အပိုင်း ၉၁၈
Viewers 53k

အခန်း ၉၁၈

ငရဲဘုရင်အာဟ၏ကူရာမဲ့မှု...


"ဒီစားသောက်ဆိုင်သေးသေးလေးက အသန်မာဆုံးနတ်ဆိုးဘုရင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်မယ့် အကြံအဉာဏ် လက်လွှတ်လိုက်ရတဲ့ အကြောင်းပြချက်ပေါ့လေ..."


နတ်ဆိုးမျက်လုံး နတ်ဆိုးဘုရင်က ဆိုင်ပေါက်ဝတွင်ရပ်နေသော ပုဖန်ကိုကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။ထိုအပြုံးက မြင်လိုက်ရသူများ၏ နှလုံးသားကို တုန်ယင်အေးစိမ့်သွားစေသည်။


ဒီစားသောက်ဆ်ိုင်က နတ်ဆိုးမျက်လုံး နတ်ဆိုးဘုရင်အတွက် မစိမ်းသက်ပေ။သူက ကျောက်ခရမ်းအကြီးအကဲ၏ ကိုယ်ကို စီးနင်းထားတုန်းက ဒီဆိုင်ကို ကြုံဖူးလေသည်။


သို့သော်လည်း အသန်မာဆုံး နတ်ဆိုးဘုရင်က သူ့၏ အသိစိတ်ကို ဖြတ်လိုက်သောကြောင့် ထိုစားသောက်ဆ်ိုင်နှင့်ပတ်သတ်သော မှတ်ဉာဏ်များက ပျောက်ကွယ်သွားပေပြီ။


ဒီနေ့တွင် သူ ဒီစားသောက်ဆိုင်ကို မတော်တဆ ထပ်မံ ဖြတ်သန်းမိပြန်သည်။သို့သော်လည်း ထိုဆိုင်သေးသေးလေးကို ကြည့်၍ နတ်ဆိုးဘုရင် ဘာကြောင့် လက်လျှော့သွားရသည်ကို စဉ်းစားမရပေ။


ဒီနေ့တွင် သူဒီစားသောက်ဆိုင်ကို မတော်မဆ ထပ်မံ ဖြတ်သန်းမိပြန်သည်။သို့သော်လည်း ထိုဆိုင်သေးသေးလေးကိုကြည့်၍ နတ်ဆိုးဘုရင် ဘာကြောင့် လက်လျှော့သွားရသည်ကို စဉ်းစားမရပေ။


ပုဖန် ထိုနတ်ဆိုးဘုရင်အား တစ်ချက်ကြည့်လိုက်သည်။


"မျက်လုံးသုံးလုံး ဘယ်လောက်ရင်းနီးလိုက်လဲ..."


အရင်အချိန်က နတ်ဆိုးမျက်လုံး မျိုးနွယ်မှ နတ်ဆိုးတစ်ယောက် တောင်ကြားကို လာရောက် တိုက်ခိုက်ဖူးလေသည်။သို့သော်လည်း သူ ဒီနေရာမှာပင် သေဆုံးသွားခဲ့ရသည်။


ထိုလူက ယခုသူရှေ့တွင် ရောက်နေသော နတ်ဆိုးဘုရင်ထက် အားနည်းနေပသည်။မနက်စောစောအချိန်အခါတွင် အစားအသောက်အတွက် တန်းစီနေမည့် လူတန်းကြီးရှိမည့်အစား ထိုနတ်ဆိုးတစ်ကောင်သာပေါ်လာလေသည်။


ကြည့်ရသည်မှာ ထိုနတ်ဆိုးက သူ့၏ စားသုံးသူများ ကြောက်လန့် ထွက်ပြေးသွားစေလောက်အောင် သန်မာပုံရသည်။သူ ထိုနတ်ဆိုးကိုမနှစ်မြို့စွာ ကြည့်လိုက်ပြီးနောက် ဆိုင်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။


ဘန်း...


ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသောကြောင့် ပုဖန် နေရာမှာတင် အေးခဲသွားပြီး ပြန်လည် လှည့်ကြည့်လိုက်မိသည်။သူ့၏ ပတ်ဝန်းကျင်၌ ကောင်းကင်ပေါ်သို့ ထိုးတက်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့် ပြည့်နှက်နေသည်။ထိုစွမ်းအင်များက သူ့ရှေ့ရှိ နတ်ဆိုးဘုရင်ထက် အားမနည်းပေ။


"အခု မင်း နားလည်ပြီလား...အသန်မာဆုံး နတ်ဆိုးဘုရင်က မင်းတို့ကို လွတ်ငြိမ်းခွင့်ပေးလိုက်တာနဲ့ တခြားနတ်ဆိုးဘုရင်တွေကပါ လိုက်လုပ်လိုက်မယ်လို့ မဆိုလိုဘူး..."


နတ်ဆိုးမျက်လုံး နတ်ဆိုးဘုရင် အေးစက်စွာ ပြောလိုက်သည်။သူ့၏ နဖူးပေါ်ရှိ ထောင်လိုက် မျက်ဝန်းက ပို၍ ပြန့်ကားလာပြီးနောက် တောက်ပလှသော စွမ်းအင်များ လည်ပတ်နေလေသည်။


ထိုအချိန်တွင် အစားကြူးတောင်ကြား၏ နေရာအနှံ့များ၌လည်း စစ်ပွဲများ ဖြစ်ပေါ်နေလေသည်။ဆည်းဆာရေကန်၌ ဖားနတ်ဆိုး ဘုရင်နှင့် အာရုဏ်ဦး သန့်စင်နယ်မြေမှ သူတော်စင်အုပ်ချုပ်သူတို့ တိုက်ခိုက်နေကြသည်။


ရေပြင်၌ ပေါက်ကွဲမှုများ ကြီးကျယ်စွာ ဖြစ်ပေါ်နေပြီး လှိုင်းများက ကောင်းကင်ထိတိုင်အောင်ပင် ရိုက်ခတ်နေလေသည်။အာရုဏ်ဦး သန့်စင်နယ်မြေ၏ သူတော်စင်အုပ်ချုပ်သူက နေမင်းအသေးစားလေး ဖြတ်သန်းလာသကဲ့သို့ သူ့၏ ဖြိုခွဲနေမင်း လက်သီးကို အသုံးပြုလိုက်သည်။


ဖားနတ်ဆိုးဘုရင်က အလွန်အမင်း သန်မာလွန်းလှသည်။သူက ရေပြင်ကို ထိန်းချုပ်လိုက်ပြီးနောက် ရေနဂါးပုံရိပ်များ ဖြစ်ပေါ်စေကာ သူတော်စင်အုပ်ချုပ်သူကို တဖြေးဖြေးချင်း နောက်ပြန်ဆုတ်သွားအောင် ဖိအားပေးလိုက်သည်။


"ယုန်တွေလိုပဲ အားနည်းလွန်းတယ်..."


ဖားနတ်ဆိုးဘုရင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ကောင်းကင်ထက်တွင်လည်းအနက်ရောင်အရိပ်များ ဖုံးလွှမ်းနေသည်။သိမ်းငှက်နတ်ဆိုးဘုရင်က သူ့၏ တောင်ပံများကို ခတ်လိုက်သည်နှင့် မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာလေသည်။


မြေပြင်ပေါ်မှ ကျောက်တုံးများသဲများက အဘက်ဘက်သို့ လွင့်ပျံနေသည်။အလင်းယိမ်းသန့်စင်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ်က ခန္ဓာကိုယ်ကို လှုပ်ခါယိမ်းနွဲ့လိုက်ပြီး ပိုးချည်မျှင်ကဲ့သို့ တိုက်ကွက်ကို ထုတ်လိုက်သည်။သို့သော်လည်း ၎င်းတို့က သိမ်းငှက်နတ်ဆိုးဘုရင်၏ လက်သည်းချက်အောက်တွင် ပြိုကွဲသွားလေသည်။


နေရာအနှံ့ရှိ တိုက်ပွဲအခြေအနေက အထွဋ်အထိပ်သို့ ရောက်ရှိနေသည်။နတ်ဆိုးဘုရင်များက သူတော်စင်အုပ်ချုပ်သူများကို လုံးဝ ဖိနှိပ်ထားလေ၏။နတ်ဆိုးဘုရင်ကပုဖန်ကို လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။ဒီစားသောက်ဆိုင်လေးက အစားကြူးတောင်ကြား၏ ထောက်တိုင် ဆိုသည်ကို သူမယုံပေ။ယခုကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည့် အခ်ျိန်ပင် ၎င်းက လှုပ်ရှားမှု မရှိသေးပေ။


