အပိုင်း ၉၂၆
Viewers 62k

အခန်း ၉၂၆

ပင်လယ်ပြင်၊ ကောင်းကင်ပြာ၊ ဂုံးကောင်ကင်


ရွဲ ရွဲ ရွဲ


သံများလှုပ်ရှားသံများ ထွပ်ပေါ်လာသည်။


နယ်သာရီ၏မျက်လုံးများ ပြူးကျယ်သွားကာ အနည်းငယ် ထိတ်လန့်သွားသည်။


ပုဖန်မြေပြင်ပေါ်တက်လိုက်ပြီး ဘေးသို့တိမ်းရှောင်လိုက်ကာ သူဆားများဖြူးချလိုက်သောနေရာကို အပြုံးနှင့်ကြည့်နေလိုက်သည်။


ရုတ်တရက် သဲပြင်ထဲမှ ရေမြှားတစ်ချောင်းထွက်ပေါ်လာသည်။ နယ်သာရီမျက်မှောင်ကြုတ်လိုက်ကာ ထိုနေရာမှခုန်ထွက်လိုက်သည်။


သဲပြင်ကွဲထွက်သွားကာ အရွယ်ရောက်ပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်မျှရှိသော သတ္တဝါတစ်ကောင် ထွက်ပေါ်လာသည်။


"ငါ့ကိုတောင်တိုက်ခိုက်ရဲနေတယ်... အဲ့တာဘာကောင်လဲ...."


နယ်သာရီ အေးစက်စက်ပြောလိုက်ပြီး သဲထဲမှတိုးထွက်လာသော သတ္တဝါကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။


ထို့နောက် သူမလက်မြှောက်လိုက်ကာ ငရဲစွမ်းအင်များ ဝန်းရံလာသည်။


"ငရဲရိုက်ချက်.."


ဘုန်း


ထိုခဏတွင် ပုဖန်ဆွံ့အသွားခဲ့သည်။ သဲထဲမှထွက်လာကာစဖြစ်သော နဂါးခရမ်းပြာဂုံးကောင်သည် နယ်သာရီ၏လက်ဖဝါးအောက်တွင် ပေါက်ကွဲသွားရသည်။


မည်သို့ပင်ဆိုစေ နဂါးခရမ်းပြာဂုံးကောင်သည် အဆင့်မြင့်စိတ်ဝိဉာဉ်သားရဲဖြစ်သည်။

၎င်းက ဘယ်လိုလုပ်ပြီး နယ်သာရီရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မှာလဲ..


ဂုံးကောင် ရိုက်ခွဲခြင်းခံလိုက်ရပြီး အသားစများက ပတ်ပတ်လည်ကိုလွင့်စင်သွားသည်။


ဂုံးသားအစလေးတစ်ခုက ပုဖန်ဘေးနားကျလသည်။ သူ နယ်သာရီကို စိတ်ကုန်သွားသောပုံဖြင့်ကြည့်လိုက်ပြီး ထိုအသားစကို ကောက်ယူလိုက်သည်။ သူထိုအသားကို ဆိတ်ကြည့်ပြီး အရေအသွေးကောင်းသည်ဟု တွေးလိုက်မိသည်။


"သိပ်မဆိုးတဲ့ ပါဝင်ပစ္စည်းပဲ... ကံဆိုးစွာနဲ့ တစ်စစီဖြစ်သွားခဲ့ပြီ.."


"နင်ပြောတဲ့ ပင်လယ်စာဆိုတာ ဒါကိုပြောတလား.. အဲ့တာကစားလို့ကောရလို့လား.."


ထိုအချိန်တွင် နယ်သရီအံ့ဩသွားခဲ့သည်။ သူမ ရူးရူးနှမ်းနှမ်းပြုလုပ်ခဲ့သည်ဟု နားလည်သွားရသည်။


ဘာပဲဖြစ်ဖြစ် ဒါဂုံးကောင်လေးတစ်ကောင်တည်းရယ်ပါ... သေသေရှင်ရှင် ကိစ္စမရှိဘူးလေ..


"ဒါပေါ့ ... အဲ့တာစားလို့ရရုံတင်မကဘူး အရသာကလည်း သိပ်မဆိုးဘူး..."


