အပိုင်း ၆၂
Viewers 25k

Chapter 62




ကျိယွီရှောင်က ခပ်ဖွဖွ ရယ်လိုက်သည်။ သူက လင်းလော့ချင်းမှာ အံ့ဩဖွယ် လူတစ်ယောက်ဟု အမှန်တကယ် ခံစားရပေသည်။ သူက အမှန်မဟုတ်သောအရာများကို အကြောင်းပြချက်များ သက်သေများဖြင့် အမှန်နှင့်တူအောင် ပြောနိုင်ပေသည်။ ၄င်းကို အရည်အချင်းတစ်ခုဟု ယူဆရပေမည်။


"ငါသိပြီ..."


သူက ဤအခြေအနေကို ကိုယ်ကျိုးအတွက် အသုံးချလိုက်သည်။ 


လင်းလော့ချင်းက ထထိုင်ကာ သူ့ကို မှီလိုက်သည်။

"အဲ့ဒါဆို တစ်နေ့ကျရင့် ကျွန်တော်မိထွေးနဲ့ အဖေက အဲ့ဒါကိုသုံးပြီး ကျွန်တော်တို့ကြားက ဆက်ဆံရေးကို ခြိမ်းခြောက်ရင် ကောအတည်မယူရဘူးနော်..."


"ဟုတ်ပါပြီ..."


လင်းလော့ချင်းက စိတ်အေးသွားကာ သူ့ကို ရင်ခုန်သွားသည်။ 

"ကောက အရမ်းကောင်းတာပဲ~"


"ဟုတ်တယ်... ငါက မင်းကို ဘယ်လိုလုပ်ပြီး ၁၅နှစ်တောင် ငါ့ကို ကြိတ်ကြိုက်ခွင့်ပြုထားနိုင်တာလဲ..."

ကျိယွီရှောင်က ပြုံးလိုက်သည်။ 


လင်းလော့ချင်းက ၄င်းကိုကြားကာ ကျိယွီရှောင်က သူပြောသည်အား မယုံဟု ခံစားလိုက်ရသည်။ 


သို့သော် ကျိယွီရှောင်၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်ရော ဒေါသအရိပ်အယောင်ရော မရှိပါပေ။ သူက လင်းလော့ချင်းကို ညင်သာစွာ ပြုံးပြနေပေသည်။ 


အဲ့တော့ ကျိယွီရှောင်က အဲ့ဒါကို ယုံသွားတယ် မဟုတ်လား...


လင်းလော့ချင်းက မသေချာသော်လည်း ကျိယွီရှောင်မှာ မစစ်မေးလိုသည်မှာ သိသာပေသည်။ တစ်နည်းဆိုရသော် ကျိယွီရှောင်က သူ့စကားများကို ယုံချင်ပေသည်။ 


ကောင်းတယ်...


သူက အပျော်လွန်ကာ ခေါင်းမော့ပြီး ကျိယွီရှောင်၏ မျက်နှာကို နမ်းလိုက်သည်။ 

"ကောက အရမ်းကောင်းတာပဲ..."


ကျိယွီရှောင် : "..."


ကျိယွီရှောင်က သူ့ကို အလန့်တကြား စိုက်ကြည့်လိုက်သည်။ လင်းလော့ချင်းက မှတ်စုကို သူ့ပါးစပ်သုံးပြီး သူ့ပေါ်သို့ တင်စဉ်က မသိလိုက်ပဲ နမ်းမိသည်မှ လွဲ၍ ဤသည်မှာ လင်းလော့ချင်း သူ့ကို ပထမဆုံးအကြိမ် နမ်းခြင်းဖြစ်သည်။ 


ဤသည်မှာ မသိလိုက်သော လုပ်ဆောင်မှုတစ်ခုမဟုတ်ပေ။ စစ်မှန်ကာ ရည်ရွယ်ချက်အပြည့်ပါသော အနမ်းတစ်ခုဖြစ်ပေသည်။ ထို့နောက် ကျိယွီရှောင်၏ ထိန်းမချုပ်နိုင်သော ခန္ဓာကိုယ်က သူ့၏ သတိတရားကို သစ္စာဖောက်ကာ လင်းလော့ချင်း၏ လက်မောင်းကို ဆွဲလိုက်သည်။


လင်းလော့ချင်းက ကြောင်သွားလေသည်။ 

"ဘာလို့လဲ..."


