အပိုင်း ၉၁၉
Viewers 53k

အခန်း ၉၁၉

ငါကဖားနတ်ဆိုးကွ...ဖားပြုပ်မဟုတ်ဘူး...


ရေများအဘက်ဘက်သို့ စင်ထွက်ကုန်သည်။မြင့်တက်သွားသော ရေလှိုင်းများက မိုးရွာချသကဲ့သို့ ပြန်လည်ကျဆင်းလာ၏။အာရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်က လေထဲတွင် ဝဲပျံနေသည်။သူ့၏ ခန္ဓာကိုယ်က နီရဲနေပြီး အငွေ့များပင် တထောင်းထောင်းထနေသည်။


သူ့၏ ခန္ဓာကိုယ်ပေါ် လာစင်သော ရေစက်များက ချက်ချင်းပင် အငွေ့ပျံသွားသည်။


"အရမ်းပူတယ် ဒါပေမယ့် ဘယ်လောက်တောင်များ သက်တောင့်သက်သာ ရှိလိုက်သလဲ..."


အာရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ် ရေရွတ်လိုက်သည်။သူ့၏ ပိုးချည်မျှင်ကဲ့သို့ ဆံနွယ်များကလည်း လေဟာနယ်ကိုပင် အပိုင်းပိုင်းထိုးဖောက်တော့မကဲ့သို့ ဆန့်တန်းနေသည်။


သူ့၏ ခေါင်းအထက်တွင် ရွှေရောင်အဝန်းအဝိုင်းတစ်ခု ဖြစ်ပေါ်နေသည်။


"သေစမ်း သေစမ်း...ယုန်လို အားနည်းတဲ့ အကောင်တွေက ပြန်တိုက်ခိုက်ရဲတယ်ဟုတ်လား..."


ဖားနတ်ဆိုးဘုရင် ဒေါသတကြီး ကြုံးဝါးလိုက်သည်။သူ့၏ ပါးနှစ်ဖက်က ကြီးမားဖောင်းကားလာသည်။သူ့၏ ဘေး၌လည်း ရေနဂါးများဝဲလည်နေသည်။အတွေးတစ်ချက်ဖြင့်ပင် ထိုရေနဂါးများက အာရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်ကို သတ်ဖြတ်ရန်အတွက် အတွေးဝင်သွားလေသည်။


ထိုတိုက်ခိုက်မှုနှင့် ကြုံသောအခါ၌ သူတော်စင်ဂိုဏ်းချုပ်က ရယ်မောလိုက်သည်။ထို့နောက် ဖြိုခွဲနေမင်း လက်သီးသိုင်းကို ထုတ်ဖောက်လိုက်၏။ရေနဂါးများအားလုံး ချက်ချင်းပေါက်ကွဲသွားလေသည်။


သူလေယာနယ်ထဲ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ရွှေ့ပြောင်းအစီအရင်ကို သုံးလိုက်သလိုမျိုး ဖားနတ်ဆိုးဘုရင်၏ ရှေ့၌ ပေါ်လာလေသည်။


"ပိုင်ရှင်ပုရဲ့ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်က အချိန်အကန့်အသတ်ရှိတယ် ဒီတော့ ငါတို့ ဒီတိုက်ပွဲကို အဆုံးသတ်လိုက်ရအောင်..."


အာရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်၏ မျက်ဝန်းများက ရဲရဲနီနေပြီး သူ့၏ နှာခေါင်းမှ မီးလျှံများ ထွက်လာတော့မလိုပင် ထင်ရသည်။သူက တိုက်ခိုက်ရေး စက်ရုပ်တစ်ရုပ်အဖြစ် ပြောင်းသွားသည့် ပုံမျိုးဖြင့် အဆက်မပြတ် တ်ိုက်ခိုက်လိုက်လေသည်။


ဆက်တိုက် ကျရောက်လာသော ပူလောင်လွန်းသည့် လက်သီးချက်များကို ဖားနတ်ဆိုးဘုရင် ခုခံ ရှောင်တိမ်းနိုင်စွမ်းမရှိပဲ ရေကန်ထဲသို့ တဖန် ပြုတ်ကျသွားသည်။


