အခန်း ၉၁၆
အံအားသင့်စရာတွေလုပ်ပြမယ်...
အစားကြူးနတ်ဘုရား အဆောက်အဦးထဲတွင် ရှောင်ယ ထိုင်နေခဲ့သည်။သူမအနည်းငယ် ပျင်းရိနေပုံဖြင့် ချစ်စဖွယ်ကောင်းလှသော ခြေထောက်လေးများကို အသာလွှဲယမ်းနေလေသည်။
သူမ ဝတ်ဆင်ထားသော ရှည်လျားသည့် ဝတ်စုံရှည်က ကြမ်းပြင်ကို ထိနေသောကြောင့်လမ်းလျှောက်လိုက်သောအခါ၌ ကြမ်းပြင်ကို လှဲကျင်းနေသလိုပင်ဖြစ်နေသည်။
အထူးသဖြင့် ရှည်လျားလှသော ဝတ်ရုံက အစားကြူးတောင်ကြား အရှင်သခင်အတွက်ဖြစ်သည်။ရှောင်ယက အလွန်ငယ်ရွယ်နေသေးသောကြောင့်သာ ထိုကဲ့သို့ ဖြစ်နေရခြင်းဖြစ်၏။
အလင်းရောင်တစ်ချက်လက်သွားပြီးနောက် အဆောက်အဦး၏ အပြင်ဘက်တွင် သေးသွယ်ကျစ်လျစ်သော ပုံရိပ်လေးတစ်ခု ပေါ်လာသည်။ရှောင်ယ ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ထ်ိုနေရာသို့ ပြေးသွားလိုက်သည်။
ခြေလှမ်းနှစ်လှမ်းမျှ လှမ်းပြီးချိန်၌ ဝတ်ရုံနှင့် ခလုတ်တိုက်ကြီး ကြမ်းပြင်ပေါ် မှောက်လျက် လဲသွားလေသည်။ရှောင်ယက ဂရုမထားနေပဲ သူမ၏ နှာခေါင်းလေးကို အသာအယာ ပွတ်သပ်ပြီး ပြတင်းပေါက်နားသ်ို့ ပြေးသွားကာ တံခါးဖွင့်လိုက်သည်။
ပန်းပွင့်လေးက ထိုပြတင်းပေါက်မှ ဝင်လာပြီး နောက် ရှောင်ယကို သေချာလေးဖက်လိုက်သည်။ထို့နောက် စတင်၍ ..."အာ..."
ပန်းပွင့်လေး၏ ထူးဆန်းလှသော အသံကို ရှောင်ယက နားလည်ပုံဖြင့် ခေါင်းတစ်တဆက်ဆက် ငြိမ့်နေလေသည်။
ပန်းပွင့်လေးက သူပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေပြီး ရှောင်ယသည်လည်း နားထောင်လေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေသည်။
"လာ အကိုကြီးပုဖန်က ဘယ်လိုမျိုး ချက်ရမယ်ဆ်ိုတာကို သင်ပေးခဲ့တာလား..."
ရှောင်ယ မျက်လုံးဝ်ိုင်းလေးများဖြင့် မေးလိုက်သည်။ပန်းပွင့်လေး၏ သုံးပန်လှ မြွေမျက်လုံးများက လေးနက်သွားပြီ ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုလည်း သွားကြစို့ ...နင့်ကို ဘာတွေ သင်ပေးလ်ိုက်လဲဆ်ိုတာကို ကြည့်ရအောင်...အဲ့ဒီ သက်ကြားအိုကြီးကလေ ငါ့က်ိုလည်း သင်ပေးမယ်လို့ ပြောတယ် ပြီးတော့ကျတော့ ငါ့က်ို ဓားကိုင်နည်းတွေပဲ သင်ပေးလိုက်တယ်...အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ..."
