အခန်း ၉၃၂
ရာသီဥတုကောင်းတယ်... ဂဏန်းပေါင်းကို ဝိုင်နဲ့ချက်ရအောင်
ပိစိက အမှန်ပင် ပုစွန်ဘိုးဘေးဖြစ်သော်လည်း ယခုအချိန်တွင် ပုဇွန်ဘိုးဘေး၏ သြဇာအာဏာနှင့် လွှမ်းမိုးမှုမရှိခဲ့ပေ။ သူ၏ စိတ်ဝိညာဉ်ဉာဏ်ပညာသည် ကြီးမားသော မျိုးနွယ်စုကို ဦးဆောင်ရန် မသင့်တော်သည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်အရွယ် ကလေးနှင့်တူသည်။
အကယ်၍ ပုဖန်သာ သူ့ကိုထားခဲ့လျှင် ရွှေပုစွန်မျိုးနွယ်စု၏ သားစဉ်မြေးဆက်များသည် ဗန်ပိုင်းယားကဲ့သို့ ပုစွန်ဆိတ်လေး၏သွေးကို ကုန်ခမ်းအောင်စုပ်ပစ်လိမ့်မည်။
၄င်း၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ထွက်ပြေးချင်စိတ်ရှိလျှင်တောင်မှ ထိုလူများသည် သူနှင့်ပြိုင်ဘက် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ပုဖန် သူ့ကို အဆုံးမဲ့ပင်လယ်တွင် မထားရစ်ခဲ့ပါ။
ဤတစ်ကြိမ်တွင် ပုဖန်သည် အောင်းပိုင်နှင့် ထိုကိစ္စဆွေးနွေးရန် ရောက်လာခြင်းဖြစ်သည်။ သူ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
အောင်းပိုင်သည် ပုစွန်ဘိုးဘေး၏ မှတ်ဉာဏ်နှင့်အတူ သူ၏စွမ်းအားနှင့် လွှမ်းမိုးမှုကို ပြန်လည် ရယူပေးပြီးသည့်အချိန်တွင် ပုစွန်ပိစိ သွားလိုပါက သူ့ထံတွင် ဟန့်တားရန် စိတ်ကူးမရှိပါ။
ယခု လက်ရှိအချိန်တွင်မူ ပိစိလေး၏ လုံခြုံမှု့သည် ပထမဦးစားပေး ဖြစ်သည်။
ရွှေနဂါးရိုး မီးဖိုချောင်သုံးဓားကို ကိုင်၍ မြေပြင်ပေါ်ရှိ အောင်းရှန့်ကို ကြည့်လိုက်သည်။
သူ့အားကြည့်ရသည်မှာ အလွန်မိုက်မဲပြီး သစ္စာမဲ့ပုံပေါ်နေသည် ။ ပိစိ သူ့လက်ထဲရောက်သွားပါက အခွင့်ကောင်းယူခံရမည်မှာ ကျိန်းသေသည်။
အောင်းရှန့်နှင့် နှိုင်းယှဉ်ပါက အောင်းပိုင်သည် ပိုစိတ်ချရသည်ဟု ပုဖန်ထင်သည်။
အောင်းရှန့်က အောင်းပိုင်၏ ပုန်ကန်မှုနှင့် ပတ်သက်ပြီး ပြောခဲ့သည်မှာ ရယ်စရာကောင်းလှသည်။ အောင်းပိုင်သည် ရွှေပုစွန်မျိုးနွယ်ဝင်ဖြစ်သည်ဟု သူ တွေးနေသရွေ့ အောင်းပိုင်သည် ရွှေပုစွန် မျိုးနွယ်ဝင်သာ ဖြစ်သည်။
အောင်းရှန့်ကို အနည်းငယ် အထင်အမြင်သေးစွာဖြင့် ကြည့်ကာ ပြုံးလိုက်ပြီး ရွှေနဂါးရိုးမီးဖိုချောင်သုံးဓားသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။
ပုဖန် လက်နောက်ပစ်၍ သလင်းကျောက်မြို့မှ လှည့်ထွက်သွားလိုက်သည်။
ပိစိက သူ့ ပခုံးပေါ်တွင် လှဲနေဆဲဖြစ်သည်။ ဝှိုက်တီက လျှပ်စီးလက်နေသည့် နတ်ဘုရားသတ်တုတ်ကို ပခုံးပေါ်တွင် သယ်ဆောင်ထားသည်။