ပုဖန် နယ်သာရီကို ခေတ္တကြည့်လိုက်သည်။ သူ သူမကိုအပြစ်မတင်ချေ။ အမှန်အတိုင်းပြောရလျှင် အပြစ်တင်စရာလည်းမလိုအပ်ချေ။ ထို နဂါးခရမ်းပြာဂုံးကောင်များကို ကမ်းခြေတစ်လျှောက်တွင် အများအပြားတွေ့နိုင်သေးလေသည်။


ပုဖန် လက်ပိုက်လိုက်ကာ ခပ်ဖြေးဖြေးလမ်းလျှောက်လိုက်သည်။


ဤတစ်ကြိမ်တွင် နယ်သာရီက ငြိမ်သက်နေကာ သူ့နောက်လိုက်နေသည်။ သူမပုဖန်ကို သံသယဝင်စွာကြည့်လိုက်ပြီး သူ၏ခြေလှမ်းများက တစ်နည်းတစ်ဖုံမှားယွင်းနေသည်ကိုတွေ့မိသွားသည်။


သူတို့လမ်းလျှောက်နေချိန်တွင် ပုဖန်က တစ်နေရာလုံးကို သူ၏စိတ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသည်။ သူမြေပြင်ပေါ် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ခြေထောက်အောက်ရှိ စွမ်းအင်အပြောင်းအလဲကိုအာရုံခံနိုင်ပေသည်။


နဂါးခရမ်းပြာဂုံးကောင်များသည် သဲပြင်အောက် နက်နက်တွင်နေထိုင်ကြခြင်းဖြစ်သည်။ သူဆားများကို နေရာတကာလျှောက်ဖြူးဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူဂုံးကောင်များရှိရာနေရာကိုရှာရပေမည်။ ၎င်းသည် သူဂုံးကောင်ဖမ်းသောနည်းဖြစ်ပေသည်။


"ဒီနေရာမှာပဲ..."


ပုဖန် နူးညံ့သော သဲလွှာပေါ်တွင်နင်းနေပြီး ဆားဘူးယူလိုက်ကာ လောင်းချလိုက်သည်။


အဖြူရောင်ဆားမှုန်တို့ကို ရွှေအိုရောင်သဲလွှာများအပေါ်ဖြန်းပန်းလိုက်သောအခါ တောက်ပနေလျက်ရှိပြီး တစ်နည်းတစ်ဖုံမျက်စိပဒေသာဖြစ်စေသည်။


နယ်သာရီမြေပြင်ပေါ်စိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် သူမ၏မျက်လုံးများနောက်တစ်ကြိမ်ပြူးကျယ်သွားသည်။


ဗလာဖြစ်နေသောသဲပြင်က ရုတ်တရက်မြင့်တက်လာပြီး သဲနှင့်ကျောက်စရစ်ခဲများက နှစ်နေရာခွဲ၍လွင့်စင်သွားသည်။ ထို့နောက် ကြီးမားသော နဂါးခရမ်းပြာဂုံးကောင်ထွက်ပေါ်လာသည်။


၎င်းသည် အခွံမာသတ္တဝါတစ်ကောင်ဖြစ်ပြီး အခွံပေါ်တွင် နဂါးများနှင့်တူသော ပုံစံကွက်များစွာရှိနေသည်။


၎င်းသည် ပုဖန်ပြောခဲ့သော နဂါးခရမ်းပြာဂုံးကောင်ဖြစ်ပြီး အလွန်ကောင်းမွန်သည့် ဟင်းအမယ်တစ်မျိုးဖြစ်သည်။


မည်သို့ပင်ဆိုစေ နယ်သာရီက ထိုသို့မထင်ပေ။ သူမ ထိုသတ္တဝါ၏မည်သည့်အပိုင်းကို စား၍ရသည်ဟုသိပင်မသိချေ။


နဂါးခရမ်းပြာဂုံးကောင်ထွက်လာသည်နှင့် ၎င်းကပုဖန်ကို ရေမြှားတစ်ချောင်းဖြင့် ပစ်လိုက်သည်။


ပုဖန် ခပ်ဖွဖွပြုံးလိုက်ပြီး သူ၏စိတ်စွမ်းအင်များက လှိုင်းများသဖွယ်ခုံးကြွလာကာ နဂါးခရမ်းပြာဂုံးကောင်ကို မရွေ့လျားနိုင်အောင်ပြုလုပ်လိုက်ပြီး ၎င်း၏ရေမြှားကို ပျက်ပြယ်သွားစေသည်။


