိုင်တာ ပျော်ရွှင်မှု၊ မရေမရာမှုများနှင့် ဖုံးဖိမရနိုင်သော ရင်ခုန်ခြင်းစသည့်  ကောင်းမွန်သောအရာများစွာ ပေးခဲ့ပြီး ဖြစ်သည်။


သူက ကောင်းမွန်မှုများစွာကို သယ်ဆောင်လာပေသည်။ ကျိယွီရှောင်က သူ့ကို ကောင်းကောင်းဆက်ဆံကာ အနာဂတ်တွင် လင်းလော့ချင်းက သူတို့၏ ယခင်ကြုံတွေ့မှုကို နောင်တမရစေလိုပါပေ။ 


သူက လင်းလော့ချင်းအပေါ် များစွာ အမြတ်ထုတ်ပြီး၍ အကြီးမားဆုံ အမြတ်ထုတ်ခြင်းကို မပြုလုပ်ဝံ့ဟု ခံစားရပေသည်။


ကျိယွီရှောင်က သူ့ထိုင်ခုံကိုမှီကာ ဤနူးညံ့သော ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။


၄င်းမှာ နှင်းဆီပန်းကို နမ်းနေသော ကျားတစ်ကောင်ကဲ့သို့ပင်။


ချွီယင်းကျယ်နှင့် တခြားသူများက အတန်ကြာအောင်စကားပြောနေသော်လည်း ကျိယွီရှောင်အတွက် သင့်တော်သော နည်းလမ်းကို မရှာနိုင်ပါပေ။ 


[မင်း မလုပ်ချင်ဘူးလို့ပြောလိုက်...]


ကျိယွီရှောင် : [အဲ့ဒါက အရမ်းရက်စက်လွန်းတယ်...]


[မင်းမှာ အဲ့လိုအတွေးတွေ မရှိဘူးလို့ ပြောလိုက်...]


ကျိယွီရှောင် : [ငါတို့က ကြင်စဦးလေ...]


[မင်း မလုပ်နိုင်ဘူးလို့ပြောလိုက်...]

ကျွမ်းယွဲ့က အကွက်အကြီးကြီး ရွေ့လိုက်သည်။


ကျိယွီရှောင်က ထိုသူကို အုပ်စုဖွဲ့စကားပြောခန်းမှ တိုက်ရိုက်ကန်ထုတ်လိုက်သည်။ 

သူက ဘာလို့ အဲ့လိုပြောရမှာလဲ... သူက အရမ်းကောင်းပါတယ်...


ဝေ့ကျွင်းဟယ်က ရယ်ကာ သူ့သူငယ်ချင်းကို ထပ်မံဆွဲခေါ်လာသည်။ 

[အဲ့ဒါဆို မင်းဘာလုပ်သင့်လဲ... မင်းခန္ဓာကိုယ်က ခွင့်မပြုဘူးလို့ ပြောမှာလား...]


[အဲ့ဒါဆို သူက ငါ့ခန္ဓာကိုယ်ကို စိတ်ပူနေလိမ့်မယ်...]

ကျိယွီရှောင်က တွန့်ဆုတ်နေပေသည်။ 


ကျွမ်းယွဲ့ : [စိတ်ပူပါစေပေါ့...]


ကျိယွီရှောင် : [... အဲ့ဒါက လူသားတစ်ယောက်ရဲ့ စကားတွေလား... အဲ့ဒါက မင်းမိန်းမ မဟုတ်တော့ မင်းက အပြစ်ရှိတယ်လို့ မခံစားရဘူးပေါ့...]


ကျွမ်းယွဲ့မှာ ပြောစရာမဲ့သွားလေသည်။

[မင်းက တုံ့ဆိုင်းပြီး လူတွေကို စိတ်ပူအောင်မလုပ်ချင်ဘူး... မင်းက အကြောင်းပြချက်တိုင်းကို ငြင်းနေတယ်...]


ကျိယွီရှောင် : [ငါ အဲ့ဒါကို နည်းနည်း ပြင်ပေးမယ်... ငါက တွန်းဆုတ်နေတာမဟုတ်ဘူး... ငါက လောလောဆယ်အတွက် မဖြစ်သင့်သေးဘူးလို့ တွေးရုံပဲ... နားလည်လား...]