ပုဖန်၏အနောက်အဝေးတစ်နေရာတွင် ရွှေပုစွန် အကြီးအကဲတစ်ယောက်သည် မြေပြင်ပေါ်တွင် ရှိနေပြီး ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်နေသည်။
ပန်းပွင့်လေးက ဝဝကစ်ကစ်နှင့် ချစ်စရာကောင်းသော မိန်းကလေးအဖြစ်သို့ ပြန်ပြောင်းသွားသည်။ ထုံးစံအတိုင်း သူမသည် ထိုရွှေပုစွန် အကြီးအကဲအား စိုက်ကြည့်ပြီး ပါးစပ်ထောင့်များက ကွေးညွတ်ကာ ပြုံးနေသည်။
လူအုပ်ကြီးသည် သလင်းကျောက်မြို့မှ ရုန်းရင်းဆန်ခတ်ဖြင့် ထွက်သွားကြသည်။
အောင်းရှန့် သူစိုက်ပျိုးသည်ကို ရိတ်သိမ်းနေရခြင်းဖြစ်သည်။ အကယ်၍ သူသာ ပုစွန်ဆိတ်လေးကို လုယူရန် မရွေးချယ်ခဲ့ပါက ပုဖန် သူ့အား ရိုက်နှက်ရန် ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။
ပုဖန်နှင့် သူ့လူများ ငရဲကမ္ဘာသင်္ဘောပေါ်တက်၍ တဟုန်ထိုး ပြန်လည်ထွက်ခွာသွားကြလေသည်။
ထိုအချိန်တွင် သလင်းကျောက်မြို့၌ အောင်းရှန့်၏ မျက်နှာသည် မည်းမှောင်နေသည်။ မေးရိုးများထောင်အောင်အံကြိတ်လျက် မြေကြီးကို လက်သီးများဖြင့် ထိုးလိုက်ပြီး သူ၏မျက်လုံးများတွင် ဒေါသများ ပေါ်လွင်နေသည်။
"သေရောကွာ..."
အောင်းရှန့်သည် မြေပြင်မှ တွားသွားကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ ထို့နောက် နှစ်ပိုင်းကွဲသွားသော သလင်းကျောက်နန်းတော်ဆီသို့ လျှောက်သွားသည်။
ပျက်စီးသွားသောမြို့နှင့် နန်းတော်နှင့်ပတ်သက်၍ အောင်းရှန့် လုံးဝမကြောက်ပါ။ ဤအရာတွေကို အချိန်တိုအတွင်း ပြုပြင်နိုင်သည်။
ယခု အရေးကြီးဆုံးအရာမှာ ပုစွန်ဘိုးဘေးသည် ထွက်ပြေးသွားပြီဖြစ်သည်...
အောင်းပိုင်၏ အဆိုအရ ပုဇွန်ဘိုးဘေးသည် ၎င်း၏ ဝိညာဉ် ဉာဏ်ပညာကို ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်က ပုဇွန်ဘိုးဘေးကို ထိန်းချုပ်ရန် ပထမဆုံး တွေးမိသော်လည်း အောင်းပိုင်မှ ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် အောင်းပိုင် ပုန်ကန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤအရာက သူ့ကို မတားဆီးနိုင်ခဲ့ပေ။
အောင်းပိုင် ထွက်သွားသောအခါ ပုစွန်ဘိုးဘေးပြန်လာရန် အစီအစဉ်ကောင်းတစ်ခုကို သူစီစဉ်ထားသော်လည်း ပုစွန်ဘိုးဘေးနှင့်ပါလာသော လူသားများသည် ဤမျှအစွမ်းထက်မည်ဟု သူမထင်ခဲ့ပေ။
သူ့ဘက်တွင် သန့်စင်သူတော်စင် ကျင့်ကြံသူများပါ၀င်သောကြောင့် ၎င်းတို့၏တိုက်ခိုက်မှုများကို မည်သူမျှ ခုခံနိုင်မည်မဟုတ်ပေ။ သို့သော်… ထိုလူသားများက သူတို့ကို မည်သို့ အနိုင်ယူခဲ့ကြသနည်း... သူတို့ဘာကြောင့် ဒီလောက် စိုးရိမ်သောက ကင်းနေကြတာလဲ...