သူက ပန်းပွင့်လေးဆီမှ စကားများက်ို ကြားပြီးသည်နှင့် လမင်းတစ်စင်းကဲ့သို့ပင် တောက်ပလင်းလက်သွားကာ ကလေးမလေး၏ လက်က်ို ဆွဲလိုက်ပြီး မီးဖ်ိုခန်းထဲသို့ ပြေးဝင်သွားလိုက်သည်။
အစားကြူးနတ်ဘုရားအဆောက်အဦးသည် အစားကြူးတောင်ကြားထဲတွင် ကြီးမားကျယ်ပြန့်ဆုံးသော အဆောက်အဦးတစ်ခုဖြစ်သည်။
ပြသနာများကြုံတွေ့ရပြီးနောက် တောင်ကြားရှိ ကျွမ်းကျင်ပညာရှင်များက အဆောက်အဦးကို ပိုမို အဆင့်မြင့်ကာ တည်ဆောက်ထားသောကြောင့် ပို၍ ခိုင်ခံ့ကာ ပို၍ ကြီးမားကျယ်ပြန့်လှသည်။
သို့သော်လည်း ပို၍ စည်ပင် ဝဖြိုးလာရန်အတွက် အစားကြူးတောင်ကြား၏ လမ်းမရှည်ကိုလည်း ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ပြောရမည်ဆိုလျှင် လမ်းမရှည်ပေါ်၌ လူသွားလူလာ အလွန်အမင်း များပြားလှသည်။သန့်စင်နယ်မြေများမှ တပည့်များအပြင် အလွန် အစွမ်းထက်သော ကျင့်ကြံသူများလည်းရှိလေသည်။
ယနေ့ အစားကြူးတောင်ကြားက ပုန်းကွယ်နဂါးတ်ိုက်ကြီး၏ အလယ်ဗဟိုဟု ပြောလျှင်ပင် မှားမယ်မထင်။ထိုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်လာလိမ့်မည်ဟု မည်သူမှ တွေးမိလိမ့်ကြမည်မဟုတ်ပေ။
အစားကြူး အဆောက်အဦး၏ မီးဖ်ိုချောင်က အလွန်ပင်ကြီးမားလှသော်လည်း အလွတ်ကြီးဖြစ်နေသည်။မည်သူမှ မီးဖ်ိုခန်းထဲတွင်မရှိပေ။
သေးသွယ်လှသော ရှောင်ယနှင့် ပန်းပွင့်လေးတို့ မီးဖ်ိုချောင်ထဲသ်ို့ လျှောက်ဝင်လာသည့် ခြေသံများကိုပင် အတိုင်းသားကြားနေရလေသည်။ရှောင်ယက ပါဝင်ပစ္စည်းများ သိမ်းဆည်းထားသည့် နေရာကို ခေါ်လာလိုက်သည်။ထို့နောက် ပန်းပွင့်လေးက အားအကုန်သုံး၍ ထိုကြီးမားလှသော တံခါးကြီးကို ဖွင့်လိုက်၏။
"တာ...ဒါ...ဒီမှာ အစားကြူးနတ်ဘုရားအဆောက်အဦးထဲမှာ သိမ်းထားတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးပဲ နင်လိုချင်တာ ဘာမဆ်ို ယူလိုက် ..."
ရှောင်ယက အလွန်အမင်း ချမ်းသာသော သူဌေးမကြီး ပုံစံမျိုးဖြင့် ပန်းပွင့်လေးကို ပြောလိုက်သည်။ပစ္စည်းသိုလှောင်ခန်းထဲ၌ ရှိနေသော ပါဝင်ပစ္စည်းများက အလွန်အင်မတန် များပြားလှပြီး အမျိုးအစားစုံလင်လှသည်။
ငှက်အမျိုးအစား အမျိုးမျိုး၊ သားရဲ သတ္တဝါတို့၏ အသားအမျိုးမျိုး ၊ ငါးအမျိုးမျိုးနှင့် ဆေးဖက်ဝင် အပင်များ ကောင်းမွန်လတ်ဆတ်လှသော အသီးအရွက်များ စုံလင်လှပေသည်။
မူလက ရှောင်ယထင်ခဲ့သည်မှာ ပန်းပွင့်လေးသည် ထိုပါဝင်ပစ္စည်းများထဲမှ အဆင့်မြင့်သော ပါဝင်ပစ္စည်းကို ရွေးလိုက်မည်ဟု ထင်ခဲ့သည်။သို့သော်လည်း ထိုကလေးမလေးက အသီးအရွက်များရှိရာဆီသို့သာ လျှောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမယ်တဲ့လဲ...
