(4)
Viewers 37k

ကောင်းထျန်းချန်တစ်ယောက် ရုတ်တရက်ကြီး သူ့ကိုဘာကြောင့်လာထိလဲ မုကျင်မသိဘူး။ သိတာတစ်ခုပဲရှိတယ်။ လက်ချောင်းတွေနဲ့လာထိခံလိုက်ရတဲ့နေရာက မီးဟပ်ခံရသလိုပူလာပြီး သူ့နှလုံးကလည်း ရင်ဘတ်အပြင်ကိုခုန်ထွက်တော့မတတ် မြန်မြန်လာတာကိုပဲ ခံစားမိတော့တယ်။

ကပွဲခန်းမကြီးမှာ ခရစ်စတယ်မီးဆိုင်းတွေအပြည့်ချိတ်ဆွဲထားပါတယ်။ ခရစ်စတယ်တွေကိုဖြတ်ပြီးထွက်လာတဲ့ တဖြတ်ဖြတ်မီးရောင်တွေကတော့ မုကျင်ကိုမူးဝေလာစေခဲ့တယ်။ သ့ူရဲ့ အရက်သောက်နိုင်စွမ်းက မကောင်းပါဘူး။ ဒါပေမယ့် လေးငါးငုံလောက်နဲ့ မူးသွားလိမ့်မယ်လို့တော့ မထင်လိုက်မိဘူး။

အနည်းငယ်နုံးချိနေတဲ့ ကိုယ်ခန္ဓာကိုထိန်းချုပ်ရင်း မုကျင်က သူ့အမေရှိရာဆီလျှောက်လာခဲ့တယ်။ နောက်ပြီး မူးနေလို့ အခန်းပြန်နားချင်တယ်လို့ပြောလိုက်တယ်။ မုသခင်မလည်း သူမသားရဲ့ အာရုံစူးစိုက်မှုမရှိ ပင်ပန်းနွယ်နယ်နေတဲ့ပုံကိုမြင်တယ်။ သူမက အမူးပြေဟင်းရည်တစ်ခွက်ချက်ပြီး သူမသားကို အပေါ်တက်အနားမယူခင် တစ်ခွက်သောက်စေလိုက်တယ်။

စားပွဲပေါ်မှတင်ထားတဲ့ခွက်အလွတ်လေးကို မုသခင်မ ကြည့်နေခဲ့ပါတယ်။ ခွက်အောက်ခြေမှာက အရောင်ဖျော့ဖျော့ဟင်းရည်လက်ကျန်အနည်းငယ် ရှိသေးတယ်။ မုသခင်မရဲ့လက်တွေက တဆတ်ဆတ်တုန်နေတယ်။ သူမက တဆတ်ဆတ်တုန်နေတဲ့လက်တွေနဲ့ စကပ်စကို ဆွဲဆုပ်ထားတယ်။ နူးညံ့ပြီးပြန့်ကားနေတဲ့စကပ်သားလည်း တွန့်ကျေလို့။ သူမ အလောင်းအစားတစ်ခုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကံတရားရဲ့အဆုံးဖြတ်ပါပဲ။

မုကျင်က လျှောက်လမ်းကိုဖြတ် အမြန်လျှောက်လာခဲ့ပြီး သူ့အခန်းထဲဝင်လာခဲ့တယ်။ တံခါးကိုပိတ်လိုက်ပြီးမှာတော့ သူ့အားအင်တွေကုန်ဆုံးသွားခဲ့ပါတယ်။ သူက ကြီးမားတဲ့အိပ်ရာပေါ်မှာ ပျင်းရိပျင်းတွဲလှဲချလိုက်ပြီး လေးလံနေတဲ့ခေါင်းကိုတော့ နူးညံ့တဲ့အိပ်ရာခင်းထဲမှာနှစ်ထားတယ်။