သူတော်စင်ဂိုဏ်းချုပ်က အညှာအတာမဲ့စွာဖြင့် မာန်သွင်းအော်ဟစ်လိုက်ပြီးနောက် ဒေါသထွက်နေသော သားရဲကြီးတစ်ကောင်လား ရေကန်ထဲသို့ လိုက်ပါသွားလေသည်။ဆည်းဆာရေကန်ထဲ၌ ကြီးမားလှသောမိကျောင်းကြီးတစ်ကောင်က ရေကန်ထဲမှ ကြောက်လန့်တကြားဖြင့် ထွက်လာသည်။၎င်း၏တင်ပါးကို လှုပ်ခါယမ်းရင်း ရေကန်ထဲမှ လွတ်မြောက်ချင်သလိုမျိုးပြေးထွက်သွားလေသည်။


အလင်းယိမ်းသန့်စင်နယ်မြေ၏ သူတော်စင်ဂ်ိုဏ်းချုပ်က ပိုင်ရှင်ပု၏ ဝိုင်ကို တစ်ချိုက်တည်းဖြင့် သောက်လိုက်သည်။ထို့နောက် သူမ၏ ဆံပင်များက အနီရောင်တောက်ပလာပြီး မြင်ကွင်းများက ဝေဝါးသွားသည်။


ခဏ၌ သူမ၏ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်ပြီး သိမ်းငှက်နတ်တဆိုးဘုရင်အထက်ကောင်းကင်ယံ၌ ပျံဝဲလိုက်သည်။ပိုးသားကဲ့သ်ို့ စွမ်းအင်စီးကြောင်းများက လေဟာနယ်ကို ထိုးဖောက်၍ သိမ်းငှက်နတ်ဆိုးရှိရာဆီသို့ ပျံသန်းလာလေသည်။


သိမ်းငှက်နတ်ဆိုးဘုရင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူက ဝိုင်မူးနေသော ထိုအမျိုးသမီးကို လုံးဝ မကြောက်ပေ။


အလင်းယိမ်းသူ တော်စင်ဂိုဏ်းချုပ်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် ပိုးသားစများတောင်လိုပုံသွားသည်။သူမက ထ်ိုသက်တံကဲ့သို့ ဖြစ်ပေါ်နေသော ပိုးစများပေါ်သို့ နင်းလိုက်သည်။ထို့နောက် သူတို့နှစ်ယောက်၏ တိုက်ပွဲကြီး စတင်လေသည်။နှစ်ယောက်လုံးက လက်ရည်တူဖြစ်နေပြီး မည်သူမှ အသာစီးမရပေ။


မူလက ရှုံးနိမ့်နေသော သူတော်စင်ဂိုဏ်းချုပ်များသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ချက်ချင်းပင် ပြောင်းလဲသွားပြီး သူတို့နှင့် လက်ရည်တူလာသည်။ထ်ို့အပြင် သူတော်စင်ဂိုဏ်းချုပ်များက သူတို့ကို ဖိနှိပ်နိုင်ပုံပင် ပေါက်နေလေသည်။နတ်ဆိုးဘုရင်များက သူတော်စင်ဂိုဏ်းချုပ်များ၏ စွမ်းအင်အဆင့် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။သူတို့၏ ကျင့်ကြံဆင့်က ဆက်လက် တိုးမြင့်နေပြီး သူတို့က်ု ထူးဆန်းမှု ခံစားရစေသည်။


ယခုအခ်ျိန်၌ အားနည်းမှုကို ခံစားနေရသော နတ်ဆိုးမျက်လုံးဘုရင်၏ နှလုံးသားထဲ၌လည်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ထ်ို့ကြောင့် နတ်ဆိုးဘုရင်များအားလုံးက သူတ်ို့ ဆက်လက် မတိုက်ခိုက်လိုကြတော့ပဲ တိုက်ပွဲထဲမှ လွတ်မြောက်ရန် စတင်ကြိုးစားလာကြသည်။


သူတော်စင်ဂိုဏ်းချုပ်များလည်း ကူရာမဲ့မှုကို ခံစားနေရသည်။သူတို့က တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို သောက်ပြီးနောက် တိုက်ခိုက်ရေး စွမ်းရည်များ အဆပေါင်းများစွာ တိုးတက်လာသည်ဆိုသော်လည်း နတ်ဆိုးဘုရင်များကို ဖမ်းချုပ်ရန် မဖြစ်နိုင်သေးပေ။


