(5)
Viewers 36k

မုကျင်ရဲ့ သွေးသားဆန္ဒတောင့်တတဲ့အချိန်အခါက ရုတ်တရက်ဆန်စွာနဲ့ ထူးထူးဆန်းဆန်းရောက်ရှိလာခဲ့တယ်။ ဒီနေ့မှာတော့ အရွယ်ရောက်အခမ်းအနားပြီးဆုံးလို့ သုံးရက်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီသုံးရက်လုံးမှာလည်း သူတို့နှစ်ယောက်လုံး ဘယ်သူမှ မုကျင်ရဲ့အခန်းထဲက မထွက်ခဲ့ကြပါဘူး။

Heat ဝင်နေတဲ့အိုမီဂါတစ်ယောက်ဟာ အယ်လ်ဖာတစ်ယောက်ရဲ့ ကြင်နာစွာထွေးပိုက်ခြင်းကို ခံယူလိုပါလိမ့်မယ်။ သူ့ရဲ့ကိုယ်ခန္ဓာက ခြောက်သွေ့နေတဲ့မြက်ပင်တွေလို ပန်းဝတ်မှုန်နဲ့မိုးစက်တွေကို ဆာလောင်နေခဲ့တယ်။ အယ်လ်ဖာကလည်း အင်အားပြင်းမွှေးရနံ့တွေရဲ့ဆွဲဆောင်မှုကြောင့် အားအင်အပြည့်ဖြစ်နေပါတယ်။ သူက အိုမီဂါကို သူ့ကိုယ်အောက်မှာဖိထားပြီး ကိုယ်ကျင့်သိက္ခာကင်းမဲ့စွာ ရယူတယ်။ သူတို့တွေက နေ့နေ့ညညဖက်တွယ်နေခဲ့တယ်။  

သုံးရက်ကြာပြီးနောက်မှာတော့ နွေးထွေးတဲ့မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကိုဖြတ်သန်းပြီး အိမ်ထဲကိုဝင်လာပါတယ်။ အပြင်က သစ်ပင်သစ်ကိုင်းတွေရဲ့အရိပ်ကလည်း ကြမ်းပြင်ပေါ်မှာ တဖြတ်ဖြတ်လွန့်မြူးနေခဲ့တယ်။

ကောင်းထျန်းချန်က မောမောပန်းပန်းနဲ့ မျက်လုံးတွေကိုဖွင့်လိုက်တယ်။ သူ့ခေါင်းက ချာချာလည်နေပြီး သူ့အတွေးတွေကိုလည်း ရှင်းရှင်းလင်းလင်းပုံမဖော်နိုင်သေးဘူး။ ကြည့်ရတာ အားအင်ကုန်ခမ်းနေသလိုမျိုးပဲ။ သူ့ခန္ဓာကိုယ်ကလည်း တစ်နည်းနည်းနဲ့ မောပန်းနွမ်းနယ်နေတယ်။ သူက ခေါင်းကိုနှိပ်နယ်လိုက်ပြီး အတွေးတွေထဲနစ်မြှပ်နေတုန်းပဲ။ ဒါပေမယ့် သူ့ဘေးမှာနောက်ထပ်လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။

သူ့ကိုယ်ပေါ်ကအနီဖျော့ဖျော့အစင်းရာတွေနဲ့ယှဉ်ရင် မုကျင်ရဲ့အဖြူရောင်အသားအရေပေါ်မှာက သိသာလွန်းတဲ့ ဒဏ်ရာအမှတ်နီနီတွေရှိတယ်။ စောင်နဲ့ရစ်ပတ်ထားတဲ့ ပေါင်အတွင်းသားတွေမှာလည်း ခရမ်းပြာရောင်အတွင်းကြေဒဏ်ရာတွေ ရှိလိမ့်ဦးမယ်လို့ထင်ရတယ်။ သူ့ကိုကြည့်ရတာ တုတ်တုတ်တောင်လှုပ်နိုင်ပုံမရဘူး။ မုကျင်က ကုတင်တစ်ဖက်မှာ ငြိမ်သက်စွာလှဲလျောင်းလို့ အသက်ရှုသံမှန်မှန်နဲ့ ကောင်းကောင်းအိပ်မောကျနေပါတယ်။

ရှုပ်ပွနေတဲ့အင်္ကျီတွေက ဟိုတစ်စသည်တစ်စ ကြမ်းပြင်ပေါ်မှာ။ အခန်းထဲကလေထုထဲမှာတော့ ရမက်ဆန်တဲ့အချစ်တွေရဲ့ သက်သေအကြွင်းအကျန်တွေ ဖျော့တော့တော့လေးကျန်သေးတယ်။ မရေရာမသေချာတဲ့ ခြေရာလက်ရာတွေကလည်း အိပ်ရာခင်းအနှံ့မှာ စွန်းပေပြန့်ကျဲနေတယ်။ သူ့ဘေးနားကလူရဲ့ကုတ်ပိုးပေါ်က သိသာထင်ရှားတဲ့သွားကိုက်ရာကြီးကတော့ ငြင်းမရတဲ့အချက်တစ်ချက်ကို ဖော်ပြနေခဲ့ပါတယ်။