ကျိယွီရှောင်က သူ့၏ ကြည်လင်ကာ သန့်စင်သော မျက်လုံးများကို ကျိယွီရှောင် ဘာလုပ်ချင်သလဲ မသိသကဲ့သို့ ကြည့်လိုက်လေသည်။


ကျိယွီရှောင်က သူ့ကို အဆက်မပြတ် သိမ်းထားလိုသော်လည်း အကြောင်းပြချက်မရေရာပါပေ။ 


လင်းလော့ချင်းက ခေါင်းစောင်းကာ သူ့ကို ကြောင်တောင်တောင်နှင့် ကြည့်လိုက်လေသည်။


ကျိယွီရှောင်က သူ့လက်ကို လွတ်ပေးလိုက်သည်။ 

"ရပါတယ်..."


"တကယ်ရော အဆင်ပြေရဲ့လား..."

လင်းလော့ချင်းက အလွန် သံသယဝင်နေပေသည်။ 


ကျိယွီရှောင်က သူ့ကို စိုက်ကြည့်ကာ လက်တစ်ဖက်မြှောက်ပြီး သူ့မျက်နှာကို ထိလိုက်သည်။ ထို့နောက် ကျိယွီရှောင်က ခေါင်းငုံ့ကာ လင်းလော့ချင်း၏ နဖူးကို နမ်းလိုက်သည်။


သူက လင်းလော့ချင်း၏ ပခုံးကို ဖိကာ ညင်သာစွာ ဆိုလိုက်သည်။

"အင်း... တကယ်အဆင်ပြေပါတယ်..."


ဘာမှမဖြစ်သည်မှာ အမှန်ဖြစ်သည်။ ထိုအချိန်က ကျိယွီရှောင်မှာ အလွန် အံ့အားသင့်ကာ ပျော်ရွှင်သွားပြီး သူ့မသိစိတ်က လင်းလော့ချင်းကို ဖယ်ခွာမသွားစေလိုခြင်းသာ ဖြစ်ပေသည်။ သူက လင်းလော့ချင်းကို ပိုမိုတွေ့ချင်ကာ ဖက်ထားချင်ပေသည်။


ကျိယွီရှောင်က ခေါင်းစောင်းကာ လင်းလော့ချင်း၏ နားကို ထပ်မံနမ်းလိုက်ကာ သူ့ကို သွားခွင့်ပေးလိုက်သည်။

"သွားပြီး ကိုယ်လက်ဆေးလိုက်တော့..."


လင်းလော့ချင်းမှာ သတိပေးချက်မရှိပဲ နှစ်ခါအနမ်းခံရပြီးနောက်ဆုံးတွင် သဘောပေါက်သွားလေသည်။ ကျိယွီရှောင်မှာ သူ့အားနမ်းရန်အတွက်နှင့် ပြန်ဆွဲထားခြင်းပင်။


ကျိယွီရှောင်က သူ့အနမ်းကို ခံရပြီး အလွန်ကြိုက်သွားပုံရပေသည်။ထို့ကြောင့် သူ့ကို ပြန်နမ်းလာခြင်းဖြစ်ပေမည်။


လင်းလော့ချင်းက မရယ်ပဲ မနေနိုင်ပါချေ။ သူက ကျိယွီရှောင်ကို အလျင်အမြန် လှမ်းကြည့်လိုက်ကာ အိပ်ရာထဲမှ ထွက်ပြီး အနည်းငယ် ဝင့်ကြွားသော အမူအရာဖြင့် ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်လေသည်။ 


သူက စိတ်ခံစားချက်ကောင်းနေပြီး မြေပြင်ပေါ်၌ လမ်းလျှောက်နေစဉ်မှာပင် ပျံနိုင်သည်ဟု ခံစားနေရပေသည်။ ကျိယွီရှောင်က သူ့၏ ရွှင်မြူးနေသော နောက်ကျောကို မြင်ကာ ပျော်လာသည်ဟု ခံစားရပေသည်။ 


လှလိုက်တဲ့ နေ့လေးပဲ....



လင်းေလာ့ချင်းက ကိုယ်လက်သန့်စင်ပြီးနောက် သူ့ဖုန်းကို ကောက်ကိုင်ပြီး အဖေလင်းကို ခေါ်လိုက်သည်။ 


"ကျွန်တော်က မနက်တုန်းက အိပ်နေလို့ ကျိယွီရှောင်က ဖုန်းချလိုက်တာ... သူက ကျွန်တော်နိုးသွားမှာစိုးနေလို့ .."


အဖေလင်းက ၄င်းကိုကြာသောအခါ ထပ်မံပြီး ဝင့်ကြွားသွားပေသည်။ 

သူသိသားပဲ...

ဖခင်တစ်ယောက်အနေဖြင့် လင်းလော့ချင်းက လင်းမိသားစုသို့ မည်မျှပြန်လာလိုကြောင်းကို သူက တခြားသူများထက် ပိုသိပေသည်။ 

လင်းလော့ချင်းက သူ့ဖုန်းကို ဘယ်လိုလုပ်ပြီး ချရဲမှာလဲ... လင်းလော့ချင်းက နေ့တိုင်း သူ့ပေါင်ကိုဖက်ပြီး အိမ်ပြန်လာဖို့ တောင်းဆိုချင်နေတာကို...