"အဲ့ဒီလူသားတွေက ဘယ်သူတွေလဲ..."
အောင်းရှန့်သည် ဒေါသအမျက်ထွက်ကာ ခန်းမထဲသို့ အမြန်ပြန်သွားခဲ့သည်။
သလင်းကျောက်နန်းတော်တွင် ပုစွန်ဘိုးဘေး၏ ရုပ်တုတစ်ခုရှိပြီး ပုစွန်ဆိတ်လေး နှင့်တူသည်။
ထိုရုပ်တုရှေ့တွင် ဧရာမကျောက်စိမ်းပြားကြီး တစ်ခု လွင့်ပျံနေသည်။
ကျောက်စိမ်းပြားကို လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများဖြင့် ရေးထွင်းထားကာ ၎င်းအပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ စုရုံးကာ ပင်မခန်းမအတွင်း ပြန့်ကျဲနေသည်။
"ပုစွန်ဘိုးဘေးက ပြန်မလာတော့ဘူး... အခု ဘုရင်မင်းမြတ်က ပုဇွန်ဘိုးဘေးတွေရဲ့ မျှော်လင့်ချက်ကို လုံးလုံးလျားလျား ချိုးဖျက်ပြီး ရွှေပုစွန်မျိုးနွယ်ကို ပြန်သွားလိမ့်မယ်..." အောင်းရှန့်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်၍ ရူးကြောင်ကြောင်နှင့် ပြောလိုက်သည်။
ခန်းမအပြင်ဘက်တွင် အကြီးအကဲများ ရောက်လာသည်။ လျှပ်စီးလက်သံများသည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ရံဖန်ရံခါ တောက်လောင်နေသဖြင့် လေချွန်သံများကို ကြားရနိုင်သည်။
အောင်းရှန့် တစ်ခုခု လုပ်တော့မည်ကို မြင်သောအခါ အားလုံး ထိတ်လန့်သွားကြသည်။ တားချင်သော်လည်း နောက်ကျသွားလေပြီ။
အောင်းရှန့်သည် ၎င်းတို့ကို လျစ်လျူရှုလိုက်သည်။ ချွန်ထက်သော လွှတံစဉ်တစ်ခု လက်ထဲတွင် ပေါ်လာပြီး ချက်ချင်းပင် ပိုင်းဖြတ်ချလိုက်သည်။
ကျယ်လောင်သော အသံနှင့်အတူ ကျောက်စိမ်းပြားသည် နှစ်ခြမ်းကွဲကာ ကြောက်စရာကောင်းသော စွမ်းအင်များ ထွက်လာသည် ။
ဝီ....
သလင်းကျောက် နန်းတော် တစ်ခုလုံး လှုပ်ခါနေသည်ဟု ထင်ရသည်...
"အရှင်မင်းသား သင်ဘာလုပ်လိုက်တာလဲ... အကုန်လုံးကို ပိုဆိုးအောင် လုပ်လိုက်ပြီ..."
အကြီးအကဲတစ်ဦးသည် အံ့အားသင့်စွာ ပြောလိုက်သည်။
ထိုအကြီးအကဲသည် ခွန်အားများ လုယူခံရသကဲ့သို့ မြေကြီးပေါ် ထိုင်ချလိုက်ကာ နာကြည်းမှု့ကြောင့် ခေါင်းများခါယမ်းနေသည်။
"ဆိုးရွားတယ်ဟုတ်လား... ဒါဆိုလည်း အကုန်လုံး ပိုပြီး ဆိုးရွားသွားပါစေ..."