အိပ်ရာပေါ်မှာတင်ထားတဲ့ တယ်ဒီရုပ်လေးကတော့ အခန်းပိုင်ရှင်ရဲ့ ဖြူစင်မှုတွေနဲ့အထီးကျန်မှုတွေကိုဖော်ပြနေတယ်။ နှစ်တွေအများကြီးကြာခဲ့တာတောင် သူ့အကျင့်တွေကို မပြောင်းလဲနိုင်သေးဘူး။ လက်ထဲမှာ တစ်စုံတစ်ခုကိုကိုင်မထားဘဲနဲ့ သူအိပ်မပျော်နိုင်ဘူး။ ကလေးဆန်လို့ ပြောချင်လည်းပြောကြပါစေ။ မုကျင်က ခပ်လှောင်လှောင်တွေးနေမိတယ်။

ဘာကြောင့်မှန်းမသိ သူ့ခန္ဓာကိုယ်က အနည်းငယ်ထူးဆန်းနေတယ်လို့ မုကျင်ကခံစားနေရတယ်။ ဘယ်တုန်းကမှ မခံစားဖူးတဲ့အပူတစ်မျိုးက သူ့ကိုယ်ခန္ဓာကို ရစ်ပတ်လွှမ်းခြုံထားသလိုပဲ။ နောက်ပြီး တဖြည်းဖြည်းနဲ့ပိုပိုဆိုးလာတယ်။ အပူချိန်က မြင့်တက်သထက် မြင့်တက်လာပြီး ကိုယ်ခန္ဓာထဲမှာရှိတဲ့သွေးတွေလောင်ကျွမ်းနေတာ လူကိုယ်တိုင် ပြာကျသွားတော့မတတ်ပဲ။

သူ အများကြီးသောက်လိုက်မိလို့လား? ဝိုင်ရဲ့ အယ်ကိုဟောပါဝင်နှုန်းက များနေလို့လား? မုကျင်ရဲ့အတွေးတွေ ယောက်ယက်ခတ်နေခဲ့တယ်။ သူ အသက်ရှုလိုက်တိုင်းမှာလည်း သူ့ခန္ဓာကိုယ်ထဲကအပူတွေက တစ်ဒီဂရီနှုန်းနဲ့ ပိုတက်လာနေတယ်။  

ဒါတွေက ကောင်းထျန်းချန် အခန်းထဲဝင်လာပြီး မုကျင်ကိုလာရှာသည့်တိုင်အောင် ဖြစ်ပျက်နေခဲ့တာပါ။ မုကျင်တစ်ကိုယ်လုံး သွေးပူပူတွေနဲ့လောင်မြိုက်နေခဲ့ပြီး ချွေးစေးအေးအေးတွေနဲ့ ရွှဲနစ်နေခဲ့တယ်။ စိတ်တွေက ပုံမှန်မဟုတ်ဘဲ အသက်ရှုသံတွေလည်း ပြတ်တောင်းနေခဲ့ကာ ကမ်းခြေမှာတင်ကျန်ရစ်နေတဲ့ ငါးကလေးတစ်ကောင်လို ဖြတ်ဖြတ်လူးနေခဲ့တယ်။ ဈေးကြီးတဲ့အနောက်တိုင်းဝတ်စုံက ပွင့်ဟနေခဲ့ပြီး လည်စီးကလည်း ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေတယ်။ မုကျင်ရဲ့ ပိန်ပါးပြီးဖြူဖွေးတဲ့အသားအရေကို တစ်စွန်းတစ်စဖော်ပြနေပါတယ်။

“ရှောင်ကျင်! ရုတ်တရက်ကြီး ဘာလို့ heat ဝင်နေရတာလဲ?!” ကောင်းထျန်းချန်က ဒီလိုအခြေအနေမျိုး ဘယ်တုန်းကမှ မကြုံတွေ့ဖူးဘူး။ heat ဝင်နေတဲ့ အိုမီဂါတစ်ယောက်ရဲ့မွှေးရနံ့တွေက ထူပိန်းပြင်းရှလွန်းတယ်။ သူက ရုန်းကန်နေတဲ့ မုကျင်ကို အိပ်ရာပေါ်တွန်းတင်ပြီး အပြင်ထွက်ကာ ထိန်းချုပ်ဆေးသွားဝယ်ဖို့ ကြံပါတယ်။ 