ထင်တဲ့အတိုင်း အဲ့ဒါက ကျိယွီရှောင်ပဲ...


"မင်းမဟုတ်တာ ကောင်းတယ်..."


အဖေလင်းက မေတ္တာကြီးမားဟန် ပေါက်နေပေသည်။ 

"နောက်၂ရက်အတွင်း မင်းအားလပ်ချိန်ကို အမြတ်ယူလိုက်... မင်းနဲ့ ယွီရှောင် အိမ်လာသင့်တယ်... လက်ထပ်ပြီး အိမ်ပြန်မလာတာက အရမ်းမလွန်ဘူးလား... မင်းက ကိုယ့်ဟာကို လင်းမိသားစုကကလေးတစ်ယောက်ဆိုတာရော သိသေးရဲ့လား..."


လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။ 

အဲ့တော့ ဒီလူက လင်းလော့ချင်းက သူ့ကလေးဆိုတာ သတိရသေးတယ်ပေါ့... သူက မူလပိုင်ရှင်နဲ့ လင်းလော့ရှီးကိုပဲ မောင်းထုတ်ခဲ့ပြီး.. ဒီလိုအချိန်မှပဲ သူက သားတစ်ယောက်ရှိတာ အမှတ်ရတာပဲ...


သို့သော် သူက ကြာပန်းဖြူယောင်ဆောင်နေဆဲဖြစ်၍ အဖေလင်းကို တစ်ခုမှမပြောလိုက်ပါပေ။ ထိုအစား သူက သနားစဖွယ်ပြောလိုက်သည်။ 


"ကျွန်တော်က အိမ်ပြန်မလာချင်တာ မဟုတ်ပါဘူး... ယွီရှောင်က သဘောမတူဘူးဖြစ်နေတာ... သူက ကျွန်တော်ကို ပြန်ခွင့်မပြုတော့ ကျွန်တော်က တစ်ယောက်တည်း ပြန်မလာရဲလို့..."


"သူက မင်းကို မကြိုက်ဘူးလား... မင်းက သူ့ကို ကြောက်နေရတုန်းလား..."


"အဖေက သူ့ကို မကြောက်ဘူးလား... သူက အခုတော့ ကျွန်တော်ကို ကြိုက်နေပြီဆိုပေမဲ့ သူက နောက်ရက် နည်းနည်းကြာလို့ ကျွန်တော်ကို မကြိုက်တော့ရင် ဘယ်လိုလုပ်မလဲ... သူက လောလောဆယ်မှာ စိတ်အတက်အကျများပြီး မတည်ငြိမ်တာ သိတယ်မလား... သူက ဒီနေ့ ကျွန်တော်ကို ချစ်ပေမဲ့ မနက်ဖြန်ကျရင် ကျွန်တော်ကို ပျင်းရင်ပျင်းသွားမှာ..."


ဆေးကြောပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသော ကျိယွီရှောင် : "..."


အရမ်းကောင်းတယ်... အခုဆို သူ့မိန်းမက သူ့ရှေ့မှာတင် သူ့မကောင်းကြောင်းကို ပြောရဲနေပြီ...


လင်းလော့ချင်းက သူထွက်လာသည်ကို မြင်ပြီးနောက် လက်ယမ်းပြကာ သူ့အား လာရန် လက်ဟန်ဖြင့်ခေါ်လိုက်သည်။ 


ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်ကို တွန်းကာ လာလိုက်သည်။ သူက လင်းလော့ချင်း စပီကာ ဖွင့်လိုက်သည်ကို ကြားလိုက်သည်။ ထို့နောက် လင်းလော့ချင်းက အဖေလင်းကို စိတ်ရင်းအပြည့်ဖြင့် ဆိုလိုက်သည်။


"အဖေ ဘယ်လိုခံစားရလဲဆိုတာ ကျွန်တော်သိပါတယ်... ကျွန်တော်အိပ်မက်က အဖေကျွန်တော်ကို သားတစ်ယောက်အဖြစ် ပြန်အသိအမှတ်ပြုဖို့ဆိုတာ ကောင်းကောင်းသိတယ်မလား... ဒါပေမဲ့ ကျိယွီရှောင်က ကျွန်တော်ကို သွားခွင့်မပြုဘူး... ကျွန်တော် မသွားရဲဘူး အဲ့လိုမှမဟုတ်ရင် သူက ကျွန်တော်ကို ကွာရှင်းသွားနိုင်တယ်... အဲ့ဒါဆို အဖေက ထပ်ပြီး စိတ်ဆိုးပြီး ကျွန်တော်ကို အသိအမှတ်ပြုဖို့ ငြင်းတော့မှာ မဟုတ်ဘူးလား..."


