(21)
Viewers 36k

အဲဒိနေ့ကစပြီး ကောင်းထျန်းချန်က အလုပ်ဆင်းတဲ့အချိန်တိုင်းမှာ သူတို့အရင်ဗီလာဆီ မပြန်တော့ပါဘူး။ အဲဒိအစား မုကျင်နဲ့သူ့ဗိုက်ထဲကလေးကိုစောင့်ရှောက်ပေးဖို့ အခန်းတစ်ခန်း hall-type တိုက်ခန်းလေးဆီရောက်ရောက်လာခဲ့တယ်။

မုကျင်ရဲ့တိုက်ခန်းက အကျယ်ကြီးမဟုတ်ဘူး။ လူနှစ်ယောက်စာ ကျပ်ကျပ်သိပ်သိပ်နိုင်တယ်။ ကုတင်ကလည်း တစ်ယောက်အိပ်ကုတင်ကျဉ်းကျဉ်းလေး။ ဒါကြောင့် သူတို့အတူအိပ်ရင်ဖြင့် မုကျင်အအိပ်ဆင်းရဲမှာစိုးတဲ့ကောင်းထျန်းချန်က ညတိုင်းညတိုင်း ဆိုဖာပေါ်မှာအိပ်ခဲ့ပါတယ်။

မုကျင်က မွေးကတည်းကချုချာတယ်။ နောက်ပြီး အားနည်းတဲ့ကိုယ်ခန္ဓာကလည်း ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ပိုပိုဆိုးရွားလာတယ်။ တစ်ခါတစ်ခါ ခြေထောက်တွေကြွက်တက်တတ်ပြီး ခြေဖမိုးတွေကအမြဲယောင်ကိုင်းနေတယ်။ ညဘက်တွေမှာ အိပ်မပျော်တဲ့ဒဏ်ကိုလည်း မကြာခဏခံစားရတယ်။ ဗိုက်ထဲကကလေးကြီးဖိထားတာကြောင့် ချွေးစေးအေးအေးတွေထွက်လို့ ညတစ်ညထဲအရေအတွက်မနည်း လန့်လန့်နိုးရပါတယ်။ 

ကောင်းထျန်းချန်လည်း ဒီအခြေအနေတွေကိုမြင်ပြီး စိတ်မသက်မသာဖြစ်နေရတယ်။ သူ့သွေးတစ်ဝက်ရောနှောထားတဲ့ကလေးကိုမွေးဖို့အတွက် မုကျင်ကဒီလိုမျိုးညှင်းပန်းမှုဒဏ်ကို အကြီးအကျယ်ခံစားနေရတာကြောင့် ဖြစ်ပါတယ်။

ညစဉ်ညတိုင်း မုကျင်က အိပ်ရာပေါ်လူးလိမ့်ပြီး အိပ်မပျော်နိုင်ဘူး။ ကောင်းထျန်းချန်က သူ့ကို အထူးတလည် အားသွန်ခွန်စိုက်စောင့်ကြည့်ပေးနေရတယ်။ မိခင်ဖြစ်သူကိုဆက်တိုက်နှိပ်စက်နေခဲ့တဲ့ ဗိုက်ထဲကအနားမရနိုင်တဲ့သန္ဓေသားကို သူ့မွှေးရနံ့တွေထုတ်ပြီး အနားရစေတယ်။ တစ်ခါတစ်ရံမှာ ကောင်းထျန်းချန် မနက်ဖက်ကုမ်ပဏီသွားတဲ့အချိန်မှာ အိပ်ရေးပျက်တဲ့မျက်တွင်းနက်တွေနဲ့ သွားရတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။

မုကျင်ကို အလုပ်ထွက်ပြီးအိမ်မှာအနားယူပါလို့လည်း ကောင်းထျန်းချန်ကအမြဲပြောတယ်။ ခုနှစ်လနီးပါးဗိုက်ကြီးနဲ့ နေ့တိုင်းအလုပ်သွားတာ အကယ်၍တစ်ခုခုဖြစ်သွားသည်ဆိုပါစို့၊ နောက်ဆက်တွဲက ခန့်မှန်းမရအောင်ဖြစ်ရမှာပါ။

