Chapter 61
ပါပါးလင်းက တွေးလိုက်သည်။ သူက လင်းလော့ချင်းကို အိမ်ပြန်လာရန် လုံးဝ အလိုမရှိသော်လည်း ယခုတွင် လင်းလော့ချင်းကို အသိအမှတ်ပြု မစောင့်နိုင်တော့သည်ကို သဘောမပေါက်ပါချေ။
ဒါက ပိုပြီးတောင် အထင်သေးစရာကောင်းသေးတယ်...
လင်းလော့ချင်းက ၁၀နာရီ ထိုးခါနီး အထိအိပ်လိုက်ပြီး နောက်ဆုံးတွင် မူးဝေစွာ နိုးလာလေသည်။
ယနေ့က စနေနေ့ဖြစ်ကာ ကလေးနှစ်ယောက်က ကျောင်းသွားရန်မလိုပါပေ။ သို့ဖြစ်၍ သူက အစောထ စရာမလိုပါပေ။ ထို့ကြောင့် သူက မျက်လုံးများကို ဖြည်ညင်းစွာ ပွတ်လိုက်ပြီး ကျိယွီရှောင်ကို နှုတ်ဆက်လိုက်သည်။
"ကောင်းသော မနက်ခင်းပါ..."
"ကောင်းသော မနက်ခင်းပါ.."
လင်းလော့ချင်းက ထိုလူ၏ အပြုံးကို မြင်ပြီ ၄င်းမှ မကောင်းသည့် ရည်ရွယ်ချက်များကို ခံစားမိပေသည်။ သူက ကျိယွီရှောင်ကို အတန်ကြာအောင် ဂရုတစိုက် စိုက်ကြည့်ကာ ကျိယွီရှောင်အား မနေ့ညက မှတ်စုတစ်ခု ကပ်ထားခဲ့သည်ကို အမှတ်ရသွားသည်။
အဲ့မှတ်စုက အခု မရှိတော့ဘူးဆိုတော့...
လင်းလော့ချင်းက သူ့ဆံပင်များကို အလျင်အမြန် ထိလိုက်သည်။ သူက ရင်နှီးသော မှတ်စုတစ်ခုကို တွေ့လိုက်ပေသည်။ သူက ၄င်းကို ယူလိုက်ရာ ကျိယွီရှောင်၏ လက်ရေးကို မြင်လိုက်သည်။
[အဓိပ္ပာယ်မရှိတာ မင်း ကောင်းကောင်းအိပ်နေတာ အသိသာကြီးကို...]
လင်းလော့ချင်း : "..."
"မင်းကောင်းကောင်း အိပ်မပျော်ဘူးလား..."
ကျိယွီရှောင်က မေးလိုက်သည်။
"မင်းက နောက်ကျတဲ့အထိ အိပ်~"
လင်းလော့ချင်းက နှာမှုတ်လိုက်သည်။
"ငါ့ နှလုံးသားထဲမှာ အိပ်လို့မရခဲ့ဘူး..."
"တကယ်လား..."
ကျိယွီရှောင်က မျက်ခုံးပင့်လိုက်သည်။
"ငါကိုင်ကြည့်မယ်..."
ထို့နောက် သူက စောင်ကိုမကာ လင်းလော့ချင်း၏ ရင်ဘတ်ဆီသို့ လက်လှမ်းလိုက်သည်။
လင်းလော့ချင်းမှာ အလန့်တကြားဖြစ်သွားပြီး သူ့ကိုရှောင်ရန် အလျင်အမြန်ထထိုင်လိုက်သည်။
"ဘာလုပ်နေတာလဲ... လူဆိုးကောင်..."
ကျိယွီရှောင်က ပြုံးလိုက်သည်။
"ဒါက လူဆိုးကောင်ဆိုရင် ငါတခြားတစ်ခုလုပ်လိုက်ရင် ရာဇဝတ်သားတစ်ယောက်ဖြစ်မသွားဘူးလား..."
လင်းလော့ချင်းက ဤလူမှာ သူ့ကိုယ်သူ အလွန်တန်ဖိုးထားလွန်းသည်ဟု ခံစားလိုက်ရသည်။
"မင်းပဲ... မင်းက တခြားဘာလုပ်နိုင်သေးလို့လဲ..."