အကယ်၍ တခြားတစ်ဖက်ကသာ ထွက်သွားချင်မည်ဆိုလျှင် သူတို့ ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။နတ်ဆိုးဘုရင်များက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး လွတ်မြောက်မှုကို ရှာဖွေလိုက်ကြသည်။သူတို့က နတ်ဆိုးမျက်လုံးဘုရင်၏ ရှုံးနိမ့်မှုကို ကြည့်ပြီး ကြောက်ရွံ့မှုကို ခံစားနေရပြီးဖြစ်သည်။မူလထဲက အစားကြူးတောင်ကြားကို တိုက်ခိုက်ရန် အနည်းငယ်တွန့်ဆုတ်ခဲ့သည်။မည်သို့ပင်ဆိုစေ ဒီနေရာက အသန်မာဆုံးသော နတ်ဆိုးဘုရင်ပင် အရှက်ကွဲမှုကို ခံစားခဲ့ရသည့် နေရာဖြစ်သည်။


ထောင်တျဲစားသောက်ဆိုင်၌ ငရဲ့ဘုရင်သည်အစပ်ချောင်းကို ပါးစပ်ထဲ ထည့်ငုံထားပြီး တံတွေးများမျိုချနေသည်။


ခွေးဘုရင်က ထုံးစံအတိုင်း သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်နေ၏။ပန်းပွင့်လေးက တည်ငြိမ်စွာဖြင့် ထ်ိုင်နေသည်။သူမဘေးတွင်လည်း စိတ်ဝိညာဉ် စွမ်းအင်များ ဝေ့ဝဲနေသည်။


"ပုဖန်ကောင်လေး အဲ့ဒီ သူတော်စင်ဂိုဏ်းချုပ်တွေက မင်းရဲ့ဝိုင်ကို သောက်လိုက်ပြီဆိုတော့ သူတို့ရဲ့ စွမ်းအင်တွေက မြင့်မားသွားပြီ အခု နတ်ဆိုးဘုရင်တွေ တော်တော်လေး ဒုက္ခရောက်နေလောက်တယ်..."


"အိုး ...အဲ့ဒီတော့..."


ပုဖန်ပြောလိုက်သည်။ထိုသူတော်စင်ဂိုဏ်းချုပ်များက သူ့ဆီမှ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို လာရောက် လဲလှယ်ဝယ်ယူသွားခဲ့ကြသည်။


သို့သော်လည်း သူတို့က တခါတည်း သောက်မပစ်လိုက်ပဲ တိုက်ပွဲကြီးများအတွက် သိမ်းဆည်းထားခဲ့ကြသည်။ပြောရမည်ဆိုလျှင် သူတော်စင်ဂိုဏ်းချုပ်များအတွက် သူတို့၏ စွမ်းရည်ကို တိုးမြင့်ပေးနိုင်သော တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်က အရေးကြီးလှသည်။ပုဖန် အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရသည်။


သို့သော် သက်ရောက်မှုက အရေးမကြီးပဲ ကောင်းမွန်သည့် အနံ့အရသာကသာ အရေးကြီးဆုံးဖြစ်လေသည်။ထိုအခ်ျိန်တွင် အစပ်ချောင်းကို စုပ်စားနေသော ငရဲဘုရင်က တစ်စုံတစ်ခုကို စဉ်းစားမိပုံမျိုးဖြင့် ပုဖန်ဘက်သို့ လှည့်ကြည့်လာလေသည်။


"စကားမစပ်ပုဖန်ကောင်လေးရေ ငါမင်းကို ပြောဖို့ မေ့တော့မလို့...အဲ့ဒီပျက်သုဉ်းခြင်းအကျဉ်းထောင်က နတ်ဆိုးဘုရင်တွေကလေ တော်တော်ကောင်းတဲ့ ပါဝင်ပစ္စည်းဖြစ်နိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ်နတ်ဆိုးဘုရင်အဆင့်ဆိုထဲက ပါဝင်ပစ္စည်းကလည်း အရည်အသွေးကောင်းပြီး တော်တော်လေးလည်းရှားပါးတယ်..."


