Chapter 106
အိမ်မှာ သုံးရက်နေကာ သူ့မိသားစုကို ပျော်အောင်ထားပြီးနောက်၊ ချီရှင်းချန် ဟိုတယ်ကို အပြေးအလွှားပြန်လာခဲ့သည်။
အရင်တုန်းက' တစ်ရက်မတွေ့ရသည်ကို သုံးနှစ်သုံးမိုးလောက်ထင်'ကို သူ နားမလည်ခဲ့ပေ။ယခု သူနားလည်သွားပြီဖြစ်၏။ချွေးတွေကို သုတ်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။ တစ်ချိန်တည်းတွင်၊ သူ ပိုင်ရဲ့၏ WeChat သို့ စတစ်ကာတစ်ခု ပေးပို့ခဲ့သည်။
[Hello duck.gif]
ပိုင်ရဲ့ သူ့ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ ဖုန်းမျက်နှာပြင်ကို အဝါရောင် ခြေဖဝါးတွေဖြင့် ယက်ကန်ယက်ကန်လုပ်နေသည် ဘဲဖြူ အကောင်ကြီး တစ်ကောင်ကို မြင်လိုက်ရသည်။
သူပြုံးပြီး စတစ်ကာတစ်ခု ပို့လိုက်သည်။ [ကြောင်သီချင်းဆိုနေပုံ .gif]
ရှင်းရှင်း: [!]
ရှင်းရှင်း:[ကော ကျွန်တော့်စတစ်ကာကို ခိုးသွားတယ်!]
ပိုင်ရဲ့ အကူအညီမဲ့သွားရသည်။
[ကိုယ် အရင်တုန်းက စတစ်ကာတွေကို မသိမ်းထားဘူး]
သူက အမြဲတမ်း ပြောစရာရှိသည်ကို ရိုးရိုးပဲပြောတတ်ပြီး စတစ်ကာတွေ၊အီမိုဂျီတွေမသုံးခဲ့ပါချေ။ သူ့ဖန်လေးနှင့် တွဲပြီးသည့်အခါ သူ့ဖန်လေး၏ ဦးနှောက်လှိုင်းတွေနှင့် ကိုက်ညီအောင် စတစ်ကာတွေကို နေရာအနှံ့ ရှာဖွေခဲ့ရသည်။
ချီရှင်းချန်: [မဟုတ်ဘူး...ကော ကျွန်တော့်စတစ်ကာကို ယူသွားတယ်...ကျွန်တော့်ကိုလျော်ကြေးပေးရမယ်]
ပိုင်: [ကောင်းပြီ မင်းဘာလိုချင်တာလဲ]
ရှင်းရှင်း : [အာတိတ်ခုံးကောင် စားချင်တယ်]
ရှင်းရှင်း: [နေ့လည်စာစားနားချိန်ကျရင် ကျွန်တော်ကောကို ဂျပန်စာ ကျွေးမယ်]
နေ့လယ်စာစားနားချိန်...
ပိုင်ရဲ့က ခဏရပ်လိုက်သည်။
[ပြန်လာပြီလား?]
ရှင်းရှင်း : [ဟုတ်ကဲ့!]
ပိုင်: [အခုမှဆယ်နာရီဝန်းကျင်ပဲရှိသေးတယ်... ဘယ်အချိန်ကထတာလဲ]
ရှင်းရှင်း: [ခြောက်နာရီလို့ထင်တယ်... မမှတ်မိတော့ဘူး]
ပိုင်: [ဘာလို့ အိပ်ရေးဝအောင်မအိပ်ရသေးဘဲထတာလဲ]
ချီရှင်းချန် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
ဒါတွေအားလုံးက ခင်ဗျားနဲ့နေ့လည်စာအတူစားချင်လို့ပေါ့ဗျ...