ပုဖန် ဂုံးကောင်ကိုပုတ်လိုက်ပြီး အခွံမှတစ်ဆင့်မ ယူကာ ပင်လယ်ထံလျှောက်သွားခဲ့သည်။


ကမ်းခြေကို ရေလှိုင်းများက ရိုက်ခတ်နေသည်။


ပုဖန် ရေထဲသို့နင်းလျှောက်လိုက်ပြီး အတော်အတန်နက်သောနေရာသို့ သွားလိုက်သည်။ ထို့နောက် သူဂုံးကောင်ကိုသန့်စင်လိုက်ပြီး အထဲရှိ ရွှံ့များနှင့် သဲများကိုဆေးချလိုက်သည်။


ထို့နောက် ပုဖန်အခွံမှတဆင့်ထပ် မယူလိုက်သည်။ သူ့လက်ထဲမှ ဆားပုလင်းကို မနီးမဝေးတွင်ရပ်နေသော နယ်သာရီထံပစ်ပေးလိုက်သည်။


"အဲ့မယ် ဆားဘူးယူထားလိုက်.... နောက်ထပ် ဂုံးကောင်တွေထပ်ရှာလိုက်ဦး ငါဒီတစ်ကောင်ကို အရင်ကင်ထားလိုက်မယ်...."


ပုဖန် ပုံမှန်အတိုင်းပြောလိုက်သည်။


ထို့နောက် သူ ဧရာမနဂါးခရမ်းပြာဂုံးကောင်ကိုသယ်ပြီး ငရဲကမ္ဘာသင်္ဘောနားကိုပြန်သွားလိုက်သည်။


ခဏအကြာတွင် ဝှိုက်တီနှင့် နယ်သာရီတို့ သင်္ဘောပေါ်မှဆင်းလာကြသည်။ ပုဖန် ဝှိုက်တီကို ဂုံးကောင်ကြီးကိုကိုင်ခိုင်းထားပြီး ကမ်းခြေပေါ်တွင် အသားကင်ရန်စင်တစ်ခုကိုလုပ်နေလိုက်သည်။


ဘုန်းဟူသောမြည်သံဖြင့် မဟူရာလိပ်ခုံးဒယ်အိုး သဲသောင်ပြင်ပေါ်တွင်ပေါ်ထွက်လာသည်။


ပုဖန် သူယခင်ကအသုံးပြုခဲ့သော အသားကင်ရန် စင်တစ်ခုကိုထုတ်လိုက်သည်။ သူ နန်းကြိုးတို့ကို ပူးချည်လိုက်ကာ ဇကာတစ်ခုပြုလုပ်ပြီး မဟူရာလိပ်ခုံးဒယ်အိုးပေါ်တွင် တင်လိုက်သည်။


ထို့နောက် အလွန်အမင်းပူပြင်းလှသော ကောင်းကင်ကမ္ဘာမြေမီးတောက်ကို မှုတ်ထုတ်လိုက်သည်။


အမှန်တကယ်တွင် သူ၏လက်ရှိအဆင့်ဖြင့်ဆိုလျှင် ကောင်းကင်ကမ္ဘာမြေမီးတောက်က သူ၏လိုအပ်ချက်နှင့်မကိုက်ညီတော့ဘဲ ထိုရွှေအိုရောင်မီးတောက်က ဟင်းပွဲများကို လျှင်မြန်စွာမကျက်စေနိုင်တော့ချေ။ ကောင်းကင်ကမ္ဘာမြေမီးတောက်က အပူချိန် အလွန်အမင်းမြင့်မားသော်လည်း နတ်ဆိုးဘုရင်အဆင့်ကဲ့သို့သော ထိပ်တန်းပါဝင်ပစ္စည်းများကိုချက်ပြုတ်ရာတွင် အနည်းငယ် ဒုက္ခရောက်လေသည်။


ပုဖန်၏စိတ်စွမ်းအင်သာ လုံလုံလောက်လောက်မြင့်မားမနေပါက သူနတ်ဆိုးဘုရင်အဆင့်ထိပ်တန်းပါဝင်ပစ္စည်းများကို ချက်ပြုတ်နိုင်မည်မဟုတ်ပေ။