ပုဖန်က သူ့၏ဘေးပတ်ဝန်းကျင်မှ တိုက်ပွဲများကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သိပ် ဂရုမစိုက်ပေ။သူ နတ်ဆိုးဘုရင်ကိုသာ တစ်ချက်ထပ်ကြည့်လိုက်ပြီး ဆ်ိုင်ထဲသို့ လှည့်ဝင်သွားလိုက်သည်။


နတ်ဆိုးဘုရင်၏ မျက်နာက တောင့်တင်းသွားပြီး မကျေနပ်မှုများ ပြည့်နှက်သွား သူ့၏ ဒေါသများ မိုးထိ ထိုးတက်သွားလေသည်။


ပုဖန်၏ မျက်နာအမူအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် နတ်ဆိုးဘုရင်၏ ရက်စက်ကြမ်းကြုတ်သော ခံစားချက်များ မြင့်တက်လာသည်။သူအသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် သူ့၏ နတ်ဆိုးမျက်လုံးရှေ့တွင် သိပ်သည်းလှသော အနီရောင် စွမ်းအင်လုံးတစ်ခု ဖြစ်တည်လာသည်။


သူက စားသောက်ဆိုင်ကို တစ်ချက်တည်းဖြင့် ဖျက်စီးပစ်လိုက်ရန် ရည်ရွယ်သည်။သူ အစားကြူးတောင်ကြား၏ ထောက်တိုင်ကို ဖယ်ရှားပစ်လိုက်ပြီး သူတို့၏။မျှော်လင့်ချက်များ ကွဲကြေသွားအောင် လုပ်ပစ်လိုက်ပေမည်။


ရုတ်တရက် သူ့၏ လှုပ်ရှားမှုများ တောင့်တင်းသွားသည်။စားသောက်ဆိုင်ထဲသို့ ဝင်သွားပြီဖြစ်သော ပုဖန်က နောက်တစ်ကြိမ် ပြန်လည်၍ လျှောက်ထွက်လာပေသည်။


"ဟမ်း ထင်ထားတဲ့ အတိုင်းပဲ...မင်းက သနားညှာတာမှု တောင်းခံချင်တာလား..."


နတ်ဆိုးဘုရင် အေးစက်သည့် အပြုံးတစ်ခု ပြုံးလိုက်သည်။


"သနားစရာပဲ အရမ်းနောက်ကျသွားပြီ..."


ပုဖန်က ထိုနတ်ဆိုးဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။ထိုသူ ဘာတွေ ပြောနေမှန်း သူနားမလည်ပေ။ကောင်းကင်ထက်တွင် ကြီးမားသော အနက်ရောင်အရ်ိပ်များ ဖြစ်ပေါ်လာသည်။ထို့နောက် လေတိုးသံများပါ ပေါ်ထွက်လာလေသည်။


နတ်ဆိုးဘုရင် မူလက ရပ်နေခဲ့သော နေရာသို့ ကြီးမားလှသော အရာဝတ္ထုတစ်ခု ပြုတ်ကျလာပြီး မြေပြင်က တုန်ခါသွားလေသည်။


"အာ...ပါ ပါပီလီယွန်..."


ကြီးမားလှသော သတ္တဝါကြီးကို ကြည့်၍ နတ်ဆိုးဘုရင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သဘာဝကျစွာပင်သူက ထိုပါပီလီယွန်ကို အလွန် ရင်းနီးပေသည်။


ပြောရမည်ဆိုလျှင် ပါပီလီယွန်များအား သစ်ပင်မ်ျိုးစေ့ သယ်ခိုင်းသည့် အကြံမှာလည်း သူ့ဆီမှ ထွက်လာခြင်းဖြစ်သည်။ယခု အချိန်၌ ထိုပါပီလီယွန်ကြီး ကောင်းကင်ပေါ်မှ ဘာကြောင့်ပြုတ်ကျလာသည်ကိုသာနားမလည်ခြင်းဖြစ်သည်။


"ပုဖန် ကောင်လေး ဒီဘုရင်က ခက်ခက်ခဲခဲ ကြိုးစားပြီးတဲ့နောက်မှာတော့ နောက်ထပ် ပါပီလီယွန်တစ်ကောင်ကို ရလာပြန်ပြီ...ငါ ဒါကို အစပ်ချောင်းနဲ့ လဲလို့ရမလား...ငါ့ရဲ့ အစပ်ချောင်းတွေ အားလုံးက စားလို့ ကုန်သွားပြီ..."


