အပိုင်း ၉၁၄
Viewers 53k

အခန်း ၉၁၄

ကြွပ်ဆတ်သော ချဉ်စပ်ကင်ချီ


ခွေးဘုရင်၏ စကားကြောင့် ပတ်ဝန်းကျင်မှ လူများအားလုံး စကားမဆိုနိုင်ဖြစ်သွားကြရသည်။


သီလသမာဓိဆိုတာ ဘယ်မှာလဲ...


အရှင်ခွေး… အသင်နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သည့် သီလသမာဓိများ ဘယ်ရောက်သွားသလဲ...။ နဂါးနံရိုးချိုချဉ် တစ်ပွဲကြောင့် သမာဓိ‌များကို ‌လွှင့်ပစ်လိုက်သလော...။ 


တစ်ဖက်တွင် ပုဖန်က ခွေးဘုရင်၏ နံရိုးချိုချဉ်နှင့် ပတ်သက်သည့်စွဲလန်းမှုကို သိထားသဖြင့် ထူးဆန်းသည်ဟု မထင်ပေ။ 


တစ်ပန်းကန်ဖြင့် မလုံလောက်လျှင် နှစ်ပန်းကန်ပေးမည်ဖြစ်သည်။ ခွေးဘုရင် မြန်ဆန်စွာ သဘောတူလိုက်သည့်အတွက် ပုဖန် အံ့ဩနေသည်။


ခွေးဘုရင်က သူ ပုဖန်၏ အထင်သေးခြင်းကိုခံနေရပြီးဖြစ်ကြောင်း မသိပေ။ သူ၏လက်သည်းအတွက် နံရိုးချိုချဉ်တစ်ပန်းကန်ဖြင့် လဲလှယ်၍ရကြောင်းသာသိလျှင် ငိုရန်နှလုံးသားပင် ရှိလိမ့်မည်မဟုတ်ပါ။ 


ပုဖန် ဂေါ်ဖီထုပ်များနှင့် အိတ်ကို လက်ထဲတွင် ကိုင်ထားသည်။ အတွင်းရှိ ဂေါ်ဖီများသည် အရောင်ပြောင်းလဲသွားပြီ ဖြစ်၏ ။ ထို့အပြင် ပူစပ်စပ်ငရုတ်ဆီအနှစ် နှင့် အခြားသော ဟင်းခတ်အမွှေးအကြိုင်များ ရောနှောပြီး ဂေါ်ဖီထဲသို့ စိမ့်ဝင်သွားသောအခါ အရည်ရွှမ်းသောအရသာကို ရရှိစေပါသည်။


သို့သော် ပုဖန်က မလုံလောက်သေးသည်ကို ခံစားရ၏ ။ နောက်ထပ် ရိုက်ချက်တစ်ခုလိုသေးသည်။


ခွေးဘုရင် ကြော့ရှင်းသောကြောင်ခြေလှမ်းများဖြင့် စားသောက်ဆိုင်မှ ထွက်ကာ ပရိသတ်ရှေ့တွင် လျှောက်သွားခဲ့သည်။


"ပုဖန်ကောင်လေး...သခင်ခွေးရဲ့ ပြောင်မြောက်တဲ့ လက်ဖဝားကို မင်းတကယ်လိုချင်နေတာလား... ဒီလက်ဖဝားကျသွားတာနဲ့ ဒီကစားစရာက တကယ်ကွဲသွားနိုင်တယ်..."


ခွေးဘုရင် ပုဖန်ကိုကြည့်ကာ သူ၏ သံလိုက်ကဲ့သို့ဆွဲငင်မှုနှင့် ညင်သာသော အသံ ထွက်လာသည်။


သူ့လက်ဖဝါးဖြင့်ဖြေရှင်း မရသော အရာမရှိပေ။


ဒါကအိတ်သေးသေးလေး တစ်ခုပါပဲ...

ထိုလူရွှင်တော် ငရဲဘုရင်က မထိုးနိုင်ဘူးဆိုသည်နှင့် သူ မလုပ်နိုင်ဟု မဆိုလိုပါ။ 


"မဖျက်ဆီးလိုက်နဲ့ သင့်တော်တဲ့အားနဲ့ရိုက်..."