အဖေလင်း '... အဲ့ဒါလည်း ဟုတ်သားပဲ..."


"အဲ့တော့ သူက ဘာလို့ မင်းကို အိမ်ပြန်ခွင့်မပြုတာလဲ..."


ရောက်လာပြီ... နောက်ဆုံးတော့ ရောက်လာခဲ့ပြီ... ဒါက တစ်ချိန်လုံး သူစောင့်နေတဲ့ဟာပဲ...


လင်းလော့ချင်းက ချက်ချင်းပင် စိတ်ပူဟန် ဆောင်လိုက်သည်။ 


"သူက အဖေကျွန်တော်ကို မချစ်ဘူး... ကျွန်တော်အတွက် အားမနာဘူးလို့ ခံစားရတာ... သူက အဖေနဲ့ ကျွန်တော်ရဲ့ သားအဖ ဆက်ဆံရေးကို ဖျက်ပစ်လိုက်စေချင်တာ..."


အဖေလင်းမှာ ကြောင်အသွားလေသည်။ ဤအချိန်၌ ထိုအရာမှာ ဘာမှမမှားသော်လည်း ဖခင်နှင့် သားကြားမှ ဆက်ဆံရေးမှာ ဖျက်၍မရပါပေ။ 


သူက လင်းလော့ချင်းဆီက ဘာအကျိုး အမြတ်မှ မရသေးဘူးလေ... ဘယ်လိုလုပ်ပြီး အဆက်အသွယ် ဖြတ်ရမှာလဲ...


"အဲ့ဒါဆိုရင် မင်းက သူ့ကို ဖျောင်းဖျပြီး ငါမင်းကို ချစ်တယ်ဆိုတာ ပြောပြလိုက်လေ... မင်းက အဲ့လို ကိစ္စလေးကိုတောင် မလုပ်နိုင်ရင် ဘာလုပ်မှာလဲ..."

အဖေလင်းက မကျေမနပ် ဖြစ်သွားလေသည်။ 


"ကျွန်တော် သိပါတယ်... ကျွန်တော် မနေ့ညက သူ့ကို ဖျောင်းဖျလိုက်သေးတယ်... ဒါပေမဲ့ သူက နားမထောင်ဘူး..."


လင်းလော့ချင်းက မှတ်စု စာရွက်ပေါ်တွင် စာရေးနေရင်း ၄င်းတို့ကို ပြောလိုက်ကာ ကျိယွီရှောင်ကို ပြလိုက်သည်။ 


ကျိယွီရှောင်မှာ ၄င်းကို အနီးကပ်ကြည့်ကာ ချည်တစ်မျှင်ကိုပင် လက်လွတ်မခံတတ်သည့် သူ့မိန်းမ၏ စိတ်ဓာတ်ကြောင့် စိတ်လှုပ်ရှားသွားလေသည်။ မှတ်စုစာရွက်တွင် ရိုးရှင်းသော စကားလုံးများ ရှိနေပေသည်။


ပိုက်ဆံတောင်းလိုက်...


လင်းလော့ချင်းက ၄င်းအား သူ့ကို ပြကာ ချက်ချင်းပင် ဆိုလိုက်သည်။


"ဟေ့... ယောက်ျား ဘာလုပ်တာလဲ... ငါ့ဖုန်းကို မလုနဲ့... ငါအဖေနဲ့ ဖုန်းပြောနေတာ... ငါပြီးအောင် ပြောဦးမယ်..."


ထို့နောက် သူက ကျိယွီရှောင်ကို ဝင်ရောက် ပူးပေါင်းရန် လက်ဟန်ပြလိုက်သည်။ 


ကျိယွီရှောင်က သူ့မိန်းမကို ကူကယ်ရာမဲ့ကြည့်ကာ ချစ်ခင်သည့် အမူအရာဖြင့် ခေါင်းခါလိုက်သည်။ 

ဟုတ်ပြီ... သူ့မိန်းမကို အကျိုးအမြတ်နည်းနည်းရအောင် ကူညီရင်းနဲ့ နေ့ကောင်းလေးတစ်ခု စကြတာပေါ့...


သူက ဖုန်းကို ကောက်ကိုင်ကာ ပြောဟန် ဆောင်လိုက်သည်။ 

"လော့ချင်းရဲ့ အဖေ... ကျွန်တော် ကျိယွီရှောင်ပါ..."