လင်းလော့ချင်းက သူ့ကို မော့ကြည့်လိုက်ပြီး ငုံ့ရယ်လိုက်သည်။
"မင်းက တကယ်ပဲ တခြားတစ်ခုလုပ်နိုင်ရင် ငါက သေချာပေါက် ပူးပေါင်းပေးမှာ..."
ကျိယွီရှောင် "..."
လင်းလော့ချင်းက အပြုံးတစ်ခုနှင့် သူ့နား ကပ်လာလေသည်။
"မေးခွန်းက မင်းလုပ်မှာလားဆိုတာပဲ..."
ကျိယွီရှောင်က နောက်လှည့်ကာ ဒေါသနှင့် ကူကယ်ရာမဲ့စွာ သူ့နှုတ်ခမ်းကို ကိုက်လိုက်လေသည်။
"မင်းစိတ်လျော့ထား..."
လင်းလော့ချင်းမှာ ကျိယွီရှောင် သူ့နှုတ်ခမ်းကို ကိုက်လိုက်ခြင်းကြောင့် သတိလက်လွတ်ဖြစ်သွားပြီး နှလုံး ခုန်မြန်လာလေသည်။ သို့သော် သူက အမှန်တကယ် စိတ်အေးအေးထားလိုက်သည်။
သူက အလိုလို နှုတ်ခမ်းစေ့လိုက်သည်။ သူ့နှုတ်ခမ်းက အနည်းငယ် လောင်ကျွမ်းနေသည်ဟု ခံစားလိုက်ရသည်။ ၄င်းက ပူလာပေသည်။
ပြောရမည်ဆိုပါက ဤသည်မှာ ကျိယွီရှောင် သူ့နှုတ်ခမ်းကိုနမ်းသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ရှေ့အခေါက်များက သူက လင်းလော့ချင်း၏ မျက်နှာကို နမ်းခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူက နေရာပြောင်းသွားလေသည်။
ခဏလေး...
လင်းလော့ချင်းက ၄င်းမှာ နှုတ်ခမ်းပေါ်ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားလေသည်။
အဲ့ဒါဆို ဒါက... အနမ်းတစ်ခုပေါ့...
သူက နှုတ်ခမ်းများကို ထပ်မံစေ့လိုက်ကာ သူ့မျက်နှာက အကြောင်းပြချက်မရှိ ပူလာပေသည်။
လင်းလော့ချင်းက သဘာဝကျကျပင် ခေါင်းငုံ့ကာ အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"ငါသွားပြီး ခြေလက်ဆေးလိုက်ဦးမယ်..."
သူက နောက်လှည့်ကာ အိပ်ရာထဲမှ ထွက်ရန် ပြင်ဆင်လိုက်သည်။
ကျိယွီရှောင်က သူက နောက်လှည့်ကာ ထွက်သွားတော့မည်ကို မြင်ကာ လက်ဆန့်ကာ သူ့ခါးကို ဆွဲလိုက်ပြီး လင်းလော့ချင်းကို သူ့ပေါင်ပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။
လင်းလော့ချင်း : "..."
ထို့နောက်တွင် သူက ကျိယွီရှောင်မှာ ရှေ့သို့မှီလာကာ သူ့နားသို့ တဖြည်းဖြည်း တိုးလာပေသည်။
ဤမျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း အားနည်းမနေပါချေ။ သူ့၏ ချောမောသော မျက်နှာမှာ မှန်ထဲက ပန်းပွင့်များနှင့် ရေကန်ထဲတွင် အလင်းပြန်နေသော လမင်းသဖွယ် သူနှင့် တဖြည်းဖြည်း နီးကပ်လာပေသည်။ သူက ဖော်မပြနိုင်သည့် အပြုံးတစ်ခုနှင့် ပြည့်နေသော ကျိယွီရှောင်၏ လှပသည့် ဇာမဏီမျက်လုံးများကိုပင် မြင်နိုင်ပေသည်။
လင်းလော့ချင်း၏ နှလုံးသားမှာ မိုးများသဖွယ် ကျယ်လောင်ကာ အစီအစဉ်မဲ့စွာ ရုတ်တရက် အပြင်းအထန်ခုန်လာလေသည်။
သူက ထိန်းချုပ်မရနိုင်အောင် မျက်တောင်ခတ်ပြီး တီးတိုးဆိုလိုက်သည်။
"မင်းဘာလုပ်တာလဲ..."