ခွေးငပျင်း၏ လက်ဖဝါးက အမှန်ပင် အံ့ဩစရာကောင်းလှသောကြောင့် အလောင်းအစားမပြု ဝံပေ။


ပုဖန် ဘာမှထပ်မပြောတော့ပဲ ပရိသတ်များစွာ၏ အကြည့်အာက်တွင် အိတ်ကို ပေါ့ပေါ့ပါးပါး ပျံသန်းစေလိုက်သည်။


အိတ်လေထဲသို့ရောက်သွားသည်နှင့် အတွင်းရှိ အရည်ရွှမ်းသောစွပ်ပြုတ်ရည်များ ပွက်ပွက်ဆူလာသည်ဟု ထင်ရသည် ။


ခွေးဘုရင် အိတ်ကိုကြည့်လျက် မျက်မှောင်ကြုံ့လိုက်သည်။


ထို့နောက်ခဏတွင်းချင်းမှာပင် သူ၏ပြောင်မြောက်သော ခွေးလက်ဖဝားဖြင့် လေထဲမှအိတ်ဆီသို့ လှမ်းလိုက်သည်။ 


လူတိုင်းသူတို့၏ နှလုံးသားများ တုန်လှုပ်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူတို့၏ နားစည်ထဲတွင် ကျယ်လောင်သော အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။


ခွေးဘုရင်၏လက်ဖဝါးလေးသည် ပုံရိပ်ယောင်များကိုပင် ဆုတ်ဖြဲသွားသည်ဟုထင်ရပြီး လေထဲတွင် လွင့်နေသော အိတ်ကို ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။


ထိုရိုက်ချက်က သေချာပေါက် ကြောက်မက်ဖွယ်ကောင်း၏ ။ 


ငရဲဘုရင်အာဟ စူပုတ်နေ၏ ။ ဤပျင်းရိသောခွေး၏လက်ဖဝါးနှင့် နှိုင်းယှဉ်လျှင် သူ့လက်သီးက အမှန်တကယ်ပင် အနည်းငယ်အားနည်းကြောင်း သူဝန်ခံရမည်။


ဝုန်း.....


ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။


ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ထိုအိတ်သည် အဝေးသို့ အရှိန်ပြင်းစွာ လွင့်ထွက်သွားပြီး စက္ကန့်ပိုင်းအတွင်း အနက်ရောင်အစက်အပြောက်လေးသာဖြစ်သွားသည်။


ထိုမြင်ကွင်းကို ကြည့်ရင်း ပုဖန် နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်သည် ။ 


ခွေးဘုရင်က သူ၏ပြောင်မြောက်လှသော လက်ဖဝားကို ပြန်သိမ်းလိုက်ပြီး လျှာထုတ်ကာ လျက်လိုက်သည် ။ ပရိသတ်များထဲတွင် သူနှင့်ညီမျှသူမရှိ ဟူသည့်ပုံဖြင့် အထီးကျန်ဆန်စွာ ကြည့်လိုက်သည် ။ 

ထို့နောက် သူ၏တင်ပါးနှင့် အမြှီးတို့ကို လှုပ်ရမ်း၍ ကြောင်တစ်ကောင်ကဲ့သို့ စားသောက်ဆိုင်ဆီသို့ လှမ်းသွား၏ ။ သိမြင်မှုသစ်ပင်အောက်တွင် ထိုင်လျက် စောင့်ကြည့်နေသည် ။


ပုဖန် ပြောစရာစကားပင်ပျောက်ရှ သွား၏ ။ 


သူနေ့တစ်ဝက်ခန့် ကြိုးစားထားခဲ့သော အိတ်ကို ထိုခွေးကပျံအောင် လုပ်လိုက်သည် ။


အကယ်၍ ၎င်းကို အခြားသူတစ်ဦးက ကောက်ယူခဲ့မည်ဆိုလျှင် သူ၏ တိုးတက်ရန် စမ်းသပ်မှုအတွက် ဟင်းလျာသည် ဝေးရာသို့ ထွက်ခွာသွားမည်ဖြစ်သည်။


ပုဖန် အသက်ပြင်းပြင်းရှုလိုက်သောအခါ သူ၏ အနီရောင်ဝတ်ရုံသည် လေမတိုက်ပဲ လှုပ်ခတ်သွားသည်။ သူ လေထဲသို့ ပျံတက်သွားပြီး အိတ်လွင့်သွားသည့် ဦးတည်ရာသို့ ကြယ်တံခွန်တခုအလား လိုက်ပါသွားလေသည်။


ခဏအကြာတွင် ပုဖန် အမြန်ဆုံးအရှိန်နှင့်ပြန်ရောက်လာသည်။


ဂျိန်း... ဂျိန်း...


