Chapter 60
ကျိလဲ့ယွီက သူတစ်ခွန်းမှ မဆိုပဲ မီးပိတ်လိုက်သည်ကို တွေ့လိုက်သည်။ ၄င်းက ကျိလဲ့ယွီကို ဒေါသတကြီး နောက်လှည့်ကာ စိုက်ကြည့်စေလိုက်သည်။
"သားဒီတစ်ခေါက် ဘယ်သူ့ကိုမှ မနာကျင်စေဘူးလေ..."
"ခိုးနားထောင်တာက မမှန်ဘူး..."
လင်းဖေး၏အသံမှာ တည်ငြိမ်နေပေသည်။
"အဲ့ဒါးဆို သားပါးပါးနဲ့ ကိုကို့ရှုရှုကို ခိုးနားမထောင်တော့ဘူး... ပါးပါးနဲ့ တခြားသူတွေကို ခိုးနားထောင်မယ်... အဲ့ဒါဆို အဆင်ပြေတယ်မလား..."
"မပြေဘူး..."
လင်းဖေးမှာ အလွန်တည်ငြိမ်နေပေသည်။
"မင်းက မင်းပါးပါးကို မသိစေချင်သလိုမျိုး မင်းပါးပါးက မင်းကို မသိစေချင်တဲ့ ကိစ္စတွေ ရှိတယ်..."
"ဒါပေမဲ့ သူက သားပါးပါးလေ... သာပါးပါးကို သားခိုးနားထောင်တာ ကိုကိုနဲ့ ဘာဆိုင်လို့လဲ... ကိုကိုက ဘာလို့ ဂရိုစိုက်နေတာလဲ..."
လင်းဖေးက ခေါင်းစောင်းကာ တခြားသူကို ကြည့်လိုက်သည်။
"သူကလည်း ငါ့ရှုရှုပဲလေ..."
ကျိလဲ့ယွီ : "..."
ကျိလဲ့ယွီက ဒေါသတကြီး နောက်လှည့်ကာ စောင်ကို ကန်ထုတ်လိုက်သည်။
လင်းဖေးက သူကန်ချင်သလောက် ကန်ခွင့်ပြုကာ မျက်လုံးမှိတ်ထားလေသည်။
ကျိလဲ့ယွီက ကန်ပြီးနောက် မကျေနပ်သေးပေ။ သူက စိတ်ကောက်သောအသံဖြင့် ဆိုလိုက်သည်။
“ဒါဆို တခြားသူတွေက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံတာကို သားဘာမှမသိရင် ဘယ်လိုလုပ်မလဲ....”
"ငါ့ရှုရှုက သူ့ကိုကာကွယ်ပေးလိမ့်မယ်..."
လင်းဖေးသည် ထိုနေ့ အစည်းအဝေးခန်းတွင် လင်းလော့ချင်း ပြောခဲ့သည်ကို သတိရသွားသည်။
"သူက မင်းပါးပါးနဲ့ လက်ထပ်ထားတာ… သူ့ကို ကာကွယ်လိမ့်မယ်..."
လင်းဖေးသည် ထိုစကားများကို ပြောပြီးသွားသည်နှင့် ရုတ်တရက် သူ့ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားလာသည်ဟု ခံစားလိုက်ရသည်။
သူက ဤကဲ့သို့ စကားများကို အမှန်တကယ်ပြောကာ လင်းလော့ချင်းက တခြားသူများကို ကာကွယ်ပေးမည်ဟု ခံစားရသည်။ ၄င်းမှာ အမှန်ပင် မယုံနိုင်စရာဖြစ်လေသည်။ လင်းလော့ချင်းက တခြားသူများကို အနိုင်မကျင့်ပါက ကောင်းနေပြီဟု သူ အမြဲတွေးလေသည်။ ယခုတွင် လင်းလော့ချင်းက သူ့ပတ်ဝန်းကျင်ရှိလူများကို ဂရုစိုက်လိုစိတ်ရှိသော လူကောင်းတစ်ဦးဟု ခံစားရလိမ့်မည်ဟု သူမထင်ထားခဲ့ပါပေ။
တကယ်ကြီး 'ခေတ်တွေပြောင်းသွားပြီ' ပဲ...