ဖခင်လင်းမှာ ၄င်းက သူဖြစ်သည်ကို ကြားရာ ချက်ချင်းပြောင်းလဲသွားလေသည်။ သူ့အသံက အနည်းငယ် နှစ်မြို့ဖွယ် ကောင်းလာပေသည်။ 

"မင်းပဲ...ကျိယွီရှောင်... ငါက လော့ချင်းကို မင်းအကြောင်းပြောနေတာ... မင်းအချိန်ရရင် လော့ချင်းနဲ့ အတူ အိမ်ပြန်လာခဲ့ဦး..."


"အလျင်စလို လုပ်စရာမလိုပါဘူး..."


ကျိယွီရှောင်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"ဦးလေးက လော့ချင်းကို ဒီလောက်ဂရုစိုက်ကာ ကျွန်တော် တစ်ခါမှမမြင်ဖူးဘူး... လော့ချင်းက နှစ်တွေအများကြီး သူ့အမကိုပဲ အားကိုးလာတာ... သူအိမ်ပြန်စရာ မလိုပါဘူး..."


"ဘယ်လိုလုပ်ပြီး အဲ့လို ပြောရက်တာလဲ..."


ဖခင်လင်းက သဘောမတူပါပေ။ 

"ငါက ဒီမတိုင်ခင်က လော့ရှီးနဲ့ မကျေနပ်စရာ ပြဿနာလေးနည်းနည်းရှိလို့ လော့ချင်းကို ဆွဲထည့်မိသလိုဖြစ်သွားတာပါ... ဒါပေမဲ့ ငါသူ့ကို ဂရုစိုက်ပါသေးတယ်... အဲ့လိုမှမဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး နေ့တိုင်း သူ့ မင်းနဲ့အတူ အိမ်ပြန်လာတာကို မျှော်နေမှာလဲ... အဲ့ဒါက အဓိက သူ့အစ်မရဲ့ အမှားပဲ... သူ့အစ်မကြောင့်သာ မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး သူ့ကို သွားခွင့်ပြုချင်ပါ့မလဲ..."


"တကယ်လား..."


ကျိယွီရှောင်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"အဲ့ဒါဆိုရင်တော့ ဦးလေးက သူ့ကို ချစ်သေးတဲ့ပုံပဲ..."


"ဒါပေါ့..."


"အဲ့ဒါဆိုရင် သူအိမ်နဲ့ နှစ်တွေအများကြီး ဝေးနေတဲ့အတွက် သူ့ကို လျော်ကြေးသင့်တယ်မလား..."


ကျိယွီရှောင်က ဂရုမစိုက်ပါပေ။ 

"ဥပမာဆိုရင် သူ့ကို သန်း၂၀ ဒါမှမဟုတ် သန်း၃၀လောက် ပေးပြီး သူလိုချင်တာ တစ်ခုခု ဝယ်ခွင့်ပြုလိုက်တာမျိုးပေါ့..."


အဖေလင်းက ၄င်းကိုကြားပြီး အလျင်အမြန်ဆိုလိုက်သည်။ 


"အဖေနဲ့ သားကြားမှာ ဘာအလျော်တွေ ပြောရဦးမှာလဲ... အဲ့ဒါက လုံးဝ လက်မခံနိုင်စရာပဲ..."


ကျိယွီရှောင်က လှောင်ပြုံးကာ တိုက်ရိုက်ပင် ဖုန်းချလိုက်သည်။ 


လင်းလော့ချင်း : "..."


"ဘာလို့ ဖုန်းချလိုက်တာလဲ..."


"စိတ်မပူပါနဲ့ မင်းအဖေပြန် ခေါ်လာလိမ့်မယ်..."

ကျိယွီရှောင်က တည်ငြိမ်နေပေသည်။ 


အမှန်တကယ်ပင် အဖေလင်းက သူစကားပြောပြီးသည့်အချိန်၌ ပြန်ခေါ်လာခဲ့ပေသည်။ 


"ငါပြောသားပဲ..."

ကျိယွီရှောင်က လင်းလော့ချင်းကို လှမ်းကြည့်ကာ ဖုန်းကိုင်လိုက်သည်။ 


သူက တိတ်ဆိတ်နေကာ အဖေလင်း စကားပြောလာသည်ကို စောင့်နေလိုက်သည်။


အဖေလင်းမှာ အနည်းငယ် စိတ်တိုနေပြီဖြစ်သည်။ သူက ပိုက်ဆံမပေးချင်သော်လည်း သူမပေးပါက ကျိယွီရှောင်က လင်းလော့ချင်းကို အိမ်ပြန်ခွင့်ပြုမည် မဟုတ်ပါပေ။ 


သူက လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ လက်ထပ်ပြီးနောက် လင်းမိသားစုကို စောင့်ရှောက်ရန် မျှော်လင့်နေသည်ဖြစ်သည်။ 

"ဒါမှမဟုတ်ရင် ငါတို့ လော့ချင်း ဘာပြောချင်သလဲ နားထောင်ကြမလား..."


