Chapter 65
ကျိယွီရှောင် : "..."
"ငါမှာ ဘာပြဿနာမှ မရှိပါဘူး..."
ကျိယွီရှောင်က အံကြိတ်လိုက်သည်။
"ဆေးကုသမှုကို ရှောင်နေတာက မင်းလေ..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဆေးစစ်ဖို့ကြောက်ကာ ကျွန်တော်ပါ... အဲ့တော့ ကျွန်တော်နဲ့အတူ ဆေးစစ်ဖို့ လိုက်ခဲ့ပါ ဟုတ်ပြီလား..."
ဝေ့ကျွင်းဟယ်က သူက ဆေးစစ်ရမှာကြောက်သည့် လူနာတစ်ဦးဖြစ်ရန် လုံးဝဂရုမစိုက်ပါပေ။
ကျိယွီရှောင် : "..."
ကျိယွီရှောင်မှာ သူ့၏ နားထင်များက စတင်ကိုက်ခဲလာသည်ဟုခံစားလိုက်ရသည်။
လင်းလော့ချင်းက သူ့နောက်တွင် ရှိနေဆဲဖြစ်ကာ သူ့ကို ဖျောင်းဖျရန် ကြိုးစားနေဆဲ ဖြစ်လေသည်။
"အရင်ဆုံး သွားစစ်ကြည့်ရအောင်ပါ... ငါတို့က နှလုံးတို့၊ အသည်းတို့၊ သရက်ရွက်တို့၊ အဆုတ်တို့နဲ့ ကျောက်ကပ်တွေကို စစ်လို့ရတာပဲ... မဟုတ်ဘူး မဟုတ်ဘူး ကျောက်ကပ်မပါဘူး..."
ကျိယွီရှောင် : "..."
ကျိယွီရှောင်မှာ ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။ ကိစ္စများကို ဖုံးကွယ်နေသည့် ပုံရိပ်မှာ အလွန်သိသာနေပေသည်။
"အိမ်ပြန်ကြစို့..."
သူက ပင်ပန်းစွာ ဆိုလိုက်သည်။
လင်းလော့ချင်းက ၄င်းကိုကြားပြီး ဝေ့ကျွင်းဟယ်ကို မကြည့်ပဲ မနေနိုင်တော့ပါချေ။ ဝေ့ကျွင်းဟယ်က ဘာမှမလုပ်နိုင်တော့ပဲ ကျိယွီရှောင်ကို နောက်တစ်ကြိမ်မှသာ ဖျောင်းဖျရန် သူ့ကို အကြည့်တစ်ချက်ပေးလိုက်လေသည်။
လင်းလော့ချင်းမှာ ကျိယွီရှောင်ကို ဓာတ်လှေကားထဲသို့ တွန်းသွားကာ ဆေးရုံပြင်ပသို့ ထွက်ရန် တွန်းအားပေးခံရလေသည်။
သူက ကျိယွီရှောင်ကို ကားထဲသို့ ခေါ်သွားပြီး ဝေ့ကျွင်းဟယ်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ရှောင်လီကို ကားမောင်းကာ အိမ်ပြန် ပို့ခိုင်းလိုက်သည်။
ဝေ့ကျွင်းဟယ်က ကားထွက်သွားသည်ကိုကြည့်ပြီး အတန်ပင် စိတ်လှုပ်ရှားသည်ဟု ခံစားလိုက်ရသည်။ သူက လင်းလော့ချင်း ကျိယွီရှောင်ကို ၁၅နှစ်ကြာအောင် တိတ်တခိုးချစ်နေသည်အား စိတ်မလှုပ်ရှားပါပေ။ သို့သော် ယခုတွင် သူ့ကောမှာ သူ့၏ တတိယခြေထောက်နှင့် ပြဿနာရှိနေသည်ကိုပင် လင်းလော့ချင်းက သူ့အား အချစ်ဦးအဖြစ် ပြုမူနေဆဲ ဖြစ်သည်။
ဘယ်သူက ရင်ထဲမထိပဲ နေမှာလဲ...