ကျိလဲ့ယွီသည် ထိုစကားကိုကြားပြီးနောက် စကားမပြောပါပေ။
သူက အစည်းအဝေးခန်းထဲမှ မြင်ကွင်းကို သတိရပြီး လင်းလော့ချင်းက ကျိယွီရှောင်ကို မည်သို့ကာကွယ်ခဲ့သည်အား သတိရသွားသည်။
ထိုလူက အမှန်ပင် ယုံကြည်ရနိုင်ပေသည်။
ထို့အပြင် လင်းလော့ချင်းသည် သူ့ဦးလေးကဲ့သို့ အရွယ်ရောက်ပြီးသူဖြစ်သည်။ သူတို့က စကားများများပြောကြပြီး လင်းလော့ချင်းသည် သူ့ဦးလေးက မည်သည်ကို ကြုံတွေ့ခဲ့ရပြီး မည်သူက သူ့ကို ထိခိုက်စေလိုသည်ကို သိရန်အတွက် ခိုးနားထောင်ရန် မလိုအပ်ပါ။ ထို့ကြောင့် လင်းလော့ချင်းသည် ကျိလဲ့ယွီကိုယ်တိုင်ထက် သူ့ဦးလေးအား ကာကွယ်ရန် ပိုသင့်တော်ေပသည်။
သူက အရမ်းငယ်သေးကာ လုပ်နိုင်သည်က အရမ်းနည်းပေသည်။
ထိုအချိန်တွင် လင်းလော့ချင်းသည် အရွယ်ရောက်ပြီးသူဖြစ်ပြီး သူ့ထက် များစွာပို၍ လုပ်နိုင်ပေသည်။
ကျိလဲ့ဖေးသည် တွန့်ဆုတ်နေသော်လည်း အခြားလူမှာ လင်းလော့ချင်းဖြစ်ပြီး သူယုံကြည်လိုသောလူတစ်ယောက်လည်းဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူက ကျိယွီရှောင်ကို ကာကွယ်ရန် ဝန်ထုပ်ဝန်ပိုးကို မကျေမနပ် ဖယ်ထုတ်ပစ်လိုက်သည်။
သူက ဤဝန်ထုပ်ဝန်ပိုးကို လင်းလော့ချင်းအား သူ၏ယုံကြည်မှုနှင့်အတူ ပေးအပ်လိုက်ပေသည်။
လင်းလော့ချင်းက သူ့လိုမျိုး မဟုတ်သေးဘူး... သူ့ထက်သာပြီး ကျိယွီရှောင်ကို ကာကွယ်ပေးဖို့ မျှော်လင့်တယ်...
"ကောင်းပြီ..."
ကျိလဲ့ယွီက ကူကယ်ရာမဲ့စွာ သဘောတူလိုက်သည်။
လင်းဖေးက အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်သည်။
ကျိလဲ့ယွီကနှုတ်ခမ်းစူပြီး ထိုလူကို လှည့်ကြည့်လိုက်တယ်။ လင်းဖေးသည် ကုတင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေပေသည်။
ဒါဆို ကိုကိုက ညည်းရုံပဲ ညည်းနေတာလား...
ကျိလဲ့ယွီက ဒေါသအလွန်ထွက်ကာ သူ့ မျက်နှာက ထပ်မံ နီရဲလာပြန်သည်။
"ကိုကိုက သားကို မချော့တော့ဘူးလား..."
လင်းဖေး : "……"
ဒီလူက အချော့ခံရတာကို တကယ်ကြိုက်တာပဲဟု လင်းဖေးက ခံစားရပေသည်။
သူက ခုဏကပဲ ကျိလဲ့ယွီကို နောက်ဆုံးအကြိမ်ချော့ပြီးတာမဟုတ်ဘူးလား... ဘာလို့ ထပ်ပြီး ချော့ရမှာလဲ...
သူက လက်ဆန့်ပြီး ကျိလဲ့ယွီ၏ ခေါင်းကို ထိလိုက် သည်။
"မင်းတော်တယ်..."
ကျိလဲ့ယွီက ဆိုလိုက်သည်။
"ကိုကိုက စိတ်ထဲက မပါဘူး..."