ထို့နောက် ပန်းပွင့်လေးက ကြီးမားလှသော ဂေါ်ဖီထုတ်ကြီးတစ်ထုတ်ကို ဖတ်၍ ထွက်လာပေသည်။
ရှောင်ယ ကြောင်အသွား၏ အက်ိုကြီးပုဖန်က သူ့က်ို ဂေါ်ဖီ ဘယ်လို စားရမယ်လို့ သင်ပေးလိုက်တာများ ဖြစ်နိုင်လား...ပန်းပွင့်လေးက အသီးအရွက်စား သတ္တဝါအဖြစ် ပြောင်းလဲသွားပြီလား...
"ဂေါ်ဖီတစ်ခုထဲလား ဒါက အရမ်းသာမန်ဆန်မနေဘူးလား..."
ရှောင်ယမေးလိုက်သည်။သို့သော်လည်း သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ပန်းပွင့်လေး၏ မျက်ဝန်းလေးများက တခြားပါဝင်ပစ္စည်းများထံ ဝေ့ဝဲသွားသည်။
ခဏအတွင်းမှာပင် ပါဝင်ပစ္စည်းများအားလုံးက်ို ယူဆောင်ထားလေပြီ ပန်းပွင့်လေးက သားရဲ သတ္တဝါ၏ အရေပြားဖြင့် ပြုလုပ်ထားသော အိတ်တစ်လုံးထဲ၌ ဂေါ်ဖီထုတ် ငရုတ်အနှစ်နှင့် တခြား ပါဝင်ပစ္စည်းများအားလုံးက်ို စုံပလုံစ်ိနေအောင် ထည့်ထားလေသည်။ရှောင်ယ ကြောင်အ၍ ကြည့်နေမိလေသည်။
ဒီဟာက အစစ်အမှန် မဟုတ်ဘူးလို့ ငါ့က်ို ပြောစမ်းပါ...
သူမ ပန်းပွင့်လေး၏ လက်ထဲမှ ကြီးမားလှသည့် အ်ိတ်ကြီးကို ကြည့်၍ မည်သို့ စကားဆ်ိုရမည် မသိတော့ပေ။ပန်းပွင့်လေး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် ကျယ်လောင်စွာ ဟ်ိန်းဟောက်လိုက်ပြီး ကြီးမားလှသော ကောင်းကင်ဝါးမြို စပါးအုံ မြွေကြီးအဖြစ်သို့ ပြောင်းလဲလိုက်သည်။
သူ့၏ မြွေအမြီးကိုမြောက်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင်ချထားသော အိတ်ဆီသို့ အရှိန်ပြင်းစွာဖြင့် လွှဲရိုက်လိုက်သည်။ထို့နောက် ဆက်လက်၍ ရိုက်နှက်နေပေသည်။
ရှောင်ယ ထိုကြောက်စရာကောင်းသော မြင်ကွင်းကိုကြည့်၍ တုန်ယင်နေမိသည်။
"ပန်းပွင့်လေး ဘာတွေ လုပ်နေတာလဲ..."
......
အခုက အံ့သြဖွယ်ကောင်းတဲ့ အရာတွေကို ကြည့်ရမယ့်အခ်ျိန်ပဲ ငရဲဘုရင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး သူ့၏ လက်နှစ်ဖက်ကိုပွတ်သပ်လိုက်သည်။
ပုဖန်လုပ်သော ချဉ်စပ် ကင်မ်ချီကို စားပြီးကတည်းက သူ့နှလုံးသားထဲမှ မျှော်လင့်စောင့်ဆ်ိုင်းမှုများက တခြားသူများထက် ပို၍ ပြင်းထန်လာခဲ့သည်။
တခြားတစ်ဖက်တွင်မူ အိုးရန်ချန်းဖုန်၏စိတ်ထဲ၌ မကောင်းသော စိတ်ခံစားချက်များ ရရှိနေပေသည်။ငရဲဘုရင်က ငရုတ်သီးအနှစ် တစ်အိုးလုံး လောင်းထည့်လိုက်သည်ကို မြင်ကတည်းက သူပြောနိုင်ပေသည်။
"အင်း မကောင်းတာတော့ ဖြစ်လာတော့မယ်..."