သူက ရင်ထဲ အရမ်းထိသွားတယ်...
[လှလိုက်တဲ့ ချစ်ခြင်းနော်...]
ဝေ့ကျွင်းဟယ်က အုပ်စုဖွဲ့ စကားပြောခန်းတွက် ဆိုလိုက်သည်။
[ငါ့မရီးကတော့ ငါ့ကို အရမ်း စိတ်ထဲ ကိုင်လှုပ်နိုင်သွားတယ်...]
ကျွမ်းယွဲ့ : [မင်းက ထပ်ပြီး ရင်ထဲထိပြန်ပြီလား... ငါမသိတာ တစ်ခုခုဖြစ်သွားလို့လား...]
ချွီယင်းကျယ် : [အပေါ်ကတစ်ယောက်နဲ့ အတူတူပဲ...]
ဝေ့ကျွင်းဟယ်မှာ ကျိယွီရှောင်၏ မျက်နှာကို ဂရုစိုက်နေဆဲဖြစ်ရာ သူ့မှန်းဆချက်ကို မပြောလိုက်ပါပေ။ သူက ဆိုလိုက်ပေသည်။
[လောကကြီးထဲမှာ အချစ်ဆိုတာ ဘာလဲ မေးကြည့်... ငါ မျက်ရည်တွေကျပြီး မင်းတို့ကို ပြောပြမယ်... ငါ့မျက်လုံးထဲမှာ ဘာလို့ မျက်ရည်တွေ ရှိနေတာလဲ... အဲ့ဒါက ငါ့မရီးကို လေးစားလွန်းလို့ပဲ... ယွီရှောင် မင်း မရီးနဲ့တွေ့ရတာ ဘဝတစ်လျှောက်လုံး ကျေနပ်သင့်တယ်...]
ကျိယွီရှောင် : "..."
ကျိယွီရှောင်က လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။
"မင်း ဝေ့ကျွင်းဟယ်ကို ဘာပြောလိုက်သေးလဲ..."
အဲ့လူက ဘယ်လိုလုပ်ပြီး ဒီလောက် စိတ်လှုပ်ရှားနေတာလဲ...
"ငါဘာမှ မပြောပါဘူး..."
လင်းလော့ချင်းက ကြောင်သွားလေသည်။
"သူက မင်းက ရှက်နေလို့ ငါ့ကို သွားခွင့်မပြုတာလို့ပဲ ပြောတာ... မင်းက ငါ့ကို မင်းနဲ့အတူ ရှိမနေစေချင်တာမဟုတ်ဘူးတဲ့..."
"တခြားရော..."
"ငါက ကျန်းမာရေး စစ်ဆေးမှုလုပ်ရင် အဆင်ပြေလားလို့ မေးခဲ့တာ..."
ကျိယွီရှောင် : "..."
"အဲ့တော့ သူက ငါဆေးကုသမှုကို ရှောင်နေတယ်လို့ သူထင်နေတာပေါ့..."
လင်းလော့ချင်းက ၄င်းကို တွေးလိုက်လေသည်။
"ဖြစ်နိုင်ပါတယ်..."
ဖြစ်နိုင်ပါတယ်ဆိုတာက ဘာလဲ...
တကယ်ကို အဲ့လိုပေါ့...
ဒါကို လင်းလော့ချင်း သူ့ကို ကျောက်ကပ်လုပ်ဆောင်မှုအတွက် စစ်ဆေးဖို့ ပြောတဲ့အချိန်နဲ့ ချိတ်ဆက်ကြည့်လိုက်စို့... အဲ့ဒါကို ဝေ့ကျွင်းဟယ်က မကြားသွားရင် အဆင်ပြေပေမဲ့ သူကြားသွားရင်...