လင်းဖေး : "……"
လင်းဖေးက သူ့ဘက်ကို လှည့်လိုက်သည်။ သူက ကျိလဲ့ယွီကို သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ပြီး သူ့ခေါင်းလေးကို ထိလိုက်လေသည်။
"မင်းက တော်တယ်..."
ကျိလဲ့ယွီက ကျေနပ်သွားသည်။
"နောက်ဆို သားကို ချော့ရင် ဒီလိုလုပ်..."
“ဟုတ်ပြီ...”
လင်းဖေးက သူ့ကို ထိန်းရသည်အား အလွန်ပျင်းနေပြီ ဖြစ်သည်။
"ကိုကိုက တခြားသူတွေကိုတော့ ဒီလိုမျိုး ချော့လို့မရဘူးနော်..."
ကျိလဲ့ယွီက ဆက်ပြောလိုက်သည်။ စကားပြောပြီးနောက် သူ့အမူအရာက ချက်ချင်းပြောင်းသွားလေသည်။
"တခြားလူကို သွားမချော့နဲ့..."
လင်းဖေး : "……"
“မရဘူး...”
လင်းဖေးက ငြင်းလိုက်သည်။
"ဘာလို့လဲ..."
ကျိလဲ့ယွီသည် ချက်ခြင်း မပျော်မရွှင် ဖြစ်လာပေသည်။
"ကိုကိုက တခြားဘယ်သူ့ကို ချော့ချင်သေးတာလဲ..."
သူက သူ့(ကျိလဲ့ယွီ)ကိုတောင် အများကြီး မချော့ဘဲ အစပျိုးမှု လုံးဝ မလုပ်ခဲ့သည်က ထင်ရှားပေသည်။
ဘာလို့ တခြားသူတွေကို ချော့မှာလဲ...
ထို့အပြင် ၎င်းသည် အလွန်တက်ကြွသောပုံစံဖြင့်လည်း ဖြစ်ပေသည်။
ကျိလဲ့ယွီက ဒေါသအလွန်ထွက်ကာ သူ့မျက်နှာက ပေါက်စီတစ်လုံးကဲ့သို့ ဖောင်းပွသွားသည်။
“ငါ့ရှုရှု...”
လင်းဖေးက တည်ငြိမ်စွာဖြေလိုက်သည်။
ပေါက်စီ မျက်နှာနှင့် ကျိလဲ့ယွီ : "..."
ကျိလဲ့ယွီ၏ ပေါက်စီမျက်နှာလေးသည် ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။
"ကိုကိုရဲ့ ရှုရှု..."
“ဟုတ်တယ်...”
လင်းဖေးက မသိချင်ယောင်ဆောင်ကာ ပြန်ဖြေသည်။
"သူက မင်းလိုပဲ... သူ မပျော်ရင် ချော့ရတယ်...”
လင်းဖေးက သူ့စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ထားလိုက်ပါတော့... သူက လူတစ် ယောက်ကို ချော့ဖူးပြီးသားပဲ လူနှစ်ယောက်ကို ချော့ရတာလည်း အတူတူပါပဲ...
ကျိလဲ့ယွီ ထပ်တိုးလာတာက ဘာမှမဖြစ်ပါဘူး။
မည်သို့ပင်ဆိုစေကာမူ သူသည် လူများကို ချော့ရသည်၌ ကျွမ်းကျင်နေပြီဖြစ်သည်။
ကျိလဲ့ယွီသည် နူးညံ့သိမ်မွေ့ပြီး ယုံကြည်စိတ်ချရသော လင်းလော့ချင်းတွင် ထိုကဲ့သို့ ဘက်ခြမ်း ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ထိုအကြောင်းကို စူးစူးစိုက်စိုက် တွေးလိုက်မိသည်။
လင်းဖေးက လင်းလော့ချင်းကို ချော့နေသည်အား သူ စိတ်ကူးမယဉ်နိုင်ပါပေ။
လင်းဖေးက သူ့ခေါင်းကိုလည်း သွားထိလို့ မရဘူးမလား...
သို့သော်လည်း လင်းဖေးသည် လင်းလော့ချင်း၏တူ ဖြစ်သောကြောင့် သူ့ကိုချော့သည်မှာ ပုံမှန်ဖြစ်ပေသည်။
သို့ဖြစ် ကျိလဲ့ယွီက ထပ်မံဆိုလိုက်သည်။
"ဒါဆို ကိုကို့ရှုရှုကလွဲရင် ဘယ်သူ့ကိုမှ ချော့ခွင့်မပေးဘူး..."