ကျိယွီရှောင်က ထပ်မံ ဖုန်းချလိုက်ကာ သူ့ကို လုံးဝ မျက်နှာသာမပေးပါချေ။ 


အဖေလင်းက အလွန် ဒေါသထွက်ကာ ဖုန်းပင် ပြုတ်ကျသွားပြီး ပြန်ကောက်ကာ လင်းလော့ချင်းကို wechatမှ စာတစ်စောင် ပို့လိုက်လေသည်။ 


လင်းလော့ချင်းက သူ့ဖုန်းမြည်လာသည်ကိုကြားကာ လှမ်းကြည့်လိုက်သည်။ ၄င်းမှာ အဖေလင်း၏ wechat စာဖြစ်သည်ကို တွေ့လိုက်ပေသည်။ 

[မင်း ဘာနည်းလမ်းသုံးသုံး ငါဂရုမစိုက်ဘူး... ကျိယွီရှောင်နဲ့ မြန်မြန် ဖြေရှင်ရင်ရှင်း မဟုတ်ရင် မင်းသူ့ကို ပိုက်ဆံ၃သိန်းကြောင့် လက်ထပ်ထားတယ်ဆိုတာ ငါသူ့ကို ပြောလိုက်မယ်...]


လင်းလော့ချင်း : "..."


လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ "ငါအပြစ်ကင်းတယ်ဆိုတာ ကောသိတယ်မလား..."


"တကယ်လား..."


"ငါကောကို ဒီအကြောင်း ပြောထားတယ်လေ..."

လင်းလော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ 


ကျိယွီရှောင်က ပြုံးကာ သူ့ခေါင်းကို ထိလိုက်သည်။

"ဟုတ်ပါတယ်... မင်းက အပြစ်ကင်းပါတယ်...


သူက လင်းလော့ချင်းကို ဖုန်းပြန်ပေးလိုက်သည်။ 

"သွားစို့... စားဖို့ အချိန်ရောက်ပြီ..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ သူက အဖေလင်း၏အပိုင်းကို လုံးဝ စိတ်မပူပါပေ။ 


သူက ပိုက်ဆံ ပေးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ လင်းလော့ချင်းမှာ ကျိယွီရှောင်ကို လက်ထပ်ထားပြီးဖြစ်သည်။


အဖေလင်းက ကျိယွီရှောင်ဟုခေါ်သော သစ်ပင်ကြီးကို လက်လျော့မည်မဟုတ်၍ ကျိယွီရှောင်နှင့်အတူဖြစ်နေသော လင်းလော့ချင်းကိုလည်း လက်လျော့မည် မဟုတ်ပါပေ။ 


ထို့အပြင် သူက ချန်ဖုန်းမှာ လင်းလော့ချင်းအား သုံးသိန်းပေးထားသည်ကို သိထားပြီး ဖြစ်သည်။ ၄င်းမှာ စဦးကုန်ကျစရိတ်နှင့် တူပေသည်။ 


အဖေလင်းလို အရှက်မရှိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့ရဲ့ စဦးကုန်ကျစရိတ်ကို အဆုံးခံမှာလဲ... သူက လင်းလော့ချင်းဆီကနေ သုံးသိန်းထက် ပိုရအောင် နည်းတစ်ခုတော့ ရအောင်ရှာလိမ့်မယ်...


သို့ဖြစ်၍ လင်းလော့ချင်းမှာ လင်းမိသားစုကို ပြန်ကာ သူငွေရှာရန်အတွက် အပေါင်ပစ္စည်းတစ်ခုဖြစ်ပေးရပေမည်။ 


လင်းလော့ချင်းသည်လည်း သူ့ကို မျှော်လင့်ချက်ပေးထားပေသည်။ လင်းလော့ချင်းက အိမ်မပြန်ချင်သည်မဟုတ်ပါပေ။ သူ့ကို အိမ်ပြန်ခွင့်မပေးသည်မှာ ကျိယွီရှောင်ဖြစ်ပေသည်။ 

သူက ကျိယွီရှောင်ကို ကိုင်တွယ်လိုက်ရုံနဲ့ အရာရာ ဖြေရှင်းပြီးသားဖြစ်မသွားဘူးလား...