ဒါပေမယ့် မုကျင်ကတော့ သူ့တောင်းဆိုချက်ကိုငြင်းပယ်ပြီး ခေါင်းမာမာနဲ့စာအုပ်ဆိုင် သွားမြဲသွားဆဲဖြစ်ပါတယ်။ (၈)လပြည့်မှခွင့်ယူမယ်လို့ ကုကျစ်ချန်ကိုပြောထားလို့ ဒိထက်စောစောအနားမယူချင်သေးပါဘူးတဲ့လေ။

ကောင်းထျန်းချန်လည်း နောက်ဆုံးတော့ မုကျင်သဘောလိုက်လျောပေးရလိုက်ရတယ်။ သူက အရမ်းနောက်ကျရင် အန္တရာယ်ဖြစ်မှာစိုးတာကြောင့် အလုပ်စောစောဆင်းခဲ့ဖို့သာမှာလိုက်တော့တယ်။

ဘဝမှာသက်တောင့်သက်သာပဲဖြတ်သန်းခဲ့ရတဲ့ ကောင်းထျန်းချန်က အခုတော့ မုကျင့်ကိုစောင့်ရှောက်ဖို့အတွက် ထမင်းဟင်းချက်ပြုတ်နည်းတွေကို စတင်လေ့လာနေရပြီ။ သူ့ဟင်းချက်နည်းတွေက မုကျင်လောက်အသေးစိတ်မကျပေမယ့် စားစရာတွေက စားလို့တော့ရနိုင်ပါသေးတယ်။

ဒီကနေ့မှာတော့ သူ့ကုမ်ပဏီမှာ လုပ်စရာအလုပ်နည်းနည်းပဲရှိတယ်။ ဒါကြောင့် ကောင်းထျန်းချန်က အလုပ်ကိုခပ်မြန်မြန်လက်စသတ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။ သူက သူ့အတွင်းရေးမှူးကို အော်ဒါမှာထားတဲ့အမဲအရိုးတွေသွားယူခိုင်းပြီး သူကိုယ်တိုင်ကတော့ ကုန်တိုက်သွားပြီး ရာသီပေါ်ဟင်းသီးဟင်းရွက်တွေ ဝယ်လာခဲ့တယ်။

အရင်တုန်းကတော့ ကောင်းထျန်းချန်က ဆင်ဆင်တူဟင်းရွက်တွေကို ကောင်းကောင်းခွဲခြားမသိဘူး။ ဒါပေမယ့် အခုတော့ ဟင်းသီးဟင်းရွက်ရွေးရာမှာကျွမ်းကျင်နေပြီ။ ဒါက မုကျင်ကိုစတင်လုပ်ကိုင်ပေးချိန်မှာ လေ့လာသင်ယူထားလို့ဖြစ်ပါတယ်။

သူ အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာ တစ်အိမ်လုံးမှောင်မည်းနေပြီး မုကျင်အလုပ်ကပြန်မရောက်သေးဘူး။ ကောင်းထျန်းချန်က အမဲအရိုးတွေနဲ့အသီးအရွက်တွေကို စားပွဲပေါ်တင်ပြီးစတင်ချက်ပြုတ်ပါတော့တယ်။

စွတ်စွတ်ဖြူနေတဲ့ကြွေအိုးထဲ အမဲရိုးစွပ်ပြုတ်တွေပွက်ပွက်ဆူလာပြီး အခိုးအငွေ့တွေနဲ့အတူ မွှေးပျံ့တဲ့ရနံ့တွေလည်းထွက်လာတယ်။ သူက နောက်ဟင်းတစ်မည်အတွက် ပြင်ဆင်နေပါတယ်။ လှီးဖြတ်ချွတ်သင်ထားတဲ့ဟင်းသီးဟင်းရွက်တွေကို ဆီအပူပေးထားတဲ့ဒယ်အိုးထဲ ထည့်လိုက်တဲ့အချိန်မှာတော့ အိမ်ရှေ့တံခါးဝမှာ တံခါးဘဲလ်သံထွက်လာတယ်။

