(7)
Viewers 36k

ဆောင်းရာသီရောက်လာခဲ့ပြီး ပတ်ဝန်းကျင်တခွင်မှာ ရာသီဥတုက အေးစက်ပြီးညှို့မှိုင်းနေခဲ့တယ်။ ဒီနှစ်ရဲ့ ပထမဦးဆုံးနှင်းပွင့်တွေတောင်မှ ကျဆင်းနေခဲ့ပါပြီ။

ဝါဂွမ်းတွေလိုနှင်းတွေက ကောင်းကင်ကြီးပေါ်ကကျလာပြီး မြေပြင်ကိုအဖြူရောင်လွှမ်းသွားစေခဲ့တယ်။ နှင်းတွေတင်ကျန်ရစ်နေတဲ့သစ်ကိုင်းခက်တွေကိုတော့ လေတစ်ဝှေ့ကလာရောက်ကျီစယ်လို့ လှုပ်ခတ်သွားပြီးတဲ့နောက်မှာ နှင်းဖြူဖြူတွေလည်းပြုတ်ကျကျန်နေခဲ့ပါတယ်။

မုကျင်က နည်းနည်းလေးတောင် အိပ်လို့မပျော်ဘူး။ ညစာစားပြီးချိန်မှာ ဆိုဖာပေါ် စောင်ပါးလေးတစ်ထည်ကိုခြုံလို့ထိုင်နေပြီး စိတ်မပါလက်မပါ တီဗွီကြည့်နေခဲ့တယ်။

သူက အသံကိုအကျယ်ကြီးမြှင့်လိုက်တယ်။ တိတ်ဆိတ်နေတဲ့အခန်းထဲ တီဗွီကလာတဲ့ရယ်မောသံတွေနဲ့ ဆူညံသွားစေချင်လို့ပါ။ 

ဒီအိမ်မှာ လူနှစ်ယောက်ရှိပါတယ်။ အန်တီချန်ကတော့ ညစာစားပွဲကို သိမ်းဆည်းပြီးသွားလို့ သူ့အခန်းသူပြန်နားနေပြီ။ မုကျင်က တီဗီစကရင်ကို စိုက်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းထဲရောက်လား မရောက်လားတော့ ဘယ်သူသိနိုင်မှာလဲ။

သူ ကောင်းထျန်းချန်ကိုလက်ထပ်ခဲ့တာ တစ်လတိုင်ခဲ့ပါပြီ။ လက်ထပ်ပြီးတဲ့နောက်မှာ ကောင်းထျန်းချန် အိမ်ပြန်လာတဲ့ရက်တွေဆိုတာလည်း ရှားရှားပါးပါးလက်ချိုးရေလို့ရတယ်။ များသောအားဖြင့် သူက ကုမ်ပဏီ ဒါမှမဟုတ် ဟိုတယ်မှာပဲနေလေ့ရှိတယ်။

သူတို့ရဲ့မင်္ဂလာဦးညတုန်းကတောင် မုကျင်က စောင့်နေခဲ့ရသေးတယ်။ သူက သူတို့ရဲ့အိမ်အသစ်ဖြစ်တဲ့ ဒီဗီလာထဲမှာ ထိုင်စောင့်နေခဲ့ပြီး ကောင်းထျန်းချန်များ ဧည့်သည်တွေနဲ့အရက်သောက်လာမလားဆိုပြီး အမူးပြေဖို့ ဗီနီဂါနဲ့သကြားညို ရောကြိုထားခဲ့သေးတယ်။

