အပိုင်း ၉၁၇
Viewers 53k

အခန်း ၉၁၇

နတ်ဆိုးဘုရင်များ...


စားပွဲပေါ်ရှိ စားစရာများအားလုံး ပြောင်ရှင်းသွားပေပြီ....


ငရဲဘုင်နောက်ဆုံး၌ လက်လျှော့အရှုံးပေးလိုက်ပေပြီ။သူက ချက်ပြုတ်ခြင်းအတွင် မသင့်တော်ပေ။သူက ခွေးတစ်ကောင်ကဲ့သို့ စားလိုက် အိပ်လိုက်လုပ်ခြင်းကသာ ပို၍ သင့်တော်ပေသည်။


ကင်ချီမ် လုပ်ခြင်းက ကြည့်ရတာ လွယ်သည်ထင်သည်သော်လည်း တကယ်တမ်း ရှုပ်ထွေးလွန်းလှသည်။ထို့အပြင် သူက ဘယ်နေရာ၌ ပြဿနာဖြစ်နေသည်ကို မသိသလို ဘယ်လိုဖြေရှင်းရမည်လဲ မသိပေ။


ထို ပြဿနာများအကြောင်းကို စဉ်းစားရင်းလည်း အလွန်ပင် ပျင်းရိသွားပြီ ဖြစ်သောကြောင့် ဒီတိုင်းလက်လျော့ဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။ထောင်တျဲ စားသောက်ဆိုင်ထဲတွင် ကြည့်နေသူများက သူတို့ ဗိုက်ကို ပွတ်သပ်လိုက်သည်။ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသော ပုဖန်က ပျင်းရိနေသော အသွင်အပြင်ဖြင့် လေတစ်ချက် တက်လိုက်သည်။


ညအချိန် ကျရောက်လာပြီ ဖြစ်ပြီး ကောင်းကင်ပေါ်၌ လခြမ်းကွေးလေးနှစ်ခုကလည်း အေးမြသော အလင်းရောင်များကို ထုတ်လွင့်နေပြီး ကမ္ဘာမြေကို လွှမ်းခြုံထားပေပြီ။


ပုဖန်၏ ဟင်းပွဲကို မြည်းစမ်းခဲ့ရသော သူများက ထွက်သွားဖို့ရန်အတွက် တွန့်ဆုတ်နေကြသည်။သို့သော်လည်း သူတို့ ရွေးချယ်စရာမရှိပဲ ဆိုင်ထဲမှ ထွက်သွားရတုန်းပဲ ဖြစ်သည်။


ပုဖန်က ပျင်းရိစွာဖြင့် ခါးလှည့်ချိုးလိုက်သည်။တစ်နေ့လုံး ကုန်ဆုံးပြီးနောက် သူ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပေပြီ။နီယန် သူ့၏ အပေါ်ထပ်သို့ ပြန်တက်သွားကာ ချူချန်းရှန်သည်လည်း သူ့အခန်းထဲသို့ ပြန်ရောက်၍ သိမ်းနေပေပြီ။


ပုဖန် ဆိုင်တံခါးပိတ်ပြီးသည်နှင့် မီးဖ်ိုချောင်ထဲသို့ လှည့်ဝင်ခဲ့သည်။သူပင့်သက်အသာရှိုက်လိုက်ပြီး စိတ်ဖြင့် တွေးတောလိုက်သည်နှင့် သူ့၏ ခန္ဓာကိုယ်မှ စွမ်းအင်များက စတင်၍ လှည့်ပတ်လာသည်။


သူ ခေါင်းစီးကြိုးကို ဖြေလိုက်ပြီး ဆံပင်များကို ဒီတိုင်း ဖြန့်ချထားလိုက်သည်။ထို့နောက် သူ့၏ ခေါင်းပေါ်၌ စိတ်ဝိညာဉ် လှေကားထစ်များ ပေါ်လာလေသည်။


တစ်ထစ် နှစ်ထစ် သုံးထစ်...