ကောင်းထျန်းချန်က လက်ထဲကယောက်ချိုဇွန်းကိုချပြီး တံခါးနားကိုလျှောက်လာတယ်။ ဒီမှာ မုကျင်အိမ်ထဲဝင်လာတာကိုမြင်ပြီး မျက်နှာဖုံးနဲ့မာဖလာတွေကူညီဝိုင်းချွတ်ပေးပါတယ်။ နောက်တော့ မုကျင်ကိုတွဲကူလို့ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်တယ်။

သူက ရီမုကွန်ထရိုးကိုယူ တီဗွီဖွင့်ပေးရင်း မုကျင့်နား ခပ်တိုးတိုးပြောလိုက်ပါတယ် “နည်းနည်းလောက်စောင့်ဦး၊ ညစာအဆင်သင့်ဖြစ်ခါနီးပြီ” နောက်တော့ သူက မီးဖိုချောင်ထဲပြန်ဝင်လာခဲ့တယ်။

ကောင်းထျန်းချန်က ယောက်မတစ်ချောင်းနဲ့ ဟင်းရွက်တွေကိုကြော်ချက်နေတုန်းမှာလည်း ဒီမြင်ကွင်းကို ရင်းနှီးနေကျခံစားချက်တစ်ခုလို ခံစားနေရတယ်။ သူက တွေးကြည့်တဲ့အခါမှာတော့ မုကျင်ကြုံတွေ့နေကျမြင်ကွင်းတွေပါလားလို့ အမှတ်ရမိသွားခဲ့ပါတယ်။

….မင်းက မင်းရဲ့နှလုံးသားကိုပါပုံအောပြီး ဟင်းလျာတွေကိုအရသာရှိရှိချက်ပြုတ်နေခဲ့မယ်၊ တံခါးဝကဘဲလ်သံထွက်လာတဲ့အချိန်မှာ မင်းမျှော်လင့်ရသူကို မြင်တွေ့ရလိမ့်မယ်….

ဟင်းတွေကျက်တဲ့အခါမှာတော့ ကောင်းထျန်းချန်က မီးကိုပိတ်ပြီး စားပွဲလေးပေါ်မှာ ဟင်းခွက်တွေကိုတည်ခင်းလိုက်တယ်။

သူတို့ရဲ့ညစာစားချိန်က အလွန်တရာကိုတိတ်ဆိတ်နေခဲ့ပါတယ်။ မုကျင်ကလည်း စကားမပြောသလို ကောင်းထျန်းချန်ကလည်း တစ်ခွန်းမှမပြောဘူး။ အဲဒိအစား မုကျင်ပန်းကန်လုံးထဲကိုသာ စားစရာတွေကောက်ထည့်ပေးနေခဲ့တယ်။

စားလို့ပြီးခါနီးဖြစ်လာတဲ့အချိန်မှာ မုကျင်က လက်ထဲကပန်းကန်လုံးနဲ့တူကိုချပြီး ကောင်းထျန်းချန်ရဲ့လက်ကို သူ့မျက်ဝန်းနက်နက်တွေနဲ့ကြည့်လိုက်တယ်။ ဒါပေမယ့် စကားမပြောပါဘူး။

ကောင်းထျန်းချန်က သဘောမပေါက်ဘဲ ယောင်နနဖြစ်သွားတယ်။ ဒီတော့မှ မုကျင်က သူ့ညာဘက်လက်ကိုကောက်ကိုင်လိုက်ပါတယ်။ သူ့ရဲ့ရှည်သွယ်သွယ်လက်ပေါ်မှာ ဆီပူပေါက်လို့ဖြစ်လာတဲ့ မီးလောင်ဖုတစ်ဖုရှိတယ်။ သေးလွန်းတာကြောင့် သူသတိမပြုမိခဲ့တာ ဖြစ်ပါတယ်။