သူက ဆိုဖာခုံပေါ်မှာထိုင်ပြီး ကောင်းထျန်းချန်ပြန်အလာကိုစောင့်နေခဲ့ပါတယ်။ ဒါပေမယ့် သူပြင်ဆင်ထားခဲ့တဲ့သကြားညိုအရည်တွေ အေးစက်ကုန်သည့်တိုင်အောင် သူ့သတို့သားဖြစ်သူကတော့ ပြန်မလာခဲ့ပါဘူး။ နောက်တော့မှ သူသိသွားခဲ့တယ်။ ကောင်းထျန်းချန်က အဲဒိညမှာ အမူးလွန်နေခဲ့တာတဲ့လေ။ အမူးလွန်ပြီး မုကျယ်ရဲ့အုတ်ဂူဘေးမှာ ဆောင်းတွင်းညတစ်ညလုံး တစ်ယောက်တည်းသွားထိုင်နေခဲ့တာဖြစ်ပါတယ်။

ကောင်းထျန်းချန်ရဲ့နှလုံးသားထဲ သူ့ညီလေး ဘယ်လောက်တောင်အရေးပါလဲ မုကျင်သိပါတယ်။ ဒါပေမယ့် သူလည်း ပျော်ရွှင်ဖို့အတွက် ကြိုးပမ်းချင်သေးတယ်။ သူ့မှာလည်း အချစ်တွေပေးအပ်ဖို့အခွင့်အရေး ရှိပါသေးတယ်။

သူက သူတတ်နိုင်တာလေးတွေနဲ့ အစွမ်းကုန်ကြိုးစားခဲ့တယ်။

ဆယ်ကျော်သက်တစ်ယောက်ဖြစ်တဲ့သူက ထမင်းဟင်းချက်မကျွမ်းကျင်ဘူး။ ဒါကြောင့် ကိုယ်ရောစိတ်ပါမြှပ်နှံပြီး အန်တီချန်ဆီက ဟင်းချက်နည်းတွေအများကြီးသင်ယူခဲ့တယ်။ သူ့ရဲ့ဟင်းချက်လက်ရာ ပိုပြီးအနုစိတ်ကျပြီးကောင်းမွန်လာတဲ့အချိန်မှာ သူ့လက်တွေမှာလည်း အမာရွတ်တွေနဲ့ပြည့်နှက်လာခဲ့တယ်။

နေ့တိုင်းနေ့တိုင်း ထမင်းစားပွဲပေါ်မှာ အရောင်အသွေးစုံတဲ့ ဟင်းသုံးမျိုးနဲ့ဟင်းရည်တစ်ခွက်ရှိတယ်။ ဟင်းတွေက မွှေးကြိုင်ပြီး အနံ့အရသာနဲ့ပြည့်စုံတယ်။ ဒါပေမယ့် အငွေ့တထောင်းထောင်းပူနွေးတဲ့ဟင်းတွေက အေးစက်ပြီးအနံ့အရသာတွေ ပျက်ပြယ်သွားချိန်မှာ ပျော်ရွှင်စရာတွေလည်းလျော့ပါးလို့ စိတ်ပျက်ခြင်းတွေသာ ကြီးစိုးကျန်ရှိခဲ့ပါတယ်။

သူမေးလိုက်တိုင်းမှာလည်း ကုမ်ပဏီအလုပ်တွေကြောင့် အိမ်ပြန်လာဖို့အချိန်မရှိဘူးလို့ပဲ ကောင်းထျန်းချန်က အမြဲပြောတယ်။

မုကျင်က အရူးတစ်ယောက်တော့မဟုတ်ခဲ့ဘူး။ အလုပ်ကိစ္စဆိုတာ အကြောင်းပြချက်သက်သက်မှန်း သိပါတယ်။ တကယ်တော့ ကောင်းထျန်းချန်က သူ့ကိုမျက်နှာချင်းမဆိုင်ချင်တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အနေရခက်တဲ့ပုံစံမျိုးမှာ ရှိနေခဲ့ကြတာကိုး။