ပါပီလီယွန်ကြီး၏ နောက်ကျောဘက်မှ ပုံရ်ိပ်တစ်ခု ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်သို့ ခုန်ချလာလေသည်။သူ နတ်ဆိုးဘုရင် ထို ယုံကြည်မှုအပြည့်ဖြင့် ရှိနေသော ပုံရိပ်ကိုကြည့်၍ သူ့တစ်ကိုယ်လုံး အေးခဲသွားလေသည်။


သူ ထိုပုံရိပ်ကို ရင်းနီးနေသည်။တစ်နေရာရာ၌ တွေ့ဆုံခဲ့ဖူးသည်ဟုထင်သော်လည်း စဉ်းစားမရပေ။


"အာရိုး စားသုံးသူ ရှ်ိနေတာလား..."


ငရဲဘုရင်က သိချင်စိတ်ဖြင့် စူစမ်းနေသောနတ်ဆိုးဘုရင်ဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။ပုဖန် စားသောက်ဆိုင်ထဲမှ ထွက်လာလိုက်ပြီးနောက် ပါပီလီယွန် နဂါးကြီးကို လှည့်၍ ကြည့်လိုက်သည်။တခါတရံ တစ်ချို့ နေရာများကို အသာအယာပုတ်ကြည့်လ်ိုက်၏။


"မဆိုးဘူး ဒီအသားအရည်အသွေးက တော်တော်လေးကောင်းတယ် ပါပီလီယွန် အသားကင်လုပ်ရင် တော်တော်မွှေးလိမ့်မယ်...ပြီးတော့ ဒီခန္ဓာကိုယ်က အမဆိုတဲ့အတွက် ပိုပြီးတော့ နူးညံ့လိမ့်မယ်..."


ပုဖန်က ပါပီလီယွန် နဂါးကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။ထိုစကားများကြောင့် နတ်ဆိုးဘုရင် ကြောင်အမှင်သက်နေမိသည်။


အသားရဲ့ အရည်အသွေး ခန္ဓာကိုယ်ကလည်း တော်တော်လေးနူးညံ့တယ် ဟုတ်လား ဒီလူသားက ဘာတွေ တွေးနေတာလဲ...မဟုတ်မှလွဲရောသူက ပါပီလီယွန်ကို စားမလို့လား...


"အဓိပ္ပါယ်မရှိလိုက်တာ ပါပီလီယွန်ဆ်ိုတာက ငရဲကမ္ဘာရဲ့ သက်ရှိသတ္တဝါပဲ မင်းလို လူသားက သူ့ကို စားလို့မရဘူး..."


နတ်ဆိုးဘုရင်၏ ဒေါသတကြီး ကျိန်းဝါးသံနှင့်အတူ ငရဲစွမ်းအင်များ မြင့်တက်လာလေသည်။


"ဘယ်လိုတွေ ရိုင်းစိုင်းနေတာလဲ ..."


ငရဲဘုရင် စူးစူးရဲရဲ စိုက်ကြည့်၍ အော်လိုက်သောကြောင့် နတ်ဆိုးဘုရင်၏ စွမ်းအင်များက ပျောက်ကွယ်သွားလေသည်။နတ်ဆ်ိုးဘုရင် ငရဲဘုရင်အားကြည့်လိုက်သည်။တခြားလူက သူ့ကို ဘာကြောင့် အော်လာသလဲ နားမလည်ပေ။


ငရဲဘုရင်ကလည်း နတ်ဆိုးမျက်လုံးဘုရင်ကို ရင်းနီးနေသလိုမ်ျိုး ခံစားရလေသည်။


"ဒီဘုရင်က ပါပီလီယွန်နဲ့ အစပ်ချောင်းလဲဖို့ ယူလာတာ မင်းက ငရဲကမ္ဘာသက်ရှ်ိတွေရဲ့ ကိုယ်စားပြုပြောရအောင် မင်းကဘယ်သူမို့လို့လဲ..."


နတ်ဆိုးမျက်လုံး ဘုရင် အံ့သြသင့်နေရာမှ သွေးအန်မိမလို ဖြစ်သွားသည်။


"ရိုင်းစိုင်းတယ်ဟုတ်လား မင်းနှမပဲ ရိုင်းစိုင်းလိုက်..."