စိတ်ဝိညာဉ် လှေကားကိုးဆင့် အဖြစ် ပြောင်းလဲသွားပြီးနောက် နတ်ဘုရားယဇ်ပလ္လင်ဖြစ်တည်လာသည်။ပုဖန်ခေါင်းမော့ကြည့်လ်ိုက်သည်။သူ့ခန္ဓာကိုယ်မှတစ်ဆင့် ထွက်ပေါ်နေသော စွမ်းအင်များက နတ်ဘုရားယဇ်ပလ္လင်ဆီသို့ ပေါင်းစပ်နေသည်ကို ခံစားမိလေသည်။


သူ့၏ စိတ်ဝိညာဉ် ပင်လယ်အတွင်း၌လည်း စိတ်ဝိညာဉ် စွမ်းအားများ ပွက်ပွက်ဆူနေ၏။သူ့၏ စိတ်စွမ်းအားများက လျင်မြန်စွာ လောင်ကျွမ်းလာသလိုထင်ရပြီး နတ်ဘုရားယဇ် ပလ္လင်ဆီသို့ ပေါင်းစပ်နေသည်။


ထိုခဏအတွင်းမှာပင် ငြိမ်သက်စွာ တောက်လောင်နေသော နတ်ဘုရားမီးတောက်ထွက်ပေါ်လာလေ၏။သူက သိပ်သည်းလှသော စိတ်စွမ်းအားများပါဝင်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအင်ရှိသည့် နတ်ဘုရားမီးတောက်ပင်ဖြစ်သည်။


နတ်ဘုရားယဇ်ပလ္ဘင်ထက်၌ နတ်ဘုရားမီးတောက်လေးက ပုဖန် စိတ်ဝိညာဉ် သခင်အဆင့်သို့ အောင်အောင်မြင်မြင်ခြေချသွားနိုင်ပြီဟု ဆ်ိုလိုခြင်းဖြစ်သည်။တစ်ကြိမ်တည်းဖြင့် ကြီးမားလှသော အဆင့်မြင့်တင်မှုကြီး တစ်ခုကို ရရှ်ိလိုက်လေသည်။


သူ့၏ စိတ်စွမ်းအားများက ပို၍ပင် ပြန့်ကားလာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပိုင်ဆိုင်လာလေသည်။အဆင့်ချိုးဖျက် တက်ရောက်ခြင်းပြီးဆုံးသွားသည်နှင့် ပုဖန် မျက်လုံးများဟဖွင့်လိုက်သည်။သူ့၏ မျက်ဝန်းများထဲ၌ ကောင်းကင်ဘုံကိုပင် ထိုးခွဲတက်ရောက်တော့မည့် ဓားတစ်လက် ကဲ့သ်ို့ စူးရှလှသော နတ်ဘုရားမီးတောက်လေးရှိနေလေသည်။


သူ စိတ်ဝိညာဉ် သခင်အဆင့်သို့ ရောက်ရှ်ိသွားသည်နှင့် ဒီ ပုန်းကွယ်နဂါးတ်ိုက်ကြီးထဲတွင် အထွဋ်အထိပ် တည်ရှိမှု တစ်ခု ဖြစ်လာပြီဟု ဆိုနိုင်ပေသည်။


နောက်ဆုံး၌ ပုဖန်၏ နှလုံးသားလည်း ပို၍ တည်ငြိမ်သွားလေသည်။သူ့၏ စွမ်းအင်အဆင့် မြင့်လာခြင်းက မသေမျိုးအချက်အပြုတ် နယ်ပယ်သို့ ခြေချနိုင်ပြီဟု ဆ်ိုလိုရင်းလည်းဖြစ်သည်။


ပုဖန်က မသေမျိုးခန္ဓာအဆင့်တွင် ရှိစဉ်ကတည်းက သူ့၏ တ်ိုက်ခိုက်ရေးစွမ်းရည်နှင့် သူ့၏ စိတ်စွမ်းအင်များက သန်မာလှသည်ဆိုသော်လည်း သူ့၏ ကျင့်ကြံဆင့်က နိမ့်ကျနေသောကြောင့် တစ်ချို့နေရာများတွင် ကန့်သတ်ချက်များရှိနေသေးသည်။