ငရဲဘုရင် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် အားလုံး၏ စူးစမ်းနေသော အကြည့်များအောက်မှာပင် လက်မြောက်လိုက်သည်။သူ့၏ လက်ဖဝါးပေါ်တွင် သိပ်သည်းလှသောငရဲစွမ်းအင်များက ရှည်လျားလှသော မြွေတစ်ကောင်လွေနေသကဲ့သို့ ဖြစ်ပေါ်ဝဲလှည့်နေသည်။
ငရဲဘုရင်၏ အပြုအမူက အားလုံးကို တုန်ယင်သွားစေပြီး သူတို့၏ မျက်နာများကို ပြောင်းလဲသွားစေ၏။
"ဒီငနဲက ဘာလုပ်ဖို့လဲဟ..."
ခေါက်ဆွဲဘုရင် အိုးရန်ချန်းဖုန်၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။
"ငရဲဘုရင်ဟကတော့ သူအောက်ကို ရိုက်ချတော့ဖို့လား..."
ထိုရိုက်ချက်သာကျရောက်သွားလျှင် ရလဒ်က မတွေးရဲစရာ ဖြစ်သွားပေလိမ့်မည်။
"မလုပ်နဲ့ အရှင်ဟရေ ခဏလေး နေပါဦး..."
အိုးရန်ချန်းဖုန် တိတ်တဆိတ် မနေနိုင်တော့ပေ။သူ နှာခေါင်းများ ပွကားလာသည်အထိအောင်ပင် အော်လိုက်ပြီး ငရဲဘုရင်ကို တားဆီးလိုက်သည်။သို့သော်လည်း ငရဲဘုရင်က သူဘာပြောပြော ဂရုမစိုက်ပေ။
မျက်နာတစ်ပြင်လုံးက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သူ့နှုတ်ခမ်းများကလည်း အလင်းရောင်များ ဖြာထွက်နေသလိုပင် ဖူးရောင်နေသည်။
"စကားမပြောနဲ့ ငါလုပ်တာကိုပဲ တိတ်တိတ် ကြည့်နေ ဒီဘုရင်က ဘယ်လို အံ့အားသင့်စရာတွေ ဖန်တီးပြမလဲဆိုတာ ကြည့်လိုက် မင်းတို့အားလုံးက ဒါကို လုံးဝ အံ့သြချီးကျူးစေရမယ်..."
အိုးရန်ချန်းဖုန်၏ မျက်နာထက်၌ ခံစားချက်မျိုးစုံ ရောထွေးသွားလေသည်။
"ချီးကျူးရမယ် ဟုတ်လား အကိုကြီးရေ ငါကတော့ ချီးကျူးတာထက် ပိုပြီး ကြောက်ဖို့ ကောင်းတယ်လို့ပဲ ထင်နေပါပြီ..."
ပတ်ဝန်းကျင်မှ လူများအားလုံးလည်း အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
"ငရဲဘုရင် အာဟက အဲ့ဒီ အိတ်ကို ရိုက်မလို့ ဟုတ်လား အဲ့ဒီလက်ဝါးချက်နဲ့သာ ရိုက်လိုက်လို့ရှိရင် အထဲက ဟာတွေက အောင်မလေး ဘယ်လိုများ ဖြစ်သွားလိမ့်မလဲဆိုတာ ဘယ်သူများ ပြောနိုင်တော့မလဲ..."