မုကျင်က မျက်မှောင်ကျုံ့တယ်။ နောက်တော့ အပ်တွေသွားထုတ်ယူလာပြီး မီးကင်တယ်။ သူက မီးလောင်ဖုပေါ်ကို အပ်ထိပ်ဖျားလေးနဲ့ ခပ်ဖွဖွလေးဖောက်ထုတ်လိုက်ပြီး ဆေးအေးအေးလိမ်းပေးလိုက်ပါတယ်။

ကောင်းထျန်းချန်က မုကျင်လုပ်ကိုင်နေသမျှကို တိတ်တဆိတ်လိုက်ကြည့်နေခဲ့တယ်။ သူက ခေါင်းလေးငုံ့ပြီး မီးလောင်ဖုကို ဂရုတစိုက်လုပ်ကိုင်ပေးနေခဲ့တာပါ။ အမူအရာတစ်ခုချင်းစီက ကောင်းထျန်းချန်ရဲ့နှလုံးသားတစ်နေရာရာကို ပျော့ပျောင်းသွားစေခဲ့တယ်။  ဆေးလိမ်းလို့ပြီးသွားတဲ့အခါ သူက မုကျင်ရဲ့မျက်နှာလေးကို ရုတ်တရက်ဆွဲမော့လိုက်ပြီး အနမ်းပေးခဲ့ပါတယ်။

ခါတိုင်းလို နူးညံ့တဲ့အနမ်းတွေမဟုတ်ဘူး။ ကောင်းထျန်းချန်ရဲ့ပူလောင်တဲ့နှုတ်ခမ်းသားတွေက မုကျင်ကိုလောင်ကျွမ်းလုမတတ်ဖြစ်စေခဲ့တယ်။ သူအသက်ရှုလိုက်တိုင်းမှာ တစ်ဖက်လူရဲ့အယ်လ်ဖာရနံ့တွေချည်းပဲ။ မုကျင်က မျက်လုံးလေးကိုအသာအယာပိတ်ထားခဲ့တယ်။ သူ့မျက်တောင်တွေကတော့ အတောင်ပံတွေလို တဖြတ်ဖြတ်လှုပ်ခတ်နေခဲ့ပါတယ်။

အနမ်းတွေက ရပ်တန့်လို့မရနိုင်အောင်ဖြစ်ခဲ့ပြီး သူတို့နှစ်ယောက်စလုံးရဲ့ လအတန်ကြာအေးခဲနေခဲ့တဲ့ဆန္ဒတွေကို မီးမြှိက်ပေးနေခဲ့တယ်။ ကောင်းထျန်းချန်က လက်တစ်ဖက်နဲ့ မုကျင်ရဲ့ခေါင်းအနောက်ဘက်ကိုထိန်းကိုင်ထားပြီး သူ့ရဲ့ပျော့ပျောင်းတဲ့လျှာကတော့ တစ်ဖက်လူရဲ့ပိုင်ဆိုင်ရာနယ်မြေထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့ရင်း လွှမ်းမိုးသူပိုင်ရှင်ဖြစ်ကြောင်း ကြေငြာမောင်းခတ်ပါတယ်။

“ရှောင်ကျင်… ငါ့ကိုခွင့်ပြုပါလား?” ကောင်းထျန်းချန်က မုကျင်ရဲ့တဖြတ်ဖြတ်တုန်ယင်နေတဲ့မျက်ဝန်းလေးတွေကို နမ်းလိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်တယ်။ သူက ရမက်ကြီးတဲ့ယောင်္ကျားတစ်ယောက် မဟုတ်ရပါဘူး။ ဒါပေမယ့် သူ့ဆန္ဒတွေဖွင့်မထုတ်ခဲ့ရတာ လပေါင်းများစွာကြာခဲ့ပြီလေ။

မုကျင်ရဲ့မျက်နှာပေါ်မှာ ဝမ်းနည်းမှုအရိပ်အယောင်လည်းမရှိဘူး။ ဝမ်းသာမှုတစ်စွန်းတစ်စလည်းမရှိဘူး။ မျက်နှာပေါ် ဘာခံစားချက်တစ်စုံတစ်ရာမှမရှိဘူး။ ပိတ်ထားတဲ့မျက်ဝန်းတွေမှာ မျက်တောင်ရှည်ကြီးတွေကပဲ အတောင်ပံတွေလို တဖြတ်ဖြတ်တုန်ယင်နေတယ်။ သူက ခေါင်းကိုအသာညိတ်ပြပါတယ်။