ပုဖန်၏ အဆင့်တက်ရောက်ခြင်းက လှုပ်ခတ်မှု မရှိပဲ ရိုးရှင်းလှသည်။သူက နီယန်ကဲ့သို့ တစ်ကြိမ်တည်းဖြင့် နတ်ဘုရားမီးတောက် ငါးခု ထွန်းညှိနိုင်သည့် အချိန်သို့ မရောက်သေးပေ။


ပုဖန်က သူ့၏ စွမ်းအင်များကို တဖြေးဖြေးချင်း ရုတ်သိမ်းလိုက်ပြီးနောက် အတွေးတစ်ချက်ဖြင့် စနစ်၏ လယ်ယာမြေထဲသို့ ဝင်ရောက်သွားလေသည်။


....


အချိန်များ လျင်မြန်စွာ စီးဆင်းဖြတ်သန်းနေသည်။


 ယနေ့အချိန်များတွင်လျို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ နယ်မြေများ၌ ပျက်စီးမှုများကြုံဆုံနေရလေသည်။


ယခင်က ခမ်းနားထည်ဝါခဲ့သော တော်ဝင်ခုံရုံးသည် ယခု အက်ကွဲကြောင်းများ ပျက်စီးမှုများနှင့် ပြည့်နှက်နေသည်။ထိုနေရာ၌ ပုန်းကွယ်နဂါးတိုက်ကြီး၏ မည်သည့် သက်ရှိမှ နေထိုင်သည်ကို မတွေ့ရပဲ ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ကောင်းလှသောငရဲစွမ်းအင်များသာ လှည့်ပတ်နေလေသည်။


လျို့ဝှက်နဂါးတော်ဝင်ခုံရုံးနှင့် မိုင်တစ်ရာမျှ ဝေးကွာသော နေရာရှိ တောင်တစ်တောင်...


 ထိုတောင်က အလွန်ပင် မြင့်မားသည်။တောင်၏ တစ်ဝက်တွင် အနက်ရောင်တိမ်များဖြင့်ဖုံးလွှမ်းနေ၏။


တောင်ပေါ်ရှ်ိသစ်ပင်တို့တွင်လည်း အနက်ရောင် ငရဲစွမ်းအင်များ စွန်းထင်းနေသည်။ရံဖန်ရံခါတွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများ ပေါ်ထွက်လာတက်ကြသည်။


တောင်၏ ထိပ်တွင် ခမ်းနားဆန်းကြယ်လှသော အရိုးဖြူ နန်းတော် ရှိနေသည်။တောင်အထက်ပိုင်းတွင်မူ အနက်ရောင်တိမ်များက ဖုံးလွှမ်းကာရံထားသည်။


၎င်းတို့၏ ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် ကြုံဆုံလိုက်ရသူများ အသက်ရှုသံများပင် မြန်ဆန်လာနိုင်သည်။


နန်းတော်ထဲ၌...


 ပုံရိပ်၈ခုက ကျောက်ထိုင်ခုံများပေါ်တွင် ဝင့်ကြွားစွာ ထိုင်နေလေသည်။


ထိုပုံရိပ်ရှစ်ခုက ပျက်သုဉ်းခြင်း အကျဉ်းထောင်မှ နတ်ဆိုးဘုရင်များမှလွဲ၍ တခြားသူမဟုတ်ပေ။ထိုလူစုကို ဦးဆောင်ထားသော နတ်ဆိုးမျက်လုံးမျိုးနွယ်မှ နတ်ဆိုးဘုရင်၏ ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းလှသော သိပ်သည်းလှသည့်အနက်ရောင် စွမ်းအင်များ ပြည့်နှက်နေသည်။