ငရဲဘုရင်၏ လက်ဝါးက အောက်သို့ ကျဆင်းလာလေသည်။အားလုံး၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်တော့မလိုမျိုး ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီး နီးသထက်နီးကပ်လာသော လက်ဖဝါးကို ကြည့်နေမိသည်။
ငရဲစွမ်းအင်အပြည့်နှင့် လက်ဖဝါးက အိတ်အပေါ်သို့ ကျရောက်သွားလေသည်။အိုးရန်ချန်းဖုန်၏ မျက်နာက ကမ္ဘာကြီးပေါ်တွင် ချစ်ခင်တွယ်တာစရာမည်သူမှ မရှိတော့သည့် ပုံစံမျိုးဖြစ်နေလေသည်။
လက်ဖဝါးရိုက်ချက် ကျသွားသည်နှင့် တစ်ပြိုင်နက် ငရဲဘုရင်၏ စိတ်ကျေနပ်သော ရယ်သံကြီးလည်း တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
"ဟား ဟား အရသာရှိတဲ့ ကင်မ်ချီ လေးတွေ ထွက်လာပြီကွ....ဖောင်း..."
အသံတစ်သံ ထွက်လာပြီးနောက် အရာရာအားလုံး ငြိမ်သက်သွားလေသည်။မျှော်လင့်ထားသည့်အတိုင်းပင် ငရဲဘုရင်၏ လက်ဖဝါးရိုက်ချက်ကြောင့် အိတ်က ပွင့်ထွက်သွားလေသည်။
အထဲမှာရှိနေသော အရာများအားလုံးကလည်း ပန်းထုတ်လိုက်သလိုမျိုး အဘက်ဘက်သို့ လွင့်စင်ကုန်လေသည်။ထိုအဖြစ်အပျက်က သူပြောထားသလိုပင် တကယ်ကို အံသြဘနန်း အဖြစ်အပျက်ပင်ဖြစ်သည်။
ငရဲဘုရင် စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။သူ့၏ ခေါင်းအထက်မှ ခွေးသွေးများ လောင်းချထားသလိုပင် မျက်နာတစ်ပြင်လုံး ငရုတ်အနှစ်များ ပေကျံနေကာ ဂေါ်ဖီဖတ်များလည်း ခေါင်းတွင် ကပ်နေလေသည်။ထိုအရှက်ရစရာ အခြေအနေကြီးကြောင့် ငရဲဘုရင်၏ နှလုံးသားလေးပင် ဝမ်းနည်းပူဆွေးသွားလေသည်။
"ဇာတ်လမ်းက ဒီလို ဖြစ်ရမှာ မဟုတ်ဘူးလေကွာ..."
အားလုံးအနည်းငယ်ဆွံ့အစွာပင် ငရဲဘုရင်ကို မှင်သက်စွာ စိုက်ကြည့်နေကြသည်။သူတို့၏ ခေါင်းပေါ်၌လည်း ဂေါ်ဖီဖတ်လေးများရှိနေလေသည်။
ပြင်းထန်လှသော အချဉ်ရနံ့နှင့် အစပ်ရနံ့ကလည်း လေထဲ ပြည့်သိပ်နေသည်။၎င်းက အိုးရန်ချန်းဖုန်သည် သူ့၏ လျှို့ဝှက် ငရုတ်နှစ်ထဲ၌ ရှာလကာရည်ကို ပေါင်းထည့်ထားခြင်းကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ငရဲဘုရင် အာဟက ပို၍ ပြင်းပြသည့် အချဉ်ဓာတ်ကို လိုချင်သောကြောင့် ဖြစ်သည်။အိုးရန်ချန်းဖုန် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်သည်။သူ့၏ ဆိုင်တစ်ခွင်လုံး၌ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ငရုတ်အနှစ်များ ဂေါ်ဖီဖတ်များ ပြန့်ကျဲနေသောကြောင့် သူ့နှလုံးသားကို မြှားမှန်သလို ခံစားလိုက်ရသည်။
"ဟား ဟား အံ့သြသင့်စရာမကောင်းဘူးလား ...ဒါ စိတ်ဝင်စားစရာမကောင်းဘူးလား...မင်းတို့ တကယ့် အံ့သြစရာ အဖြစ်အပျက်ကို မြင်လိုက်ရသလိုမျိုးခံစားရတယ်မဟုတ်လား..."