လင်းဖေးက ကူကယ်ရာမဲ့ 'အိုး...'ဟူသော အသံကို ပြုလိုက်သည်။ ကျိယွီရှောင်က ချော့စရာမလိုပါပေ။ သူက အရမ်းရင့်ကျက် တည်ငြိမ်ပြီး အာဏာရှိပေသည်။
ကျိလဲ့ယွီက ကျေနပ်သွားသည်။ သူက လင်းဖေး၏လက်များကို မှီကာ မျက်လုံးများကိုမှိတ်ထားလိုက်သည်။
"ကောင်းသောညပါ ကိုကို..."
“ကောင်းသောညပါ”
လင်းဖေးက ပြန်ဖြေလိုက်သည်။
သူက မျက်လုံးများကိုမှိတ်ကာ အိပ်ပျော်သွားပြန်သည်။
၄င်းမှာ အဝေးက ကျိယွီရှောင်နှင့်တူပေသည်။
....
လင်းလော့ချင်းသည် သူ့ရှေ့တွင် အိပ်ပျော်နေသော ချောမောသည့် မျက်နှာကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ငါတို့နှစ်ယောက်လုံးက အရွယ်ရောက်ပြီး အိမ်ထောင်သည်တွေဖြစ်ကြပေမယ့် မင်းရဲ့အိပ်တာက ရိုးရိုးအိပ်တာပဲ... မင်းက အရမ်းဆိုးတယ်... မင်းက ဘယ်လိုလုပ်ပြီး နတ်ဘုရားဖြစ်နိုင်မှာလဲ..."
လင်းလော့ချင်းသည် မှတ်စုကို ကောက်ယူရန် လက် မြှောက်လိုက်သည်။ သူက စကားလုံး အနည်းငယ်ရေးလိုက်ပြီး ကျိယွီရှောင်၏နဖူးပေါ်သို့ ကပ်လိုက်သည်။
သူက ရယ်မောကာ စောင်ကို မလိုက်ပြီး ကျိယွီရှောင်၏ လက်မောင်းထဲသို့ တိုးဝင်လာခဲ့သည်။ မည်သို့ပင်ဆိုစေ ကျိယွီရှောင်သည် လက်ထပ်ပြီးနောက် လင်းလော့ချင်းနှင့် အတူ ဖက်အိပ်ပေသည်။ အရင်ရွေ့လာသည်မှာ ကျိယွီရှောင်၏ လက်များဖြစ်ပြီး သူက ဤအကျင့်ကို လိုက်လုပ်ခဲ့ခြင်းသာဖြစ်သည်။
လင်းလော့ချင်းသည် ကျိယွီရှောင်၏လက်ကို သူ့ခန္ဓာကိုယ်ပေါ်တင်လိုက်ပြီး ကျေနပ်စွာ မျက်လုံးများကိုမှိတ်ကာ သူ့ဘက်သို့ မှီကာအိပ်လိုက်သည်။
နောက်တစ်နေ့မနက်တွင် ကျိယွီရှောင်နိုးလာပြီး သူ့နဖူးပေါ်တွင် ရင်းနှီးသော မှတ်စုတစ်ခုကို ခံစားလိုက်ရသည်။
သူက လက်ဆန့်ကာ မြှောက်ကြည့်လိုက်သည်။ ထို့နောက် ထိုပေါ်မှ စကားလုံးများကို မြင်ရာ သူက ရယ်ရမလား ငိုရမလား မသိတော့ပါပေ။
[ခင်ပွန်းသည်က အေးချမ်းစွာ အိပ်စက်နေပြီး ဇနီးသည်က တစ်ယောက်တည်း အိပ်ရတယ်...]
ကျိယွီရှောင်က သူ့လက်မောင်းထဲမှ လူကို ကြည့်လိုက်သည်။
သူက ဘယ်လိုလုပ် အထီးကျန်ပြီး အိပ်မပျော်တာလဲ... သူက လင်းလော့ချင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်နေတာပဲ...
