ညက မှင်ရေတွေလိုနက်မှောင်ပြီး ပျင်းစရာကောင်းနေခဲ့တယ်။ ပြတင်းပေါက်အပြင်ဘက်မှာတော့ သစ်ရွက်တွေရဲ့လှုပ်ခတ်သံနဲ့အတူ ပုစဉ်းရင်ကွဲတွေလည်း စူးစူးရှရှအော်မြည်နေခဲ့ပါတယ်။
အချိန်ကအတော်ကြီးကိုမိုးချုပ်နေပေမယ့် မုကျင်ကမသက်မသာနဲ့ အိပ်ရာပေါ်လူးလှိမ့်နေရတုန်းပါပဲ။ သူက ပုစဉ်းရင်ကွဲအော်သံတွေကို နှစ်နာရီနီးပါးလောက် မျက်လုံးအပြူးသားနားထောင်ခဲ့ရတယ်။ သူ့မျက်လုံးတွေက ပြတင်းပေါက်အပြင်ဘက်မှာရှိတဲ့ညောင်ပင်မြင့်မြင့်ကြီးဆီရောက်နေပေမယ့် သူ့အတွေးတွေက လွင့်မျောနေခဲ့တာပါ။
အခု သူ့ကိုယ်ခန္ဓာက အရမ်းကိုပူလောင်နေတယ်။ နှိပ်စက်ကလူပြုနေတဲ့ယားယံခြင်းတွေကတော့ ဒီရေတွေလိုတလိပ်လိပ်တက်လာပြီး သူ့တစ်ကိုယ်လုံးကို ရမက်လှိုင်းလုံးတွေကြားမှာ နှစ်မြှပ်ထားလိုက်ကြတယ်။ တုန်ယင်နေတဲ့သူ့နှုတ်ခမ်းတွေကြားကနေ ထိန်းချုပ်ထားလို့မရတဲ့အသက်ရှုသံပြင်းပြင်းတွေ လျှံကျနေခဲ့တယ်။
သူ့အခန်းထဲကပြတင်းပေါက်တွေအားလုံးကိုဖွင့်ထားပါတယ်။ ပြတင်းပေါက်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ညဉ့်လေအေးလေး အခန်းတွင်းမှာ ခပ်ဖြည်းဖြည်းဝင်ရောက်တိုးဝှေ့သွားတာတောင် သူ့ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ လောင်ကျွမ်းမှုအပူချိန်ကိုလျှော့ချဖို့ရာ နည်းနည်းကလေးတောင်မဖြစ်နိုင်ခဲ့ပါဘူး။
အခန်းတစ်ခုလုံးလည်း သူ့လက်ချက်ကြောင့် မွစာတက်နေခဲ့ပြီးပါပြီ။ ဒါပေမယ့် ထိန်းချုပ်ဆေးနဲ့တူတဲ့အရာဆိုလို့ အစအနလေးတောင်လိုက်ရှာလို့မရနိုင်ခဲ့ဘူး။ သူ ဒီညကို တောင့်ခံကျော်ဖြတ်နိုင်ပါ့မလား… တကယ့်ကို ရေရေရာရာမသိခဲ့ပါဘူး။
သူက ရေတွေရွှဲနစ်နေတဲ့ဖော့တုံးတစ်တုံးလိုဖြစ်နေခဲ့တယ်။ အသာအယာထိရုံနဲ့တောင် ရေတွေအများကြီးထွက်ကျလာဖို့ လုံလောက်နေပြီ။ ခြေတွေလက်တွေမသယ်နိုင်ဘဲ ပင်လယ်လိုကြီးမားကျယ်ပြောတဲ့အိပ်ရာကြီးပေါ်မှာ နစ်မြှပ်နေခဲ့တယ်။ ဟိုဘက်သည်ဘက်လှည့်ဖို့တောင် ခက်ခဲနေခဲ့ပါတယ်။