ငရဲဘုရင် သူ့ခေါင်းပေါ်မှ ဂေါ်ဖီဖတ်ကို ဖယ်လိုက်ပြီး ရှက်ရွံ့စရာ အခြေအနေထဲမှ သူ့ကိုယ်သူ ဆွဲထုတ်လိုက်ကာ ကြည့်ရှုနေသူများဘက်သို့ လှည့်၍ ပြောလိုက်သည်။
"တကယ်ကိုအရမ်းထူးခြားဆန်းကြယ်တဲ့ မြင်ကွင်းပဲ တကယ်ကို အံ့သြသင့်ဖွယ် ဖြစ်ရပ်ပဲ..."
အိုးရန်ချန်းဖုန် နောက်ထပ် မြှားတစ်စင်း ထပ်စိုက် သလို ခံစားလိုရပြန်သည်။
ဘာကို အံ့သွတာလဲ...
အကယ်၍သူသာ ငရဲဘုရင်ကို ရိုက်နိုင်လျှင် သူ့ဘဝတစ်သက်လုံးက်ို ထ်ိုလူအား ရိုက်ဖို့ အသုံးပြုမိပေလိမ့်မည်။
သူ့ရဲ့ စားသောက်ဆိုင်တစ်ဆိုင် လုံးတော့ စိတ်ပျက်စရာကောင်းသွားပြီ အစပ်အချဉ်ရနံ့တွေက တစ်ဆိုင်လုံး လွှမ်းခြုံနေပြီ...
စားသုံးနေသူများလည်း ထ်ိုအနံ့များကြောင့် လျင်မြန်စွာပင် ထွက်ပြေးသွားကြသည်။သူတို့ ရယ်ရမလို ငိုရမလိုပင်ဖြစ်နေမိ၏။ဆီလျော်မှုမရှိသောငရဲဘုရင်ကို ကြည့်၍ ကူကယ်ရာမဲ့စွာပင် ခံစားမိရ၏။
ငရဲဘုရင်က ဘာမှ မဖြစ်သလို မျက်နာထားမျိုးဖြင့် ရပ်နေလေသည်။
ဘာမှားသွားတာလဲ...သူအားနည်းနည်းလေးပဲ သုံးထားတာကို အိတ်က ဘာလို့ မခံနိုင်ရတာလဲ ဒီအိတ်မှာ ပြဿနာ ရှိနေတာပဲ ဖြစ်ရမယ်...သူ့ရဲ့ ခွန်အားကတော့ မမှားနိုင်ဘူး...
"အိုးရန် ကောင်လေး ဒါက မင်းအတွက် ဒီဘုရင်ရဲ့ လက်ဆောင်ပဲ မင်းရဲ့ စီးပွားရေးအများကြီး တ်ိုးတက်စည်ပင်လာဖို့ ဆုတောင်းပေးတယ်နော် အခုတော့ ဒီဘုရင်က သွားတော့မယ်..."
ငရဲဘုရင်က ဒီနေရာမှာ ဆက်နေဖို့ အရေမထူပေ။ထို့ကြောင့် သူ အိုးရန်ချန်းဖုန်ကို နှုတ်ဆက်စကားဆိုလိုက်ပြီး အလင်းတစ်စအလား နေရာမှ ပျောက်ကွယ်သွားလေသည်။
အိုးရန်ချန်းဖုန်၏ မျက်နာပေါ်တွင် ခါးသီးလှသော အပြုံးတစ်ပွင့်ရှိနေလေသည်။
ဒီငရဲဘုရင်က ချက်ပြုတ်နိုင်တယ်ဆိုတာကို သူဘယ်လိုများ ယုံလိုက်မိတာလဲ...သူဘယ်လောက်တောင်များ နုံအလိုက်သလဲ...