အလိုလေး...
ကျိယွီရှောင်သည် လင်းလော့ချင်း၏ မျက်နှာကို ထိလိုက်သည်။
သူက အိမ်ထောင်တာဝန်တွေကို တကယ်ကြီး ကျေပွန်ချင်တာလား...
သူက အတည်ကြီးလား...
သူ နောင်တရမှာလား...
ကျိယွီရှောင်က လင်းလော့ချင်း၏ ပါးကို ဆွဲလိုက်ပြီး သူ့နှလုံးသားက အနည်းငယ် တုံ့ဆိုင်းသွားသည်။
အဆုံးတွင် ကျိယွီရှောင်မှာ သာမန်လူသားတစ်ယောက်သာဖြစ်သည်။ သူ့၏ ဆုံးဖြတ်ချက်က ကောင်းသော်လည်း ကောင်းရုံမျှသာဖြစ်ပေသည်။
ဘယ်သူက နေ့တိုင်း ဒီလိုဆွဲဆောင်ခံရတာကို သည်းခံနိုင်မှာလဲ...
သူလူသားတစ်ယောက်ဖြစ်ချင်လို့သာမဟုတ်ရင် လင်းလော့ချင်းက ဟိုးအရင်ကတည်းက အိပ်ရာထဲက မထွက်နိုင်လောက်တော့ဘူး...
"မင်းက တကယ်ကို အဲ့ဒါကို ဘယ်လိုမြတ်နိုးရမလဲ မသိဘူးပဲ..."
ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။
"လူတစ်ယောက်ဖြစ်ရတာ အဲ့လောက်လွယ်တယ်လို့ တကယ်ထင်နေတာလား..."
သူက အရမ်း ရိုးရှင်းနေဆဲ ဖြစ်လေသည်။
ကျိယွီရှောင်က ရယ်မောကာ သူ့မျက်နှာကို ထပ်ထိလိုက်သည်။
သူက လင်းလော့ချင်းအတွက် မှတ်စုတစ်ခု ရေးလုဆဲဆဲမှာပင် ရုတ်တရက် ဖုန်းမြည်လာသည်ကို ကြားလိုက်ပေသည်။
ကျိယွီရှောင်က ချက်ချင်းပင် လင်းလော့ချင်း၏ နားကို သူ့လက်ဖြင့် အုပ်လိုက်သည်။ ထို့နောက် သူက တခြားလက်တစ်ဖက်နှင့် ခေါင်းအုံးဘေးမှ ဖုန်းကို လှမ်းယူလိုက်သည်။ သူက အသံကိုလျှော့လိုက်ပြီး သူ့ရှေ့မှလူကို ကြည့်လိုက်သည်။
သူ့အပြုအမူများက လျင်မြန်ပြီး လင်းလော့ချင်းက မနိုးလာပါပေ။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။
ထိုအချိန်မှသာ ကျိယွီရှောင်က ခေါ်ဆိုသူကို ငုံ့ကြည့်လိုက်သည်။ ၄င်းက 'အဖေ'ဟု ပေါ်နေသည်။ ခေါ်သူက ဖခင်လင်းဖြစ်သည်။
ကျိယွီရှောင်က ဤဖခင်ကို သိပ်မကြိုက်ရာ သူက လင်းလော့ချင်း၏ အိပ်စက်ခြင်းကို နှောက်ယှက်ရန်အတွက် အရည်အချင်းမမီဟု ထင်၍ ကျိယွီရှောင်က အညှာအတာမဲ့ ငြင်းပယ်လိုက်လေသည်။
ဖခင်လင်းက သူ့ဖုန်းကို မယုံနိုင်စွာ စိုက်ကြည့်ကာ သူ့သားက သူ့၏ ခေါ်ဆိုမှုကို ငြင်းပယ်သည်ကို မယုံနိုင်ဖြစ်နေလေသည်။
သူက အလျင်အမြန် ထပ်ခေါ်လိုက်သည်။
ကျိယွီရှောင်က ဖုန်းထပ်ချကာ သူ့ကို blacklist ထဲ ထည့်လိုက်လေသည်။
ဖင်ခင်လင်း : "..."