သူ့ကိုယ်ခန္ဓာအောက်ဖက်အစိတ်အပိုင်းက အနည်းငယ်ခေါင်းထောင်နေခဲ့တာ ခြေထောက်တွေကြားမှာ မာကြောတစ်ဝက်အခြေအနေနဲ့လဲလျောင်းနေတယ်။ အနောက်ဘက်တွင်းနက်နက်ကတော့ သည်းမခံနိုင်လောက်အောင် ယားယံနေခဲ့တယ်။ သူ့ကိုယ်အတွင်းမှာရှိတဲ့အူနံရံတွေက ဆာလောင်မှုကြောင့်ကျုံ့တက်ကုန်ပြီး ကပ်စီးစီးအရည်ဖြူတွေကိုမကြာမကြာထုတ်ပေးလိုက်ကာ သူ့ရဲ့ညဝတ်ဘောင်းဘီကို စိုရွှဲသွားစေခဲ့ပါတယ်။
မုကျင်ရဲ့ဦးနှောက်က မြင့်တက်လာတဲ့ဆန္ဒတွေကြောင့် လောင်ကျွမ်းသွားခဲ့ပြီးပြီ။ အသိစိတ်တွေက စတင်ဝေဝါးလာပြီး လက်တွေမရပ်မနားတုန်ယင်နေခဲ့တယ်။ သူက ကိုယ်အောက်ပိုင်းဆီလက်လှမ်းကာ ခြေထောက်ကြားကအပူချောင်းကိုထိဖို့ကြိုးစားတယ်။ ဒါပေမယ့် ထိခါနီးဆဲဆဲမှာပဲ အားပြင်းတဲ့လက်တစ်ဖက်ရဲ့ရုတ်တရက်လှမ်းဆွဲတာကို ခံလိုက်ရပါတယ်။
အဲဒိလူက သူ့ရဲ့တုန်ယင်နေတဲ့လက်တွေကို သူ့ခေါင်းထိပ်မှာကပ်ပြီးချုပ်ကိုင်ထားတယ်။ သူက တစ်ဖက်လူရဲ့လက်ထဲကနေရုန်းထွက်ဖို့အသည်းအသန်ကြိုးစားတယ်။ သူ့နှလုံးသားက ရှုပ်ထွေးမှုတွေနဲ့ပျာယာခတ်နေခဲ့တယ်။ ဒါပေမယ့် သူ့တစ်ကိုယ်လုံးကတော့ ရွှံ့အိုင်တစ်အိုင်လိုပျော့ပျောင်းနေခဲ့တယ်။ ချော်ရည်ပူတွေကြားလူးလှိမ့်နေသလို ခံစားနေခဲ့ရပါတယ်။
ဒီခဏမှာ ရင်းနှီးလှတဲ့မွှေးရနံ့တစ်လွှာက ရုတ်တရက်သူ့နှာခေါင်းထဲတိုးဝင်လာတယ်။ မွှေးရနံ့ကဖျော့ဖျော့လေးပါ။ ဒါပေမယ့် မုကျင်ရဲ့မသက်မသာဖြစ်မှုတွေကို တမဟုတ်ချင်းငြိမ်းအေးသွားဖို့ရာလုံလောက်ပါတယ်။
တောင့်တင်းနေတဲ့သူ့ကိုယ်ခန္ဓာက နောက်ထပ်မရုန်းကန်တော့ဘဲ တဖြည်းဖြည်းငြိမ်ကျသွားတယ်။ မုကျင်က ဒီအခိုက်အတန့်လေးမှာ ခြေထောက်နှစ်ဖက်ကိုအသာအယာဟလို့ ဖွင့်လှစ်ပေးလာတယ်။ သူက အယ်လ်ဖာတစ်ယောက်ဆီအလိုလျောက်ဝပ်တွားရတဲ့ အိုမီဂါတစ်ယောက်ရဲ့နာခံတတ်တဲ့အပြုအမူကိုပုံဖော်နေခဲ့ပါတယ်။
လိုအင်ဆန္ဒတွေက သူ့ဦးနှောက်ကို ပြာမှုန်တွေအဖြစ်လောင်ကျွမ်းပစ်ခဲ့တာ။ အိုမီဂါရဲ့သဘာဝနဲ့ လိင်ဆန္ဒတွေကိုရင်ဆိုင်လာရတဲ့အခါ သူ့ရဲ့ဇွဲလုံ့လဝီရိယတွေအားလုံး အားပျော့သွားပြီး ခုခံအားကင်းမဲ့ရလောက်တဲ့အထိဖြစ်လာခဲ့တယ်။