အစားကြူးအဆောက်အဦး၏ မီးဖိုခန်းထဲတွင် ခပ်အုပ်အုပ် အသံတစ်ချက် ထွက်ပေါ်လာသည်။ရှောင်ယ နားမလည်နိုင်သော မျက်နာမျိုးဖြင့် အခန်းအနှံ့ ပေကျံနေသော အချဉ်ရည်များအစက်များ ဂေါ်ဖီဖတ်များကို ကြည့်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေကျံနေ၏။အစားကြူးတောင်ကြား၏ အရှင်သခင် ဝတ်ရုံပေါ်၌လည်း ကြီးမားလှသော ထူးဆန်းသည့် အစွန်းအထေးများရှိနေသည်။ရှောင်ယအနည်းငယ် ကြောင်အအဖြစ်နေသည်။
ဒါ ပိုင်ရှင်ပု သင်ပေးလိုက်တယ်ဆိုတဲ့ ဟင်းပွဲလား...ပန်းပွင့်လေးက ဟိုလူပြက် ငရဲဘုရင်ကို အတုယူပြီးတော့ မျက်တောင်မခတ် ဘယ်လိုလိမ်ရမယ်ဆိုတာကို သင်ယူလိုက်တား ဒါ သူမအမှားပဲ...လွယ်လွယ်ကူကူ ယုံလိုက်တာ သူမအမှားပဲ...
အခြေအနေက အနည်းငယ် ကို့ယို့ကားယား ဖြစ်နေသည်။ပန်းပွင့်လေးက လူသားပုံစံ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။ပန်းပွင့်လေးက သူ့မျက်နာကို လက်ဖြင့် ကာလိုက်ပြီးနောက် လက်ချောင်းများကြားထဲမှ ရှောင်ယကို ချောင်းကြည့်လိုက်သည်။
ထို့နောက် စကားတစ်ခွန်းမဆိုတော့ပဲ ထွက်ပြေးသွားလေသည်။ရှောင်ယကူရာမဲ့စွာဖြင့် ပန်းပွင့်လေးကိုသာ လှမ်းကြည့်လိုက်ပြီးနောက် ခါးသက်စွာ ရယ်မောလိုက်သည်။ထို့နောက် မီးဖိုခန်းကို စတင်၍ သန့်ရှင်းရေး လုပ်ရပေတော့သည်။
....
ရွှစ်ခနဲ အသံတစ်ချက်နှင့်အတူ ပန်းပွင့်လေး ထောင်တျဲ စားသောက်ဆိုင်သို့ ပြန်ရောက်လာသည်။ထို့နောက် သူမ ခွေးဘုရင်၏ အနားသို့ ပြေးသွားလိုက်ကာခွေးဘုရင်၏ အမြီးကို ဖက်၍ အနားတွင် မလှုပ်ရှားတော့ပဲ လှဲချလိုက်လေသည်။
နစ်ခြိုက်စွာ အိပ်မောကျနေသော ခွေးဘုရင်က သူ့၏ အမြီးကို ဆွဲခံလိုက်ရသောကြောင့် မျက်လုံးများပွင့်၍ စောင်းကြည့်လိုက်သည်။
"ခွေးဘုရင်ရဲ့ အမြီးကို ဆွဲရဲတယ်ပေါ့လေ...ဒီကလေးမကတော့ ကောင်းကင်ဘုံကို တက် ချင်နေပြီထင်တယ်..."