ကျိယွီရှောင်က ပြုံးကာ သူ့အောက်နှုတ်ခမ်းကို ထိလိုက်သည်။
"ငါဘာလုပ်နေတယ်လို့ မင်းထင်လဲ..."
လင်းလော့ချင်းမှာ သူနှလုံးသားက ပို၍ပင် ဖရိုဖရဲ ဖြစ်လာသည်ကို ခံစားရပေသည်။
သူက တိတ်တဆိတ် မျက်လွှာချလိုက်သည်။ အစခံလိုက်ရသည့် နှုတ်ခမ်းမှာ ဤလူ၏ လက်ချောင်းများ၏ အထိအတွေ့ ကျန်နေဆဲ ဖြစ်သည်။
ကျိယွီရှောင်က ဘာလုပ်နေတာလဲ...
သူ့ကို ရုတ်တရက်ကြီး ပြန်ဆွဲထားပြီး ဒီလိုမျိုးတွေ ပြောနေတာ... ကျိယွီရှောင်က တကယ်ကြီး တစ်ခုခုလုပ်ချင်နေတာလား...
ကျိယွီရှောင်မှာ တခြားသူ၏ မျက်လုံးထဲမှ သံသယနှင့် မျှော်လင့်ခြင်းအနည်းငယ်ကို မြင်လိုက်ရာ ရယ်ရမည်လား ငိုရမည်လား မသိတော့ပါပေ။
သူက လက်မြှောက်ကာ လင်းလော့ချင်း၏ နဖူးကို တောက်လိုက်သည်။
"ဘာတွေ တွေးနေတာလဲ... အခု ဒီလောက် လင်းနေတာ... နေ့ခင်းကြီးမှာ တစ်ခုခုလုပ်ချင်လို့လား..."
လင်းလော့ချင်းက တွေ့လိုက်သည်။
'...ဟုတ်ပါပြီ... ငါအတွေးလွန်သွားတာပါ...'
သူက စောစော သဘောပေါက်သင့်တာကို...
ကျိယွီရှောင်မှာ မျက်နှာမပျက်စေရန် ကြိုးစားနေခြင်းသာဖြစ်သည်။
သူခြေထောက်တွေက မကောင်းသေးတဲ့အချိန်မှာ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ...
သူက ၃နှစ် မဟုတ်၅နှစ်လောက်ကြာမှ ပိုကောင်းလာရင် ဘယ်လိုလုပ်မလဲ...
လင်းလော့ချင်းက သူ့ကို ၃နှစ် မဟုတ်ရင် ၅နှစ်တောင် စောင့်ရမှာလား...
၁၀နှစ်ဆိုရင် ဘယ်လိုလုပ်မလဲ...
တစ်သက်လုံးဖြစ်သွားရင်ရော...
ခဏလေး...
လင်းလော့ချင်းက ရုတ်တရက် တွေးလိုက်မိသည်။
ကျိယွီရှောင်မှာ ၃နှစ်ကနေ ၅နှစ်အထိ အချိန်မရှိဘူးလေ... သူက နောက်နှစ်ဆို သေတော့မှာ...
လင်းလော့ချင်းက ချက်ချင်းပင် ကျိယွီရှောင်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆွဲယူလိုက်သည်။
"ကော... ငါရုတ်တရက် တစ်ခုခုကို သတိရလာတယ်..."
"ဘာလဲ..."
လင်းလော့ချင်းမှာ ထိုသူကိုကြည့်ကာ သူက အမှန်တကယ်ပင် ကိစ္စလေးတစ်ခုကို သတိရသွားသကဲ့သို့ သူ့မျက်နှာကို ကွဲပြားမှုမရှိအောင် ပြုလုပ်ရန် ကြိုးစားလိုက်သည်။
"ငါတို့ မလုပ်ခဲ့တဲ့ လက်ထပ်အကြို လုပ်ငန်းတစ်ခုရှိတယ်..."
ကျိယွီရှောင်က ကြောင်အနေသည်။
"... ငါတို့မလုပ်ခဲ့တာ အများကြီးပါ..."