“မင်းဘာဖြစ်လို့ငါ့ကိုမခေါ်တာလဲ? ဘယ်အချိန်ထိတောင့်ခံချင်နေလို့လဲ?” အသံက မုကျင်ရဲ့နားထဲမှာ နက်ရှိုင်းလွန်းပြီးညို့ငင်နေတယ်။ ဒီလူရဲ့အေးမြတဲ့လက်တွေက သူ့ပါးပြင်ကနေတဆင့် ချွေးတွေစိုရွှဲနေတဲ့ဆံပင်တွေကြားတိုးဝင်လာတယ်။ ထိုသူက သူ့ခေါင်းကိုဖွဖွပွတ်ပေးရင်း သူ့ရဲ့နုနယ်တဲ့စိတ်တွေကို ငြိမ်းအေးဖို့လုပ်ပေးပါတယ်။
“ငါက… မင်းအနှောင့်အယှက်ဖြစ်မှာ… စိုးလို့ပါ…” မုကျင်ရဲ့အသံက တုန်ယင်မှုတွေနဲ့တိုးတိုးလေး။ သူ့လက်တွေက ဘေးနားမှာရှိတဲ့အိပ်ရာခင်းကိုတင်းတင်းကျပ်ကျပ်ဆွဲဆုပ်ထားတယ်။ “ငါ့ကိုမထိနဲ့…. ငါ့အနံ့တွေကြောင့် မင်းထိန်းချုပ်မရဖြစ်သွားလိမ့်မယ်”
“ငါ့ကျန်းမာရေး… ပြန်ကောင်းလာတဲ့အထိစောင့်ပေးပါ… ငါ ခွဲစိတ်လိုက်မယ်…” သူ့အောက်ကလူရဲ့ ရေငွေ့မြူတွေပြည့်သျှမ်းနေတဲ့မျက်ဝန်းက ပယင်းကျောက်တစ်စုံလိုတလက်လက်တောက်နေတယ်။ ဒီမျက်ဝန်းတစ်စုံက သားကောင်တစ်ကောင်အသနားခံနေသလိုမျိုး ကောင်းထျန်းချန်ကိုကြည့်နေခဲ့တာ သူ့နှလုံးသားလည်းစူးရှရှနာကျင်ရတော့တာပေါ့။
သေချာတာကတော့ မုကျင်က လမ်းခွဲကြဖို့အလိုရှိနေတုန်းပဲ။ စွန့်လွှတ်ချင်နေတုန်းပဲ။ သူ့ဆီကထွက်သွားပြီးတစ်ခြားအချစ်ရှာလိုက်ပါတော့လို့ ပြောချင်နေတုန်းပါပဲ။ ….ကိုယ်တို့ကြားမှာ ကလေးတစ်ယောက်ရှိတာတောင်မှ မင်းရဲ့ဆုံးဖြတ်ချက်တွေ မပြောင်းနိုင်တော့ဘူးလားကွာ…
သူ့လက်ဖဝါးအောက်မှာက နူးညံ့တဲ့အရေပြားလေးနဲ့ ပိန်ပါးလွန်းတဲ့ကိုယ်ခန္ဓာလေး။ ဒါက ကောင်းထျန်းချန်ရဲ့နှလုံးသားကို တဒုတ်ဒုတ်ခုန်လာစေတယ်။ သူသိပါတယ်။ သူသာအလိုရှိမယ်ဆိုရင် သူ့မွှေးရနံ့တွေက မုကျင်ရဲ့ငြင်းဆိုခြင်းတွေ၊ ခေါင်းမာခြင်းတွေအားလုံးကို လက်လျော့သွားအောင်လုပ်နိုင်တယ်။ ကိုယ်ခန္ဓာကိုလိုလိုလားလားဖွင့်ဟပေးလာပြီး သူ့ဆီမှာလိုက်လျောနာခံလာအောင်လုပ်နိုင်ပါတယ်။