အောင်းရှန့် ရယ်လိုက်သည်။
ကျောက်စိမ်းပြား ကွဲသွားသောအခါတွင် အော်ရာတစ်ခု ရုတ်တရက် လွင့်ထွက်သွားပြီး အနက်ရောင်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုအရာသည် ပင်မခန်းမဆောင်တွင် ရွေ့လျားနေသည်။
“ပုစွန်ဘိုးဘေးတွေရဲ့ နာကြည်းမှု... မင်းကို လွှတ်ပေးလိုက်ရင် ပုစွန်ဘိုးဘေးတွေ ပြန်လာဖို့ မျှော်လင့်ချက်ကို လုံးဝ ချိုးဖျက်ပစ်လိုက်လိမ့်မယ်..."
ဝုန်း...
အနက်ရောင်အော်ရာ သည် ရုတ်တရက် ကျဆင်းသွားပြီး အောင်းရှန့်၏ ခန္ဓာကိုယ်ထဲသို့ ချက်ခြင်းဝင်လာသည်။
အောင်းရှန့်၏ တစ်ကိုယ်လုံး အနက်ရောင် စွမ်းအင်များ လျှံထွက်နေချိန်တွင် သူ၏မျက်လုံးများ နီမြန်းလာပြီး စွမ်းအားများ အဆက်မပြတ် တိုးလာသည်။
သူ၏ ခွန်အားများ တိုးလာသကဲ့သို့ ခံစားရပြီး အောင်းရှန့်၏ မျက်လုံးများသည် ရူးသွပ်သော အကြည့်များကို ရုတ်တရက် ဖော်ဆောင်လိုက်သည်။
…
ထိုအချိန်တွင် အဆုံးမဲ့ပင်လယ်၌ ငရဲကမ္ဘာသင်္ဘောသည် ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
နယ်သာရီနှင့် ပန်းပွင့်လေးတို့သည် ကုန်းပတ်ပေါ်တွင် ထိုင်ကာ အပြာရောင် ကောင်းကင်ကြီးကို ကြည့်နေကြသည်။ ပင်လယ်လေညှင်းများသည် သူတို့၏ အသားအရေထဲ စိမ့်ဝင်နေသကဲ့သို့ အပန်းပြေပြီး ပူပင်သောက ကင်းသည်ဟု ခံစားနေရသည်။
ပင်လယ်ရေထဲမှ အချို့သောငါးများ ရံဖန်ရံခါ ခုန်တက်လာကြသည်။ နေရောင်အောက်တွင် ထိုငါးများ၏ အကြေးခွံများသည် ပြိုးပြိုးပျက်ပျက် တောက်ပနေ၏။
ပုဖန် ကုန်းပတ်ရှေ့တွင် ရပ်နေပြီး သူ၏ပခုံးပော်ရှိ ပုစွန်ပိစိက ခန္ဓာကိုယ်ကိုကွေးကာ ပူဖောင်းများကို ထုတ်နေသည်။
ဝုန်း... ဝုန်း...