ရှင်းရှင်း : [အိပ်ရာစောစောဝင်ပြီး စောစောထတာက ကျန်းမာရေးအတွက် ကောင်းတယ်]
ပိုင်ရဲ့က သူ့စကားကို အတည်မှတ်လိုက်သည်။ [ကောင်းပြီ...ကိုယ် မင်းကို ဆယ့်နှစ်လောက် လာခေါ်မယ်]
ပိုင်ရဲ့နှင့် ချိန်းပြီးနောက်၊ ချီရှင်းချန် သူယူလာသည့် အဝတ်အစားတွေကို ဗီရိုထဲမှာ ပျော်ရွှင်စွာချိတ်လိုက်သည်။ သူ ယနေ့မွန်းလွဲပိုင်းတွင် နည်းပြ၏ မူလလက်ရာကို မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ထုတ်လုပ်ပြီးနောက်ပိုင်းတွင်လည်း နည်းပြ၏ လမ်းညွှန်မှု လိုအပ်သောကြောင့် ခဏလောက် ဘယ်မှ သွားနိုင်မှာမဟုတ်ပေ။
နောက်အကျော့မှာ နည်းပြတွေက အကူတွေအဖြစ် ဆောင်ရွက်ကြမှာ ဖြစ်။။ သူတို့တစ်ဦးစီသည် သင်တန်းသားအဖွဲ့တစ်ခုစီကို ကူညီပေးရမည်ဖြစ်သောကြောင့် ပြန်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထို့နောက်တွင်မူ ပွဲတော်ကြီး၏ နောက်ဆုံးညကို ရောက်လာသည်။ ယခုအချိန်မှစပြီး ချီရှင်းချန် ဤနေရာတွင် အချိန်တစ်ခုလောက် နေရမည်ဟုဆိုနိုင်သည်။
အဝတ်အစားတွေ ချိတ်ပြီးသည့်အခါ မျက်နှာသစ်လိုက်သည်။။ အခန်းထဲမှာ ကြာကြာနေလေလေ မယိုးမယွဖြစ်လာလေလေပါပင်။
ပိုင်ရဲကို သူတွေ့ချင်သည်။
ဒါမှမဟုတ် ပိုင်ရဲ့ သူ့ကို လာခေါ်ခိုင်းပြီး ဒုက္ခမပေးချင်ဘူးဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး အသံသွင်းစတူဒီယိုကို သွားရှာရမလား...
... ဟုတ်တယ် ငါလုပ်မယ်...
ရဲဘော်ရှောင်ချီ၏ လုပ်ဆောင်ချက်တွေက လက်ဖျားခါလောက်သည်။ကားသော့ကို ကောက်ကိုင်ပြီး ထွက်သွားခဲ့သည်။ သူက လောင်ချင်ကိုလည်း မသုံးခဲ့ပါချေ။
နာနီကားကို စတူဒီယိုသို့ ကိုယ်တိုင်မောင်းသွားခဲ့သည်။
သင်တန်းသားများနှင့် ကင်မရာမင်းများသည် ချီလောင်ရှီး၏ ရုတ်တရက်ရောက်လာတတ်သည်ပုံစံကို ကျင့်သားရနေကြပြီဖြစ်၏။သူကလည်း ရှက်စိတ် စိုးစဥ်းမျှမရှိဘဲ သင်တန်းသားတွေကို ကြီးကြပ်ပေးသည်ဟုအမည်ခံကာ လေ့ကျင့်ရေးခန်းများကို တစ်ခန်းပြီးတစ်ခန်း လမ်းလျှောက်ထွက်ခဲ့သည်။
နောက်ဆုံးတွင် ပဉ္စမလေ့ကျင့်ရေးအခန်းတွင် သူရှာနေသည့်သူကို တွေ့လိုက်ရသည်။