"အဲ့ဒါက တော်တော် အရေးကြီးတယ်..."
"မင်းပြောချင်တာက..."
"လက်မထပ်ခင် ဆေးစစ်တာ..."
လင်းလော့ချင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
ကျိယွီရှောင် : "..."
"မနက်ဖြန် ဆေးစစ်ဖို့ သွားရအောင်..."
လင်းလော့ချင်းက ကျိယွီရှောင်၏ မျက်လုံးထဲသို့ စိတ်ရင်းမှန်စွာ စိုက်ကြည့်လိုက်သည်။
ကျိယွီရှောင် : "..."
ကျိယွီရှောင်က သူ့နဖူးကို ကိုင်လိုက်သည်။
ဟုတ်ပါပြီ... သူကားမမောင်းချင်တာနဲ့ပဲ သူ့မိန်းမက အခုဆို သူ့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့တောင် လုပ်ချင်နေပြီပေါ့...
နောက်တစ်ဆင့်က သူ့ကျောက်ကပ်ကို အားဖြည့်ပြီး ယန်စွမ်းအင် တည်ဆောက်မှာလား...
"အဲ့ဒါက လိုတယ်လို့ ငါမထင်ပါဘူး..."
ကျိယွီရှောင်က ကူကယ်ရာမဲ့ ဆိုလိုက်လေသည်။
မင်းယောက်ျားက တကယ်တော့ ကောင်းကောင်းကြီးလုပ်နိုင်ပါတယ်... ငါက မင်းအတွက် စဉ်းစားပေးနေတာပဲ ရှိတာပါ... သိရဲ့လား...
အဲ့ဒါက အလုပ်မဖြစ်တာမဟုတ်ဘူး... ငါက အဲ့ဒါလုပ်ဖို့ တွန့်ဆုတ်နေလို့ပါ...
"ဘာလို့မလိုရမှာလဲ..."
လင်းလော့ချင်းက သူ့ကို ဖျောင်းဖျလိုက်သည်။
"ကျန်းမာရေးစမ်းသပ်မှုက ဘယ်အချိန်မဆို လိုတယ်လေ... အထူးသဖြင့် လက်မထပ်ခင်ဆိုပိုတောင်လိုတယ်..."
"အဲ့တော့ မင်းက ငါ့မှာ ကျန်းမာရေး ပြဿနာတစ်ခုရှိတယ်လို့ ထင်လို့လား..."
'ငါက စိတ်ပူလို့ပါ...'
လင်းလော့ချင်းက တွေ့လိုက်သည်။
'အဲ့လိုမှမဟုတ်ရင် မင်းက ဘာလို့ တစ်နှစ်အတွင်းမှာ သေသွားမှာလဲ...'
"ငါက အဓိက လူတိုင်းက လက်မထပ်ခင်မှာ ကျန်းမာရေး စစ်ဆေးတာ လုပ်ကြတယ်လို့ ထင်တာပါ... အဲ့ဒါက ငါတို့လည်း လူတိုင်းလိုပဲ လက်မထပ်ခင် ကျန်းမာရေးစစ်ဆေးမှု လုပ်သင့်တယ်လို့ ဆိုလိုတာ မဟုတ်လား..."
"လူတိုင်းက လက်မထပ်ခင် လက်ထပ်ဓာတ်ပုံတွေရိုက်ကြတယ်လေ... ဒါပေမဲ့ ငါတို့က မရိုက်ရသေးဘူး..."
"မင်း ရိုက်ချင်ရင် ငါရိုက်ပေးလို့ရပါတယ်..."
လင်းလော့ချင်းမှာ ၄င်းကို ကန့်ကွက်ချက် မရှိပါပေ။
"မင်းလုပ်ချင်ရင် မင်္ဂလာဝတ်စုံတောင် ဝတ်လို့ရတယ်..."
ကျိယွီရှောင်က ထိုစကား၏ ဒုတိယစာကြောင်းတစ်ဝက်ကြောင့် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပဲ လင်းလော့ချင်း၏ မျက်နှာကို ဆွဲဆိတ်လိုက်သည်။
"မင်းက မင်္ဂလာဆောင်ဝတ်စုံ ဝတ်ရင် ပိုကောင်းတယ်..."
"အဲ့ဒါဆိုလဲ မလုပ်ပဲ နေရအောင်..."