ကျိယွီရှောင်က ထိုင်ခုံကိုမှီလိုက်ကာ ဤနားလည်မှုလွဲခြင်းက အလွန်ကြီးမားသည်ဟု ခံစားလိုက်ရပေသည်။
သူက အပြစ်ကင်းသော မျက်နှာလေးနှင့် သံသယအပြည့် မျက်လုံးများရှိနေသော လင်းလော့ချင်းကို လှမ်းကြည့်လိုက်သည်။
အရမ်းကောင်းတယ်... လင်းလော့ချင်းက သူ့ခန္ဓာကိုယ်က တစ်ခုခုဖြစ်နေတယ်ဆိုပြီး သံသယဝင်နေတာမဟုတ်လား...
ကျိယွီရှောင်က ဒီနေ့ ပြဿနာရှိလားဆိုတာ ပြရမှာပေါ့...
လင်းလော့ချင်းက ကျိယွီရှောင်၏ မျက်လုံးထဲသို့ တိုးဝှေ့လာသော ခံစားချက်များကို မြင်ကာ မျက်တောင်ခတ်လိုက်လေသည်။ သူက မရဲတရဲ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး..."
ကျိယွီရှောင်က ပြုံးလိုက်သည်။
မင်းစောင့်နေလိုက်.... ညကျရင် မင်းတုန်ရီနေမည့် အချိန် ရောက်လာမှာ...
ကျိယွီရှောင်က သူ့ခေါင်းကို ငုံ့ကာ ဝေ့ကျွင်းဟယ်နှင့် တိတ်တဆိတ် စာပို့လိုက်သည်။
[မြန်မြန် ပါးစပ်ပိတ်ထားစမ်း... မင်းမှာ ပါးစပ်တစ်ပေါက်တည်းရှိတာကို ဘာလို့ အရမ်းစကားများတာလဲ...]
ဝေ့ကျွင်းဟယ်က သူ့၏ ယောက်ျားမာနကို စဉ်းစားကာ မငြင်းခုန်တော့ပါချေ။ သူက ပါးပါးနပ်နပ်ဆိုလိုက်သည်။
[နောက် ရက်အနည်းငယ်အတွင်းမှာ ငါတို့အားလုံးအတွက် ကျန်းမာရေး စစ်ဆေးဖို့ စီစဉ်ထားလိုက်ရမလား... ငါတို့ အကုန်လုံး အစစ်ဆေးခံကြမလား...]
ကျိယွီရှောင် : "...."
[မင်းအတွက် မင်းသာ စီစဉ်လိုက်... မင်းကမှ စိတ်ပူသင့်တာ...]
ဝေ့ကျွင်းဟယ်က သက်ပြင်းချကာ သူ့ကောမှာ အမှန်တကယ်ပင် ဟန်ကိုယ့်ဖို့ လုပ်နေသည်ဟု ခံစားလိုက်ရပေသည်။ ဤသည်မှာ ယောက်ျားသိက္ခာနှင့် ပတ်သက်သော်လည်း ယောက်ျားသိက္ခာကြောင့် ရောဂါတစ်ခုကို ဖုံးကွယ်ထားကာ ဆေးကုသမှုကို ရှောင်ရှား၍ မရနိုင်ပါပေ။
ဒီအတိုင်းဆက်ဖြစ်နေရင် သူဘာလုပ်သင့်လဲ...
လင်းလော့ချင်းနှင့် ကျိယွီရှောင် အိမ်ပြန်ရောက်သောအခါ ကျိလဲ့ယွီက လှုပ်ရှားမှုများကို ကြားပြီး ချက်ချင်းပင် လင်းဖေးကို အောက်ထပ်သို့ ဆွဲခေါ်လာလေသည်။ သူက ကျိယွီရှောင်ဆီသို့ ပြေးသွားကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်လေသည်။
"ပါးပါး... ပိုကောင်းလာပြီလား..."
"အများကြီး ပိုကောင်းလာပြီ..."