တစ်ဖက်လူဆီကခွင့်ပြုချက်ရတဲ့အခါမှာတော့ ကောင်းထျန်းချန်က မုကျင်ရဲ့ကိုယ်အလေးကြီးကိုချီမသွားပြီး အိပ်ရာပေါ်မှာ ဖြည်းဖြည်းချင်းချလိုက်တယ်။

နောက်တော့ ဝတ်ထားတဲ့ကုတ်အင်္ကျီကိုချွတ်ပြီး မုကျင်ပေါ်ကိုအုပ်မိုးလိုက်ပါတယ်။ လက်တစ်ဖက်က တစ်ဖက်လူရဲ့လည်ပင်းကို ထိတွေ့လိုက်ပြီး လည်ပင်းအနောက်ဖက်က အိုမီဂါဂလန်းရှိရာဆီ ခပ်ဖြည်းဖြည်းဆွဲယူသွားခဲ့ရင်း မုကျင်ကိုအောင့်အည်းသည်းခံမှုတွေနဲ့ ညည်းညူစေခဲ့ပါတယ်။

မုကျင်ရဲ့အင်္ကျီတွေကတော့ တစ်လွှာပြီးတစ်လွှာ ဖြည်းဖြည်းချင်းဖွင့်ဟခံနေရတယ်။ နောက်တော့ နေမထိလေမထိဖြူဖွေးတဲ့အသားအရေတစ်ခုက ကောင်းထျန်းချန်မျက်လုံးထဲဝင်လာတယ်။ ပိန်ပါးတဲ့ကိုယ်ခန္ဓာမှာ နံရိုးတစ်ချောင်းချင်းဆီကို ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။

မုကျင်က သိပ်ပိန်တာပဲ၊ ဒိထက်ပိုပြီးသန်မာလာအောင် သူဘယ်လိုလုပ်ပေးရမလဲ?... ကောင်းထျန်းချန်က တွေးပါတယ်။

အေးစက်နေတဲ့ရှည်မျောမျောလက်ချောင်းထိပ်တွေက တန်ဖိုးကြီးပန်းချီကားလိပ်တစ်ခုကို တယုတယထိတွေ့နေသလို မုကျင်ရဲ့ရင်ဘတ်ပေါ်မှာ ဟိုတရွေ့သည်တရွေ့လျှောက်သွားနေခဲ့တယ်။ ရင်ဘတ်ပေါ်က ချောမွေ့တဲ့အသားအရေလေးပေါ်ရောက်လိုက်၊ ပူဖောင်းဖောင်းဝမ်းဗိုက်ဆီမှာနားလိုက် လူးလာခေါက်ပြန်ဖြစ်နေတယ်။ ဖြူစွတ်တဲ့အသားအရေက ညင်သာတဲ့ကောက်ကြောင်းတွေအပြည့်နဲ့ အလွန်တရာဆွဲဆောင်နေခဲ့တယ်။

ကောင်းထျန်းချန်ရဲ့နူးညံ့တဲ့အနမ်းတွေကတော့ မုကျင်ရဲ့စူထွက်နေတဲ့ဗိုက်ပေါ် ကျရောက်နေခဲ့တယ်။ ဗိုက်ထဲကကလေးကလည်း သူ့ဖခင်ဖြစ်သူရဲ့အနမ်းတွေကို ခံစားမိဟန်တူတယ်။ မုကျင်ရဲ့ဗိုက်ထဲ မြူးထူးလှုပ်ရှားနေခဲ့ပါတယ်။ မုကျင်က မသက်မသာနဲ့ညည်းတွားမိပါတယ်။ ဒါပေမယ့် ဒီနွေးထွေးတဲ့အခါအခွင့်လေးကိုတော့ မပျက်စီးစေချင်ခဲ့ပါဘူး။