စားပွဲသို့ရောက်နေပြီးသား လောင်းကစားသမားတစ်ဦးအနေဖြင့် အလွယ်တကူ အရုံးပေးရန် အကြောင်းပြချက်မရှိပါပေ။ အဖေလင်းမှာ စားပွဲသို့ ရောက်နေပြီး ဖြစ်လေသည်။ 


ညနေခင်း ၉နာရီထိုးပြီးနောက် ကျိယွီရှောင်က အဖေလင်းထံမှ ဖုန်းတစ်ခု ရရှိလေသည်။ အဖေလင်းက သူသည် လင်းလော့ချင်းအား အမှန်တကယ်ပင် နှစ်များစွာ ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့သည်ဖြစ်ရာ သူ့အား သန်း၂၀ လျော်ကြေးပေးမည်ဟု ဆိုလာပေသည်။


ကျိယွီရှောင်က တည်ငြိမ်စွာဆိုလိုက်သည်။ 

"အဲ့ဒါဆိုရင် သူက လက်ထပ်ပြီးခါစပဲ ရှိသေးတာလေ... ဦးလေးက တစ်ခုခုတော့ ပြသင့်တယ် မဟုတ်လား..."


အဖေလင်း : "..."


အဖေလင်းမှာ ကျိယွီရှောင်မှာ ဤကဲ့သို့ လူတစ်ဦးဖြစ်ကာ သနားစဖွယ်ကောင်းအောင် ပြုမူမည်ဟု မထင်ထားပါပေ။

"ယွီရှောင်... ငါတို့မိသားစုက မင်းတို့ မိသားစုနဲ့မတူဘူး... ငါတို့က မင်းတို့လောက် မချမ်းသာဘူး... သန်း၂၀ဆိုတာ ငါတို့အတွက် အတော်ကို များနေပြီ..."


ကျိယွီရှောင်က လှောင်ပြောင်လိုက်သည်။ 


"အဲ့လိုလား... ဦးလေးမှာ ဒီလောက်ပိုက်ဆံလေးတောင် မရှိဘူးပေါ့... အဲ့ဒါဆိုရင်တော့ ဦးလေးက ကျွန်တော်ယောက္ခထီးဖြစ်ဖို့ မထိုက်တန်ဘူးထင်တယ်... အိမ်ပြန်တဲ့အကြောင်းမေ့လိုက်တော့... ဦးလေးရဲ့ ဘုရားကျောင်းက အရမ်းသေးတယ်... ကျွန်တော့်ရဲ့ ဘုရားအကြီးကြီးနဲ့ အဆင်မပြေဘူး..."


ထို့နောက် သူက ဖုန်းချလိုက်သည်။ 


အဖေလင်း : "..."


လင်းလော့ချင်းက ထိုလှည့်ကွက်များကို နားထောင်ကာ ကျိယွီရှောင်မှာ အမှန်တကယ်ပင် ချမ်းသာသော မိသားစုတစ်ခုမှ ဖြစ်ရန် ထိုက်တန်ပေသည်ဟု ခံစားလိုက်ရသည်။ 

သူက အမြတ်နှစ်ဆကို ရနိုင်တယ်...


လင်းလော့ချင်းမှာ မူလက ပိုက်ဆံအနည်းငယ်သာ လိုချင်သော်လည်း ကျိယွီရှောင်က အမှန်တကယ်ပင် နှစ်ဆတောင်းနိုင်ပေသည်။ 


သူက အများကြီး စုနိုင်တာပဲ...


"ကောက အရမ်းချောတာပဲ..."

လင်းလော့ချင်းက စိတ်ရင်းဖြင့် ဆိုလိုက်သည်။ 


ကျိယွီရှောင်က သူ့ကိုကြည့်ကာ ဝင့်ကြွားစွာဆိုလိုက်သည်။ 

"ဟုတ်တယ်လေ... ငါက မင်း ငါ့ကို ငယ်ငယ်လေးမှာတင် မြင်မြင်ချင်းကြိုက်သွားပြီး ဘယ်တော့မှမမေ့နိုင်အောင် လုပ်နိုင်ဖို့ဆိုရင် အရမ်းချောတာအပြင် တခြား ဘာဖြစ်နိုင်သေးလို့လဲ..."


သူက လင်းလော့ချင်းကို စရန်လည်း မမေ့ခဲ့ပါပေ။ 

"မင်းက အတော်လေး ထက်တာပဲ... မင်းက မူလတန်းကတည်းက တွဲဖက်ဘယ်လိုရှာရမလဲသိပြီး ဒီလို လူသား အဖိုးတန်လေးကို ရှာတွေ့တယ်... ငါမင်းကို တကယ်ကို မနာလိုဘူး... မင်းက အမြင်တော့ အတော်ကောင်းသားပဲ..."


လင်းလော့ချင်း : "..."