ပန်းပွင့်လေးက သူမ၏ မျက်နာကိုသာ ကာထားပြီး တုတ်တုတ်မလှုပ်ပေ။နောက်ခဏအကြာ၌ ပန်းပွင့်လေးက သိမြင်မှု သစ်သီးပင်ပေါ်တွင် ချိတ်ဆွဲခံထားရလေသည်။
ပန်းပွင့်လေး၏ အပြစ်ကင်းစင်လှသောမျက်နာပေါ်တွင် သူမ၏ အနာဂတ်တစ်ခုလုံး မဲမှောင်နေသလိုမျိုးစိတ်ရှုပ်ထွေးမှုများရှိနေလေသည်။သူမက အချက်အပြုတ်ခြင်းတွင် ပါရမီမပါဘူးဟု ခံစားရလေသည်။သူမက စားသောက်ခြင်းကိုသာ ဂရုစိုက်သောအမကြီး နယ်သာရီကဲ့သို့သာ ပြုလုပ်ရပေတော့မည်။
ထိုအချိန်အတောအတွင်း၌ အစားကြူးတောင်ကြားထဲတွင် ရှိသော စားသောက်ဆိုင် အမျိုးမ်ျိုး၌ ဆူညံသံများ ထွက်ပေါ်လာသည်။တောင်ကြားတစ်ခုလုံးတွင်လည်း အချဉ်အစပ်ရနံ့များ ဖုံးလွှမ်းနေလေပြီ။
ငရဲဘုရင်က စားသောက်ဆိုင်တစ်ခုအတွင်းမှ ပြေးထွက်လာပြီး ခြောက်ကပ်စွာ ရယ်မောလိုက်သည်။အခုတော့ သူစမ်းသပ်စရာ စားသောက်ဆိုင် မရှိတော့ပေ။
ရုတ်တရက် ငရဲဘုရင်၏ အကြည့်စူးစူးများက ခပ်ဝေးဝေးတွင်ရှိနေသော အစားကြူးနတ်ဘုရားအဆောက်အဦးသို့ ကျရောက်သွားသည်။
"အဲ့ဒီ ရှောင်ယရဲ့ နေရာမှာမီးဖိုချောင်ရှိတယ်မဟုတ်လား ဒီတစ်ကြိမ်တော့ ဒီဘုရင်က အံ့သြဖွယ်ရာဖြစ်ရပ်တွေကို ဖန်တီးနိုင်တော့မယ်..."
သို့သော်လည်း သူရှောင်ယနှင့် တွေ့ပြီး အံ့သြဖွယ်ရာဖြစ်ရပ်များ ဖန်တီးမည်ဟု ပြောလိုက်သည့်အခါ၌ အကြည့်စူးစူးများဖြင့် ကြည့်ခြင်း ခံလိုက်ရလေသည်။သူမက မီးဖိုချောင်သုံးဓားမကြီးကိုကိုင်၍ ဒေါသတကြီးဖြင့် နောက်မှ လိုက်ဖမ်းလေတော့သည်။ငရဲဘုရင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရပြီးထောင်တျဲစားသောက်ဆိုင်သို့သာ ပြန်လာခဲ့လိုက်ရသည်။
"လုံးဝ နားမလည်နိုင်ဘူး...ဘာလို့ သူမလုပ်နိုင်ရတာလဲ ...ဒါက ကင်မ်ချီလေးပဲလေ မဟုတ်ဘူးလား...ဘာလို့ အဲ့ဒီလောက်ခတ်နေရတာလဲ ..."
ငရဲဘုရင် ဆိုင်ထဲ ဝင်လိုက်သည့်အချိန်၌သူ လုံးဝ အံ့အားသင့်သွားသည်။အဘယ့်ကြောင့်ဆိုသော် အားလုံးကထမင်းစားပွဲတွင် ထိုင်၍ မီးဖ်ို ခန်းဘက်သို့ မျှော်လင့်စောင့်ဆိုင်းသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။
"နီယန် ၊ချုချန်းရှန် ၊ နယ်သာရီ ၊ ဟိုခွေးငပျင်းပြီးတော့ အရှက်မဲ့တဲ့ လူအိုကြီး..."
ထိုအခိုက်အတန့်မှာပင် မီးဖိုခန်းဘက်ဆီမှ သင်းပျံ့ မွှေးကြိုင်လှသော ရနံ့များကိုလည်းသတိပြုမိလိုက်သည်။၎င်းက ကင်မ်ချီ၏ မွှေးရနံ့ တစ်စွန်းတစ်စ ပါဝင်နေလေသည်။
ငရဲဘုရင် သူ့၏ အရိုးများပွင့်သွားသလိုပင် တုန်တုန်ရီရီခံစားလိုက်ရသည်။ထို့နောက် စားသောက်ဆိုင်ထဲသို့ အလျင်စလို ပြေးဝင်သွားလိုက်ပြီး အော်ပြောလိုက်၏။
"ဒီဘုရင်တွက်လည်း ချန်ထားပါဦး..."