သူက အရင်မုအိမ်တော်ကသူ့အခန်းထဲမှာရှိတဲ့ တယ်ဒီရုပ်ကြီးကို ယူလာခဲ့တယ်။ လက်ထပ်ပြီးသွားရင်တော့ ဒီအရုပ်ကြီးကို နောက်ထပ်မသုံးရလောက်တော့ဘူးလို့ ထင်ခဲ့ပေမယ့်လည်း ကလေးဘဝကနေ အခုထိ သူ့ဘေးနားမှာအဖော်ပြုပေးခဲ့တာဆိုလို့ ဒီအရုပ်တစ်ရုပ်ပဲရှိခဲ့တယ်။ 

အခန်းရဲ့အပူချိန်က အရမ်းကြီးမြင့်မနေဘူး။ အေးစိမ့်စိမ့်ဖြစ်နေတယ်။ မုကျင်က စောင်ကိုဆွဲလိုက်တော့ ဘေးနားကတယ်ဒီရုပ်ကြီးက သူ့မြင်ကွင်းထဲဝင်လာတယ်။ သူက ကလေးလေးတစ်ယောက်လို အရုပ်ကိုဖက်ထားခဲ့ပြီး စောင်ကိုတင်းတင်းဆွဲခြုံထားခဲ့ပါတယ်။

ဒီအချိန်မှာ အိမ်အပြင်ဘက်တရှဲရှဲမြည်နေတဲ့လေသံတွေထဲ ကားသံတစ်ချို့ပါ ရောယှက်လာခဲ့ပြီး ဆိုဖာပေါ်မှာထိုင်နေသူရဲ့နားစည်ထဲ မသဲမကွဲဝင်ရောက်လာခဲ့ပါတယ်။

မုကျင်က စောင်ကိုဖယ်ပြီး မတ်တပ်ထရပ်လိုက်တယ်။ ဖိနပ်ကိုတရွတ်တိုက်စီးလို့ တံခါးနားကိုပြေးချသွားခဲ့ပါတယ်။ ကြမ်းပြင်ပေါ်ပြုတ်ကျသွားတဲ့တယ်ဒီရုပ်လေးကိုတောင် ဂရုမစိုက်နိုင်အားပါဘူး။

သော့ဖွင့်သံထွက်လာပြီး တံခါးပွင့်သွားခဲ့ကာ လေအေးအေးအချို့ အိမ်ထဲဝင်လာတယ်။

ကောင်းထျန်းချန် အိမ်ပြန်လာတဲ့အချိန်မှာ ဆင်ဝင်အောက်မှာရပ်နေတဲ့မုကျင်ကိုမြင်တယ်။ မုကျင်ရဲ့မျက်ဝန်းတောက်တောက်လေးတွေက အနည်းငယ်တက်ကြွနေဟန်ရှိပါတယ်။ သူ့မျက်နှာလေးက ရွှန်းစိုလက်နေပြီး စီးထားတဲ့ခြေညှပ်ဖိနပ်ကတော့ ဘယ်ညာလွဲနေခဲ့ပါတယ်။ 

သူ့နှလုံးသားထဲ အံ့သြစရာကောင်းတဲ့ခံစားချက်တစ်ခု ရုတ်ချည်းဖြစ်လာတယ်။ သူ့ကို ဂရုစိုက်တတ်တဲ့လူတစ်ယောက်…..  သူပြန်လာလို့ တက်ကြွပျော်ရွှင်သွားတယ်တဲ့လား။

“ဝင်လေ” တံခါးဝနားမှာ အနွေးဓါတ်မရှိဘူး။ ကောင်းထျန်းချန်က အိမ်ထဲသွက်သွက်လျှောက်လာပြီး မုကျင်က နောက်ကလိုက်လာတယ်။  

“ညစာ စားပြီးပြီလား?”