ကျိယွီရှောင်က သူ့ကို ပြုံးပြလိုက်သည်။
ဤကဲ့သို့ ကိစ္စများနှင့် ပတ်သတ်၍ ကလေးတစ်ယောက်၏ စကားများကို မည်သူမှ ယုံမည်မဟုတ်၍ သူက ကျိလဲ့ယွီအား သူက ပိုကောင်းလာပြီနှင့် အဆင်ပြေသွားမည်ဟု အမြဲလိုလို ပြောပေသည်။
ကျိလဲ့ယွီက ပြုံးလိုက်သည်။
သူက ၄င်းကို အမှန်တကယ်တွင် မယုံသော်လည်း ကျိယွီရှောင်က ယခင်ကထက် များစွာပိုကောင်းလာရန် မျှော်လင့်ပေသည်။ သို့ဖြစ်၍ သူက ကျိယွီရှောင်၏ စကားများကို ယုံချင်ပေသည်။
ကျိယွီရှောင်မှာ သူထွက်မလာခင်က အတွေးကို အမှတ်ရပေသည်။ ထို့နောက် သူက လင်းလော့ချင်းကို လှည့်ကြည့်ကာ ဆိုလိုက်သည်။
"မင်း သွားပြီး လင်းဖေးကို အဖော်လုပ်ပေးလိုက်... ငါရှောင်ယွီကို ပြောစရာနည်းနည်း ရှိသေးတယ်..."
"ကောင်းပြီ..."
လင်းလော့ချင်းက လင်းဖေးကို ဖက်ကာ သူ့အခန်းထဲသို့ ဝင်လာလိုက်သည်။
ကျိလဲ့ယွီက အကြောင်းပြချက်ကို မသိ၍ သူတို့ အိပ်ခန်းထဲအထိပြန်ရောက်သည်ကို စောင့်ကာ ကျိယွီရှောင်ကို မေးလိုက်သည်။
"ပါးပါး... ဘာဖြစ်လို့လဲ..."
ကျိယွီရှောင်က သူ့ကိုကြည့်ကာ စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ ဤသည်မှာ ကျိလဲ့ယွီအတွက်မဟုတ်ပါပေ။ လင်းလော့ချင်းအတွက် ဖြစ်ပေသည်။
သူက အမှန်တကယ်တွင် တစ်ချို့ကိစ္စများတွင် ထိရှမလွယ်ပါပေ။ လင်းလော့ချင်းက သူတို့လက်ထပ်လိုက်သည့်အခါ ကျိလဲ့ယွီ၏ ဖခင်ဖြစ်လာမည်ဟု ပြောခဲ့ပေသည်။ သူက ကျိလဲ့ယွီကို သွားကြိုကာ ကျိလဲ့ယွီကို ဂရုစိုက်ပေးမည် ဖြစ်ပေသည်။ ကျိယွီရှောင်က ထိုအချိန်က စိတ်ထဲတွင် ခံစားရသွားပြီး သူတို့ လက်ထပ်မှတ်ပုံတင်ရပြီးနောက် လင်းလော့ချင်းသည်လည်း သူ့၏ ဖခင်ဖြစ်ကြောင်း ကျိလဲ့ယွီကို ပြောရန် မေ့နေခဲ့ပေသည်။ ဆိုလိုသည်မှာ ကျိလဲ့ယွီက သူ့အား ပါးပါးဟု ခေါ်သင့်သည်ဖြစ်ကာ ရှုရှုလင်းဟု မခေါ်သင့်တော့ဟု ဖြစ်ပေသည်။
"ရှောင်ယွီ... ပါးပါးက ရှုရှုလင်းနဲ့ လက်ထပ်လိုက်ပြီ..."
သူက ညင်သာစွာဆိုလိုက်သည်။
"လက်ထပ်တယ်ဆိုတာ ဘာလဲ သားသိလား... အဲ့ဒါက သားအဖေနဲ့ အမေလိုပဲ..."
ကျိလဲ့ယွီက ခေါင်းညိတ်ပြလိုက်သည်။
"သားသိတယ်...."