အနာဂတ်တွင် သူအဆင့်မြင့်မားသောပါဝင်ပစ္စည်းများကိုတွေ့ပါက ကောင်းကင်ကမ္ဘာမြေမီးတောက်က ထိုပစ္စည်းများကို မချက်ပြုတ်နိုင်တော့ကြောင်း သိလိုက်ရပြီဖြစ်သည်။


ကောင်းကင်ကမ္ဘာမြေမီးတောက်ထက် အဆင့်မြင့်တဲ့မီးတောက်တွေများရှိသေးလားပဲ....


ပုဖန် ထိုအကြောင်းကိုတွေးလိုက်မိသော်လည်း အကြာကြီးမတွေးလိုက်မိချေ။ မည်သို့ပင်ဆိုစေ တွေးနေရုံဖြင့်ဘာမှဖြစ်မလာသောကြောင့်ဖြစ်သည်။


မီးတောက် မြင့်တက်လာသည်နှင့်အမျှ ဇကာက စတင်၍ အပူချိန်မြင့်တက်လာသည်။


ပန်းပွင့်လေး သဲပြင်ပေါ်တွင် တင်ပျင်ခွေထိုင်နေပြီး မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ မီးတောက်ကို သိချင်စိတ်အပြည့်ဖြင့်ကြည့်နေသည်။ သူမ၏သုံးပန်လှမြွေမျက်လုံးများထဲတွင် မီးတောက်တို့ရောင်ပြန်ဟပ်နေသည်မှာ တောက်ပနေလျက်ရှိပြီး ကခုန်နေသည့်အသွင်ပင်ဖြစ်နေသည်။


ရွဲ ရွဲ ရွဲ


ပုဖန် နဂါးခရမ်းပြာဂုံးကောင်ကို ဝှိုက်တီထံမှယူလိုက်ပြီး အကင်စင်ပေါ်တွင်တင်လိုက်သည်။


ရုတ်ချည်းပင် ကောင်းကင်ကမ္ဘာမြေမီးတောက်မြင့်တက်လာပြီး နဂါးခရမ်းပြာဂုံးကောင်ကို လှုပ်ရမ်းသွားစေသည်။


ထိုအခွင့်အရေးကိုယူ၍ ပုဖန် သူကြိုတင်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကိ ုစနစ်သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။


နဂါးအရိုးမီးဖိုချောင်သုံးဓားက သူ့လက်ထဲတွင်လည်နေပြီး ကြက်သွန်ဖြူနှင့် လေးညင်းပွင့်များကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ဆီရည်နှင့် ဟင်းချက်ဝိုင်တို့ကိုလောင်းထည့်လိုက်ကာ ဆော့စ်ကောင်းကောင်းတစ်ခုကိုပြုလုပ်လိုက်သည်။ 


ရွဲ ရွဲ ရွဲ


နဂါးခရမ်းပြာဂုံးကောင်ကင်မှ အရည်များကျဆင်းလာကာ မီးတောက်များကြားသို့ ကျဆင်းသွားသည်။ ထိုအရည်စက်များက ရုတ်ချည်းပင် အငွေ့ပျံသွားကာ အဖြူရောင်အခိုးအငွေ့များကိုဖြစ်ပေါ်လာစေသည်။


နဂါးခရမ်းပြာဂုံးကောင်၏အသားသည် သာမန်မျက်စိဖြင့်မြင်နိုင်သည့်နှုန်းဖြင့် ပြောင်းလဲနေသည်။ ထိုအသားများကျက်သွားသောအခါ အသားနံ့များကို ဖြေးဖြေးချင်းထုတ်လွှတ်လာသည်။


တပွက်ပွက်မြည်သံတို့ဖြင့် နဂါးခရမ်းပြာခုံးကောင်အခွံပွင့်ဟသွားကာ အဖြူရောင်အသားတို့ကိုထုတ်ဖော်ပြသလာသည်။


ဖြူဖွေးနူးညံ့လှသော ဂုံးကောင်အသားများဖောင်းတက်သည်မှာ တစ်နည်းတစ်ဖုံလှပနေသလိုပင်။ အဆီရည်များက အသားမှတစ်စက်စက်ကျလာသည်။