ကိုယ်ဝန်ဆောင်တဲ့လူတွေက အထူးတလည် ထိလွယ်ရှလွယ်၊ ခံစားရလွယ်တတ်ကြတယ်။ နောက်ပြီး အခုသူ့ကိုနှိုးဆွနေတဲ့လူက အမှတ်အသားပိုင်ရှင်သူ့ရဲ့အယ်လ်ဖာ။ ဒီခဏမှာ ကောင်းထျန်းချန်ရဲ့မွှေးရနံ့တွေက မုကျင်အတွက်တော့ စိတ်ကြွဆေးအလားပါပဲ။

မုကျင်ရဲ့ကိုယ်ခန္ဓာအပူချိန်မြင့်တက်လာပြီး ဖြူဖွေးတဲ့အသားအရေက ပန်းရောင်ဖျော့ဖျော့ဖြစ်လာတယ်။ စိတ်ဆန္ဒမီးလျှံတွေက သူ့ခန္ဓာကိုယ်ထဲမှာ ဖြည်းဖြည်းချင်းလောင်ကျွမ်းနေခဲ့တယ်။ ပိုလို့လောင်ကျွမ်းလာလေလေ အပူချိန်ပိုလို့တိုးလာလေပါပဲ။

သူ့ဗိုက်ကြီးက အကြီးကြီး။ ဒါကြောင့် သူက အိပ်ရာထဲလဲလှောင်းနေရတယ်။ သူမြင်နိုင်တဲ့အရာက ဦးခေါင်းထက်ကမျက်နှာကျက်ဖွေးဖွေးတွေသာရှိတယ်။ ကောင်းထျန်းချန်ရဲ့ နှိုးဆွတဲ့အပြုအမူတွေကိုတော့ မြင်တွေ့နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် အောက်ဖက်ပိုင်းက တိုက်ခိုက်မှုတွေကိုတော့ ထိတွေ့ခံစားနေရတယ်။ ကောင်းထျန်းချန်ရဲ့ကြမ်းတမ်းပြီးနွေးထွေးတဲ့လျှာဖျားက သူ့ပေါင်အတွင်းဘက်က နူးညံ့တဲ့အရေပြားတွေကို လိုက်လံထိတွေ့နေပြီး သူ့ကိုတုန်ယင်လာစေပါတယ်။ သူ့ခြေထောက်တွေတုန်ရီနေပြီး လက်တွေကတော့ ခန္ဓာကိုယ်အောက်ကအိပ်ရာခင်းကို ဆုပ်ကိုင်ထားခဲ့တယ်။

“အာ့… ထျန်းချန်… မထိနဲ့… ငါ့ကိုမထိနဲ့…” တစ်ဖက်လူက သူ့ရဲ့ပြောမထွက်ဝံ့တဲ့အစိတ်အပိုင်းကို ပါးစပ်ထဲဆွဲငုံလိုက်တဲ့အချိန်မှာတော့ မုကျင်က ရုတ်တရက် လက်တွေကိုဆန့်ထုတ်ပြီး တစ်ဖက်လူကိုရပ်ခိုင်းလိုက်မိပါတယ်။

ဒီအပြုအမူကို…. သူ ကောင်းထျန်းချန်အတွက် အကြိမ်ပေါင်းများစွာလုပ်ပေးခဲ့ဖူးတယ်။ အချစ်အတွက်ကြောင့် အရှက်တရားတွေကိုဘေးချိတ်ပြီး ဆန္ဒရှိရှိလုပ်ပေးခဲ့တာပါ။

ဒါပေမယ့် ကောင်းထျန်းချန်ကိုတော့ သူ့အပေါ် ဒီလိုမလုပ်ပေးစေချင်ဘူး။ အခုအချိန်မှာ သူတို့က ဗိုက်ထဲကကလေးအတွက်ကြောင့် လုပ်နေကြရတာ။ ကောင်းထျန်းချန်က သူ့ကိုမချစ်ဘူး။ သူလုပ်နေတာတွေက အချစ်ကြောင့်မဟုတ်ဘူး။ အကယ်၍ ကောင်းထျန်းချန်သာ သူ့အတွက် ဒီလိုအရာမျိုးလုပ်ပေးတယ်ဆိုရင်… ဘာကြောင့်များလဲ… အကြောင်းရင်းက တွက်ချက်ဖို့ခက်ခဲပါလိမ့်မယ်။