ပိုင်ရဲ့က သင်တန်းသားတစ်ဦးသီချင်းဆိုနေသည်ကို စန္ဒယားတီးပေးနေသည်။ချီရှင်းချန် ဝင်လာသည်ကိုမြင်သောအခါ သူ ခဏလောက် အံ့အားသင့်သွားပေမဲ့ ဘာမှမပြောပေ။
ချီရှင်းချန်လည်း ဘာမှမပြောခဲ့ပေ။ နံရံကိုမှီ၍ သူတို့ သီချင်းဆိုသံကို နားထောင်နေခဲ့၏။
သီချင်းဆိုအပြီးမှာ ပိုင်ရဲ့က သင်တန်းသားတွေကို သူတို့ဘာသာ လေ့ကျင့်ရန် ညွှန်ကြားချက်အချို့ ပြုလုပ်ခဲ့သည်။ ထိုနောက်မှသာ သူက ချီရှင်းချန်ကို ခေါ်လိုက်သည်။
"ကိုယ့်ကို ဟိုတယ်မှာစောင့်နေဖို့ မပြောခဲ့ဘူးလား"
"လွန်ခဲ့တဲ့ နှစ်ရက်က ကောနဲ့ ဒီသီချင်းကို ဆွေးနွေးပြီးတာနဲ့ ရေးစပ်ရတာကို ရုတ်တရက်ကြီး အရမ်းစိတ်ဝင်စားလာတယ်"
ချီရှင်းချန်ု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အဲဒါကြောင့် လူတိုင်းက ဘယ်လို ရေးစပ်ထားလဲ ကြည့်ချင်တယ်"
ဟိုကြည့်သည်ကြည့်ဖြစ်နေသော သူ့မျက်လုံးများကို ကြည့်ရင်း၊ ဤကောင်လေး လိမ်နေမှန်း ပိုင်ရဲ့ သိလိုက်သည်။ သူ့မှာ သူ့ကိုဖော်ရက်သည့် နှလုံးသားမရှိပေ၊ထို့ကြောင့် သူက နောက်ကလိုက်မျှောပြီးပြောလိုက်သည်။
"သီချင်းရေးဖွဲ့ဖို့ စိတ်ဝင်စားတယ်ဆိုရင် မင်းရဲ့ ဂီတအသိကို အရင်ဆုံး မြှင့်တင်ဖို့ လိုတယ်"
သူက ထရပ်ပြီး ထိုင်ခုံကို မေးငေါ့ပြသည်။
"လာ... မင်းရဲ့ အခြေခံ အရည်အချင်းကို ကြည့်ရအောင်"
ချီရှင်းချန်: "စန္ဒယားတီးရမှာလား"
ပိုင်ရဲ့:"ဟုတ်တယ်"
"မဟုတ်ဘူး...မဟုတ်ဘူး"
ချီရှင်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဘယ်လိုတီးမရလဲမသိဘူး"
"အဆင်ပြေပါတယ်...ကိုယ်သင်ပေးမယ်"
သူတို့နှစ်ယောက်က သည်မှာ တိုးတိုး တိုးတိုးပြောနေကြပြီး အစီအစဉ်နှင့် အကတွေကို ဆွေးနွေးနေသည့် သင်တန်းသားတွေက သူတို့ ဘာလုပ်နေလဲ သိချင်သလိုမျိူး ရံဖန်ရံခါ သူတို့ကို လှမ်းကြည့်နေကြသည်။
ထိုအချိန်တွင် ကင်မရာကလည်း ရွှေ့ထားပြီးဖြစ်သည်။ချီရှင်းချန် မငြင်းနိုင်ပေ။စန္ဒယား၏အစွန်းမှာ သူ့လက်တွေကို ကိုးရိုးကားယားတင်လိုက်ရုံသာတတ်နိုင်ခဲ့၏။
စန္ဒယားတီးရန်နေနေသာသာ သူ့လက်ချောင်းတွေကို ဘယ်လိုအနေအထားမှာ ထားရမှန်းပင် သူ မသိပေ။