"အဲ့တော့ သားက သူ့ကို ရှုရှုလင်းလို့ ဆက်ပြီး ခေါ်နေလို့ မရတော့ဘူး..."
ကျိယွီရှောင်က ညင်သာစွာဆိုလိုက်သည်။
"သားက သူ့ကိုလည်း ပါးပါးလို့ ခေါ်သင့်တယ်..."
သူက လက်တစ်ဖက်ဆန့်ထုတ်ကာ ကျိလဲ့ယွီကို ဖက်လိုက်ပြီး သူ့ပေါင်ပေါ်သို့ တင်လိုက်သည်။
"အဲ့ဒါအဆင်ပြေရဲ့လား..."
သူအံ့ဩသွားသည်မှာ ကျိလဲ့ယွီက တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလိုက်ပေသည်။
"ဟုတ်..."
ကျိယွီရှောင်က ဤပျော်ရွှင်ကာ တည့်တိုးဆန်သော စိတ်နေစိတ်ထားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။ ထိုအခိုက်တွင် သူ့ကို ဖျောင်းဖျရန် ပြင်ဆင်ထားခဲ့သော စကားလုံးများကို ကျိယွီရှောင်က မျိုချလိုက်ရပေသည်။
သူက သူ့၏ တူလေးကိုကြည့်ကာ ရယ်လိုက်သည်။
"သားက ကလန်ကဆန်လုပ်မယ်လို့ ပါးပါးထင်နေတာ..."
ကျိလဲ့ယွီက ချိုမြိန်စွာ ပြုံးလိုက်သည်။
"ပါးပါးက အခုသားအဖေဖြစ်နေပြီပဲ... ပါးပါးလက်ထပ်လိုက်တဲ့ လူက သားအမေပဲပေါ့... ဒါပေမဲ့ ယောက်ျားတစ်ယောက်ကို အမေလို့ခေါ်လို့မရဘူးလေ... သားက သူ့ကို ပါးပါးလို့ပဲ ခေါ်လို့ရမှာပေါ့... သားသိပါတယ်..."
"ဒါဆိုရင် သားက အများကြီး သိတာပဲ..."
ကျိယွီရှောင်က သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။
ကျိလဲ့ယွီက သူ့ကိုမေးလိုက်သည်။
"ပါးပါး ရှုရှုလင်းကို ကြိုက်လားဟင်..."
"သားကရော ရှုရှုလင်းကို ကြိုက်လား..."
ကျိလဲ့ယွီက ခေါင်းညိတ်ပြလိုက်သည်။
"ရှုရှုလင်းက ပါးပါးကို အများကြီး သဘောကျတယ်..."
"တကယ်လား... သူပါးပါးကို ကြိုက်တယ်လို့ သားထင်တယ်လား..."
ကျိယွီရှောင်က ရယ်လိုက်သည်။
"ပါးပါးက အဲ့လို မထင်ဘူးလား..."
ကျိယွီရှောင်က လင်းလော့ချင်း သူနှင့် မည်သို့ ပြုမူသည်ကို တွေးလိုက်သည်။
"ပါးပါးလည်း သူ ပါးပါးကို ကြိုက်တယ်လို့ ခံစားရတယ်..."
ကျိလဲ့ယွီက ပို၍ပင် ပျော်လာလေသည်။
"အဲ့ဒါဆိုရင် သားက သူ့ကို ပိုပြီးတော့ ကြိုက်သွားပြီ..."
ကျိယွီရှောင်က ပြုံးကာ သူ့နှာခေါင်းကို ကုတ်လိုက်လေသည်။
"မကောင်းဆိုးဝါးလေးပဲ..."