အိတ်အတွင်းမှ ပွက်ပွက်ဆူလာသည်မှာ ပို၍ပင် ပြင်းထန်လာသည်။ ထိုဟင်းရည်သည် အိတ်ထဲမှ ပေါက်ကွဲတော့မည့်ပုံဖြစ်‌နေသည် ။ 


ဟင်းရည်နှင့် ဂေါ်ဖီထုပ်များသည် ရောထွေးလာ၏ ။


" လူငယ်လေးပုဖန် ဒါကဟင်းတစ်ပွဲ ဖြစ်လာနိုင်လို့လား...ဒါ စားလို့ရောရလား..." ငရဲဘုရင်အာဟ ထိုအိတ်ကို ပဟေဠိဆန်သည့် အကြည့်နှင့်ကြည့်လျက် ပြောလိုက်သည် ။ 


ပုဖန် ငရဲဘုရင်အာဟကိုကြည့်၍ တည်ငြိမ်စွာဖြေလိုက်သည် ။ 


" ဒါပေါ့ ဒီဟာက စားလို့ရတာပေါ့ ...ပြီးတော့ ဒါက စားကောင်းသောက်ဖွယ်တစ်မျိုးပဲ..." 


ငရဲဘုရင်အာဟ နှုတ်ခမ်း မဲ့ပြီး မယုံကြည်ကြောင်း ဖော်ပြလိုက်သည်။


ဂေါ်ဖီထုပ်သည် အိတ်ထဲတွင်ထည့်ထားသော်လည်း သူတို့၏ အင်အားများကို ကြံ့ကြံ့ခံထားရသောကြောင့်ကြေမွနေပြီဖြစ်သည်။ ထိုအရာက ဘယ်လိုကြောင့် စားလို့ရနေသေးတာလဲ...


ဂေါ်ဖီထုပ်၏ အရသာသည် အနည်းငယ် ဆိုးရွားနေလိမ့်မည်။ 


လူအိုကြီးကလဲ ငရဲဘုရင်ကိုတိတ်တဆိတ်ထောက်ခံလိုက်သည်။


ချူးချန်ရှန့်သည် သူအသွင်ပြောင်းတိုင်း ခန္ဓာကိုယ်ပေါ်ရှိ အ၀တ်အစားများ စုတ်ပြဲသွားသောကြောင့် ယခုနောက်ပိုင်းတွင် ဝတ်ရုံရှည်တစ်ထည်အမြဲဝတ်ဆင်ထားလေ့ရှိသည်။သူလည်း ပုဖန်၏ လုပ်ဆောင်ချက်များကို နားမလည်နိုင် ဖြစ်နေ၏ ။ 


အစားကြူးတောင်ကြား၏ အကြီးအကဲ မဖြစ်ခင်အချိန်ကပင် သူသည် ချက်ပြုတ်နည်းမျိုးစုံကို မြင်ဖူး၏ သို့သော် ထိုကဲ့သို့ ဆန်းပြားသော ဟင်းချက်နည်းကို မမြင်ဖူးခဲ့ပေ။ 


ပါဝင်ပစ္စည်းများအား အိတ်ထဲတွင်ထည့်၍ ကြီးမားသော အင်အားဖြင့် ရိုက်နှက်ခြင်း...

ဒီလိုဟင်းမျိုးက တကယ်ပဲ စားလို့ရနိုင်ပါ့မလား...


သူတို့သာမကဘဲ သူတို့၏ပတ်ဝန်းကျင်ကလူတိုင်းလည်း ရယ်စရာကိစ္စတစ်ခုဟု ခံစားနေကြရသည်။ အကယ်၍ စားနိုင်ခဲ့လျှင်လည်း အရသာ ဆိုးရွားသွားမည်ကို ကြောက်ကြသည် ။


ပုဖန်ကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်လျက် ကြည့်ရှုသူများ ရေရွတ်နေကြသည်။


ဆန်းသစ်တီထွင်မှုနောက်တွင် အမြဲတစေ မေးခွန်း‌များကပ်ပါလာလျက်ရှိပြီး ပုဖန်သည် အခြားသူများ၏ သံသယကို ဂရုမစိုက်တတ်သူ ဖြစ်သည် ။


သူချက်ပြုတ်ထားသော ဟင်းအား အခြားသူများ မည်ကဲ့သို့ မေးခွန်းထုတ်နေပါစေ သဘာဝအတိုင်းပင် စား၍ရသည် ။