ပုဖန်ချက်ချင်းပင် အေးခဲသွားသည်။


"နတ်ဆိုးဘုရင်တွေက အဆင့်မြင့် ပါဝင်ပစ္စည်းတွေတဲ့လား..."


ထိုအကြောင်းကို ကြားလိုက်သည်နှင့် တော်တော်လေးကောင်းသည့် အိုင်ဒီယာဟုခံစားမိလိုက်သည်။ပုဖန် မျက်တောင်တစ်ခတ်ခတ်ဖြင့် ငရဲဘုရင်က်ိုကြည့်လိုက်သည်။


ငရဲဘုရင်၏ မျက်နာပေါ်တွင် အပြုံးကြီးကြီးပေါ်လာလေသည်။


"အခုလောလောဆယ် ဒီဘုရင်ရဲ့ နှလုံးသားက နာကျင်နေတာ...ငါ လုံးဝ ခွန်အားမရှိဘူး...ဒီတော့ အစပ်ချောင်းလေးများများစားပြီးတော့ ခံစားချက်တွေ ပိုကောင်းလာအောင် လုပ်ရဦးမယ်..."


ငရဲဘုရင်၏ စကားကြောင့် ပုဖန် နှုတ်ခမ်းမဲ့လိုက်မိသည်။


"မင်းရဲ့ နှလုံးသားနာကျင်နေလို့ အားမရှိဘူးပေါ့လေ မင်းရဲ စကားကိုတော့ သရဲပဲယုံလိမ့်မယ်..မင်းပျင်းတယ်ဆိုလည်း မင်းပျင်းတယ်ပေါ့ ဘာကို နှလုံးသားနာကျင်တာတွေ ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ..."


ပုဖန် ခေါင်းအသာခါယမ်းရင်းခွေးဘုရင်ကို လှမ်းကြည့်လိုက်သည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောခွေးဘုရင်ကိုကြည့်၍ ထွက်တော့မည့် စကားလုံးများကို အသာပြန်မျိုချလိုက်သည်။


"ထားလိုက်ပါတော့ ခွေးဘုရင်ကို မနှောက်ယှက်တော့ပါဘူး...ဟလေးပြောလိုက်တဲ့ အက်ဖ်အေ ခွေးဆိုတဲ့ စကားကြောင့် သူနည်းနည်း စိတ်မကောင်းဖြစ်သွားပုံရတယ်..."


ထို့နောက် ပုဖန် ဆိုင်ရှေ့သို့ လျှောက်သွားလိုက်သည်။ငရဲဘုရင် ပုဖန်ဘာလုပ်မည်ကို သိချင်နေမိ၏။ဆိုင်ထောင့်တွင် မှီထိုင်နေသောချူချန်းရှန်ကလည်းသိချင်စိတ်ဖြင့် လိုက်ကြည့်လိုက်သည်။ပုဖန်ဆိုင်ဝသို့ လျှောက်သွားလိုက်သည်နှင့်အပြင်ဘက်မှရိုက်ခတ်လာသော ဆူညံသံများကိုကြားလိုက်ရသည်။


ပုဖန်က ဆိုင်ထဲမှ လျှောက်ထွက်လိုက်ပြီး ခြေတစ်လှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် ထိုနေရာ၌ ရပ်တန့်လိုက်သည်။


ထို့နောက် မျက်လုံးများကို အသာမှိတ်လိုက်၏။ သူ့၏ ငြိမ်သက်နေသော စိတ်ဝိညာဉ် ပင်လယ်က ချက်ချင်းပင် ဆူပွက်လာလေသည်။နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။စိတ်ဝိညာဉ် စွမ်းအင်များက လှည့်လည်လာပြီးနောက် အစားကြူးတောင်ကြားတစ်ခွင်လုံးသို့ ပြန့်နှံ့သွားလေသည်။


အစပ်ချောင်းစားနေသော ငရဲဘုရင်က လေထဲတွင် ပြန့်နှံ့လာသော ပုဖန်၏ စွမ်းအင်များကြောင့် သီးနင်တော့မလိုပင်ဖြစ်သွားသည်။


"ဒီစိတ်စွမ်းအင်တွေ... ပုဖန်ရဲ့ တိုးတက်မှုက တော်တော်လေးကို မြန်တာပဲ ဒီစိတ်စွမ်းအင်အဆင့်က နတ်ဆိုးဘုရင် အဆင့်နီးပါးဖြစ်နေပြီ..."