သူ ပို၍ပင် ဒေါသထွက်လာလေသည်။ပါပီလီယွန် နဂါးအား စားခွင့်မပြုနိုင်ပေ။ထ်ို့အပြင် သူက ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးမျက်လုံး မျိုးနွယ်၏ နတ်ဆိုးဘုရင် ဖြစ်သည်။ဘာကြောင့် ငရဲကမ္ဘာကို ကိုယ်စားမပြုရမည်နည်း။


ပုဖန် ခေါင်းအသာခါယမ်းရင်း ပါပီလီယွန်၏ ခန္ဓာကိုယ်ကို ပုတ်လိုက်သည်နှင့် ထ်ိုကြီးမားလှသည့် သတ္တဝါကြီးက သူ့၏ ကောင်းကင်ကမ္ဘာမြေ လယ်ယာထဲသို့ ရောက်ရှိသွားလေသည်။


"ပုဖန် ကောင်လေး မင်းအရင်သွားပြီးတော့ ပူပူနွေးနွေးအစပ်ချောင်းလေးတွေ ပြင်ဆင်လိုက် ဒီဘုရင်က ဒီမျက်လုံးသုံးလုံးနဲ့ကောင်ကို အရင် ဖြေရှင်းလိုက်ဦးမယ်...ပြီးမှ အစပ်ချောင်းတွေ လာစားမယ်..."


"ပူပူနွေးနွေးအစပ်ချောင်း ဟုတ်လား..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူလက်တစ်ဖက်လှုပ်လိုက်သည်နှင့် အစပ်ချောင်းများစွာ ပေါ်လာလေသည်။ပုဖန် စိတ်ဝိညာဉ် စွမ်းအင်တစ်မျှင်ကို ထုတ်လိုက်ပြီး အစပ်ချောင်းများကို လေထဲတွင် မျောလွင့်နေစေလိုက်သည်။


 ထို့အပြင် သူ နောက်လှည့်မကြည့်တော့ပဲ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။ငရဲဘုရင် ထိုမြင်ကွင်းကိုကြည့်၍ ပိုစိတ်လှုပ်ရှားလာပေသည်။


ဘန်း...


ငရဲဘုရင် သူ့၏။နေရာမှ ပျောက်ကွယ်သွားသည်။လျှပ်စီးကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် နတ်ဆိုးမျက်လုံးဘုရင်ရှေ့သို့ ရောက်ရှိသွားပြီးနောက် လက်ဝါးရိုက်ချက်တစ်ချက် သူ့မျက်နာပေါ်သို့ ကျရောက်လာလေသည်။


နတ်ဆိုးမျက်လုံးဘုရင် ကြောင်အသွားပြီးနောက် ဒေါသချောင်းချောင်းထွက်လာလေသည်။သူနဖူးထက်ရှိ မျက်လုံးရှေ့တွင် စွမ်းအင်များ သိပ်သည်းလာပြန်၏။သူ့၏ ပတ်ပတ်လည်မှ လေဟာနယ်ကလည်း ဆူပွက်လာသလိုမျိုး ထင်ရသည်။


"သေလိုက်တော့..."


ငရဲဘုရင်အာဟ၏ နောက်ကျော၌ ကြီးမားလှသော ငရဲဘုရင် စိတ်ဝိညာဉ် ပုံရိပ်ကြီး ပေါ်ထွက်လာသည်။၎င်းက ကျယ်ပြန့်မြင့်မားလာလို အံ့မခန်းစွမ်းအင်များဖြင့်လည်း ပြည့်နှက်နေသည်။သူ့၏။ မျက်ဝန်းအကြည့်များက လူတစ်ယောက်ကို သေမင်းကမ္ဘာသ်ို့ အလည်ခေါ်ဆောင်သွားတော့မည့်အလားအေးစက်နေသည်။ထိုပုံရိပ်ကြီး ပေါ် လာသည်နှင့် ကောင်းကင်တစ်ခွင်၌ လျှပ်စီးတန်းများ ပြည့်နှက်သွားသည်။


အဟွတ် ...ဖူး...


ထ်ိုပုံရိပ်ကို မြင်လိုက်သည့်ခဏ၌ နတ်ဆ်ိုးမျက်လုံးဘုရင် တံတွေးသီးသွားမိသည်။သူ့၏ မျက်လုံးရှေ့မှ စွမ်းအင်လုံးကလည်း ပူဖောင်းလေလျှော့လိုက်သလိုမျိုးပျောက်ကွယ်သွားလေ၏။ 


"ခင်ဗျား ခင်ဗျားက အရှင်သခင်...ငရဲကမ္ဘာရဲ့ အရှင်သခင် ငရဲဘုရင်..."