လင်းလော့ချင်းက ငြင်းဆန်လိုက်သည်။
ကျိယွီရှောင်က ကူကယ်ရာမဲ့ဆိုကာ ရယ်လိုက်သည်။
"အဲ့ဒါက တကယ်တော့ မလိုပါဘူး... ငါ့ရဲ့ကျောက်ကပ် အလုပ်လုပ်ပုံက ပြဿနာ မရှိပါဘူး..."
လင်းလော့ချင်း : "..."
ဒါက ကျောက်ကပ်အလုပ်လုပ်ပုံနဲ့ ဘာဆိုင်လို့လဲ...
"အိုး..."
သူက ကြောင်ငေးပြီး ပြန်ဖြေလိုက်သည်။
ကျိယွီရှောင်က သူ့၏ စိတ်ရှုပ်ထွေးနေသောမျက်နှာကိုမြင်ပြီး ကြောင်သွားလေသည်။
"ငါ့အင်ဂျင်က ကောင်းပါသေးတယ်..."
လင်းလော့ချင်း : "..."
"အဲ့တော့..."
ကျိယွီရှောင် : "..."
ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။
"ငါက အချိန်ကောင်းကို ရွေးချင်လို့ပါ..."
"ကျန်မာရေး စစ်ဆေးဖို့လား..."
လင်းလော့ချင်းက သိလိုနေပေသည်။
ကျိယွီရှောင် : "..."
"ဘဝရဲ့ ဆန်းကြယ်မှုကို မင်းနဲ့အတူ ရှာဖွေဖို့လေ..."
"... ငါတို့က ကျန်မာရေး စစ်ဆေးဖို့အကြောင်း ပြောနေတာမဟုတ်ဘူးလား..."
လင်းလော့ချင်းက ကြောင်သွားလေသည်။
ကျိယွီရှောင်က သူ့နဖူးကို ထပ်မံတောက်လိုက်သည်။
"မင်းက ဟန်ဆောင်နေတုန်းလား... မင်းက ငါ့ကို ကျန်မာရေး စစ်ဆေးမှုလုပ်စေချင်တာက ငါက ကျန်းမာရေးမကောင်းတော့ မင်းနဲ့ ဟိုဟာဒီဟာ မလုပ်နိုင်ဘူးလို့ ထင်လို့မဟုတ်လား...."
လင်းလော့ချင်း : "..."
လင်းလော့ချင်းက သူ အလွန်မှားသွားသည်ဟု ခံစားလိုက်ရသည်။
သူက တကယ်ကို ကျိယွီရှောင်ရဲ့ ခန္ဓာကိုယ်ကို စိတ်ပူလို့ပါ...
သူတို့ကားမောင်းမောင်း မမောင်းမောင်း ကိစ္စမရှိပါဘူး...
"မင်းအထင်လွဲနေပြီ... ငါက အဲ့လိုဆိုလိုတာ မဟုတ်ဘူး... ငါက ငါတို့နှစ်ယောက်လုံး ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို စစ်ဆေးချင်တာလေးတင်..."
"ငါက ရုပ်ပိုင်ဆိုင်ရာ မသန်စွမ်းနေလားဆိုတာ သိချင်လို့မလား..."
"မဟုတ်ပါဘူး..."
လင်းလော့ချင်းက မျက်ရည်များနှင့်ပင် ငိုချင်လာပေသည်။
"ငါက ငါတို့ခန္ဓာကိုယ်အတွက် ညွှန်ပြချက် အမျိုးမျိုးကို မြင်ချင်ရုံတင်ပါ..."
"ငါ့မှာ ကျောက်ကပ်ချို့ယွင်းမှု ဒါမှမဟုတ်ရင် စက်ပျက်နေတာ ရှိလားဆိုတာ သိဖို့မလား..."
လင်းလော့ချင်း : "..."
လင်းလော့ချင်းက အရှုံးပေးလိုက်သည်။
ငါက မင်းရဲ့ ခန္ဓာကိုယ်ကို စိတ်ပူရုံတင်ပါ... မင်းက အမြဲတမ်း ကားဆီကို ပြေးသွားနေရင် ငါမင်းကို ဘယ်လိုကယ်ရမှာလဲ...