လင်းလော့ချင်းက ထရပ်ကာ လသာဆောင်သို့ လျှောက်သွားလိုက်သည်။ 


"မင်းဘာလုပ်နေတာလဲ..."

ကျိယွီရှောင်က မေးလိုက်လေသည်။ 


"ငါ ပြတင်းပေါက် ပိတ်မလို့ပါ... မင်းက ကိုယ့်ကိုယ်ကို အရမ်းမြှောက်နေတော့ သဲမုန်တိုင်းထဲ ပါသွားမှာစိုးလို့..."


ကျိယွီရှောင်က ရယ်လိုက်သည်။ 

"အဲ့ဒါက မိုးကြီးနေတာလဲ ဖြစ်နိုင်တာပဲ..."


လင်းလော့ချင်းက သူ့ကို လှည့်ကြည့်လိုက်သည်။

"အဲ့ဒါဆိုရင် မင်းက ပြန်ရဖို့အတွက် ဘာမှကို တိတ်တိတ်လေးတောင်းမနေဘူးဆိုတာ ငါသိပါတယ်..."


"ဟုတ်တယ်လေ... ငါက အရှေ့ဘက်က နေထွက်ပြီး အနောက်ဘက်မှာ မိုးရွာတာကို ပိုကြိုက်နေနိုင်တာပဲ... ဘာနေရောင်ခြည်မှ မရှိပေမဲ့ ကြည်လင်နေတာမျိုးလေ..." (စာရေးသူရဲ့ သူတို့အချစ်အပေါ် တမ်းတမှုကို သွယ်ဝိုက်ညွှန်ဆိုသော ကဗျာတစ်ပုဒ်ပါ။)


သူက ထပ်မံလျှောက်လာပြန်သည်။ သူထိုင်ခါနီးတွင် ဖုန်းမြည်လာသည်ကို ကြားလိုက်ပေသည်။ 


သူက အဖေလင်းဟုထင်ကာ ချက်ချင်းပင် ဖုန်းကို ထုတ်လိုက်လေသည်။ ထို့နောက် သူကြည့်လိုက်ရာ ၄င်းမှာ အမှန်တကယ်တွင် ဝူရှင်းယွမ်မှပို့လာခြင်းဖြစ်သည်။


[မကြာခင်မှာ မြို့ထဲမှာ ကြေညာမဲ့ ဒရမ်မာတစ်ခုရှိတယ်... အဲ့ဒါက ပညာရှင်တစ်ယောက်ရဲ့လက်ရာတစ်ခုကနေ အခြေခံထားပြီးတော့ မူရင်းက အရမ်း နာမည်ကြီးတယ်... သူတို့က လက်ရှိမှာ တတိယ ခေါင်းဆောင်မင်းသားလိုနေတာ... မင်းစိတ်ဝင်စားလား... မင်း အီးမေးကို ဇာတ်ညွှန်ပို့ထားတယ်...]


[ကောင်းပြီ...]

လင်းလော့ချင်းက စာပြန်လိုက်သည်။


[ငါတစ်ချက်ကြည့်လိုက်မယ်...]


သူက အီးမေးအဝင်ကို ဖွင့်ကာ ဇာတ်ညွှန်းကို ဒေါင်းလုတ်ဆွဲလိုက်သည်။ 


"ငါ မင်းစာကြည့်ခန်းထဲက ပရင့်တာကို သုံးလို့ရမလား..."

လင်းလော့ချင်းက ကျိယွီရှောင်ကို မေးလိုက်သည်။ 


ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။

"မင်းဘယ်လိုသုံးရမလဲ သိလား... ငါကူပေးရဦးမလား..."


"ကူပေးလေ..."

လင်းလော့ချင်းက မငြင်းဆန်ပါပေ။ 


သူက ကျိယွီရှောင်ကို စာကြည့်ခန်းထဲသို့ တွန်းသွားကာ အီးမေးကို ကျိယွီရှောင်ဆီသို့ ပြန်ပို့လို

က်သည်။


ကျိယွီရှောင်က အီမေးထဲမှ စာဖိုင်ကိုကြည့်လိုက်ကာ အံ့ဩသွားလေသည်။ 

"မင်းက အရမ်းမြန်မြန်ကြီး ရုပ်ရှင်ရိုက်တော့မှာလား...."


"မဖြစ်မနေကြီးတော့ မဟုတ်ပါဘူး... ဝူကောက အရင်ဆုံး ကြည့်လိုက်ဦးတဲ့... ငါ အဲ့ဒါကို ကြိုက်မှ နောက်ဆက်တွဲတွေ ဆက်ပြောမှာ..."


ကျိယွီရှောင်က ခေါင်းညိတ်ကာ ချီးကျူးစကားအနည်းငယ်ဆိုလိုက်လေသည်။