ယခုတွင် ကျွမ်းယွဲ့က နားလည်သွားလေသည်။


ကျွမ်းယွဲ့ : [မင်းက မင်းရဲ့ချစ်ခင်မှုကိုပြဖို့ လာတာ ဟုတ်တယ်မလား... မင်းက မိန်းမရှိတာ မိုက်တယ်ဆိုတာ ပြဖို့ လာတာ ဟုတ်တယ်မလား...]


ဝေ့ကျွင်းဟယ် : [ဒါပဲလေ... မိန်းမရှိတာ မိုက်လိုက်တာ...]


ချွီယင်းကျယ် : [အဲ့ဒါက တကယ်မိုက်တယ်... ဘာပဲဖြစ်ဖြစ် ဒီအဖွဲ့မှာ မိန်းမရှိတဲ့နှုန်းက ၂၅%ပဲ... မိန်းမရှိတာက သူတစ်ယောက်တည်းပဲ...]


ကျိယွီရှောင် : [ဟီးဟီး~]


ကျွမ်းယွဲ့ : '...ငါလူး... ငါအဲ့ဒါကို ဝန်မခံချင်ပေမဲ့ အဲ့ဒါက အမှန်ပဲဟ...'


ဝေ့ကျွင်းဟယ် : '...ငါတို့ ရှုံးပြီ...'


ကျိယွီရှောင်က တမင်သက်သက် ထပ်ပြောလိုက်သည်။ 

[ပြီးတော့ ငါ့မိန်းမက ငါ့ကို ၁၅နှစ်တောင် ကြိတ်ပြီးချစ်ခဲ့တာ~]


ကျိယွီရှောင် : [ငါက ကောင်းကင်ကို ထိပြီး မဆုတ်မနစ် စိတ်ပိုင်းဖြတ်ထားတယ်... အဲ့ဒါကိုကြားတဲ့လူတွေက ရင်ထဲထိပြီး အဲ့ဒါကိုမြင်တဲ့လူတွေက ငိုရမယ်... အဲ့ဒါက တကယ်ရှားပြီး အဖိုးတန်တယ်... မင်းတို့တွေ ရင်ထဲ ထိမသွားဘူးလား...]


ကျွမ်းယွဲ့ : "..."


ဝေ့ကျွင်းဟယ် : "..."


မင်းရဲ့ ငယ်သူငယ်ချင်းတွေက လိုင်းပိတ်သွားကြပြီ...


ချွီယင်းကျယ် : [အဲ့ဒါက တကယ်ကို ရင်ထဲထိစရာပါပဲ...]


တစ်ဖွဲ့လုံးတွင် ချီယင်းကျယ်မှာ အရိုးသားဆုံးလူဖြစ်သည်မှာ သိသာလှပေသည်။ 


ကျိလဲ့ယွီက အိပ်ရာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နှင့် လှဲနေလေသည်။ သူက အိပ်မရပါပေ။ 


လင်းဖေးက လွန်ခဲ့သည့် ရက်အနည်းငယ်က သူမကောင်းတာလုပ်သည်ကို မြင်ခဲ့ပေသည်။ သူက သတိထားရန်အတွက် သူက ရက်အနည်းငယ်ကြာအောင် ကျိယွီရှောင်ကို သွားပြီး ခိုးနားမထောင်ခဲ့ပါပေ။ သူက မိသားစု တွေ့ဆုံပွဲတွင် ဘာပြောသည်နှင့် ကျိယွီရှောင် ဘာဖြစ်သည်ကို မသိပါပေ။ 


ကျိလဲ့ယွီက တွေးလိုက်သည်။ 

ရက်နည်းနည်းကြာသွားပြီး ရေပန်းစားတာလည်း ပြီးသွားပြီ... အဲ့ဒါ အဆင်ပြေသင့်ပြီ ထင်တယ်...