သူ မုကျင်ကို အမှတ်အသားပေးခဲ့တယ်။

ကောင်းထျန်းချန်က မကြုံစဖူးတုန်လှုပ်သွားခဲ့ရတယ်။ သူ့ဘဝမှာ ဘာအကြောင်းကြောင်းနဲ့မှ အထိတ်တလန့်မဖြစ်ခဲ့ဖူးဘူး။ သူက အတော်ကြာတဲ့အထိ ဘာတွေဖြစ်ကုန်မှန်းမသိသေးဘူး။ သူ မှတ်ဉာဏ်ထဲ ဝိုးတဝါးသတိရတာက မုသခင်မတောင်းဆိုလို့ အခန်းထဲမှာ မုကျင်ကိုလာကြည့်တယ်။ နောက်တော့ မုကျင် heat ဝင်နေတာကိုတွေ့လိုက်တယ်။ နောက်တော့…

သူ မုကျင်နဲ့အိပ်လိုက်ပြီး အမှတ်အသားတောင်ပေးလိုက်သေးတယ်။

မုကျင်က သူ့မျက်စိရှေ့မှာ ကြီးပြင်းလာခဲ့တာ။ အားနည်းပြီး ပိန်ပါးတဲ့ဒီလူက မုကျယ်ထက်တောင် အရပ်လေးမဆိုသလောက်ပုသေးတယ်။ ကိုယ်ခန္ဓာကလည်း မုကျယ်ထက် သေးငယ်တယ်။ ကောင်းထျန်းချန်က မုကျင်ကို ညီငယ်လေးလိုသဘောထားပြီး အမြဲတမ်းစောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ်။

မုကျယ်အသက်ရှိစဉ်တုန်းကတော့ ဒီဘဝမှာ မုကျယ်တစ်ယောက်တည်းကိုပဲ အမှတ်အသားပေးမှာလို့ သူဆုံးဖြတ်ခဲ့တယ်။ မုကျယ်ထွက်သွားတဲ့အခါမှာလည်း သူ့ဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှ အမှတ်အသားမပေးတော့ဘူးလို့ သန္နိဌာန်ချထားခဲ့တယ်။

ဒါပေမယ့် မမျှော်လင့်ခဲ့မိဘူး။ သူ့ချစ်သူထွက်သွားပြီးနှစ်နှစ်အကြာမှာ သူကတော့ တခြားတစ်ယောက်ကို အမှတ်အသားပြုခဲ့တယ်။ သူ့ချစ်သူရဲ့အစ်ကိုကြီးကိုလေ။

သူ့စိတ်ဆန္ဒအရမဟုတ်ခဲ့ပေမယ့်လည်း ချစ်သူကိုသစ္စာဖောက်မိတဲ့အပြစ်ကြီးက သူ့ဦးနှောက်ထဲဝင်လာတယ်။ ချွေးစေးတွေလည်း ခေါင်းစခြေဆုံးကျလာတယ်။ ကောင်းထျန်းချန်က ပျံ့ကျဲနေတဲ့အင်္ကျီတွေကို ဒယိမ်းဒယိုင်ကောက်လိုက်ပြီး ရှုပ်ပွနေတဲ့အခန်းထဲက တဟုန်ထိုးပြေးထွက်ခဲ့ပါတယ်။

ကောင်းထျန်းချန် မုကျင်ကိုအမှတ်အသားပြုခဲ့တဲ့အကြောင်းက နှစ်ဖက်မိဘတွေကို ဖုံးကွယ်ထားလို့ရတဲ့အရာ မဟုတ်ခဲ့ပါဘူး။ မိသားစုရဲ့တစ်ဦးတည်းသောအိုမီဂါက အမှတ်အသားပေးခံရပြီး မုအိမ်တော်ကလည်း ထူးထူးဆန်းဆန်း အကြောင်းရင်းကိုမမေးခဲ့ဘူး။ သူတို့က အံ့လည်းမအံ့သြဘူး၊ နည်းနည်းလေးမှ မခံမရပ်နိုင်လည်းမဖြစ်ကြဘူး။ ကောင်းမိသားစုဘက်ကိုသာ ဖြေရှင်းချက်တစ်ခုထုတ်ပေးဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာအသိအကျွမ်းတွေဖြစ်လာခဲ့ပြီး အခုတော့ ဆွေမျိုးတော်နိုင်ပြီဆိုပြီးတော့လေ။ 

ကောင်းသခင်ကြီးကတော့ ရိပ်မိပါတယ်။ သူ့သားက မုကျင်ကိုအမှတ်အသားပြုဖို့ စိတ်ဆန္ဒမရှိဘူး ဆိုတာကိုပေါ့။ အကြောင်းရင်းက အရက်သောက်ပြီး အသိစိတ်ပျောက်နေတုန်း မွှေးရနံ့တွေဆွဲဆောင်ခံလိုက်ရလို့ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားပြီး အမှားကြီးကြီးလုပ်မိတာဖြစ်ရမယ်ပေါ့။ 