“အင်း”

သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် အိမ်ထဲဝင်လာတယ်။ ကောင်းထျန်းချန်က ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားလို့ နောက်ကိုလှည့်ကာ မုကျင်ကို သံသယမျက်ဝန်းတွေနဲ့ကြည့်လိုက်ပါတယ်။ 

“မင်းရဲ့ heat က ဒီနေ့မဟုတ်ဘူးလား”

“ဟင်? ဘာကြီး?” သူ့ရဲ့ရုတ်တရက်အပြောမှာ မုကျင်က နည်းနည်းတော့ရှုပ်သွားတယ်။ Heat? သူ heat လက္ခဏာတွေ ဘာတစ်ခုမှမခံစားမိပါဘူး။ 

ကောင်းထျန်းချန်ရဲ့သံသယတွေ ပိုပြီးကြီးမားလာတယ်။ မုကျင်ရဲ့အရွယ်ရောက်အခမ်းအနားကျင်းပတဲ့နေ့ရက်ကိုတွက်ရင် ဒီနေ့က သူ့ရဲ့ heat ကာလ ပထမဦးဆုံးရက်ဖြစ်သင့်တာ။

သူက ရက်တွေကိုတွက်ပြီး ဒီနှစ်ရက်စာကုမ်ပဏီအလုပ်တွေအားလုံး ဖျက်ခဲ့ရတာ၊ သူ့အိုမီဂါရဲ့ လိင်စိတ်ထကြွတဲ့ကာလအပိုင်းအခြားတစ်ခုအတွက်ပေါ့။

သူ့ရှေ့လူရဲ့ အပြစ်ကင်းစင်တဲ့မျက်နှာလေးကိုကြည့်ပြီး တစ်ခုခုတော့မှားနေပြီလို့ ကောင်းထျန်းချန်က ခံစားလိုက်မိတယ်။ ဒါပေမယ့် နောက်ထပ်ဆက်မတွေးလိုက်တော့ဘူး။

“အိုကေ.. အဆင်ပြေရင်လည်း အိပ်တော့” သူက အခန်းထဲဝင်ဖို့ နောက်ပြန်လှည့်လိုက်တယ်။

ဒီအချိန်မှာ သူ့အင်္ကျီထောင့်စွန်းတွေတင်းခနဲဖြစ်သွားပြီး နွေးထွေးမှုတစ်ခုက ကျောကုန်းကိုဖြတ်လို့ တစ်ကိုယ်လုံးဆီစီးဆင်းသွားခဲ့ပါတယ်။ မုကျင်က သူ့ကိုနောက်ကနေ လှမ်းဆွဲဖက်လိုက်တာပါ။

“ဟို.. တကယ်တော့.. ငါ.. heat အချိန်မဟုတ်လည်း.. အဆင်ပြေတယ်…” သူ့မျက်နှာက နောက်ကျောဖက်မှာမြုပ်နေပြီး အသံကဗလုံးဗထွေးဖြစ်နေတယ်။ ဒါပေမယ့် ကောင်းထျန်းချန်ကတော့ ရှင်းရှင်းလင်းလင်းကြားရပါတယ်။

မုကျင်ရဲ့နားရွက်ဖျားလေးတွေက ရှက်စိတ်ကြောင့်နီရဲနေတယ်။ ဒီလိုအရာကို ကိုယ့်ဘက်ကစ ပြောလို့ရလို့လည်း အရှက်မရှိသလိုခံစားနေရပါတယ်။

ကောင်းထျန်းချန်က စက္ကန့်အနည်းငယ်လောက်ငြိမ်သွားသေးတယ်။ တစ်ခုခုကို စဉ်းစားနေပုံရပေမယ့် ခဏအကြာမှာတော့ နောက်ကိုလှည့်ပြီး သူ့ရှေ့ကလူကို ပွေ့ချီသွားပါတော့တယ်။

မုကျင်က သူ့ခေါင်းကို အယ်လ်ဖာရဲ့သန်မာလှတဲ့လက်မောင်းတွေကြား ဝှက်ထားတယ်။ 

ကောင်းထျန်းချန်က မုကျင်ကို နွေးထွေးပြီးနူးညံ့တဲ့အိပ်ရာကြီးပေါ်မှာ ချလိုက်တယ်။ နောက်တော့ ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲသိမ်းဖက်ပြီး အပေါ်ကအုပ်မိုးလိုက်ပါတယ်။