အမှန်တွင် ပုဖန်၌ ထိုမျှလောက် ယုံကြည်မှုပမာဏရှိနေသည်။


အိတ်ကို ပုဖန်၏ လက်ထဲတွင် ဆုပ်ကိုင်ထားပြီး အတွင်းမှ ပါဝင်ပစ္စည်းများသည် ပွက်ပွက်ဆူလာသည်။ တစ်ခါတရံတွင် ဂေါ်ဖီထုပ်၏ အသွင်အပြင်ကို မြင်နိုင်သည်။


လူတိုင်း၏ စူးစူးစိုက်စိုက်အကြည့်များအောက်တွင် ပုဖန်သည် အိတ်ကို ညင်သာစွာ ပစ်လိုက်သည်။


လူတိုင်း လန့်သွားကြသည် ။


"ထပ်ပြီးတော့လား... ထပ်ပြီးထိုးနှက်ပစ်ဦးမှာတဲ့လား..."


"ပိုင်ရှင်ပု ဘာလုပ်နေတာလဲ... သူက ရှိုးပွဲလုပ်နေတာလား..."


" အကြိမ်ပေါင်းများစွာ ထိုးနှက်ပြီးတော့ အိတ်ထဲကပါဝင်ပစ္စည်းတွေက ကြေမွနေမှာဆိုးရတယ်..." 


ပတ်ဝန်းကျင်ရှိလူများသည် ဆွေးနွေးနေကြပြီး သူတို့၏ သံသယများကို ထုတ်ဖော်ပြောနေကြသည်။


ငရဲဘုရင်အာဟနှင့် ကျန်လူများအားလုံး ပုဖန်ပစ်လိုက်သော အိတ်ကို ကြည့်နေကြသည် ။


ပရိသတ်၏အကြည့်အောက်တွင် ပုဖန်၏လက်ဖဝါးသည် ထိုအိတ်ကို ညင်သာစွာပုတ်လိုက်သည်။


အချိန်နှင့်နေရာသည် ယခုအချိန်တွင် အေးခဲသွားပုံရသည်။


သူတို့၏မျက်လုံးထဲတွင် အခြားသူများ၏ ပြင်းထန်သောတိုက်ခိုက်မှုများနှင့် လုံးဝမတူပဲ ပုဖန်သည်အိတ်ကို ဖြည်းညှင်းစွာ ပွတ်လိုက်သည် ။


ပိုင်ရှင်ပု၏ နူးညံ့သိမ်မွေ့မှုများသည် လူများကို အဆင်မပြေဖြစ်စေသည် ။


ဝီ....


နောက်တစ်ခဏတွင်.....


ဖောက်ထွင်းမြင်ရသောအိတ်သည် ရုတ်တရက်‌ ရွှေရောင် တလက်လက်တောက်ပလာသည် ။


ထိုအလင်းရောင်သည် စူးစူးရှရှနှင့် မျက်လုံးများကို ဖမ်းစားနိုင်သောကြောင့် ပရိသတ်သည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။


သိမြင်မှုသစ်ပင်အောက်တွင် လှဲနေသော ခွေးဘုရင်က "ဟမ့်" ဟူသည့်အသံပြုလိုက်ပြီး ခေါင်းမော့ကာ ဖျတ်ခနဲ ကြည့်လိုက်သည်။


ငရဲဘုရင်အာဟနှင့် ကျန်သူများ မျက်မှောင်ကြုတ်နေကြသည် ။


ထိုအိတ်ကို မီးခိုးအလွှာများက ဝိုင်းထားသကဲ့သို့ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှုန်ဝါးလာသည်။


အိတ်အတွင်းမှ ပါဝင်ပစ္စည်းများသည် ပွက်ပွက်ဆူလာခြင်းမရှိတော့ပါ။ ၎င်းသည် ညင်သာစွာ လွင့်ပျံပြီး ပုဖန်၏ လက်များပေါ်သို့ ကျရောက်လာသည်။


လိမ္မော်ဝါရောင်ဟင်းရည်သည် တည်ငြိမ်အေးချမ်းပြီး ၎င်းအတွင်းမှ ဂေါ်ဖီထုပ်သည် အနည်းငယ် နှင်းဆီရောင်သန်းလာခဲ့သည်။ ယခင်ကဲ့သို့ မလတ်ဆတ်သော်လည်း ထူးခြားသည့် ဆွဲဆောင်မှုတစ်ခုရှိနေသည် ။


" ပိုင်ရှင်ပု ... ဒါကပြီးသွားပြီလား..." 