တစ်ဟုန်ထိုးဆောင့်တက်လာတဲ့ စိတ်ဆန္ဒမီးတောက်တစ်ခုက ကောင်းထျန်းချန်ရဲ့ကိုယ်ခန္ဓာအောက်ပိုင်းမှာ ဟုန်းခနဲထတောက်တယ်။ သူက နောက်ထပ်အတွေးသေးသေးလေးတောင် ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘူး။ လက်သီးကိုဆုပ်ချည်ဖြန့်ချည်ပြုပြီး မုကျင်ရဲ့လျော့ရဲရဲညဝတ်အင်္ကျီကို ဖြည်းဖြည်းချင်းလှန်တင်လိုက်တယ်။ လူကနှုတ်ဆိတ်နေပေမယ့် လက်ကတော့ မုကျင်ရဲ့ပြားချပ်ချပ်ရင်ဘတ်ထဲ တိုးဝင်စူးစမ်းလို့လာခဲ့ပါတယ်။
သူ့လက်ဖဝါးအောက်ကအရေပြားက ပြောပလောက်အောင်နူးညံ့မနေဘူး။ ဒါပေမယ့် ဆန့်ကျုံ့နိုင်ဂုဏ်သတ္တိအပြည့်နဲ့ အထိအတွေ့ကသာလွန်ထူးကဲတယ်။ သူ့လက်ဖဝါးတွေ ဟိုသည်ရွေ့လျားနေချိန်မှာ သူ့အောက်ကလူလည်း မဖုံးနိုင်မဖိနိုင်ညည်းညူနေရတယ်။ မုကျင်ရဲ့ပါးစပ်ထဲကထွက်လာတဲ့ညည်းညူသံတွေကိုကြားတဲ့အခါ ကောင်းထျန်းချန်က မုကျင်အောက်ပိုင်းကမျိုးပွားအင်္ဂါကို ဘောင်းဘီပေါ်ကတဆင့်စမ်းကြည့်လိုက်ပါတယ်။ ဒိတော့မှပဲသူသိတော့တယ်.. ရင်ဘတ်နေရာက မုကျင်ရဲ့ sensitive part ဖြစ်နေခဲ့တာကိုး။
လက်ချောင်းထိပ်တွေက သူ့ရဲ့ပန်းရောင်နို့သီးခေါင်းတွေကိုဆွဲဆိတ်နေခဲ့တယ်။ နောက်တော့ စူထွက်နေတဲ့နေရာတွေကို ကြမ်းကြမ်းတမ်းတမ်းပွတ်သပ်နေတယ်။ ဒီလိုလုပ်ပေးတာမျိုး မုကျင်ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။ သူ့အသက်ရှုသံတွေ အစီအစဉ်မကျဖြစ်နေခဲ့တာကြာပြီ။ စံပယ်ရနံ့တွေလည်း လေထုထဲမွှေးပျံ့နေခဲ့တာကြာလှပါပြီ။
လုံလုံလောက်လောက်ပွတ်သပ်ခံလို့ ပြီးစီးသွားတဲ့အချိန်မှာတော့ မုကျင်တစ်ကိုယ်လုံးချွေးတွေနဲ့ရွှဲနစ်သွားခဲ့တယ်။ သူ့အောက်ကအိပ်ရာခင်းလည်း ချွေးအကွက်လိုက်စိုရွှဲသွားတော့တာပေါ့။ သူ့လိုအင်ဆန္ဒတွေ ပယ်ဖျက်လို့မရအောင်နှိုးဆွခံထားရပေးမယ့် သူ့အောက်ပိုင်းကတော့ မလှုပ်ရှားနိုင်တော့လောက်အောင်ယားယံနေခဲ့တယ်။ အောင့်အည်းသည်းခံရလွန်းလို့ တုန်ယင်နေတဲ့သူ့နှုတ်ခမ်းတွေကြားကနေ ညည်ညူသံတွေသုံးလေးငါးခါထွက်လာပါသေးတယ်။