ဘာလို့ မင်းခေါင်းထဲမှာ အဲ့ကိစ္စတွေနဲ့ပဲ ပြည့်နေတာလဲ...
မင်း တစ်နေ့လုံး ကားအကြောင်းတွေးတာကို ရပ်လို့ရမလား...
လင်းလော့ချင်းက သက်ပြင်းချကာ ကျန်းမာရေး စစ်ဆေးမှုအကြောင်း နောက်နေ့မှပြောရန် ဆုံးဖြတ်လိုက်သည်။
သူက ခါးဆန့်ကာ ထထိုင်မည်ပြုလိုက်သော်လည်း ကျိယွီရှောင်က သူ့ကို ပေါင်ပေါ်သို့ ထပ်မံဖိထားလိုက်သည်။
"ဘာလို့လဲ..."
လင်းလော့ချင်းက ကြောင်နေလေသည်။
"မင်းဖုန်း..."
ကျိယွီရှောင်က ဖုန်းကိုထုတ်ကာ ကမ်းပေးလာသည်။
"ခုဏက မင်းအဖေခေါ်နေတာ... ဒါပေမဲ့ ငါမဖြေလိုက်ဘူး... အဲ့နောက်မှာ သူက မင်းကို wechatက နေ စာတွေပို့နေတာ... ဒါပေမဲ့ ငါမဖတ်လိုက်ဘူး..."
"အိုး..."
လင်းလော့ချင်းက ပြန်ဖြေကာ ဖုန်းကိုယူလိုက်သည်။
သူက ဖုန်းကိုဖွင့်ကာ wechatကို နှိပ်လိုက်သည်။ သူဖွင့်လိုက်သည်ံ အခိုက်အတန့်တွင် ရင်းနှီးသော နံပါတ်တစ်ခုဖြစ်သည့် သုံးသိန်းကို တွေ့လိုက်ရသည်။
လင်းလော့ချင်း : "..."
လင်းလော့ချင်းက ချက်ချင်းပင် ဖုန်းကို ပိတ်ကာ သူ့ရှေ့မှ ကျိယွီရှောင်ကို အပြစ်ရှိစွာ ကြည့်လိုက်လေသည်။ ဤနေရာမှဆိုလျှင် ကျိယွီရှောင်က ၄င်းကို လုံးဝ မမြင်နိုင်ပါပေ။
သို့ဖြစ်၍ သူက ဖုန်းကို ထပ်မံကောက်ကိုင်ကာ စာကို ကြည့်လိုက်သည်။ စာဖတ်ပြီးနောက် လင်းလော့ချင်းက မရယ်ပဲ မနေနိုင်ပါချေ။
ကျိယွီရှောင်က အဖေလင်း၏ ဖုန်းကို မဖြေခဲ့ပေ။ အဖေလင်းက ၄င်းကို လင်းလော့ချင်းဟု အထင်လွဲကာ မောက်မာပြီး သူ့အား အိမ်အမြန်ပြန်လာရန် ပြောဆိုကာ ပြန်မလာပါက ကျိယွီရှောင်အား လင်းလော့ချင်းက ကျိယွီရှောင်ကို လက်မထပ်မီက ချန်ဖုန်းအား သုံးသိန်းတောင်းခဲ့သည်ကို ပြောလိုက်မည်ဟု ပြောလာပေသည်။
၄င်းက အမှန်ပင် အရှက်မဲ့ပေသည်။
သို့သော် ယခင်အမျိုးသမီး အသက်ရှင်နေစဉ်မှာပင် အငယ်အနှောင်းရှာခဲ့ပြီး သူ့အမျိုးသမီးဆုံးပြီးနောက် အငယ်အနှောင်းကို လက်ထပ်ကာ ၁၈နှစ်ပြည့်ကာစ သူ့၏ သမီးနှင့် အသက်မပြည့်သေးသော သူ့သားကို မောင်းထုတ်ခွင့်ပြုနိုင်သော လူတစ်ယောက်မှာ မူလကတည်းကပင် အရှက်မရှိပါပေ။
သူက ဖုန်းကို ဘေးသို့ချကာ ကျိယွီရှောင်ကို ကြည့်ပြီး ကိစ္စကို အရင်ဆုံးရှင်းရန် ဆုံးဖြတ်လိုက်သည်။
လင်းလော့ချင်းက ၄င်းကို တွေးတောကာ နောက်လှည့်ပြီး ကျိယွီရှောင်အား နူးညံ့သောမျက်နှာဖြင့် မှီလိုက်သည်။
"ကော... ငါ ကောကို ၁၅နှစ်တောင် တိတ်တိတ်လေးချစ်လာတာ သိတယ်မလား... အဲ့ဒါက ပင်ပန်းခက်ခဲပြီး အရူးအမူစွဲလမ်းတဲ့ စိတ်ပိုင်းဖြတ်ထားရတဲ့ အချစ်ဆိုပေမဲ့ ရလာဒ်မရှိဘူးလေ... ဟုတ်တယ်မလား..."