ငရဲဘုရင် အာဟက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဟန့်ခနဲ တစ်ချက် လုပ်လိုက်သည်။ထို့နောက် သူ့၏ လက်ကို မြောက်လိုက်သည်နှင့် သူ့နောက်ဘက်ရှိ ပုံရိပ်ကြီးကလည်း လက်ကို မြောက်လာလေသည်။


ထိုလက်ချောင်းက နတ်ဆိုးမျက်လုံးဘုရင်ကို ရိုက်ချလာလေသည်။နတ်ဆိုးဘုရင် သူ စိတ်မသက်မသာ ခံစားရသည့် အကြောင်းကို သ်ိရှ်ိသွားလေသည်။


"လက်စသတ်တော့ ဒီလူက ငရဲကမ္ဘာရဲ့ အရှင်သခင်ဖြစ်နေတာပဲ...ငရဲကမ္ဘာရဲ့ ဘစ်ဘော့စ်ကြီး အရှင်သခင် ငရဲဘုရင်..."


ထိုကဲ့သို့သော တည်ရှ်ိမှုမျိုးက စားသောက်ဆိုင်လေးသေးသေးလေးထံသို့ ပါဝင်ပစ္စည်းပို့ပေးသည့် လူအဖြစ်ထွက်ပေါ်လာခြင်းက တကယ့်ကို ခါးသီးစရာကောင်းလှသည်။အသန်မာဆုံးသောနတ်ဆိုးဘုရင် အစားကြူးတောင်ကြားအားမတိုက်ခိုက်ရဲခြင်းမှာ အံ့သြစရာမရှိတော့ပေ။


"ခင်ဗျားကျုပ်ကို သတ်လို့မရဘူး ကျုပ်က ပျက်သုဉ်းခြင်း အကျဉ်းထောင်က နတ်ဆိုးဘုရင်ပဲ..."


နတ်ဆိုးမျက်လုံးဘုရင်က သူ့ဆီသို့ တဖြေးဖြေးနီးကပ်လာသော လက်ညှိုးကိုကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။


"မင်းက ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့ နတ်ဆိုးဘုရင် ဖြစ်တော့ကော ဘာဖြစ်လဲ ငါငရဲဘုရင်က မင်းလို နတ်ဆိုးဘုရင်ကို သတ်လို့မရဘူးလား..."


နားကွဲလောက်ဖွယ် အသံကြီး ထွက်ပေါ်လာသောကြောင့် နတ်ဆိုးဘုရင်၏ နှလုံးသားပင် ကျုံ့သွားသလိုမျိုး ခံစားလိုက်ရသည်။သို့သော်လည်း မကြာခင်မှာပင် ငရဲဘုရင်က သက်ပြင်းလေးလေး တစ်ချက်ချလိုက်ပြီးနောက် သူ့၏ လက်ညှိုးက အောက်ကျသွားသည်။


နတ်ဆိုးမျက်လုံးဘုရင် သူပြင်းထန်လှသော ငရဲစွမ်းအင်ပင်လယ်ထဲ နစ်မြှုပ်နေသလိုမျိုး ခံစားရသည်။သူ့၏ တစ်ကိုယ်လုံး ချွေးအေးများဖြင့် ပြည့်နှက်နေပြီး အချိန်မရွေးအသက်ရှုရပ်သွားတော့မလိုဖြစ်နေသည်။


ငရဲဘုရင်ရဲ့ အဝတ်ချွတ်လက်ချောင်း ...ရွှစ်...


နတ်ဆိုးဘုရင် နေရာမှာပင် ရပ်နေဆဲရှိသေးသော်လည်းသူ့၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက ပျောက်ကွယ်သွားပြီး အေးစက်လှသော ခံစားမှုကို ခံစားလိုက်ရသည်။


"ဟား ဟား ဟား...မင်းတကယ်ပဲ ငါ့ကို မသတ်ရဲဘူးမဟုတ်လား...မင်းက ငရဲကမ္ဘာရဲ့ အရှင်သခင် ငရဲဘုရင်ဆိုတာက ပြယုဂ်တစ်ခုပဲမဟုတ်လား..."