ပိုင်ရဲ့က သူ့ရှက်ရွံ့မှုကို မြင်ပုံရပြီး သူ့အသံက နှေးကွေးသွားသည်။
"စန္ဒယားကီးတွေနဲ့ စလိုက်ရအောင်...စန္ဒယားကီးဘုတ်မှာ ဘယ်ကနေညာ စုစုပေါင်း အဖြူရောင်ကီး 52 ခုနဲ့ အနက်ရောင်ကီး 36 ခု ပါရှိပြီးတော့ ပြီးပြည့်စုံသော အသံအုပ်စု ခုနစ်ခုနဲ့ မပြည့်စုံသော အသံအုပ်စုနှစ်စုဆိုပြီး ပိုင်းခြားထားတယ်"
ပိုင်ရဲ့ စာအုပ်ကို အသံအုပ်စုများခွဲထားသည့် စာမျက်နှာသို့ လှည့်လိုက်သည်။
"ဘယ်ဘက်အကျဆုံးအုပ်စုရဲ့ ပထမဆုံးနုတ်က လာ... ခံစားကြည့်"
သူ့ပြောသည့်အတိုင်း ချီရှင်းချန် ကီးကို နှိပ်လိုက်ပြီး သေချာပေါက်ကို လာဖြစ်လေသည်။
ထို့နောက် ပိုင်ရဲ့က အသံအုပ်စုတစ်ခုစီ၏ နုတ်များနှင့် အတိုကောက်များကို အတိုချုပ်ရှင်းပြသည်။ ပထမအုပ်စုမှလွဲ၍ အုပ်စုတိုင်းသည်ဒိုဖြင့် စတင်သည်။ ၎င်းကို မှတ်မိရန် အလွန်လွယ်ကူခဲ့ပြီး ချီရှင်းချန် ၎င်းကို အလွန်လျင်မြန်စွာ မှတ်မိခဲ့သည်။
"ကဲ... ရိုးရှင်းတဲ့ လက်ချောင်းလေ့ကျင့်ခန်းလေးတွေနဲ့ စတင်နိုင်ပါပြီ"
ပိုင်ရဲ့က စန္ဒယားကို မှီ၍ မကြည့်ဘဲ နုတ်တစ်တွဲလိုက်ကို နှိပ်လိုက်သည်။
"E F# G# A B
C# D# E...ဒါက E အဓိက"
ချီရှင့်ချန်: "…"သူလုံးဝမမှတ်မိပေ။
ပိုင်ရဲ့က အရှိန်လျှော့ပြီး ထပ်ပြီး နှိပ်လိုက်သည်။
ဤတစ်ကြိမ်မှာ ချီရှင်းချန် ၎င်းကို မှတ်မိပေမဲ့ သူ့လက်တွေကို စန္ဒယားကီးတွေပေါ်လိုက်ချိန်မှာ သူတို့က သူနှင့် လုံးဝ မသက်ဆိုင်သလိုမျိုး သူ့စကားကို လုံး၀ နားမထောင်ခဲ့ကြပါချေ။
ချီရှင်းချန် ဒေါသတကြီး နှုတ်ခမ်းစူလိုက်သည်။
ပိုင်ရဲ့ သူ့ဖန်လေးက တစ်ခုခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သည်ကို တွေ့ရ,ခဲ,လေသည်။ သူ၏ဒေါသထွက်နေသော သူ့အမူအရာကိုစက္ကန့်အနည်းငယ်ကြာအောင် သဘောတကျကြည့်နေပြီးနောက် သူ့အနောက်သို့ လျှောက်သွားလိုက်သည်။
ထို့နောက် ကိုယ်ကိိုလျက် သူ့ဘယ်လက်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ကာ ညာလက်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့ခေါင်းထက်ကနေပြောလိုက်သည်။
"ကိုယ် မင်းနဲ့ အတူတူတီးမယ်"
ချီရှင်းချန်: "!!!"