ကောင်းထျန်းချန်က မုကျင်ရဲ့လည်ပင်းကြားမှာမျက်နှာအပ်ပြီး နားရွက်တွေကိုစိတ်ဝင်တစားလျက်နေတယ်။ မုကျင်က ကောင်းထျန်းချန်ဖိချုပ်ထားတဲ့သူ့လက်တွေကို ဖြည်းဖြည်းချင်းရုန်းထွက်လိုက်တယ်။ နောက်တော့ အောက်ကိုတိတ်တဆိတ်လျောသွားပြီး ထောင်မတ်နေပြီဖြစ်တဲ့အပူချောင်းကိုဆုပ်ကိုင်လိုက်တယ်။ သူက သူ့ကိုယ်ပိုင်ဟာကို သူ့ဖာသာသူချယ်လှယ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ဖြေလျော့ဖို့ရာအားအင်မလုံလောက်တော့ ပိုလို့နာကျင်ရခြင်းသာအဖတ်တင်ပါတယ်။
မုကျင်ရဲ့မျက်ခုံးတန်းတွေ တင်းတင်းကျပ်ကျပ်စုချိုးနေပြီး ဝင်သက်ထွက်သက်တွေပြင်းထန်လာတယ်။ ဒါပေမယ့် ငြိမ်ငြိမ်မနေတဲ့သူ့ရဲ့လက်ကို တစ်ဖက်လူကဖမ်းဆွဲလိုက်ပါတယ်။ မုကျင်ရဲ့တစ်ကိုယ်လုံးအေးခဲသွားပြီး တစ်ဖက်လူကို ဝေခွဲမရတဲ့မျက်ဝန်းတွေနဲ့ကြည့်တယ်။ နောက်တစ်စက္ကန့်လောက်ကြာတဲ့အချိန်မှာတော့ နာနာကျင်ကျင်ပူလောင်နေတဲ့သူ့ကိုယ်ခန္ဓာအောက်ပိုင်းက နွေးထွေးစိုစွတ်တဲ့ရပ်ဝန်းတစ်ခုရဲ့ဝါးမြိုခြင်းကို ခံလိုက်ရပါတယ်။
ဟုတ်ပါတယ်။ ကောင်းထျန်းချန်က သူ့ရဲ့အစိတ်အပိုင်းကို ပါးစပ်ထဲဆွဲငုံလိုက်တာပါ။ ဒီအပြုအမူကြောင့် မုကျင်ကတောင့်တင်းပြီးကြက်သေသေသွားခဲ့တယ်။ သူ့လှုပ်ရှားမှုတွေရပ်ဆိုင်းသွားပြီး လေထုကအေးခဲသွားခဲ့တယ်။ သူ့ရဲ့အပူထုတ်လွှတ်ရာဒေသက တစ်ဖက်လူရဲ့ပါးစပ်ထဲမှာ။ သူက အဝေးကိုတွန်းထုတ်ပစ်လိုက်ချင်ပေမယ့် လက်မြှောက်ဖို့တောင်အားမရှိတော့ဘဲ တီးတိုးညည်းညူသံတစ်ခုသာ ထိန်းချုပ်မရထွက်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မုကျင်ရဲ့ခြေထောက်တွေက ရုတ်တရက်ဆွဲဆန့်သွားပြီး ပျော့ခွေနေတဲ့ခါးက အပေါ်ကိုကြွတက်လာတယ်။ သူ့နှုတ်ခမ်းတွေက တုန်ယင်ပြီးပွင့်ဟလာတယ်။ သူက ကောင်းထျန်းချန်ရဲ့ပုခုံးကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်ထားပြီး ပါးစပ်ထဲညင်သာစွာလွှတ်ထုတ်ပြီးနောက်မှာ အိပ်ရာပေါ်လဲပြိုကျသွားခဲ့ပါတယ်။
မုကျင်က မျက်ဝန်းတွေကိုပိတ်ထားတယ်။ မြင်ကွင်းကို မျက်ခွံတွေနဲ့ဖုံးကွယ်ထားတယ်။ သူ့နှလုံးသားလေးလည်း နာကျင်နေခဲ့တယ်။ ဘယ်လိုကြောင့်များ ကောင်းထျန်းချန်က ဒီလိုအပြုအမူမျိုးလုပ်နိုင်ရတာလဲ? အရင်တုန်းကဆို ဒါမျိုးကို အမြဲတမ်းသူပဲလုပ်ပေးခဲ့ရတာ….