ငရဲဘုရင် တီးတိုးရေရွတ်လိုက်သည်။အိပ်ပျော်နေသော ခွေးဘုရင်ပင်လျှင် သိချင်စိတ်ဖြင့် မျက်လုံးဖွင့်ကြည့်လာသည်။သူသည်လည်း ပုဖန်၏ စွမ်းရည်များကြောင့် အံ့အားသင့်သွားရသည်။တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ပုဖန်က စိတ်ဝိညာဉ် သခင်အဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။


ခွေးဘုရင် မသိလိုက်စွာဖြင့် ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။သူတို့ ပထမဆုံးစတွေ့သည့် အခ်ျိန်တုန်းက ထိုကောင်လေးသည် အစစ်အမှန် စွမ်းအင်ဆိုသည်ကိုပင် မသိသေးပေ။သို့သော်လည်း ယခု ထိုမျှအခြေအနေအထိ လျင်မြန်စွာ ကြီးထွားလာခဲ့လေပြီ။


ထိုကဲ့သို့ တကယ့်ကို လျင်မြန်လှသော အရှိန်နှုန်းနှင့်ဆိုလျှင် သူမျှော်လင့်ထားသကဲ့သို့ မသေမျိုးအချက်အပြုတ် နယ်ပယ်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။


"ဒါပေမယ့်လည်း အခုထိတော့ မလုံလောက်သေးဘူး ကောင်လေးပုဖန်အတွက် လျှောက်ရမယ့် လမ်းက အရှည်ကြီးပဲရှိသေးတယ် သူကြိုးကြိုးစားစားလုပ်ဆောင်ရမယ်..."


ခွေးဘုရင် ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများမှိတ်လိုက်ပြီး ပြန်လည် အိပ်စက်လိုက်သည်။


ပုဖန်၏ စိတ်စွမ်းအင်များက အလွန်လျင်မြန်စွာပင် အစားကြူးတောင်ကြားတစ်ခွင်ကို လွှမ်းခြုံသွားလေသည်။နတ်ဆိုးဘုရင်များနှင့် တ်ိုက်ခိုက်နေသော သူတော်စင်ဂိုဏ်းချုပ်များက စွမ်းအင်လှိုင်းများကို ခံစားမိလိုက်ပြီး သူတို့၏ စိတ်ထဲ၌ တုန်ယင်သွားလေသည်။


သူတို့ မျက်မှောင်ကြုတ်လိုက်မိသည်။ထိုစွမ်းအင်လှိုင်းများက သူတို့ထုတ်ဖော်လိုက်သော စွမ်းအင်ထက် အားနည်းနေခြင်းမရှိသောကြောင့် သိချင်စိတ်ဖြစ်သွားမိသည်။သို့သော် နောက်ခဏအတွင်းမှာပင် သူတို့၏ အမူအရာများက အေးခဲသွားလေသည်။


"သန့်စင်နယ်မြေက သူတော်စင်ဂိုဏ်းချုပ်တို့ ကျေးဇူးပြုပြီးအာရုံစိုက်ပေးပါ...ကျူပ်က နတ်ဆိုးဘုရင်ကို ပါဝင်ပစ္စည်းအဖြစ်နဲ့ ကြေးကြီးကြီး ပေးပြီးတော့ ဝယ်ချင်ပါတယ်...နတ်ဆိုးဘုရင်ကို ပါဝင်ပစ္စည်းအဖြစ်လာရောက် လဲလှယ်တဲ့ သူက ကျုပ်ရဲ့ဆ်ိုင်မှာ ၃ရက်တိတိ အလကားစားလို့ရပါတယ် ပြီးတော့ နတ်ဆိုးဘုရင် အသားနဲ့ ပြုလုပ်ထားတဲ့ ဟင်းပွဲကိုလည်း ပထမဦးဆုံး မြည်းခွင့်ရပါမယ်...ဒီလိုအခွင့်အရေးမျိုးရဖ်ို့ခက်ခဲတယ် ဒါကြောင့် လက်မလွှတ်ကြပါနဲ့ ..."