ရုတ်တရက်ပဲ မုကျင်ရဲ့နှလုံးသားထဲ ဝမ်းနည်းမှုတွေပြည့်နှက်သွားခဲ့တယ်။ ငိုချမိတော့မတတ်ပဲ။

သူက ကောင်းထျန်းချန်ရဲ့လက်ကို သူ့အနောက်ဖက်တံခါးဝဆီ တွန်းပို့လိုက်ရင်း တိုးတိုးလေးပြောလိုက်တယ် “ရပြီ… မင်းဝင်လာတော့… ငါ လိုချင်နေပြီ…”

မုကျင်ရဲ့ဗြောင်ကျကျသွေးဆောင်ဖြားယောင်းမှုက ကောင်းထျန်းချန်ကို အသက်ရှုမှားသွားစေတယ်။ သူ့အောက်ပိုင်းက လောင်မြိုက်နေတဲ့ဆန္ဒတွေက ဖိတ်ခေါ်သမှုပြုနေတဲ့ပူနွေးနွေးကိုယ်ခန္ဓာထဲဝင်ဖို့ စောင့်ဆိုင်းနေတာကြာပြီလေ။ 

လက်ချောင်းတစ်ချောင်းက မုကျင်ရဲ့အနောက်ဖက်ကို ခပ်ဖြည်းဖြည်းချင်းတိုးဝင်သွားတယ်။ ကိုယ်ဝန်ကြောင့် အနောက်ဖက်က အဝင်အထွက်သိပ်မခက်ခဲဘူး။ စိုစွတ်ပြီးနူးညံ့နေတယ်။ သူ့လက်ချောင်းကိုလည်း ခပ်တင်းတင်းဆွဲဆုပ်ထားခဲ့တယ်။ သူ့အောက်ကလူက စိတ်မရှည်နိုင်ညည်းညူနေခဲ့တယ်။ ခါးပိုင်းနဲ့ခြေထောက်တွေကတော့ နိမ့်ချည်မြင့်ချည် တလှုပ်လှုပ်ယမ်းနေခဲ့ပါတယ်။

လိုချင်တဲ့အနေအထားကိုရပြီးမှာ ကောင်းထျန်းချန်က ဒုတိယတစ်ချောင်းကိုထပ်ထည့်တယ်။ နောက်တော့ တတိယတစ်ချောင်းထပ်ထည့်ပြီး မုကျင်ရဲ့အတွင်းကို ခပ်ဖြည်းဖြည်းချဲ့ပေးနေခဲ့ပါတယ်။ သူက စိုစွတ်ပြီးသိပ်သည်းနေတဲ့အသားနံရံတွေကို ပွတ်သပ်နေခဲ့တယ်။ ပြင်းထန်တဲ့သာယာမှုတွေကြောင့်လည်း မုကျင်က သူ့နှုတ်ခမ်းတွေကိုကိုက်ထားခဲ့ပါတယ်။

နောက်တော့ အထဲကလက်ချောင်းတွေထွက်သွားပြီး နေရာမှာ ပိုပြီးကြီးမားပူပြင်းတဲ့တစ်စုံတစ်ခုက အစားထိုးဝင်ရောက်လာခဲ့တယ်။ အတွင်းနံရံတွေလည်း တမဟုတ်ချင်း အတိုင်းအဆမရှိကျယ်ပြန့်ကုန်တယ်။ ကောင်းထျန်းချန်က နှေးတစ်လှည့်မြန်တစ်ခါ ဝင်ထွက်နေခဲ့ရင်း မုကျင်ရဲ့အထိမခံနိုင်တဲ့နေရာတွေအကုန်လုံးကို အကြင်နာတရားကင်းမဲ့စွာ ပွတ်တိုက်နေခဲ့ပါတယ်။