သူက အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် စကားစပြောလာသည်။


"ငါတို့ ပျက်သုဉ်းခြင်းအကျဉ်းထောင်က ပုန်းကွယ်နဂါးတိုက်ကြီးကို ကျူးကျော်တာ ၂နှစ်နီးပါးရှိလာပြီ...ကုန်းမြေတိုက်ကြီးရဲ့ တခြားတစ်ဖက်ကို ချုပ်ကိုင်နိုင်ပြီးတဲ့ အခ်ျိန်မှာ တခြားတစ်ဖက်က ငါတို့ အပိုင်မဟုတ်သေးဘူး...ဒါက မူလ ငါတို့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး...ပထမဆုံးအနေနဲ့အသန်မာဆုံး နတ်ဆိုးဘုရင်ရဲ့ ဦးဆောင်မှုနောက် လိုက်ပြီးတော့ ကျူးကျော်မှုကို ပြုလုပ်ခဲ့တယ် ဒါပေမယ့် သူက ငါတို့ကို ဒီလို သုံးစားမရတဲ့ နေရာမျိုးကိုပဲ ခေါ်လာခဲ့တယ်...နှစ်ထောင်ပေါင်းချီ ကြာပြီးတဲ့နောက်မှာ အသန်မာဆုံးနတ်ဆိုးဘုရင်ကလည်းပျက်သုဉ်းခြင်းအကျဉ်းထောင်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တဲ့ နတ်ဆိုးဘုရင် မဟုတ်တော့ဘူး..."


နတ်ဆိုးမျက်လုံးမျိုးနွယ်ဘုရင်၏အသံက ဆွဲဆောင်မှု တစ်မျိုးရှိနေသည်။တခါတရံတွင် စိတ်ခံစားချက်အလိုက် အတက်အကျ ပြောင်းလဲနေ၏။သူ့၏ ပဲ့ကိုင်မှု အောက်တွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျွမ်းကျင်ပညာရှင်တို့၏ စိတ်ခံစားမှုများကလည်း မြင့်တက်လာသည်။


"အရမ်းစိတ်ပျက်စရာကောင်းလွန်းတဲ့ အစားကြူးတောင်ကြားလေးတစ်ခုပဲ မဟုတ်ဘူးလား...ငါတို့တွေ အဲ့ဒီ စိတ်ပျက်စရာကောင်းတဲ့ အရာကို အမြန်ဆုံးအဆုံးသတ်ပေးရမယ်..."


နတ်ဆိုးမျက်လုံးမ်ျိုးနွယ်ဘုရင်၏အသံက လွှမ်းမိုးမှု အပြည့်ရှိနေသည်။သူက ဒီအခွင့်အရေးကို စောင့်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပေပြီ။အသန်မာဆုံးသော နတ်ဆိုးသခင် ထွက်သွားသည်နှင့် ယခုအခွင့်အရေးက ရောက်လာပေပြီ။


အသန်မာဆုံးသော နတ်ဆိုးဘုရင်၏ ထိန်းချုပ်ထားမှုအောက်တွင် သူတို့က အစားကြူးတောင်ကြားအတွင်းမှ မြို့များကို မတ်ိုက်ခိုက်ရသေးပေ။


သူတို့ နတ်ဆိုးမ်ျိုးနွယ်များက မိုင်ထောင်ချီ ဝေးကွာသော ပျက်သုဉ်းခြင်း အကျဉ်းထောင်မှနေ၍ ဒီနေရာသို့ အရာရာအားလုံးကို တ်ိုက်ခိုက်သိမ်းပိုက်ရန်အတွက် ရောက်လာခြင်းဖြစ်သည်။


အသန်ဆုံးသောနတ်ဆိုးဘုရင်က မည်သည့် အရာကို ကြောက်ရွံ့နေသည်မှန်း သူတို့ နားမလည်ပေ။သူက အစားကြူးတောင်ကြားနှင့် ရင်ဆိုင်ရန် ပြောမလာသေးသောကြောင့် ကြမ်းတမ်းသော နတ်ဆိုးများက စောင့်ရသည်ကို စိတ်မရှည်နိုင် ဖြစ်နေကြပေပြီ။


နတ်ဆိုးမျက်လုံးမျိုးနွယ်ဘုရင်၏ ဦးဆောင်မှုအောက်တွင် သူတို့၏ ကြမ်းတမ်းမှုများကို ဖွင့်ထုတ်ပေမည်။


"အစားကြူးတောင်ကြားကိုဖျက်စီးမယ် ပုန်းကွယ်နဂါးတ်ိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်မယ်ဟေ့..."