"ဘာအဓိပ္ပါယ်လဲ ..."


နတ်ဆိုးဘုရင်များနှင့် တိုက်ခိုက်နေသော သူတော်စင်ဂိုဏ်းချုပ်များအားလုံး စိတ်ရှုပ်ထွေးသွားကြသည်။ခဏအတွင်းမှာပင် သူတို့၏ အမူအရာများက ထူးဆန်းသွားကြလေသည်။


"နတ်ဆိုးဘုရင်ကို ပါဝင်ပစ္စည်းအဖြစ် ကြေးကြီးကြီး ပေးဝယ်မယ်လို့ ပြောလိုက်တာလား..."


နတ်ဆိုးဘုရင်ကို ပါဝင်ပစ္စည်းအဖြစ်သုံးမယ်..."


သူတော်စင်ဂိုဏ်းချုပ်များ သူတို့နှင့် တိုက်ခိုက်နေသည့် နတ်ဆိုးဘုရင်များကို ကြည့်မိသွားကြသည်။


"ပိုင်ရှင်ပုပြောတဲ့ နတ်ဆိုးဘုရင် ပါဝင်ပစ္စည်းဆိုတာက ဒီ ပညာရှင်တွေကို ပြောတာလား...ကြည့်ရတာတော့ သူတို့က တကယ်ပဲ ပါဝင်ပစ္စည်းနဲ့တူတယ်...ဂလု...ပိုင်ရှင်ပုဆိုင်တွင် သုံးရက်အလကားစားရမည့်အပြင် အဆင့်မြင့်သော နတ်ဆိုးဘုရင် အသားကို ပထမဦးဆုံး မြည်စမ်းခွင့်ရမည်ဆိုတော့ ..."


ပုဖန်၏ စကားများက သူတို့၏နားထဲ ပဲ့တင်ထပ်နေလေသည်။အရေးကြီးတဲ့အရာတွေက သုံးခါပြောရမယ်...ပုဖန်က သုံးကြိမ်တိုင်တိုင်ထပ်ပြောခဲ့လေသည်။နတ်ဆိုးဘုရင်များသည်လည်း ဒေါသများပေါက်ကွဲတော့မလို ဖြစ်နေပေပြီ။


သူတို့က ပျက်သုဉ်းခြင်းအကျဉ်းထောင်က အထွဋ်အထိပ်တည်ရှိမှု နတ်ဆိုးဘုရင်တွေကွ ပုန်းကွယ်နဂါးတိုက်ကြီးက ပုရွတ်ဆိတ်လ်ိုလူသားကများ သူတို့ကို ပါဝင်ပစ္စည်းအဖြစ် စဉ်းစားရဲတယ်တဲ့လား ဒါခွင့်မလွှတ်နိုင်စရာပဲ...ပြောတဲ့ကောင် ထွက်လာလိုက်စမ်း မင်းကို တစ်စစီ မဆုတ်ဖြဲပစ်ဘူးလို့ ကတိပေးတယ်...


နတ်ဆိုးဘုရင်များအလွန်ပင် ဒေါသထွက်နေသည်။သို့သော် ထိုခဏမှာပင် သူတော်စင်ဂိုဏ်းချုပ်များ၏ အကြည့်များက ပြောင်းလဲသွားပြီး သူတို့ကို ရတနာတစ်ခုလို ကြည့်လာသည်ကို သတိပြုမိလိုက်သည်။


ထိုအကြည့်များကြောင့် နတ်ဆိုးဘုရင်များ တုန်ယင်သွားကြပြီး ချွေးအေးများထွက်လာသလိုပင် ခံစားလိုက်ရသည်။


"လခွမ်း ဒီဘုရင်ကတော့ မင်းတို့ကောင်တွေနဲ့ ဆက်မတိုက်နိုင်တော့ဘူး...အဓိပ္ပါယ်မရှိတာတွေကို ကြားနေရတယ်..."