မုမိသားစုနဲ့ သူ့မိသားစုက အရင်တုန်းက ဆွေမျိုးတော်ဖို့အစီစဉ်ရှိကြပေမယ့် မုကျယ်ရဲ့သေဆုံးမှုကြောင့် ပျက်စီးသွားခဲ့တယ်။ အခုတော့ သူ့သားက မုမိသားစုရဲ့တစ်ဦးတည်းသောအိုမီဂါ မုကျင်ကို အမှတ်အသားပေးလိုက်ပြန်ပြီ။ အခြေအနေတွေကိုကြည့်ရင်တော့ မိသားစုနှစ်ခုပေါင်းစပ်ရေးအစီအစဉ်က သေချာသွားပါပြီ။

ဒါပေမယ့် တစ်ဖက်မှာလည်း မုကျင်က သူ့သားကိုကြိုက်လိမ့်မယ်လို့ မထင်ဘူး။ ဒီကလေးက ငယ်ငယ်လေးကတည်းက လူတွေနဲ့ထိတွေ့ဆက်ဆံရမှာကို မနှစ်သက်ဘူး။ နားလည်ရခက်တဲ့ကောင်လေး..။ ပြီးတော့ သူ့သားကလည်း အဲဒိကောင်လေးကိုကြိုက်ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေးတယ်။ သူ့နှလုံးသားထဲမှာ မုကျယ်က ဘယ်လောက်တောင်အရေးပါတဲ့လူလဲ? အဖေတစ်ယောက်ဖြစ်တဲ့ ကောင်းသခင်ကြီးက ဒါတွေကို ရှင်းရှင်းလင်းလင်းသိပါတယ်။

သူကတော့ ကလေးနှစ်ယောက်ကို ပေါင်းဖက်စေတာဟာ ကောင်းမွန်တဲ့မင်္ဂလာပွဲတစ်ခု ဖြစ်လိမ့်မယ်လို့မထင်ဘူး။ သူ့သားကလည်း မချစ်မနှစ်သက်တဲ့အိုမီဂါတစ်ယောက်နဲ့ လက်ထပ်ပြီး ချစ်သူကိုသစ္စာဖောက်မိပါတယ်လို့ စိတ်ဆင်းရဲနေရပြီး တစ်သက်လုံးပျော်ရွှင်မှာမဟုတ်ဘူး။ ကောင်းသခင်ကြီးရဲ့နှလုံးသားက ဒီမင်္ဂလာပွဲအပေါ်မှာ လွန်ဆွဲနေခဲ့တယ်။

ဒါပေမယ့် သစ်ပင်က ခွဲခြမ်းစိတ်ဖြာပြီးလို့ လှေတောင်ဖြစ်သွားပြီ။ မုကျယ်သေဆုံးသွားပြီးတဲ့နောက် သူ့သားရဲ့စိတ်ဓါတ်ကျနေပုံတွေကိုလည်း မြင်တွေ့ခဲ့ပြီးပြီ။ အကယ်၍ မုကျင်နဲ့အတူရှိသွားရင်လည်း ဝေဒနာတွေကိုမေ့ပစ်ပြီး ဘဝသစ် စကောင်းစနိုင်လိမ့်မယ်လို့ ကောင်းသခင်ကြီးက ယူဆလိုက်ပါတယ်။

နောက်တစ်ခုရှိတာက တကယ်လို့ လက်ထပ်ပွဲကြောင့် မိသားစုနှစ်ခုပူးပေါင်းခဲ့ရင်လည်း မုမိသားစုရဲ့အမွေတွေက ကောင်းထျန်းချန်လက်ထဲ အလိုလျောက်ရောက်လာမှာဖြစ်တယ်။ ချမ်းသာတဲ့မုမိသားစုရဲ့လုပ်ငန်းတွေက စီးပွားရေးသမားတွေမျက်စိကျစရာ ရွှေပင်ငွေပင်ကြီးဖြစ်ပါတယ်။

အားနည်းချက်နဲ့ အားသာချက်တွေကို ချိန်ခွင်လျှာထဲထည့်ပြီးနောက်ဆုံးမှာတော့ ကောင်းသခင်ကြီးက မုအိမ်တော်ကို လက်ထပ်ပွဲကမ်းလှမ်းခဲ့သလို မုအိမ်တော်ကလည်း လက်ခံခဲ့ပါတယ်။

မချစ်သော်လည်း အောင့်ကာနမ်းပါ့မယ်။ တာဝန်တွေကြောင့်ဖြစ်တည်လာရတဲ့ အချစ်တွေလွှမ်းခြုံမနေတဲ့အိမ်ထောင်ရေးတစ်ခု… အစကတည်းကိုက မှားနေခဲ့တာပါ။

…………………..