သူစကားပြောပြီးနောက် ထပ်ပြောရန် တစ်ခုခုကို သတိရသွားလေသည်။
"ဒါပေမဲ့ သားရဲ့ မိဘတွေကိုတော့ အမှတ်ရရမယ်နော်... ရှုရှုလင်းနဲ့ ပါးပါးက သားရဲ့ မွေးစားမိဘတွေပဲ... သားရဲ့ မိဘတွေကမှ မိဘအရင်းတွေဖြစ်ပြီး သားကို အရမ်းချစ်ကြတာ.... ဆိုလိုတာက သားက တခြားကလေးတွေထက် အများကြီး ကံကောင်းတယ်ဆိုတာပဲ... သားမှာ အဖေသုံးယောက်နဲ့ အမေတစ်ယောက်ရှိတယ်... အဲ့ဒါတွေက မင်းကို ချစ်တဲ့ လူကြီး လေးယောက်ပဲ..."
ကျိလဲ့ယွီက ကျိယွီရှောင်၏ လည်ပင်းကို ဖက်ထားပြီး သူ့ကို မှီထားလိုက်သည်။
"သားသိပါတယ်..."
ကျိယွီရှောင်က သူ့နဖူးကို နမ်းလိုက်လေသည်။
"ကောင်းတယ်..."
"အခုကစပြီး သား ရှုရှုလင်းကို ပါးပါးလို့ခေါ်မယ်..."
ကျိလဲ့ယွီက တစ်ခုခုကို တွေးမိကာ မေးလိုက်လေသည်။
"တကယ်လို့ ပါးပါးတို့နှစ်ယောက်လုံးရှိနေပြီး သားက ပါးပါးလို့ခေါ်ရင် ခြားနားချက်ကို ပြောနိုင်မှာလား..."
"အဲ့ဒါဆိုရင် သူ့ကို ဖေဖေ ဒါမှမဟုတ် အဖေလို့ ခေါ်လို့ရတယ်..."
ယခုတွင် ကျိလဲ့ယွီက နားလည်သွားလေသည်။
"ဟုတ်..."
သူက ကျိယွီရှောင်ကို အပြုံးမျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူက ကျိယွီရှောင်ကို ပါးပါးဟုခေါ်ရသည်အား စိတ်မရှိသလို လင်းလော့ချင်းအား ပါးပါးဟု ခေါ်ရသည်ကိုလည်း စိတ်မရှိပါပေ။
သူ့ဖခင်က ယခင်က 'ပါးပါး'ဆိုသည်မှာ ကမ္ဘာပေါ်တွင် သူ့ကို အချစ်ဆုံး လူကြီးတစ်ဦးဟု ပြောဖူးပေသည်။
ကျိယွီရှောင်မှာ ယခုကဲ့သို့ဖြစ်နေ၍ ကျိလဲ့ယွီ၏ 'ပါးပါး' ဖြစ်ပေသည်။
ကျိယွီရှောင်က ကျိလဲ့ယွီကို စကားပြောပြီးနောက် တံခါးကို ဖွင့်ကာ သူ့အိပ်ခန်းထဲသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
ထို့နောက် သူက လင်းဖေး၏ အိပ်ခန်းထဲသို့ ကြည့်လိုက်မိပေသည်။ သူက လျှောက်သွားပြီး တံခါးခေါက်လိုက်သည်။ ထို့နောက် သူက လင်းလော့ချင်း၏ အသံကို ကြားလိုက်သည်။
"ဝင်ခဲ့ပါ..."
ကျိယွီရှောင်က တံခါးကို တွန်းဖွင့်လိုက်ပြီး ဆိုလိုက်သည်။
"ငါပြန်လာပြီ..."
"အဲ့ဒါဆို ငါမင်းနဲ့ လိုက်ခဲ့မယ်..."
လင်းလော့ချင်းက လင်းဖေး၏ မျက်နှာလေးကို ဆွဲညစ်လိုက်ပြီး လင်းဖေး၏ စိတ်ညစ်ကာ ကူကယ်ရာမဲ့နေသော အကြည့်ကို လျစ်လျူရှုကာ ကျိယွီရှောင်ဆီသို့ လျှောက်သွားလိုက်လေသည်။
ကျိလဲ့ယွီက ကျိယွီရှောင်၏ စကားများကို အမှတ်ရသွားပြီး ရှင်းရှင်းလင်းလင်း အော်လိုက်လေသည်။
"ပါးပါး..."