ပိုင်ရဲ့၏ အမူအရာက သူ့ကို အနောက်ကနေ ပွေ့ဖက်ထားပုံနှင့် ဘာမှမခြားပါချေ။ချီရှင်းချန် တစ်ဖက်လူ၏ နွေးထွေးသော ရင်ဘက်က သူ့နောက်ကျောနှင့် ဖိကပ်ထားပြီး မေးစေ့က သူ့ဆံပင်များနှင့် ပွတ်တိုက်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
သူတို့ချင်း ထိစပ်နေသည့်နေရာမှ အပူက သူ့မျက်နှာဆီသို့ တစ်လွှာပြီးတစ်လွှာ တက်လာသည်။ချီရှင်းချန်၏လည်ပင်းက ပထမဆုံးနီရဲလာပြီး ၎င်းနောက် မျက်နှာတစ်ခုလုံးနီရဲလာသည်။
မျက်လုံးအစုံပေါင်းများစွာကသူ့ကိုကြည့်နေသဖြင့် အံကြိတ်ကာ အသံကိုနှိမ့်ပြီးပြောလိုက်သည်။
"ကျွန်တော့်ဘာသာ လုပ်နိုင်တယ်"
ပိုင်ရဲ့ သူ့ကို လျစ်လျူရှုပြီး ကီးတစ်ခုပြီးတစ်ခုနှိပ်ကာ သူနှင့်အတူတူ စန္ဒရားတီးနေလေသည်။
သို့သော် တစ်စုံတစ်ယောက်က သူ့ကို နည်းပေးလမ်းပြလုပ်ပေးလျှင် ပိုကောင်းသည်ကအမှန်ပင်။ ပထမအကြိမ်အပြီးတွင် နောက်ထပ်အကြိမ်အနည်းငယ်တီးခဲ့သည်။ချီရှင်းချန် ဂရုတစိုက် နားထောင်ပြီး ခံစားကြည့်နေခဲ့သည်။
"ရခါနီးပြီး"
ပိုင်ရဲ့က သူ့လက်ကို လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကမူ နေမြဲအတိုင်းနည်းနည်းနှရွေ့မသွားပေ။ "ကိုယ့်ကိုယ်ကို ထပ်စမ်းကြည့်"
ချီရှင်းချန် သူ့မျက်လုံးများကိုမှိတ်ထားပြီး ခဏလောက်စဉ်းစားလိုက်သည်။ ထို့နောက် Eကီးကို ချောမွေ့စွာ တီးနိုင်ခဲ့သည်။
သူ့လက်ချောင်းများမှ စီးဆင်းလာသော တေးသွား၏ ခံစားချက်သည် အံ့ဩစရာပင်။ချီရှင်းချန် သူစန္ဒယားတီးနိုင်မည်ဟု မမျှော်လင့်ထားပေ။ ခဏလောက်အကြာမှာ ပိုင်ရဲ့ ရှိနေသည့်နေရာကို မေ့သွားပြီး အချီးကျူးခံရရန် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို လှည့်လိုက်သည်။
ထို့နောက် နူးညံ့ပြီး အနည်းငယ် စိုစွတ်နေသော အရာတစ်ခုက သူ့နဖူးကို ပွတ်တိုက်သွားသည်။
"…"
ချီရှင်းချန် ယင်းက ပိုင်ရဲ့၏နှုတ်ခမ်းများဖြစ်သည်ကို သူမသိမီတွင် ခဏတာကြာခဲ့သည်။
သူတို့နောက်ကိုလိုက်နေသည့် ရိုက်ကူးရေးလက်ထောက် မိန်းမပျိုလေးက ဤမြင်ကွင်းကိုမြင်သောအခါ အံ့သြတကြီးနှင့် "ဝိုး"ဟုဆိုသည်။
ချီရှင်းချန်: "…"ဒီစန္ဒယားကို ဆက်သင်ဖို့ကမဖြစ်နိုင်တော့...