ချူချန်ရှန် ကျေနပ်သောအကြည့်ဖြင့် ပုဖန်ကိုမေးလိုက်သည်။


ပုဖန် ခေါင်းငြိမ့်ပြလိုက်ပြီး အိတ်ကို ဆုတ်ဖြဲလိုက်သည် ။


 ထူးခြားသည့်အနံ့တစ်ခုသည် လေနဲ့အတူပါလာ၏ ။ထိုအနံ့များထဲတွင် ချဉ်သည့် ဟင်းရွက် အနံ့များထွက်လာသည် ။ တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် သွားရည်ကျစေနိုင်သည် ။


ဂလု.....


ထိုအနံ့ကိုရနေသည့် လူတော်တော်များများ ပါးစပ်ထဲမှ သွားရည်များ ထွက်လာပြီး သူတို့၏ မျက်လုံးများမှ တုန်လှုပ်ခြောက်ခြားစရာ အကြည့်တွေ ပေါ်လွင်နေသည် ။


ပိုင်ရှင်ပု ချက်ပြုတ်သော အခြားဟင်းလျာများကဲ့သို့ သိပ်သည်းသော အနံ့မရှိသော်လည်း... ဤချဉ်သောဟင်းရွက်အနံ့မျိုးသည် အလွန်ထူးခြားပါသည်။


အရသာထူးကဲသော စွဲမက်ဖွယ်ခံစားမှု လှိုင်းလုံးများ တကယ်ရှိခဲ့ပြီး ထိုအရာကို မြည်းစမ်းကြည့်ရန် သည်းမခံနိုင်အောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။


ပုဖန်ကိုယ်တိုင်သည်လည်း အလွန်သိချင်နေသောကြောင့် ကြည့်ရှုသူများ၏ သိချင်စိတ်ကို ဂရုမစိုက်နိုင်ပေ။ 


ထိုဟင်းချက်နည်းအား သူပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည့်အတွက် ဟင်း၏အရသာ မည်သို့ရှိမည်ကို စိတ်မကူးနိုင်ပေ ။


မွှေးကြိုင်တဲ့ကင်ချီ… တော်တော်ကောင်းရမယ်...


ပုဖန်သည် စကားတစ်ခွန်းကို အတွင်းစိတ်ထဲ၌ ရေရွတ်လိုက်သည်။ စနစ်သည် ယခုအခိုက်အတန့်တွင် မည်သည့်အကဲဖြတ်ချက်မှ မပေးခဲ့ပါ။


လက်ထဲမှ အိတ်ကို လှုပ်ခါလျက် ပုဖန်သည် အိတ်ထဲသို့ သူ၏လက်မနှင့် လက်ညိုးကို ဆန့်ထုတ်ကာ စိမ်းဝါရောင် ကင်ချီကို ထုတ်ယူလိုက်သည်။


စူးရှသောအသံနှင့်အတူ ကင်ချီအရည်များ ကျဆင်းလာသည်။ ထိုချိုချဉ်အနံ့သည်လည်း ပို၍ သိပ်သည်းလာသည့်အတွက် အနံ့ခံလိုက်သူသည်အလိုအလျောက် သွားရည်ကျပြီး မျိုချမိလိမ့်မည် ။


"ဒီဟာက စားလို့ရနိုင်တယ်တဲ့လား..." 


ငရဲဘုရင်အာဟ မျက်လုံး ပြူးကာ မေးလိုက်သည်။


“ဟုတ်တယ် စားလို့ရတယ်... အရသာက တော်တော်ကောင်းတယ်…” 


ပုဖန် လေးနက်စွာ ပြန်ဖြေလိုက်သည်။


ပတ်ဝန်းကျင်မှ လူများလည်း အသက်ပြင်းပြင်းရှူလိုက်ကြသည်။ ချိုချဉ်ရနံက လေထဲ၌ တဝဲလည်လည်ဖြစ်နေသည် ။


ပုဖန်က ပရိတ်သတ်များ၏အကြည့်များအောက်တွင် ခေါင်းမော့ပြီး ထိုကင်ချီကို ပါးစပ်ထဲသို့ ထည့်လိုက်သည် ။


ကျွတ်...ကျွတ်....