သူ့ရင်ခွင်ထဲကလူက ဇီဇဝါပန်းနံ့ မွှေးပျံ့ပျံ့လေးထုတ်လွှတ်နေပါတယ်။ ဒါက မုကျင်ရဲ့ကိုယ်ပိုင်မွှေးရနံ့ပါ။ Heat ဝင်တဲ့အချိန်မဟုတ်တာကြောင့်လည်း အနံ့ကမပြင်းထန်ပါဘူး၊ ဖျော့ဖျော့လေးနဲ့ မွှေးနေပါတယ်။ 

သူ့အောက်ကလူက သူ့ခေါင်းကို သူ့ရင်ဘတ်ကျယ်ကြီးထဲမှာ မြှပ်ထားပြီး အမူအရာတွေကိုလည်း ဖုံးကွယ်ထားတယ်။ ဒါပေမယ့် တုန်ယင်နေတဲ့လက်တွေနဲ့ကိုယ်ခန္ဓာကတော့ သူ့ရဲ့စိတ်လှုပ်ရှားရှက်ရွံ့မှုတွေကို ဖော်ပြနေပါတယ်။

ပြောရရင်လည်း မူးနေတဲ့အခေါက်ကလွဲလို့ အသိစိတ်အကောင်းပကတိရှိနေချိန်မှာ သူတို့ တစ်ခါမှ မလုပ်ဖူးဘူးလေ။

ကောင်းထျန်းချန်ရဲ့လက်တွေက မုကျင်ကိုယ်ပေါ်ရောက်လာပြီး နူးညံ့ချောမွေ့တဲ့ဗိုက်သားတွေကို ပွတ်သပ်နေခဲ့တယ်။ သူ့အောက်ကလူလည်း ပိုလို့တောင် တုန်ယင်လာတော့တာပေါ့။

သူက ဘောင်းဘီကိုဖြည်းဖြည်းချင်းဆွဲချွတ်တယ်၊ အနည်းငယ်ထောင်မတ်နေတဲ့အစိတ်အပိုင်းကို ကိုင်ပြီး အပေါ်အောက် မကြာမကြာဆွဲပွတ်ပေးလိုက်တယ်။ လက်သည်းတွေနဲ့ အဖျားကိုတောင်ခြစ်လိုက်တယ်။ ဒီတော့ တစ်ဖက်လူရဲ့အသက်ရှုသံတွေလည်း ကတုန်ကယင်ဖြစ်လာပြီး ခပ်တိုးတိုးညီးညူးတော့တာပေါ့။

“အာ…” ကာမမီးပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလို မုကျင်ခံစားနေရတယ်။ ကောင်းထျန်းချန်က သူ့အစိတ်အပိုင်းတွေကို ကိုင်တွယ်နေပြီး အထိမခံနိုင်အောင်လည်း ပြုလုပ်နေတယ်။ သူ့ရဲ့နူးညံ့တဲ့အရေပြားက အနီရောင်အလွှာတစ်ထပ်ဖုံးအုပ်ထားသလိုပဲ။ အဖြူရောင်အရည်ပျစ်ပျစ်တွေကို ထုတ်လွှတ်ပြီးနောက်မှာတော့ သူ့နောက်ဖက်တစ်ဝိုက်ကို စိုစွတ်သွားစေခဲ့ပါတယ်။

သူ့အောက်ကလူက သူ့ကို ရီဝေတဲ့အကြည့်တွေနဲ့ကြည့်နေတယ်။ သူတို့ရဲ့တွယ်ဆက်မှုကိုလည်း မျက်ဝန်းတွေထဲမှာ အတိုင်းသားတွေ့နေရတယ်။ မျက်ဝန်းထောင့်စွန်းလေးတွေမှာတောင် ပန်းရောင်လေးသန်းနေတယ်။