ပျက်သုဉ်းခြင်း အကျဉ်းထောင်မှ နတ်ဆိုးများက သူတို့၏ လက်နက်များကိုဝှေ့ယမ်းရင်း ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။သူတ်ို့၏ အသံက တောင်တစ်ခွင်လုံးကို လွှမ်းခြုံသွားလေသည်။အသန်မာဆုံး နတ်ဆိုးဘုရင်နှင့် မူလထဲက အတူရှိခဲ့ကြသော ကျင့်ကြံသူ နတ်ဆိုးများက ထိုသူများ၏ စဉ်းစားမဆင်ခြင်တက်မှုကိုကြည့်၍ ခေါင်းအသာခါယမ်းလိုက်မိကြသည်။


........


အစားကြူးတောင်ကြား အပြင်ဘက်...


 လက်ရှိအစားကြူးတောင်ကြားထဲတွင် သန့်စင်နယ်မြေပေါင်းစုံ စုဝေးနေသောကြောင့် စွမ်းအားကြီးမားလှသော တပ်ကြီးတစ်ခုလို ဖြစ်နေလေသည်။


အစားကြူးနတ်ဘုရားမြို့တော်၏ ပတ်ပတ်လည်တွင် ရိုးရှင်းသော မြို့များစွာကို တည်ထောင်ထားကြလေသည်။သန့်စင်နယ်မြေများမှ ပညာရှင်များ တည်ထောင်ကြသော ထိုမြို့များ၏ မြို့ရိုးတံတိုင်းများကလည်း အလွန်မြင့်မားလှသောကြောင့်ရန်သူများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ပေသည်။


ပြောရမည်ဆိုလျှင် မြောက်များလှစွာသော သန့်စင်နယ်မြေမှ ကျင့်ကြံသူများ ပေါင်းဝင်လာသောကြောင့် အစားကြူးနတ်ဘုရားမြို့တော်၏ လူဦးရေက ပို၍ ထူထပ်လာခဲ့သည်။ထို့ကြောင့်ပင် သူတို့ မြို့အသစ်များကို တည်ထောင်ကြရခြင်းဖြစ်သည်။


ကောင်းကင်ယံထက်၌ တိမ်မဲများ တလိပ်လိပ် ရွေ့လျားနေသည်။ထွားကြိုင်းသန်မာလှသော လူတစ်ယောက်က လေအရှိန်နှင့်အတူလာနေပြီး သူ့၏ နောက်မှ တိမ်မဲများက လိုက်ပါလာသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော အစောင့်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး အချက်ပြသံ ထုတ်လွင့်လိုက်သည်။တောင်ကြားထဲတွင်ရှိနေကြသော သန့်စင်နယ်မြေများမှ ကျင့်ကြံပညာရှင်များအားလုံးက လေထဲမှ အလျင်စလို ပျံသန်းလာကြသည်။သူတို့ မြို့တံတိုင်းပေါ် ဆင်းသက်လိုက်ပြီးနောက် စူးရှလှသော အကြည့်များက ပျံသန်းလာနေသော ထ်ိုလူဆီသို့ ကျရောက်သွားသည်။


"အဲ့ဒါ နတ်ဆိုးမျက်လုံးမျိုးနွယ်က နတ်ဆိုးဘုရင် မဟုတ်လား..."


သူတော်စင်အုပ်ချုပ်သူတစ်ဦးက လေအေးတစ်ချက်ရှိုက်ရင်းဆိုလိုက်သည်။


"ပထမဆုံး နတ်ဆိုးဘုရင်က ပျက်သုဉ်းခြင်းအကျဉ်းထောင်က နတ်ဆိုးတွေကို အစားကြူးတောင်ကြားကို လာတိုက်ခိုက်ခွင့် မပြုတော့ဘူးလို့ ပြောသွားတယ်မဟုတ်ဘူးလား...နတ်ဆိုးမျက်လုံးမျိုးနွယ်ရဲ့ နတ်ဆိုးဘုရင် ပေါ်လာတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ ထ်ိုနတ်ဆိုးမျက်လုံးမ်ျိုးနွယ် ဘုရင်တစ်ယောက်သာမဟုတ်ပဲ အစားကြူးတောင်ကြား၏ အရပ်မျက်နာက အဘက်ဘက်မှ တိမ်မဲများစွာတ်ိုးဝင်လာနေသည်။