သူထင်ထားသကဲ့သို့ ပျော့မနေပဲ အနည်းငယ် ကြွပ်ဆပ်ဆပ်ဖြစ်နေသည် ။


အရည်များဖြင့် စွန်းထင်းနေသော မျက်နှာပြင်သည် အနည်းငယ် ပျော့ပျောင်းလာသော်လည်း ကင်ချီ၏ အနှစ်သာရမှာ ကြွပ်ရွဆဲဖြစ်သည်။


ဝါးပြီးနောက်တွင် ချဉ်စပ်အရသာသည် ပါးစပ်ထဲသို့ ပျံ့နှံ့လာသည်။


ပုဖန်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားကာ ဝါးခြင်းကို မရပ်တန့်နိုင်ပေ။


ညင်သာသည့်အလင်းရောင် ဝင်ရောက်လာသကဲ့သို့ ပါးစပ်ထဲကင်ချီဝင်ရောက်သွားသောအခါ အချို အချဉ် အစပ် အရသာများ တစ်ပြိုင်နက် ပျံ့နှံ့သွားပြီး ဆံပင်များ ထောင်မတ်လာပြီး တစ်ကိုယ်လုံးမှာရှိတဲ့ ချွေးပေါက်တွေကို ကျုံ့သွားစေသည် ။


"မထင်မှတ်လောက်အောင်ကောင်းတယ်... စားလို့ကောင်းတယ်..."


" လူငယ်လေးပုဖန် ... အဲ့တာကဘယ်လိုလဲ... တကယ်အရသာရှိတာလား..." 


ငရဲဘုရင်အာဟ ပါးစပ်မှ သွားရည်များစီးကျလျက် ပုဖန်ကိုကြည့်နေသည် ။


ပုဖန်သည် ဆက်လက်ဝါးနေပြီး ငရဲဘုရင်အာဟက်ု ကြည့်လိုက်သည် ။ စကားတစ်ခွန်းမျှ မပြောဘဲ မျက်လုံးကိုမှိတ်လျက် ဆက်လက်ဝါးကာ ဟင်းလျာကို အာခေါင်အနှံ့ လည်ချောင်းအောက်နှင့် ဗိုက်ထဲသို့ လျှောကျသွားသလို ခံစားလိုက်ရသည်။


" ကြည့်ရတာ တကယ်ကောင်းတဲ့ပုံပဲ..." 


အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် စနစ်သည် ၎င်း၏ အကဲဖြတ်မှုကို မပေးသေးပါ။ ပုဖန်အနည်းငယ် အံ့သြသွားသည်။ စနစ်သည် သူ၏ပြိုင်ဘက်ကင်း ချက်ပြုတ်နည်းကြောင့် အံ့ဩသွားသည်လား...


ပုဖန်စိတ်ထဲ မထားပေ။ ငရဲဘုရင်အာဟ၏ စိတ်အားထက်သန်သောအမူအရာကိုကြည့်လျက် ကင်ချီတစ်ပိုင်းကို ထုတ်ယူလိုက်ပြန်သည်။


ကင်ချီကို ငရဲဘုရင်အာဟ ထံသို့ပေးကာ ပြောလိုက်သည်။ 


" ဒီမှာ...တစ်ခုစားကြည့်..." 


ငရဲဘုရင်အာဟ အေးခဲသွားသည်။ နောက်တစ်ခဏတွင် သူ၏မျက်လုံးများ မှုန်ဝါးလာသည်။ ငရဲဘုရင်သည် တစ်နေ့တွင် ထိုသို့သော ဆက်ဆံမှု ခံရမည်ဟု မည်သူထင်မည်နည်း...


ပုဖန်ပေးသော ကင်ချီကိုယူပြီးနောက် ကင်ချီတစ်ပိုင်းလုံးကို ပါးစပ်ထဲထည့်ရန် မစောင့်နိုင်တော့ပေ။ 


သို့သော်လည်း ကင်ချီသည် သူ့ပါးစပ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူ၏တစ်ကိုယ်လုံး မလှုပ်မယက် ဖြစ်နေတော့သည် ။


ငရဲဘုရင်အာဟ၏ တုံ့ပြန်မှု့ကိုကြည့်လျက် ပုဖန်၏ နှုတ်ခမ်းထောင်များတွန့်ကွေးသွားသည်။


ကင်ချီအပိုင်းတစ်ခုသည် ပုဖန်၏နှုတ်ခမ်းများကို လောင်ကျွမ်းအောင် ခံစားရစေသည်...


အဘယ့်ကြောင့်ဆိုသော် သူသည် ပူစပ်စပ်ငရုတ်နှစ်ကို ဟင်းခတ်ဇွန်းအပြည့်ဖြင့်ထည့်လိုက်သောကြောင့်ဖြစ်သည်...