ရုတ်တရက်ပဲ မုကျင်က တစ်စုံတစ်ခုကိုတွေးမိသွားလို့ လက်ကိုအားယူမြှောက်ပြီး ကောင်းထျန်းချန်ရဲ့ပါးပြင်ကိုထိလိုက်တယ် “မြန်မြန်! ထွေးထုတ်လိုက်…”
တစ်ဖက်လူက သူ့စကားကိုနားမထောင်ပါဘူး။ နှုတ်ခမ်းထောင့်စွန်းမှာယိုစိမ့်ကျလာတဲ့ အဖြူရောင်ပျစ်ပျစ်အနှစ်တစ်စက်ကို လက်ခုံနဲ့သုတ်ပြီး လည်ချောင်းတစ်ချက်လှုပ်ရှားကာ မုကျင်ထုတ်လွှတ်လာတဲ့အရာတွေအားလုံးကိုမြိုချပစ်လိုက်တယ်။
မုကျင်ရဲ့မျက်လုံးတွေ ပြူးကျယ်ကုန်တယ်။ သူက ကောင်းထျန်းချန်ရဲ့အပြုအမူကြောင့် ရှော့ခ်ရသွားတယ်။ သူက ဒီလူကိုငေးကြည့်နေဆဲမှာ မျက်ရည်စီးကြောင်းနှစ်ကြောင်းကတော့ သူ့မျက်ဝန်းထဲကတဆင့် သူ့ပါးပြင်ပေါ်ကိုစီးကျသွားခဲ့ပါတယ်။
ကောင်းထျန်းချန်က မုကျင်ရဲ့မျက်ရည်တွေကိုဖွဖွသုတ်ပေးပါတယ်။ နောက်တော့ ဘေးနားမှာလှဲချပြီး တုန်ယင်နေတဲ့လူကို သူ့လက်မောင်းတွေထဲထည့်ဖက်ထားတယ်။
“ရှောင်ကျင်…” မုကျင်ရဲ့ပိန်ပိန်ပါးပါးကိုယ်လေးက သူ့လက်မောင်းထဲမှာ လုံးလုံးလျားလျားချုပ်ခံထားရတာဖြစ်တယ်။ ကောင်းထျန်းချန်က သူ့ရဲ့အထိမခံနိုင်တဲ့နားရွက်နီရဲရဲလေးတွေကို နောက်ထပ်လျက်နေရင်း အောက်ကလူရဲ့နာမည်ကို တိုးတိုးလျလျခေါ်ပါတယ်။
“အရင် မင်းငါ့ကိုမေးခွန်းတစ်ခုမေးခဲ့ဖူးတာ ငါပြန်မဖြေရသေးဘူး” ချစ်ရသူရဲ့ကိုယ်ခန္ဓာတောင့်တင်းသွားတာကို ခံစားမိတဲ့ကောင်းထျန်းချန်က ဆံပင်ညိုပျော့ပျော့လေးတွေကိုခပ်ဖွဖွပွတ်သပ်ရင်း ဆက်ပြောပါတယ် “မုကျယ်က ငါ့အချစ်တွေအားလုံးရဲ့ပိုင်ရှင်ဖြစ်ခဲ့ဖူးတယ်၊ သူထွက်သွားတော့ ငါ့ဘဝကြီးကိုဒီအတိုင်းပဲနေသွားရတော့မယ်လို့ထင်ခဲ့တာ”
“နောက်တော့ ငါမင်းနဲ့လက်ထပ်ခဲ့တယ်၊ ငါအတင်းဖိအားပေးခံရတယ်ဆိုပြီး အမြဲတမ်းတွေးနေခဲ့လို့ မင်းကိုလျစ်လျူရှုခဲ့မိတယ်၊ ငါ့စိတ်သက်သာလိုသက်သာငြား မင်းအချစ်တွေကိုစော်ကားမိတယ်၊ နောက်တော့ ငါ့ကိုလိုချင်လို့ ကိစ္စတွေအကုန်လုံးကိုမင်းလုပ်တာဆိုပြီးတောင် အထင်လွဲခဲ့သေးတယ်” သူ့အသံကဆို့နင့်နေပါတယ်။
နှာခေါင်းဝမှာ စံပယ်ရနံ့လေးရနေတယ်။ ကောင်းထျန်းချန်က တစ်ဝရှုရှိုက်ပြီး ဆက်ပြောပါတယ် “မင်းစိတ်ပျက်ပြီးထွက်သွားတဲ့အချိန်ကျမှပဲ ငါမင်းကိုတကယ်ချစ်ခဲ့မိပါလားလို့ နားလည်တော့တယ်၊ ငါနောက်ကျသွားပြီလားဟင်?”