နတ်ဆိုးဘုရင် ရှစ်ယောက်က လျင်မြန်လှစွာပင် အစားကြူးတောင်ကြားအပြင်ဘက်၌ ဆင်းသက်လိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံးကို ရစ်သိုင်းနေသော ငရဲစွမ်းအင်များက သန့်စင်နယ်မြေမှ သူများကို စ်ိတ်မသက်မသာဖြစ်အောင်လုပ်နေလေသည်။


"မဟာနိယာမ လမ်းစဉ်က လုံးဝ ကျဆုံးသွားခဲ့ပြီလား...နတ်ဆိုးမျိုးနွယ်တွေက ကုန်းမြေတိုက်ကြီးကို ဆန္ဒရှိသလိုလာရောက်ကျူးကျော်ရန်စရဲနေပြီလား..."


သန့်စင်နယ်မြေမှ ကျူးကျော်သူများ မချိတင်ကဲ ပြုံးလိုက်ကြသည်။ထိုနတ်ဆိုးဘုရင် ရှစ်ယောက်၏ အနောက်တွင် ကြီးမားလှသောနတ်ဆ်ိုးတပ်ကြီးရှိနေသည်။ထိုလူအုပ်ဆီမှ ငရဲစွမ်းအင်များက ကောင်းကင်ယံဆီသို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခွင်လုံး တိမ်မဲများ ဖုံးလွှမ်းသွားလေသည်။


သူတို့က နတ်ဆိုးဘုရင် ဆီမှ အမိန့်လက်ခံရရှိထားပြီးသော်လည်း အလျင်စလို မတ်ိုက်ခိုက်ကြသေးပေ။ပထမဆုံး နတ်ဆိုးဘုရင်က ကြောက်တက်သူ တစ်ယောက်ဖြစ်လာပြီး ဆင်ခြင်များစွာ ပေးနေခဲ့သည်။ထ်ို့ကြောင့်ပင် နတ်ဆိုးဘုရင် ရှစ်ယောက်က အစားကြူးတောင်ကြားသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီးသူ့ကို ကြောက်ရွံ့စေသည့် အရာကို လာကြည့်ကြခြင်းဖြစ်သည်။


နတ်ဆိုးဘုရင် ရှစ်ယောက်က အစားကြူးတောင်ကြားထဲသို့ ဝင်ခွင့်ပြုရန်တောင်းဆိုလိုက်သော်လည်း သဘာဝကျစွာပင် သူတော်စင် အုပ်ချုပ်သူများက သဘောမတူခဲ့ပေ။


အစားကြူးတောင်ကြားဆိုသည်က လက်ရှိတွင် သန့်စင်နယ်မြေများ၏ စုဝေးရာနေရာဖြစ်နေသည်။ထိုနတ်ဆိုးဘုရင် ရှစ်ယောက်သာအညှာအတာမဲ့သတ်ဖြတ်မှုကြီး စတင်လိုက်လျှင် ဆုံးရှုံးမှု ကြီးမားသွားပေလိမ့်မည်။သို့သော် နတ်ဆိုးဘုရင်များကို မည်သူကများတားဆီးနိုင်လိမ့်မည်နည်း။


စွမ်းအင်စီးကြောင်းရှစ်ခု အကာအကွယ်များပေါ်ကျရောက်လာပြီးနောက် တစ်စစီ ပြိုကွဲသွားလေသည်။နတ်ဆိုးဘုရင် ရှစ်ယောက်က အထင်အမြင်သေးစွာဖြင့် လှောင်ရယ်လိုက်ကြပြီး အစားကြူးတောင်ကြားထဲသို့ ဝင်ရောက်သွားကြသည်။