သူက အလွန်ဒေါသထွက်ကာ သူ့ဖုန်းကို စားပွဲပေါ်သို့ချပြီး ဒေါသတကြီး ဆိုလိုက်သည်။
"သားသမီး ဝတ္တရားမရှိတဲ့ကောင်..."
ချန်ဖုန်းက အလျင်အမြန်ပင် မီးလောင်ရာလေပင့်လိုက်သည်။
"ဟုတ်တယ်... သူက ကျေးဇူးမသိတတ်တဲ့ ကောင်လို့ကျွန်မ ပြောသားပဲ... ကျွန်မတို့က သူ့ကို ကျိယွီရှောင်နဲ့ လက်ထပ်ခွင့်ပြုတဲ့အထိ ကြင်နာပေးထားတာကို... သူက ကံကောင်းပြီး လက်ထပ်ပြီးသွားတော့ ကျွန်မတို့ကို မေ့သွားပြီ... ဒါက ဘယ်လိုကလေးမျိုးလဲ..."
ဖခင်လင်းသည်လည်း ထိုကဲ့သို့ တွေးနေလေသည်။
ချန်ဖုန်းနှင့် လင်းလော့ကျင်းတို့က ကျိယွီရှောင်ကို အသည်းအသန် မချဉ်းကပ်ဘဲ ကျိယွီရှောင်နှင့် မိတ်ဆွေ ဖြစ်လိုခြင်းကို မပြသခဲ့ပါက ကျိယွီရှောင်မှာ သူ့ခြေထောက်များဒဏ်ရာရပြီးနောက် လင်းလော့ချင်းကို မည်သို့ လက်ထပ်ပါမည်နည်း။ ဤသည်က လင်းလော့ချင်းအတွက် လင်းလော့ကျင်းကိုယ်စား သူ့ကိုလက်ထပ်ရန် အခွင့်အရေးရရှိအောင် ခွင့်ပြုပေးခဲ့ပေသည်။
သူ့မိထွေးနှင့် အစ်ကိုက သူ့အတွက် လမ်းခင်းပေးခဲ့ကာ သူက ကံကောင်းသွားခဲ့သည်။ ယခုတွင် သူက မြစ်ကူးပြီးနောက် တံတားကို ဖျက်ဆီးလိုက်ပေသည်။
သူက ဘယ်လိုကျေးဇူးသိတတ်ရမလဲ လုံးဝမသိဘူး...
"ရှင်မသိပါဘူး..."
ချန်ဖုန်းက လင်းလော့ချင်းကို ဓားနှင့်ထပ်မံထိုးရန် ဤအခွင့်အရေးကို ယူလိုက်သည်။
"လင်းလော့ချင်းက လက်ထပ်ဖို့ ကျွန်မကို ၃သိန်းတောင်းတယ်... ကျွန်မက အဲ့ဒါကို သူ့အတွက် တင်တောင်းငွေလို့ စဥ်းစားပြီး မငြင်းလိုက်ဘူး... ကျွန်မ သူ့ကို တိုက်ရိုက်ပေးလိုက်တာ... သူက မိသားစုရဲ့ ကြင်နာမှုကို လုံးဝ မတွေးဘူးဆိုတာ ဘယ်သူသိမှာလဲ..."
"မင်းက သူ့ကို သုံးသိန်းပေးခဲ့တာလား..."
ဖခင်လင်းက အံ့အားသင့်သွားသည်။
"အဲ့ဒါကို ငါဘာလို့မသိရတာလဲ... မင်းဘာလို့ ငါ့ကို စောစောမပြောတာလဲ..."