ပုဖန် ဂုံးကောင်၏အသားကို ဆော့ဖြင့်သုတ်လိမ်းလိုက်သည်။ ခဏအကြာတွင် ဂုံးကောင်အသားများက ရွှေရောင်အလင်းများတောက်ပလာသည်။


အရသာရှိလှသောမွှေးရနံ့များ ပျံ့လွင့်လာကာ လူတိုင်း၏အရသာခံဖုများကို နှိုးဆွနေသည်။


ပန်းပွင့်လေး ဆီရွှဲရွှဲနှင့်စားချင့်စဖွယ်ကောင်းနေသော ဂုံးကောင်အသားကိုကြည့်ပြီး သူမ၏စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ချေ။


သူတို့နှင့်အဝေးတွင်


နယ်သာရီ ပုဖန်၏နည်းလမ်းကိုသုံးကာ နဂါးခရမ်းပြာဂုံးကောင်တို့ကိုလိုက်ရှာနေသည်။ သို့သော် သူမကအသေးစိတ်အချက်အလက်များကို မသိသဖြင့် တုံ့ဆိုင်းနေကာ တွေ့ကရာနေရာကို ဆားလျှောက်မဖြူးရဲပေ။


ရုတ်တရက် သူမ၏မျက်လုံးများကျဉ်းမြောင်းသွားသည်။ သူမတွင်းတစ်ခုကိုမြင်လိုက်ရသဖြင့် ထိုနေရာကိုဆားဖြင့်လောင်းခဲ့ပြီး နောက်သို့ဆုတ်သွားကာ ထိုတွင်းနှင့်သူမကြား အကွာအဝေးတစ်ခုခြားလိုက်သည်။


သူမ၏ အနက်ရောင်ဆံနွယ်များသည် ရေတံခွန်ငယ်လို ဝဲဖြာနေပြီး သူမဆားလောင်းချခဲ့သောနေရာကို ကြည့်နေလိုက်သည်။


ခဏအကြာတွင် ... ဘာမှဖြစ်မလာခဲ့ပေ။


"အဲ့ဒာက ထွက်မလာချင်တာများလား..."


နယ်သာရီမျက်မှောင်ကြုတ်လိုက်သည်။ နည်းလမ်းတကျပြောရလျှင် သူမဘာအမှားမှမလုပ်ခဲ့ချေ။


ဆားဘူးကိုကိုင်ထားကာ သူမဆားလောင်းချခဲ့သောနေရာကို လျှောက်သွားလိုက်ပြန်သည်။


ရုတ်တရက်


သဲသောင်ပြင် လှုပ်ခါသွားသည်။


ထိုလှုပ်ခါမှုက အလွန်ပြင်းထန်သဖြင့် အဝေးတွင် ဂုံးကင်နေသော ပုဖန်နှင့်အခြားသူများကို သူမဘက်ကိုလှည့်ကြည့်သည်။


ဘုန်း


ကမ်းခြေပေါက်ကွဲသွားသည်။ ထိုအချိန်တွင် သဲပြင်ထဲမှ အရိပ်ကြီးတစ်ခုထွက်ပေါ်လာကာ ကြီးမားလှသောရေမြှားကြီးတစ်ချောင်းထွက်ပေါ်လာသည်။


ရေမြှားကိုရှောင်ရန်အတွက် နယ်သာရီ အလျှင်အမြန် ခန္ဓာကိုယ်ကိုတိမ်းရှောင်လိုက်သည်။ ထို့နောက် သူမရှေ့ရှိ သတ္တဝါကိုမော့ကြည့်လိုက်သည်။


ကြည့်နေရင်းနှင့် သူမ ပင့်သက်ရှိုက်လိုက်မိသည်။


"အရမ်းကြီးတဲ့ နဂါးခရမ်းပြာဂုံးကောင်ပဲ..."