“ထျန်းချန်… ငါ… ငါ.. နေလို့မကောင်းဘူး… ငါ့ကိုကယ်ပါ….” မုကျင်က လိင်စိတ်ဆန္ဒတွေ အပြည့်အဝဖုံးလွှမ်းခံနေရပြီဖြစ်ပါတယ်။ ချာချာလည်နေတဲ့စိတ်က အကျိုးသင့်အကြောင်းသင့် မစဉ်းစားနိုင်တော့ဘူး။ သူသိတာက.. သူအခု အရမ်းခံစားနေရတယ်၊ သက်တောင့်သက်သာမရှိဘူး၊ သူ့ခန္ဓာကိုယ်ထဲကအပူတွေကို ဖယ်ရှားပစ်ချင်တာပဲ သိတော့တယ်။ သူ ကောင်းထျန်းချန်ကိုပေးမသွားဘူး။ ထွက်သွားဖို့ပြင်နေတဲ့လူကို လှမ်းဆွဲလိုက်တယ်။ မျက်စိရှေ့မှာရှိနေတဲ့ အယ်လ်ဖာက သူ့အတွက် တစ်ခုတည်းသောဖြေဆေးလိုပေါ့။

အိုမီဂါတစ်ယောက်ရဲ့ ဆာလောင်နေတဲ့တောင်းဆိုချက်တွေက အရွယ်ရောက်အယ်လ်ဖာတစ်ယောက်ဖြစ်တဲ့ ကောင်းထျန်းချန်ရဲ့ဦးနှောက်ထဲကို ချက်ချင်းဆိုသလို ဝင်ရောက်သွားခဲ့ပြီး သူ့ဦးရေခွံတစ်ခုလုံးထုံထိုင်းသွားခဲ့ကာ နေရာမှာ ထိန်းချုပ်နိုင်စွမ်းအားတွေပျက်ပြယ်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသိနေခဲ့ပါတယ်။ သူ မုကျင်ကိုထိလို့မရဘူး။ သူနဲ့မုကျင်က ချစ်သူတွေမဟုတ်ဘူး။ သူ့စိတ်တွေလွတ်သွားခဲ့ရင် နှစ်ယောက်စလုံးအတွက်မကောင်းဘူး။ ထိန်းချုပ်ဆေး ရှာကိုရှာမှဖြစ်မှာပါ။

“ရှောင်ကျင်… သည်းခံလိုက်ဦး၊ ငါ ထိန်းချုပ်ဆေးဝယ်လာခဲ့မယ်၊ မင်းနေကောင်းသွားမှာ” ကောင်းထျန်းချန်က သူ့ကိုဆွဲထားတဲ့လက်တွေကိုဖြည်ချပြီး ထထွက်သွားဖို့လုပ်ပါတယ်။ ဒါပေမယ့် မုကျင်က သူ့ကို နောက်တစ်ကြိမ် အိပ်ရာပေါ်ပြန်ဆွဲချလိုက်ပြန်တယ်။ လိင်စိတ်ထကြွချိန်ရောက်နေတဲ့ အိုမီဂါတစ်ယောက်ရဲ့ခွန်အားက သိပ်ကိုကြီးတယ်။ မုကျင်က ကောင်းထျန်းချန်ကို သူ့ဆီဆွဲချလိုက်ပါတယ်။

စိတ်ဆန္ဒတွေ လွှမ်းခြုံခံထားရတဲ့အိုမီဂါ၊ လိင်စိတ်ထကြွချိန်ရောက်နေတဲ့ အိုမီဂါက သူ့မျက်လုံးတွေ ရဲရဲနီလာတဲ့အထိ အသိစိတ်ပျောက်နေခဲ့ပါပြီ။ သူ ဘာမှ ထပ်မစဉ်းစားနိုင်တော့ပါဘူး။ သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေတစ်ခုချင်းစီက အယ်လ်ဖာတစ်ယောက်ရဲ့ဂရုစိုက်မှုကို လိုအပ်နေပြီ။ သူက ဒီအရပ်ရှည်တဲ့အယ်လ်ဖာပေါ်ကို တက်ခွလိုက်ပြီး သေးသွယ်တဲ့လက်မောင်းလေးက ဘယ်ကလာမှန်းမသိတဲ့ခွန်အားတွေနဲ့ အယ်လ်ဖာကိုဖက်ထားခဲ့ပါတယ်။ နောက်တော့ မွှေးရနံ့တွေကို စိတ်ရှိသလို ထုတ်ပါတော့တယ်။ 