ချန်ဖုန်းက အလျင်အမြန် သနားစဖွယ် သရုပ်ဆောင်လိုက်သည်။
"ကျွန်မက ရှင့်ကို အရမ်းစိတ်မပူစေချင်ရုံတင်ပါ... ကျွန်မက လင်းလော့ချင်းက ကြင်နာတတ်တော့ အဆင်ပြေမယ် ထင်ထားတာ... သူက တကယ်ပဲ ရှင့်စကားတွေကို နားထောင်ပြီ ကျိယွီရှောင်ကို နာနာခံခံ လက်ထပ်လိုက်တယ်လို့ မထင်ဘူးလား... သူက အပြင်မှာ စကားပြောကောင်းတယ်လေ... ရှင်အသိအမှတ်ပြုလာဖို့ သူဘာမဆိုလုပ်မယ်လို့ သူပြောခဲ့တာလေ... တကယ်တော့ သူပါးစပ်ဖွင့်လိုက်တာနဲ့ သူက သုံးသိန်းလိုချင်ခဲ့တာ... သူက ပိုက်ဆံသာမရရင် ကျိယွီရှောင်ကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး... ကျွန်မက ရှင့်အတွက် စိတ်မကောင်းဖြစ်ပြီး ရှင်အဆင်မပြေမှာကို ကြောက်နေတာ... အဲ့ဒါကြောင့် သူ့အတွက်ရော ကျွန်မတို့ မိသားစုအတွက်ရော ကျွန်မက သူ့ကို ကျွန်မပိုက်ဆံပေးလိုက်ပြီး အနာဂတ်ကောင်းအောင်လုပ်ပေးချင်တာ..."
ဖခင်လင်းက သက်ပြင်းချလိုက်သည်။
"မင်းနှလုံးသားက အရမ်းနူးညံ့တာပဲ..."
ချန်ဖုန်းက ချက်ချင်းပင် နူးညံ့သော အနေအထားတစ်ခုပြုလုပ်ကာ သူ့ကို သနားစဖွယ်ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့..."
ဖခင်လင်းက သူမကို နှစ်သိမ့်လိုက်သည်။
"မင်းရဲ့ သုံးသိန်းက အလကားမဖြစ်စေရပါဘူး... သူပြန်လာတာနဲ့ ငါသေချာပေါက် မင်းကို အတိုးနဲ့ ပြန်ပေးခိုင်းလိုက်မယ်..."
"ဒါပေမဲ့ သူက အခုဆို ကျွန်မတို့ကို ဘယ်လိုလုပ် မှတ်မိမှာလဲ... သူက ရှင့်ကို အဖေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်မှတ်မိမှာလဲ... သူက လုံးဝကို ပြန်မလာချင်တာကို..."
ဖခင်လင်းက ရယ်လိုက်သည်။
"သူက အရမ်း လှလှပပတွေးနေတာ... သူက ငါနဲ့ထပ်ပြီး မျက်လှည့်ကစားချင်တယ်ဆိုရင် ငါက ကျိယွီရှောင်ကို သုံးသိန်းအကြောင်း ပြောလိုက်မယ်... သူ ကျိယွီရှောင်ကို လက်ထပ်တဲ့ အခြေအနေက ပိုက်ဆံ သုံးသိန်းကြောင့်ဆိုတာ သူ့ကို သိခွင့်ပြုရဲလားဆိုတာ ငါကြည့်ချင်သေးတယ်..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
"သူက ကျိယွီရှောင် မသန်မစွမ်းဖြစ်နေတာကို မကြိုက်ဘူး... ပိုက်ဆံ သုံးသိန်းကြောင့်သာ မဟုတ်ရင် သူက မသန်မစွမ်းဖြစ်နေတဲ့ ကျိယွီရှောင်ကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး..."
ဖခင်လင်းက နှာမှုတ်လိုက်သည်။
'အဲ့ဒါတောင် မင်းက ငါ့ဖုန်းကို ချပစ်ရဲတယ်လား... မင်းက ကြီးလာတော့ တကယ် သတ္တိရှိလာပြီပဲ... မင်းက ကောင်းကင်ဘယ်လောက် မြင့်သလဲ... ကမ္ဘာကြီး ဘယ်လောက်ထူသလဲ မသိ
သေးပါဘူး.."
သို့ဖြစ်၍ လူများက ဈေးပေါပေသည်။ ယခင်က လင်းလော့ချင်းမှာ အော်ဟစ်ငိုယိုကာ အိမ်ပြန်ပြီး ဖခင်လင်း၏ အသိအမှတ်ပြုမှုကို လိုချင်ခဲ့ပေသည်။ ယခုတွင် ဖခင်လင်းက သူ့ကို အိမ်ပြန်ခွင့်ပြုရန် ဆန္ဒရှိပြီး အသိအမှတ်ပြုပေးလိုသော်လည်း သူက ငြင်းဆန်ခဲ့သည်။
ဆန်ကုန်မြေလေးကောင်...