ပုဖန် နောက်ထပ် သွားမည့်နေရာကို တွေးနေသည်။ ရွှေပုစွန်မျိုးနွယ်သို့ ခရီးစဉ်သည် ဤမျှလောက် အဆင်မပြေဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ၏အမြင်အရ သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများသည် ဖော်ရွေမှုမရှိပေ။
မဟူရာနဂါးဘုရင်ထံ သွားသင့် မသင့်သည် ပုဖန် စဉ်းစားရမည့် မေးခွန်းဖြစ်သည်။
သို့သော် ယခု အချိန်ကျလာပြီဟုတွေးမိပြီး ဤကိစ္စကို မဖြေရှင်းပဲ ပြန်လာလျှင်မကောင်းဟု ထင်မိသည်။ နတ်ဘုရားအဆင့် ချက်ပြုတ်ခြင်းနယ်ပယ်သို့ ဝင်ပေါက် ပွင့်တော့မည် ဖြစ်၍ မည်သည့်အချိန် ဖြစ်မည်ကို သူ အတိအကျ မသိပေ။
ထို့ကြောင့် သူအခု ဤအရာအားလုံး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏လက်ရှိကျင့်ကြံမှုဖြင့် မဟူရာနဂါးဘုရင်ကို အနိုင်မယူနိုင်ခဲ့လျှင်ပင် အလွယ်တကူ လွတ်မြောက်နိုင်ပေသည်။
နောက်ဆုံးတွင် သူ့၌ နယ်သာရီနှင့် ပန်းပွင့်လေး ရှိသည်။ ထို့ကြောင့် သူသည် အဆုံးမဲ့ပင်လယ်၌ ရဲရင့်စွာ ရှေ့သို့ လျှောက်လှမ်းခဲ့သည်။
သူ ၎င်းကို တွေးကြည့်ပြီးနောက် စိတ်အေးလက်အေး ခံစားလိုက်ရသည်။ အေးအေးဆေးဆေးနေကာ အရသာရှိသည့်ဟင်းချက်ပြီး အတူတူ ပျော်ပွဲရွှင်ပွဲနွှဲရန် ဆုံးဖြတ်လိုက်သည်။
သူ အတွေးတစ်ခုဖြင့် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေသို့ ဝင်ရောက်ခဲ့သည်။
သူသည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေထဲသို့ ဝင်သည်နှင့် တစ်ပြိုင်နက် မဖွံ့ဖြိုးသေးသော မြက်ခင်းပြင်ပေါ်သို့ ဆင်းသက်လာသည်။
နျိူဟန်စန်းက ကုလားထိုင်ပေါ်တွင် လှဲလျောင်းပြီး အိပ်ပျော်နေသည်။
ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေရှိ ပါဝင်ပစ္စည်းများ အများအပြား ရင့်မှည့်လာကာ ၎င်းတို့တွင် ဂေါ်ဖီထုပ်များ ပါဝင်သည်။ ၎င်းတို့ကို အရွယ်ရောက်ပြီးကတည်းက ရိတ်သိမ်းပြီးပြီဖြစ်သည်။
ပေါက်ကွဲမီးတောက်ငရုတ်သီးများသည် သစ်ကိုင်းထိပ်မှ တွဲလောင်းကျနေသည့် မီးပုံးများကဲ့သို့ ပွင့်လန်းပြီး တောက်ပနေသည်။
ဖီးနစ်သွေးသစ်သီးပင် စိုက်ပျိုးထားသော နေရာတွင် အပင်ငယ်တစ်ပင် ရှိနေပြီဖြစ်သည်။ အပင်ငယ်၏ အရွက်များသည် စိမ်းလန်းစိုပြေပြီး စွမ်းအင်များပြည့်နှက်ကာ အသီးမည်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည်ကို အလွန်သိချင်လာစေသည်။
လယ်ကွင်းထဲမှ ပျိုးပင်များသည် ကြီးထွားလာပြီး မကြာခင် စပါးနှံများ ပေါ်လာတော့မည် ဖြစ်သည်။ ထိုအချိန်တွင် ပုဖန်လုပ်ရမည့်အရာမှာ စပါးရိတ်သိမ်းရာသီကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
"အိုး... ပိုင်ရှင်ပုပါလား... ဘာလို့ဒီကိုရောက်နေတာလဲ..."
သူ အာရုံခံစားမိသကဲ့သို့ ပုဖန်ဆီသို့ လမ်းလျှောက်လာသည်။
" ငါချက်ပြုတ်ဖို့ တချို့ပါဝင်ပစ္စည်းတွေ လာယူတာ..."
ပုဖန် နျိူဟန်စန်းကို ခဏခန့်ကြည့်နေသည်။ နျိူဟန်စန်း လယ်ယာမြေကို ကိုင်တွယ်ပြီးကတည်းက အရာအားလုံးသည် စနစ်တကျဖြစ်ကာ သက်ဝင် လှုပ်ရှားနေသည်။ ထို့ကြောင့်သူ့အား လျစ်လျူမရှု့တော့ပေ။
" ချက်ပြုတ်ဖို့ ပါဝင်ပစ္စည်းတွေလား... ပိုင်ရှင်ပုက ဘယ်ပါဝင်ပစ္စည်း လိုချင်တာလဲ..."