၎င်းသည် အိမ်တစ်လုံးအရွယ်ရှိ နဂါးခရမ်းပြာဂုံးကောင်ဖြစ်သည်။ ၎င်းအခွံပေါ်ရှိ ပုံစံကွက်များက ခပ်ဖျော့ဖျော့တောက်ပနေကာ အချိန်မရွေးအလင်းတန်းများထုတ်လွှတ်တော့မည့်ပုံပေါ်နေသည်။


သူမနှင့်အဝေးရှိ ပုဖန်တစ်ယောက် နဂါးခရမ်းပြာဂုံးကောင်ကြီးကိုမြင်လိုက်ပြီး မျက်လုံးများပင် ပြူးကျယ်သွားသည်။


"အဲ့မိန်းမအရမ်းကံကောင်းတာပဲ ဟုတ်တယ်မလား... သူမနဂါးခရမ်းပြာဂုံးကောင်တွေရဲ့ အင်ပါယာကိုတွေ့ခဲ့တာပဲ.. အဲ့တာ နတ်ဘုရားခန္ဓာအဆင့်ရှိတဲ့ နဂါးခရမ်းပြာဂုံးကောင်တွေရဲ့ဘုရင်ပဲ... အရမ်းကိုအရသာရှိလိမ့်မယ်...."


ပုဖန် ပြောလိုက်သည်။


ထို့နောက် သူ့နှုတ်ခမ်းများတွန့်လိမ်သွားသည်။


"မကောင်းတော့ဘူး... ငါနယ်သာရီကိုတားမှဖြစ်တော့မယ်... အဲ့မိန်းမက ဂုံးကောင်ဘုရင်ကို ရိုက်ခွဲတော့မှာ...."


သို့သော် ပုဖန် ဂုံးကောင်ကိုကင်ရင်း အနည်းငယ်အလုပ်များနေသဖြင့် ချက်ချင်းမသွားလိုက်နိုင်ပေ။ လှည့်ပတ်ကြည့်လိုက်သောအခါ ချစ်စဖွယ်အပြစ်ကင်းစင်သောမျက်နှာလေးနှင့်ထိုင်နေသော ပန်းပွင့်လေးကိုတွေ့လိုက်ရသည်။


ပုဖန် မျက်စိစွေကြည့်လိုက်ကာ ပြောလိုက်သည်။


"ပန်းပွင့်လေး ငါဟိုနားကိုသွားတုန်း ဂုံးကောင်အသားပေါ် ဒီဟင်းခတ်အမွှေးအကြိုင်တွေ ဖြူးထားပေးလို့ရမလား..."


"ရတာပေါ့..."


ပန်းပွင့်လေး ပုဖန်ကမ်းပေးသော ဟင်းခတ်အမွှေးအကြိုင်ပန်းကန်ကိုယူကာ ခေါင်းငြိမ့်ပြလိုက်သည်။


ပုဖန် ပြုံးလိုက်မိသည်။

ဒီကောင်မလေးက အရမ်းလိမ္မာတာပဲ...

ထို့နောက် နယ်သာရီထံသို့ဦးတည်၍ ပြေးလိုက်တော့သည်။


သူ ဂုံးကောင်ဘုရင်ကို ကယ်ချင်တယ်...


နယ်သာရီ ဧရာမဂုံးကောင်ဘုရင်ကိုကြည့်လိုက်သည်။ သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် ငရဲစွမ်းအင်များ လည်ပတ်လာကာ သူမ မျက်လုံးများအေးစက်လာသည်။


"သေစမ်း...."

သူမ ပုံမှန်အတိုင်းပြောလိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်က အလင်းတန်းတစ်ခုနှယ် ပြေးထွက်သွားသည်။


သို့သော် သူမ၏ လက်ဝါးချက်က နဂါးခရမ်းပြာဂုံးကောင်ဘုရင်ကို မထိရသေးမီ သူမရှေ့တွင်အရိပ်တစ်ခုပေါ်ထွက်လာပြီး နဂါးခရမ်းပြာဂုံးကောင်ဘုရင်ကို ကန်သွားလိုက်သည်။


ဘုန်း ဘုန်း


နဂါးခရမ်းပြာ ဂုံးကောင်ဘုရင်၏ ဧရာမခန္ဓာကိုယ်ကြီး ကန်ထုတ်ခံလိုက်ရကာ မြေပြင်ပေါ်လိမ့်ကျသွားပြီး ဖုန်နှင့်သဲများကို ထလာစေသည်။


နယ်သာရီ သူမလုပ်နေသည်ကို ကြားဝင်ကာဖျက်ခဲ့သော ပုဖန်ကိုကြည့်ပြီး အံ့အားသင့်နေသည်။


"ဒါ သွေးကျောက်ပုစွန်တွေထက်တောင် အရသာမနိမ့်တဲ့ နဂါးခရမ်းပြာဂုံးကောင်ဘုရင်ပဲ... ပါဝင်ပစ္စည်းတွေကိုကိုင်တွယ်ဆက်ဆံရင် ငါတို့ညင်ညင်သာသာဆက်ဆံသင့်တယ်..."