သိမ်းငှက်နတ်ဆိုးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ တဟုန်ထိုးထိုးတက်သွားလေသည်။ထို့နောက် သူ့၏ ပုံရိပ်က ကောင်းကင်တစ်ခွင်လုံးကိုပင် ဖုန်းကွယ်သွားသော ကြီးမားသော ပုံရိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းအစွန်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။


အခြားသောနတ်ဆိုးဘုရင်များအားလုံးလည်း လွတ်မြောက်ရန်အတွက် စတင်ကြိုးပမ်းလိုက်ကြသည်။သူတော်စင်ဂိုဏ်းချုပ်များ၏ အကြည့်က အလွန်ပင် ကြောက်စရာကောင်းလွန်းနေသည်။သူတော်စင်ဂိုဏ်းချုပ်များက ဝိုင်သောက်ပြီးနောက် စွမ်းအင်များ တဟုန်ထိုးထိုးတက်သွားသောကြောင့် မကြုံစဖူး သူတို့ အရှုံးနဲ့ပင် ကြုံကောင်းကြုံရနိုင်ပေသည်။


ဖားနတ်ဆိုးဘုရင်က ထိုယုန်ကောင်များကို ကြည့်လိုက်ပြီးနောက် ရေပြင်ကို တစ်ချက်စောင့်နင်းလိုက်သည်။သူ့၏ ခန္ဓာကိုယ်က ကောင်းကင်ထက်ဆီသို့ ထ်ိုးတက်သွားလေသည်။ထိုခဏမှာပင် သူ့၏ နှလုံးသားက တုန်ယင်သွားလေသည်။သူလှည့်ကြည့်လိုက်လေရာ တစ်စုံတစ်ယောက်က သူ့၏ဖားခြေထောက်ကို ဖမ်းဆုပ်ထားသည်အား မြင်လိုက်ရသည်။အာရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။


"မင်းကတော့ ဒီမှာပဲနေရမယ် ဖားပြုပ်ကြီး ..."


သူတော်စင်ဂိုဏ်းချုပ်က လည်ပင်းအကြောများထောင်ထလောက်အောင်ပင် အော်ဟစ်လိူက်သောကြောင့် သရေများပင် လွင့်စင်လာလေသည်။


ဘုန်းခနဲ အသံနှင့်အတူ ဖားနတ်ဆိုးက ရေကန်ထဲသို့ ပြန်လည်ဆွဲချခြင်းခံလိုက်ရသည်။


"သေစမ်း ဒီလူသားကတော့ မင်းက သေလမ်း ရှာနေတာပဲ...ဒီအရှင်သခင်က ဖားပြုပ်မဟုတ်ဘူးကွ..."


ဖားနတ်ဆိုးဘုရင်၏ခေါင်း ရေထဲသို့ နစ်မြှုပ်သွားချိန်မှာပင် သူ့၏ ဘေးနား၌ ရေနဂါးများထွက်ပေါ်လာလေသည်။ရုတ်တရက် ဖားနတ်ဆိုးဘုရင်၏ နှလုံးသားက တုန်ယင်သွားလေသည်။ခပ်ဝေးဝေးနေရာမှနေ၍ အနက်ရောင်ပုံရိပ်တစ်ချို့ အလျင်စလိုလာနေသည်ကို မြင်လိုက်ရသည်။


ထိုပုံရိပ်များက သူတော်စင်ဂိုဏ်းချုပ်များပင်ဖြစ်သည်။သူတို့၏ ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟထားပြီး သူတို့၏ မျက်လုံးများက ဖားနတ်ဆိုးဘုရင်အားလောဘတကြီးဖြင့် ကြည့်ရှုနေကြလေသည်။


ဖားနတ်ဆိုးဘုရင် ကြောက်လန့်လွန်းသောကြောင့် သေးထွက်ကျတော့မလိုပင်ဖြစ်သွားသည်။ထို့နောက် သူ့၏ ပုံရိပ်က တောင်တစ်လုံးမျှ ကြီးမားလှသော ပုံရိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုပြောင်းလဲမှုက သူတော်စင်ဂိုဏ်းချုပ်များ၏ မျက်ဝန်းများကို ပို၍ အရောင်တောက်သွားစေသည်။


"သေစမ်း ဒီအရှင်သခင်ကဖားနတ်ဆိုးကွ ငါတကယ်ပဲ ဖားပြုပ်မဟုတ်ရပါဘူး..."