လင်းလော့ချင်းက သူ့ကို အံ့ဩတကြီး ကြည့်လိုက်လေသည်။
လင်းဖေးသည်လည်း တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
ကျိလဲ့ယွီက အာတာပူစီတစ်ခုသဖွယ်ပြုံးလိုက်လေသည်။ ၄င်းက ချိုမြန်ကာ နူးညံ့ပေသည်။
"ရှုရှုလင်း... သား နောက်ဆို ရှုရှုကို ရှုရှုလင်းလို့မခေါ်တော့ဘူး... ပါးပါးလို့ ခေါ်လို့ရမလား..."
"ဟု-ဟုတ်ပါပြီ..."
လင်းလော့ချင်းက အံ့အားတကြီး ပြန်ဖြေလိုက်သည်။
သူက အစကတည်းက ကျိလဲ့ယွီ၏ ဖခင်ဖြစ်ချင်သည် ဖြစ်သည်။ ယခုတွင် သူက ရုတ်တရက်ကြီး ထိုအမည်ကို လက်ခံလိုက်ရရာ အနည်းငယ် အံ့အားသင့်နေဆဲ ဖြစ်လေသည်။
သူက ကျိယွီရှောင်ကို ကြည့်လိုက်သည်။
"ခုဏတုန်းက ကျိလဲ့ယွီကို ဒါပြောနေတာလား..."
ကျိယွီရှောင်က ခေါင်းညိတ်ပြပြီး ခပ်တိုးတိုးဆိုလိုက်သည်။
"တောင်းပန်ပါတယ်... ငါအရင်က နာမည်ပြဿနာကို သတိမထားမိခဲ့ဘူး... ငါမှားပါတယ်..."
လင်းလော့ချင်းမှာ သူ့နှလုံးသားအား အလင်းတန်းများ ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရပေသည်။
"အဲ့ဒါက ဘာဖြစ်လို့လဲ... ကိစ္စမရှိပါဘူး... ငါဂရုမစိုက်ပါဘူး..."
မှန်ပေသည်။ ကျိယွီရှောင်က သူ့ကိုကြည့်ကာ တွေးလိုက်လေသည်။
'မင်းက ဘာမှ ဂရုမစိုက်ဘူး... မင်းက ဂရုမစိုက်လွန်းအားကြီးနေတာ...'
အစမှ အဆုံးအထိ လင်းလော့ချင်းက များစွာ ဂရုစိုက်သည့်ဟန် မရပါပေ။
ကျိယွီရှောင်က သူ့ကို အိပ်ဆေးတောင့်အဖြစ် အသုံးပြုကာ သူ့ကို ထပ်ခါထပ်ခါ သရုပ်ဆောင်ခိုင်းခဲ့သော်လည်း လင်းလော့ချင်းက ဂရုမစိုက်ပါပေ။ ကျိယွီရှောင်က လက်ထပ်မည့် ရက်ကို ရွေးကာ တတ်နိုင်သမျှ မြန်မြန် မှတ်ပုံတင်ယူမည်ဟုပြောခဲ့သော်လည်း လင်းလော့ချင်းက အကြံပေးစရာ မရှိပါပေ။ သူက အိမ်ပြန်ကာ ကျိယွီရှောင်၏ အမျိုးများကို မြင်ရသည့်အခါတွင်လည်း ဂရုမစိုက်ခဲ့ပါပေ။
သူက မည်သည့်အရာကိုမှ ဂရုမစိုက်၍ ကျိယွီရှောင် တစ်ခုခုကို တွေးမိသောအခါ လင်းလော့ချင်း ဂရုစိုက်လာစေရန် အလိုမရှိပဲ မနေနိုင်ပါပေ။
ကျိယွီရှောင်က ခပ်တိုးတိုးရယ်ကာ ကျိလဲ့ယွီကို ပွတ်ပေးလိုက်လေသည်။
"ကိုကိုနဲ့ သွားကစားချေ...."