သူ့ရင်ခွင်ထဲကလူရဲ့ကိုယ်ခန္ဓာ ပိုလို့တုန်ယင်လာတာ သိသာလွန်းနေတယ်။ မုကျင်ရဲ့လက်ချောင်းတွေက အိပ်ရာခင်းတွေကို တင်းတင်းကျပ်ကျပ်ဆွဲဆုပ်ထားတယ်။ မုကျင်ရဲ့မျက်ရည်တွေကတော့ ကြိုးပြတ်သွားတဲ့ပုလဲလုံးတွေလို တလိမ့်လိမ့်ကျဆင်းလာတယ်။ သူက ခံစားချက်တွေကို ထိန်းချုပ်လို့မရနိုင်တော့ ငိုရှိုက်ဖို့ကလွဲပြီး တခြားဘာမှမလုပ်နိုင်ခဲ့ပါဘူး။
ကောင်းထျန်းချန်က အတော်လေးတုန်လှုပ်သွားတာပေါ့။ ဝမ်းနည်းပက်လက်ငိုကြွေးနေတဲ့မုကျင်ကို သူဘယ်တုန်းကမှမမြင်ဖူးခဲ့ဘူး။ သူ့မျက်ခွံတွေက နီရဲပြီးဖောင်းအစ်လာတယ်။ သူ့ကိုကြည့်ရတာ သူ့ဘဝရဲ့မျက်ရည်တွေအားလုံးကို ငိုကြွေးပြီးဖွင့်ထုတ်လိုက်သလိုမျိုး….တက်မတတ်ချက်မတတ် ဆောက်တည်ရာမရငိုကြွေးနေခဲ့တာဖြစ်ပါတယ်။
မုကျင်က တစ်ကိုယ်လုံးပြင်းပြင်းထန်ထန်တုန်ယင်လာတဲ့အထိအောင် ခါးခါးသီးသီးငိုနေခဲ့တာပါ။ ကောင်းထျန်းချန်ကတော့ ဒီမြင်ကွင်းကိုကြည့်ပြီး နာကျင်လာရတယ်။ သူက မုကျင်ကိုပွေ့ဖက်လိုက်ပြီး ဆံပင်တွေကိုအသာအယာပွတ်ပေးလို့ ကျောကိုဖွဖွပုတ်ပေးရင်း နူးညံ့ကြင်နာစွာနှစ်သိမ့်ပေးခဲ့ပါတယ်။
ဒီလိုနည်းနဲ့ ခဏကြာမှ မုကျင်က တဖြည်းဖြည်းတည်ငြိမ်လာတယ်။ ကောင်းထျန်းချန်က မုကျင်ရဲ့နီရဲဖောင်းအစ်နေတဲ့မျက်လုံးတွေကို ငေးကြည့်ပါတယ်။ မျက်ရည်တွေဝေ့သီနေတဲ့ဒီမျက်ဝန်းတစ်စုံက အားရဖွယ်ရာမရှိဘူး။ ဒါကြောင့် သတိပေးခြင်းမရှိ တစ်ဖက်လူရဲ့နှုတ်ခမ်းတွေကို ဖိကပ်လိုက်ပြီး ခပ်ပြင်းပြင်းလေးကိုက်ပေးလိုက်ပါတယ်။ သူက မုကျင့်အဆုတ်ထဲကလေတွေအကုန်လုံး ယူဆောင်သွားချင်သလိုမျိုး နူးညံ့တဲ့နှုတ်ခမ်းသားတွေကို ဆွဲစုပ်နေခဲ့ပါတယ်။
သူ့အောက်က ပူပြင်းတုတ်ခိုင်တဲ့အရာကြီးကတော့ မုကျင်ရဲ့ခြေထောက်နှစ်ချောင်းကြားက တောက်ပစိုစွတ်တဲ့အနောက်ဖက်အဝလေးမှာ မေးတင်နေတယ်။ ဆာလောင်မွတ်သိပ်နေတဲ့ဂူနံရံတွေက အားလုံးကိုလက်ခံဖို့အသင့် ချောကျိကျိအရည်တွေ အဆက်မပြတ်ထွက်နေပြီး လူနှစ်ယောက်ထိစပ်ရာနေရာကို စိုရွှဲသွားခဲ့ပါတယ်။
“ဝင်လာတော့လေ…” မုကျင်က တုန်ရီနေတဲ့အသံနဲ့ တိုးဖွဖွလေးပြောတယ်။ အခုအချိန်မှာ သူ့ခေါင်းထဲအတွေးတစ်ခုပဲကျန်တော့တယ်။ သူက ဒီအယ်လ်ဖာနဲ့ပေါင်းစည်းချင်တယ်။ သူ့ကိုအပိုင်သိမ်းသွားစေချင်တယ်။ ဒါက အတွင်းအဆုံးထိနက်နက်နဲနဲဖြစ်ဖြစ် အပေါ်ယံတိမ်တိမ်လေးပဲဆိုဆို ဘာမှမကျန်တော့တဲ့အထိ ဝင်ရောက်ကျူးကျော်လာစေချင်ပါတယ်။
“ငါ အခုဝင်လာရမယ်ဆိုရင် မင်းငါ့ကိုတာဝန်ယူရမယ်” ကောင်းထျန်းချန်က ဂူပေါက်ဝရှေ့မှာ သူ့ရဲ့အပူချောင်းကို မထိတထိဖိကြိတ်နေပါတယ်။ နောက်တော့ မုကျင်ရဲ့ခါးကိုအောက်ဖက်ဖိချလိုက်ကာ ညို့ငင်ဖမ်းစားတဲ့အသံနဲ့ပြောထုတ်ရင်း အကြံအစည်တစ်ခုကိုအကောင်အထည်ဖော်လိုက်တယ် “ငါ့ကိုလက်ထပ်ပါ?”