ပုဖန်ပြောလိုက်သည်။


သွေးကျောက်ပုစွန်တွေထက် အရသာမနိမ့်တဲ့ ပါဝင်ပစ္စည်းတဲ့လား...


နယ်သာရီ၏မျက်လုံးများ တောက်ပလာကာ ဆီတရွှဲရွှဲသွေးကျောက်ပုစွန်များ၏ အရသာက သူမခေါင်းထဲတွင်ပေါ်လာသည်။


သူမတံတွေးမြိုချလိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။


သူတို့နှင့်အဝေးတွင် နဂါးခရမ်းပြာဂုံးကောင်ဘုရင်သည် သဲများကိုတူးကာပုန်းနေရန် ကြိုးစားနေသည်။ သို့သော် ပုဖန်က၎င်း၏ဘေးတွင် ပေါ်လာခဲ့သည်။


"ထွက်လာပြီးမှ... အခုတော့ပြေးချင်နေပြီလား..."


ပုဖန် ဂုံးခွံကိုကိုင်ကာ ၎င်း၏ခန္ဓာကိုယ်ကို သဲထဲပြန်မြှုပ်ရန်ကြိုးစားနေသော ဂုံးကောင်ကိုဆွဲထုတ်လိုက်သည်။


နဂါးခရမ်းပြာဂုံးကောင်ဘုရင် ကြောင်အနေသည်။


၎င်းက ပူဖောင်းအချို့ကိုသာမှုတ်ထုတ်လိုက်တော့သည်။


နဂါးခရမ်းပြာဂုံးကောင်ဘုရင်ကို ဆေးကြောသန့်စင်ပြီးနောက်တွင် ပုဖန် ဂုံးကောင်၏အသားများ အတုံးသေးသေးလေးများအဖြစ်ညှပ်ကာ သူ၏စနစ်သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ 


ယခုတွင် ဂုံးအသားကင်က ကျက်သင့်ပြီဖြစ်သည်။


နယ်သာရီ လေထဲရှိ မွှေးရနံ့ကိုအနံ့ခံကာ သွားရည်များပင် ယိုစီးကျလာတော့သည်။


အဲ့တော့ ဒါကြီးက အစားအသောက်ကောင်းတစ်ခုဖြစ်နိုင်တာပေါ့....


ပုဖန်လက်ထဲကထွက်သမျှက စားကောင်းသောက်ဖွယ်တွေဖြစ်သွားတာ အရမ်းအံ့ဩဖို့ကောင်းတာပဲ...


သို့သော် ပုဖန်နှင့် နယ်သာရီတို့ ငရဲကမ္ဘာသင်္ဘောနားရောက်ချိန်တွင် သူတို့၏နှုတ်ခမ်းထောင့်များတွန့်လိမ်သွားကာ မျက်နှာပိုးများသေသွားခဲ့သည်။


အသားကင်စင်ဘေးတွင် နယ်သာရီသူမ၏ခန္ဓာကိုယ်ထက်ပင်ကြီးသော ဂုံးကောင်ကိုကိုင်ထားကာ အားရပါးရစားသောက်နေသည်။


သူမ၏နှုတ်ခမ်းများတွင် ဆီများပေကြံနေကာ ပါးစပ်အသာဟ၍ အပူငွေ့များကို မှုတ်ထုတ်နေလိုက်သေးသည်။


ပုဖန်၏ ခရမ်းရောင်ကြက်သွန်ဖြူဆော့စ်ဖြင့် သုတ်လိမ်းထားသော ဂုံးအသားသည် မွှေးရနံ့ပြင်းပြင်းကိုထုတ်လွှတ်နေသည်။ ခရမ်းရောင် ကြက်သွန်ဖြူအစများက ဂုံးအသားပေါ်တွင် ဖုံးလွှမ်းနေသည်။