.
သူ သင်တန်းသားများ၏ လေ့ကျင့်မှုကို မနှောင့်နှေးစေလိုဟူသော အကြောင်းပြချက်ဖြင့် လေ့ကျင့်ရေးအခန်းမှ အမြန်ထွက်လာခဲ့ပြီး ဗန်ကားဆီ ပြန်သွားပြီး ပိုင်ရဲ့ကိုစောင့်နေလိုက်သည်။
သိပ်မကြာခင်မှာပဲ ပိုင်ရဲ့ ထွက်လာပြီး သူ့ကားဆီကို တန်းတန်းမတ်မတ်လျှောက်လာသည်။
ချီရှင်းချန်က စားပွဲငယ်လေးပေါ်တွင် မှောက်နေသည်။ပိုင်ရဲ့ သူ့ဘေးမှာဝင်ထိုင်ပြီး နောက်စေ့လေးကို ပွတ်လိုက်သည်။
"ကျွန်တော်ဒီမှာရှိနေမှန်း ဘယ်လိုသိတာလဲ..."
ချီရှင်းချန်က မှောက်လျက်အနေအထားအတိုင်း ဆက်ရှိနေသည်။
"မှန်းစမ်း... ရှက်နေတာလား"
ချီရှင်းချန်: "…"
"ဘာရှက်စရာရှိလို့လဲ"
"ကြည့်နေတဲ့သူတွေ အများကြီးပဲ"
"မင်းနဖူးကို ကိုယ့်နှုတ်ခမ်းကထိသွားရုံလေးလေ... ဘာကြောက်စရာရှိလို့လဲ"
ပိုင်ရဲ့ ရယ်ရမလာ ငိုရမလား မသိဖြစ်နေသည်။
"မင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမှမဟုတ်တာ"
ချီရှင်းချန် သူ့ကိုယ်သူပြောလိုက်သည်။
'အဲဒါက ကောကCPဖန်တွေကို ဂရုမစိုက်လို့လေ'
ဤမြင်ကွင်းကို ထုတ်လွှင့်သောအခါ၊ Bilibili တွင် သွေးမုန်တိုင်းတစ်ခု ပေါ်လာပေလိမ့်မည်။
သူ စကားမပြောသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရဲ့ သူ၏ ကွေးခေါက်ထားသော လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး မေးစေ့ကို ဆွဲမော့ကာ နှစ်ကြိမ်တိုင်တိုင် ကျီစယ်လိုသေားဘောဖြင့်ကုတ်ခြစ်ပစိလိုက်သည်။
"ဘာလို့ စကားမပြောတာလဲ... မင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ မဟုတ်ဘူးမလား"
ချီရှင်းချန်: "!"
နောက်ဆုံးတွင် သူထလာပြီး သူ၏နီရဲနေသောမျက်နှာကို ပြလိုက်သည်။
"မဟုတ်–"
သူ့စကား မဆုံးသေးခင်မှာ သူ့ရှေ့ကလူက သူ့ကိုဖိချလာ၏။
ပိုင်ရဲ့က သူ့စကားတွေကိုအနမ်းဖြင့် ပိတ်လိုက်ပြီး
ခဏ နားသည့်အချိန်မှာ ပြောလိုက်သည်။
"မင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူး... ဒါပေမဲ့ ကိုယ်က ရည်ရွယ်ပြီး လုပ်ခဲ့တာ"
သုံးရက်ကြာခွဲရပြီးနောက် ဖန်လေးသာမက သူလည်း ဖန်လေးကို အတော်လေး လွမ်းဆွတ်နေခဲ့သည်။ ထို့ကြောင့် သူက ဖန်လေးနှင့် ပိုနီးနီးကပ်ကပ်ရှိစေရန် ကျောကနေ ပွေ့ဖက်ကာ စန္ဒယားတီးနည်းကို တမင်တကာ သင်ပေးခဲ့သည်။