မွှေးရနံ့တွေရောယှက်နေခဲ့တဲ့ အိုမီဂါရဲ့အာသာဆန္ဒတွေက ကောင်းထျန်းချန်ရဲ့ယဲ့ယဲ့ကလေးဖြစ်နေတဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေကို တိုက်စားသွားခဲ့တယ်။ သူက အနီးကပ်ဆုံးမှာရှိနေတဲ့ သူ့ချစ်သူနဲ့တူလွန်းလှတဲ့ မျက်နှာလေးကို ကြည့်နေမိပါတယ်။ ဦးနှောက်ထဲက နောက်ဆုံးသောကြိုးမျှင်လေးကတော့ ပြတ်သွားခဲ့ပြီပေါ့။ သူက သူ့ကိုယ်ပေါ်ရောက်နေတဲ့အိုမီဂါကို ဆွဲပွေ့လိုက်ပြီး သူ့အောက်မှာဖိထားလိုက်တယ်။

နှစ်ယောက်သားရဲ့ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေကတော့ ရမက်ဆန္ဒအောက်မှာ ပြားပြားဝပ်သွားခဲ့ရပါပြီ။ သူ့တို့ကိုယ်ပေါ်က အင်္ကျီတွေလည်း ကတိုက်တရိုက်လွင့်ကျကုန်တယ်။ မုကျင်က ပြောမပြဝံ့လောက်အောင် ရှက်စရာကောင်းတဲ့ ခံစားချက်တစ်ခုကြောင့် တစစ်စစ်ခံစားနေရပါတယ်။ ပူနွေးတဲ့စီးကြောင်းတစ်ခုက သူ့အနောက်ဖက်ကနေ တဖြည်းဖြည်းစီးကျလာခဲ့ပြီး ခြေထောက်တွေကဆင့် အိပ်ရာခင်းပေါ်ကို စွန်းထင်းသွားခဲ့တယ်။ သူ့သွေးတွေက ဆူပွက်နေပြီး သူ့ရင်ဘတ်က လှိုင်းပမာမို့မောက်တွန့်ခုံးနေခဲ့တယ်။

ကောင်းထျန်းချန်က တစ်ဖက်လူရဲ့နူးညံ့ချောမွေ့နေတဲ့အရေပြားပေါ်မှာ ပွတ်သပ်နှိပ်နယ်နေပါတယ်။ သူ့လက်တွေက တစ်ဖက်လူရဲ့အထိမခံနိုင်တဲ့နေရာတွေကို မခံနိုင်အောင် နှောင့်ယှက်ကျီစားနေခဲ့တယ်။ ဆူဖြိုးနေတဲ့ပန်းရောင်နို့သီးခေါင်းတွေ၊ နောက်တော့ ပိန်သွယ်တဲ့ခါးကျဉ်ကျဉ်လေးကနေ ခြေထောက်တွေကြားတိုင်အောင်ပဲ။ အဲဒိနေရာမှာတော့ မုကျင်ရဲ့ အရေပြားနဲ့လိုက်ဖက်လွန်းလှတဲ့ အညိုဖျော့ရောင်အမွှေးနုလေးတွေရယ်၊ ထောင်မတ်နေပြီဖြစ်တဲ့ အတွေ့အကြုံမရှိအစိတ်အပိုင်းတစ်ခုရယ် ရှိတယ်။ အဲဒိအရာက ပန်းရောင်ဖျော့ဖျော့သန်းနေတာ နူးညံ့ပြီး ချစ်စရာကောင်းတယ်။