နျိူဟန်စန်း သူ၏ ကျိုးနေသော ဂျိုတစ်ဖက်ကို ကိုင်ကာ ပြောလိုက်သည်။
" ငါခုနကမှ ပစ်ထည့်လိုက်တဲ့ ပင်လယ်စာတွေ ဘယ်မှာလဲ..."
ပင်လယ်စာတဲ့လား...
"ဟိုရှုပ်ပွနေတဲ့ သမုဒ္ဒရာမျိုးစိတ်တွေလား... မြစ်ထဲမှာပါ..."
နျိူဟန်စန်း ဖြေလိုက်သည်။
ထို့နောက် ပုဖန် မြစ်ကမ်းပါးသို့ လျှောက်သွားသည်။ သူထင်ယောင်ထင်မှား ဖြစ်သည်ဟုထင်မိသော်လည်း မြစ်သည် ပိုကျယ်လာပုံရသည်။
မြစ်ထဲတွင် သမုဒ္ဒရာမျိုးစိတ် ဂဏန်းများ တွားသွားကာ ရေဘဝဲအကိုကြီးသည် မြစ်ထဲတွင် လက်တံများကို သက်တောင့်သက်သာ ဆန့်ထုတ်လျက် အပန်းဖြေနေသည်။
ကျားခေါင်းငါးမန်းက သတိလစ်လျက် လဲလျောင်းနေပြီး ၎င်း၏ဗိုက်ကို လှစ်ဟထားသည်။ လျှပ်စစ်ရှော့ခ်ရိုက်ခံရပြီးနောက် ပြန်ကောင်းမလာသေးသည်မှာ ထင်ရှား၏။
ရေဘဝဲကြီး ရုတ်တရက် ထူးဆန်းသော ခံစားချက်ကို ခံစားလာရသောကြောင့် မျက်လုံးဖွင့်လိုက်သည်။ ပုဖန်ကိုမြင်လိုက်သည်နှင့် ပါးစပ်ကိုဖွင့်ကာ ကျယ်လောင်စွာအော်လိုက်သည်။
ခဏအကြာတွင် ရေဘဝဲသည် ပုဖန်ရှိရာသို့ လှမ်းလာသဖြင့် မြစ်ထဲမှ ရေများ လျှံတက်လာသည်။
နျူဟန်စန်း စိတ်တိုသွားသည်။ ဒီရေဘဝဲကောင် ပညာပေးခံရတာ မမှတ်သေးဘူးထင်တယ်... ပိုင်ရှင်ပုကို တိုက်ခိုက်ရဲတယ်တဲ့လား...
သို့သော် ပုဖန်သည် သူ၏အင်္ကျီလက်များကို လှန်လိုက်ပြီး နျိူဟန်စန်းကို ရပ်တန့်ရန် လက်ဟန်ပြသည်။ လက်ကို မြှောက်ကာ ရေဘဝဲ၏ လက်တံများကို ဆုပ်ကိုင်လိုက်သည်။
" ငါအစတုန်းကတော့ ရေဘဝဲကို ပါဝင်ပစ္စည်းအဖြစ် သုံးဖို့ စိတ်ကူးမရှိဘူး... ဒါပေမဲ့ အခုမင်းကို ရွေးရတော့မယ်လို့ထင်တယ်..."
ပုဖန် အဖက်မလုပ်စွာ ပြောလိုက်သည်။ ထို့နောက် သူ့ လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ချောင်းကို သူတွေ့လိုက်ရပြီး ၎င်းကို ညင်သာစွာ ခုတ်ချလိုက်သည်။
ပေါက်ကွဲသံနှင့်အတူ ရေဘဝဲကြီး ပြတ်တောက်သွားသည်။
ရေဘဝဲကြီး အော်ဟစ်လိုက်ပြီး သူ၏တစ်ကိုယ်လုံး အလိပ်လိုက် ဖြစ်သွားသည်။
ဒီလူသားတွေကတော့...