နတ်ဆိုးမျက်လုံးဘုရင်က မျက်ဝန်းများဖွင့်လိုက်ပြီးနောက် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်ရင်း အော်ပြောလိုက်သည်။


"မင်းက ငါ့ကို မသတ်ရဲဘူးဘာလို့လဲဆိုတော့ ငါက ပျက်သုဉ်းခြင်းအကျဉ်းထောင်အရှင်သခင်ရဲ့ လက်အောက်ခံ ဖြစ်နေလို့ပဲ..."


ငရဲဘုရင် အာဟက ရူးသွပ်စွာ ရယ်မောနေသော နတ်ဆိုးဘုရင်ကိုကြည့်၍ မျက်ခုံးများ တွန့်လိုက်သည်။


"မင်းရဲ့ ဒီစကားလုံးတွေက ငါ့နှလုံးသားကို ထိုးနှက်လိုက်သလိုပဲ မင်းက ငါ့နှလုံးသားကို ထိုးနှက်လိုက်တယ်ဆိုတော့လည်း တူညီတဲ့ နာကျင်မှုမျိုး ပြန်ပေးရမှာပေါ့..."


ငရဲဘုရင် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


ဟမ် ...နာကျင်အောင် ထိုးနှက်တယ် မင်းနှမကိုပဲ ထိုးနှက်လိုက်...


နတ်ဆိုးမျက်လုံးဘုရင် ချက်ချင်းပင်အေးခဲသွားသည်။သူ့၏ စိတ်အာရုံတစ်ခုလုံး အမှောင်ထုထဲ ကျရောက်သွားသလို ခံစားလိုက်ရသည်။ငရဲဘုရင် အာဟ၏ လက်ညှိုးက ထပ်မံ ကျရောက်လာပြီး သူ့၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားလေသည်။


ငရဲဘုရင်၏ နောက်ဘက်ရှ်ိ ပုံရိပ်က တဖြေးဖြေးချင်း ပြန်လည် ပျောက်ကွယ်သွားသည်။သူပြေးထွက်သွားသောအနီရောင် မျက်လုံးအလုံးကို ကြည့်၍ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ထို့နောက် သူ ကောင်းကင်ပေါ်သို့ တစ်ချက်မော့ကြည့်လိုက်ပြီးတံတွေးမျိုချလိုက်သည်။သို့သော်လည်း သူ့၏ ခန္ဓာကိုယ်က ရပ်တန့်သွားပြီးနောက် သက်ပြင်းအသာချကာ စားသောက်ဆိုင်ထဲသို့သာ ဝင်လာလိုက်သည်။


သူ ဆိုင်ထဲ ဝင်လိုက်သည့်အချိန်မှာပင် ကောင်းကင်ပြင်တစ်ခုလုံးက တွန့်လိမ်လာပြီး ကြီးမားလှသောအလုံးကြီးတစ်ခု ပုံစံ ပေါ်လာသည်။ထိုအရာက မျက်လုံးတစ်လုံးဖြင့် ပြောင်းလဲသွားပြီးနောက် ပြန်လည် ပျောက်ကွယ်သွားလေသည်။


ပုဖန်က ခုံတစ်ခုံပေါ်တွင် ငိုက်မြည်းနေသည်။သိမြင်မှု သစ်သီးပင်အောက်တွင် လှဲလျောင်းနေသော ခွေးဘုရင်က ငရဲဘုရင် အာဟကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။


"ဟာသပဲ ငါသာဆိုရင်တော့ အဲ့ဒီလို အကောင်မျိုးကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ အစပျောက်သွားအောင်လုပ်ပစ်လိမ့်မယ်..."


ခွေးဘုရင်၏ နူးညံ့သော်လည်း သြဇာညောင်းသောအသံ ထွက်ပေါ်လာသည်။ငရဲဘုရင် သူ့ကို တစ်ချက်သာကြည့်လိုက်ပြီးနောက် လေထဲတွင် လွင့်မျောနေသောအစပ်ချောင်းကိုစုပ်၍ ယူလိုက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။


"မင်းလို ခွေးငပျင်းနဲ့ ဒီဘုရင်က လုံးဝ မတူဘူး...ဒီဘုရင်မှာက ကျွေးမွေးရမယ့် မိသားစုတွေ ရှိသေးတယ်...ဒါကို မင်းလို အက်ဖ်အေ ခွေးက နားလည်မှာ မဟုတ်ဘူး..." 