ကောင်းထျန်းချန်က အဲဒိအရာကို ဖွဖွလေးဆွဲဆုပ်လိုက်ပြီး အထိမခံနိုင်တဲ့ရှေ့ဖက်ထိပ်ဖျားကို လက်မနဲ့ ရံဖန်ရံခါ သွားသွားထိတယ်။ မုကျင်ရဲ့ ညီးညူသံတိုးတိုးလေးလည်းထွက်လာတယ်။ ပင့်သက်ရှိုက်သံနဲ့အတူ တစ်ကိုယ်လုံးတုန်ယင်ပြီး မုကျင်က နောက်ကျိကျိအရည်တစ်ချို့ကိုထုတ်လွှတ်ပါတယ်။ သူ့မျက်ဝန်းတွေ သူ့ဆီရောက်လာတယ်။

“ထျန်းချန်… ငါ မရတော့ဘူး… ဝင်တော့…” အရှေ့ဖက်ကထုတ်ပြီးချိန်မှာ အနောက်ဖက်အဝက ယားယံပြီး အားမလိုအားမရတောင်းဆိုလာခဲ့တယ်။ မုကျင်က သူ့လက်တွေနဲ့ စိတ်မရှည်နိုင်ဖက်ကာဆွဲထားခဲ့ပါတယ်။ ပိန်ပါးသွယ်လျတဲ့ခြေထောက်နှစ်ချောင်းကတော့ အပေါ်ကိုမြှောက်တက်နေပြီး တစ်ဖက်လူရဲ့သန်မာတဲ့ခါးပိုင်းမှာ ချိတ်ထားတယ်။ 

အစောကြီးကတည်းက ဆင်ခြင်တုံတရားပျောက်ဆုံးနေပြီးဖြစ်တဲ့ သွေးနွေးသတ္တဝါ အယ်လ်ဖာကတော့ သူ့ကိုယ်အောက်ကလူရဲ့ ဖျားယောင်းသွေးဆောင်ခြင်းတွေကိုခံနေရတယ်။ သူက အဲဒိလူစွန့်ထုတ်ထားခဲ့တဲ့ နောက်ကျိကျိအရည်တွေကို တင်းကျပ်ကျပ်အဝလေးကနေ ပွတ်သုတ်ဖယ်ရှားလိုက်တယ်။ နောက်တော့ အဆင်သင့်မဖြစ်သေးတဲ့အနောက်ဖက်အဝလေးကို ချဲ့ထွင်ဖို့ သူ့လက်ချောင်းနှစ်ချောင်းကို ထည့်လိုက်ပါတယ်။ သူ့အောက်ကလူက ပင့်သက်ကိုရှိုက်တယ်။ သူ့ရဲ့မျက်လုံးတွေက နီရဲပြီးစိုစွတ်နေပါတယ်။

သူက သူ့ကိုယ်ထဲကိုဝင်ရောက်လာပြီး နာကျင်မှုတွေကိုပါ တပါတည်းခေါ်ဆောင်လာခဲ့တယ်။ အိုမီဂါတွေက လိင်စိတ်ထကြွချိန်မှာ သာမန်ထက်ပိုပြီး အဆင်သင့်ဖြစ်နေပေမယ့်လည်း ကောင်းထျန်းချန်ရဲ့အရာကတော့ သူ့လက်ချောင်းတွေထက် အများကြီးပိုကြီးပါတယ်။ ဓါးထက်ထက်တစ်ချောင်း သူ့ကိုယ်ထဲထိုးခွဲနေသလို မုကျင်ကခံစားနေရတယ်။ သူ့ဝမ်းဗိုက်ကိုတောင် ဖြတ်ထွက်သွားမလားပဲ။

ကြီးမားတဲ့အရာကြီးက သူ့ကိုယ်ထဲ တဆုံးနစ်မြုပ်သွားခဲ့ပြီး တိကျတဲ့နေရာတစ်ခုကိုရောက်လာချိန်မှာ မုကျင်ရဲ့တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပါတယ်။ တင်းကျပ်တဲ့အတွင်းက သူ့ရဲ့အရာကို အားနဲ့မာန်နဲ့ဆုပ်ယူပြီး ကျေနပ်မှုအထွတ်အထိပ်ရောက်သွားစေတယ်။