ပိုင်ရဲ့ တစ်ဖက်လူ၏ နှုတ်ခမ်းများကို ညင်သာစွာ နမ်းလိုက်သည်။ သိပ်မကြာခင်မှာပဲ တစ်ဖက်လူက နှုတ်ခမ်းကို အနည်းငယ်ဖွင့်ပြီး သူနှစ်သက်သလို ကျူးကျော်ဝင််လာသည်အား စောင့်နေသည်ကို သူတွေ့လိုက်ရ၏။
ပိုင်ရဲ့၏ မျက်လုံးများ မည်းမှောင်သွားပြီး တစ်ဖက်လူ၏ ခေါင်းနောက်ကို ကိုင်ကာ သူအလိုဆန္ဒရှိသည့်အတိုင်း နက်ရှိုင်းစွာ နမ်းရှိုက်လိုက်သည်။
သူတို့ အချိန်အကြာကြီး နမ်းခဲ့ကြသည်။ဖန်လေး၏လက် သူ့အင်္ကျီထောင့်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသောအခါတွင် သူ တစ်ဖက်လူကို လွှတ်ပေးလိုက်သည်။
ချီရှင်းချန်၏ မျက်လုံးများနှင့် နှုတ်ခမ်းထောင့်များသည် မျက်ရည်များ၊ငွေမှင်ရည်များဖြင့် ရွှန်းစို စိုရွှဲနေခဲ့သည်မှာ ကြာပြီဖြစ်၏။ အသက်ရှုမဝမှုကြောင့် သူ့မျက်ခွံတွေက အိကျ၍နေလေသည်။
"ဒါက ကိုယ်တို့ရဲ့ တတိယမြောက်အနမ်းပဲ"
ပိုင်ရဲ့က သူ့နောက်ကျောကို ပုတ်ပြီး စိတ်လျော့စေသည်။
"အခုထိ အသက်မရှူတတ်သေးဘူးလားဟင်"
ချီရှင်းချန်က သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။ သူ့သိက္ခါသူ ပြန်ဆယ်ချင်ပေမဲ့ ရုတ်တရက် အကြံတစ်ခုရပြီး စကားပြောင်းလိုက်၏။
"ကျွန်တော်က အဲ့လောက် မတော်ဘူးလေ... ဖြစ်နိုင်တာက...နောက်ထပ်အကြိမ်နည်းနည်းလောက်ကြိုးစားကြည့်ပြီးရင် ကျွန်တော် ဒါကို ကျွမ်းကျင်နိုင်လောက်တယ်"
ပိုင်ရဲ့ ကြောင်အသွားခဲ့သည်။
ဖန်လေးကို သူကျီစားချင်ခဲ့သော်လည်း ထိုအစား ဖန်လေး၏လှည့်စားခြင်းကို ခံခဲ့ရသည်။
သူ သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ "အင်း…မင်းပြောတာမှန်တယ်...ဘယ်နှစ်ခါ လောက်လေ့ကျင့်ရမလဲ ပြောပါဦး"
ချီရှင်းချန်က မရဲတရဲဖြင့် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
ပိုင်ရဲ့ : "တစ်ခါလား"
"မဟုတ်ဘူး…"
ချီရှင်းချန် တံတွေး မျိုချလိုက်ပြီး သေသေချာချာ ပြောလိုက်၏။
"ဟိုဟာ… တစ်နေ့ကို တစ်ကြိမ်"
ပိုင်ရဲ့: "…"
"… ဖူးး"
ပိုင်ရဲ့ မရယ်ဘဲမနေနိုင်တော့ပေ။
"ကောင်းပြီ ...မင်းပြောတဲ့အတိုင်း ကိုယ်လုပ်မယ်"
.