“အိုကေ ရတယ် ရတယ်.. မြန်မြန်ဝင်လာတော့…” ဆန္ဒတွေနဲ့လောင်ကျွမ်းနေတဲ့မုကျင်က ဘာကိုမှခွဲခြမ်းစိတ်ဖြာနိုင်ခြင်းမရှိဘူး။ သူ့ဂူပေါက်ဝမှာရစ်ဝဲနေတဲ့ စိတ်ကျေနပ်မှုပေးမယ့်တစ်စုံတစ်ရာကိုပဲ ခံစားမိနေတယ်။ ဒါပေမယ့် ဝင်မလာသေးတဲ့အဲဒိအရာကြောင့် အလိုမပြည့်တဲ့မုကျင်က ကောင်းထျန်းချန်ရဲ့စကားတွေကို ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိ အဆောတလျင်တုန့်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီခဏမှာ ကောင်းထျန်းချန်ကခန္ဓာကိုယ်ကိုဆန့်ထုတ်လိုက်ပြီး မုကျင်ရဲ့အော်ဟစ်သံတစ်ခု ဖုံးမရဖိမရထွက်လာပါတယ်။ တစ်ဆက်တည်းမှာပဲ အသက်ရှုသံတွေက ကိုယ်ခန္ဓာရဲ့လှုပ်ရှားမှုနဲ့စည်းချက်ကျစွာ တဖြည်းဖြည်းအရှိန်တက်လာခဲ့တယ်။ တင်းကျပ်စိုစွတ်နေတဲ့ဂူနံရံတွေက တစ်စုံတစ်ယောက်ရဲ့အစိတ်အပိုင်းကို တင်းကျပ်စွာဖျစ်ညစ်ထားခဲ့ပြီး နှစ်ယောက်သားတွယ်ဆက်တဲ့နေရာကနေ စေးကပ်စိုစွတ်တဲ့အသံတွေထွက်လာတယ်။ ကောင်းထျန်းချန်ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီက ခါတိုင်းထက်ပိုပြီးသန်မာတယ်။ တဒုန်းဒုန်းဆောင့်ချက်တွေကြောင့် မုကျင်ကမရပ်မနားညီးညူမြည်တမ်းနေရရှာတယ်။ သူ့ဆံပင်တွေကချွေးတွေနဲ့ရွှဲနေပြီး ကောင်းထျန်းချန်ရဲ့ပခုံးကိုအမှီပြုကာ အားပျော့စွာတိုးဝှေ့ပူးကပ်ထားရပါတယ်။ ကျယ်ပြန့်တဲ့နောက်ကျောပြင်ကြီးမှာ သူ့လက်မောင်းတွေကိုချိတ်တွယ်ထားပြီး ခြေချောင်းလေးတွေကွေးတက်သွားရလောက်တဲ့အထိ ခံစားလို့ကောင်းနေခဲ့ပါတယ်။
အခန်းတွင်းလေထုထဲ အားပြင်းလွန်းတဲ့စံပယ်ပန်းရနံ့တွေပျံ့နှံ့နေပြီး ရနံ့ပိုင်ရှင်ရဲ့ချစ်စိတ်တက်နေတဲ့အာသာဆန္ဒတွေကို ဖော်ပြနေခဲ့တယ်။
ညတာက အရှည်ကြီးကျန်ပါသေးတယ်။ ဒါပေမယ့် မုကျင်ရဲ့လိင်စိတ်ထကြွတဲ့ကာလကတော့ ပိုလို့တောင် ရှည်ကြာခဲ့တာပေါ့။
………………..