ကျိလဲ့ယွီမှာ နာနာခံခံ သဘောတူလိုက်ပြီး လင်းဖေး၏ အခန်းထဲသို့ ဝင်သွားလေသည်။
လင်းလော့ချင်းမှာ အနည်းငယ် ကြောင်သွားလေသည်။
ဒါက ဘာအတွက်လဲ... ဘာလို့ ရုတ်တရက်ကြီး ကျိလဲ့ယွီကို အဝေးပို့လိုက်တာလဲ...
ထို့နောက်တွင် သူက သဘောပေါက်သွားလေသည်။
ကျိယွီရှောင်က တံခါးကို ပိတ်လိုက်ပြီး သူ့လက်ကို ဆွဲလိုက်ကာ ပိတ်သွားသည့် တံခါးရှေ့တွင် သူ့မျက်နှာကို အလျင်အမြန် နမ်းလာပေသည်။
လင်းလော့ချင်းက တံခါးရွက်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ တံခါးရွက်အဖြူမှာ လှုပ်ရှားမှုမရှိ တင်းတင်းပိတ်ထားလေသည်။
ထိုအချိန်မှသာ သူက ကျိယွီရှောင်၏ လက်ကို အလန့်တကြား ညစ်လိုက်ကာ အသံတိုးတိုးနှင့် မေးလိုက်လေသည်။
"မင်းဘာလို့ ဒီလောက် သတ္တိရှိနေတာလဲ... ကလေးတွေ မြင်သွားမှာ မကြောက်ဘူးလား..."
"တံခါးပိတ်ထားတာ မဟုတ်ဘူးလား..."
ကျိယွီရှောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက လင်းလော့ချင်း၏ လက်ကိုဆွဲကာ လက်ခုံကို ခပ်ဖွဖွ နမ်းလိုက်လေသည်။
လင်းလော့ချင်းမှာ အနည်းငယ် ရှက်ရွံ့နေသော်လည်း အနည်းငယ် ပျော်ရွှင်နေပေသည်။
"ငါ့ကို ဘာလို့ ရုတ်တရက်ကြီး လာနမ်းတာလဲ..."
ကျိယွီရှောင်က ရယ်ကာ လင်းလော့ချင်းကို အနားလာရန် အမူအရာပြလိုက်သည်။
လင်းလော့ချင်းက စိတ်ဝင်တစား ခါးကိုင်းလိုက်သည်။ သူက နီးကပ်လိုက်ရာ တခြားသူ၏ ညင်သာသောအသံကို ကြားလိုက်လေသည်။
"မပြောပြဘူး..."
ထိုသို့ ဝင့်ကြွားစွာ ဆိုပြီးနောက် သူက ရယ်လိုက်သည်။
လင်းလော့ချင်း : "..."
ကျိယွီရှောင်မှာ သူ့ကုလားထိုင်ကိုတွန်းနေစဉ်၌ သကြားခိုးသွားသော ကြောင်တစ်ကောင်နှင့် တူပေသည်။ လင်းလော့ချင်းမှာ သူ့ပါးများကို ဖောင်းကာ မပြုံးပဲ မနေနိုင်ပါချေ။ သူက နောက်မှလိုက်ကာ ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်လေသည်။
အခန်းထဲတွင် လင်းဖေးက ကျိလဲ့ယွီ၏ နားများကို ပိတ်ထားလေသည်။ သူက ဘီးတပ်ကုလားထိုင် ထွက်သွားသည့် အသံမကြားခင်အထိ ကာထားသော လက်ကို မလွှတ်ရဲပါပေ။
ကျိလဲ့ယွီက သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
"ကိုကိုကကျ ကြားသွားတယ်..."
"ငါမကြားပါဘူး..."
လင်းဖေး၏ အမူအရာမှာ မခြားနားပါပေ။
"ငါက ခိုးနားမထောင်ဘူး..."