မုကျင်က သာယာမှုတွေအောက်မှာမွေ့လျော်နေခဲ့တယ်။ သူက လက်တွေကို အလိုလျောက် အပေါ်ကလူရဲ့လည်ပင်းမှာချိတ်ထားတယ်။ ကိုယ်ခန္ဓာကလည်း တက်ကြွမှုတွေနဲ့လှုပ်ယမ်းနေတယ်။ နှုတ်ခမ်းတွေကိုကိုက်ထားတာတောင်မှ တအင်းအင်းညည်းညူသံတွေထွက်နေခဲ့ပါတယ်။

ကောင်းထျန်ချန်က သူ့အောက်ကလူကို စည်းချက်ကျကျရိုက်ခတ်နေတုန်းပါ။ ရုတ်တရက်ပဲ သူက ဝမ်းဗိုက်နေရာမှာ ပူခနဲခံစားလိုက်ရတယ်။ ဒိတော့မှ မုကျင်ထုတ်လွှတ်လိုက်ပြီမှန်း နားလည်သွားပါတယ်။

သူကိုယ်တိုင်လည်း ဒိထက်တက်ကြွလွန်နေလို့မဖြစ်ဘူး၊ ကောင်းထျန်းချန်က ဒါကိုနားလည်တယ်။ ဒါကြောင့် နောက်ထပ်အကြိမ်ရေအချို့ဆောင့်ထည့်လိုက်ပြီးမှာ တစ်ဖက်လူရဲ့တင်းကျပ်တဲ့နံရံတွေဆီ အဖြူရောင်အရည်တွေလောင်းထည့်ပေးလိုက်ပြီး တစ်ဖက်လူကို တဆတ်ဆတ်တုန်ယင်သွားစေခဲ့ပါတယ်။

မုကျင်က အားအင်တွေကုန်ခမ်းသွားခဲ့တယ်။ အိပ်ရာပေါ်မှာလဲလှောင်းလို့ မျက်ဝန်းတွေကိုပိတ်ထားတယ်။ အနည်းငယ်ဖောင်းနေတဲ့ပါးတစ်ဖက်တစ်ချက်မှာက အနီရောင်ရှက်သွေးကလေးတွေရှိပါတယ်။ ဒီအချိန်မှာ သူ့အသက်ရှုသံတွေလည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေခဲ့တယ်။

ကောင်းထျန်းချန်က မုကျင်ရဲ့ ချွေးတွေနဲ့ရွှဲနစ်နေခဲ့တဲ့ဆံပင်တွေကို မျက်နှာပေါ်ကအသာအယာဖယ်ပေးပြီး ရေချိုးခန်းဆီထသွားကာ တဘက်တစ်ထည်သွားယူလာပါတယ်။ သူက မုကျင်ကို သန့်ရှင်းပေးတယ်။

သန့်ရှင်းရေးပြီးဆုံးလို့ ကောင်းထျန်းချန်လှည့်ထွက်သွားချိန်မှာတော့ ပိတ်ထားတဲ့မုကျင်ရဲ့မျက်လုံးတွေ ပွင့်လာခဲ့တယ်။ သူ့မျက်ဝန်းတွေက တောက်ပပြီးကြည်လင်နေတယ်။ သူက ကောင်းထျန်းချန်ရဲ့နောက်ကျောကို မလွတ်တမ်းလိုက်ကြည့်နေခဲ့တယ်။ မျက်ဝန်းတွေထဲ ခံစားချက်တွေအပြည့်နဲ့ပါ။ နောက်ပြီး မှုန်ဝါးဝါးတွန့်ဆုတ်မှုလေးတစ်ခုလည်းရှိတယ်…

လှပတဲ့ညလေးတစ်ည… ဒီညက သူတို့ရဲ့ရင်းနှီးလှတဲ့ပတ်သက်ဆက်နွယ်မှုမှာ နောက်ဆုံးအကြိမ်ဖြစ်သွားမလားလို့ မုကျင်က စိုးရိမ်နေခဲ့တယ်။

……………………