သူတို့နှစ်ယောက် အတူအိပ်ခဲ့ကြတဲ့ ပထမဦးဆုံးအကြိမ်ကတည်းက တစ်ဖက်လူရဲ့မျက်ဝန်းတွေထဲမှာ သူ့ကိုချစ်တဲ့အရိပ်အယောင်တွေအပြည့်အဝရှိနေမှန်း ကောင်းထျန်းချန် အသေအချာပြောရဲတယ်။ သူက သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်နေတာသေချာတယ်။ 

မုကျင်ရဲ့အနောက်ဖက်အတွင်းသားနံရံတွေက ရာဂမီးကြောင့် တင်းကျပ်နေတယ်။ ဒါကိုသူ့ကိုယ်သူလည်း သိပါတယ်။ ဒါကြောင့် တစ်ဖက်လူရဲ့ကြီးမားတဲ့အရာကြီး အနက်ရှိသလောက်တိုးဝင်လာနိုင်ဖို့ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးပျော့ပျောင်းပေးထားတယ်။ ကျေနပ်ခြင်းအပြည့်နဲ့ခံစားချက်တွေကတော့ အနောက်ဖက်ကနေ သူ့တစ်ကိုယ်လုံးစီးဆင်းသွားခဲ့ပါတယ်။

သူ့လက်နှစ်ဖက်က တစ်ဖက်လူရဲ့လည်ပင်းမှာ ရစ်ပတ်ထားတယ်။ ခြေထောက်တွေကတော့ တတ်နိုင်သလောက် ဘေးဘက်တွေကိုဖြန့်ကားထားပေးတယ်။ တစ်ဖက်လူရဲ့ဆောင့်ချက်တွေ နှေးရာကနေ မြန်လာတာကိုလည်း ခံစားမိတယ်။ သူ့အသက်ရှုသံတွေလည်း ပိုပြီးမြန်လာတယ်။ သူ့ခန္ဓာကိုယ်ကတော့ နိုးကြားမှုတွေအပြည့်နဲ့ ခိုက်ခိုက်တုန်နေခဲ့ပါတယ်။

တစ်ဖက်လူရဲ့အရာကြီးက ကြီးမားပြီးရှည်လွန်းတယ်။ ထိုအရာက တစ်ဆုံးနက်နက်ဝင်သွားခဲ့ပြီး အထိမခံလောက်အောင် ပျော့ပျောင်းတဲ့နေရာတစ်ခုဆီကိုရောက်လာတယ်။ သာယာမှုကြောင့် မုကျင်ရဲ့ကိုယ်ခန္ဓာက အပြင်းအထန်လှုပ်ခါနေခဲ့ပါတယ်။

ပူနွေးတဲ့ပေါက်ကွဲမှုတစ်ခု သိပ်သည်းတဲ့နံရံတွေကိုဝင်တိုက်လာချိန်မှာတော့ မုကျင်ရဲ့ညီးညူသံတွေလည်း အမြင့်ဆုံးထိထိုးတက်သွားခဲ့ပြီး အင်အားမဲ့စွာ ပြန်ပြုတ်ကျသွားခဲ့ပါတယ်။ 

ကောင်းထျန်းချန်က သတိမေ့သွားတဲ့အိုမီဂါလေးကို ရေချိုးခန်းထဲပွေ့ချီခေါ်သွားပေးပြီး စေးကပ်နေတဲ့အရာတွေကို သန့်ရှင်းရေးလုပ်ပေးတယ်။ သူကိုယ်တိုင်လည်း သန့်ရှင်းတယ်။ နောက်တော့ အိုမီဂါလေးကို မွေ့ရာပေါ်မှာအသာချလို့ အသေအချာလေးစောင်ခြုံပေးလိုက်ကာ သူကတော့ အနားယူဖို့ ဧည့်သည်အခန်းဆီထွက်လာခဲ့ပါတယ်။

…………..