ခွေးဘုရင် အာဟကို အေးစက်စွာ ကြည့်လိုက်ပြီး သူ့၏ ချစ်စဖွယ်ကောင်းသော လက်ဖဝါးလေးကို မြောက်လိုက်မိသည်။နတ်ဆိုးမျက်လုံးဘုရင်က မသေသေးပေ။သို့သော်လည်း သေခြင်းတရားနဲ့ မကွာဝေးတော့ပေ။


ငရဲဘုရင်၏ လက်ညှ်ိုးကြောင့် ပေါက်ကွဲသွားပြီးနောက် သူ့၏ ပြိုကွဲနေသောဝိညာဉ်ကို ဆုပ်ကိုင်ကာ ပြေးထွက်သွားလေသည်။တခြား နတ်ဆိုးဘုရင်များက အားနည်းချိနဲ့စွာ ပြန်လာသော နတ်ဆိုးမျက်လုံး ဘုရင်ကိုကြည့်၍ အံ့အားသင့်တုန်လှုပ်သွားကြသည်။


သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြပြီးချက်ချင်းပင် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။သို့သော်လည်း 


"မင်းတို့ လာချင်တိုင်းလာပြီး ထွက်ချင်တိုင်း ထွက်သွားလို့ရမယ်လို့ ထင်နေတာလား...ငါတို့ ပုန်းကွယ်နဂါးတ်ိုက်ကြီးက အလ်ိုရှ်ိသလို အနိုင်ကျင့်လို့ရတယ်လို့ တကယ်ကြီးတွေးနေကြတာလား..."


လျှို့ဝှက်ကောင်းကင်ဘုံ သူတော်စင်အုပ်ချုပ်သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီးနောက် သူ့၏ ကြယ်သံလိုက်အိမ်မြှောင်က ပြိုကွဲသွားကာ သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ကြယ်ရောင်များ ဖြစ်တည်လာသည်။


သူ့၏ လက်တစ်ဖက်တည်းတွင် ကြယ်ဝိုင်ပါသော ဖန်ခွက်တစ်ခွက်ပေါ်လာသည်။လှုပ်ရှားမှု တစ်ခု လုပ်လိုက်ပြီးနောက် အချိန်အတိုအတွင်းမှာပင် သူတော်စင် အုပ်ချုပ်သူများအားလုံး ဝိုင်ကို သောက်လိုက်ကြသည်။


ဖားနတ်ဆိုးဘုရင်က အေးစက်စွာနှာခေါင်းတစ်ချက်ရှုံ့လိုက်မိပြီးနောက် သူ့၏ စွမ်းအားများက်ို ပေါင်၌ စုစည်းလိုက်သည်။ထို့နောက် မြေပြင်ကို ထောက်ကန်ကာအစားကြူးတောင်ကြားထဲမှ ချက်ချင်းထွက်သွားရန် ပြင်လိုက်သည်။


သို့သော်လည်း အာရုဏ်ဦး သန့်စင်နယ်မြေ သူတော်စင်အုပ်ချုပ်သူက ဝိုင်သောက်ပြီးသည်နှင့် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။သူ့၏ အဝတ်အစားများ ပေါက်ကွဲသွားပြီးနောက် သူ့၏ မျက်နာက နီရဲလာသည်။ထို့နောက် သူတော်စင်အုပ်ချုပ်သူ၏ စွမ်းအင်များက ပွက်ပွက်ဆူလာပြီး သူ့၏ ခန္ဓာကိုယ်က အစပေါင်းများစွာ ပြန့်ကားလာသည်။


လေထဲသို့ ပျံတက်လိုက်သောဖားနတ်ဆိုးဘုရင် ချက်ချင်းပင် အေးခဲသွားလေသည်။အာရုဏ်ဦး သန့်စင်နယ်မြေ သူတော်စင်အုပ်ချုပ်သူက ဖားနတ်ဆိုးဘုရင်၏ ခြေထောက်ကို ဆုပ်ကိုင်လိုက်ပြီးကောင်းကင်ပေါ်မှ ဆွဲချကာ ရေထဲသို့ ရိုက်ချလိုက်သည်။အခြေအနေတစ်ခုလုံးက ချက်ချင်းပင် ပြောင်းပြန်လှန်သွားလေသည်။