ချီရှင်းချန် ဤတစ်ခေါက် စတူဒီယိုကို သွားရသည့်ခရီးက ထိုက်တန်သည်ဟု ခံစားရသည်။ ကျိန်းသေထိုက်တန်ခဲ့ပါ၏။ပိုင်ရဲ့ကို တစ်နေ့ တစ်ကြိမ် နမ်းရသည်က အင်မတန် ကောင်းသည်။
သူက ပိုင်ရဲ့ကို ဂျပန်စာစားရန် ဝမ်းသာအားရခေါ်သွားခဲ့၏။ ထမင်းစားပြီးနောက် သူ သူ့ ဆံပင်နှင့် မိတ်ကပ်ပြင်ရန် ကျန်းကျန်းကို ပျော်ရွှင်စွာ သွားရှာခဲ့သည်။
နေ့ခင်းပိုင်းတွင် နည်းပြငါးဦးအား နေရာချထားပြီးနောက် ပရိုဂရမ်အဖွဲ့က နည်းပြများ၏ ဖန်တီးမှုကို မှတ်တမ်းတင်ခဲ့ပြီး ယင်းမှာ ဟိုတလောက ဝေချင် ပိုင်ရဲ့၏အခန်းသို့ သွားရောက်ဆွေးနွေးခဲ့သည့်အရာဖြစ်သည်။ အသံသွင်းသည့်နေရာက တေးဂီတအခန်းနှင့် ပထမအဆင့် မှတ်တမ်းတင်သည့် စတူဒီယိုတွင် ဖြစ်သည်။
တကယ်တမ်းတွင် ဤအသံသွင်းမှုက သူနှင့်သိပ်မသက်ဆိုင်ပါချေ၊အဘယ်ကြောင့်ဆိုသော် သူနှင့် ချန်ကျားရီတို့က မူရင်းလက်ရာတွေကို ဖန်တီးနိုင်စွမ်းမရှိ၍ပါပင်။လူဖြည့်သဘောမျိုးသာ ထိုနေရာတွင် ရှိနေပြီး အခြား ကျွမ်းကျင်သူ သုံးဦးက အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အားလုံးအဆင်သင့်ဖြစ်သောအခါတွင် သူက ချန်ကျားရီ တေးဂီတခန်းထဲသို့ ဆွဲခေါ်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်၍အခြားသုံးယောက်၏ ဆွေးနွေးမှုကို ပွဲကြည့်သလို ပျော်ပျော်ပါးပါးကြည့်နေလိုက်သည်။
သို့သော် သူကြည့်နေရင်းနှင့် ဝေချင်က ပိုင်ရဲ့ကိုပဲ တချိန်လုံး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ပိုင်ရဲ့က စကားပြောသည့်အခါ သူ့အကြည့်တွေက ပိုပြီး မရိုးမသားဖြစ်လာသည်။
အရင်တုန်းက ပိုင်ရဲ့နှင့် ပတ်သက်ပြီး သူဘယ်လိုခံစားခဲ့ရမှန်း မသိခဲ့ပါချေ။ဝေချင်၏အကြည့်က သူနှင့်အတူတူ၊သူ့ idol ကို လေးစားသောကြောင့်ဖြစ်သည်ဟု သူထင်ခဲ့သည်။
ယခု သူ ပိုင်ရဲ့နှင့် အတူရှိနေပြီဖြစ်၍ ဝေချင်က ပိုင်ရဲ့ကိုလေးစားခြင်
းမဟုတ်ဘဲ သဘောကျနေခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်လေသည်။
ပိုင်ရဲ့ကို သူသဘောကျသလိုမျိုး ဝေချင်ကလည်း သဘောကျနေသည်။
အနည်းငယ်စိတ်အဆင်ပြေဖြစ်မိသော်လည်း သူရှင်းရှင်လင်းလင်း မြင်နိုင်ပါ၏။ပိုင်ရဲ့က အလွန်ထူးချွန်ပြီး သူ့ကိုကြိုက်သည့်လူရှိသည်က ပုံမှန်ပါပင်။