ကောင်းထျန်းချန်က သူ့ခါးမှာချိတ်ထားတဲ့ခြေထောက်တွေကို ဆွဲယူပြီး ခပ်ကြမ်းကြမ်းအဝင်အထွက်လုပ်နေတယ်။ သူ့အရာက အထဲမှာဆွဲဆုပ်ယူခံထားရလို့ အကြိမ်တိုင်းမှာ ခပ်နက်နက်လေး ဖိသွင်းနေပါတယ်။ နှစ်ယောက်သားက အကြားအလပ်မရှိ လေပြည်သွေးလို့တောင်မဝေးပါဘူး။

“အာ.. အာ…” တစ်ဝက်တစ်ပျက်ညီးညူသံတွေရယ်… မုကျင်က သူ့ကိုယ်သူ ပင်လယ်လှိုင်းလုံးကြား လှေလေးလူးလွန့်နေသလို ခံစားနေရတယ်။ နောက်တစ်ခဏမှာပဲ ကြီးမားတဲ့လှိုင်းလုံးကြီးရဲ့ ဝါးမြိုခြင်းကိုခံရတော့မလိုပေါ့။ 

သူ့ကိုယ်ထဲနစ်ဝင်နေတဲ့အရာကြီး တဖြည်းဖြည်းကြီးလာတာကိုလည်းခံစားနေရတယ်၊ အားအင်အပြည့်ဝင်ထွက်နေတာကိုလည်း သိနေတယ်။ သူ့စိတ်တွေလည်း အာသာဆန္ဒအောက်နစ်မြှပ်နေခဲ့ပြီး စေ့ဆော်မှုတစ်ခုကတည်း ရုန်းကန်ထွက်လာတယ်။ သူက တစ်ဖက်လူရဲ့လည်ပင်းမှာချိတ်ထားတဲ့ သူ့လက်မောင်းတွေကို ရုတ်တရက်တင်းကျပ်လိုက်ပြီး တစ်ဖက်လူရဲ့နားဘေးမှာ ပူနွေးနွေးလေငွေ့တစ်ချို့မှုတ်ထုတ်လိုက်ပါတယ်။

“ထျန်းချန်… ငါ့ကိုအမှတ်အသားပေးပါ…” သူ့နှလုံးသားထဲ (၁၁)နှစ်ကြာမြှပ်နှံထားခဲ့တဲ့ အချစ်နဲ့လိုချင်တပ်မက်မှုတွေက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေပျောက်ဆုံးပြီးနောက်ဆုံးမှာ ပွင့်ဟထွက်လာခဲ့တယ်။

ကောင်းထျန်းချန်က ဒီအသံလေးကိုကြားပါတယ်။ သူက အောက်ကလူရဲ့မျက်နှာလေးက မမှိတ်မသုန်စိုက်ကြည့်နေခဲ့တယ်။ သူ့မှတ်ဉာဏ်တွေထဲက လူရဲ့မျက်နှာနဲ့ တစ်ထပ်တည်းကျတဲ့မျက်နှာလေး။ ဒီလူက သူ့အတွက်အရမ်းအရေးပါတဲ့လူပဲ ဖြစ်ရမယ်။ ကောင်းထျန်းချန်က သူ့အောက်ကလူရဲ့ ဖြူသွယ်သွယ်လည်ပင်းလေးကို အနမ်းပေးလိုက်တယ်။ တစ်ဖက်လူကိုယ်ထဲဝင်နေတဲ့သူ့အရာက အမြင့်ဆုံးထိ ထောင်မတ်လာခဲ့ချိန်မှာ သူကတော့ အဲဒိလူရဲ့ကုတ်ပိုးတစ်နေရာကို ကိုက်ချလိုက်တယ်။ အချစ်ရည်တွေက ပန်းထွက်လာပြီးနောက်မှာတော့ အိုမီဂါရဲ့ကိုယ်ထဲ မွှေးရနံ့တွေစွဲထင်ကျန်ရစ်ခဲ့ပါတယ်။

…………..