ကျိယွီရှောင်က တွေးလိုက်သည်။
'...တကယ်လို့ မင်းက ရုတ်တရက်ကြီး မင်းရဲ့ အကျင့်စရိုက်တွေကို ငါ့ကို အထူးပြုပြီးပြောလာတာက...."
ကျိယွီရှောင်၏ မျက်လုံးများက မှေးကျဉ်းသွားပြီး လင်းလော့ချင်း၏ မေးစေ့ကို ညစ်လိုက်သည်။
"အဲ့တော့..."
"အဲ့တော့ ကောကို အောင်အောင်မြင်မြင် လက်ထပ်နိုင်ဖို့ ငါက ငါ့မိထွေးကို ဆန့်ကျင်ဖို့ ငါ့ရဲ့ သတ္တိနဲ့ အသိဉာဏ်ကို သုံးခဲ့ရတယ်..."
"အိုး..."
ကျိယွီရှောင်က စိတ်ဝင်စားသွားသည်။
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
"တကယ်ပြောတာ... အစတုန်းက ကောက ငါ့အစ်ကိုကို လက်ထပ်ချင်တာမလား..."
ကျိယွီရှောင်က ခေါင်းအသာညိတ်ပြလိုက်သည်။ သူက ပထမဆုံးတွင် ထိုအကြံရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ထိုအချိန်က သူသည် နောက်ကွယ်မှ လူများကို ရပ်သွားစေလိုသည်သာ ဖြစ်ကာ လက်ထပ်ခြင်းဖြင့် သူ့ကိုယ်သူ ရုပ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပေသည်။ လင်းလော့ကျင်းမှာ ကြည့်ရ အဆင်ပြေသော်လည်း ဦးနှောက်မရှိပါပေ။ သူက ပိုက်ဆံနှင့် အကျိုးအမြတ်အတွက် လောဘကြီးကာ သူ့နောက်ခံမှာ ပို၍ပင် သာမန်ကျပေသည်။ သူတို့က လုံးဝပင် မလိုက်ဖက်ပါပေ။ သူက ထိုကဲ့သို့ လူမျိုးကို လက်ထပ်လိုက်ပါက လူများက သူသည် ကျရှုံးကာ ကျိုးပျက်နေသည်ဟု ပို၍ ယုံကြည်သွားနိုင်ပေသည်။ ထို့ကြောင့် သူက ထိုအချိန်ရှိ ယှဉ်ပြိုင်သူများ အားလုံးထဲတွင် အရည်အချင်း မရှိဆုံး လင်းလော့ကျင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူက လင်းလော့ချင်းက လမ်းတစ်ဝက်တွင် ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
"အဲ့တော့..."
သူက သူ့ရှေ့မှ လူကို ကြည့်လိုက်ပြီး လင်းလော့ချင်း ဆက်ပြောရန် စောင့်နေလိုက်ပေသည်။
လင်းလော့ချင်းက ချက်ချင်းပင် ကျိယွီရှောင် သူ့အား ကမ်းပေးသော လှေကားပေါ်သို့ ခုန်ဆင်းလိုက်သည်။
"အဲ့တော့ ငါက ကောသူနဲ့ လက်ထပ်တာကို ဒီအတိုင်း ကြည့်နေနိုင်သလား..."