သူက စောင်ကိုမကာ အိပ်ရာထဲမှ ထွက်ပြီး သူ့တံခါးကိုဖွင့်ကာ လင်းဖေး၏ တံခါးကို ချောင်းကြည့်လိုက်သည်။


လင်းဖေး၏ အခန်းထဲတွင် အလင်းမရှိပါပေ။ သူက အိပ်နေပြီ ဖြစ်ပေမည်။ 


အဲ့ဒါဆို အဆင်ပြေလောက်ပါတယ်...


ကျိလဲ့ယွီက ကျိယွီရှောင်၏ တံခါး အပြင်သို့ထွက်ရန် ခြေဗလာကို သုံးလိုက်သည်။ သူက တံခါးဘေးတွင်ရပ်ကာ နံရံပိုမှီပြီး တိတ်တဆိတ် နားထောင်နေပေသည်။ 


လင်းလော့ချင်းမှာ သူ့၏ သွေးဆောင်သည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ 

"ဒီနေ့ တစ်ခုခု မလုပ်ချင်ဘူးလား အချစ်..."


ကျိယွီရှောင် : "..."


လင်းလော့ချင်းက မျက်တောင်ခတ်လိုက်သည်။ 

"အချစ်... မင်းငါ့ကို အဲ့လိုကြည့်နေရင် ငါ့ကို တစ်ခုခုလုပ်ချင်လာအောင် လုပ်လိမ့်မယ်..."


"အဲ့ဒါဆို လုပ်လိုက်..."

ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။ 


လင်းလော့ချင်းက မျက်ခုံးတစ်ဖက်ပင့်ကာ သူ့ကို သိလိုစိတ်ပြင်းပြစွာ ကြည့်လိုက်သည်။

'ဘုရားရေ... သူနောက်ဆုံးတော့ မထိန်းနိုင်တော့ဘူး... ဇွဲကောင်းတယ်...'


ထို့နောက်တွင် စာအုပ်တစ်အုပ်က သူ့ခေါင်းကို ထိလာလေသည်။ 


"ငါမင်းရဲ့ သရုပ်ဆောင် စွမ်းရည်ကို မစစ်ဆေးရတာကြာပြီ... အဲ့တော့ ဒီည ကောင်းကောင်း စစ်ကြည့်ရအောင်..."


'... ငါ့သရုပ်ဆောင် စွမ်းရည်ကို စစ်မယ်... မင်းက အိပ်ဆေးသောက်ချင်နေတာ သိသာနေတာကို...'


ကျိယွီရှောင်က သူ့ကိုယ်သာ အိပ်ရာထဲသို့ ရွေ့လိုက်ပြီး အနားယူလိုက်သည်။ 

"ဘာလို့လဲ... မလုပ်ချင်ဘူးလား... ဒီလို လှပတဲ့ ညလေးမှာ ဘာလို့တစ်ခုခုမလုပ်ချင်ရတာလဲ... အဲ့ဒါ မင်းပြောခဲ့တာ မဟုတ်ဘူးလား အချစ်..."


လင်းလော့ချင်းက ဒေါသတကြီး ရေရွတ်လိုက်သည်။ 

"မင်းက မင်းအတွက် ဘဝတစ်လျှောက်လုံးသရုပ်ဆောင်ခိုင်းနိုင်စွမ်းရှိလား ကြည့်ကြတာပေါ့..."


"အဲ့ဒါက မဖြစ်နိုင်ဘူး..."


"မင်းအိပ်မက်ထဲမှာ..."


"အဲ့လိုမှမဟုတ်ရင် မင်းအတွက်ဘယ်သူက ဘဝတစ်လျှောက်လုံး သရုပ်ဆောင်ပေးမှာလဲ..."

ကျိယွီရှောင်က သူ့နားသို့ ချဉ်းကပ်လာသည်။ 

"ထန်ခိုင်းလား..."


လင်းလော့ချင်း : "..."


လင်းလော့ချင်းမှာ ချက်ချင်းပင် သတ္တိကြောင်သွားလေသည်။ 

"အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါပေါ့... ငါက မင်းအတွက် တစ်ဘဝလုံး သရုပ်ဆောင်ပေးမှာလေ..."