ဆည်းဆာရေကန်ထက်တွင် ရေလှိုင်းများ မြင့်တက်လာပြီးနောက် နတ်ဆိုးဘုရင်များ ထိုအပေါ်မှနေ၍ ဖြတ်လျှောက်သွားကြသည်။ထို့နောက် သူတို့ ကန်အလယ်၌ ရပ်လိုက်ကြ၏။သူတို့၏ ဘေးနား၌ ရေနဂါးများက ပတ်လည် ဝိုင်းနေကြသည်။ဖားနတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဘုရင်က ရေထိန်းချုပ်ရာတွင် အလွန်စွမ်းအားကြီးသည်။သူက တားဆီးလာသော သန့်စင်နယ်မြေမှ ကျင့်ကြံသူများအားလုံးကို ရေနဂါးများဖြင့် တွန်းထုတ်ပစ်လိုက်သည်။


သူတော်စင်အုပ်ချုပ်သူများ ဒေါသထွက်လာသည်။ထို နတ်ဆိုးများက တစ်ပြိုင်နက်တည်း ကြမ်းတမ်းရမ်းကားလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။


အသန်မာဆုံး နတ်ဆိုးဘုရင်၏ ဖိနှိပ်မှုအောက်တွင် သူတို့ မလှုပ်ရှားရဲခဲ့သော်လည်း ယခု နတ်ဆိုးဘုရင် တံခါးပိတ် ဝင်ရောက်သွားပြီ ဖြစ်သောကြောင့် ထကြွ သောင်းကျန်းလာကြလေသည်။


သူတော်စင်အုပ်ချုပ်သူများက ဆုံးဖြတ်ချက် ချထားသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


သူတို့က ထိုနတ်ဆိုးများကို မခုခံနိုင်ပေ။သို့သော်လည်း သူတို့၌ ပိုင်ရှင်ပု ထောက်ပံ့ပေးထားသည့် ဝှက်ဖဲများ ရှိနေပေသေးသည်။သို့သော် နောက်ဆုံးအခြေအနေမှမဟုတ်လျှင် ထိုဝှက်ဖဲကို အသုံးမပြုနိုင်ပေ။ဘယ်လိုပဲဖြစ်ဖြစ် ဝှက်ဖဲက တစ်ခုသာရှိလေသည်။


"အားနည်းတယ် အရမ်းကို အားနည်းလွန်းတယ် ဒါ အသန်မာဆုံးနတ်ဆိုးဘုရင် စိုးရိမ်ပူပန်နေခဲ့တဲ့ ပညာရှင်လား...ဒီလို ပုရွတ်ဆိတ်မျိုးတွေကို သေခြင်းတရားရဲ့ တံခါးဝမှာ ရုန်းကန်နေခွင့် မပေးတော့ပဲ အဆုံးသတ်ပေးလိုက်ရုံပဲလေ..."


သိမ်းငှက်နတ်ဆိုးဘုရင်က သူ့၏ နှုတ်သီးကို လှုပ်ခါရင်း အေးစက်စက်ပြုံးကာ ပြောလိုက်သည်။သူ့၏ အေးစက်လှသော ရယ်သံထဲတွင် ပါဝင်သည့် နတ်ဆိုးစွမ်းအင်များက သန့်စင်နယ်မြေများမှ တပည့်များ၏ နားစည်များကို ပြင်းထန်စွာနာကျင်သွားစေသည်။


နတ်ဆိုးဘုရင် တစ်ဦးစီတိုင်းတွင် ပြင်းထန်လှသော ကိုယ်ပိုင် စွမ်းအားများရှိသည်။သူတို့ အစားကြူးတောင်ကြားထဲ ဝင်ရောက်လိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အထက်အောက် လှန်လိုက်သလို ဗြောင်းဆန်သွားလေသည်။


အစားကြူးနတ်ဘုရားမြို့တော်၏ လမ်းမရှည်ပေါ်တွင် လမ်းမပေါ်၌ ပုံရိပ်တစ်ခုသာ ရှိနေသည်။လူများစွာက အစားကြူးနတ်ဘုရား အဆောက်အဦးထဲတွင် ပုန်းအောင်းနေကြလေသည်။