သူက ဆီလျော်သည့် အမူအရာဖြင့် ဆိုလိုက်သည်။
"ငါက သေချာပေါက် ကြည့်မနေနိုင်ဘူးပေါ့... ငါ့အစ်ကိုက ဘယ်လို ခွေးမျိုးလဲဆိုတာ ငါမသိဘူးလို့ ကောထင်လား... ကောက ကျွန်တော် ၁၅နှစ်တောင် ကြိုက်ခဲ့ရတဲ့လူလေ... ကောကို ဘယ်လိုလုပ်ပြီး အဲ့လို ဆန်ကုန်မြေလေးနဲ့ အတူရှိနေဖို့ ခွင့်ပြုရမှာလဲ..."
"...အိုး..."
သူက လင်းလော့ချင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပူးပေါင်းကာ မေးမြန်းလိုက်သည်။
"အဲ့ဒါနဲ့ မင်းက..."
"သူနဲ့ သူ့အမေက ကောထိခိုက်သွားတော့ နောင်တရနေတာလေ... သူက ကောကို လက်မထပ်ချင်တော့ပေမဲ့ ကောကို ရန်မစရဲဘူးလေ... သူက ညတွင်းချင်းပဲ ကျွန်တော်ဆီလာပြီး အစားဝင်ခိုင်းတာ... ကျွန်တော်က ခဲ၁လုံးနဲ့ ငှက်၂ကောင်ပစ်ဖို့အမြန်ပဲ အကြံရသွားတာ..."
ကျိယွီရှောင်က ထိုစကားလုံးများကို ကြားပြီး သူ့ကို ရိုးရှင်းစွာ ပွေ့ဖက်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
"ပြီးတော့ရော..."
"ကျွန်တော်က လက်မထပ်ချင်ဘူးလို့ ဟန်ဆောင်ပြီး သုံးသိန်းတောင်းလိုက်တာ... အဲ့လိုဆိုရင် လင်းလော့ကျင်းအစား ကောကို လက်ထပ်ဖို့ ကျွန်တော်သဘောတူမှာ... တကယ်တော့ ကျွန်တော်က စိတ်ထဲမှာ အရမ်းလုပ်ချင်ပါတယ်... ဒါပေမဲ့ အဲ့ဒါကို မပြချင်ဘူး... ကျွန်တော်အရမ်းပျော်ပြလိုက်ရင် သူတို့က နောင်တရပြီး ငါ့ကို အခွင့်အရေးမပေးတော့မှာ စိုးလို့..."
ကျိယွီရှောင်က နားလည်သွားသည်။
"အဲ့တော့ ငါက သုံးသိန်းပဲ တန်တယ်ပေါ့..."
လင်းလော့ချင်း
"..."
သူ အာရုံစိုက်တာက ဘာလို့ အဲ့ဒါဖြစ်နေတာလဲ... အဲ့ဒါက သူတစ်ချိန်လုံး အာရုံစိုက်နေတာလား...
"ကော... ဒီကိစ္စမျိုးက ကော ဘယ်လောက်တန်လဲ ဆိုတာနဲ့ မဆိုင်ပါဘူး... သူတို့ ဘယ်လောက်ပေးနိုင်လဲ ဆိုတာနဲ့ပဲ ဆိုင်တာ... ကျွန်တော်စိတ်ထဲမှာ ကောက တန်ဖိုးဖြတ်လို့မရဘူး... သန်း ၃၀၀ဆိုရင်တောင် တန်တယ်... ဒါပေမဲ့ သူတို့က ကျွန်တော်ကို အများကြီး ပေးမှာ မဟုတ်ဘူး..."
လင်းလော့ချင်းက သူ့ကိုကြည့်ကာ စိတ်ရင်းဖြင့် ဆိုလိုက်သည်။
"ကျွန်တော်က ကောကို လက်ထပ်ချင်တာလေ... ပိုက်ဆံ လိုချင်တာ မဟုတ်ဘူး..."
ကျိယွီရှောင်က ရယ်လိုက်သည်။
"အဲ့ဒါဆိုရင်တော့ မင်းက တော်တော်ကြီးကို ကြိုးစားထားပုံပဲ..."
"ဟုတ်တယ်..."
လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။
"ဒီနေ့လိုဖြစ်လာဖို့ ကျွန်တော်ဘယ်လောက် စွန့်စားထားရလဲ ကောမသိပါဘူး..."
သူက ကိုယ်ပိုင် ဇာတ်ကောင်အတွက် tagတွေအများကြီး ထည့်ထားရတာ...