လင်းလော့ချင်းက ပြုံးလိုက်သည်။

"အချစ်ခန်း..."


ကျိယွီရှောင်က ရယ်လိုက်ပြီး သူ့လက်ကိုမြှောက်ကာ ထိုသူ၏ မျက်နှာကို ဆွဲဆိတ်လိုက်သည်။ ထို့နောက်က ၄င်းက ခံစာရအလွန်ကောင်း၍ ဒုတိယအကြိမ် ထပ်ပြီး ဆွဲဆိတ်လိုက်သည်။


သူတို့အသံများက မကျယ်ပါပေ။ ကျိလဲ့ယွီက အတန်ကြာအောင်နားထောင်ပြီး ဘာမှမကြားပါပေ။ သို့ဖြစ်၍ သူက အာရုံစိုက်ကာ ဂရုတစိုက်နားထောင်လိုက်သည်။


သို့သော် သူနားထောင်နေစဥ်မှာပင် ကြမ်းပြင်ပေါ်မှ အလင်းက ပြောင်းသွားသည်ဟု ခံစားလိုက်ရသည်။ 

တစ်ယောက်ယောက်က ဒီလမ်းကနေ လျှောက်လာတဲ့ပုံပဲ...


ကျိလဲ့ယွီက အနောက်သို့လှည့်ကြည့်လိုက်ရာ 'ငါတို့ထပ်တွေ့ပြန်ပြီ'ဟူသော အမူအရာနှင့် လင်းဖေးကို ထပ်တွေ့လိုက်သည်။


...သူက ဘာလို့ ဒီရောက်နေတာလဲ...


သူ မအိပ်နေဘူးလား...


သူက ဘာလို့ ထပ်ပေါ်လာတာလဲ...


ကျိလဲ့ယွီ၏ နှုတ်ခမ်းများက တုန်ယင်သွားသည်။ သူက ရိုးရှင်းစွာပင် လင်းဖေးမှာ သူ့၏ ပြေးမလွတ်သော အကုသိုလ်ဟု ခံစားလိုက်ရသည်။


သူတစ်ခုခုလုပ်တဲ့ အချိန်တိုင်း လင်းဖေးက သိသွားတာ... သူက မကောင်းတာတွေကို ဘယ်လိုလုပ်ပြီး လုပ်ရတော့မှာလဲ...


လင်းဖေးမှာ သူက အသီးအနည်းငယ်ယူရန် အောက်ထပ်ဆင်းသည့်အခါ ကျိလဲ့ယွီ၏ ပြစ်မှုကျူးလွန်သည့်မြင်ကွင်းနှင့်ထပ်မံ ကြုံရမည်ဟု မမျှော်လင့်ထားပါပေ။ 


သူက မနီးမဝေးတွင် နံရံကိုမှီကာ အတွင်းထဲတွင် ဘာဖြစ်နေသည်ကို ကြားရရန် နားစွင့်နေသောလူကိုကြည့်ကာ တစ်ကိုယ်တည်း တွေးလိုက်သည်။

'သူက အိပ်မရလို့ သူ့ပါးပါးကို လာရှာတယ်ဆိုတာကို ယုံရင် ငါက အရူးတစ်ယောက်ပဲ ဖြစ်မယ်...'


အရမ်းကောင်းတယ်... အခုဆို သူတော်ကောင်းယောင်ဆောင်တာ၊ ဉာဏ်နီ ဉာဏ်နက်များတာ၊ လိမ်လည်လှည့်ဖြားပြီး ဆိုးသွမ်းတာ အပြင် နောက်ထပ်တစ်ခုရှိသေးတယ်... သူက ခိုးနားထောင်ရတာ ကြိုက်တယ်...


လင်းဖေးမှာ ကျိလဲ့ယွီက မကျေနပ်မှုပြည့်နှင့် မျက်နှာဖြင့် တွန့်ဆုတ်တွန့်ဆုတ် လျှောက်လာသည်ကို ကြည့်လိုက်သည်။ 

"သားက အိပ်မရလို့ ပါးပါးကို လာရှာချင်တယ်လို့ပြောရင် ကိုကို ယုံမှာလား..."