နတ်ဆိုးဘုရင်များ အစပြုလာသော ပြင်းထန်သည့် စစ်ပွဲက သူတို့ကို လာရောက်ရိုက်ခတ်နိုင်ပေသည်။သေခြင်းတရားကို မတွေ့ကြုံဖူးသော အားနည်းသော သူများက ဒီနေရာတွင်သာ ပုန်းအောင်းရုံ တက်နိုင်လေသည်။


နတ်ဆိုးမျက်လုံးဘုရင်က လမ်းမရှည်တစ်လျှောက် အေးဆေးစွာ လျှောက်လာခဲ့သည်။လမ်းမတစ်လျှောက် သင်းပျံ့လာသော မွှေးရနံ့များက သူ့၏ ဒေါင်လိုက်မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေ၏။နတ်ဆိုးဘုရင်၏ တတိယမျက်လုံး ပွင့်လာပြီးအနီရောင်စွမ်းအင်များ လှည့်လည်လာသည်။


ဟွမ်...


အစားကြူးတောင်ကြားတစ်ခုလုံး နတ်ဆိုးဘုရင်၏ စိတ်ထဲတွင် ပုံရိပ်ထင်လာသကဲ့သို့ပင်။


ထောင်တျဲ စားသောက်ဆိုင်...


အသံတစ်ချက်နှင့်အတူ စားသောက်ဆိုင်၏ တံခါးပွင့်ဟသွားသည်။


ထိုတံခါးဝတွင် ငိုက်မြည်းနေသောပုံရိပ်တစ်ခုက ခါးလှည့်၍ ပျင်းရိစွာသန်းဝေလိုက်သည်။ပုဖန် ဆိုင်တံခါးတွင်ရပ်ရင်း လေနုအေးများကို ရှုရှိုက်လိုက်သည်။


ဒါက နောက်ထပ် လှပသော နေ့တစ်နေ့ ဖြစ်ကြောင်း တွေးမိလိုက်မိ၏။ဒီနေ့သည်လည်း အလုပ်များသည့် နေ့တစ်နေ့ ဖြစ်ပေဦးတော့မည်။ရုတ်တရက် ပုဖန် အေးခဲသွားမိသည်။သူ့၏ ဆိုင်ရှေ့၌ တန်းစီနေသော လူတန်းရှည်ကြီးမရှိသည်ကို သတိပြုမိလိုက်သောကြောင့် အာခနဲ ရေရွတ်လိုက်မိသည်။


လမ်းမရှည်တစ်လျှောက် လုံးဝ တိတ်ဆိတ်နေသည်။လေနုအေးလေးများတိုက်ခတ်နေပြီးတိမ်များ တရွေ့ရွေ့ ရွေ့လျားနေသည်ကို တွေ့နေရသည်။အလုပ်များရန် ပြင်ဆင်နေသော ပုဖန်တစ်ယောက် ကြောင်အနေမိသည်။


ရုတ်တရက် လေထဲ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသောကြောင့် ပုဖန် အလန့်တကြားထခုန်မိတော့မလိုပင် ဖြစ်သွားသည်။အနက်ရောင်စွမ်းအင်များက ဆိုင်ရှေ့သို့ လျင်မြန်စွာ စီးဆင်းလာပြီးနောက် ထိုစွမ်းအင်များကြားထဲမှ ပိန်ပါးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။


ထိုသူ၏ မျက်ဝန်းများမှ တောက်ပလှသော အလင်းများကို ထုတ်လွင့်နေသည်။နတ်ဆိုးမျက်လုံးဘုရင်က အိပ်ချင်မူတူးဖြင့် ရပ်နေသောပုဖန်ကို ကြည့်လိုက်သည်။


သူ့၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးလိုက်ပြီး ချွှန်ထွက်ခှသော အစွယ်များကို လှစ်ဟပြလိုက်သည်။


"ဒီတော့ မင်းရဲ့ စားသောက်ဆိုင် သေးသေးလေးကြောင့် အသန်မာဆုံး နတ်ဆိုးဘုရင်က ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်မယ့် ဖြစ်ရပ်ကို လက်လျော့လိုက်တာပေါ့...