ပုဖန် နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်ပြီး မြစ်ဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။ခဏအကြာတွင် ဂဏန်းတစ်ကောင် ပျံတက်လာသည် ၎င်း၏လက်မကြီးများသည် သွေးကျောက်ပုဇွန်များပေါ်တွင် တွယ်ကပ်နေသည်။ ချက်ခြင်းပင် ပုဖန်သည် ကျောက်ပုစွန်ကို ကယ်တင်ခဲ့ပြီး အပြစ်မဲ့သတ္တဝါကို မြစ်ထဲကို ပြန်ပစ်ချခဲ့သည်။
ပုဖန် နျိူဟန်စန်းကို ခေါင်းငြိမ့်ပြလိုက်ပြီး ဂဏန်းများကိုယူကာ ပြန်လှည့် ထွက်သွားသည်။
"ပိုင်ရှင်ပု အားလုံးအဆင်ပြေရဲ့လား... ပါဝင်ပစ္စည်းတွေ လိုချင်သေးရင် အချိန်မရွေး လာယူလို့ ရတယ်နော်... ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေက အမြဲ သင့်ရဲ့အိမ်ပဲ..."
နျိူဟန်ဆန်းသည် ပုဖန်နောက်သို့ လိုက်သွားကာ ချော့မော့သောလေသံဖြင့် ပြောသည်။
ဤသက်တောင့်သက်သာနေရာတွင် နေရသည်ကို သူတကယ် နှစ်သက်သည်။ သူသည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် အချိန်ပိုကြာလေလေ ဤနေရာတွင် နေချင်လေလေဖြစ်သည်။
တကယ်တော့ ဒီဘဝက သက်တောင့်သက်သာရှိလွန်းတယ်...
...
လေဟာနယ် တုန်ခါသွားသည်။
စူးစမ်းနေသော နယ်သာရီနှင့် ပန်းပွင့်လေးတို့၏ အကြည့်အောက်တွင် ပုဖန်သည် ကြီးမားသော ဂဏန်းနှင့် ရေဘဝဲထည့်ထားသောအိတ်ကို က်ိုင်၍ အပြင်ထွက်လာသည်။
ပုဖန် သူတို့၏ အကြည့်များကို အာရုံခံမိသကဲ့သို့ နှစ်ဦးစလုံးကို အမူအရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
" ရာသီဥတုက တော်တော်ကောင်းတယ် ဂဏန်းပေါင်းကို ဝိုင်နဲ့စားရအောင်... အိုး... ပြီးတော့ ရေဘဝဲမွှေကြော်ရော..."
ပုဖန် ပါဝင်ပစ္စည်းများကို ကိုင်ကာ ပြောလိုက်သည်။
ရုတ်ရက်...
အမျိုးသမီးနှစ်ယောက် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ခေါင်းမော့လိုက်သည်။
ပုဖန်လည်း ထိတ်လန့်သွားပြီး ခေါင်းမော်ကြည့်လိုက်သည်။
ယခင်က ကောင်းကင်သည် တိမ်ကင်းစင်သော်လည်း ယခုအချိန်တွင် တိမ်မည်းများက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ကောင်းကင်ကြီးသည် တစ်ခဏအတွင်း မှောင်သွားသည်။
မုန်တိုင်းလာနေသကဲ့သိုပင်...
ပုဖန် ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။
" ပင်လယ်လေက အရမ်းအေးနေတယ်...ဒီပါဝင်ပစ္စည်းတွေက ဒီရာသီဥတုနဲ့ သင့်တော်တယ်... အတူတူ ချက်ပြုတ်ပြီး မျှဝေဖို့လည်းကောင်းတယ်... ဝိုင်နဲ့ ဂဏန်းပေါင်းက အရသာရှိမှာပါ..."
ပုဖန်၏ ရှက်ရွံ့မှုကို လျစ်လျူရှုပြီး ထိုဟင်းလျာများကို ကြားပြီးနောက် ပန်းပွင့်ေ လးနှင့် နယ်သာရီ၏ မျက်လုံးများ တောက်ပလာသည်။
အစားကြူးနှစ်ယောက်သည် စားသောက်ရန် မစောင့်နိုင်တော့ပေ...