ကျိလဲ့ယွီက သူ့၏ အပြစ်ကင်းကာ လှပသော မျက်လုံးများကို ဖွင့်လိုက်သည်။


လင်းဖေးက သူ့ကို မေးလိုက်သည်။ 

"မင်းရော ဘယ်လိုထင်လဲ..."


"ယုံမှာ..."

ကျိလဲ့ယွီက သူ့ကို ဖျောင်းဖျလိုက်သည်။ 


လင်းဖေးက သက်ပြင်းချလိုက်ပြီး သူ့လက်မောင်းကိုကိုင်ကာ သူ့အိပ်ခန်းထဲသို့ ပြန်လျှောက်လာလေသည်။ 


ကျိလဲ့ယွီက ရုန်းကန်ခြင်းကို အရှုံးပေးပြီး ဖြစ်ကာ သူ့နောက်မှ အိပ်ခန်းဆီသို့ လိုက်လာလေသည်။ 


"ထိုင်..."


လင်းဖေးက သူ့ကို ထိုင်ခုံပေါ်သို့ ဖိချလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ကာ ရေတစ်ဇလုံခပ်ကာ သူ့ရှေ့သို့ ချပေးလိုက်သည်။ 


ကျိလဲ့ယွီက အပူဒဏ်မခံနိုင်သည်ကို သူသတိရကာ ရေအေးအများအပြားထည့်လိုက်လေသည်။ 


ကျိလဲ့ဖေးမှာ ထိုလုပ်ငန်းစဉ်နှင့် အလွန်ရင်းနှီးပြီးဖြစ်၍ နာနာခံခံဖြင့် သူ့ခြေထောက်ကို ဆေးလိုက်သည်။ သူက သူ့၏ ဖြူဖွေးကာနူးညံ့သောခြေထောက်များကို လင်းဖေးအားပြလိုက်ပြီး လင်းဖေးယူလာသော ခြေညှပ်ဖိနပ်ကို စီးလိုက်သည်။ 


ထိုခြေညှပ်ဖိနပ်များမှာ ကျိယွီရှောင် လင်းဖေးအတွက် ပြင်ဆင်ပေးထားသည်များ ဖြစ်သည်။ လင်းဖေးမှာ ၄င်းတို့ကို လုံးဝ မစီးရသေးသော်လည်း ကျိလဲ့ယွီမှာ နှစ်ကြိမ်စီးထားပြီး ဖြစ်လေသည်။ 


"ရေတွေ သွားသွန်လိုက်..."

လင်းဖေးက ညွှန်ကြားလိုက်သည်။


ကျိလဲ့ယွီက ဇလုံကို မကာ နာနာခံခံဖြင့် ရေသွန်လိုက်ကာ ဇလုံကို ဆေးလိုက်သည်။ ထို့နောက် သူက ရေချိုးခန်းတံခါးကို ပိတ်ကာ လင်းဖေးအိပ်ရာသို့ ဦးစွာ လျှောက်သွားလိုက်သည်။ 


သူက မပြောမဆိုနှင့် စောင်ကိုမကာ အထဲဝင်လိုက်သည်။ သူက စောင်ခြုံလို်က်ပြီး လင်းဖေးကိုမေးလိုက်သည်။

"ကိုကို သားပါးပါးနဲ့ ရှုရှုကို ပြန်မပြောဘူးမလား..."


လင်းဖေးက သူ့၏ အတည်ပြုသည့် အသံကို နားထောင်ကာ သူ့ကိုကြည့်လိုက်သည်။

"မင်းနောက်ဆိုရင် ချောင်းနားထောင်ဖို့ ခွင့်မပြုဘူး..."


ကျိလဲ့ယွီ : "..."


"အဲ့ဒါက ရေတွေ၊ မီးတွေ၊ ဓါးတွေနဲ့ ဘာမှမဆိုင်ဘူး..."


"ဒါပေမဲ့ ငါ့ရှုရှုနဲ့ ဆိုင်တယ်လေ..."


လင်းဖေးက သူ့ကို အလွန်ကောင်းမွန်သော အကြောင်းပြချက်ပေးကာ မေးလိုက်သည်။

"မင်းက ဘာလို့ သူတို့ကို ချောင်းနားထောင်နေတာလဲ..."


"သားက သားပါးပါးကို ကာကွယ်ချင်လို့..."

ကျိလဲ့ယွီက တည်ငြိမ်စွာ ဖြေလိုက်သည်။ 


"သားက ကိုကိုရဲ့ ရှုရှုကို ခိုးနားထောင်နေတာမဟုတ်ပါဘူး... သားက ပါးပါးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ခိုးနားထောင်နေတာပါ... လူကြီးတွေမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်... သားခိုးနားမထောင်ရင် ဘယ်လိုလုပ်ပြီး သိမှာလဲ..."


"အဲ့ဒါက လျှို့ဝှက်ချက်ဆိုတာလည်း မင်းသိတယ်မလား..."

လင်းဖေးက ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။


"ဒါပေမဲ့ သားက သားပါးပါးကို ကာကွယ်ပေးချင်တယ်..."

ကျိလဲ့ယွီက ဆိုလိုက်သည်။

"သားဘာမှမသိဘူး... သားပါးပါးကပဲ သားကိုကာကွယ်နိုင်သလို သားကလည်း သူ့ကို ကာကွယ်နိုင်တယ်..."


"အဲ့တော့ မင်းက မင်းပါးပါးက တခြားသူတွေနဲ့ စကားပြောနေတာကို ခိုးနားထောင်တယ်ပေါ့..."


ကျိလဲ့ယွီက မည်သည့် ရှက်ရွံ့မှုမှမရှိပဲ ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်..."


လင်းဖေး : "..."


လင်းဖေးက ဤကလေးက မူကြိုကိုကောင်းကောင်းမသွားခဲ့ဟု ခံစားလိုက်ရသည်။

အဲလိုမှမဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး လူတွေကိုရေထဲတွန်းချတာတို့ ခိုးနားထောင်တာတို့ လုပ်နိုင်တာလဲ...


သူ့ရဲ့ မူကြိုဆရာမက သူ့ကို ရိုးသားပြီး  ကြင်နာတတ်တဲ့ လူတစ်ယောက်ဖြစ်အောင် မသင်ပေးခဲ့ဘူးလား...


သူက ကျိလဲ့ယွီကို မေးလိုက်သည်။

"မင်းကို တခြားတစ်ယောက်က ခိုးနားထောင်စေချင်လား..."


ကျိလဲ့ယွီက နှုတ်ခမ်းဆူလိုက်သည်။ 

"အဲ့ဒါက မမှန်ဘူးဆိုတာ သားသိပါတယ် ဒါပေမဲ့ သားက အဲ့ဒါကို ပါးပါး ကောင်းဖို့ပဲ လုပ်တာပါ..."


"မင်းထပ်ပြီး ခိုးနားထောင်ရင် မင်းပါးပါးကို ပြောလိုက်မယ်..."

လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။


ကျိလဲ့ယွီ၏ မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားလေသည်။ 

"ကိုကိုပြောတော့ သားပါးပါးကို မပြောပါဘူးဆို

..."


"အဲ့ဒါက နောက်ဆုံးတစ်ခေါက် မင်းခိုးနားေထာင်တုန်းက ဒီတစ်ခေါက်မဟုတ်ဘူး... ဒီတစ်ခေါက်က ငါမင်းကို ကတိမပေးဘူး..."


ကျိလဲ့ယွီက ဒေါသတကြီး နှာမှုတ်လိုက်ပြီး စောင်ကိုဆွဲကာ လှဲချလိုက်သည်။ သူက နောက်လှည့်ကာ လင်းဖေးဘက်သို့ လှည့်လိုက်ပြီး ပါးဖောင်းပြလိုက်သည်။ 


လင်းဖေးက သူ့ကို ဖျောင်းဖျရန် မကြိုးစားပါပေ။ သူက မီးပိတ်ရန် လက်တစ်ဖက်မြှောက်လိုက်ပြီး တခြားတစ်ဖက်တွင် လှဲလိုက်သည်။